Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အတင်းလည်းမဟုတ် ၊ သတင်းလည်း မဟုတ် :D

etoneAugust 27, 20121min132047

မနေ့က ပိတ်ရက်မှာ မိသားစုနဲ့  ထိုင်နေကျ ကော်ဖီဆိုင်လေးမှာ အေးအေးလူလူ ကော်ဖီထိုင်သောက်ရင်း အရှေ့ဝိုင်းက အတွဲ တစ်တွဲကိုမြင်ရတာ အတော်လေး အခြေနေဆိုးနေတာနဲ့ ဓါတ်ပုံရိုက်မှတ်တမ်းတင်ထားခဲ့ပါတယ် ။ ကျွန်မဓါတ်ပုံ ဓါတ်ပုံရိုက်မှန်း လည်း သူတို့မြင်ပါတယ် ။ မြင်လို့ပဲ ပိုဆိုးလာသလား မပြောတတ်တော့ပါဘူး ။ မိသားစုနဲ့ သွားထိုင်လို့ မျက်နှာပူပြီး ထားစရာနေရာတောင်မရှိပါဘူး ။ အမေကတော့ ပြောပါတယ် …..  ငါ့သမီးကိုသာ အပြင်မှာ အဲ့လို မြင်ရလျှင် ၊ ရှက်လွန်းလို့ သေမှာပဲတဲ့ …… ။ ဒီခေတ်မိန်းကလေးတွေများ ထိန်းမနိုင် သိမ်းမနိုင်နဲ့တဲ့ ……. သမီးတစ်ကောင် နွားတစ်ထောင်ရယ်ဆိုပြီ … တီးတိုးညီးတွားသံလေးကြားလိုက်ရတယ် ။သူ့သမီး အဖြစ်မရှိတာကို ၊ အထင်ကြီးတတ်တဲ့ အမေ့ကိုလည်း ..အားနာနာနဲ့ပဲ  ပြန်ပြုံးပြမိပါတယ် ။

ဓါတ်ပုံက ပထမအကြိမ်ရိုက်တော့ ဖလက်ရှ်ကို မပိတ်လိုက်မိဘူး…. မီးပွင့်သွားလို့ သိသွားတယ် … ပြသနာရှာခံရပြီထင်တာ ။ ဂရုတောင် မစိုက်ဘူး ။ အရိုက်ခံမယ့် အတူတူနေရာကနေထပြီး သူတို့ ရှေ့တည့်တည့်သွားရိုက်ချင်စိတ်တောင် ဖြစ်မိပါတယ် ။

ဆိုင်က မှောင်လည်း မမှောင်ပါဘူး … အတွဲတွေချည်း ခိုနေတဲ့ ဆိုင်မျိုးလည်း မဟုတ်ဘူး ။ မိသားစုအလိုက်ရော ၊ သူငယ်ချင်းတွေနဲ ့ရော လာထိုင်ကြပါတယ် ။ ကောင်မလေးကြည့်ရတာလည်း လှလှပပလေးပါပဲ ။ သူ့ပုံစံ အကဲခတ်ကြည့်ရတာတော့ ကြေးစားအတန်းထဲက ပုံမျိုးတော့မဟုတ်ဘူး ။

ဘေးကဝိုင်းတွေကို ရှိတယ်လို့တောင် သဘောမထားပဲ ..သူ့ကိစ္စသူလုပ်ပြီး ထသွားတော့မှ …… ပါးစပ်အဟောင်းသားဖြစ်သွားတော့တယ် …ဝတ်ထားတဲ့ ဂါဝန်က ကျောကိုပြောင်နေတာပါ ….. မြီးညှေင့်ရိုးအထိကို ကျောဟိုက်ထားတာ … တော်ရုံမိန်းမ မဝတ်ရဲတဲ့ပုံမျိုးပါပဲ ….. ။  (အဲ့ဒီဂါဝန်ဝတ်ပြီး ဘတ်စ်ကားသာစီးကြည့် … ဟိဟိ ) ။ ဒီလောက်တောင် ရဲတင်းနေမှတော့ ၊ ပါ့ဘလစ်နေရာမျိုးမှာ ဒီလိုနေတာလည်း သူတို့အတွက် အဆန်းတော့မဟုတ်ဘူးပေါ့ … ။ သူလည်း သူ့သဘောနဲ့သူ အကျီ င်္ကို လွတ်လွတ်လပ်လပ်ဝတ်တယ် ၊ နေချင်သလိုနေတယ်ဆိုတော့ …… အဟိ ……. ကျွန်မလည်း ကိုယ့်သဘောနဲ့ကိုယ် … လွတ်လွတ်လပ်လပ်ရိုက်တယ် ၊ တင်ချင်သလိုတင်တယ်ပေါ့နော် ….. ။ ရွာထဲက တစ်ယောက်ယောက်များ ဖြစ်နေမယ်ဆိုလျှင်တော့ … ပုံပြန်ဖျက်ပေးပါမယ် … ဟိဟိ  😀

 

အားနာလို့ တခြားပုံလေးတွေ မတင်တော့ဘူး… ။ 😛
ဒါမျိုးဆို မိုင်နှစ်ဆယ်ကနေ တိုင်ကွယ်နေလည်း မြင်ရပါဧ။် … ခွိခွိ :mrgreen:

 

 

47 comments

  • nozomi

    August 27, 2012 at 4:58 pm

    စိန်ပေါက်ပေါက် အလုပ်တွေရှုပ်နေတာ ဒါ့ကြောင့်ကိုးးးးးးးးးးးးးးးးးး

  • ပစ်ပစ်ချန်

    August 27, 2012 at 5:07 pm

    မမတုံ အဲလာမျိုးဆိုသိပ်သွက်ပါ့
    ဒါနဲ့ စကားအတင်းစပ်…
    အူးမတ်ကြီးခုတလော အိမ်ပြန်မိုးချုပ်နေတယ်ဆိုပဲ 😛 :mrgreen:

    • MaMa

      August 27, 2012 at 5:17 pm

      အူးမတ်ကြီး ရွာထဲမှာ ပျောက်လှချည့် ထင်နေတာ ခုတော့ သိသွားပြီ။ 😀

  • R Ga

    August 27, 2012 at 5:13 pm

    အဲဒီလူတွေကလည်း ဖြစ်လိုက် ဆရာမ အီးတုုံး ရှေ့မှာ ပဲလာလာဖြစ်နေကျတယ်။ အဟိ..။ ဘာပဲပြောပြော လက်သွက်တယ်လို့ပဲပြောချင်တယ်။
    ဒါမျိုးသတင်းဓာတ်ပုံမျိုးရဖို့ လွယ်တာမှမဟုတ်တာ

  • manawphyulay

    August 27, 2012 at 5:39 pm

    အေးလေ
    တို့ညီမလေးနဲ့မှ တွေ့ရက်လေတယ်.. ဂယ်ပဲ… လူတွေကတော့ မပြောပြောချင်ပါဘူးညီမလေးရယ်။
    ယိုသူမရှက် မြင်သူရှက်ဆိုသလိုတွေဖြစ်လာတယ်။

  • မောင်ပေ

    August 27, 2012 at 5:44 pm

    အရေးပေါ် အောက်ဆီဂျင်ပေးနေတာများလားရယ်လို့ပါ
    ဟီဟိ

  • AKKO

    August 27, 2012 at 6:28 pm

    ဒီအတွဲကတော့ ကံကောင်းမလိုလိုနဲ ့ ကံဆိုးသွားရှာတာပါလား 😆

  • Inz@ghi

    August 27, 2012 at 6:37 pm

    ဟာကွာ. လူမြင်ကွင်းကြီးမှာ
    ကျုပ်သာမိန်းမ ယူဖို့ အလုပ်မရှုပ်နေရင်တော့လားဗျာ

    ဒါမိုးတွေ့ လို့ကတော့ ဟွန့်

  • Pye Kun Zaw

    August 27, 2012 at 7:22 pm

    ပြောရအုံးမယ် အရပ်ကတို့ရေ.. ကိုဂီကမိန်းမယူမှာမဟုတ်ဘူး ယောကျင်္ားယူမှာ.. နေ့လည်ကသူ့ကိုမေးတယ် ကျွန်တော်တို့ အရင်အလုပ် ယောကျင်္ားစိတ်ပေါက်နေတဲ့ကောင်မလေးနှင့် ယူမှာတဲ့.. သူရဲ့ချဉ်ထှာလေးတော့ အသဲကွဲပါပြီ.. သူများနောက်ပါတာထက် ပိုဆိုးတယ်.. ကိုယ်ရည်းစားဘဝပြောင်းသွားတာကိုး 🙂

  • Crystalline

    August 27, 2012 at 7:25 pm

    ကျမတို့နားက Parisian မှာဆိုရင်မမြင်ချင်မှအဆုံးပဲ.. မိသားစုတွေလာတဲ့ဆိုင်မျိုးပေမယ့်သူတို့တွေ ပိုများနေတယ်. သူတို့ကပတ်ဝန်းကျင်ကိုလုံးဝစိတ်ထဲမထားပုံပဲ..

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 7:33 pm

    လူမြင်ကွင်းဂျီးကို
    သူရို့မို့ မရှက်တယ် ..
    ဒါ့ပုံရိုက်မှန်း မြင်တာတောင် ဂရုမစိုက်ဘူးဆိုတော့ ..
    ဝါကတော့ နည်းလောက်ဘူး … ထင်တယ် ..
    ဒါနဲ့ စကားမချပ် ..
    ဟို ဝါကျင့်ကျင့် အရောင်နဲ့ ဖန်ခွက်က ဘာတုန်းဂျ .. 😀

    • ဘဲဥ

      August 28, 2012 at 10:15 am

      အေးနော် ရေခဲတုံးလေးတွေရောပါတယ်ဟ 😀

  • ကို ခင်ခ

    August 27, 2012 at 7:54 pm

    (—-ဓါတ်ပုံက ပထမအကြိမ်ရိုက်တော့ ဖလက်ရှ်ကို မပိတ်လိုက်မိဘူး…. မီးပွင့်သွားလို့ သိသွားတယ် … ပြသနာရှာခံရပြီထင်တာ ။ ဂရုတောင် မစိုက်ဘူး ။——)

    မအိတုံရေ လိပ်စာပေးပြီး ပုံတွေကူးပြီးရင် ပို့ပေးပါလား ပြောမသွားတာဘဲ၊
    ကံကောင်းသွားတယ်မှတ်ပေါ့။

  • si tone

    August 27, 2012 at 8:11 pm

    မ etone ရေအခုခေတ် လူငယ်တွေက International တွေဖြစ်လာကျပြီ ဆိုတော့ မရှက်ကြတော့ဘူးပေါ့

    • မဟာရာဇာ အံစာတုံး

      August 27, 2012 at 8:15 pm

      ဒါဆို …
      တစ်ဆိတ်လောက် မေးပါရစေဂျ ..
      ဟိုလေ .. ဟို .. ဟို ..
      ဂျီးဒေါ်ဂရော အင်တာနေချင်နယ် လားဟင်င်င် .. :mrgreen:
      နောက်ထာဘာ ..

    • ဘဲဥ

      August 28, 2012 at 10:16 am

      si tone က မရှက်တတ်ဘူးလား ဥဥနဲ့တွေ့ရင် ရှက်တတ်အောင်သင်ပေးမယ် လာဂဲ့မလား
      ဥဥက ဘာလာလာဒေါင်းတယ်နော် 😎

      • မဟာရာဇာ အံစာတုံး

        August 28, 2012 at 10:42 am

        ဒါဆို …
        နင်က ဂျိုကာ ကိုင်ထားတာပေါ့နော် .. 🙄 😀

  • ဒုတ်ထိုး

    August 27, 2012 at 8:11 pm

    ဒါမှ အမှန်အကန် .. စီဂျေ ။ အမှတ်တမဲ့မှ အမှတ်တရပေါ့ ။

  • အရီးခင်လတ်

    August 27, 2012 at 8:59 pm

    Naked Prince ကမှ မြင်ရတာ သူတို့ ထက် ပိုပြီး တင့်တယ်ပါသေးတယ် လို့ ပြောရင် လွန်များ သွားမလား။ 😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 27, 2012 at 10:53 pm

    ကျွန်တော့်အနေနှင့် ဆရာမဒေါက်တာနီးတုံးကို ပြောခြင်တာက
    သူ့အလုပ်သူ့သဘောသူဆောင်နေတဲ့အကြောင်းလေးမှာ ကိုယ့်စိတ်မချမ်းသာအောင်လုပ်ခြင်းဟာ
    မိမိကိုယ်မိမိဒုက္ခပေးသလိုဖြစ်တယ်လို့သာ ဆိုခြင်ဘာဒယ် ဆရာမဒေါက်တာအီးတုံးခင်ဗျား
    သူ့ကိစ္စသူလုပ်နေတာဂို ဓာတ်ဘုံရိုက်တဲ့ဆရာမဒေါက်တာ အီးတုံးမှာလည်းအပြစ်ရှိတယ်လို့
    ဆိုခြင်ဘာဒယ်
    စိတ်ဂိုဆင်ဂျင်ဘာ ဆရာမဒေါက်တာအီးတုံးခင်းဗျား
    ဒါနဲ့
    လိင်တူချစ်သူကိစ္စတွေရော သဘောထားကြီးနိုင်ဘီလားခင်ဗျား

  • surmi

    August 28, 2012 at 12:00 am

    ဘုရား ဘုရား …..လန် ့သွားတာဘဲ
    တော်သေးတာပေါ ့ ကျုပ် ပုံမဟုတ်လို့ ……………..။
    နောက်နောင် ဒေါ်အိတုန် ဘယ်မှာရှိနေတယ်ဆိုတာ သတင်းပို့ပါ ဗျ
    ကျုပ်တို့ရှောင်တိမ်းလို့ရအောင်လို့ …………။

    • etone

      August 28, 2012 at 9:28 am

      ကိုရင် ညှော်တယ်ဗျို့ ……..
      လူမြင်ကွင်းမှာ တော်သလင်းဇာတ်ခင်းချင်လျှင်တော့ … မြန်မာတွေမျက်စိနဲ့ ရိုင်းနေမှာ အမှန်ပဲ ။
      ကိုယ့်သမီး ကိုယ့်ညီမ ၊ ကိုယ့်အစ်မ ၊ ကိုယ့်တူမသာ ဒီလို ဆိုတဲ့ စိတ်မျိုးနဲ့ ခံစားကြည့် ….. ဖီလင်လေးတမျိုးပြောင်းသွားလိမ့်မယ် …. ။

      • Mလုလင်

        August 28, 2012 at 11:58 pm

        ညှော်တယ်ဆိုလဲ မတတ်နိုင်ဘူး .. ဟိုဘက် ပိုစ့် နဲ့ ဒီဘက် ပိုစ့် က အဖွင့် နဲ့ အပိတ် ဖြစ်နေတယ်။ … comment ပိုင်ရှင် တွေ ရဲ့သဘောထားကို ဒီပို့စ် နှစ်ခု မှာမြင်နိုင်တာ မို့ .. တွဲ ပြ လိုက်တာ။ ကျုပ် ရဲ့ ဓာတ်ပုံ ပိုင်း (တဦးတည်း အမြင် သီးသန့်) နဲ့ ပြောရရင်တော့ … ဒီလို ဓာတ်ပုံ ရိုက်တဲ့ သူကို ရှုံ ့ချ ပါတယ်။ ဒါက ကင်မရာ အလွဲသုံးမှု မြောက်ပါတယ် ..။

        • etone

          August 29, 2012 at 8:37 am

          ကင်မရာ အလွဲသုံးစားမှုမြောက်တယ်ဆိုပါလား … အားရို့ရို့ ……. 😉 စကားလုံးတွေ သိပ်မြောက်သွားပြီ … ။ တစ်ထွာတစ်မိုက် ကျွန်မဖြုတ်ဦးနှောက်ဉာဏ်လေးနဲ့ ……… လိုက်မမှီတော့ဘူး ။ 😥

          လူတစ်ကိုယ်အကြိုက်တမျိုးမို့ ကြိုက်တာ မကြိုက်တာ ၊ လွတ်လပ်စွာ ကွဲလွဲ ခွင့် ရှိပါတယ် … ။
          ဒါပေသိ ပါဆယ်နယ်လ် ဖီလင်လေးတွေ မရော ယှက်လျှင်ပေါ့နော် …. ။

        • Mလုလင်

          August 29, 2012 at 9:19 am

          ပါစင်နယ် ဖီလင် မရောပါဘူး …. ဓာတ်ပုံ ပါ လာတာရယ် .. ဒါကို ပဲ တစ်ချို ့ က သတင်း ဓာတ်ပုံ လိုလို ပြောနေတာ ရယ်ကြောင့်ဝင်မန့်တာ … ဟို စုံတွဲက လဲ ကျုပ်နဲ့ ဘာမှ မတော် ပါဘူး။ ဒီလို မျိုး သူတပါး ပုံကို ရိုက်ချင်သလို ရိုက်(ခိုး ၊ ပြောင်) ပြီး အသိမပေး ပဲ အင်တာနက် ပေါ် တင်တာကို ပါစင်နယ် အရ .. ရှုံချ လိုရင်း ပါ .. အဓိက က .. မျက်နှာ ပေါ် နေတာ .. အဲဒါ

          ဟိုဘက် မင်းသား ပိုစ့် မှာတော့ ဓာတ်ပုံရိုက် တဲ့ (ရောင်းစားထားတဲ့) သူတွေကို ပြောထားပါကြောင်း

  • kai

    August 28, 2012 at 8:02 am

    အဲလောက်လေးဆိုရင်တော့..လူတွေ.. ဖြည်းဖြည်းချင်းအမြင်ရိုးသွားပြီး.. ပေါ်ပျူလာဖြစ်ချင်လို့လုပ်သူတွေလည်း.. နည်းသွားမယ်ထင်မိတယ်..

    နမ်းတာလေးများ… 🙂

    ယူအက်စ်မှာ..ပါ့ဗလစ်မှာ.. စုံတွဲ.. နမ်းကြ..ဖက်ကြတာမဆန်းပါ..။
    ပါတ်ဝန်းကျင်အတွက်.. ကြည်နူးစရာတောင်ဖြစ်ပါတယ်..
    ကျုပ်ဆိုရင်တော့.. လူငယ်တွေ.. ချစ်ကြည်နူးနေကြတာတွေ့ရင်.. ကိုယ်ပါကြည်နူးမိတယ်..
    မနက်မှာ.. လူငယ်စုံတွဲ.. နမ်းနေကြရင်.. မင်္ဂလာရှိတဲ့နေ့လို့တောင်.. ထင်တာပဲ.. :mrgreen:
    ချစ်ကြတယ်ဆိုတာ. ကောင်းတဲ့အလုပ်ပဲလေ..

    ပြောရရင်.. ယဉ်ကျေးမှုနဲ့..အလေ့အကျင့်ပဲလို့ထင်မိတယ်..
    ယူအက်စ်မှာ.. မြန်မာပြည်မှာလို..မိန်းကလေးအချင်းချင်းလက်ချင်းချိပ်လျှောက်ရင်ဖြစ်ဖြစ်..
    ယောကျာ်းလေးချင်း.. ပုခုန်းဖက်လျှောက်ရင်ဖြစ်ဖြစ်..
    ပတ်ဝန်းကျင်က.. သတိပြုမိပြီး. အနှောက်အယှက်ဖြစ်ဟန်ရှိတာတော့..အမှန်..

    ကဲ…

    • etone

      August 28, 2012 at 8:42 am

      ဒီမိုသဂျီးကတော့ အခုတစ်မျိုး တော်ကြာတစ်မျိုး ….. ခွိခွိ … ။
      အရင်ပို့စ်တစ်ခုမှာတော့ အရွယ်မရောက်သေးတဲ့ ကလေးက အဲ့မြင်ကွင်းမျိုးမြင်လို့ ရည်စားထားမယ် ပူဆာပါတယ်ဆိုပြီး အမေဖြစ်သူက တရားစွဲဆို … 😀

      • kai

        August 28, 2012 at 11:04 am

        အဲဒီပို့စ်မှာရေးခဲ့တဲ့.. .ကောမန့်… သေသေချာချာပြန်ဖတ်ပါကွယ်…
        ရုပ်ရှင်..ဂိမ်းတွေမှာ.. Rating တွေထားတာအလကားမဟုတ်..
        ပါ့ဗလစ်မှာ.. ကလေးမကြည့်ရ/ကြည့်နိုင် အဆင့်အတန်းတွေသေသေချာချာသတ်မှတ်ထားပါကြောင်း..

        ကလေးတောင်မှ.. အသက်အပိုင်းအခြားရှိပါကြောင်း..
        ဖက်တာ.. နမ်းတာလောက်နဲ့.. ဘာမှ..ဘာဆိုဘာမှ.. ပြသနာမတက်ကြောင်း..

        • etone

          August 28, 2012 at 11:36 am

          kai says: (Edit)

          သာမန်အားဖြင့် ဒီလို scenes တွေက.. ရုပ်ရှင်ထဲမှာပိုက်ဆံပေးကြည့်ရတာ..။ အပြင်မှာ အလကားဆားဗစ်ပေးပြနေတာ.. ဝိုင်းကြည့်ကြပေါ့ကွယ်.. ဒါလေးများ..။ :mrgreen:

          ကလေးတွေမကြည့်သင့်တဲ့အဆင့်ရောက်ရင်တော့.. ကလေးမိဘတွေက.. တရားစွဲပေါ့..။ ကင်မရာထုတ်ရိုက်.. တရားရုံးတင်ပေးလိုက်ပေါ့..
          ကိုယ့်ကလေးက.. အဲဒါကြည့်ပြိး.. ရည်းစားလိုချင်တယ်.. ဖြစ်နေလို့.. အလုပ်ဖျက်ပြီး.. ထိမ်းသိမ်းလိုက်ရတာ.. ၁လအချိန်ကုန်သွားတဲ့အတွက်.. နစ်နာကြေး.. ကျပ် ၅သိန်းရလိုမှုနဲ့..တရားစွဲပေါ့..
          တရား နိုင်မှာပါ.. :mrgreen:

          အညိုးညိုးပဲ ….. နားဂိုလည်ဒေါ့ဝူး .. ခွိခွိ 😉

        • kai

          August 28, 2012 at 12:16 pm

          ကလေးတွေမကြည့်သင့်တဲ့အဆင့်ရောက်ရင်တော့..

          :mrgreen:
          ကလေးတွေမကြည့်သင့်တဲ့အဆင့် ဆိုတာကို.. ဘယ်လိုနားလည်ထားသလည်းဟင်င်င်… ?

          ဒေါ်ဒေါ်အိတုန်ရေ..
          ပို့စ်ခေါင်းစဉ်ကိုက.. “အတင်းလည်းမဟုတ် ၊ သတင်းလည်း မဟုတ်” တဲ့..
          အဲဒီအပေါ်တင်လာတဲ့ စာတွေဓါတ်ပုံတွေကို.. မတင်သင့်ဘူးပြောနေတာမဟုတ်ဖူးနော..
          လွတ်လပ်စွာတင်နိုင်ပါတယ်..ဒီကနေ.. ခေါင်းစဉ်တခုယူ ဆွေးနွေးနိုင်တာပဲ..
          ဖတ်သူတွေအမြတ်တခုခုရမှာပါ..
          အခုက..
          အဲဒီခေါင်းစဉ်ထဲ.. နိုင်ငံ၂ခုရဲ့..အမြင်..ယဉ်ကျေးမှုနှိုင်းပြီး.. ဆွေးနွေးကြည့်နေတာပါနော..
          အဲဒါလေး..

        • etone

          August 28, 2012 at 3:05 pm

          … နိုင်ငံ နှစ်ခု ယှဉ်ပြီး ဆွေးနွေးရလောက်အောင် …. တစ်ထွာတမိုက်လေးနဲ့ ဉာဏ်မမှီပါဘူး … ။ သဂျီးရယ် …. ။ 😀

          နည်းနည်း ဖွလိုက်တာ … ထူးပြီတော့ … ပျားအုံ တုပ်နဲ့ ထိုးပလိုက်တာ … ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတွေ attack လုပ်ကြတယ်တော့ .. ပတ်သတ်သူက တိုက်ရိုက်ဆက်သွယ်လာလျှင် ပုံဖျက်ပေးပါမယ်ဆိုမှ … 😉

  • Ma Ei

    August 28, 2012 at 9:07 am

    ကဲကြတဲ့ အတွဲတွေမြင်တိုင်း ရင်နာမိပါတယ်…
    မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုယ်တန်ဘိုးထားမှ၊
    တန်ဘိုးရှိအောင်နေမှ မိမိချစ်သူ အပါအဝင် အများက လေးစားကြမှာပါ…
    ကိုယ်တိုင်က အလကားပေး၊အမြည်းကျွေးပြီးရောင်းသလိုဖြစ်နေရင်
    ခုလဲ တန်ဘိုးမရှိ၊နောင်လဲ တန်ဘိုးမထားမို့ လေးစား ခံရဘို့ ဝေးပါလိမ့်မယ်…
    ဆင်ခြင်သင့်ကြပါတယ်…

  • P chogyi

    August 28, 2012 at 9:18 am

    kai ပြောသလို US လိုနိုင်ငံမျိုး၊ ကိုဂျော်နီပြောသလို သူ့အလုပ်သူလုပ်တာ ဆိုပေမဲ့
    ကျွန်တော်တို့ မြန်မာယဉ်ကျေးမှု၊ မြန်မာ့အမြင်မှာတော့ မတင့်တယ်ဘူးလို့ ထင်ပါတယ်။
    နိုင်ငံတစ်ဝှမ်း မီဒီယာတွေက ထုတ်လွှင့်မှုတွေရဲ့ အကျိုးဆက်လည်းဖြစ်ပါတယ်။
    ကျွန်တော်တို့ ဗိုလ်ချုပ်ပြောခဲ့သလို ဒီမိုကရေစီရလို့ လွတ်လပ်ပြီဆိုပြီး
    —နိုင်ငံလည်းမဖြစ်စေချင်ပါဘူး။
    တတ်နိုင်သလောက် သား၊ သမီး၊ တူ၊ တူမ၊ ညီ၊ ညီမများကို ထိန်းမတ်ပေးစေချင်ပါသည်။

    • ရွှေ ကြည်

      August 28, 2012 at 11:10 am

      ဦး ပီချို ထောက်ခံပါတယ်ဗျို့ အရှေ့ နဲ့ အနောက် ယဉ်ကျေးမှုခြင်းကွာခြားလှပါတယ်။

  • Thu Wai

    August 28, 2012 at 11:11 am

    အစ်မလေး တစ်ခါလေး ဆိုင်ထိုင်မိပါတယ် မ etone နဲ့ တွေ့တော့တာပဲ

  • kyeemite

    August 28, 2012 at 11:26 am

    ဒီမယ်ဒေါ်အီးတုံး…ကျုပ်ဖါသာနေချင်သလိုနေမယ်ဘာဖြစ်လဲ..
    ကျုပ်ပုံခုချက်ချင်းဖျက်ပေးပါ…ဒါဗျဲ..

    • etone

      August 28, 2012 at 11:40 am

      ဟီးဟီး …. ဦးမိုက်ကို သမီး အိမ်မက်ထဲမှာတွေ့တာတောင် မှတ်မိပါတယ် .. … ဒီလို ပိစိညှောက်တောင့် သွားကြားထိုးတံ ဘော်ဒီရှိတ်နဲ့ ကောင်လေးမဟုတ်ပါဘူး … ဟီးဟီး :mrgreen:

      ဒါနဲ့ .. အချစ်ဦးကို မြေဦးရတဲ့အထိ မမေ့ဘူးဆိုပြီး ဘုရားဖူးတဲ့ အကြောင်းလေး …. ဟီးဟီး …. ဂျူနီယာကြီးမိုက်လေးတွေကို ဖွရမလား … မဒမ်ကြီးမိုက်ဆီ ဖွရမလား … 😛

  • သုရှင်

    August 28, 2012 at 12:42 pm

    အင်း…………………ခေတ်…ခေတ်….ခေတ်..
    အဲဒါ ……………….ခေတ်ပေါ့ကွယ်…ခေတ်ပေါ့။
    ( အဖိုးကြီးလေသံဖြင့် ) :mrgreen:

  • Novy

    August 28, 2012 at 12:51 pm

    အထင်ကြီးလည်းမနဲဘူးနော်
    အဲ့လောက်စွံတယ်ပေါ့ ကြိုက်မီး

  • ရွှေ ကြည်

    August 28, 2012 at 3:23 pm

    သူကြီးသူကြီး တွေ့လား မြန်မာတွေခေတ်မှီပါတယ်။
    နောက်ဆိုအဲဒီနိုင်ငံခြားတွေကိုတောင်ကျော်တက်သွားမှာ အဟဲ။
    ရွှေကြည်တို့မြန်မာ့မိန်းကလေးတွေနာမည်ကြီးခဲ့တဲ့ အရှက်ကိုအသက်ထက်တန်ဖိုးထားတယ်ဆိုတဲ့စကားက
    နောက်ဆို အသက်ကိုအရှက်ထက်တန်ဖိုးထားတယ်ဖြစ်တော့မှာ 😀

  • Htoo thin

    August 28, 2012 at 8:32 pm

    အင်းကျုပ်တို့ အမေကြီး ကားတိုက်မှာတော့ ဝီလိုဝီလိုရှီလယက်ဗြ မမဆိုလာ(ခ) အီးတုံး သူပုံပါကျွန်တော် နောက်နေ့တင်ပေးမယ် ကျွန်တော် ခိုးရိတ်ထားတာရှိတယ် ဗြဲ ပရိတ်သတ်ကြီးြိုကိုက်ရင် လက်ခုပ်တီးပါ ဖြောင်းဖြောင်း………

  • mobile (mandalay)

    December 20, 2012 at 12:00 am

    ကောင်းဒယ်ဗျို့ကောင်းဒယ် ဒါမျိုးတွေများများတင်ပေရင်ကောင်းတယ်ဗျို့

Leave a Reply