ရုရှပြန် ဗို်လ်ကြီးအကြောင်း
ရုရှက ဗိုလ်ကြီးတွေကို သနားမိတယ်။ သူတို ့အဖေနဲ ့အမေက ငါ့သားလေး ဗိုလ်ကြီးဖြစ်ပြီ…နိုင်ငံခြားမှာ ပညာတော်သင်လည်း သွားရတယ်လို ့ဆိုပြီး ဂုဏ်ယူတယ်။ သုံးလေးနှစ်လောက် မာစတာလည်းပြီးရော တာဝန်ကျရာ တပ်ကို သွားရကော…။
ကာကွယ်ရေး ဦးစီးချုပ်ဆိုတဲ့လူက ဗိုက်ပူကြီးကို ပွတ်ပြီး…အဲယားကွန်းအခန်းထဲမှာ ဟို လူ ့ညွန်ကြား ဒိလူ ့ညွန်ကြားနဲ ့။ သူ အီးပါရင်တောင် တစ်ရှုးနဲ ့အီးကုန်းပေးဖို ့ရဲဘော်က အဆင်သင့်။
ရုရှက ပြန်လာတဲ့
ကချင်လည်းရောက်ရော…အေအိုင်အိုက တစ်ချက်ပဲပစ်တယ်။ ဒီမှာတင် ရုရှက ဗိုလ်ကြီးလည်း မသာဘယ်ဈေးမှန်းတောင်မသိဘူး။ ရှောပဲ။
သူလည်းသေရော ဦးစီးချုပ်က သင်သည်တပ်မတော်နဲ ့လုံးဝ မဆိုင်ကြောင်း ပြန်တမ်းရေးလိုက်တယ်။ ထွက်ပေါ့။
အမေနဲ ့အဖေက ငယ်ငယ်လေးကတည်းက ပြုစုလာတာ။ ရုရှရောက်တဲ့အထိ။ ငွေတွေလည်း ကုန်သလို ဘဝတွေလည်းကုန်တယ်။
အခုတော့ အရည်မရအဖတ်မရ သေရကော။
တပ်ရင်းကင်းမှာ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါရဲ ့တပ်မတော်အတွက် ငါရဲ ့အသက်ကို စွန် ့လွှတ်တာလို ့ဆို/ရတယ်။ ဗိုလ်ကြီးလည်း ဘယ်သူ ့အတွက် စွန် ့လွတ်ရမှန်းမသိ ကချင်ဘက်မှာ လျှောသွားတယ်။
သူသေတော့ သတိ္တနည်းနည်းကောင်းတယ်လို ့ဆိုတယ်။ အဲဒါကို အထက်က ဗိုလ်မှုးက ရီကွန်မန်းပေးတယ်။ ဒါနဲ ့တပ်ရင်းပိုင်တဲ့ ပန်းပဲမှာ သူရဘွဲ ့ဆိုပြီး ကြည်ဆံအခွံနဲ ့ကျိူပြီးပုံလောင်းတယ်။ ဒီကြေးပြားကြီးကို ကျနော့်သူငယ်ချင်းကို ရုရှပြန်ဗိုလ်ကြီးကို နိုင်ငံတော်က သူရဘွဲ ့ဆိုပြီး ချီးမြင့်တယ်။
မယုံ/ရင် အဲဒိကြေးပြားကြီးကို သူရဦးရွှေမန်ရဲ ့ရင်ဘတ်မှာ ကြည့်။ ရောင်းစား/ရင် အရက်တစ်လုံးဖိုးတောင်မရဘူး။
ဒီအပြားကြီးက ကိုယ့်အချင်းချင်း သတ်လို ့ရတာကို ပန်းပဲဖိုမှာ ထုပြီးပေးတာ။ တန်ဖိုး ရှိလား မရှိလားတော့မသိဘူး။
ဗီယမ်နမ်မှာ အမေရိကန်တပ်တွေတိုက်တုံးက ရဲဘော်တွေသေတော့ ကျန်ရစ်သူမိသားစုတွေက အစိုရကိုဆန် ့ကျင်ဆန္ဒပြတယ်။ ပြတဲ့လူက များတော့ အစိုးရကလည်း ဗီယမ်နမ်စစ်ကို မတိုက်တော့ဘူး။ အခုလည်း မြန်မာနိုင်ငံက ကျန်ရစ်သူ မိသားစုဝင်တွေကော အကျိူးအပြတ်တွေကော ပြည်တွင်းစစ်ကို ရပ်ဖို ့ဆန္ဒပြပါတော့မယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ခံ/ရတဲ့ ကာယကံရှင်တွေလုပ်တာက ပိုလို ့ ရင်ခုန်စေတယ်။ ခံစားမှု ့အားကောင်းသလို အာဏာပိုင်တွေရဲ ့မျက်ဝန်းက ပုလဲတွေကိုတောင် ခ စေနိုင်တယ်။ သူတို ့သာလျှင်အဓိကဖြစ်တယ်။ ဘာမဆိုင်ညာမဆိုင် ၈၈-နဲ ့မဆိုင်ဘူး။
ခုနက ဗိုလ်ကြီးနဲ ့ကချင်တိုက်တော့ သေလိုက်တာအများကြီးပဲ။ ဘေးနားက တရုပ်ကြီးက မြန်မာမကို သူ ့ဗိုက်ပေါ်မှာတင်ပြီး ကချင်နဲ ့ဗိုလ်ကြီးတိုက်ပွဲကို အောကားကြည့်သလို အရသာခံတယ်။ ကချင်စစ်သားက အာပီဂျေနဲ ့တစ်ချက်ပဲပစ်တယ်။ မြန်မာစစ်သားအယောက် ခုနှစ်ဆယ်လောက် ရှောတယ်။
ဒါကိုမြင်တဲ့ တရုတ်ကပြောတယ်…
အားကြီးကောင်းတယ်။ အားကြီးကောင်းတယ်တဲ့။ ဒါ့ကြောင့် တရုတ်ကြီးက ယန်ယန်ခေါက်ဆွဲခြောက်တွေကို ဝေမျှတယ်။ဆုပေးတာလို ့မပြောဘူး။ သနားလို ့ပေးတာ။ ကူညီတာပေါ့။ခေါက်ဆွဲတွေကို နှစ်ဘက်လုံးက ရတယ်။ ဒီခေါက်ဆွဲကိုစားပြီး ဗိုလ်ကြီးနဲ ့ကချင်တို ့ပြန်ချပြန်ကော။
ဒိုင်း…ဒိုင်း…ဖောင်းဖောင်း…ဂျိမ်းဂွမ်း ဂျိန်းဂွမ်း။
ကံဆိုးစွာနဲ ့ရုရှပြန် ကျနော့်ဗိုလ်ကြီးဆုံးတယ်။ ဒါကို တိုုက်ပွဲ ကျတယ်လို ့ခေါ်တယ်။ သုံးနှစ်လောက် ရုရှမှာ ဒုက္ခခံပြီး သင်လာတဲ့ပညာတွေ။ ငယ်သေးတဲ့ ဘဝတွေ….ထိပ်ဖူးနဲ ့မိတော့ သနားတယ်ပဲပြောတယ်။ ဘာမှ ကိုအဖတ်မတင်ဘူး။
ကချင်ဘက်ကလည်း ကျည်ဆံပဲကုန်တယ်။ ရွာသွားတွေ ထမင်းငတ်တယ်။
တရုတ်ကြီးက ကြည့်လို ့ကောင်းတယ်လို ့ဆိုတယ်။ သေသွားတဲ့ ဗိုလ်ကြီးကို ကျွန်းပင်ခြေရင်းမှာ ဦးစီးချုပ်အမိန် ့နဲ ့သင်သွားလိုရာ သွားနိုင်ပြီဆိုပြီး အမိန် ့ချတယ်။ အခု…အဲဒိကျွန်းပင်ကြီးကို တရုတ်က ဝယ်လိုက်ပြီ။
ငါတို ့သည် နိုင်ငံတော်နဲ ့နိုင်ငံသားတို ့ရဲ ့သစ္စာကို စောင့်သိရိုသေပါအုံးမည်။
ဘုန်းကျော်
ဆက်ရန်-
10 comments
Wow
September 7, 2012 at 9:40 am
ဆက်ရေး ကဘုန်းကျော်ရေ…
ကောင်းမိကောင်းရက်နဲ့ တချီတချီ ထမဖေါက်နဲ့နော် 😛
P chogyi
September 7, 2012 at 10:42 am
အမိန့်ပြန်တမ်းက
ဦးစီးချုပ်တောင်မလိုပါဘူး၊ မသိပါဘူး။
တပ်ရင်းမှူးအမိန့်နဲ့တင်ရတယ်။
kyeemite
September 7, 2012 at 11:04 am
ဟုတ်ပါ၏
ကိုယ့်အချင်းချင်းတိုက်လာခဲ့တာကြာပါပကောဗျာ
လူတွေသေ စစ်စရိတ်တွေကုန်…နဲမှမနဲတာ..
အမှန်ပါပဲ..တရုတ်ကြီးကတော့ နှစ်ဖက်လုံးကိုလက်နက်ရောင်းပီး
နိုင်ငံ့ သယံဇာတတွေ ဝယ်လို့တစ်မျိုး၊ ခိုးလို့တစ်ဖုံ
ယူနေခဲ့တာ ခုတော့ကုန်ပါရောလား..
Shwe Ei
September 7, 2012 at 1:41 pm
ရုရှားပြန်ဗိုလ်ကြီးက အမိမြေကိုကာကွယ်ဖို့တိုက်ရင် ကေအိုင်အိုက
ဘာကိုကာကွယ်ဖို့တိုက်တာတဲ့လဲ ကဖုန်းကျော်။
phone_kyaw
September 7, 2012 at 2:27 pm
ကေအိုင်အိုလည်း သူ ့အမိမြေဖြစ်တဲ့ ကချင်ပြည်နယ်ကို ကာကွယ်တာလေ
မိုက်ကယ်ဂျော်နီအောင်ပု
September 7, 2012 at 9:25 pm
ဘယ်သူနဲ့မှမတူအောင်ပြောရမယ်ဆိုရင်တော့
မြန်မာနိုင်ငံဆိုတာရယ်
တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာရယ်
ဒီမိုကရေစီ ဆိုတာရယ်ကို လင့်တွေ ဒါမှမဟုတ်
သဘောတွေကို ရေးဘို့ တိုက်တွန်းပါတယ် မောင်ဖုန်းကျော်ရေ
ယနေ့ မြန်မာပြည်အတွင်းမှာ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားနယ်မြေပိုင်ဆိုင်မှု့ ဆိုတာ
ဘယ်လောက်အရေးကြီးသလဲ သိမယ်လို့ ယုံကြည်မိဘာရဲ့
ko zin yaw
September 7, 2012 at 2:35 pm
ကို့နိုင်အတွက်အသက်ကိုပေးရတာဂုဏ်ယူဖို့ကောင်းပါတယ်
မောင်ပေ
September 7, 2012 at 3:45 pm
သူ့ဘက် ကိုယ့်ဘက် ကြည့်ရင်
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး ဆိုတာ မှန်တာကလား
hein htet
September 7, 2012 at 5:44 pm
ရှင်း ရှင်း မန် ့ရရင် ခင်ဗျား ကြီး ကို တခါ တခါ တော်တော် သောက်မြင် ကပ်တယ်ဗျာ
aanyar thar
September 10, 2012 at 8:33 pm
ဒီလို..ပိုစ်မျိုးကျ..အားပေးပါ့ဗျာ……..ရေးပါ..လူငယ်တစ်ယောက်အနေနဲ့…လေးစားပါတယ်…(..ဒါပေမ့ယ့် တစ်ခါခါ..ထထ..ဖောက်တာကခက်တယ်….လူဇိုး…)