စားသုံးသူကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ဆောင်ရွက်တော့မည်

ခင္ခAugust 29, 20121min9910

စားသုံးသူကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ဆောင်ရွက်တော့မည်

မနေ့က ( ၁၈.၈.၁၂ ) ကြေးမုံသတင်းစာမှာပါတဲ့ သတင်းလေးပါ။

စားသုံးသူကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ဆောင်ရွက်တော့မည်ဆိုပြီး သတင်းခေါင်းစဉ်နဲ့ ရေးထားတာက စားသုံးသူကာကွယ်ရေးအသင်းဖွဲ့စည်း၍ အသင်းမှတ်ပုံတင်ကျလာပြီးနောက်တွင် စားသုံးသူကာကွယ်ရေးနှင့် ပက်သက်သော လုပ်ငန်းစီမံချက်များ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း အသင်းဖွဲ့စည်းရေးကြိုးပန်းလျှက် ရှိသော ဦးဗအုပ်ခိုင်က ဩဂုတ်လ ၂၆ ရက်နေ့ကပြောသည်။“အခုအသင်းဖွဲ့စည်းပြီးတဲ့အခါ မှတ်ပုံတင် တင်မယ်။ မှတ်ပုံတင်ကျလာတာနဲ့ စားသုံးသူကာကွယ်ရေးနဲ့ ပက်သက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက် သွားမယ်။ ကော်မတီအလိုက်အဖွဲ့တွေခွဲပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်´´ ဟု ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပသည့် စားသုံးသူကာကွယ်ရေးအသင်း(မြန်မာနိုင်ငံ) ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းစီမံချက် ညှိုနှိုင်းစည်းဝေးခြင်း အခမ်းအနားတွင် တွေ့ဆုံပြောကြားသည်။

လုပ်ငန်းစီမံချက်တွေကတော့ တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ် ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံစိတ်ချရသည့် အစားအသောက် စားနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များ အတွင်းရှိ ကျောင်းများ၌ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများကို အန္တရာယ်ရှိ စားသောက်ကုန်များနှင့် ပက်သက်၍ ပညာပေးဟောပြောခြင်းများ၊ မြို့နယ် ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများကို အစား အသောက်နှင့် လူသုံးကုန်ပစ္စည်းများ၏ ဓာတုအဆိပ်သင့်ခြင်းအန္တရာယ် တားဆီးရေးအတွက် ပညာပေး ဟောပြောပွဲများ ကျင်းပသွားခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများ စိုက်ပျိုးထွက်ကုန် ရောင်းချသူများအားအသိ ပညာပေး ဟောပြောဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းရှိ အန္တရာယ်ရှိသည်ဟု သံသယရှိသော ကုန်ပစ္စည်း များနှင့် စားသုံးသူများမှသတင်းပေးတိုင်ကြားသော ကုန်ပစ္စည်းများကို ဓာတ်ခွဲစစ်ဆေး၍ မီဒီယာများမှ တဆင့် သတင်းထုတ်ပြန်ခြင်း၊ ဈေးကွက်အတွင်း အန္တရာယ်ရှိသော စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများကို ပညာပေးခြင်း၊ သတိပေးခြင်းနှင့် လိုအပ်ပါက တည်ဆဲဥပဒေများအရ တရားစွဲဆိုခြင်း၊ စားသုံးသူများ ကာကွယ်ရေးအသင်းကြီးသည် လုပ်ငန်းသဘောသဘာဝအရ ကျန်းမာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများနှင့် လိုအပ်သလို ပူပေါင်း ဆောင်ရွက်ခြင်းများ စသည့်စီမံချက်များ ချမှတ်ထားကြောင်း သတင်းဆောင်းပါးတွင် ရေးထားတာကို ဖတ်ရှု့ ရပါသည်။ ( သတင်းဆောင်းပါးရေးသူက – ထက်ခိုင်(စမ်းချောင်း) ပါ)

အဲဒီသတင်းဖတ်လိုက်ရတော့ အသင်းရဲ့ရည်ရွယ်ချက်ကောင်းတာကိုတွေ့ရတယ် တကယ်လက်တွေ့မှာ အဲဒီ ရည်ရွယ်ချက်အတိုင်းကျယ်ကျယ်ပြန့်ပြန့်လုပ်လာနိုင်ပါ့မလားဆိုတာကိုဘဲ တွေးပူမိတာလေ။ အစားအသောက် ရောင်းချမှု့မှာလည်း အခုနောက်ပိုင်း အတော်အခြေအနေဆိုးတာတွေကြားနေတယ်လေ၊ တလောက တရုတ်ပြည်က သုံးစွဲပြီးသားဆီတွေကို သန့်စင်ပြီး အရောင်အနံထဲ့လို ရောင်းချတယ်ဆိုတာမျိုး၊ အရင်က ကြားခဲ့ရတာ ရန်ကုန်မှာ ကော်ပြန့်နဲ့အကြော်တွေကို တစ်နေ့လုံးကျွတ်နေဖို့ ဆီထဲ ပလပ်စတစ်ရေသန့်ဗူး တွေထဲ့ပြီးကြော်တယ်ဆိုတာမျိုး၊ မန်းမှာတလောက တရုတ်ကဝင်တဲ့ ကလေးစားမုန့်တွေကနေ စားမိတဲ့ကလေး တွေ အန်ကြ၊ ဝမ်းလျောကြဖြစ်လို့ ဆေးရုံပို့ရတာတွေ၊ လက်ဖက်ထဲ ဆိုးဆေးပါတာတွေ အမျိုးကိုစုံနေတာဘဲ ကြားရတဲ့သတင်းတွေက အထိန့်အလန့်တွေပါဘဲလေ။ ကျွန်တော်ကတော့ အခုဖွဲ့စည်းမယ့် ( ဘယ်သူတွေ ပါလဲဆိုတာတော့ မသိသေးဘူး) စားသုံးသူကာကွယ်ရေးအသင်း တကယ် ပေါ်ပေါက်ပြီး ရည်ရွယ်ချက်အတိုင်း လုပ်နိုင်ပါစေလို့ဘဲ မျော်လင့်နေမိတယ်ဗျာ။

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

10 comments

  • may flowers

    August 29, 2012 at 1:15 pm

    လုပ်သင့်တာကြာပေါ့ ဆီအတု ၊ ကြက်ဥအတု၊ ဆန်အတု၊ အတု အတု တွေနဲ့ လုံးလည်ခြာလည်လိုက်လာခဲ့

    ရတာလည်းကြာပါပြီ။ ပြည်ပက တရုတ်ကြီးတွေရဲ့ အတု၊ ပြည်တွင်းက ဉာဏ်ကြီးရှင်ကိုရွှေမြန်မာတွေရဲ့ စားစ

    ရာထဲ ဆိုးဆေးထဲ့ လွှစာရောထားတဲ့ အတု၊ အတုအတု တွေကြားထဲ စားသောက်နေထိုင်ခဲ့ရတာ ကြာလှပြီ

    ပေါ့…။

  • ကို ခင်ခ

    August 29, 2012 at 1:23 pm

    မမေဖလားဝါးရေ ပထမမြောက်ကွန်မန့်အတွက်ကျေးဇူးတင်သလို မမေပြောသလိုဘဲ ဟုတ်ပါ့ အတုတွေကြားထဲက ကိုယ်ဖြစ်နေတာကြာပေါ့နော်။

  • ပန်းစံပါယ်

    August 29, 2012 at 1:30 pm

    သတင်းပေးမှ စစ်ဆေးတာမျိုးမဟုတ်ပဲ တရားဝင် ဝင်လာတာဖြစ်စေ တရားမဝင် ဝင်လာတာဖြစ်စေ ဈေးကွက်ကို မဖြန့်ဖြူးခင်ကတည်းကလည်း မှန်မှန်ကန်ကန်စစ်ဆေးအတည်ပြုနိုင်မယ် ဈေးကွက်ထဲကိုဖြန့်ဖြူးနေစဉ်မှာလည်း ရှောင်တခင်ဝင်ပြီး ပစ္စည်းယူပြီးစစ်တာမျိုးတွေ တကယ်လုပ်နိုင်ရင် ပိုကောင်းပါတယ်။

  • ဘဲဥ

    August 29, 2012 at 2:08 pm

    ကိုယ်ကောင်းစားဖို့ အတွက်ပဲ သိတဲ့ အတ္တသမားတွေ ပပျောက်ပါစေလို့လည်း ဆုတောင်းပါတယ်

  • the best

    August 29, 2012 at 2:40 pm

    `စားသုံးသူကာကွယ်ရေးအသင်း´လို ့နာမည်ပေးလိုက်တယ်ဆိုတော့
    `စားသုံးသူ´ဆိုတဲ့ စကားရပ်ဟာ အင်မတန်ကျယ်ပြန် ့ပါတယ်။
    ဒါကြောင့် အသင်းရဲ့ လုပ်ဆောင်ချက်ကလည်း များပြားပါလိမ့်မယ်။

    အောင်မြင်အောင်လုပ်ဆောင်တဲ့နေရာမှာ တိကျပြတ်သားပြီး
    မသမာတဲ့ ဘယ်သူ ့ကိုမဆို ရဲရဲတင်းတင်း ဖေါ်ထုတ်ရဲတဲ့သတ္တိရှိရပါမယ်။

    ဖေါ်ထုတ်ရဲ၊ ဖေါ်ထုတ်နိူင်လောက်တဲ့ အင်အားနဲ ့အရည်အချင်းရှိဖို ့
    အလွန် ့အလွန်အရေးကြီးပါတယ်။

    အပြစ်ရှိသူကိုတိတိကျကျ ဖေါ်ထုတ်နိုင်ပြီးမှ အပြစ်သားရဲ့ နောက်ခံအင်အားကို
    ကြောက်ပြီး အရေးမယူရဲ၊ ပြည်သူသိအောင်မဖေါ်ထုတ်ရဲ၊ မလွန်ဆန်ရဲဘူးဆိုရင်

    `စားသုံးသူကာကွယ်ရေးအသင်း´ဟာ `အပြစ်သားကာကွယ်ရေးအသင်း`လို ့
    ပြည်သူတွေက အမည်ပြောင်းပေးလိမ့်မယ်။

    အခုလိုအပ်သလို ပူပေါင်း ဆောင်ရွက်ပါမယ်လို ့ဆိုတဲ့ဌာန တွေကကော
    အားကိုးလို ့ရနိုင်ပါ့မလား။

    `စားသုံးသူကာကွယ်ရေးအသင်း´ကဆောင်ရွက်မဲ့ကိစ္စဟာ အခုမှပေါ်လာတာမဟုတ်ဘူး။
    ဒီဌာန တွေကသာ အရည်အချင်းရှိရှိ ဆောင်ရွက်နိုင်ခဲ့ရင်
    `စားသုံးသူကာကွယ်ရေးအသင်း´ဆိုတာဖေါ်လာစရာမရှိဘူး။

    `စားသုံးသူကာကွယ်ရေးအသင်း´ကိုကြိုဆိုပါတယ်။
    ပြည်သူတွေရဲ့ အကျိုးအတွက်အမြန်ဆုံးဆောင်ရွက်ပါတော့၊
    တစ်စက္ကန် ့နောက်ကျတိုင်း လူ ့အသက်များစွာ ဆုံးရှုံးနေရပါပြီ။

    ပါးစပ်ကနေစားရတဲ့ အန္တရာယ်ရှိ စားသောက်ကုန်များနှင့်ဆေးဝါးတွေပြီးရင်
    စံမမီတဲ့ လူသုံးကုန်တွေကိုပါ ဖေါ်ထုတ်နိူင်ဖို ့ သက်ဆိုင်ရာလူသုံးကုန်အလိုက်
    ပညာရှင်တွေကို စုစည်းပြီး အသင်းကိုကျယ်ကျယ်ပြန် ့ပြန် ့ဖွဲ ့စည်းနိူင်ပါစေလို ့ဆန္ဒပြုပါတယ်။

  • etone

    August 29, 2012 at 4:29 pm

    ဪ .. မှတ်မိပြီ … ဒါကြောင့်ထင်တယ် .. ပြီးခဲ့တဲ ့ စနေတုန်းက အိမ်က အစ်ကိုပြောနေတာ … စားသုံးသူ ကာကွယ်ရေ း အသင်းဖွဲ့က … ၊မီဒီယာတွေ့ဆုံပွဲ မနက်ဖြန်သတင်းသွားယူဖို့ ရှိတယ်ပြောနေတာ … ။
    သူကတော့ ညွှန်းတာ ဟုတ်နေတာပါပဲ ……. ကိုယ့်အစ်ကိုစကားမို့ ….. ကြားတစ်ချက် မကြားတစ်ချက်နဲ့ သတိမထားခဲ့မိဘူး အခုလို အန်ကယ်ပြောမှပဲ ပြန်ကြားယောင်မိတာ … ဟီး :mrgreen:
    အခုပြောတာတွေအပြင် ၊ စားသုံးသူကို အရည်သွေးချရောင်းတဲ့ ရောင်းကုန်တွေက အစ စိစစ်သွားမယ်ဆိုတာလေးလည်း .. ကြားရပါတယ် ။

    ဒီလို အသင်း ဖွဲ့တွေ ပေါ်လာတာ ကြိုဆိုစရာပါ ။ ဒါပေမယ့် စိတ်ပူမိတာက ဘယ်လောက် ကြာကြာ စားသုံးသူဘက်က ရည်တည်နိုင်မလဲ ဆိုတာပါ ။ လူ့သဘောသဘာဝအရ ငါးကြင်းဆီနဲ့ ငါးကြော်တဲ့ အဖြစ်တွေ များနေတာကြောင့် ၊ တကယ်ပဲ စားသုံးသူဘက်က တသားတည်းရှိနေပါ့မလား ဆိုတာလေး …သိချင်စိတ်ပြင်းပြမိပါတယ် ။ အပေါ်ကစာပိုဒ်ထဲမှာ ဒီအဖွဲ့စည်းရဲ့ နောက်ခံအကြောင်းမပါဘူးပဲ … ။ အစိုးရမဟုတ်တဲ့ အဖွဲ့စည်းတစ်ခုက လုပ်တာမို့ ဘယ်လို ရပ်တည်လည်ပတ်မလဲ သိချင်စိတ်နဲ့ စပ်စုမိပါတယ် ။ 🙄

  • ကို ခင်ခ

    August 29, 2012 at 7:38 pm

    ပန်းစပယ်ရေးသလိုမျိုးလုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ အခုက ပြင်ပအဖွဲအစည်း ဆိုတော့အဲဒီလောက်ထိ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မလားလို့ မသိသေးဘူးလေ။

    ဘဲဥ ဆုတောင်းလေးပြည့်စေချင်မိပါတယ်။

    The Best ရေ အခုမှအသင်းဖွဲ့တာလို့သိရပါတယ်။ The Best သုံးသပ်ထား
    တာလေးလည်း သဘာဝကျတယ်လေ။

    ( ဒါပေမယ့် စိတ်ပူမိတာက ဘယ်လောက် ကြာကြာ စားသုံးသူဘက်က ရည်တည်နိုင်မလဲ ဆိုတာပါ ။) ကျွန်တော်လည်း မနေ့ကသတင်းဆောင်းပါးဖတ်ပြီး မအိတုံလိုဘဲ တွေးပူမိလိုက်တယ်။ ပြီးတော့အဲဒီအဖွဲ့အစည်းရဲ့ နောက်ခံ
    အကြောင်းတော့ သတင်းဆောင်ပါးထဲမှာ ထဲ့မရေးထားဘူးဗျ။

  • Htoo thin

    August 29, 2012 at 8:06 pm

    အဖွဲ့တွေအဖွဲါတွေ လုပ်စား အဖွဲ့လားတကယ်လားကြည့်ရအောင်

  • မောင်ပေ

    August 29, 2012 at 11:05 pm

    အင်မတန်ကောင်းတဲ့ သတင်းတစ်ပုဒ် ပါပဲ
    အဲဒီအဖွဲ့အတွက် တိကျတဲ့သတင်းများကိုပေးဖို့ cj တွေမှာ တာဝန်ရှိတယ်ဗျို့

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 12:01 am

    ဗဟုသုတရစေသလို အင်မတန်မှ အကျိုးရှိတဲ့ပို့စ်တစ်ပုဒ်ဖြစ်ကြောင်းပါ။
    ဒီပို့စ်လေးကို ကျနော် မန်ဘာမဝင်ခင်ကတည်းက ဖတ်ဖူးနေတာ
    အခုမှတွေ့လို့ အမှတ်တရ ဝင်မန်းထားခဲ့ပါကြောင်း

Leave a Reply