Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခြသေ့င်္ မဟုတ်လိုက်တဲ့ ကြောင်ကြီး (သတင်း)

မြစပဲရိုးAugust 29, 20121min40414

Prince Harry အပြီး ကကြောင်ကြီး များ အဲဒီ လိုဖြစ်ပြီလားလို့ ထင်များ သွားကြလား မသိ။ 😉

မဟုတ်ပါဘူး။

ကိုဘလှိုင် ရဲ့ Post လေး ဖတ်ပြီး ဂီဂီ ကို အားကျလို့ မရှိ ရှိတဲ့ အကြောင်း တင်လိုက်ပါ တယ်။

အစားကောင်းချက် ကြရင် ရွာထဲ မှာမျှသူ တွေ ကို အားကျပေမဲ့ ကိုယ်က အဖြစ်ရှိရှိ မချက်တတ်တော့ ရီ စရာ တွေ့ချိန် ချစ်ခင်သူ တွေကို မျှချင်တာလဲ ပါပါတယ်။

သတင်း ကို ပြောရရင်ဖြင့်

နွေရာသီ ကျောင်းပိတ်ရက်မှာ အင်္ဂလိပ်တော တွေမှာ အပန်းဖြေ သူတွေ များပါတယ်။

တစ်ချို့ caravan ကားတွေ နဲ့ အဲဒီ တောတွေထဲမှာ ယာယီအိမ်လုပ်နေကြပါတယ်။

မနေ့ က  Essex ဆိုတဲ့ နေရာက တောစပ် နားမှာ ခြသေ့င်္တစ်ကောင် တွေ့တယ် လို့ ရဲ ကို သတင်းပို့လို့ ရဲ ဟယ်လီကော်ပတာတွေရော၊ ရဲ ကားတွေ ရော၊ သတင်းထောက်တွေရော၊ Zoo က လူတွေပါ အားလုံး အဲဒီ အနားကို ရောက်သွားပါတယ်။

သတင်းပေးသူတွေက  သစ်တောစပ် အနီးအနား အိမ်တွေကတောင် ခြသေ့င်္ ဟိန်းသံ ကြားဆိုဘဲ။ တစ်ယောက်က ဓာတ်ပုံတောင် လှမ်းရိုက် ထားသတဲ့။

 

Images similar to this one were handed to Essex police, sparking the large-scale search involving helicopters last night

ဒီတော့ သစ်တောထဲ မှာ caravan ကားတွေ နဲ့ ယာယီအိမ်လုပ်နေသူမှာ အဲဒီ ထဲ က မထွက်ရဲဘဲ အနားမှာ ရဲတွေ စောင့်ပေးနေရသတဲ့။

ဒီကြားထဲ တစ်ချို့က ခြသေ့င်္ ကို တွေ့ရင် မသတ်ဖို့ ပစ်ရင် မေ့ဆေး သေနတ်သုံးဖို့ လှမ်းပြီး ဆရာလုပ် နေသူတွေလဲ ရှိရဲ့။

ဒါနဲ့ နေရင်း ၂၄နာရီ ပြည့်တဲ့အထိ ဘာ  ခြသေ့င်္ အရိပ်အရောင် မှ မတွေ့တာနဲ့ အားလုံး ပြန်သွားပါတယ်။

 

ဒီနေ့ တော့ သတင်းတွေ ထဲ မှာ ကြောင်တစ်ကောင် ရဲ့ ပိုင်ရှင်က အဲဒီ  ခြသေ့င်္ ဟာ သူ့ကြောင် ဖြစ်နိုင်ကြောင်း သတင်းဌာန တွေကို ပြောပြပါတယ်။

သူ့ကြောင်က အမေရိကန် ကြောင်မွေးရှည်မျိုး ဆိုဘဲ။

သူများ ကြောင် တွေထက် ပိုကြီးပြီး အဲဒီ  ခြသေ့င်္ ကို တွေ့တယ် ဆိုတဲ့ နေရာမှာ အကောင် တွေသွားဖမ်း လေ့ ရှိသတဲ့။

 

Roar! Teddy has been blamed for sparking the scare and police hunt after witnesses described a sighting of a lion near St Osyth, near Clacton on Sea, Essex

ခြသေ့င်္ လို့ ပြောသူတွေ ကလဲ သူတို့ တွေ့တာ အမှန်လို့ ငြင်းနေတုန်းဘဲ။

ဘာဘဲဖြစ်ဖြစ် ကျွန်မ ကတော့ အဲဒီ သတင်း တွေအောက်က လူအများ ရဲ့ မှတ်ချက် တွေ ကို ဖတ်ရင်း ရီနေမိပါတယ်။

(တကယ် လဲ ရီ ရပါတယ်။ ဖတ်ကြည့်ပါ)

www.dailymail.co.uk/news/article-2194481/Essex-lion-Teddy-cat-time-ginger-tom-cat-doesnt-need-police-escort.html?ito=feeds-newsxml

မှတ်ချက်မှ ၁၉ဝ တောင်ရှိတယ်။

 

တကယ်က သတင်း တစ်ခု မှာ သူ့ရဲ့ အောက်က မှတ်ချက်တွေ က အသက် လို့ ပြောရင် ပိုများသွားမလား။

မှတ်ချက်များလေ ရှူဒေါင့်စုံ မြင်ရလေ ဆိုတာကတော့ သိသာပါတယ်။

တစ်ခါတစ်ခါ ကိုယ်မတွေးတတ် မမြင်တတ်  ရှိနေတာတွေ ကိုလဲ သိလိုက် တွေ့လိုက် ရတယ်။

ဒီတော့ မှတ်ချက် ဆိုတာ ကိုယ့်အမြင်၊ သူ့အမြင် ကွဲနိုင်ပေမဲ့ ယူတတ်ရင် မြင်ကွင်း ရှုဒေါင့်စုံ မြင်နိုင် ဖို့သင်ခန်းစာ
ဖြစ်ပါတယ်။

နောက်တစ်ချက် ကတော့ ဘာသတင်းကြားကြား ချင့်ယုံ ဆိုတဲ့ သင်ခန်းစာပေါ့။ 🙂

 

14 comments

  • Inz@ghi

    August 29, 2012 at 7:33 am

    ဒီကပဲ ရီပလိုင်းတော့မယ် ..အရီးရေ ….
    ပီစီပျက်သွားပြန်ပါဘီ….
    ၄ဂစ် ဆိုက်ထားတဲ့ …မန်မိုရီက
    ၂ဂစ်ပေါ်လိုက် ၁ဂစ်မှ မပေါ်လိုက်နဲ့ …
    မန်မိုရီကပဲ ပျက်တာလား …မားသားဘုတ်ပဲ ဂန့်တာလား…
    ဂီမသိ။..

    စမ်းရအောင်လည်း ပစ္စည်းပစ္စရ စုံစုံလင်လင်မရှိ…။
    အရီးပုံ ဆွဲထုတ်ထားရတဲ့ ..ဟာ့ဒစ်စ် လေးကလည်း ..
    အာပီအမ် မပြည့် … သေဂျာတာကတော့ …
    ကျနော် … ပီစီဖျက်နည်းကို ..ကောင်းကောင်းကြီး ရှာတွေ့သွားတာပဲ…
    တခုဂျင်း ဝယ်ရအောင်ကလည်း … ကံမကောင်းရင် ..
    ၂လုံးစာလောက်နီးနီး ..ပိုက်ဘောမိမယ့် ဘေးကလည်း ရှိနေပြန်တော့…
    အန်းနီးဝေးပါ ..အရီးပုံလေး … (မပျက်ခင် မီတွား တာကိုတော့..)
    ဝမ်းသာမိပါဂျောင်း…

    ဇဂါးအတင်းစပ် …အရီးကို မြဝတီလို့ နာမည်ပေးထားတာ…
    ဆုအဖွဲ့က တယောက်ယောက် ဖြစ်မယ်ဗျို့ …
    သများ အဲ့ထဲက အက်ဒွက်စ် ကို သည်တိုင်း ကူးပီး
    ပို့လိုက်တာပဲ … (လက်ထှောက်ချတာ..)

    ဘစ်ဇနက်ဒူးတာတော့ အဆင်ပြေပါတယ်အရီး ..
    ရထားအစီးများရင် စာအရေးများပါအုံးမယ်ဗျ..
    ခုတော့ ..ရထား အစီးရနည်းနေလို့ …
    ရူးချင်ယောင် ဆောင်နေပါတယ်…

    ပန်းသီးအကြောင်း လေးဒွေ ဖောက်သည်ချချင်သေးရဲ့ဗျို့ …
    (အသစ်တွေ့တာလေးဒွေ…)

    တော်သေးဘီ
    ခင်တဲ့
    ဂီ

  • မောင်ပေ

    August 29, 2012 at 7:55 am

    အင်္ဂလန်မှာ ပုံမှားရိုက်ခဲ့သော အုကြောင်ကြီး
    ကရာဗန်သမားများက ဝိုင်းပြီးရိုက်ချင်သတည်း

  • ကြောင်ကြီး

    August 29, 2012 at 8:41 am

    ကြောင်နဲ့ခြင်္သေ့ အမှားခံထိတယ်ဆိုတော့ ခြင်္သေ့တွေအတွက် ဂုဏ်ယူစရာပါပဲ… 😉

    • pooch

      August 29, 2012 at 9:33 pm

      ဦးကြောင်ကိုတော့ မနိုင်ပါဘူး။ ပြောဖြစ်အောင်ကို ပြောသွားသေးတယ် 😀

  • ဆူး

    August 29, 2012 at 9:38 am

    မနေ့က အဲဒီ သတင်းကို တွေ့လိုက်တယ်။ စိတ်ထဲမှာ အမှတ်တမဲ့နဲ့ နေ့စွဲ မကြည့်ပဲ သတင်းဟောင်းကြီး ဆိုပြီး တွေးလိုက်မိတာ.. အရီးပြောမှပဲ ပူပူနွေးနွေး သတင်းဖြစ်နေတယ်။ အဲဒါ အမေရိကန်ကြောင် ဆိုတော့.. ရွာထဲက ကြောင်ကြီးများလား မသိဘူး။

  • kotun winlatt

    August 29, 2012 at 9:50 am

    အဟိ…မှားတဲ့ အခါလည်း မှားပေမပေါ့…..
    ကြောင်နဲ့ ခြင်္သေ့ဆိုတော့….မှားလည်းမှားစရာပဲလေ…
    ဟီးးးးးးးးးးးးးးးးးး

  • ကို ခင်ခ

    August 29, 2012 at 10:11 am

    (—ဒီတော့ မှတ်ချက် ဆိုတာ ကိုယ့်အမြင်၊ သူ့အမြင် ကွဲနိုင်ပေမဲ့ ယူတတ်ရင် မြင်ကွင်း ရှုဒေါင့်စုံ မြင်နိုင် ဖို့သင်ခန်းစာဖြစ်ပါတယ်။
    နောက်တစ်ချက် ကတော့ ဘာသတင်းကြားကြား ချင့်ယုံ ဆိုတဲ့ သင်ခန်းစာပေါ့။–)

    ပိုစ့်ရဲ့အဆုံးသတ်တဲ့ hint လေးကိုတော့ မှတ်ထားလိုက်ပြီ အရီးရေ။ ကောင်းတဲ့ hint မို့ပါ။

  • Khaing Khaing

    August 29, 2012 at 10:14 am

    ခြေသေ့င်္ဟိန်းသံကြားတယ်ဆိုတာတောင်ပါတယ်နော်……အရီး …….. လူတွေကလည်း ကြံကြံဖန်ဖန် …. ကြောင်နဲ့ခြေသေ့င်္မှားတယ်ဆိုတော့ ကြောင်ကတော်တော်ကြီးပုံရတယ်နော် …..

    • မဟာရာဇာ အံစာတုံး

      August 29, 2012 at 5:49 pm

      လူတွေက ကြံကြံဖန်ဖန် မလုပ်နဲ့ မာမီရေ ..
      ညဘက်ကြီးမှာ သစ်ငုတ်တိုကိုတောင် သရဲကြီးက ငုတ်တုတ်ထိုင်ပြတယ် လို့တောင် ကြောက်လန့်တကြား ပြောတတ်ကြသေးတာပဲ ..
      ခုလည်း ဂလိုဘဲ နေမှာပေါ့ဂျ …

      အရီး .. ဟိုဝိုးတဝါး ပုံထဲမှာတော့ ခြင်္သေ့လို့ ထင်ချင်စရာပဲနော် ..
      ဘာပဲ ပြောပြော ဒီသတင်းကြောင့် ကြောင်တွေတော့ ဂုဏ်တက်ဦးမယ် …
      ခြင်္သေ့နဲ့ နှိုင်းခံရလို့လေ .. ခွီ .. ခွိ .. 😀
      စကားမစပ် .. ဒေးလီးမေးလ် လင့်က ခုပို့စ်လင့် ဖြစ်နေတယ်ဂျ ..

      • အရီးခင်လတ်

        August 29, 2012 at 7:42 pm

        ပြင်ပြီးပါပြီ။
        နာ့တူလေး စာကို သေသေချာချာ စစ်တတ်တယ်။
        တော်ဒယ်။ 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 29, 2012 at 6:17 pm

    အထင်မှားအမြင်မှားတာတွေကတော့ သတိထားစရာဘဲ
    ဟိုသီချင်းတောင်အမှတ်ရမိသေး ဘာဒဲ့
    သံသယလေးများ ဘာညာကွိကွ ဆိုပြီး
    တစ်ခါတစ်လေ အကြောင်းအရာတစ်ခုကို ဂရုမစိုက်ကြလို့ ဒုက္ခရောက်သွားကြတာတွေစိသလို
    တစ်ခါတစ်လေ ဘာမှမဟုတ်တဲ့ကိစ္စတစ်ခုမှာ ထိတ်လန့်တကြားဖြစ်တတ်ကြတာဘဲ
    ပြောရအုန်းမယ် တစ်ခါ 😀
    ကျုပ်ငယ်ငယ်ဒုန်းဂ
    ဇတ်ပွဲတစ်ပွဲမှာပေါ့ ကျုပ်က ပွဲလုံခြုံရေးအဖွဲ့အနားမှာ ကပ်ပြီးအမြည်းစားနေတာ
    လူကြီးတစ်ယောက်ထိတ်ထိတ်ပြာနဲ့ ဝင်ချလာဘာလေရော
    ဟိုဖက်နားမှာ လူတစ်ယောက် ခေါင်းပြတ်ပြီးလဲနေတယ် လို့ဆိုတော့
    အမလေးလန့်ဒေါင်သွားဒယ်
    ဟာ ဘာပြောကောင်းမလဲဗျာ
    သေနတ်တွေဘာတွေယူပြီးအပြေးသွားကြတာပေါ့
    ဟိုရောက်တော့ တွေ့ဘာလေရော
    ဘယ်ဟုတ်မလဲ ပြောတဲ့လူကလဲ ခပ်မူမူး
    ဖြစ်ပုံ
    ငမူးသမားတစ်ယောက်က မူးလို့ ပုဆိုးခေါင်းပူးခြုံပြီးအိပ်နေတာကို
    တွေ့တဲ့လူကလည်း ခပ်မူးမူးနဲ့ဆိုတော့ လူတစ်ယောက်ခေါင်းပြတ်ပြီးလဲနေတယ်ပေါ့
    ကပ်ပြီးစားထားတဲ့ အမြည်းလေးတောင်ဘယ်ရောက်သွားလဲမသိဖြစ်ခဲ့ဘူးဘာဒယ်ဗျာ

  • အရီးခင်လတ်

    August 29, 2012 at 8:03 pm

    အားပေးသူ အပေါင်း ကို ကျေးဇူးပါတော်။ 🙂

  • Htoo thin

    August 29, 2012 at 8:04 pm

    တရုတ်တွေပြောတာကြားဘူးတယ်ကြောင်ကားသဆေးဘက်ဝင်တယ်တဲံ

Leave a Reply