Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ဓါတ်ပုံဟောင်းကိုပြန်ကြည်ခြင်း”

“ဓါတ်ပုံဟောင်းကိုပြန်ကြည်ခြင်း”

ဟိုတစ်ရက်က အလုပ်မရှိအလုပ်ရှာ

ငယ်ကဓါတ်ပုံတွေပြန်ထုတ်ကြည့်

မြင်ရတာကိုကရီစရာ။

 

ဆံပင်ဘုတ်သိုက်

လုံချည်က မြေကြီးဒရင်းတိုက်

အကျင်္ ီက ဘဒင်အကွက်

လွယ်အိတ်ကိုအထုံးကြီးထုံးလို့စလွယ်သိုင်း

အဲဒီတုန်းကတော့ပီပီပြင်ပြင်အမို်က်စားဒီဇိုင်း

အခုပြန်ကြည့်တော့ “ ပဲ “တွေ ပိ နေတဲ့စတိုင်ဆိုတာကိုတွေးမိတဲ့အခါ

“ဟာ….ဟ”လို့တောင်အသံထွက်ရီလိုက်မိပါတယ်။

 

အခုအချိန်မှာ

အရောင်အသွေးစုံတဲ့

မြင်ကွင်းလှလှဓါတ်ပုံ လေးတွေရအောင်

ခလုပ်နှိပ်နေတဲ့လက်က

ဟိုအရင်နှစ်များစွာမှာ

မကျေနပ်တာတွေကိုဖောက်ခွဲ

နံရံကိုလက်သီးနဲ့ထိုးလို့စုတ်ပြဲ

ကျိုးတဲ့အခါကျုးိ

ချုပ်ရိုးတွေတသီကြီးနဲ့လက်ဆိုရင ်ယုံလား……………………တော့မသိဘူး

 

စာရေးရင်အေးအေးချိုချို

တေးဆိုသလိုကဗျာတွေစပ်လို့စပ်

တစ်ယောက်ယောက်နဲ့စကားပြောရင်

“ဟုတ်ကဲ့ခင်ဗျ”ဆိုတဲ့စကားလုံးတွင်တွင်သုံးသူက

ဟိုးအရင်ကာလများမှာ

ခင်ဗျား-ကျုပ်-နင-်ငါ စကားလုံးများနဲ့ ဝုန်းဒို်င်းကျဲ

မကျေနပ်တာများတွေ့ရင်

ဘေးလူဆွဲလု့ိမနိုင်လောက်အောင်ကို 

ပေါက်ကွဲတတ်သူဆိုတာ

သိများသိရင်

“ဟယ် တလွဲကြီးလို့”

မှတ်ချက်ပေးမှာအသေအချာ။

 

(ဒါကတော့ ကိုယ့်ဓါတ်ပုံကိုယ်ပြန်ကြည့်ရင်းပြန်တွေးမိတဲ့အတွေးလေးပါ)

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ

(29-8-2012)

 

 

 

 

 

 

 

 

15 comments

  • P chogyi

    August 31, 2012 at 11:06 am

    ဓာတ်ပုံဟောင်းလေးပါတင်ပေးပါ။
    ငယ်ငယ်က ပီပီပြင်ပြင်အမို်က်စားဒီဇိုင်း ကို ကြည့်ချင်လို့ပါ။

  • မိုချို

    August 31, 2012 at 11:22 am

    အသက် အရွယ် လိုက်ပြီး စိတ်ဓါတ် တွေ လည်း တည်ငြိမ် ပြောင်း လဲ သွားတတ် တာ လူ့ သဘာ ဝပဲ ထင်ပါရဲ့ လေး ပေါက် ရယ်။

  • ရွှေ ကြည်

    August 31, 2012 at 11:27 am

    အသက်အရွယ်နဲ့ အတွေ့အကြုံတွေကကွာခြားသွားတော့ ခံစားမှုတွေအတွေးအခေါ်တွေလည်းပြောင်းသွားတယ်ထင်တယ်လေးပေါက်ရေ။
    ရွှေကြည်အခုအရွယ်နဲ့ အသက် 20 လောက်ကအတွေးတွေကကိုအတော်လေးကွာခြားသွားတယ် 😀

  • မွန်မွန်

    August 31, 2012 at 11:51 am

    ယုံစေချင်ရင် သက်သေအဖြစ် ဓာတ်ပုံပါတင်ပေးပါ… 😛

    အသက်အရွယ်ကိုလိုက်ပြီး ကောင်းသောအပြောင်းအလဲတွေ ဖြစ်လာတယ်လို့ မြင်ပါတယ်။ သမီးတို့လည်း လေးပေါက်တို့အရွယ်ရောက်ရင် သမီးတို့လည်း အဲလို ဖြစ်ရင်ကောင်းမယ်…

  • ဂန္ဓာရီ ဆြာအုပ်

    August 31, 2012 at 2:55 pm

    “နံရံကိုလက်သီးနဲ့ထိုးလို့စုတ်ပြဲ” ဆိုတာပြပါဗျို့

  • မလုပ်ပါနဲ့အခုချိန် မှာ နံရံကိုလက်သီးနဲ့ထိုးပြရင်
    လူကြီးဖြစ်တာတောင်အသက်အရွယ်အလိုက် မ ရင့်ကျက်သေးတဲ့ “လူကြီးကလေး” လို့ တံဆိပ်ကပ်ခံနေရ
    ပါအုံးမယ်.။
    တစ်ခုတော့ရှိပါတယ်ကျနော်အခုအချိန်ထိ ဆုံးဖြတ်ချက်တစ်ခုကို ဲ ပြတ်ပြတ်သားသားချတဲ့
    စိတ်ရှိနေတုန်းပါဘဲ။
    ဆုံးဖြတ်ပြီးမှတော့ နောင်တမရကြေး နောက်လှည့်မကြည့်ကြေးပေါ့ဗျာ။

  • မောင်ပေ

    August 31, 2012 at 5:17 pm

    ဆံပင်ကောက်ကော်
    ပိန်ပိန်ပါးပါးနဲ့
    မာဘိုရိုစီးကရက်
    ရှပ်အင်းကျီ ဘိုသီဘတ်သီ
    ဘောင်းဘီတိုတစ်ထည်နဲ့
    ဈေးချိုရုံအဟောင်းတွေထဲမှာပြေးနေတာကို
    မြင်ရတယ်နော

  • ရဲစည်

    September 1, 2012 at 1:42 am

    အူးအူးပေါက် ငယ်ငယ်က
    ဂွေးဂျိတန်းလန်းနဲ့ ဒါ့ပုံ တင်ပေးပါဗျို့
    မဲမဲလေးဆိုရင်တော့ ချစ်ချနိူးနဲ့
    ဂဲမွှေးလို့ နာမည်ပေးချင်ကြောင်း … :mrgreen:

    လစ်ပီ
    ဃိန် … ဂိန် … ကိန်

    • ဘဘဖရဲ

      September 1, 2012 at 11:29 am

      ဂွေးတန်းလန်းနဲ့ကြည့်ချင်ပါဘူးအေ
      ရှက်စရာကြီး
      တော်ကြာ ဘဘတို့ကို သေနတ်နဲ့ပစ်သွားရင်
      တေသွားမှာပေါ့
      အဟီ
      အော် ဘဘတို့လည်း အသက်ကြီးပြီကွယ်
      အော် မသေခင် ပျော်ချင်ပါသေးတယ် 😥

  • R Ga

    September 1, 2012 at 5:05 pm

    နယ်နယ်ကလေးပေါက်က လူမိုက်ပေါ့..အဟိ..။
    ကြီးရာတော့ အနုပညာနို့သောက်ဘီး……..

    နုရွလာတယ်ထင်ပ။

    • Mobile

      December 13, 2012 at 8:38 pm

      ကိုအရိုးရဲ့ မင်းဓာတ်ပုံလေးရှေ့ချပြီးတော့ ယောင်လည်လည်နဲ့ ထိုင်ကြည့်မိတယ်
      ဆိုတာလေးသွားသတိရတယ်ဗျ ။

  • ဦးဦးပါလေရာ

    September 1, 2012 at 5:16 pm

    ငယ်စဉ်ကတော့ ငယ်ဘဝအတိုင်းပဲပေါ့ကိုပေါက်ရေ
    ကျွန်တော်လဲ အခုပုံဖြစ်လာတယ်ဆိုတာ
    အချိန်ကာလဆိုတဲ့ ကျားလျှာတံစဉ်းက တိုက်စားပြုပြင်လိုက်လို့ပါ..။
    ပြန်တွေးကြည့်ရင် ရယ်စရာနော့…။

  • MaMa

    March 3, 2013 at 9:56 am

    ဒီပိုစ့်ကို မဖတ်လိုက်မိဘူး။
    ခုမှတွေ့လို့ …
    ပထမဆုံး ခေါင်းစဉ်မှာ ကြည့် က အောက်ကမြင့် ကျန်ခဲ့တာလေး သတိပေးချင်တယ်။

    ဒုတိယ ကိုယ့်ပုံကိုယ်ပြန်ကြည့်မိတော့…..
    မှားခဲ့တာ၊
    မာနထောင်ခဲ့တာ၊
    စွာတေးခဲ့တာတွေ….
    အဲ…. ပြန်မကြည့်တာပဲ ကောင်းပါတယ်။ :harr:

  • အော်တယ်လဲမြင်တတ်တဲ့ သတ်ပုံဥက္ကဌကြီးခင်ဗျာ.
    ပြင်ပေးပါမယ်ဗျို့။
    ကိုယ်ငယ်ငယ်ကပုံမကြည့်ချင်ဘူးဆိုတာ ကြီးမှ ပိုပိုလှလာလို့နေမှာ။

Leave a Reply