သင်းကွဲငှက်ရဲ့ ရင့်ကြူးဟန် …..
ငါဟာ သက်ရှိ ငှက်တကောင်ပါ
ငါဟာ ပျံသန်းနေရတယ်၊ ပျံသန်းရင်း ငါအစာရှာတယ်၊ ရပ်နားခြင်းဟာ ငါ့အတွက် အစာစားခြင်းနဲ့ အိပ်စက်အနားယူခြင်းပါဘဲ
ငါဟာ အသိုက်အမြုံကို ကိုယ်တိုင်တည်ဆောက်ခဲ့တာလဲ ရှိသလို၊ သူများတည်ဆောက်ထားတဲ့ အသိုက်အမြုံမှာလဲ ငါခိုနားခဲ့ဖူးတယ်
ငါ့ဘဝကို ငါရိုးရှင်းစွာ တည်ဆောက်နေတုန်း။
နွေဦးရဲ့ တရက်မှာတော့ …………………..
ကြက်ဖကြီး တကောင်က ငါ့ကို မေးတယ် “ ငှက်ကလေး မင်းဘယ်လောက် ဝေးဝေး ပျံသန်းခဲ့ပြီလဲ၊ အမြင့်ဘယ်လောက်ထိ ပျံသန်းနိူင်ခဲ့ဖူးလဲတဲ့ ” အမြဲ တုန့်ပြန်မှု အားကောင်းတဲ့ ငါ့နှတ်သီးတွေ တဒင်္ဂ ဆွံ့အခဲ့ရတယ်။
အလိုက်မသိတဲ့ စာဘူးတောင်း ငှက်မငယ်က ကြားကနေ ကြက်ဖကြီးကို မေးတယ် ” ဦးကြက်ဖကြီး အကွာအဝေးဆိုတာ တလျှောက်တည်းလား တဖြောင့်တည်းလား?
ခေါက်တုန့် ခေါက်ပြန် သွားတာမျိုးရော အကွာအဝေးဘဲလားတဲ့”
ကြက်ဖကြီးကတော့ ခပ်ပြုံးပြုံးဘဲ အတောင်ပံတွေဖြန့်ရင်း သူရဲ့ မူသေတွန်သံကြီးနဲ့ တွန်ကျူးရင်း ……………..
ငှက်မငယ်ဟာ အဖြေကို စောင့်ရင်း ……
ငါဟာလည်း ဆွံ့အနေရင်း …………….။
ရေအိုင်ထဲက ဖားငယ်က ရယ်နေတယ်၊ တလက်စတည်း သူက “ ဟဟ… ငှက်တကောင်ကို ကြက်တကောင်က မင်းဘယ်လောက် ပျံသန်းဖူးလဲတဲ့ ရယ်ရတယ် … အွမ်..အွန်”
လိပ်အို ကြီးက ဝင်တားတယ်” အမောင်ဖား ပျက်ရယ် မပြုလေနှင့် အသင်သိတာ မှန်ပေတယ်၊ ကြက်ဖတကောင်က ငှက်တကောင်ကို ဒီလို မမေးသင့်ဘူး၊
ငှက်တကောင်ဟာလဲ ဒီမေးခွန်းကြောင့် သူရဲ့ လွတ်လပ်တဲ့ ဘဝကို တိုင်းတာနေရလိ်မ့်မယ်”
ဒါပေမဲ့ ကိုယ်မြင်တဲ့ အမှန်တရားဟာ ကိုယ့်ပတ်ဝင်းကျင်မှာ ရှိနေပေမဲ့ ကိုယ့်နဲ့ မအပ်စပ်ရင် ဝေဖန်မှုကင်းတာ ပိုကောင်းတယ်”
ဘာလို့လဲဆို သင်ဟာ ရေအိုင်ထဲက ဖားငယ်တကောင် ဖြစ်နေလို့ဘဲ။
လောကပြင်ကျယ်ထဲက အကြောင်းတရားတွေကို သင်ဟာ ကြားယုံ သိယုံနဲ့ အပ်စပ်နေပေမဲ့ ကိုယ်တိုင် မပါဝင်သေးသရွေ့ သင်ဟာ ပတ်သတ်မှု ကင်းနေသင့်တယ်”
“အို အဘအို သင်ဟာလည်း ရေအိုင်ထဲက လိပ်တကောင်ပါဘဲ…. “ဖားငယ်ရဲ့ ခွန်းတုံ့ပြန်အပီး …….။
လိပ်အိုကြီးဟာ ကာလရှည် ဖြတ်ကျော်မှုတွေကို စွန့်ခွာရင်း ဟိုး…အရပ်တခုဆီသို့ တရွေ့ရွေ့နဲ့ ……။
ဒီအဖြစ်တွေကို စမြင်လိုက်ရတဲ့ ပိုးဖလံငယ်ဟာ
သူ့အတောင်ပံတွေ ဖြန့်ရင်း လွတ်လပ်ခြင်းကို ဦးတည်ရမလို
အခွံအိမ်ဟောင်းထဲ ပြန်ဝင်ပီး အချိန်တွေကို ဖြတ်ကျော်ရမလို
လက်ရှိနေရာမှာ ပျံဝဲရင်း ပတ်ဝင်းကျင်ရဲ့ အစွန်းအထင်းတွေကို သရော်ရမလို ဝေခွဲရခက် ….. ….. ….. ?
သစ်ခေါင်းတွင်းက ရှဉ့်ဖိုဟာ နွေဦးနံနက်ခင်းမှာ သမ်းဝေရင်း အစာရှာဖို့ ခပ်သွက်သွက် ထွက်လာလေရဲ့
ပတ်ဝင်းကျင်ရဲ့ အသံဗလံတွေကြား သူရဲ့ အာရုံစိုက်မှုဟာ ဝေခွဲရခက်နေတယ် …………….
သူဟာ မျက်လုံးလည်း မကစား၊ နားရွက်လည်း မထောင်ဘဲ သူရဲ့ အမြီးကိုသာ နိမ့်ချေမြှင့်ချေလုပ်ရင်း အရာရာကို မသိချင်ယောင်ဆောင်နေလေရဲ့ ….
ငါဟာ ငှက်တကောင်ပါ
ပျံသန်းမှုဟာ ငါ့ဘဝအတွက် အရေးကြီးမကြီး ဆိုတာထက်
ငါ့ရဲ့ အသက်ရှင် နေထိုင်ရေးကို ငါအလေးထားပါတယ်
ငါ့ ဘဝရပ်တည်ရေး အတွက် ငါဟာ ပျံသန်းနေရတာပါ
ငါ့မှာ အတောင်တစုံ ရှိနေပေမဲ့၊ အတောင်တစုံရဲ့ ခွန်အားဟာ အသက်ရှင်နေထိုင်မှုက ပေးတယ်လို့ ငါ့မေမေက ပြောပါတယ်။
ဒါကြောင့်မို့ ငါ့ဘဝကို ပျံသန်းမှုဆိုတဲ့ အမြင့်တွေ၊ အကွာအဝေးတွေနဲ့ မတိုင်းတာပါဘူး ……….။
ဒီတော့ ……
ကြက်ဖကြီးလို ပျံသန်းမှု မလိုတဲ့ အသက်ရှင်နေထိုင်မှုဘဝ
ဖားငယ်လို နွေဦးကို မကြောက်မရွံ့ အများပတ်ဝင်းကျင်ကို တုန့်ပြန်နိူင်မှု
လိပ်အိုကြီးလို အများကို မြင်နိူင်တဲ့ ကာလရှည် အတွေ့အကြုံ
ပိုးဖလံငယ်လို အသစ်ဘဝရဲ့ လိုက်လျော ညီထွေမရှိတဲ့ ဖြစ်အင်တွေ
ရှဥ့်ဖိုလို စဉ်ဆက်မပြတ် လှုပ်ရှားမှုတွေကြား မသိမြင် ဟန်ဆောင်နိူင်မှုတွေ
အားလုံးကို ပေါင်းစု ဖန်တီးပြီး မှတ်တိုင် အသစ်ထူဖို့
ဒီဘဝ ငှက်သက်ကြွေရင်
ဂေဇက်မှာ လူလာဖြစ်မယ် …..
26 comments
YE YINT HLAING
August 24, 2012 at 8:17 pm
“သူ့အတောင်ပံတွေ ဖြန့်ရင်း လွတ်လပ်ခြင်းကို ဦးတည်ရမလို
အခွံအိမ်ဟောင်းထဲ ပြန်ဝင်ပီး အချိန်တွေကို ဖြတ်ကျော်ရမလို
လက်ရှိနေရာမှာ ပျံဝဲရင်း ပတ်ဝင်းကျင်ရဲ့ အစွန်းအထင်းတွေကို သရော်ရမလို ဝေခွဲရခက် ….. ….. ….. ?”
အဲဒီ စာသားလေး ကြိုက်တယ်ဗျို့ !
ရဲစည်
August 25, 2012 at 12:26 am
ပထမဆုံး ကွန်းမင့် အတွက် ကျေးကျေးပါ ကိုရဲရင့်ရေ ….
ကျနော်က ကျပ်မပြည့်တဲ့ ပိုးဖလံပါ …
တတိယ အချက်ကို လိုက်လုပ်နေလို့ 🙁
ပြစ်တင် ထိန်းမမဲ့ လိပ်အိုကြီးလဲ မရှိရှာတော့ဘူးဗျာ ….။
တခါတလေ
၄၈၊ ၆၄၊ ၈၈ ကို ဖြတ်ကျော်ခဲ့ပေမဲ့
၉ဝ မှာ ဖားသငယ်ရဲ့ စကားက
ပိုးဖလံတွေမျိုးကို မရဲရင့်စေတော့ဘူး
ဒါလည်းကောင်းတာပါဘဲ …………
ရာဇဝင်ထဲကလို သတိ္တဆိုတာ အူအခွေလိုက် ဆွဲထုတ်ပြပြီး မိုက်ရူးရဲဖို့မှ မလိုတော့တာ
YE YINT HLAING
August 25, 2012 at 12:55 am
၄၈ ၊ ၆၄ ၊ ၈၈ ဆိုတာ ခုနှစ်တွေလားဗျ ! ခုနှစ်တွေတော့ မဟုတ်လောက်ပါဘူးနော် ! တကယ်မသိတာပါ —
မောင်ပေ
August 25, 2012 at 1:16 pm
အဲဒါတွေက ထောက်လှမ်းရေးတွေ သုံးတဲ့ စကားလို ့တော့ ကြားဖူးတာပဲ
ဟုတ်မဟုတ်တော့ ကရဲစည်သာ လာရှင်းပေရော့
YE YINT HLAING
August 25, 2012 at 1:43 pm
ကိုရဲစည်ရေ ! ၄၃ လုပ်ဖို့တော့လိုနေပြီဗျ ! ၅၆ မလုပ်နဲ့ဦးနော် ! ဒီမှာ ကိုပေရှင်းပြမှ သိချင် စိတ်က ဝမ်းတူး ရိုက်နေတယ် ! ရထား ဖြစ်လား ??? ဟဲဟဲ — ဟုတ်မဟုတ် တော့ နည်းနည်းကြာသွားလို့ ကောင်းကောင်းမှတ်မိတော့ဘူး ! နေပြည်တော် ပလန့်မှာ လုပ်တုန်းက စကားပြောစက် အသုံးတွေပါ ။
ရဲစည်
August 25, 2012 at 2:02 pm
ကျနော် ကွန်းမင့် မှားရေးမိတာပါဗျာ :(
ခင်ဗျားကို ရေးနေရင်းနဲ့ ဟိုဘက်ပါ တခါတည်းရေးနေတုန်း ထပ်သွားတာ
အဲတော့ ဆြာပေနဲ့ နှစ်ယောက်ပေါင်းပီး မကျပ်ကြပါနဲ့ 。。。。。。。。。。。
ဒါမျိုးတွေက အန်သမင်ရော၊ အန်ဒရယ်ပါ ရှိတယ်လေ ……..လုပ်ဂျဘာနဲ့
အဟီး 。。 မထူးပါဘူး ခပ်တည်တည်နဲ့ ဖောလိုက်တော့မယ်
ရထားမဖြစ်ဘူးဗျို့
ဇီးရိုး အိတ်ချ်ရ် ဖြစ်နေတယ် ….
မာလာထန်းသီးမို့ ဒီအတိုင်း ၅၆ ထားပီး ၉၆လုပ်လိုက်တော့မယ်
လောလော ၃၂ သွားကိုင်ပီ …. မြန်မြန်ပြေးမှ :mrgreen:
ဖလစ် …. ဖလပ်
ပုံ/ ထောက်လှမ်းရေး (ဘတ်စ်ကားပေါ်)
YE YINT HLAING
August 25, 2012 at 2:59 pm
အောင်ခိုင် အောင်နိုင်လေး အကြောင်းပြန်လို့ ကမာ ဇင်ယော်ပါ – ဗေဒါကမာ ကိုရဲစည်ရေ ! ဟဲဟဲ ! နောက်တာ !
မောင်ပေ
August 24, 2012 at 8:51 pm
ရွှေတောင်ပံတစ်စုံရဲ ့အင်အားနဲ ့….
ငါပျံသန်းခဲ့ အဝေးဆုံး….
ဆိုတဲ့ ဂျက်ကြီးနဲ ့ကိုလေးဖြူတို ့ဆိုထားတဲ့ သီချင်းလိုပါပဲ
ကိုရဲစည်ရဲ ့စာကလဲ မိုက်တယ်
အလင်းဆက်
August 24, 2012 at 9:10 pm
ဒီဘဝ ငှက်သက်ကြွေရင်
ဂေဇက်မှာ လူလာဖြစ်မယ် တဲ ့ ။
စာသားက အလန်း ပဲ..ဗျ ာ….:D
မိုးတိမ်
August 24, 2012 at 9:31 pm
အတော်ကို အတွေးအမြင်တူတာပါပဲ။
စဉ်းစားမိထားပြီး ဘယ်လို ချပြရမှန်းမသိဖြစ်နေတာ။
ဘရာကြော်ပါ ကိုရင်ရယ်။
ခံစားချက်ချင်းဂျက်ပင်ထိုးသွားပါ၏။
nature
August 24, 2012 at 10:17 pm
ဘယ်လောက်ဝေးဝေးပျံသန်းခဲ့ပြီလည်းဆိုတော့ ငါ့မှာ milage gauge မရှိလို့မသိဘူး။ ဘယ်လောက်အမြင့်ပျံသန်းခဲ့ပြီးပြီလည်းဆိုတော့ alti-meter မရှိလို့မသိဘူး။ ဒါပေမဲ့အောက်ကလူတွေသွားနေတာ တွေ့ရင်တော့ ငှက်ချေးကို တည့်တည့်ပါချတတ်တယ်။ 🙂
ရဲစည်
August 24, 2012 at 10:26 pm
ရက်စက်ပါပေ့ ဦးလေးချားရယ်
သားက ခံစားချက်အပြည့်နဲ့ ဟိုဘဝထဲက ရေးထားတာကို အဟီး … ရွှတ်
တကယ်ပါဗျာ .. တခါတလေ မင်းဘာကောင်လဲ ငါဘာကောင်လဲ မေးလာရင်…
အရုပ်ထက် အရိပ်ကို ကြည့်ပီး အားနာလို့ ပြောမထွက် ခဲ့တာတွေ အများကြီးပါ
ဖြစ်နိူင်ရင်
ပါချတဲ့ ချေးက Cluster Bomb ဖြစ်နေစေခြင်ရဲ့ 😛
မိုးတိမ်
August 26, 2012 at 12:43 am
ဘယ်လောက်ဝေးဝေးပျံသန်းခဲ့ပြီလည်းဆိုတော့ ငါ့မှာ GPS မရှိလို့မသိဘူး။
ဘယ်လောက်အမြင့်ပျံသန်းခဲ့ပြီးပြီလည်းဆိုတော့ ငါ့မှာ altimeter ပျက်နေတယ်။
ပါတဲ့ချေးက Cluster Bomb ဆိုရင်တော့………….
pooch
August 24, 2012 at 11:40 pm
ကျောင်းတုန်းကတော့ ငှက်ချေးခေါင်းပေါ် ပါချခံရရင် လာဘ်လာဘ်လို့ အော်ပြီး တခါတခါ စိတ်ကူးပေါက်ရင် အဲ့လိုနေ့မှာ ထီတွေဘာတွေတောင် ကံစမ်းတတ်တယ်။ အစွဲပေါ့။ တခါမှလည်း မပေါက်ဖူးဘူး။
ငှက်သက်ကြွေရင် လူဖြစ်ချင်သတဲ့လား။ ဒီကတော့ ပြောင်းပြန်။ ကျမဖြင့် လူဖြစ်ရတဲ့ ဒုုက္ခကို ငြီးငွေ့လွန်းလို့ တခါတလေတော့လည်း ကျွတ်ချင် လွတ်ချင်မိတယ်။ ကျွတ်လွတ်နို်င်အောင်လည်း အစွဲမကင်းနိုင်သေးတော့ ရုပ်အစွဆုံး ငှက်တကောင်လို လေကိုဆန်ပြီး အားနဲ့ မာန်နဲ့ ပျံလို့လောကကြီးကို အထက်စီးကနေ ကြည့်ချင်သေးတော့တာ။
ရဲစည်
August 25, 2012 at 12:15 am
ကျနော့်ပို့စ်မှာ တခုတ်တရ မန့်ပေးလို့ ကျေးကျေးပါ ….
အပျိုဂျီးဘွက လွတ်မြောက်နိူင်ပါစေ … ခွစ် ခွစ် ……..။
ငှက်တကောင်လို လေကိုဆန်ပြီး အားနဲ့ မာန်နဲ့ ပျံလို့လောကကြီးကို အထက်စီးကနေ ကြည့်ချင်သေးတော့တာ
မနောက်ပါနဲ့ဗျာ …….
ကဗျာကျော်စာမော်တွေကသာ လူဘက်ကတွေးပီး ရေးထားတာပါ။ တကယ်တော့ ငှက်ဆိုတာ ကားစီးလို့မရ၊ ဆိုင်ကယ်၊ ဆိုက်ကား စီးလို့မရ ဝန်ကြီးလဲမဟုတ် ၊ မျိုးရိုးကလဲ အီလိုက်တွေ ခရိုနီတွေ မဟုတ်တော့ အသိုက်အပြန် အုပ်ဆောင်းလှန်ပီး ပွဲတော်တည်လို့မှ မရတာ။
ဆိုက်ကားသမား ခြေထောက်ကိုက်ရင် အခြေအနေမကောင်းဘူးဗျို့
ဘယ် ဆိုက်ကားသမားမှလဲ ကမာ္ဘပတ်ပီး စံနှုန်းတင်မနင်းချင်ဘူး ..။
ဆိုတော့ …..
ငှက်မှာလဲ အတောင်ရှိတာ အမြင့်ကြီး ပျံဖို့မဟုတ်ကြောင်း
အကြံပေးချင်တာက အန်တီလေးပုချ် အပေါ်စီးက ကြည့်ချင်ရင် အကာသယာဉ်မှုးသာလုပ် ပိုဖြစ်နိူင်ကြောင်း
ဟိဟိ … ဆွပေးခဲ့ပီ
ချိတ်မချိုးရဘူးနော် … စတာ
padonmar
August 24, 2012 at 11:40 pm
မင်းကိုနိုင်လို အထဲမဝင်ခင်နဲ့ အထဲက ပြန်ထွက်ပြီးလားဟေ့။
ဒီဘဝ ငှက်သက်ကြွေရင်
ဂေဇက်မှာ လူလာဖြစ်မယ် …..
(နေဝင်မြင့်ရဲ့ ကြက်တူရွေး ဝတ္ထုတို သတိရတယ်။အဲဒီလို နှုတ်သီးကြီးစူပြီးတော့ ငှက်ပုံကြီးဖြစ်နေမလားလို့)jk
avian ရဲစည်ရေးတာလေး ကောင်းလှပါ၏။ရသစာပေဆုပေးချင်လာပါ၏။
marblecommet
August 25, 2012 at 4:52 am
လက်စသတ်တော့
ငါ့ ဖေကြီးက
နှလုံးကွဲနေတာဂိုး
အခုတော့….သိပါပြီ
သနားထှာ
ဖေကြီးရယ်….
အင့်…အင့်…
ရဲစည်
August 25, 2012 at 5:38 am
ဟွင်း ဟွင်း ဒိုးကြီး
သိတယ်နော်
သိတယ် ဒီမှာ ကြေကွဲပီး ရေဆွဲနေရတာ
ကျေးကျေးပါအေ နှလုံးတော့ ပြန်ယူသွားဘာ
အွင့် …အွင့်
ရင် နင့် အောင်
August 25, 2012 at 10:47 am
ဒီလောက်ရေးတတ်တော့ .. ဒီထက်ပို မျှော်လင့်မိတာ အမှန်ပဲ။
ရဲစည်
August 25, 2012 at 2:06 pm
ကျေးဇူးပါ …. အူးလေးအာစိ
ဒါ လက်ကုန်
ခြေထောက်ကုန်
အကုန် .. ကုန် ရေးထားတာ
ဒိထက် ပိုလာတော့မှာ မဟုတ်တော့ကြောင်း …
ကိုယ့်ကိုကိုယ် ယုံကြည်ချက် တအားပြင်းပုံများ အားတက်စရာ ကောင်းထှာ
ahnyartamar
August 25, 2012 at 11:19 am
အရာရာတိုင်းမှာ (သက်ရှိ၊သက်မဲ့) ကိုယ်ပိုင်အရည်အချင်းတွေရှိပါတယ်။ တိရစာ္ဆန်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် အတူတူပါပဲ။ တယောက်ရဲ့စွမ်းဆောင်ချက်တွေကို တခြားတယောက်က မေးခွန်းတွေ ထုပ်နေမဲ့အစား စုပေါင်းပြီး အပြန်အလှန် ထိမ်းကျောင်း အသုံးချကြမယ်ဆိုရင်ဖြင့် လောကကြီးမှာ ပန်းတိုင်းမွှေးပြီပေါ့ဗျာ။
Tun Tun Naing
August 25, 2012 at 11:51 am
ကျွန်တော်ကတော့ကြိုက်တယ်ဗျာ တင်ထားတဲ့blogက သရော်ဖို့ လုံးဝမဖြစ်သင့်တာအမှန်ပဲ မျောသွားတာပဲ ကိုငှက်ဝင်စားလေးရယ်
မောင်မောင်ဂေါက်
August 25, 2012 at 1:14 pm
သင်ဟာ ခရီးသွား တစ်ယောက်ဆိုရင်
သင့်ဘဝကို ခရီးမိုင် အကွာအဝေးနဲ့ တိုင်းတာသင့်ပါတယ် ..
သင်ဟာ ဆရာဝန် တစ်ယောက်ဆိုရင်
သင့်ဘဝကို ပူဆွေးနေတဲ့ မျက်နှာတွေ ပြုံးရွှင်သွားတာနဲ့ တိုင်းတာသင့်ပါတယ် ..
သင်ဟာ အင်ဂျင်နီယာ တစ်ယောက်ဆိုရင်
သင့်ဘဝကို မြင့်မားခိုင်ခံ့မှုတွေနဲ့ တိုင်းတာသင့်ပါတယ် ..
သင်ဟာ ငှက်တစ်ကောင် ဆိုလျှင်တော့ဖြင့်
သင့်ဘဝကို မတိုင်းတာခင်မှာ ယောနသံဇင်ယော် ကို အရင်ဖတ်သင့်ပါတယ် ..
ဤတွင် ကြောင်တောင်တောင် ရေးသားလိုက်သည့်
ကျွန်ုပ် မောင်ဂေါက်၏စာမှာ ပြီး၏ ..
surmi
August 25, 2012 at 3:00 pm
သုံးခါမန့်မှရတော ့ဘာပြောရမှန်းတောင်မသိတော့ဘူးဘိုရဲရေ
အတွေးရဲသလို ရေးထားတာလဲကောင်းလွန်းလို ့သဘောကျသဗျာ
ကျုပ်ကငှက်ဖြစ်ရရင်တော ့ တောထဲဘဲနေချင်သား
လေးဂွကြောက်လို ့
ကို ခင်ခ
August 25, 2012 at 7:38 pm
ဟဲလို ကိုစည် ကြားလား၊ ကြားရင်အကြောင်းပြန်။
————————————————-။
ဟဲလို ကိုစည် ကြားလား၊ အသံရှင်းလား အကြောင်းပြန်ပါ။
————————————————-။
ဟဲလို ကိုစည် ကြားလား။
————————။
ကဲ မကြားလဲနေကွာ၊ မပြောတောဘူး။
aye.kk
August 26, 2012 at 11:13 am
မိတ်ဖော်တသင်း…
စိတ်ရင်းစေတနာ…
ထားခါတူမျှ…
တွေ ့ဆုံကြသည်…
ကောင်းခြင်းဂေဇက်…
ကွန်ယက်တွင်းမယ်…
ဖြန် ့ကျက်ယင်းဖြင့်…
မိုးယံမြင့်မြင့်ပျံနိုင်သည်၏တည်း…..။။