ပက်ပက်စက်စက်….ချစ်တယ်…မုန်းတယ်…လွမ်းတယ်

တကယ်ဆိုရင်……
မတန်ပါဘူးကွာ…..ချစ်ခဲ့တာတွေ/
ငါ့မာနတွေဟာ မင်းခြေဖျားက သဲမှုန်လောက်တောင် တန်ဖိုးလျော့ကျသွားတဲ့အခါ….
ငါ့ဘဝလည်း ပက်ပက်စက်စက် ဆွဲစုတ်ပစ်ခံလိုက်ရတာပဲလေ။

xxxxxxxxx

တကယ်ဆိုရင်…..ငါ့ဘက်တော့ နည်းနည်းပြန်ကြည့်သင့်တယ်ကွာ။
မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့ လူတစ်ယောက်ကို…..
နှစ်သိမ့်ဆုလေးတောင် မပေးခဲ့ဘူး။
တကယ်ဆို ငါက ဒုတိယလူပါကွာ။

xxxxxxxxx

ငါ့ကို နည်းနည်းလေးတောင် သတိရမိဘူးလားဟင်။
ငါသိခွင့်မရှိဘူးလား…… ငါ့ကိုမင်းချစ်ချစ်မချစ်ချစ်ပါ
ငါချစ်တာကို မင်းစိတ်ထဲသိနေရင် ကျေနပ်ပါပြီကွာ။
နည်းနည်းလေးတော့ စာနာကြည့်ပါ။

xxxxxxxxxx

မေ့မရတဲ့အချိန်တွေရဲ့ အဆုံးအစွန်မှာ….
ဇွတ်မှိတ်ပီး ငါမင်းကိုမျှော်လင့်နေတုန်းပဲ။
ငါ့ခေါင်းထဲက ရင်ဘတ်ထဲက ဟာကွာ…. အစစ အရာရာ ငါ့ခံစားချက်တိုင်းမှာ…
မင်းစိုးမိုးထားနိင်တုန်းပဲ…. အမှန်တော့ မင်းငါ့ကို မုန်းအောင်တစ်ခုခု ပေးခဲ့သင့်တယ်…။

xxxxxxxxxx

လွမ်းစရာကို နာစရာနဲ့ဖြေတဲ့ ငါ့မှာအချစ်တွေပဲရှိတော့… ဘာမှနဲ့ မှကိုဖြေလို့မရဘူး…
မင်းကို ငါပက်ပက်စက်စက်ချစ်ခဲ့တယ်……။

မင်းနှုတ်ခမ်းဖျားက ထွက်လာတဲ့စကားတွေ…
မင်းမျက်ဝန်းတွေ မင်းဆံနွယ်တွေကို…
မင်းအထိအတွေ့တွေ…… ခုထိ ငါပက်ပက်စက်စက် လွမ်းတုန်းပဲ…..။

ဒါပေမယ့်ကွာ မင်းငါ့ဘက်တစ်ချက်တောင် ငဲ့မကြည့်ခဲ့ဘူး…..။
အရာရာမပြည့်စုံတဲ့ ငါ့ဘဝမှာ မင်းကိုငါအထောက်အပံ့ တစ်ခုမှလုပ်မပေးနိုင်တာ…
ငါ့အားနည်းချက်လား…ချစ်သူ..ပြောဦးကွာ… ပြောဦး…..။
တင်းထားပေမယ့် ငါ့မျက်ဝန်ထောင့်က မင်းအကြောင်းတွေတိုင်း …..
မိုးရာသီဖြစ်နေတုန်းပဲ…….။

ငါ့ဘက်က ခုမကြည့်တော့ပဲ…. မင်းအတွက်….. မင်းနောက်ဆံမတင်းဖို့ အတွက်…
မင်းကို ပက်ပက်စက်စက်ချစ်ခဲ့တဲ့ငါ….
ငါကပဲ မင်းအတွက်… ပက်ပက်စက်စက်မုန်းပေးခဲ့မယ်ချစ်သူ….။
ငါ့မင်းကို ပက်ပက်စက်စက်ကို မုန်းတယ်ကွာ မုန်းတယ်ကွာ…..မုန်းတယ်ကွာ…။

xxxxxxxxx

တစ်ခုတော့ ငါ့ဆီမှာ ကျန်ခဲ့ဦးမှာ ချစ်သူ…..
အဲဒါဘာလဲ သိလား……………………။
ငါ့အနားကပ်ခဲ့ပါကွာ တိုးတိုးလေးပြောပြချင်လို့……..
နောက်ဆုံးအနေနဲ့ မင်းအငွေ့အသက်လေးတော့ ရချင်တယ်……။
ငါပြောမယ်ချစ်သူ….
ငါမင်းကို……………..
ပက်ပက်စက်စက် လွမ်းနေဦးမှာ…..။

xxxxxxxx

အောင်မိုးသူ(စူးရှ)
15.6.2011

3 comments

  • တစ်ခုတော့ ငါ့ဆီမှာ ကျန်ခဲ့ဦးမှာ ချစ်သူ…..
    အဲဒါဘာလဲ သိလား……………………။
    ငါ့အနားကပ်ခဲ့ပါကွာ တိုးတိုးလေးပြောပြချင်လို့……..
    နောက်ဆုံးအနေနဲ့ မင်းအငွေ့အသက်လေးတော့ ရချင်တယ်……။
    ငါပြောမယ်ချစ်သူ….
    ငါမင်းကို……………..
    ပက်ပက်စက်စက် လွမ်းနေဦးမှာ…..။

  • မွန်မွန်

    August 29, 2012 at 3:29 pm

    သူ့စာတွေက ကောင်းလွန်းလို့ ဘာမန့်ရမှန်းတောင် မသိတော့ဘူး…။
    ဒီစာကိုဖတ်ပြီးတော့တော့ ငိုချင်သွားတယ်… ဟင့်… ရွှတ်… ဖတ်…. 🙂

    တင်းထားပေမယ့် ငါ့မျက်ဝန်ထောင့်က မင်းအကြောင်းတွေတိုင်း …..
    မိုးရာသီဖြစ်နေတုန်းပဲ…….။

  • we R one

    August 29, 2012 at 4:47 pm

    မခံစားနိုင်တော့ ဘူး….. ရွက် at the ဖတ်…:D
    နဂိုတည်းက အလွမ်းဓါတ်ခံ ရှိပါတယ် ရှိုမှ…..။
    ~~~~မုန်းမေ့မရလို့ပါ…ငါဒဂယ် မြတ်နိုးခဲ့…ဒီရင်ခွဲပြီး ပြလိုက်ချင်တယ်………………..
    ~~~ ပြန်မျှော်နေမိခဲ့ မင်းရဲ့နွေးထွေးမူတွေကိုပဲ….
    ~~~~ ပြန်လိုချင်မိခဲ့ မင်းရဲ့ ယုယမှုတွေကိုပဲ…..
    ~~~~~~~~ပြန်လာမှာလားကွယ် ငါ အရမ်းလွမ်းလို့ပါ အချစ်ရယ်…………

Leave a Reply