ကိုပေါက်လက်ဆော့တဲ့အကြောင်းလေး
“ကိုပေါက်လက်ဆော့တဲ့အကြောင်းလေး………………..”
“ဒို့မန္တလေးမြို့ကြီးရဲ့ ပါတ်လည်တစ်ခို မိူင်းပြာပြာ မူန်ဝေဝေ့ ဧရာဝတီမြစ်ညို
လျံဝင်းပြောင်ဟီးတဲ့ရန်ကင်းတောင်ကြီးအမြဲခို….ခို”
လို့နန်းတော်ရှေ့ဆရာတင်က မန်းလေးမြို့ကြီးကို သီချင်းနဲ့ သရုပ်ဖော်ခဲ့ပါတယ်။
မန္တလေးသားတစ်ယောက်ကကြွားတယ်လို့မထင်စေချင်ပါ။
ဒါပေမယ့် မန္တလေးမြို့ ရေမြေအနေအထားအရ သဘာဝအတိုင်းအတော်လှတဲ့နေရာအတော်များများရှိတယ်ဆိုတာလဲအမှန်ပါဘဲ။
မန်းလေးနန်းတော်ကို အလည်ပဟိုရ်ပြုပြီး ကြည့်မယ်ဆိုရင်
မြို့အနောက်ဘက်ခြမ်းမှာ မင်းဝံတောင်တန်းနဲ့ဧရာဝတီမြစ်ကြီးရှိပါတယ်။
အရှေ့ဘက်မှာဆိုရင် ရှမ်းရိုးမနောက်ခံထားလို့ ရန်ကင်းတောင်အောင်ပင်လယ် က မြင်ကွင်းတွေက
သဘာဝကျကျလှမှ လှ။
ဟိုဘက်ဆက်ထွက်မယ်ဆိုရင် ပြင်ဦးလွင်အတက်လမ်းဘက်။
မြို့တောင်ဘက်ခြမ်းမှာဆိုရင် မဟာမြတ်မိုနိ ၊တက်သိမ်းအင်း (မန်းလေးကန်တော်ကြီး)နဲ့ရှမ်းလေးကျွန်း။
ဟိုဘက်ဆက်သွားရင်တောင်သမန်နဲ့ဦးပိန်။
မြို့မြောက်ဘက်ခြမ်းမှာဆိုရင် မန္တလေးတောင် သခင်မတောင်နဲ့ ့ရူ့မဆုံးတဲ့လယ်ကွင်းတွေ။
သဘာဝ ပါတ်ဝန်းကျင်အလှအပကိုခံစားချင်သူ ဓါတ်ပုံရိုက်ချင်သူများအတွက် တစ်ရက်နှစ်ရက်နဲ့
ရိုက်လုို့မကုန်နိုင်တဲ့အလှတွေရှိပါတယ်။
(25-8-2012)နေ့အောင်ပင်လယ်ရောက်တော့ စိမ်းမြတဲ့လယ်ကွင်းတွေကို အဓိကထားလို့
ရိုက်ဖြစ်ပါတယ်။
ဒါပေမယ့် ရေထဲမှာအရိပ်ကျတာကိုစိတ်ဝင်စားတဲ့ကျနော်က မပြုမပြင်ဘဲသဘာဝအတိုင်းရှိနေပြီး
ရေမှာမျောနေတဲ့ကြာပင်တွေ။
ကြာဖူးလေးတွေက ရေထဲကိုအရိပ်ကျနေတာတွေ။
ကြာဖက်ပေါ်မှာ ရေစက်ရေပေါက်လေးတွေတင်နေတာတွေ။
သဘာဝကျကျ ခနော်ခနဲ့တံတားလေးတွေနဲ့ တဲအိမ်လေးတွေ။
ရေထဲက ကိုင်းဖျားမှာ ပုစင်းလေးနားနေတာတွေကို လက်ဆော့ဖြစ်ခဲ့ပါတယ်။
ကျနော်က သဘာဝအလှအပများကို နှစ်သက်စွာခံစားတတ်သူတစ်ယောက်ဆိုရင်လဲမမှားပါဘူး။
ကျနော်မြင်တွေ့သမျှကို လဲ ပြန်လည်မျှဝေဘို့အခွင့်အရေးကို ကံကောင်းထောက်မစွာရခဲ့ပါတယ်။
အဲတော့ ဓါတ်ပုံအတော်များများကို ကျနော်တို့ရဲ့ရွာထဲမှာရော ဖေစ်ဘုတ်က ကျနော့်စာမျက်နှာမှာပါ
အများကြီး တင်ဖြစ်ပါတယ်။
ပုံလေးတွေ့ကိုကြည့်မိသူက ကြည်နူးတယ်ဆိုရင် ကျနော်လဲ ကြည်နှူးပါတယ်။
ပုံလေးတွေရအောင် ဖန်တီးနေချိန်မှာ ပင်ပန်းပေမယ့် စိတ်ချမ်းသာပါတယ်။
အဲလိုအချိန်မျိုးမှာပုံလေးတစ်ပုံရဘို့ကလွဲလို့ ဘာစိတ်မှမရှိတဲ့အတွက် သန့်ရှင်းတဲ့စိတ်ကိုပိုင်ဆိုင်နေချိန်လို့
ပြောနိုင်ပါတယ်.။
ကတ်သီးကတ်သတ်ပြောရင်တော့ ပုံရချင်တဲ့လောဘစိတ်ကတော့ရှိနေပါသေးတယ်။
ဓါတ်ပုံတစ်ပုံရဘို့ဇောကတ်ရင်း အမြင့်ကပြုတ်ကျမလိုဖြစ်တာချော်ကြတာလဲအခါခါ။
စိတ်ထဲမှာလန့်သွားလောက်တဲ့အဖြစ်ကတော့ ကိုစိန်သော့တို့နဲ့ ဒီးဒုတ်ရေတံခွန်ကို သွားတုံးကပါ။
နောက်မှာကျနော်တစ်ယောက်ထဲကျန်နေတုန်း
ဟိုးအဝေးကတောင်စွယ်နဲ့ချောင်းကလေးကို မိအောင် နေရာရွှေ့ရင်းနဲ့ဖိနပ်ခေါက်ပြီးလဲတာပါ။
ကံကောင်းလို့ သစ်ပင်တစ်ပင်နဲ့တိုက်ပြီးရပ်သွားပါတယ်။
အဲဒီသစ်ပင်သာမရှိလို့ကတော့တောင်အောက်ကိုတောက်လျောက်ကျမှာအသေအချာ။
လက်ကတော့နည်းနည်းပွန်းသွားပါတယ်။
အတူလာသူစိတ်ပူမှာစိုးလို့မပြောဖြစ်။
အခုပြန်တွေးကြည့်တော့ ကိုယ့်လောဘကြောင့်ဖြစ်တာဘဲလေလို့မှတ်ရပါတယ်။
နောက်ကျနော်ငယ်စဉ်က အတော်လေးကို အသဲငယ်တယ်ပြောရလောက်အောင်ကြောက်တတ်ပါတယ်။
ငယ်ငယ်ကဆိုရင် အနိဋ္ဌာရုံမြင်ကွင်းတွေကို ကြည့်လေ့မရှိပါ။
အဲတော့အခုအချိန်မှာလည်း လှပသော ကြည်နူးစေသောမြင်ကွင်းများကိုသာ လက်ဆော့လေ့ရှိပါတယ်။
နောက် ဓါတ်ပုံပညာနဲ့ပါတ်သက်လို့ကြွားစရာတစ်ခုကျန်ပါသေးတယ်။
ကျနော်ဓါတ်ပုံပညာနဲ့ပါတ်သက်လို့ စံနစ်တကျလည်းမသင်ဘူးတာလဲအမှန်။
စာအုပ်များကိုလဲ စနစ်တကျမလေ့လာဘူးတာအမှန်ပါ။
ရွေမင်းသား Mလုလင် ကိုစိန်သော့တို့နဲ့အကြောင်းအားလျော်စွာသိကျွမ်းခွင့်ရချိန်မှာတော့
သူတို့ကို မသိတာမှန်သမျှမေးပါတယ်။
ဟိုလိုလေးရအောင်ဘယ်လိုရိုက်ရလဲ တို့
အမှောင်ထဲမှာ ပုံထွက်ကောင်းအောင်ဘယ်လိုလုပ်လဲတို့ဆိုတာကို ကင်မရာအကြီး ကိုင်ထားသူတွေကို
ကင်မရာပေါက်စ ကိုင်ထားတဲ့ကျနော် အုံးစားသမျှ သူတို့ကလည်း စိတ်ရှည်လက်ရှည်ဖြေပေးကြပါတယ်။၊
အလင်းအမှောင်သဘောတရားတွေ၊
ကင်မရာခလုတ်ကို မရိုက်သေးဘဲ တစ်ဝက်နှိပ်ထားပြီး ကာလာကိုကောက်ပီကူးလို့ရတာတွေ ကိုစိန်သော့နဲ့စကားပြောရင်းရလာ။
သူနဲ့ဓါတ်ပုံအတူထွက်ရိုက်ချိန်မှာ သလုပ်သမျှလိုက်လုပ်။
ရွှေမင်းသားနဲ့လက်ဖက်ရည်ဆိုင်ထိုင်ကြရင်း လန့်စကိတ်ခေါ်တဲ့ ရူ့ခင်းကြည့်မြင်ပုံတွေ
အလင်းယူတဲ့သဘောတရားတွေကို သူပြောပြလု့ ိသိလာရပါတယ်။
Mလုလင်နဲ့အတူဆုံချိန် ဓါတ်ပုံတွဲလို့ရိုက်ချိန်မှာ မှ ဆပ်ပဂျက် တို့ အလင်းပေါက်တာတို့ လိုင်းတို့ ဟာနေတယ်တို့ တစ်ပိုင်းပြတ်နေတယ်တို့ဆိုတာတွေကို သိလာကြားလာရပါတယ်။
ရူ့ခင်းလေးမြင်ရင်” ဦးပေါက်ဟိုမှာ ဟိုမှာ…………….”ဆိုပြီးလက်ညိုးညွန်လို့ပြတာကို
ကြည့်ရင်း ဘယ်အနေအထားနဲ့ရိုက်ရင်လှတယ်ဆိုတာကို သိလာ။
အမြဲတမ်းမတ်တတ်ရပ်ပြီး ရိုက်တတ်တဲ့ကျနော်တစ်ယောက်… မောင်ဂီနဲ့ရွာထဲမှာ မန်းရင်း ချက်တင်မှာ တစ်ခါတစ်လေ စကားပြောရင်း ကနေ
ထိုင်ရိုက် ထရိုက် လှဲရိုက်ဆိုတဲ့ဒေါင့်ပေါင်းစုံက ရိုက်ရတယ် ရိုက်သင့်တယ်
ဆိုတာကို သိလာပါတယ်။
ဖေစ်ဘုတ်ထဲမှာ သူများရိုက်ထားတဲ့ပုံတွေကိုကြည့်လို့အားကျရင်သူတို့ရိုက်တဲ့ပုံစံထွက်အောင်
အမျိုးမျိုးစမ်းပြီးရိုက်ကြည့် တာကနေ ဘာမှမသိတာကနေ နည်းနည်းလေးပိုသိလာရပြန်ပါတယ်။
ကံကောင်းတဲ့တစ်ချက်ကတော့ ကျနော်လက်ထဲကင်မရာလေးရောက်လာချိန်နဲ့တိုက်တိုက်ဆိုင်ဆိုင်
ခရီးထွက်ခွင့်ကြုံပါတယ်။
လက်ဆော့ခွင့်တွေရပါတယ်။
ကျနော်ကလဲ ဝါသနာကြီးတော့ နေရာဒေသအသစ်တစ်ခုရောက်ရင် မနက်ငါးနာရီလောက်ကတည်းက
အပြင်ထွက် လမ်းလျောက်ရင်း လက်ဆော့ပါတယ်။
မန်းလေးမှာရှိနေချိန်မှာလဲ မနက်ငါးနာရီ ဆယ်မိနစ်ဆိုတာနဲ့လမ်းလျောက်ထွက်ရင်းမြင်သမျှလက်ဆော့။
အလုပ်ကိစ္စနဲ့သွားရင်းလာရင်း လက်ဆော့။
ဥပုဒ်နေ့လို အားလပ်ရက်နေ့လည်ပိုင်းမှာ စိတ်ထဲရှိတဲ့နေရာလေးကို သွားလို့လက်ဆော့။
အဲဒီအကျိုးဆက်ကတော့ ရိုက်ထားတဲ့ပုံတွေ လှ လှ မလှလှ မဖျက်ရက်တော့ ဖိုင်တွေများပြီး
သိမ်းစရာနေရာရှားပါးလာတာပါဘဲ။
အလုပ်ကကွန်ပြူတာလဲ မင်မိုရီတွေကျပ်။
သိမ်းထားသမျှ စတစ်တွေထဲမှာလဲကျပ်။
အဲတော့ ကြာကြာခံတာ မခံတာအပထား ဒီဗွီဒီခွေတွေ တစ်မျိုးနှစ်ချပ်နုူနူ်းနဲ့သိမ်းရပါတော့တယ်။
ပုံလေးတစ်ပုံများလိုချင်ရင် နှစ်အလိုက်လအလိုက် ရက်စွဲအလို်က်ထားတဲ့အထဲမှာ မူးမောနေအောင်ပြန်ရှာရပါတယ်။
(ကိုယ်လက်ဆော့ဒဏ် ကိုယ်ဘဲခံ )ဆိုတာအမှန်ပါဘဲ။
ဒီရိုက်ထားတဲ့ပုံများကို လည်း ညစဉ် ကိုးနာရီခွဲလောက်ကနေ ဆယ့်တစ်နာရီ တစ်ခါတစ်လေ
ကော်နက်ရှင်များ စိတ်ကောင်းဝင်နေရင် ညဆယ့်နှစ်နာရီလောက်အထိ အင်တာနက်ဆိုင်မှာ
သွားလို့ပုံတွေတင်ရပြန်ပါတယ်။
ကော်နက်ရှင်မကောင်းတဲ့ရက်များတော့ စိတ်တွေလေသပေါ့။
အခုအချိန်အလေ့အကျင့်လိုဖြစ်သွားတော့ လဲ အေးဆေးပါဘဲ။
နောက်ကျနော်သုံးနေတဲ့ကင်မရာပေါက်စနကလဲ လမ်းဘေးမှာတင်အလွယ်တကူဝယ်လု့ိရတဲ့
ဈေးပေါပေါ ကင်မရာလေးပါ.။
အဓိက ပြောချင်တာကတော့ ကျနော့်မှာဓါတ်ပုံ့ပညာနဲ့ပါတ်သက်တဲ့အတတ်ပညာမရှိဘူးဆိုတာပါဘဲ။
ကျနော်ကံကကောင်းတဲ့အချက်ကတော့ လှပသော နေရာလေးတွေကို အချိန်ကိုက် ရောက်သွားခဲ့ခြင်းပါဘဲ။
အဲတော့လှပသော ပုံလေးများကို ပိုင်ဆိုင်ခွင့်မျှဝေခွင့်ရလာတော့တာပေါ့၊
ဒီဓါတ်ပုံတင်တာနဲ့ပါတ်သက်ပြီး ကျနော်စိတ်မှာ စိတ်ထိခိုက်ရဘူးပါတယ်။
2011 သင်္ကြန်ပါတ်ဝန်းကျင်မှာ ကျနော်က ပိုစ်တစ်ခုကို ဓါတ်ပုံတစ်ပုံဘဲတင်ပါတယ်။
အဲဒီမှာ ဓါတ်ပုံတစ်ပုံထဲနဲ့ ပွိုင့်ရအောင်ယူတယ်ဆိုတဲ့ အသံထွက်လာပါတယ်။
တရားဝင်ပြောတယ်လို့လဲမဟုတ်။
အဲဒီအချိန်က စလို့ ကျနော်ဓါတ်ပုံတင်ရင် ကြည့်ရတဲ့သူတန်အောင် ပိုစ်တစ်ခုမှာ
အနည်းဆုံးဆယ်ပုံကနေ ပုံသုံးဆယ်အထိတင်ပါတယ်။
ကော်နက်ရှင်မကောင်းတဲ့အခါ ဓါတ်ပုံလေးတစ်ပုံကြည့်ဘို့ အကြာကြိးစောင့်တာတောင်
မကြည့်ရဘူးဆိုတာတွေကြားမိတော့လဲ စိတ်မကောင်းပါဘူး
ကျနော်ကိုယ်တိုင်လဲ တစ်ခါတစ်လေ ဓါတ်ပုံတစ်ပုံကို ဆယ်မိနစ်ကျော်လောက်တင်မှ
ရတာကို ကြုံဘူးပါတယ်။
အဲတော့ကော်နက်ရှင်ကောင်းတဲ့နေ့ဆိုရင် ကြိုပြီး ပုံတွေတင်ထားတတ်ပါတယ်။
အခုဆိုရင် လာမယ့် စက်တင်ဘာလ လေးရက်နေ့အထိ တစ်ရက်တစ်ပုဒ်နုန်းနဲ့တင်ထားပြီးသားဖြစ်ပါတယ်။
အခုလိုကော်နက်ရှင်အခက်အခဲကြားကနေ ကျနော့်ဓါတ်ပုံကို ဝင်ကြည့်ကြတဲ့ရွာသူားတွေအားလုံးရော
ကြည့်လဲကြည့် မန်းလဲမန်းတဲ့ ရွာသူားတွေကို ရော အထူးကျေးဇူးတင်ပါတယ်။
နောက်လဲအခွင့်အရေးရတယ်ဆိုရင်ပုံတွေတင်နေအုံးမှာအမှန်ပါဘဲ။
ကိုပေါက်လမ်းသလားနေသည်
(27-7-2012)
24 comments
ဦး ကျောက်ခဲ
September 3, 2012 at 5:56 pm
တော်ပါသေးရဲ့ဗျာ၊ ဂေဇက် ပြန်ကျန်းမာလာလို့ Post တွေဖတ်နိုင်တာ။
အရီးခင်လတ်
September 3, 2012 at 7:47 pm
ဂဇက်ကြီး စိတ်ရှုပ်သွားအောင်ကို ကျွန်မတို့ ငြင်းခဲ့ကြတာ။
ဒါကြောင့် ခေါင်းကိုက်ပြီး အိပ်ရာထဲလဲ သွားတာနေမှာ။
တော်သေးရဲ့ နလန်ပြန်ထူလာလို့။ 😆
ဦး ကျောက်ခဲ
September 3, 2012 at 8:03 pm
အရီးရေ (ဒီလိုဘဲခေါ်တော့မဗျ) အဲဒီ မိုးပြာနဲ့ ကိုရွှေမွတ် များကိစ္စက တော်တော် မွှေတယ်။ ကျွန်တော်ကို၌ ရွာထဲမဝင်တာ / ရွာသားမလုပ်တာ တော်တော်ကြာခဲ့ပေါ့…. နောက်ဆုံး မန့်ချင်လို့ဝင်လာတာ……..
ကိုပေါက်(မန္တလေး)
September 3, 2012 at 10:19 pm
ကိုကျောက်ခဲရေ အခုမှ ဟင်းချနို်င်တာဗျာ
နေဝန်းနီ
September 3, 2012 at 7:10 pm
စိတ်ကူးကောင်းတဲ့သူများကျတော့ ဆေးစက်ကျရာ အရုပ်ထင်နိုင်ပါပေကွယ်…။ နာလိုတော့ဘူးနော် ဟင်းးးးးးး 😛 😛 😛
ကိုပေါက်(မန္တလေး)
September 3, 2012 at 10:20 pm
ကိုနေ ကံကောင်းခြင်းတစ်ရပ်
လူမစွမ်းနတ်မပါဗျာ။
မဟာရာဇာ အံစာတုံး
September 3, 2012 at 7:20 pm
ရေနဲ့ကြာ ပမာတင့်
ချစ်စရာ တံတားငယ်ကလည်း
နှစ်သက်စရာ ..
အိုဘယ့် သစ်ငုတ်ပင်ကတော့
ကမ်းနံဘေးမှာ အကျည်းတန်စွာ
တရားပြနေတယ် ထင်ပါရဲ့ဗျာ ……။
ဖေဂျီးရေ ..
ပုံတွေ ကြည့်ရင်း ဂလိုလေး ရေးဖြစ်သွားပါရဲ့
နံပါတ် ၁၁ ပုံလေးကို ပို၍ နှစ်သက်မိပါတယ် ခင်ဗျာ ..
ကိုပေါက်(မန္တလေး)
September 3, 2012 at 10:30 pm
ဒီပုံလေးတွေကတော့ ကျနော်စိတ်တိုင်းကျတဲ့ပုံလေးတွေပါဘဲ
နောက်ရက်ထပ်လာပါအုံးမယ် ။
ဒါကအောင်ပင်လယ် မြောက်ပိုင်း
အောင်ပင်လယ်အလည်ပိုင်းကို လက်ဆော့ထားတာလေးတွေတက်လာမယ်နောက်ရက်။
အရီးခင်လတ်
September 3, 2012 at 7:42 pm
လှလိုက်တာ ကပေါက်ကြီးရယ်။
ပန်းချီကားလေးတွေ ကို ကြည့်ရတာနဲ့ တောင်တူရဲ့။
ရေထဲက စိန်ပွင့် လေးတွေက လက်လက်ထ နေတာဘဲ။
ကြည့်ရတာ စိတ်ထဲ အေးချမ်းသွားလို့ ကျေးဇူးပါဗျား။
၁၂ – ရေထဲက အရိပ်ကို အကြိုက်ဆုံးပါ။ 🙂
ပြည်တွင်းဖြစ်ထန်းရေနဲ့ကြွက်ကြော်ရ တဲ့ တဲကလေး က အပြန် တံတားလေးပေါ် က ဘယ်နှစ်ယောက်များ ဒိုက်ထိုးခဲ့ပြီလဲ။ 😛
ကိုပေါက်(မန္တလေး)
September 3, 2012 at 10:25 pm
ကိုလတ်ရေ အဲဒီနေ့က နေပူထဲ မှာ ချွေးတွေရွှဲနစ်နေအောင်လက်ဆော့ခဲ့တာ။
ဒါပေမယ့်လက်ဆော့ရကျုးိနပ်တယ်။
တစ်ရက်နေ့ကတော့ ရေတံခွန်တောင်အသွားလမ်းမှာ မနက်တစ်ခါ ညနေတစ်ခါ
စပါးခင်းနဲ့တိမ်တွေ တောင်တန်းတွေလှလို့ သွားရိုက်လာသေးတယ်၊
နောက်ရင် တင်မယ်။
ပြည်တွင်းဖြစ်ထန်းရေနဲ့ကြွက်ကြော်လေးဆိုင်သက်တမ်းက ဆယ်နှစ်ကျော်ဆိုတော့
ဒိုင်ပင်သမားလဲ အတော်များလောက်ပါပြီ။
San Hla Gyi
September 3, 2012 at 7:51 pm
ကိုကြီးပေါက်ရေ
မတွေ့တာတောင် ကြာပြီထင်ရဲ့။ ဟိုတနေ့က နည်းနည်းလေး မုန်တိုင်းတွေ ပြင်းထန်သွားတယ်။ အမှန်တော့ ဦးတည်ရာ လွဲသွားတာပါ။ ကျနော်တောင် ပထမ ဂေဇက်ထဲ ဝင်လို့မရလို့ ဟာ ဘာဖြစ်တာပါလိမ့် ဆိုပြီး ဝေခွဲမရ ဖြစ်သွားသေးတယ်။ အခုလို မျက်စိအေးစေတဲ့ ပုံလေးတွေ တင်ပေးတဲ့အတွက် ကျေးဇူးပါ။
ရေနဲ့ ကြာပနာတင့်သလို
နင်နဲ့ ငါရဲ့အချစ်ဇတ်လမ်း
ယာတောကလေးလဲ သိပါပေ။
ကြာတောကလေးလဲ သိပါပေ။
မဟာရာဇာ အံစာတုံး
September 3, 2012 at 7:55 pm
အလဲ့ …
ဦးဦးစံလှကြီးလည်း
သီဂျင်းဒွေ ဘာဒွေ ဆိုလို့ဘာလား … 😀
အဲ့ သီချင်းဂ အနော်ကြိုက်တဲ့ သီချင်းလေးပဲဂျ ..
ကိုပေါက်(မန္တလေး)
September 3, 2012 at 10:27 pm
ကိုစံရေ
အပီအပြင်ပြောရတော့ မောတာပေါ့။
အဲတော့စိတ်တိုတာတွေမောတာတွေပြေအောင်
စိုစိုစိမ်းစိမ်းလေးတွေတင်တာပေါ့ဗျာ။
San Hla Gyi
September 3, 2012 at 8:05 pm
ကိုအံစာတုံး
ခင်ဗျား အဲဒီသီချင်းကို ကြိုက်တယ် ဟုတ်လား။ ကျနော်က ကိုကြီးပေါက် ဓတ်ပုံလေးတွေနဲ့ လိုက်အောင် ဒီသီချင်း ဆိုလိုက်တာပါ။ ဒီသီချင်းက ကျေးလက်သားတွေရဲ့ အသည်းစွဲ တွံတေးသိန်းတန်ရဲ့ သီချင်းပေါ့ဗျာ။ ကြိုက်တယ်ဆိုတာထက် ကျုပ်အမျိုးတွေရှိတဲ့ တွံတေးဘက်က ရွာလေးတွေကို အလည်သွားတုန်း သူတို့က ဒီသီချင်းတွေ ခဏခဏ ဖွင့်တာကိုးဗျ။ ဘာလို့လဲဆိုတော့ သူ့သီချင်းတွေက ကျေးလက်ရဲ့ အငွေ့အသက် အပြည့်ပါတယ်။ သူကလည်း မြန်မာပြည်မှာ သူ့ခေတ်က တခေတ်ဆို ဆိုသလောက် အောင်မြင်ခဲ့တဲ့သူပဲ။
အမှန်တော့ ကျနော်လဲ စိတ်ရှုပ်နေလို့ ပုံစိမ်းစိမ်းလေးတွေ ကြည့်ပြီး သီချင်းဆိုကြည့်တာပါ။
Mလုလင်
September 3, 2012 at 10:49 pm
ဖေ့ဘုတ် မှာတော့ မြင်ပြီး ပြီ ..မန့်လဲ မန့်ပြီးပြီ … မနေနိုင်ဘူး .. ထပ်မန့် ဦးမယ် . .။ ဒီနှစ် သီတင်းကျွတ် မန်းလေး ဖက် တက်လာရမလား .. တောင်ကြီး ဖက် လစ်ရမလား မသေချာ သေးဘူး .. မန်းလေး ရောက်လာရင်တော့ ပွဲပြီး ပြီ .. တစ်ချီတမောင်း ရိုက်ချင် သေးတယ်ဗျာ …။
Ko Khin Lwin
September 3, 2012 at 11:24 pm
အင်း ကိုပေါက်နဲ့ကိုလုလင် နှစ်ယောက်ပေါင်းရိုက်ရင်တော့ဖြင့်—။
ကောင်းလှချည်ရဲ့လို့ ဆိုရတော့မလားဘဲ။
aye.kk
September 4, 2012 at 12:24 am
ကြာဖက်ရေစက်
လိုက်ဖက်လွန်းလှ
စွဲမက်စရာ ့ပန်းချီလို…။။
မောင်ပေ
September 4, 2012 at 2:00 am
ဟိုကြေငြာတော့ ကိုပေါက် ပုံတွေ မြင်ရင်ကြေကွဲ
ပိန်းကြာရွက်တွင် ရေတွေတင်
ပျိုမေ ဖက်နမ်းချင်
ဟီဟိ
အတိသဉ္ဖာ နာဂရချစ်သူ
September 4, 2012 at 8:31 am
အောင်ပင်လယ်ကို မရောက်ဖူးသေးဘူး လေးပေါက်ရေ။
လာမည့်နေါမှာတော့ လေးပေါက်နဲ ့ကိုပေကို အားကိုးပြီး
လာလည်မယ်ဗျ။
ကိုပေါက်(မန္တလေး)
September 4, 2012 at 8:57 am
လာဗျာ အတည်ပြောတာ
ဘဘဖရဲ
September 4, 2012 at 2:36 pm
အမလေး
သူတို့ဘဲသွားကြတယ်
ဘဘလည်းလိုက်ချင်တယ်
ထန်းရည်လေးနဲ့ကြွက်ကြော်လေးနဲ့
ဂလု ဂလု ဂလု
မတွေ့တာကြာပြီနော်…..
ရွှေ ကြည်
September 7, 2012 at 11:11 am
နံပါတ် ၂ နဲ့ ၁၉ အကြိုက်ဆုံးပဲလေးပေါက်ရေ။
လေးပေါက်ပုံတွေကြည့်ရင်းမွန်းကြပ်မှုတွေကနေခဏရုန်းထွက်ခွင့်ရတယ်။
ခပ်မိုက်မိုက် ကောင်မလေး
September 7, 2012 at 2:05 pm
ကိုပေါက် လက်ရာလေးတွေ အရမ်းမိုက်တယ်ဗျာ…
သဘာဝအတိုင်းလှနေတဲ့ ကြာရွက်လေးတွေ…
အရမ်းလှတယ်…။
လုံမလေး မွန်မွန်
September 7, 2012 at 4:54 pm
လေးပေါက်ရေ…အနီးကပ်တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ပုံတွေပါ… တဖြည်းဖြည်းနဲ့ မန်းကို လာလည်ချင်စိတ်တွေပေါက်နေပြီ… 🙂
ဟိုတစ်ခါလာတုန်းကတော့ လမ်းမှာကားပျက်လို့ အချိန်တွေနောက်ကျ၊ တစ်ခုမဟုတ်တစ်ခု အဆင်မပြေနဲ့ အေးအေးဆေးဆေးမလည်ခဲ့ရဘူး… လာခွင့်ရှိရင် နောက်တစ်ခေါက် လာချင်သေးရဲ့…