Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

IT ခေါ် ကွန်ပျူတာနည်းပညာဆိုတာ ဘယ်လိုမျိုးအလုပ်တွေလဲ? အပိုင်း(၁)

Ko NgeSeptember 2, 20123min3756

အခုလက်ရှိ ခေတ်သစ်နည်းပညာ စီပွားရေးလောကတွေမှာ အသက်မွှေးဝမ်းကျောင်းအလုပ် တွေကို လုပ် ကိုင်နေရတာ အတော်ကိုပင်ပန်းပြီး ခေတ်ဟောင်းစက်မှုစီးပွားရေးစနစ်တွေနှင့် နည်းစနစ်တွေ တော်တော်ကိုကွာခြားလာတာကိုတွေ့ရလို့ ဒီစာကိုရေးသားလိုက်ရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နည်းပညာနယ်ပယ်ဆိုတာက လူတွေရဲ့ Manpower ဆိုတဲ့ လူအင်အား စွမ်းအားတွေကို နေရာတော်တော် များများမှာ အသုံးချလာကျတာကိုတွေ့ရပြီး အလုပ်တခု သို့မဟုတ် Project တွေနှင့် အချိန်ပိုင်းအလိုက် အချိန်မှီပြီးစီးအောင် လူစွမ်းအားတွေအပေါ် မတရားဖိနှိမ့်ပြီးလုပ်ခိုင်းတဲ့ စနစ်တခုအနေ နှင့်တွေမြင်လာရပါ တယ်၊ ဒါတွေကြောင့်လဲ အောင်မြင်တဲ့စီပွားရေးစနစ်တခုအဖြစ်ရပ်တည်နိုင်လာရတာပါဘဲ၊ (ဒါတွေကြောင့် ပွဲစားလုပ်စားတဲ့စကာင်္ပူစီးပွားရေးအောင်မြင်လာရာတဲ့အဓိကအကြောင်းရင်းလေးပါဘဲ၊ ဒါကကျွှန်တော်ရဲ့ အမြင်တခုလေးပါ၊)

 

ဒီ(၁၀)ချက်ကြောင့်ကွန်ပျူတာနည်းပညာလောကမှမထွက်ခွာ သင့်ပါဘူး!

 

        ကွန်ပျူတာနည်းပညာသမားတွေ တခါတရံမကျေမနပ် စိတ်ပျက်စရာကောင်းတဲ့ ( Stand By Jobs ၂၄နာရီအလုပ်ချိန်) သူတို့ရဲ့ကွန်ပျူတာနည်းပညာအလုပ်တွေပါတဲ့၊ ဒါပေမဲ့ အကယ်၍ အားလုံးသော အမှန်တကယ် ကွန်ပျူတာအသက်မွှေးဝမ်း ကျောင်းနှင့်အလုပ်မလုပ်နေသူတွေကို မဆိုလိုုပါဘူးတဲ့?

 

      ဒါကအသက်မွှေးဝမ်းကျောင်းအလုပ်တိုင်းအတွက် ကမ္ဘာတဝှမ်းကစိန်ခေါ်နေကျတဲ့ အခက်အခဲတွေပါ? ဘယ်လိုလူတစုံတယောက်သောသူက နည်းပညာနှင့် ပတ်သက်ပြီးထိတွေ့ဖူးရင်သိကျမှာပါနှင့် အကယ်၍သင်ဟာ အားလုံးနှင့်လုံးဝထိတွေ့ စိန်ခေါ်မရင်ဆိုင်နိုင်ဖူးဆိုရင် သင်နေရာ ကို အစားထိုးလုပ်နိုင် တဲ့ လူငယ်တွေကွန်ပျူတာလောကထဲမှာ အမြဲတစေရှိ နေ တယ် ဆို တာ သိနေ ဖို့ပါဘဲ၊ ဘယ်လိုပြီးသိနိုင်လဲ? ဘယ်လိုသိနိုင်လဲဆိုရင် သင်မလုပ်နိုင်ဘူးလား?  မလုပ်နိုင် ရင်သင်ကို အလုပ်ဖြုတ်ထုတ်ပြီး လုပ်နိုင်တဲ့လူငယ်လက်တက်တွေကို ရှာပြီး ရအောင်လုပ်ခိုင်းပါလိမ့်မယ် ဆိုတာ ပါဘဲ!  ကောင်ပြီး ဒါဆိုရင်  လက်ရှိကွန်ပျူတာလုပ်ငန်းခွင်ထဲ ဘာဘဲလုပ်ရလုပ်ရ လုပ်နိုင်ကိုင်နိုင်တဲ့ လူတွေလောက်ဘဲ အဆင်ပြေလိမ်မယ်လို့ထင်ပါတယ် သို့မဟုတ် ဒီစိန်ခေါ်မှုဒဏ်တွေ ကိုမခံနိုင်ရင် နည်းပညာလောကထဲက သင်ထွက်ခွာသွားတာက ပိုကောင်းးပါလိမ့်မယ်၊  ကဲဒါမှမဟုတ်ရင် သင်ဒီအချက် (၁၀)ချက်ကိုနားလည်ထားတာပိုကောင်းပါတယ်ဆိုတာပါဘဲ……..

 
 

 ၁-သင်သီးခံနိုင်စိတ်ရှည်မှုရှိခြင်း

  သီးခံစိတ်ရှည်မှုဟာ အလွန်အရေးပါတဲ့ နည်းပညာသမားတွေအကြောင်းအရာအချက်ပါ၊  အချို့ပြဿနာတွေမှာ စိတ်တည်ငြိမ်စွာဖြေရှင်းတတ်ဖို့နှင့် စိတ်ရှည်သီးခံတတ်မှုတွေက အကောင်းဆုံးဖြေရှင်း ချက်တွေပါတဲ့၊ အကယ်၍ သင်စိတ်မရှည်သီးမခံနိုင်ဘူး၊ စိတ်တည်ငြိမ်စွာမထိန်းနိုင်ရင် ဆုံးရှုံးမှုတွေဘဲ သင်ရပါလိမ့်မယ် သို့မဟုတ် သင်ဟိုတွေးဒီတွေးနှင့် ပြဿနာတွေကိုဖြေရှင်းလို့ရမှာမဟုတ်ပါဘူးတဲ့၊ အကယ်၍ တချို့သောပြဿနာတွေမှာ အချိန်မှီဖြေရှင်းပေးမှ ရတာမျိုးတွေရှိတတ်သောကြောင့် စိတ်ရှည်တည်ငြိမ်မှုမရှိ စိတ်မထိန်းနိုင်ရင် ကျွန်တော်အကြံပေးတာက ဒီကွန်ပျူတာအလုပ်က နေချက်ချင်းထွက်သွားတာ ပိုကောင်းပါတယ်တဲ့၊

 
 

၂- သင်မှာဆက်လက်၍ပညာသင်လိုစိတ်ရှိခြင်း

        IT လို့ခေါ်တဲ့ နည်းပညာတွေကအမြဲအသစ်တွေထွက်နေတဲ့နယ်ပယ်ဖြစ်ပြီး အမြဲတမ်း ဆက်လက် လေ့လာ လို့မပြီးနိုင်သောပညာတွေကိုက သင်တို့တတွေကို အမြဲသစ်လွင်အောင်လေ့လာစည်းပူးနေမှရပါမယ်၊ ဆိုလို တာက သင်အမြဲမပြတ် အသစ် ထွက်ရှိသော နည်းပညာစာတွေ သတင်းတွေ တွေကို ဆက်လက်လေ့လာ သင်ယူဖတ်ရှု့နေရပါမယ်၊ သင်တန်း Workshop တွေတောက်လျှောက်တက်နေရပါတယ် နောက်ပြီး သင်ကိုယ်ပိုင် စာအုပ်ကိုလေ့လာဖတ်ရှု့ရပါမယ်၊ ဒါကြောင့် နည်းပညာရပ်နှင့်ပတ်သက်ပြီး ဘယ်လိုဘဲဖြစ်ဖြစ် သင်ဆက်လက်လေ့လာနေရမှရမဲ့နယ်ပယ်ဖြစ်ပါတယ်တဲ့၊

 

၃- သင်အလုပ်ချိန်ပြင်ပမှာလဲအလုပ်လုပ်နိုင်ရပါမယ်

     နည်းပညာကြီးဟာ ကိုယ်သတ်မှတ်ထားတဲ့  Schedule တွေ ဘာလိုအချိန်အစီစဉ်တွေလို သတ်သတ်မှတ်မှတ် သွားလို့မရပါဘူးတဲ့၊ Server ဆိုတာမျိုးကသူပျက်ချင်တဲ့အချိန်ပျက် တတ်ပါတယ်တဲ့ (ဆိုလိုတာက Electronic နှင့် ပတ်သက်တဲ့ပစ္စည်းမှန်သမျှ Power မလုံလောက်မှု မပြည့်ဝမှု ဆိုတာအမြဲရှိတတ်တေသာကြောင့်) ဒါပေမဲ့သူတို့ရဲ့စီပွားရေးလုပ်ငန်းကတော့ ဟန်မပြတ်ဆက်လက်ပြီး လုပ်ကိုင်သွားနေမှရပါမှာပါတဲ့၊ ထို့ကြောင့် သင်ဟာ ညနက်လဲထပြီး အလုပ်တွေ ပြီးပြတ်အောင် အပတ်တိုင်း အချိန်ကြာမြင့်စွာ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေမှာလဲ အလုပ်လုပ်ရပါတယ်၊  သင်တို့ဟာ သူများတွေလို နားချင်မှ နားရပါမယ်၊ အကယ်၍ သင့်မှလဲ သူများတွေလို ရုံးပိတ်ရက်တွေမှာလဲ အိမ်အလုပ်တွေ လုပ်စရာတွေ တပြုံကြီးရှိနေကျတော့ မိမိရဲ့အိမ်ကိုယ်ရေးကိုယ်တာက ကိုယ်နှင့်မဆိုင်သလိုဖြစ်နေ တတ်ပါလိမ့်မယ် ဒါတွေကိုသီးခံနိုင်မှရမှာပါလို့ပြောပါတယ်၊ ကောင်းပြီ-  ဒါကိုရှင်းပြရတော်တော်ခက်ပါတယ်လေ….

၄-သင်လူတွေနှင့်ပေါင်းသင်းဆက်ဆံရေးကောင်းရပါမယ်

       ဒါကိုတော့ရှင်းပြနေစရာမလိုဘူးထင်ပါတယ်လေ၊ဟုတ်တယ်မဟုတ်လား? ကောင်းပြီး ဒါဆိုရင် IT Pro ခေါ် ကွန်ပျူတာ ပညာရှင် တွေရဲ့အလုပ်ဟာ endusers ဆိုတဲ့ မိမိရဲ့ Customer တွေရဲ့ အခက်အခဲတွေကို တောက်လျှောက်လိုအပ်တာတွေကို ကူညီဖြေရှင်းပေးနေရပါတယ်၊ အကယ်၍သင်ဟာလူတွေနှင့် ပေါင်းသင်းဆက်ဆံရေးမကောင်းရင်အဆင်မပြေရင် သင်ဒီကွန်ပျူတာ နည်းပညာနယ်ပယ်ထဲကို မဝင် တာအကောင်းဆုံးပါဘဲတဲ့၊ စကားတွေအများကြီးကိုပြောရပြီး တဖက်သားနားလည်အောင် ဥပမာများစွာနှင့်သေသေချာချာ ရှင်းပြနိုင်ရပါမယ်တဲ့၊ အာပေါက်အောင်ပြောဆိုနေရတာတွေကြောင့် လူေတော်တော်များများက ဒီကွန်ပျူတာနည်းပညာတွေကိုမကြိုက်ရတာပါဘဲတဲ့၊

၅-သွက်လက်လျင်မြန်ဖြတ်လတ်ရပါမယ်

    ဘယ်နှစ်ကြိမ်သင်ရဲ့ကိုယ်ရဲ့အရည်အချင်းတွေကို ပြန်လည်ဆန်းစစ်ဖူးပါသလား? သင်ဟာ ပြဿနာတွေ ကို ဘယ်နှစ်ကြိမ်လောက်အကောင်းဆုံးဖြစ်အောင်လုပ်ဖူးပါသလဲ? အကယ်၍ သင်ကိုယ်သင်သိရဲ့လား သင်ဟာဘယ်နှစ်ကြိမ် လောက်  အလုပ်မပြီးမပြတ်ဘဲပြဿနာတွေတက်ဖူးပါသလဲ? ဒါတွေဟာ ကွန်ပျူတာ နည်းပညာရဲ့ကျင့်ဝတ် တွေဖြစ်လို့  ဘယ်လိုမှလက်မခံနိုင်တဲ့အချက်တွေပါဘဲတဲ့၊ အကယ်၍ သင်ဟာအဆင်ပြေဖို့အချိန် ဘယ်လောက်လိုသေးသလဲ? သင်သေချာပြီလား! သင်ဟာဒီလိုပြဿနာတွေ ဖြေရှင်းနိုင်ဖို့ သင်ရဲ့ကိုယ်ရည် ကိုယ်သွေး အတွက် အချိန်ဘယ်လောက်လိုသေးလဲ? သို့မဟုတ် အကယ်၍ အချိန်စောင့်နိုင်သည်ထားအုံး! ဒီအလုပ်ကိုပြီးပြတ်အောင်လုပ်နိုင်ရပါမယ်နှင့် ဖြစ်ပျက်သမျှတွေကို သင်တာဝန် ယူနိုင်ရပါမယ်တဲ့၊ (ဒါတွေက IT လောကမှမဟုတ်ပါဘူး အခြားသောလုပ်ငန်း တွေမှာလဲရှိ ပါတယ်လေ)

 

6-သင်တို့ဟာအဆင်ပြေစွာပြဿနာရှင်းနိုင်ရပါမယ်

     ဒီနယ်ပယ်ကနေ့စဉ်နှင့်အမျှ ပြဿနာတွေကိုတောက်လျှောက်ဖြေရှင်းနေရတော့ အများအားဖြင့် စိတ်မရွှင်လန်းကျပါဘူးတဲ့၊ ဒါပေမဲ့ သင်တို့ရဲ့ ဒေါသတွေစိတ်မကြည်လင်တာတွေကို အဝေးကိုလွင့်ထုတ် ပစ်မှအဆင်ပြေပါလိမ့်မယ်တဲ့၊ နေ့တိုင်းဒေါသထွက်နေရင် သင်သွေးတိုးတက်နေရုံဘဲရှိပါလိမ့်မယ်တဲ့၊  IT သမားဆိုတာက ပြဿနာတွေကို အနည်းနှင့်အများဖြေရှင်းနေရတော့ တခါတရံဒေါသထွက်တတ်ပါတယ်(Enduser ဆိုတာ တခါတရံဖြေရခက်ရှင်းပြရခက်တတ်တာတွေ မေးတတ်ကျလွန်းလို့ပါ) ဒါတွေကိုသင်မှာရှိနေရင် သင်အလုပ်အသစ်ကိုပြောင်းတာကောင်းပါတယ်တဲ့ နို့မဟုတ်ရင် သင်စိတ်ရောဂါရနိုင်ပါလိမ့်မယ်တဲ့၊ (ဒါတွေကြောင့် IT သမားတွေ ကိုယ်ကိုကိုယ်သတ်သေတာတွေ တဖြေး ဖြေးများလာတာကိုး – လက်တွေ့ ITသူငယ်ချင်းတယောက်တိုက်ပေါ်ကခုန်ချဖုူးတာရှိပါတယ်)

၇-သင်ဟာစွယ်စုံလုပ်နိုင်ရပါမယ်

       တခါတလေကျရင် သင်ဟာ အလုပ်သုံးလေးခုကို အချိန်မှီပြီးအောင် တပြိုင်ထဲလုပ်ရတတ်ပါတယ်၊ ဒါတွေကိုလဲလုပ်နိုင်ရပါမယ်လေ၊ Supperman ကျနေတာဘဲ… (သေတာသေချင်တော့တဲ့အချိန်လေ! ဒါတွေကြောင့်ကိုယ်ကိုကိုယ် သတ်သေ တာတွေ များလာတာလဲကြည့်)  ဒါက အလုပ်တခုပြီးမှ တခုလုပ် တတ် တဲ့လူတွေကိုမှ အောင်မြင်တယ်လို့မဆိုလိုပါဘူးတဲ့၊ ဒါပေမဲ့ စွယ်စုံလုပ်နိုင်သူ တွေက ပိုပြီးသာပါ တယ်တဲ့၊

 

၈-သင်ဟာအဆင့်မြင့်နေရာတွေကိုမျော်မှန်းထားသူဖြစ်ရပါသလား

        ဒါကတော့ ITဌာနအတွက်မဖြစ်နိုင်ပါဘူးတဲ့၊ အကယ်၍သင်ဟာ အဆင့်မြင့်တဲ့ရာထူးကို သင်လိုချင် တော့တခြားနယ်ပယ်မှဘဲရပါလိမ့်မယ်တဲ့ တချို့သောဌာနတွေမှာတော့ ရာထူးတက်နိုင်ပါတယ် တဲ့ အလွန်ဆုံး CIO (Chief information Officer)လောက်ပါဘဲတဲ့၊ အကယ်၍ CEO (Chief Executive Officer) ကိုလိုချင်ရင်တော့ IT နယ်ပယ်မှာ သင်အတွက်မရှိပါဘူးတဲ့လေ……(ဒီလောက်ခေါင်းစားတဲ့ အလုပ်တွေလုပ်နေရပြီးမရှိဘူးတဲ့…ကောင်းသေးရဲ့လား)

၉-သင်ဟာနည်းပညာကိုမကြိုက်ဘူးလား

       ဒါကိုတော့ပြောဖို့မလိုပါဘူးလေ သို့သော် ရှိတာလေးနှင့်ကျေနပ်နေသူတွေကိုတော့မပြောတတ်ပါဘူး ကျွှန်တော်ထင်တယ် IT နယ်ပယ်ကိုမကြိုက်တဲ့လူတွေကတော့ အကယ်၍ သင်မှာ ရိုးရိုးဖုန်းရှိနေရင်တော်ပြီ အကယ်၍ သင်ဘေးမှာ Server,Destops,Switch,Routers and အခြားသော IT centric  Hardware တွေဟာ သင်အတွက် သုံးလို့ကောင်းမှန်းမသိတဲ့လူတွေရှိနေသလားလို့! သို့သော်လည်း ဒါတွေက သင်အလုပ်တွေမှာ ပြဿနာတွေကိုအချိန်မကုန်ဘဲ အလွန်အဆင်ပြေစွာပြီးစီးစေတာကို များပြားသောစက်ပစ္စည်းကြောင့် The Good Green Earth Earlier ဆိုတဲ့ တဘဝကမ္ဘာစိမ်းလန်း စိုပြေ နေမှု ကိုထိခိုက်နေတယ်လို့ထင်နေ ကြိုက်နေရင်တော့၊ IT ကိုစွန့်ခွာတာကောင်းပါတယ်လေ….

၁၀-သင်ရဲ့ဖုန်းကိုပိတ်ပြီးအိပ်တတ်သလား

        IT Pro ကွန်ပျူတာပညာရှင်တွေဟာ ၂၄နာရီပြီးပြည့်စုံအောင်ချိတ်ဆက်ထားတဲ့ stand by on call  service jobs အလုပ်ဖြစ်လို့ သင်အလုပ်ချိန်ပြင်ပအနားယူချိန်ညသန်းခေါင်မှာလဲ အလုပ်တွေ လုပ်ရတတ် ပါတယ်၊ တခါတရံ မဖြစ်ရင်ဘာမှဘာမှာမဖြစ်ပါဘူး အဲ! ဖြစ်လိုက်ရင်လဲ စုပြုံ ပြီးဖြစ်ရင်တော့လား အလုပ်ကလဲများ enduser တွေလဲ complain တွေတောက်လျှောက်တက်ဆိုတော့ တခါတရံအဖြရှာ လို့မရတဲ့ပြဿနာတွေဆိုရင် သေချင်အောင်စိတ်ပျက်ရတတ်ပါတယ်လေ၊ ရင်တထိပ်ထိပ်ညအိပ်ရတဲ့ရက်တွေပါဘဲတဲ့၊ မိသားစုတွေအတွက်အချိန်ပေးရတဲ့ရက်တွေနည်းပါတယ်လေ၊

သင်ရဲ့သားဦးခလေးမွှေးနေရင်လဲ ဖုန်းလာရင်သင်အလုပ်ကိုပြေးရပါသေးတယ်၊မသွားလို့လဲမရဘူးလေ နို့မဟုတ်ရင် အချိန်မရွှေး ရုံးကဖုန်း ခေါ်နိုင်တာကြောင့် သင်ဖုန်းမကိုင်လို့မရပါဘူးတဲ့၊ ဒါတွေကြောင့် သင်မှာကိုယ်ပိုင်အချိန်တွေဆိုတာ ဘယ်ရောက်ကုန်လဲလို့မေးယူရတဲ့ အခြေနေမှာရှိပါတယ်တဲ့…

 

ကဲ! သူငယ်ချင်းအပေါင်းအသင်းတို့တတွေထဲက အခုခေတ်စားနေတဲ့ IT Pro သမားတွေရဲ့ အလုပ်တွေကို ဘယ်သူတွေစိတ်ဝင်စားကျသလဲနော်!    အဲ! ဒါတွေဖတ်ပြီးတော့လဲ ကြောက်မသွားကျပါနဲ့ အုံးနော်! း) 

 

 အဖြေကဘာလဲ?    း(   or  း)

 

Tallying up the cons

 
Just because you suffer from one of two of these traits doesn’t mean you should jump off the IT train and start flipping burgers. But if you recognize quite a few of these signs, you might want to call it a career and head back to school. To help balance the pros and cons, I’ll follow up soon with a list of signs that IT is exactly where you need to be.
 
 

 

 

 

သင့်တို့ရဲ့အမြင်ကကော ဘယ်လိုရှိလည်း comment ပေးနိုင်ပါတယ်။ ITသမားရဲ့ အမြင်တွေကိုပဲ ရေး ထားတာဖြစ်ပါကြောင်းနှင့် တစ်ခြား field ထဲက လူတွေကို ထိခိုက်နစ်နာစေလိုခြင်း လုံးဝမရှိပါဗျာ! း)

Ref:techrepublic

Credit@ Ko Nge

 

 

 

 

6 comments

  • Alpha Vanishing

    September 3, 2012 at 10:42 pm

    ုkeep on…….
    ရှားပါတဲ့ နည်းပညာဆိုင်ရာ post ပါပဲ

  • မောင်ပေ

    September 3, 2012 at 11:03 pm

    နေရာတိုင်းမှာ အခက်အခဲ စိန်ခေါ်မှုတွေရှိစမြဲပါ
    မြန်မာအိုင်တီလောကကိုတော့ ဟက်ကင်းတစ်မျိုးထဲတင်မက အားလုံးဘက်စုံ နိုင်ငံသူားတွေကို အကျိုးထိရောက်စွာပြုစေချင်ပါတယ်

  • အရီးခင်လတ်

    September 4, 2012 at 4:32 am

    ဝါသနာ ပါရင်တော့ ဘာ အလုပ်ဘဲလုပ်လုပ် အရမ်းပင်ပန်းတယ် လို့ ထင်မှာ မဟုတ်ပါဘူး။

    ကိုယ့်အနေနဲ့ ဘာအလုပ် ကိုလုပ်ဖို့ ကြိုက်တယ် ဆိုတာ ကို မသိတောင် ကိုယ်ဘာကို ဝါသနာ မပါဘူး၊ မလုပ်ချင်ဘူး ဆိုတာကိုတော့ သိသင့်တယ်။

    အိုင်တီ အလုပ်ဟာလဲ ပရော်ဖက်ရှင်နယ် အလုပ်တစ်ခုပါ။
    ပရော်ဖက်ရှင်နယ် ဆိုတာ ပရော်ဖက်ရှင်နယ် ပီသအောင် စောင့်ထိန်းရမဲ့ တာဝန်တွေ ရှိတာ လဲ သိထားရမယ်။

    “၈-သင်ဟာအဆင့်မြင့်နေရာတွေကိုမျော်မှန်းထားသူဖြစ်ရပါသလား” ဆိုတဲ့ မေးခွန်း ကို သဘောအကျဆုံးဘဲ ကိုငယ်ရေ။ 😉

    အင်မတန် ဖတ်လို့ ကောင်းတဲ့ စိတ်ဝင်စားစရာ Post လေးအတွက် ကျေးဇူးပါ။
    နောက်ဆက်တွဲ တွေ ကိုလဲ မျှော်နေပါတယ်။ 🙂

  • Inz@ghi

    September 4, 2012 at 7:41 am

    စာရေးသူရေ …
    သည်လိုရှိတယ်ဗျ…
    ကိုယ့်ဆြာ define လုပ်ပြသွားတဲ့ IT Pro က
    Troubleshooting ဘက်နီးတဲ့ Customer Service
    ဘက် နီးတဲ့ IT Pro လို့ ယူဆတယ်ဗျို့ …။

    နောက်တခု ကွဲပြားတာက .. ကွဲပြားသော Business Sector တွေထဲမှာ
    အလုပ်လုပ်နေတဲ့ IT Pro ရဲ့ ရပ်တည်မှု နဲ့ IT Company မှာ
    အလုပ်လုပ်တဲ့ IT Pro ရဲ့ ရပ်တည်မှု ကွာခြားတာပါပဲ..။

    ၁-သင်သီးခံနိုင်စိတ်ရှည်မှုရှိခြင်း
    ဒါ IT Pro မှ မဟုတ်ပါဘူး ..။ Customer Service ကို
    ကောင်းကောင်း နားလည်သဘောပေါက်ပြီး အလေးထားတဲ့
    ဘယ် Firm မှာ မဆို လိုက်နာရတဲ့ သံမဏိ စည်းမျဉ်းပါ။

    ၂- သင်မှာဆက်လက်၍ပညာသင်လိုစိတ်ရှိခြင်း
    ဒါလည်း ဘယ် Firm မှာ မဆို ရှိသင့်တဲ့ (ရှိရမယ့်)
    continuous learning ဖြစ်တယ်ဗျ။

    ၃- သင်အလုပ်ချိန်ပြင်ပမှာလဲအလုပ်လုပ်နိုင်ရပါမယ်
    ဒါတော့ နည်းနည်း ကွာသွားပြီဗျို့ …။
    Customer Service ဘက်က မဟုတ်ရင်
    သည်အပိုင်းမှာ နည်းနည်း လွတ်လပ်ခွင့် ရှိသဗျ…။
    ဥပမာ IT Company မှာ လုပ်မယ် .. ရုံးတွင်းသုံး အပျော့ထည် ရေးမယ်။
    ကိုယ်ပိုင် Product ထုတ်လုပ်ရေးဘက်မှာ တာဝန်ကျမယ် ဆိုရင်ပေါ့ဗျာ ..။
    သိပ်မြင့်သွားရင်တော့ ..အလုပ်နဲ့ ဘဝ တစ်ထပ်တည်း ကျတော့တာရယ်…။
    Customer နဲ့ ဂေါက်ရိုက်တာလည်း အလုပ် … ။ ရှက်ကီထုတာလည်း အလုပ်…။
    အလုပ်ထဲသို့ ဘဝ ပျော်ဝင်သွားခြင်း ပေါ့ဗျာ …။

    ၄-သင်လူတွေနှင့်ပေါင်းသင်းဆက်ဆံရေးကောင်းရပါမယ်
    ဒါလည်း ဘယ်အလုပ်ခွင်မဆို လိုတယ်ဗျို့ …။
    ပေါင်းသင်းဆက်ဆံရေး မကောင်းလို့ကတော့ …။ ရူးချင်ရူး
    သေချင်သေ အဲ့လိုမှ မဖြစ်ရင် အနိုင်ကျင့်ခံရမယ် … ချောင်ထိုးခံရမယ်…
    နောက်ဆုံး စိတ်ပျက်လက်ပျက်နဲ့ အလုပ်ထွက်မိမယ်..။

    ၅-သွက်လက်လျင်မြန်ဖြတ်လတ်ရပါမယ်
    အလွန်သဘောတူ လက်ခံတဲ့အချက် ပါဗျာ…။
    Hi-Tech Sector ထဲ နေချင်ရင်တော့ ..(တခြား လုပ်ငန်းတွေထက်စာရင်)
    မြန်မှ ဗျို့ .. မြန်မှ …။ ငယ်တုန်းက PM စသင်တော့ မှတ်သားဖူးတာလေးပါ..။
    သံမဏိ လုပ်ငန်းမှာ အနှစ် ၂ဝ ဆိုတာ long term plan မဟုတ်သေးဘူး…
    အဲ .. project-based နဲ့ သွားနေတဲ့ IT လောကမှာတော့ ၁နှစ် ဆိုတာသည်ပင်လျှင်
    long term plan ပါတဲ့

    6-သင်တို့ဟာအဆင်ပြေစွာပြဿနာရှင်းနိုင်ရပါမယ်
    Procurement Management အပိုင်းရဲ့ Project Closure မှာ အလွန်တွေ့ရတဲ့
    ပြဿနာတွေလို့ ယူဆတယ်ဗျာ ..။ Project Contract သေချာ လုပ်လေ့မရှိတဲ့
    ကျုပ်တို့ ရွှေပြည်ကြီး အတွက် ရင်လေးမိတဲ့အပိုင် းလို့ ပြောရင် လွန်မလား မသိဘူး။
    Contract နဲ့ ကိုင်ပေါက်ကြတဲ့ ..အချစ်အခင်ပျက်ကြတဲ့ case တွေ အများကြီး
    တွေ့ဖူးထားတော့ … နည်းနည်းတော့ ရင်တုန်မိပါတယ်ဆြာရေ…။

    ၇-သင်ဟာစွယ်စုံလုပ်နိုင်ရပါမယ်
    ချွင်းချက် အနည်းငယ် ရှိပေမယ့် ထောက်ခံပါတယ်ဗျို့ ..။
    တခါတခါ Coding အရမ်းကောင်းတဲ့လူလည်း Design ပိုင်း လုပ်ရတတ်သလို
    Framework သိပ်ပိုင်တဲ့လူလည်း အလုပ်တောင်းဆိုမှုအရ Network ပိုင်း
    ထမ်းဆောင်ချင်ထမ်းဆောင်ရမယ် .. Database သမားလည်း သူနဲ့မဆိုင်တာ
    လုပ်ပေးချင် လုပ်ပေးရမယ်ပေါ့ဗျာ ..။ သူ့ အထက်ကလူက HR ဘယ်လောက်
    တတ်ကျွမ်းသလဲ ဘယ်လောက် လိမ္မာပါးနပ်သလဲ ဆိုတာနဲ့ ပဲ ..သွားတာပါပဲ..
    ကျွမ်းကျင်ရာ လိမ္မာတဲ့ နေရာမှာ များများ အသုံးချခံ (အခိုင်းခံ) ရရင်တော့
    Win-Win ပါပဲဗျို့…။

    ၈-သင်ဟာအဆင့်မြင့်နေရာတွေကိုမျော်မှန်းထားသူဖြစ်ရပါသလား
    သည်တချက်တော့ သိပ် လက်မခံချင်ဘူးဗျ…။
    အထက်မှာ ကျုပ်ရေးခဲ့သလို IT Company မှာ ဝင်တယ်ဆိုပါစို့..
    (တခြား Business Sector ထဲက Firm တခုခုမဟုတ်ဘဲ..)
    အဲ့သည့်က Career Map အရတော့ CEO လည်း ဖြစ်လို့ရတယ်..
    President လည်း ဖြစ်လို့ရတယ် မဟုတ်လားဗျာ..
    တခုတော့ ရှိတယ် .. IT သက်သက် နဲ့တော့ ထိပ်တက် ချင်လို့မရဘူး..
    ဥပမာဗျာ Coding ရေးတယ် …ရေးသက်ရလာတော့ Project Team ကို
    lead လုပ်ရမယ်။ အဲ့သည့်မှာ HR Skills လိုလာမယ် Basic Management Skills
    လိုလာမယ် Skills သက်သက်မဟုတ် Project Management နဲ့ ပါတ်သတ်ပြီး
    Knowledge Areas တွေလည်း တီးခေါက်နိုင်ရမယ် …။ Software Engineer
    ကနေပြီး အထက်ကို တက်မယ် ဆိုရင် လမ်းကွဲတွေ စတွေ့လာရမယ်ဗျို့…
    SE တွေရဲ့ အထက်က နေမယ့် PM(Project Manager) လုပ်မလား
    Consultancy ဘက်ကို ဇောင်းပေးတဲ့ Customer နဲ့ ပိုနီးတဲ့ position ကိုသွားမလား
    architecture ပိုင်း လိုက်စားမလား ..တခုခုပေါ့ ..။ သည်အဆင့်မှာတော့
    Business Knowledge & Skills လိုလာပြီဗျ..။
    အချုပ် ပြောရရင်တော့ …
    IT skills + Management Skills + Human Skills + Experience +Business Skills ဆိုရင်တော့
    အထက်ကို တက်နိုင်ပါကြောင်း။

    ၉-သင်ဟာနည်းပညာကိုမကြိုက်ဘူးလား
    ထောက်ခံပါတယ် ဗျို့…။

    ၁၀-သင်ရဲ့ဖုန်းကိုပိတ်ပြီးအိပ်တတ်သလား
    ဒါကတော့ ထိပ်ဆုံးမှာ ပြောတခဲ့သလို Service ဘက် မနီးရင်တော့…
    Sat, Sun သာသာယာယာ ဂေါက်ရိုက် ရေကူး နေနိုင်ပါကြောင်း…။
    😀

    ဗျို့ …
    သီဟပူရ က ကွန်းကွန်း တို့ ပိုင်ပိုင် တို့ရေ..
    ညည်းတို့ အမြင်လေး လည်း ကြားချင် နာချင်သေးရဲ့ဗျာ…
    😛

    တော်သေးဘီ
    ခင်တဲ့
    ဂီ

    • Inz@ghi

      September 4, 2012 at 7:45 am

      လက်မတချောင်း ထောင်ခဲ့ကြောင်း
      ပြောဖို့ မေ့သွားလို့ပါ ဗျို့ …
      😛
      စကားမစပ်
      Welcome to Mandalay Gazette !!!

  • ၂- သင်မှာဆက်လက်၍ပညာသင်လိုစိတ်ရှိခြင်း

    IT လို့ခေါ်တဲ့ နည်းပညာတွေကအမြဲအသစ်တွေထွက်နေတဲ့နယ်ပယ်ဖြစ်ပြီး အမြဲတမ်း ဆက်လက် လေ့လာ လို့မပြီးနိုင်သောပညာတွေကိုက သင်တို့တတွေကို အမြဲသစ်လွင်အောင်လေ့လာစည်းပူးနေမှရပါမယ်၊ ဆိုလို တာက သင်အမြဲမပြတ် အသစ် ထွက်ရှိသော နည်းပညာစာတွေ သတင်းတွေ တွေကို ဆက်လက်လေ့လာ သင်ယူဖတ်ရှု့နေရပါမယ်၊ သင်တန်း Workshop တွေတောက်လျှောက်တက်နေရပါတယ် နောက်ပြီး သင်ကိုယ်ပိုင် စာအုပ်ကိုလေ့လာဖတ်ရှု့ရပါမယ်၊ ဒါကြောင့် နည်းပညာရပ်နှင့်ပတ်သက်ပြီး ဘယ်လိုဘဲဖြစ်ဖြစ် သင်ဆက်လက်လေ့လာနေရမှရမဲ့နယ်ပယ်ဖြစ်ပါတယ်တဲ့၊

Leave a Reply