Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Mandalay gazette အလှူတော် နတ်လူသာဓုခေါ်စေသော်ဝ်…..(2.9.2012)

kotun winlattSeptember 2, 20125min62327

 

 

 

မနက်လင်းကတည်းက ကျနော် သွားရမည့် ခရီးအတွက် အစီအစဉ်မကျနမှာကို ရင်မောနေမိ၏။

ဘိလပ်မြေအိတ်နှင့် ၂ဝနှင့် ဖိုင်ဘာခုံ ၁ဝလုံးမှာ မနေ့ကတည်း ပို့ခိုင်းထားပြီးဖြစ်သဖြင့် စိတ်အေးနေရသော်လည်း ဗီရိုမှာ ယနေ့မှ ရမည်ဖြစ်သဖြင့် သုံးဘီးဆိုင်ကယ်ကို ဒီနေ့မနက်မှ

လာသယ်ရန်မှာထားရသည်။ ကျနော်တို့ အဖွဲ့မှာ မနက်ရှစ်နာရီတွင် ကူးဆိပ်ဘုန်းတော်ကြီးကျောင်း သို့သွားကြမည်ဖြစ်၏။ သွားကြရမည့် အကြောင်းမှာ mandalay gazatte

အွန်လိုင်းသုံးစွဲသူများအဖွဲ့မှ လှူဒါန်းသော ဗီရိုတစ်လုံး ဘိလပ်မြေ ၂ဝအိတ် ဖိုင်ဘာခုံ ၁ဝလုံးနှင့်အတူ ကျနော်တို့၏ one candle စေတနာရှင်လူငယ်များအဖွဲ့မှလည်း အမှိုက်ပုံးနှစ်လုံး

( အမှိုက်ပုံးငါးလုံးလှူရန် ဖြစ်သော်လည်း ရွာတွင် ရှာဝယ်ရာ နှစ်လုံးသာရရှိသဖြင့် နှစ်လုံးသာ လှူလိုက်ရခြင်းဖြစ်၏။) ခေါက်စားပွဲတစ်လုံးကို စစ်ကိုင်းတိုင်းဒေသကြီး

အင်းတော်မြို့နယ် မော်လူးဒေသ နမီးအုပ်စု ခေါင်တုန့်စည်ရွာ ဆောက်လုပ်ဆဲ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းလေးအတွက် ပေးအပ်လှူဒါန်းရန်ဖြစ်သည်။ ပထမအကြိမ်

အလှူပစ္စည်းများပေးအပ်ပွဲကိုလည်း ၃၀.၇.၂၀၁၂ ရက်နေ့ကလည်း ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။ ပထမအကြိမ်တွင် သွပ်ဆိုဒ်စုံ ၂၆၅ချပ်၊ သွပ်မှို(ဝါရှာပါ)(mandalay gazatte မှ

လှူဒါန်း)နှင့် ကျနော်တို့ one candle စေတနာရှင်လူငယ်များ အဖွဲ့မှလည်း သောက်ရေပုံး၅လုံး၊ သောက်ရေခွက်၁ဝလုံး၊ သင်ပုန်း၄ချပ်၊ အိမ်သာခွက်၃ခု၊ အိမ်သာဆေးဘရပ်

၃ခု၊ ရေစစ်၃ခုတို့ကို ပူးပေါင်းပါဝင်လှူဒါန်းနိုင် ခဲ့ပါသည်။ ဆောက်လက်စကျောင်းလေးကို အပြီးမသတ်နိုင်သေးသည့် ရွာသူ၊ရွာသားများမှာ ဝမ်းမြောက်ဝမ်းသာဖြစ်ရုံမက

မျက်ရည်ပင်ကျမိသည်အထိဖြစ်ရသည်ဟု ပြောကြားခဲ့ကြသည်။

ကျနော့်မှာလည်း ဝေးလံခေါင်သီသောဤရွာလေးအတွက် တတ်နိုင်သည့်ဘက်က ကူညီပေးရသဖြင့် ဝမ်းသာမဆုံးပင် နောက်ပြီး မိမိတို့ မရောက်ဘူးသည့်ဒေသမှ

မမြင်ဘူးသူများအတွက် စေတနာထက်သန်စွာလှူဒါန်းပေးကြသော mandalay gazatte မှ အလှူရှင်များကိုလည်း ကျေးဇူးအထူး တင်မိချေ၏။ ဒီနေ့မှာတော့ ဒုတိယအကြိမ်

အလှူပစ္စည်းပေးအပ်ပွဲကို ကျင်းပနိုင်ပြန်တော့မည်။ မနက် ရနာရီကျော်တော့ ဗီရိုသယ်ရန် သုံးဘီးဆိုင်ကယ်ရောက်လာသဖြင့် ကျနော်လိုက်သွားပြီး လက်သမားဆရာထံမှ ဗီရိုကို

သယ်ယူလာကာ ကူးဆိပ်ဘုန်းတော်ကြီးကျောင်းသို့ ပို့ခိုင်းလိုက်ရသည်။ အလှူပစ္စည်းများပေးအပ်ပွဲသို့ လိုက်ပါကြမည့်

ကျနော်တို့အဖွဲ့သားများလည်း နောက်မှလိုက်ပါသွားကြတော့သည်။ ကျနော့်မှာ နောက်ကျနေသောအဖွဲ့ဝင်များကို ဆိုင်ကယ်တစ်စီးဖြင့်

အိမ်အထိလိုက်ကာခေါ်နေရပြန်သည်။ ညောင်ပင်သာရွာမှ လိုက်ပါလိုသူများအတွက် သုံးဘီးတစ်စီးလွှတ်ပေးရန်တာဝန်ယူထားသော်လည်း သုံးဘီးမှာပျက်နေသဖြင့်

တစ်ချို့တစ်ဝက်သာ ဆိုင်ကယ်များနှင့်လိုက်ပါလာနိုင်ကြပေသည်။ one candle အဖွဲ့ဝင် အမျိုးသမီးများမှာ ကျနော့်ကို တစ်ယောက်တစ်ပေါက်ပြောနေကြတော့၏။ ကျနော့်မှာလည်း

မျက်နှာငယ်လေးဖြင့် တောင်းပန်းနေရတော့သည်။ သွားမည့်နေ့မှ သုံးဘီးကလည်းပျက်နေရလေခြင်းဟု တွေးမိတော့သည်။ ကူးဆိပ်ကျောင်းရောက်တော့ ပဲခူးရွာမှ အဖွဲ့ဝင်များ

မရောက်သေးသဖြင့် ကျနော့်မှာ လိုက်ခေါ်ပြန်သည်။ ဒါကိုပင် ကူးဆိပ်ဆရာတော်က လူအင်အားနည်းလှချည်လားဟု မိန့်နေသေး၏။ အလှူပစ္စည်းပေးအပ်ပွဲကို

ကူးဆိပ်ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ရခြင်းမှာ ကျနော်တို့အဖွဲ့အနေဖြင့် ဝေးလံလှသော ခေါင်တုန့်စည်ရွာကို မသွားရောက်နိုင်သည်က တစ်ကြောင်း စာသင်ကျောင်းလေးကို

တာဝန်ယူဆောက်လုပ်နေသည်မှာ ကူးဆိပ်ဘုန်းတော်ကြီး ဦးကာလိန္ဒဖြစ်နေသည်ကတစ်ကြောင်းမို့

ဒီကူးဆိပ်ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ရခြင်းပင်..။ ဆရာတော်နှင့်တိုင်ပင်ပြီး အခမ်းအနား အစီအစဉ်များကိုရေးဆွဲရ၏။ အစီအစဉ်မှူးအဖြစ်တော့ ကျူရှင်ဆရာ ဦးလှသိန်းကိုပင်

လုပ်ခိုင်းရသည်။

အစီအစဉ်တစ်အရ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အစီအစဉ်နှစ်အရ ဂုဏ်ပြုမှတ်တမ်းပေးအပ်၏။ အစီအစဉ်သုံးအရ ကူးဆိပ်ကျောင်းဆရာတော်က

ဝမ်းမြောက်ကြောင်းစကားမိန့်ကြားသည်။ အစီအစဉ်လေးအရ ဆရာတော်ကို ကန်တော့ကာ ရေစက်ချအမျှဝေပါသည်။ အမျှဝေပြီးသောအခါ အလှူပစ္စည်းပေးအပ်ပွဲသို့

လာရောက်ကြသူများအား ဆရာတော်က ထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံ၏။ ထမင်းစားနေရင်း ကျနော့်ညီငယ် စိုးမင်းထွန်းမှ “အစ်ကို..အစ်ကို..လှူတာကသူများ စားကြတာက

ကျနော်တို့..”ဟု ရယ်ကျဲကျဲပြောနေသေး၏။

ခေါင်တုန့်စည်မှ အလှူပစ္စည်းပေးအပ်ပွဲသို့ လာရောက်ကြသူများနှင့် ကျနော်တို့ စကားစမြည်များပြောကြသည်။ သူတို့ရွာလေးသို့ ကျနော်တို့အဖွဲ့ မိုးအကုန်ဆောင်းအကူးအချိန်တွင်

လာရောက်ကြရန် ဖိတ်ခေါ်နေကြချေသည်။ ကျနော်တို့မှာလည်း တောင်များပတ်လည်ဝိုင်းနေပြီး သာသာယာ

ကွင်ပြင်လေးများ၊ ရှေးဟောင်းစေတီပုထိုးလေးများရှိသည့် ခေါင်တုန့်စည်ရွာလေးကို မဖြစ်မနေလာရောက်မည့်အကြောင်း ကတိပေးရ၏။ အစီအစဉ်များပြီးဆုံး၍ ပြန်ကြသောအခါ

ကျနော်မှ ကူးဆိပ်ဘုန်းတော်ကြီးကျောင်းအဝင်ဝတွင် ဓာတ်ပုံရိုက်ကြရန် အကြံပြုသဖြင့် ဓာတ်ပုံရိုက်ကြရာ နေမှာပူလှသဖြင့် ကျောင်းလှေကားများမှာ ပူလွန်းနေသည်။

ကျနော်တို့အဖွဲ့ဝင်များမှာ မနက်ကတည်းက သုံးဘီးမလာသဖြင့် ကျနော်အပေါ် မကျေမနပ်ဖြစ်နေကြသည်မို့ ပို၍ ပို၍ ကောင်းချီးထောပနာ မေတ္တာပို့ကြလေတော့သည်။

ကျနော့်မှာလည်း အဖွဲ့သားများ၏ ပို့သသော မေတ္တာများကိုခံယူကာ….မြိုင်ရာဇာတွတ်ပီ၏ စကားကိုခဏငှားသုံးကာ…“ဪ..ဒီနေ့ ကံမကောင်းပါလား….”ဟုဆိုကာ အိမ်ပြန်ခရီးကို

စတင်လိုက်ပါတော့သည်…။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ……

(T.W.L)

27 comments

  • kotun winlatt

    September 2, 2012 at 3:44 pm

    နှေးလွန်းတဲ့ကိုးနတ်ရှင်ကို အံတု…
    စိတ်လေးကို ရှည်ရှည်ထားးးး
    စောင့်နေစောင့်စားနဲ့ တင်လိုက်တာ..
    ပုံလေးဆယ်ပုံကျော်ကို နှစ်နာရီကျော်ကြာသွားတယ်ဆို ယုံကြမလား….
    ဪ…..ပြီးသွားတော့မှ..ဟူးးးးခနဲ..သက်ပြင်းးချ
    သာဓု…သာဓု…သာဓု…ပါ..ကိုးနတ်ရှင်ကြီးရေ….
    ပြီးတော့..အလှူရှင်များအား ခေါင်တုန့်စည်ရွာသားများကိုယ်စား
    ကျနော်မှ ကျေးဇူးအထူးတင်ရှိပါကြောင်း ထပ်လောင်းပြောပါရစေ….။

  • may flowers

    September 2, 2012 at 3:59 pm

    အလှုလည်းခံတယ် မကြားမိပါလား ကြိတ်လှုကြတာလားဟင်…မလှုလိုက်ရတာ စိတ်မကောင်းဘူး။

    • kotun winlatt

      September 2, 2012 at 4:14 pm

      ဟုတ်တယ်ခင်ဗျ…. အရင်တစ်ခေါက်..ရခိုင်သွေးချင်းအလှူထဲကနေ ဖဲ့ပြီးလှူတာပါ.. အဲ့တာကို ကိုထူးဆန်းကြီးက လိုနေတာလေးတွေကို ထပ်ဖြည့်ပေးတာပါခင်ဗျာ..ဒါကြောင့်ပါ…..

    • ကထူးဆန်း

      September 4, 2012 at 10:40 am

      မမေဖလားဝါး တို့ လှုထားတဲ့ ငွေ နောက်ဆက်တွဲပါ ။ ဒါကြောင့် ဂေဇက်ရွာသူ ရွာသားအားလုံးရဲ့ ကောင်းမှု့ပါ ။

  • YE YINT HLAING

    September 2, 2012 at 4:00 pm

    အေးဗျ နေပူပူ ဖိနပ်ချွတ်ပြီး ကျောင်းေ.ရှရပ်ပြီး ဓာတ်ပုံရိုက်ရတာဆိုတော့ ညာဘက် အစွန်က တစ်ယောက် ခြေဖျားလေးတွေ ထောင်လို့ ! ကိုထွန်းဝင်းလတ် ကြီးလည်း အလှူအတွက် သွားလိုက်လာလိုက် နဲ့ ပင်ပန်းရောပေါ့ ! တကယ်လိုအပ် တဲ့ နေရာတွေ အတွက် စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး ကြိုးစားဆောင်ရွက်နေတဲ့ လူပျိုကြီး မိန်းမ ချောချောရပြီး ထီဆုကြီးပေါက်လို့ ကံကောင်းခြင်းတွေ တလုံးတရင်း စုပြုံ ရောက်ရှိ ရရှိနိုင်ပါစေဗျာ ! အလှူ အတွက်လည်း သာဓု ခေါ်ပါတယ်ဗျာ ! ဒီထက် ပိုပြီး အများအကျိုး ဆောင်ရွက်နိုင်ပါစေဗျာ!

    • kotun winlatt

      September 2, 2012 at 4:16 pm

      အဟီးးး ဟုတ်ပါ့ဗျာ..ဒီနေ့တစ်လုံး ကျနော် အလွဲတွေပဲ လုပ်နေမိတယ်…
      မနက်ကတည်းကလွဲနေတာ အခုထိလွဲနေတုန်းပဲ…
      ဒါကြောင့်..“ ဒီနေ့ ကံမကောင်းပါလားးးးပေါ့…”
      အဟိ…ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်…

  • ကိုခင်ခ

    September 2, 2012 at 4:31 pm

    ဝမ်းမြောက်စွာနဲ့ ဖတ်သွားရင်း သာဓုခေါ်လိုက်မယ်ဗျာ။
    သာဓု သာဓု သာဓု။

  • ko win

    September 2, 2012 at 6:00 pm

    သာဓု၊ သာဓု၊ သာဓုပါဗျာ။
    postတင်ပေးတဲ့ ကိုထွန်းဝင်းလတ်ကိုလည်း ကျေးကျူးပါနော။

  • ကိုရင်စည်သူ

    September 2, 2012 at 6:59 pm

    သာဓုပါဗျာ.. ကိုထွန်းဝင်လတ်…
    လူပျိုကြီး ဒီလိုဒါနတွေကြောင့်
    စော်ကြည် ထီပေါက် နတ်ပြည်ရောက်
    အလုပ်မလုပ်ပဲ များများလှူနိုင်ပါစေနော့.. 🙂 🙂

  • ဦးဦးပါလေရာ

    September 2, 2012 at 7:01 pm

    မင်္ဂလာရှိတဲ့အလှူကိုလဲ သာဓုခေါ်ပါတယ်။
    ကိုထွန်းဝင်းလတ်ကိုလဲ ချီးကျူးကျေးဇူးတင်ပါတယ်။
    ပြီးတော့ လက်တွေ့ တကယ် အလုပ်ဖြစ်တဲ့ မန်းဂဇက်ရွာသားဖြစ်ရတာလဲ ဂုဏ်ယူပါတယ်။

  • မာလိန်မှုူး

    September 2, 2012 at 7:22 pm

    အားကျမိပါတယ် အလှုူရှင်များရယ် ။

  • Inz@ghi

    September 3, 2012 at 8:21 pm

    သာဓုပါ အစ်ကိုရေ

    မပါရင် မပူးပေါင်းဖြစ်ပေမယ့်
    ပီတိ တချိုးတဖဲ့ကိုတော့ဖြင့်. သုံးဆောင်ခွင့်ပြုပါဗျို့

    နောက်ထပ်နောက်ထပ်လည်း ရှေ့ဆက်နိုင်ပါစေလို့ ဆန္ဒပြုရင်း

    တော်သေးပြီ
    ခင်တဲ့
    ဂီ

  • ဝူးဝါး ဝူးဝါး

    September 3, 2012 at 9:47 pm

    ဒီလိုမျိုး ဝမ်းသာစရာ သဒ္ဒါထက်သန်မှုတွေကြောင့်မို ့ မန်းတလေးဂေဇက် နာမည်ကျော်ကြားရသည်။

  • ကြောင်ကြီး

    September 4, 2012 at 10:41 am

    အလှူတော်
    တူပျော်
    လူဇော်
    ကြူသနော်
    ဖြူစော်
    ခြူအော်
    ယူကျော်
    သူမော်…။

  • ကထူးဆန်း

    September 4, 2012 at 10:56 am

    ကျေးဇူးတင်ပါတယ်ကိုထွန်းဝင်းလတ်ရေ ..
    မန်းဂဇက် ဒေါင်းသွားတာရယ် ။ ကျွန်တော့် ကိုးနက်ရှင် မကောင်းတာရယ်နဲ့ ပြန်မရေးဖြစ်တာ ခွင့်လွှတ်ပါဗျာ။
    အပင်ပန်းခံ ဆောင်ရွက်ပေးမှု့ အတွက် မန်းဂဇက် ရွာသူရွာသားများ အားလုံးကိုယ်စား လည်း ကျေး ဇူးတင်ပါတယ်ခင်ဗျာ ။
    ဒီရက်ပိုင်း ရွာကို အတိုက်အခိုက်ခံရတာကြောင့် မဝင်နိုင်ကြ စိုးရိမ်နေကြပါတယ် ။
    ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်မမြင်ဘူး ကြပေမဲ့ ဒီလို အလှုမျိုး ဖြစ်လာတာဟာ မန်းဂဇက် ကောင်းမှု့ကြောင့် ပါ ။
    မန်းဂဇက်လည်း ဆက်လက် ခို်င်ခို်င်မြဲမြဲ ရပ်တည်နိုင်ပါစေလို့လည်း တစ်ဘက်ကဆုတောင်းရင်း ကိုထွန်းဝင်းလတ်တို့ 0ne Candle အဖွဲ့ လည်း ရပ်ရွာကောင်းကျိုး ပိုမို သယ်ပိုးနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ် ဗျာ ။

  • ahnyartamar

    September 4, 2012 at 2:41 pm

    သာဓု၊ သာဓု၊ သာဓု။

  • mayjuly

    September 4, 2012 at 3:14 pm

    သာဓုပါ…နောက်ထပ်နောက်ထပ် အလှူများကိုလည်း စောင့်မျှော်ကြိုဆိုလျှက် …….

  • moonpoem

    September 4, 2012 at 4:43 pm

    အလှူတွေလုပ်ရင် ပါဝင်ချင်ပါတယ်။ ရန်ကုန်နေ မန်းဂေဇက် အဖွဲ ့ဝင်များတို ့၊ပြည်ပရောက် မန်းဂေဇက်အဖွဲ ့ဝင်များ စသဖြင့် ဝိုင်းဝန်းကြပြီးလိုအပ်တဲ့ နေရာလေးတွေမှာ လှူဒါန်းကြရင် ကောင်းမယ်လို ့ထင်ပါတယ်။ အခု ဒီအလှူကို သာဓုခေါ်ပါတယ်ရှင်။

  • ဦး ဂျစ်

    September 4, 2012 at 4:54 pm

    အော်.. ကျုပ်တို့ရဲ့ မန်းဂေဇက်ကြီး ကောင်းမှုတွေ ပြုနေလျက်ကယ်နဲ့ဖြစ်မှ ဖြစ်ရလေတယ် ..
    အထင်အမြင်တွေ မမှားကြပါနဲ့ အမျိုးကောင်းသားတို့ရယ် …
    ကျုပ်တို့မလဲ ဂဇက် သတင်းလေးများ မဖတ်ရရင် နေမထိ ထိုင်မသာဖြစ်ရလို့ပါ …
    တောင်းပန်ပါ၏ …. တောင်းပန်၏ ….။

  • မောင်သုည

    September 4, 2012 at 6:58 pm

    မင်္ဂလာရှိသော သတင်းပါပဲ…သာဓု၊သာဓု၊သာဓု မန်းဂဇက်ရဲ့အစဉ်လှပနေသော စေတနာတွေပါပဲလို့ သတ်မှတ်မိပါတယ်…
    နောက်ထပ်နောက်ထပ်တွေလဲ အတူတကွအမြဲတမ်းလှူတန်းနိုင်ပါစေလို့ ဆုတောင်းမိပါတယ်…
    သူကြီးရဲ့ ရွာကြီးကိုလည်း အတိုက်အခိုက်တွေမှ လွှတ်ငြိမ်းအောင် ပိုင်ရာဆိုင်ရာတွေနဲ့ပူဇော်ပသမူတွေလုပ်ကြပါအုံးဗျို့…

  • မောင်ပေ

    September 4, 2012 at 7:38 pm

    သာဓု သာဓု သာဓု ပါ ဗျား
    ဝမ်းမြောက်ဝမ်းသာ ခေါ်ဆိုပါတယ်
    ကျောင်းဆရာလဲ အမြန်ဆုံး ထောင်ကျပါစေ … အိမ်ထောင် ကို ပြောတာပါ ဟီဟိ

  • kai

    September 5, 2012 at 12:26 pm

    ရခိုင်သွေးချင်းတွေအတွက်.. အလှူနဲ့.. အခုအလှူတို့နဲ့ သက်ဆိုင်တဲ့.. ဓါတ်ပုံတပုံစီရယ်.. ဓါတ်ပုံအောက်က.. သတင်းတိုလေးတွေရယ် မန္တလေးဂဇက်ဆီ.. .. ပို့ပေးပါလားခင်ဗျား..
    သတင်းစာထဲ.. ထည့်မလို့ပါ..။
    kai@myanmargazette.net

  • Novy

    September 5, 2012 at 1:58 pm

    ကိုထွန်းဝင်းလတ်ရေ ..
    သာဓုသုံးကြိမ်ခေါ်သွားပါတယ်ရှင်….

  • char too lan

    September 5, 2012 at 3:12 pm

    သာဓု သာဓု သာဓု ပါခင်ဗျာ……

  • အမွန်

    September 5, 2012 at 4:20 pm

    သာဓုုပါရှင်..သာဓု…သာဓု..
    ဝမ်းမြောက်ဝမ်းသာစွာ သာဓုခေါ်မိပါတယ်…အမှန်တကယ် လိုအပ်နေတဲ့ နေရာကို အပင်ပန်းခံ သွားရောက်လှူဒါန်းနိုင်ခဲ့တဲ့အတွက်လည်း ချီးကျူးဂုဏ်ယူမိပါတယ်…

    ဒီထက်မက ပိုပြီးလှူနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်ရှင်…

  • kotun winlatt

    September 6, 2012 at 11:35 am

    လာရောက် အားပေးကြသူတွေ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ..
    ဂေဇက်ကြီး အဟတ်ခံရပီး ကျနော့် အကောင့် လော့အင်ဝင်မရဖြစ်နေတဲ့အတွက်
    အလွန်ပဲ စိတ်မကောင်းဖြစ်သွားမိပါတယ်…ဒါကြောင့် ကျနော်၏ ယခမောက်လောင်းကို
    အကူအညီတောင်းပြီး ဖြေရှင်းပြီး သကာလ ရွာထဲသို့ ဝင်၍ရသွားပါသည်။
    အားလုံးကို ကျေးဇူးတင်ပါသည်…။

Leave a Reply