လမ်းလျှောက်ထွက်ဖြစ်တဲ့ ညနေခင်း….

kotun winlattAugust 29, 20123min26528

မနေ့က ကျနော်တို့ရွာကို ဖြတ်သန်းသွားတဲ့ မန္တလေး မြစ်ကြီးနား ရထားလမ်းတစ်လျှောက် ညနေပိုင်းကို လမ်းလျှောက်ထွက်ဖြစ်ခဲ့တယ်…။ မီးရထားလမ်းရဲ့ ဘေးဘက်မှာ

စပါးပင်တွေကစိမ်းစိမ်းစိုစို အရှေ့ဘက်က မင်းဝံတောင်တန်းကြီးက ပြာမှိုင်းမှိုင်း ညနေချိန် အိမ်တန်းပြန်ငှက်တို့ကလည်း ကောင်ကင်ပေါ်က တိမ်တိုက်တွေနဲ့ အတူ

စိတ်ချမ်းမြေ့စရာကောင်းလှ၏။

မီးရထားသံလမ်းတစ်လျှောက် လမ်းလျှောက်ရင်း လတ်ဆတ်သော လေကို ရှုရှိုက်လိုက်ပြီး ရှု့ခင်းတွေကို ငေးမောကြည့်နေမိသည်။ ကင်မရာပါမလာသည့် အတွက် ညနေခင်း

အလှတွေကို ကြည့်ရှုခံစား ငေးမောပြီးသာ နေရလေသည်..။ နောက်တစ်နေ့ ညနေမှ ကင်မရာယူလာပြီး ပုံလေးတွေကို ရိုက်ဦးမည်ဟု အားခဲထားခဲ့သည်….။

ဒီနေ့တော့ ကင်မရာကိုယူပြီး ကျနော်လမ်းလျှောက်ထွက်လာခဲ့သည်။ မီးရထားသံလမ်းတစ်လျှောက် လျှောက်လာနေရင်း ညနေပိုင်း အိမ်ပြန်လာသူ

အထမ်းသမားမိန်းမကြီးနှစ်ယောက်ကို တွေလိုက်ရသည် တိမ်တိုက်တွေ တောင်တန်းပြာတွေနှင့် ပနံသင့်နေသည်မို့ ဓာတ်ပုံတစ်ပုံရိုက်လိုက်မိသည်။

ဆက်လျှောက်လာတော့ လမ်းလေးကဖြောင့်နေပြီး အရှေ့တည့်တည့် ကောင်းကင်ယံမှ လှပလှတဲ့ တိမ်တိုက်နှစ်ခုကြောင့် ကင်မရာခလုတ်ပေါ်လက်ကရောက်သွားပြန်၏။

အရှေ့ဘက်ကို လျှောက်နေရင်း အနောက်ကိုပြန်လှည့်ကြည့်မိရာ တိမ်မျှင်ပါးပါးလေးတွေနဲ့ မော်ဟန်တောင်ကိုတွေ့လိုက်ရပြန်သဖြင့်

ခလုတ်ကို နောက်တစ်ခါနှိပ်လိုက်မိပြန်၏။ ဪ…ကြည့်လေရာ နေရာတွေတိုင်း လှပနေတဲ့ ငါတို့ မွေးရပ်မြေလေးပါလားလို့လည်း ဂုဏ်ယူမိချေသည်။

နေကလည်း အနောက်ဘက်တောင်တန်းများဆီသို့ မြုပ်ဝင်နေချိန် တိမ်တွေကလှနေသမို့ ကင်မရာနဲ့ နေကို ရိုက်ရင်ပျက်တတ်တယ်ဆိုတဲ့ အစ်ကိုတော်ပြောစကားကို မနာခံနိုင်တော့ပဲ

တစ်ပုံပြီးတစ်ပုံရိုက်နေမိချေတော့သည်.။

အိပ်တန်းပြန်ငှက်တို့ကလည်း အစုလိုက် အသင်းလိုက် ပျံသန်းလာကြရာ ကောင်းကင်ပြာပြာနောက်ခံ

မှာ ညနေချိန်နေရောင်လေးက ခပ်ပါးပါး ဖြာကျသလိုလေးမို့ အဖြူရောင်ဗျိုင်းငှက်လေးတို့ အရောင်က ပိုတောက်ပနေသယောင်ပင်….။

စပါးခင်းစိမ်းစိမ်းလေးရဲ့ အလယ်မှာ လယ်စောင့်တဲလေးနှင့် ဟိုးခပ်ဝေးဝေးဆီက တောင်တန်းပြာတွေကိုလည်း မနားတမ်း တစ်ပုံပြီး တစ်ပုံရိုက်နေမိချေတော့သည်။

လမ်းအတူလျှောက်လာကြသော ဦးလေးဖြစ်သူက“ မိုးချုပ်တော့မယ် …ပြန်ကြရအောင်…”ဟု သတိပေးမှ ကျနော် ကင်မရာလေးကို ပိတ် အိတ်လေးထဲ

ထည့်ကာ ပြန်လာခဲ့ပါတော့သည်…။

28 comments

  • Khaing Khaing

    August 29, 2012 at 9:43 am

    တိုက်တိုက်ဆိုင်ဆိုင် မနေ့ညကအိပ်မက်မက်တယ် ကောင်းကင်မှာ ငှက်လေးတွေပျံနေတဲ့ပုံကို ဦးပိန်တံတား မှာဓာတ်ပုံရိုက်တယ်လု့ိမက်တယ် ….. အခုဒီငှက်လေးတွေအခုမြင်ရတယ် … ရထားလမ်းနဲ့ရိုက်ထားတဲ့ ပုံလေးက လှတယ် ……

    • kotun winlatt

      August 29, 2012 at 9:56 am

      ဟုတ်လားးးဒါနဲ့..မခိုင်ရေ…
      ဦးပိန်တံတား အဆုံးမှာ ဘာတွေ့လဲဗျ….
      သိရင်ပြောပြနော်….
      ဟီ..ဟိ…..

      • Khaing Khaing

        August 29, 2012 at 11:41 am

        မသိလို့မေးတာ သူကမေးခွန်းပြန်ထုတ်နေတယ် ……. လူပျိုကြီးကိုထွန်းဝင်းလတ်နော် ……….

        • kotun winlatt

          August 29, 2012 at 11:52 am

          အမ်….
          အဲ့ဂလိုလားးးးး
          အဟင့်….
          ဘာဖစ်လို့ ပိန္နဲပင်ကို လာလာခိုက်နေရသတုန်းးးးး
          နေဦးးးသီတင်းကျွတ်မှ တစ်ခါတည်းးး မင်္ဂလာဆောင်ဆယ်ပွဲ ကျင်းပပစ်လိုက်ဦးးမယ်…
          ငှဲ..ငှဲ…(သတိုးးသမီးးများးအလိုရှိသည်..အဲ့ဂလို ကြော်ငြာကပ်ရင်ကောင်မလားးးး)…

      • zarlay

        August 30, 2012 at 3:18 pm

        ဦးပိန်တံတားအဆုံးမှာ ဈေးဆိုင်တွေရှိတယ်လေ….. ဟဲ..ဟဲ

  • ma ma01306

    August 29, 2012 at 10:22 am

    သဘာဝအလှ

    တိမ်တွေကနေသလိုပဲ

    လှလိုက်တဲ့ရှုမျှော်ခင်း

    သဘာဝရဲ့ ညနေခင်း

    တိမ်ပြာမြစ်တစ်စင်း

    ရင်ထဲဖြတ်သန်းစီးဆင်း

  • kotun winlatt

    August 29, 2012 at 10:31 am

    အယ်…. မမ
    ကဗျာလေးက နူးညံ့သိမ်မွေ့ လှပနေပါလားခင်ဗျ…
    ကျနော်ပုံလေးတွေထက်တောင် ပိုလှနေသေးတယ်..
    ကျေးဇူးပါ…မမရေ…။

  • မွန်မွန်

    August 29, 2012 at 10:45 am

    လှလိုက်တာဟယ်… တောင်တန်းကြီးနဲ့ ငှက်ကလေးတွေ ပြန်နေတဲ့ပုကိုတော့ အကြိုက်ဆုံးပဲ…

    • kotun winlatt

      August 29, 2012 at 10:51 am

      ဟုတ်…မွန်မွန်ရေ…
      ကျေးဇူးပါနော်…
      ရွာက ရှု့ခင်းလေးတွေပါ….

  • Ma Ei

    August 29, 2012 at 11:59 am

    လှပတဲ့ ရှု့ခင်းလေးတွေ ကြည့်ခွင့်ရဘို့
    ကိုထွန်းဝင်းလတ်ရေ…
    ညနေတိုင်း လမ်းလျှောက်ထွက်ပါနော်…

    • kotun winlatt

      August 29, 2012 at 12:02 pm

      ဟုတ်….
      ညနေခင်းတိုင်း လမ်းလျှောက်ဖြစ်ပါတယ်…
      မအိရေ…
      လမ်းလျှောက်ရင်း ရှု့ခင်းတွေကိုငေးမော..
      အတွေးလေးတွေကို ဖြန့်ကျက်….
      တစ်ခါတစ်လေတော့လည်း
      သီချင်းလေး တကြော်ကြော် အော်ဆိုပေါ့….။

  • Rose Minn

    August 29, 2012 at 12:54 pm

    မြို့ အဝင်လမ်း တောင်စဉ် တန်းတခြားတဖက်မှာ ပြန်ဆုံတွေ့ရင် ငယ်ချစ်က သတိရသေးရင် နှုတ်ဆက်ပါ။……….. သတိရသေးရင် နှုတ်ဆတ်မလား………….

    အဆွေး တောင်တန်း နဲ့………. အမုန်းတိမ်တိုက်တွေရယ်
    လွမ်းမော စရာညနေခင်း နဲ့ ……… ဝေးလွင့် ငှက်ကလေးတွေ အိပ်ပြန်ချိန်မို့
    ငယ်ချစ်ရေ ……မင်းပြန်လာမလား ရယ်လို့ မျှော်လင့်စွား စောင့်စားရင်း
    အသဲကွဲ လမ်းမ ထက် ယိုင်နဲ့နဲ့ တွေဝေစွာ လျှောက်လှမ်းရင်း ……….
    လောက ကြီးရယ် သူသိစေဖို့ ပြောပြပေးပါ…….. ။

    လူပျိုကြီး ကိုထွန်းဝင်းလတ် အတွက် ဓါတ်ပုံမြင်ပြီး ခံစားရတာလေးပါ။

    ခင်တဲ့
    Rose

    • kotun winlatt

      August 30, 2012 at 2:19 pm

      အဟင့်…လာပြန်ပီ တစ်ယောက် လူပျိုကြီးးတဲ့…
      ပိန္နဲပင်ပဲ လာခိုက်နေတယ်……
      စိတ်ဆိုးတယ်…
      ဒါပေမယ့်…ကွန်မန့်လေးကြောင့် စိတ်ဆိုးပြေသွားပါ၏…
      ကျေးဇူးတင်ပါတယ်ခင်ဗျာ….။

  • ဆူး

    August 29, 2012 at 1:03 pm

    သဘာဝ အလှ တရားတွေ အပြည့်အဝ ရရှိသလိုပဲ။

    • kotun winlatt

      August 30, 2012 at 2:21 pm

      အရင်က ဒီထက်ပိုပြီး ပြည့်စုံတဲ့ သဘာဝအလှတရားတွေရှိတယ်ဗျ..
      ခုတော့ အရင်ကလောက် မလှတော့ဘူး..တောတွေလည်း ကုန်သလောက်ဖြစ်နေပြီလေ..

  • manawphyulay

    August 29, 2012 at 2:02 pm

    တစ်ခါတလေ မြို့ပြရဲ့မွန်းကြပ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ဘဝကို
    ခဏမေ့ထားပြီး သဘာဝတရားတွေနဲ့ သဘာဝလေကို ရှူရှိုက်ချင်နေမိတာ
    မမှားလောက်ဘူးလို့ ထင်မိပါတယ်။

    • kotun winlatt

      August 30, 2012 at 2:24 pm

      ကျနော်ရန်ကုန်ရောက်တော့ သူငယ်ချင်းကို ပြောမိတာလေးရှိတယ်ဗျ..
      ရန်ကုန်မှာ မနေတတ်ဘူး မွန်းကြပ်တယ်လို့လေ…
      သူကတော့ မွန်းကြပ်တာကိုမှ မြို့ရဲ့ အရသာတဲ့လေ…
      ကျနော်ကတော့ ဘယ်သူတွေဘာပြောပြော တောမှာပဲပျော်တယ်ဗျ…

  • YE YINT HLAING

    August 29, 2012 at 3:39 pm

    ကိုထွန်းဝင်းလတ်တို့ ရွာ က စိမ်းစိမ်းစိုစို သာသာယာယာ ပဲနော် !

    • kotun winlatt

      August 30, 2012 at 2:26 pm

      ဟုတ်…စကားပုံတော့ ဒီလိုရှိသဗျ…
      မော်လူးရေ နောက်ကျိကျိ သောက်မိလို့ မပြန်နိုင်ဆိုပဲ…
      ရွာက သာယာသလို ရွာသူလေးတွေကလည်း ချောကြသဗျ…
      ( ကြုံတုန်း ကြွားရတာလေ…ဟဲဟဲ…)

    • kotun winlatt

      August 30, 2012 at 2:29 pm

      ဟဲ..ဟဲ…လေးပေါက်ကလည်း အရင်က ကျနော့်မှာ ကင်မရာမရှိလို့ပါ..
      ကိုစိန်သော့ကိုပြောသေးတယ်.. ကျနော်တို့ဘက်..လေးပေါက်ရောက်ရင် ဓာတ်ပုံတွေ ဘယ်လောက်များရိုက်လိုက်မလဲ မသိဘူးလို့…
      လိုက်ခဲ့ပါဗျာ….ဖိတ်ခေါ်ပါတယ်… ဒါပေမယ့် ကိုပေလိုတော့ လာမယ်..လာမယ်ဆိုပီး အိပ်မက်တွေ မပေးရဘူးနော်…။

  • နှင်းဆီ ငုံ

    August 29, 2012 at 5:03 pm

    အိမ်ကိုလွမ်းလိုက်တာ
    ဒီအချိန်ဆို ရွာကလယ်ကွင်းတွေ စိမ်းစိုနေရော့မယ်
    အိမ်ပြန်ချိန်က 4 လပိုင်းဆိုတော့ မော်ဟန်ကိုဖြတ်ရပေမယ့် ဒီလိုရှုခင်းတွေမတွေ့ရဘူးလေ
    အိမ်လွမ်းတဲ့ရောဂါထလာလို့ ဆေးပါပေးတော့ ကိုထွန်းဝင်းလတ်ရေ ….

    • kotun winlatt

      August 30, 2012 at 2:32 pm

      အော်…မော်ဟန်ဖြတ်ပီးဆိုတော့ မိုးညှင်းမှာ ဆင်းတယ်ဆိုတဲ့ သဘောပေါ့…
      အိမ်ပြန်ချင်တဲ့ ရောဂါကဆေးမရှိဘူးဆိုပေမယ့်.. ကျနော်ကတော့ ကျောင်းတက်တုန်းက အိမ်ပြန်ချင်ရင် အိပ်ယာထက်မှာ ခွေခွေလေးနေပြီး … တွေးချင်ရာတွေးနေတတ်တယ်..
      ဒါမှမဟုတ်… စက်ဘီးတစ်စီးနဲ့ ရောက်တတ်ရာရာနေရာတွေ သွားနေမိတာပါပဲဗျာ…။

  • Hnin Hnin

    August 29, 2012 at 5:53 pm

    လှလိုက်တာ…လယ်ကွင်းစိမ်းစိမ်းနဲ့ တောင်တန်းပြာညို့ညို့..ငှက်ကလေးတွေပါထည့်ခံစားလိုက်တော့ ….ဆွေးသွားတယ်..

  • မဟာရာဇာ အံစာတုံး

    August 29, 2012 at 5:58 pm

    ကိုထွန်းဝင်းလတ်ကြီး ..
    လေးပုံမြောက် ပုံနဲ့ အောက်ဆုံးက ပြန်ရေရင် သုံးပုံမြောက် ပုံကို ကြိုက်တယ်ဗျာ ..
    လွမ်းမောစရာ ပုံတွေပေါ့ …
    ပုံတွေကြည့်ပြီး မရှိတဲ့ ရည်းစားတောင် လွမ်းသွားတယ် .. ဂယ်ပါဘဲ .. 😀

    • kotun winlatt

      August 30, 2012 at 2:34 pm

      လွမ်းတဲ့ သူကလွမ်း…ဆွေးတဲ့သူကဆွေးးးး
      အင်းးးးးးးပုံလေးတေါတင်မိတာ မှားပြီထင်ပါရဲ့….
      ဟီဟိ…..
      မှတ်ချက်။ ။ လွမ်းစေချင်၍တင်သည်မဟုတ်ပါ…
      အဲ့ဂလိုပြောရမလားးးပဲ…..

  • si tone

    August 29, 2012 at 7:39 pm

    အဲဒီ photo တွေကို ကြည့်ရင် ရင်ထဲမှာအေးချမ်းသွားတယ်နော်….. ပီးတော့ အဲဒီမှာ….
    သူငယ်ချင်းတွေနဲ့ ဓာတ်ပုံတွေရိုက်ရင်ပျော်စရာကြီးနေမှာ

    • kotun winlatt

      August 30, 2012 at 2:36 pm

      ဟုတ်..လည်လည်လာကြလေ…ပြီးတော့ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ကြပေါ့…။

Leave a Reply