ကိုခင်ခကြည့်ချင်တယ်ဆိုတဲ့နံနက်ခင်းလင်းအရုဏ်………………….(1)

1 ရောင်နီပျို့ခါစနံနက်ခင်းလေး
2 အပြာရောင်နံနက်ခင်းလေး
3ခဲသားရောင်ကောင်းကင်အောက်က အလင်းစက်

 

4အရုဏ် ရွှေရောင်အလင်းတန်းအောက်က လှေကလေး
5 ပြာလဲ့စိမ်းရောင်စိုနံနက်ခင်း

 

6 အပြာရောင်နံနက်ခင်းလေးပါ

 

7 အရောင်စုံနံနက်ခင်းလေးပါ

 

8ကြည်နူးဘွယ်ရာကောင်းလှသောနံနက်ခင်း
9 အပြာနု ပန်းရောင်စိုလက်သော နံနက်ခင်းလေး

 

10 အရုဏ်ဦးမှာတွေ့ရတဲ့အလင်းရောင်လေးနဲ့ ကျောင်းဆောင်လေး
11 အလင်းပေါ်ထွက်စ ရွှေအိုရောင်နံက်ခင်းလေးပေါ့ဗျာ
12 လွမ်းစရာ………………………………….

 

13 အပြာရောင်လွှမ်းတဲ့ နံနက်ခင်းလေး
14 မိုးတိမ်တောင်တွေနဲ့အလှဆင်တဲ့နံနက်ခင်း

 

15 ပန်းရောင်အသွေးနဲ့ နံနက်ခင်းလေး(ဒီနေရာလေးကို သဘောကျတော့ အမြဲတမ်းရိုက်လေ့ရှိတယ်)
16 အရုဏ်ဦးအလင်းတန်းများ
17 အပြာရောင်လွမ်းတဲ့ နံနက်ခင်းလေး

 

18 နံနက်ခင်းလင်းစနဲ့လှေကလေး

 

 

19 စိတ်ကို ညွှတ်နူးအောင်ဖန်တီးတဲ့နံနက်ခင်း

 

20 နံနက်ခင်းလေးမှာတွေ့ရတဲ့ဗေဒါပန်းကလေးတွေတန်းစီနေတာ

“ကိုခင်ခပြောတဲ့နံနက်ခင်းလေးများ —တစ်”

 

ဟိုရက်တွေက မိုးညနေခင်းလေးတွကလှတော့ ရက်ဆက်လောက်သွားပြီးဓါတ်ပုံရိုက်ဖြစ်ပါတယ်။

အဲတော့လဲ ညနေခင်းပုံလေးတွေဆက်တိုက်တက်လာဖြစ်ပါတယ်။

တကယ်ပြောရရင်ကျနော်က ညနေပိုင်းရိုက်ခဲပါတယ်.။

မနက်လမ်းလျောက်ထွက်ရင်း နေ့တိုင်းလောက်နီးပါးရိုက်ပါတယ်။

မရိုက်ဖြစ်တဲ့နေ့ကခပ်ရှားရှား။————————–

အဲလောက်လက်ဆော့တာပါ။

 

ကျနော်လမ်းလျောက်ထွက်စအချိန်က မနက် 5နာရီ15မိနစ်လောက်ဆိုတော့

အခုလိုမိုးရာသီမှ နေရောင်မမြင်ရတာများပါတယ်။

လမ်းတစ်ဝက်လောက်ရောက်တယ်ဆိုရင်တော့အလင်းစကို စမြင်ရပါပြီ။

အဲဒီအချိန်လောက်မှာ ဒီနေ့အဖို့တိမ်လှမယ် မလှဘူူးလဲမှန်းလို့ရပါပြီ။

 

မနက်ပိုင်းမှာဆိုရင် သစ်ပင်ကလေးတွေနိးထစ.

ပန်းကလေးတွေပွင့်စ

တက်သိမ်းအင်းထဲမှာတံငါလှေတွေ ဝမ်းစာရှာစ

ဆိုတဲ့ “အစ”လေးတွေကိုလိုက်လက်ဆော့ ပါတယ်။

တစ်ခါတစ်လေ နေအထွက်လေးလှတာကိုစောင့်ရင်း နောက်ကျတော့

အလုပ်ချိန်မှီအောင် ကမန်းကတန်းပြေးရတာလဲအခါခါ။

ဒါပေမယ့်ကိုယ်တင်ပေးလိုက်တဲ့ပုံလေးတွေကို ကြည့်ရ မြင်ရသူက ကြိုကတယ်ပြောရင်

နောက်တစ်ခါထပ်လက်ဆော့ဘို့အင်အားတွေ ပြည့်လာပါတယ်။

 

အခုတော့ကိုခင်ခ ကြည့်ချင်ပါတယ်ဆိုတဲ့ နံနက်ခင်းလေးတွေကို တင်ပေးလိုက်ပါပြီ။

ဩဂုတ်လ တစ်လတည်းရဲ့မနက်ခင်းတိုင်းကပုံလေးတွေချည်းပါဘဲ။

ဒီပုံတွေမှာတော့ အများအားဖြင့်အပြာရောင်လွှမ်းပါတယ်။

နောက်ကျနော်နှစ်သက်တဲ့အနေအထားအတိုင်းရိုက်ထားတာများပါတယ်။

ကျနော်က နေရောင်ခြည် အင်းရေပြင်ပေါ်ကိုဖြာကျနေတာကို အရိုက်များပါတယ်။

 

ကျနော်အတွက်တော့နံနက်ခင်းအရုဏ်တိုင်းကတော့ကြည်နူးစရာပါဘဲ။

မြင်ရသူမိတ်ဆွေများလဲ ကျနော်နည်းတူကြည်နူးကြမယ်ထင်ပါတယ်။

တစ်ခုတောင်းပန်ချင်တာကတော့ဒီထဲက ပုံလေးအတော်များများက ဖေစ်ဘုတ်က

ကျနော်စာမျက်နှာမှာ တင်ဘူးပြီးသားဆိုတာပါဘဲ။

ကျနော်ရဲ့ဖေစ်ဘုတ်စာမျက်နှာက တော့

Kopauk Mandalay ဆိုတဲ့နာမယ်နဲ့တွဲလျက် စတော်ဘယ်ရီးသီးနီနီလေး ပါဘဲ။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(29-8-2012)

 

 

11 comments

  • ကို ခင်ခ

    August 30, 2012 at 11:19 am

    ကိုပေါက် မနက်နေအထွက်၊ နေအတက် မနက်ခင်းပုံလေးတွေ တင်ပေးလာလို့ ကျေးဇူးပါ။
    အရင် ကိုပေါက် ညနေခင်းဆည်းဆာပုံ အလှတွေကို တင်တင်နေလို့ မနက်ခင်း နေအတက်ပုံလေးတွေ တင်ပေးဖို့ပြောခဲ့တာပါ။ ပြောခဲ့ရတဲ့အကြောင်းကလည်း တစ်ခါတလေ နမိတ်ဆိုတာမျိုးက ရှိတယ်လို့ ကြားဖူးဖတ်ဖူးပါတယ်၊ အဲဒီနမိတ်လေးအရ အတွေးပေါက်ပြီးပြောဖြစ်ခဲ့တာလေ။
    နေမင်းကြီးဟာ မနက်အရုဏ်တက်ချိန်ကနေစပြီး အရှေ့အရပ်ဆီက တရွှေ့ရွှေ့တိုးမြင့်တက်တတ်တဲ့ သဘော သဘာဝရှိပါတယ်၊ ဆည်းဆာချိန်ဆိုတာကတော့ မကြာမှီ မှေးမှိန်ကွယ်ပျောက် သွားတော့ မှာပါ။ နေမင်းကြီး အရုဏ်တက် အလင်းထွက်လို့ ပိုပြီးတောက်ပလင်းကာ တိုးတက်လာသလို ဂဇက် မှ အပေါင်းအသင်း၊ သူငယ်ချင်း ညီအကို မောင်နှမတွေ ရဲ့ ဘဝလေးတွေဟာ ပိုပြီးတိုးတက်စေဖို့ မနက်ခင်းပုံလေးတွေ တင်ပါအုံးလို့ဆိုခဲ့တာပါ ကိုပေါက်ရေ။
    နေအထွက်မှာ ရွှေလက်နဲ့ ငွေစလေးတွေ ခတ်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့်—။
    ကိုခင်ခ။

    • ကိုရင်စည်သူ

      August 30, 2012 at 11:37 am

      ပညတ်သွားရာ ဓါတ်သက်ပါဆိုသလို…
      ကိုပေါက်ရိုက်ချက်.. ကိုခင်ခ ပြောချက်နဲ့
      နေအတက်မှာ
      ရွှေခွက်၊ ရွှေဘယက်နဲ့
      အပြည့်ပိုက်ပြီး
      ရွာသားအပေါင်း
      နေအညိုမှာ
      ရွှေပတ်နဲ့ အနေတတ်ကြပါစေ… 🙂 🙂

  • Ma Ei

    August 30, 2012 at 11:59 am

    ကိုပေါက်ရိုက်ချက် ရှု့ခင်းလေးတွေ ကလှပရုံမက …
    နေအထွက်မှာ၊ရွှေခွက်နဲ့ ငွေအပြည့် ခပ်ပေးလာတာပေါ့နော်…

  • Khaing Khaing

    August 30, 2012 at 12:00 pm

    လေးပေါက်ကတော့လေ …… ညဘက်လည်းတော်တော်နဲ့မအိပ် …… ရိုက်ထားတဲ့ပုံတွေတင် …… မနက်လည်း အစောကြီးထ နေ့ခင်းရော တစ်ရေးအိပ်ရဲ့လား ……… အသက်ကြီးပေမယ့် မပျက်စီးတဲ့လေးပေါက်ကြီးပဲ ………

    • မောင်ပေ

      August 30, 2012 at 12:08 pm

      လူကြီးကို ဘယ်နှယ့်ပြောလိုက်ပါလေစ အမတော်
      ဖရဲလောက်ဆို တော်သေး
      ဟီဟိ

  • snow white

    August 30, 2012 at 12:04 pm

    နံပတ် ၅ပုံလေးကို တော်တော်လေးကြိုက်မိတယ် ။။ လေးလေးပေါက်က ဓာတ်ပုံမှာတော့ ပြိုင်စံရှားပါဘဲ အားကျတယ် ။။

  • ပုံလေးတွေအားပေးကြတာ ကျေးကျေးပါ။
    မခိုင်ရေ
    နေ့ဆိုရင်တော့ ရုံးမှာ စက်ဖွင့် စာဖတ် မိတ်ဆွေနဲ့စကားပြော စတာတွေကို အလုပ်လုပ်ရင်း
    လုပ်ပါ၏။
    ည9း00လောက်ကနေ 11း30ထိ အင်တာနက်ဆိုင်ကနေပုံတင်စာရေး လုပ်ပါ၏။
    ကျနော် ည 12း00 အိပ် မနက် 5း05 မှထလမ်းလျောက်ဓါတ်ပုံရိုက်လုပ်ဆိုတော့
    တစ်ရက်ကို ငါးနာရီဘဲအိပ်တော့တာ နှစ်အတော်ကြာပါပြီ။
    ဒါတောင် ညည်းမြင်တဲ့အတိုင်းဖက်တီးကြီး ဖြစ်နေတာကိုလည်း
    စိတ်ညစ်ပါ၏။

  • ရွှေ ကြည်

    August 30, 2012 at 12:10 pm

    1 နဲ့ 19 ကိုအကြိုက်ဆုံး လေးပေါက်ရ။ 16 ကတော့မပြောတော့ဘူးနော် အကြိုက်တကာအကြိုက်ဆုံး။

  • မွန်မွန်

    August 30, 2012 at 1:26 pm

    သမီးလည်း ၁၆ ပဲ လေးပေါက်။ ကောင်းကင်က တိမ်ကြားထဲကနေ အလင်းတန်းဖြာကျလာတာကို အရမ်းကြိုက်တာ…။
    တကယ်တော့ ဘယ်ပုံအကြိုက်ဆုံးလို့ ပြောရမှာတောင် ခက်ပါတယ်။ အကုန်လုံးက တစ်မျိုးစီလှနေတာ.. တစ်ပုံကြည့်လိုက်တိုင်း ဟင်ကနဲ..ဟာကနဲ ပဲ…။

    ကဗျာလေးတစ်ပိုဒ် ရွတ်ပါရစေနော်… (စာလုံးပေါင်းတော့ မှားမယ်ထင်တယ်)…

    မိုးကုပ်ကုပ်ဝယ်
    အို…ရုတ်တရက်
    မျဉ်းဖြူဆက်၍
    အက်ကွဲကြောင်းရာ
    ဟဟ လာပြီး
    မိုးပြာကိုဖြတ်
    ပတ္တမြားရည်
    စီလည်အဟုန်
    နီမြန်းကုန်သည်
    အရုဏ်ပေါ်စ ဝိုးတဝါး…။

  • Hnin Hnin

    August 30, 2012 at 8:53 pm

    ်လပြည့်ည လသာသာမှာ လရောင်ဆမ်းထားတဲ့ရေပြင်မှာ လှေလှော်နေသလိုပဲ ခံစားရတယ်…ပုံ ၁၈ ကို အကြိုက်ဆုံးပဲ။ ကမ်းစပ်အရွက်တွေကနေ ရေပြင် ပြီးတော့လှေနဲ့လူ ဟိုးးးးးးးးး ကမ်းစပ်တောင်တန်းတွေအထိ
    တစ်လွှာပြီးတစ်လွှာ ဝေဝါးသွားတာ ကဗျာဆန်ပြီး လှလိုက်တာ..တောင်တန်းတွေအပေါ်က ဝိုးတစ်ဝါးလက်
    နေတဲ့ တိမ်ဖြူလေးတွေကြောင့်သာ မနက်ခင်းလို့ ထင်ရတာ…နောက်မဆို ရုတ်တရက်တော့ ညမှာ ရိုက်ထားတဲ့အတိုင်းပဲ….

  • Mobile

    December 13, 2012 at 9:45 pm

    ရိုက်ထားတဲ့ လက်ရာလေးကို နှစ်သက်လှသမို့
    အကုန်လုံး ကူးယူလိုက်ပါကြောင်းးးးးးး

Leave a Reply