တစ်ရက်တာ ပရိုဖိုင်
7:00 နာရီမှာ ဖုန်းခေါ်တယ်…
မရဘူး…
မိုးတွေရွာလာတယ်…
ငါ့တစ်ကိုယ်လုံး မိုးရေထဲမှာ..
မိုးရေစက်တွေက အေးချမ်းစေတယ်…
မိုးရေတွေထဲမှာ အတူတူ လွင့်မြောကြမယ်…
ထီးတစ်ချောင်းတည်းနဲ့…
ရာဇဝင်ထဲမှာလို နွေးထွေးကြမယ်…
7:42 မက်ဆေ့ဂျ် တစ်ခု ဝင်လာတယ်….
“sry i’ll be there at 8:30 so. Take care”
ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်း တစ်ယောက်တည်း မိုးရေထဲမှာ…
တစ်ကိုယ်ရည် ပြန်နွေးထွေးလိုက်တယ်…
ရာဇဝင်ထဲမှာ လမ်းပျောက်သွားပြီ…
တစ်ကိုယ်ရည် ပြန်နွေးထွေးလိုက်တယ်…
ရာဇဝင်ထဲမှာ လမ်းပျောက်သွားပြီ…
7:50 ပြန်ပို့လိုက်တယ်…
“Ya, but I was in the rain”
အား…
ငါ…တစ်ကိုယ်ကောင်းဆန်လိုက်တာ…
ဟုတ်တယ်…
ငါ..ငါ..ငါ…ငါ…
ငါ…တစ်ကိုယ်ကောင်းဆန်လိုက်တာ…
ဟုတ်တယ်…
ငါ..ငါ..ငါ…ငါ…
5:23 …ရောက်လာတယ်…
“yeah i see, take care”
အိမ်မက်တစ်ခု လန့်နိုးဖို့အတွက်…
ကောင်းကင် သန့်သန့်တစ်ခု လိုအပ်ပါသလား…
အား….
မိုးစက်တွေ…
မိုးစက်တွေ…
ငါ့ကို…
ရက်စက်ရိုင်းစိုင်းစွာ…အညိုးကြီးနေလိုက်ကြတာ….
(မှတ်ချက်။ ။ဒီကဗျာကို မိုးရေထဲတွင် ထားပါက တစ်ရက်သာခံသည်)
16 comments
အတိသဉ္ဖာ နာဂရချစ်သူ
August 28, 2012 at 5:34 pm
ကိုရင့်ကို DVBမှာတွေ ့လိုက်သဗျ
Mobile
December 16, 2012 at 4:17 pm
ကဗျားလေးကို အားပေးသွားပါတယ် ကို —–ရေ………………….
မြတ်ကျော်သူ
August 28, 2012 at 5:46 pm
အာ…ခင်ဗျားကြီးကလဲ…ဒီပို့စ်က သတင်းပို့စ် မဟုတ်ဘူးလေ…
ကဗျာပို့စ်လေဗျာ… 😐
zarlay
August 30, 2012 at 3:33 pm
ဟုတ်ပါတယ် ဒါပေမယ့် ကဗျာက ဘာကိုဆိုလိုတာလဲသဘောမပေါက်ဘူးဖြစ်နေတယ်
မောင်ပေ
August 28, 2012 at 7:37 pm
ဒီကဗျာကို နေရောင်အောက်မှာ ထားရင်တော့ တစ်ရက်မက ခံမယ်ဆိုတဲ့ သဘောပေါ့နော် ကိုမြတ်ကျော်သူ
kai
August 29, 2012 at 5:09 am
8:30pm … ပို့လိုက်တယ်
I’ve been there, done that.
အရေးပေါ်ကားနဲ့ပါသွား
အဖြူတွေ.. အပြာတွေ.
ပြီးတော့..
အနက်ရောင်…
ထိုးထည့်လိုက်တာ..
တကိုယ်လုံးမည်းနက်သွားပါကလား..
အား..။
မြတ်ကျော်သူ
August 29, 2012 at 8:59 am
သွားပြီ….
မောင်ပေနှင့် Kai တို့၏ လုပ်ရပ်ကြောင့်…
နေရောင်အောက်မှာ…
ကဗျာရေးသားသူ…
ကားတိုက်ခံလိုက်ရတယ်….:D
kai
August 29, 2012 at 10:29 am
maung khinmin
August 30, 2012 at 10:35 am
ဆြာမြတ်ကျော်သူရေ …
ခုလို ကဗျာပို ့စ်လေးတွေ နဲ ့…
တစ်ခါတစ်ခါ … ဘဝအမြင်တွေကို
မျှဝေစေချင်ပါရဲ့ဗျာ…။။။
မြတ်ကျော်သူ
August 30, 2012 at 10:52 am
>> Kai
ခွင့်လွှတ်လို့ ပြောတဲ့အတွက် ဝမ်းနည်းမိတယ်ဗျာ…
အဲဒီစကားက နည်းနည်းများ စိမ်းနေသလားလို့…
ခင်ဗျားတို့နဲ့ ကျွန်တော် ရင်ဘတ်ချင်း ရင်းနှီးနေပြီထင်တာ…:(
>> maung khinmin
ကြာသလားလို့ဗျာ…မျှဝေကြတာပေါ့…
kai
August 30, 2012 at 11:27 am
ကဲဗျာ.. ဒါဆို
၂ရက်ခံမယ်
ရင်ဘတ်ချင်းထိုးကြသူချင်းမို့
တရက်တိုးလို့ပေါ့..။ 😀
မောင်ပေ
August 30, 2012 at 12:47 pm
သဂျီး မဟုတ်သေးဘူးဗျ
၃ ရက်ခံမယ့်ကဗျာဗျ… ဟဲဟဲ
ကိုမြတ်ကျော်သူရေ
ကျွန်တော်သိတာလေးကပေါ့နော်
အနုပညာကို ခံစားတဲ့နေရာမှာ
စည်းတွေ
ဘောင်မထားဘူးဗျ
ကျွန်တော် သဘောပေါက်သလို ခံစားလိုက်တာပဲ
ဥပမာ ဆိုရရင်
အစ်ကို က “ ၁ ” လို ့ခံစားပြီး ရေးထားပေမယ့်
ကျွန်တော်က “၁” လို ့မမြင်မိပဲ ၊ “ ပ ” လို ့မြင်ပြီး ပ လို ့ခံစားပစ်လိုက်မိမယ်
အစ်ကို ့ကဗျာ ကို ဖျက်စီးလိုစိတ် မရှိပါဘူးဗျို ့
manawphyulay
August 30, 2012 at 1:09 pm
နှစ်ရက်ပဲ ခံတာကိုများ ရင်ဘတ်အနာခံနေသေးတယ်။
တစ်သက်ခံအောင် ရင်ဘတ်ချင်းထိုးတယ်လို့ ပြောလိုက်ရင်ပိုကောင်းမယ်နော်။
မြတ်ကျော်သူ
August 30, 2012 at 1:40 pm
ဟာ…သွားပြန်ပြီ..နောက်တစ်ကြိမ်…
ကျွန်တော် ဒေါသ ထွက်လာပြီဗျာ… :O
ခင်ဗျားတို့ နည်းနည်းတော့ လွန်လာပြီ…မောင်ပေ
ခင်ဗျားတို့ ကျွန်တော့ကို တော်တော် စိမ်းကားတယ်ဗျာ…
ဖျက်ဆီးလိုစိတ် မရှိဘူးတဲ့…ဒါဘာစကားလဲဗျာ…
ဘာလဲ ခင်ဗျားတို့က ကျွန်တော် ပြန်ပြီး မန့်တာကို မကြိုက်လို့လား…
ကဗျာမှာ ကျွန်တော် အနှစ်သက်ဆုံးပုံစံတစ်မျိုးက Deconstruction ပဲဗျ…
ခင်ဗျားတို့ဗျာ…
ကျွန်တော် Comment ပေးတာက မကြိုက်တဲ့ သဘောနဲ့ ဟုတ်ဘူးဗျ…
တစ်ယောက်နဲ့ တစ်ယောက် Interaction ရှိနေအောင်ပါ…
ဝမ်းနည်းတယ်ဗျာ… :'(
Moe Z
August 30, 2012 at 1:49 pm
ဒါဆိုလည်း အဲဒီ ၃ရက်အတွင်းမှာ ခွဲစိတ်ခန်းကဆရာမလှလှလေးနဲ့တွေ့စေသဒီး
ကိုရင်စည်သူ
August 30, 2012 at 1:55 pm
ကိုမိုးစက် ကျနော်ကတော့ ခွဲစိတ်ခန်း သုံးရက်အတွင်းမသွားချင်ဘူး
ကလေးတွေ စာသင်ပေးတဲ့ ဆရာမလှလှလေးနဲ့ တွေ့ချင်သေးဒယ်.. 😉 😉
ကိုမိုးစက်မှာ အသိကျောင်းများ မရှိဘူးလား… 🙄 🙄