– – – – – ======================== မန်းဂဇက်မှ မြန်းဂဇက်သို့ ပြောင်းလဲခြင်းနှင့်အတူ ရွာမှ မြို့သို့ ပြောင်းလဲအပြီး ယခင် သူကြီးဟု သမုတ်ခံရသူ ဦးခိုင် ဆိုသူမှာ မြို့ပိုင်မင်းကြီး ဟူသော အခေါ်အဝေါ်ကြောင့် မြှောက်ပေးမှန်းမသိ မြှောက်သွားပြီးနောက် နှုတ်ခမ်းမွေးကြီး တကားကားနှင့် ဖင်လှန်၍ ချီးပါစဉ်အခိုက် ၎င်း၏ ဖင်မဲကြီးအား ချီးတွင်းထဲက မြွေမှ ကိုက်လိုက်သည် ဟူသတတ်။ ======================== ရွာ့နှာဗူးကြီး သို့မဟုတ် မြို့နှာဗူးကြီး အဖြစ် ကင်ပွန်းတပ်ခံထားရသူ ဦးကြောင်ကြီး ဆိုသူမှာ လိင်တူချစ်သူကြီး ဟု သတင်းကြီးလှသူ မိုက်ကယ်ဂျော်လကီအောင်ပု အား လမ်းခုလတ်၌ မတော်မတရားကြံရာမှ လဥထုသတ်မှု ဖြစ်ပွားခဲ့ကြောင်း …။ ======================== ချော ချော မချော ချော […]


uncle gyiNovember 11, 20121min2269
မန်းလေးမှာဒီနေ့၁၁။၁၁။၂၀၁၂ မနက်၈နာရီ၃၅မိနစ်ခန့်ကငလျင်အတော်ကြီးကြီးလှုပ်သွားပါတယ် ဘယ်လောက်လှုပ်သလဲဆိုလူတွေခေါင်းမူးကုန်သည်အထိလှုပ်ပါတယ် အိမ်ထဲကလူတွေအကုန်လမ်းမပေါ်ရောက်ကုန်ပါတယ် ဟိုတနေ့ဆီကမန်းလေးဝန်းကျင်ငလျင်ကြီး တကြော့ပြန် ၁ဝနှစ်ကနေအနှစ်၂ဝအတွင်းလှုပ်နိုင်တယ် ဆိုပြီးဖတ်လိုက်ရတာနဲ့ဆိုတော့ ကျောကိုချမ်းသွားတာပဲ  


ရဲမာန်ဝင်းOctober 14, 20121min148
ဘောလုံးပွဲတွင် ဖြစ်ပွားခဲ့သော ရန်ပွဲကို အကြောင်းပြု ပြီး ရမည်းသင်းမြို့နယ် တွင် ဘာသာရေး ပဋိပက္ခများဖန်တီး ပြီး မွတ်စလင်မ်တို့၏ အိုးအိမ်များနှင့် ဗလီဝတ်ကျောင်းများကို မီးရှို့ဖျက်ဆီးရန် ဆောင်ရွက်မှုများ ယမန့်နေ့က ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ယမန့်နေ့ညပိုင်း (အောက်တိုဘာ၊ ၁၃ ) တွင် ကျောက်တိုက်စု ရပ်ကွက်ရှိ မွတ်စလင်မ် အမျိုးသမီး ရှေ့နေ ဒေါ်ခိုင်မော် ပိုင်ဆိုင်တဲ့ အရှေ့ရွာ လက်ဘက်ရည်ဆိုင်ကို ဗုဒ်ဓဘာသာဝင် အကြမ်းဖက်သမား အချို့ ဝင်ရောက်ဖျက်ဆီးသွားပါတယ်။ ဖျက်ဆီးသွားသူအားလုံးမှာ အရပ်သားများသာဖြစ်ကြောင်း ၊ဘုန်းကြီးများမပါဝင်ကြောင်း သတင်းရရှိပါတယ်။ အလားတူ ယမန့်နေ့ည (အောက်တိုဘာ၊ ၁၃ ) “စမ်းစမ်း” ဗလီရှေ့မှာ ကွမ်းယာဆိုင်ကို အကြမ်းဘက်သမားများက မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ပါတယ်။ တချိန်ထဲမှာဘဲ စမ်းစမ်း ဗလီရဲ့ အနောက်ဘက်မှာရှိတဲ့ ဗလီ မီးစက်ထားရှိရာ […]


kotun winlattSeptember 22, 20122min18116
  21.9.2012 ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ကသာ၊ အင်းတော်၊ မော်လူး၊ မိုးညှင်း မြို့များမှ စေတနာရှင်များ စုပေါင်း၍ မိုးကောင်းမြို့ရှိ စစ်ဘေးရှောင်လာသူများအား ဆန်၊ ဆီ၊ ဆား ၊ အဝတ်အထည် အစရှိသည့် ပစ္စည်းများကို သွားရောက် ကူညီထောက်ပံခဲ့ကြပါသည်။ သွားရောက်ခဲ့သည့်နေရာများမှာ phoenix centre ( HIV,AIDS)ရောဂါသည်များကို ကူညီစောင့်ရှောက်မှုအသင်း၊ နတ်ကြီးကုန်းဘုရားရှိခိုးကျောင်း မဟောင်ဘုရားရှိခိုးကျောင်း၊ ကျွန်းတောဘုရားရှိခိုးကျောင်းများရှိ စစ်ဘေးရှောင်လာသူများအား ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။ 20.9.2012ရက်နေ့ညပိုင်းတွင် phoenix centre တွင် HIV လူနာများနှင့်အတူ ရဟန်းသံဃာတော်များကို ပင့်ဖိတ်ပြီး ငြိမ်းချမ်းရေးတရားကို နာယူဆုတောင်းခဲ့ကြပါသည်။ အဆိုပါ မိုးကောင်းမြို့ရှိ phoenix centre (HIV/AIDS)ကူညီစောင့်ရှောက်ရေး အဖွဲ့သည် အကူအညီများစွာ လိုအပ်နေသေးကြောင်း သိရှိရပါသည်။


မြစပဲရိုးSeptember 15, 20121min22027
ဒီနေ့ သတင်း ပြောရရင် တော့ အင်္ဂလန် အနာဂါတ် မိဖုရား ( Kate Middleton) အကြောင်းပါ။ ဒီတစ်ခါလဲ မီဒီယာ များရဲ့ ထိုးနှက်ချက်ပါဘဲ။ အင်တာနက် မှာ သူမရဲ့ topless ပုံတွေ ပြန့်နေတာ။ အရင် Prince Harry ရဲ့  ပုံက ပါတီမှာ ပေါ်တင် ရိုက်ခံရလို့ ဖြစ်ခဲ့တာ။ အခုကတော့ အတော်လေး မိုက်ရိုင်းတယ် ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပါတ် က ပြင်သစ်နိုင်ငံ မှာရှိတဲ့ သူတို့ ဦးလေးပိုင် ပရိုက်ဗိတ် အိမ်က ခြံထဲမှာ  အပေါ်ပိုင်းချွတ် နေစာလှုံ  နေတာ ကို အဝေးမှန်ပြောင်း နဲ့ ဆွဲပြီး ခိုးရိုက်ထားတာပါ။ ပါပါရာဇီ လက်ချက် နေမှာပေါ့။ […]


အဇဋာSeptember 11, 20121min1563
ဒေါ်စု၏ ကော်မတီ ဥပဒေပြုရေးနှင့် ပယ်ဖျက်ရေးလုပ်ပါရန် ဦးရွှေမန်း တိုက်တွန်း အင်္ဂါနေ့၊ စက်တင်ဘာလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၂၃ မိနစ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှာ ဥပဒေပြုခွင့်အာဏာရှိနေပြီး ဥပဒေပြုရေး လုပ်ဆောင်ခြင်းနှင့် အသုံးမဝင်သော ဥပဒေများ ပယ်ဖျက်ကြပါရန် အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းပြောဆိုလိုက်သည်။ ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက ကြီးမှူးကျင်းပ၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် စက်တင်ဘာ ၈ ရက်နေ့က ပြုလုပ်သော အကြံဉာဏ်တောင်းခံပွဲတွင် အောက်လွှတ်တော် ဥက္ကဋ္ဌက ပြောသွားခြင်း ဖြစ်သည်။ “ကော်မတီ၊ ကော်မရှင်များအဖွဲ့များဟာ လွှတ်တော်ကြီးထဲက လွှတ်တော်ငယ်တွေပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ဥပဒေ ပြုရေးနဲ့ အချင်းချင်း ထိန်းကျောင်းရေးမှာ […]


kotun winlattSeptember 2, 20125min20827
      မနက်လင်းကတည်းက ကျနော် သွားရမည့် ခရီးအတွက် အစီအစဉ်မကျနမှာကို ရင်မောနေမိ၏။ ဘိလပ်မြေအိတ်နှင့် ၂ဝနှင့် ဖိုင်ဘာခုံ ၁ဝလုံးမှာ မနေ့ကတည်း ပို့ခိုင်းထားပြီးဖြစ်သဖြင့် စိတ်အေးနေရသော်လည်း ဗီရိုမှာ ယနေ့မှ ရမည်ဖြစ်သဖြင့် သုံးဘီးဆိုင်ကယ်ကို ဒီနေ့မနက်မှ လာသယ်ရန်မှာထားရသည်။ ကျနော်တို့ အဖွဲ့မှာ မနက်ရှစ်နာရီတွင် ကူးဆိပ်ဘုန်းတော်ကြီးကျောင်း သို့သွားကြမည်ဖြစ်၏။ သွားကြရမည့် အကြောင်းမှာ mandalay gazatte အွန်လိုင်းသုံးစွဲသူများအဖွဲ့မှ လှူဒါန်းသော ဗီရိုတစ်လုံး ဘိလပ်မြေ ၂ဝအိတ် ဖိုင်ဘာခုံ ၁ဝလုံးနှင့်အတူ ကျနော်တို့၏ one candle စေတနာရှင်လူငယ်များအဖွဲ့မှလည်း အမှိုက်ပုံးနှစ်လုံး ( အမှိုက်ပုံးငါးလုံးလှူရန် ဖြစ်သော်လည်း ရွာတွင် ရှာဝယ်ရာ နှစ်လုံးသာရရှိသဖြင့် နှစ်လုံးသာ လှူလိုက်ရခြင်းဖြစ်၏။) ခေါက်စားပွဲတစ်လုံးကို စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ […]


မြစပဲရိုးAugust 29, 20121min16014
Prince Harry အပြီး ကကြောင်ကြီး များ အဲဒီ လိုဖြစ်ပြီလားလို့ ထင်များ သွားကြလား မသိ။ 😉 မဟုတ်ပါဘူး။ ကိုဘလှိုင် ရဲ့ Post လေး ဖတ်ပြီး ဂီဂီ ကို အားကျလို့ မရှိ ရှိတဲ့ အကြောင်း တင်လိုက်ပါ တယ်။ အစားကောင်းချက် ကြရင် ရွာထဲ မှာမျှသူ တွေ ကို အားကျပေမဲ့ ကိုယ်က အဖြစ်ရှိရှိ မချက်တတ်တော့ ရီ စရာ တွေ့ချိန် ချစ်ခင်သူ တွေကို မျှချင်တာလဲ ပါပါတယ်။ သတင်း ကို ပြောရရင်ဖြင့် နွေရာသီ ကျောင်းပိတ်ရက်မှာ အင်္ဂလိပ်တော တွေမှာ အပန်းဖြေ သူတွေ များပါတယ်။ တစ်ချို့ caravan ကားတွေ […]


YE YINT HLAINGAugust 24, 20121min1097
( ၁ ) ရေနံချောင်းရဲဝန်ထမ်းက ၆၅နှစ်အရွယ် အမျိုးသမီးကိုု ပစ္စည်းလုုပြီး ရိုုက်နှက် ( မိုးမခ ) ( ၂ ) ရေနံချောင်း လူသားစွမ်းရည်မြှင့်တင်ရေးသင်တန်း ကော်မရှင် တားမြစ် ( ဒီမိုကရက်တစ် မြန်မာ့ အသံ ) ( ၃ ) စွမ်းရည်မြှင့်သင်တန်းကို ရေနံချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ပိတ်ပင် ( ဧရာဝတီ ) တချိန်က မြန်မာနိုင်ငံရဲ့ မီးမငြိမ်း မြို့တော် ( ဘီအိုစီ ခေတ် ) ။ ဗိုလ်ချုပ် အောင်ဆန်း ငယ်ငယ်က ကျောင်းတက်ခဲ့တဲ့မြို့ ( ဗိုလ်ချုပ်ကျောင်း — ရွာသစ်ရပ် ) ။ ဆရာတော် ရှင်ဆန္ဒာဓိက မွေးဖွားခဲ့ […]


kotun winlattAugust 9, 20123min1013
ရှစ်လေးလုံးအမှတ်တရနေ့အဖြစ် သစ်ပင်စိုက်ပွဲနှင့် လမ်းပြင်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မော်လူး) မှဦးစီး၍ ၈.၈.၂၀၁၂ရက်နေ့က မော်လူးဒေသ ဝေဘူဝေဘာတောရကျောင်းအတွင်းပြုလု ပ်ခဲ့ကြပါသည်။ ပထမဦးစွာ ဝေဘူဝေဘာတောရကျောင်းဆရာတော် ဦးအာဒိစ္စဝံသထံမှ ငါးပါးသီလခံယူကြကာ လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီးနောက် သစ်ပင်များကို စိုက်ပျိုးခဲ့ကြပါသည်။ ထို့နောက် ဝေဘူဝေဘာတောရကျောင်းလေးသို့ သွားရာလမ်းလေးပျက်စီးနေသဖြင့် သဲကျောက်များဖို့ကာ ပြင်ဆင်ခဲ့ကြပါသည်။ အဆိုပါပွဲသို့ ပါတီဝင်အင်အားရှစ်ဆယ်ကျော်တက်ရောက်ခဲ့ကြပါသည်။


kotun winlattJuly 31, 20126min15726
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နမီးအုပ်စု၊ ခေါင်တုန့်စည်ကျေးရွာတွင် ဆောက်လုပ်ဆဲ ကိုယ့်အားကိုယ်ကိုး အခြေခံပညာ မူလတန်းကျောင်း အတွက် အလှူပစ္စည်းများ ပေးအပ်ပွဲကို (၃၀.၇.၂၀၁၂)နေ့တွင် မော်လူးဒေသ ကူးဆိပ်ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းကျင်းပပြုလုပ်ခဲ့ပါသည်။ ဆောက်လုပ်ဆဲ စာသင်ဆောင်လေးအတွက် မန္တလေးဂေဇက်(mandalay gazette) အွန်လိုင်းသုံးစွဲသူ အဖွဲဝင်များမှ လှူဒါန်းသော သွပ်(၂၆၅) ချပ် ၊ ပြောင်သွပ်(၁၀)ချပ်၊ သွပ်မှို+ဝါရှာ(၁၁)ပိဿာ(ကာလတန်ဘိုး-၉၈၁၀၀ဝကျပ်) တန်ဘိုးရှိသော ပစ္စည်းများနှင့် မော်လူးမှ one candle စေတနာရှင်လူငယ်များအဖွဲ့မှ ဝါဆိုသင်္ကန်းတစ်စုံ၊သင်ပုန်း(၄)ချပ်၊ သောက်ရေပုံး(၅)ပုံး၊သောက်ရေခွက်(၁၀)ခွက်၊ ရေစစ်၊ တံမြက်စည်း၊ အိမ်သာခွက် (၃)ခု၊ အိမ်သာဆေးဘရပ်စ်(ကာလတန်ဘိုး၅၆၀၀ဝ ကျပ်) အစရှိသော ပစ္စည်းများကို ကျောင်းဖြစ်မြောက်ရေးကော်မတီ နာယက ကူးဆိပ်ကျောင်းဆရာတော် ဦးကာလိန္ဒမှတဆင့် ခေါင်တုန့်စည်ရွာ ရပ်မိရပ်ဖများသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး one […]