Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အကုန် ဖမ်းချုပ်ကွာ တရားစွဲပစ်မယ် justice

အကျွန်ုပ်ကြောင်ကြီး ဤနေရာမှ တရားဝင် ကြေငြာသည်၊ မြန်မာပြည် စစ်အုပ်ချုပ်ရေးအဖွဲ့ အဆက်ဆက်နှင့် ပတ်သက်နေသော စစ်ဗိုလ်ဂျီး၊ သေး၊ ဟောင်း၊ သစ်များအားလုံးကို ဥပဒေချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ နှိပ်စက်ညှင်းပန်းမှု၊ မျိုးတုံးသတ်ဖြတ်မှု တို့ဖြင့် တရားစီရင် အပြစ်ပေးရန် တောင်းဆိုမည်ဖြစ်သည်။ ၁၉၆၂ခုနှစ် မှစ၍ နိုင်ငံဒေါ်အစိုးမရ အဆက်ဆက် မသမာသူများ လက်ချက်ဖြင့် အိမ်မွေးကြောင် ထောင်ပေါင်းများစွာ ဟင်းစားခံရမှု၊ အပြစ်မဲ့ ကြောင်ပေါင်းများစွာ ခွေးဆိုးများ ကိုက်သတ်ခံရမှု၊ ပြာသိုလ၏ သာယာနာပျော်ဖွယ် ကြောင်အော်သံအား နားငြီးသည်ဆိုကာ ခဲပေါက်နှောက်ယှက်ခံရမှု၊ ဟင်းအိုးအဖုံး ကြောင်အိမ်တံခါး လုံခြုံစွာ မပိတ်ဘဲ ကြောင်ခိုးစားသည်ဟု အသရေဖျက်မှု၊ အိမ်တွင် ငှက်၊ ငါးအလှမွေးပြီး ကြောင်များ ပြစ်မှုကျူးလွန်ရန် ဖြားယောင်းသွေးဆောင်မှု၊ ကန်ထရိုက်တိုက်တွင် ကြောင်မွေးပြီး အပြင်ထွက်ခွင့် ပိတ်ပင်မှု၊ အိမ်မွေးကြောင် အတင်းအဓမ္မ ကြွက်ခုတ်ခိုင်းစေမှု တို့ဖြင့် အရေးယူရန် ရုံးဒေါ်သို့ တင်ပြမည်။ ထို့ပြင် တရုတ်ကူမြူနစ်ကေဒါ ကြေးမုံဂျီးနှင့် တရုတ်ထောက်လှမ်းရေး ခရစ်စတယ်ယ်လိုင်းအမျိုး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ကြောင်ဖမ်းချီအားလည်း တရုတ်ပြည်သို့ ကြောင်မျိုးနွယ် တောရိုင်းတိရိစာ္ဆန်များအား ဥပဒေမဲ့ မှောင်ခိုတင်ပို့မှု ကြံရာပါတဦးအနေဖြင့် အမှုဖွင့်ရန်ရှိပေသည်။

နင့်ပါးစပ် ပိတ်ထားစမ်း…

သို့ဖြစ်ပါ၍ ခေတ်အဆက်ဆက် စစ်အာဏာရှင်များ ပြုသမျှ နုရ ခေါင်းငုံခံခဲ့ရသော ကြောင်ကြီး ကြောင်လေး ကြောင်လတ် ကြောင်ဝ ကြောင်ပိန် ကြောင်စုတ် ကြောင်ချုပ် ကြောင်စုန်း ကြောင်ကုန်း အပေါင်းတို့နှင့်တကွ ၎င်းတို့ကိုယ်စား အမှန်တရား တောင်းဆိုလိုသူများအနေဖြင့် မိမိတို့ နစ်နာချက်၊ ခံစားချက်များကို စာဖြင့်တမျိုး၊ အီးမေးလ်းဖြင့်တသွယ်၊ လူကိုယ်တိုင်တဖုံ ပြာသိုလဆန်းတရက်နေ့ နောက်ဆုံးထား၍ ကြောင်အရိုးတွန်သံ ကြွက်ကြွက်ညံ ကော်မရှင်သို့ အချိန်မှီ တင်ပြစေလိုပါသည်။ (မှတ်ချက်။ ပြာသိုလ တလလုံး ကော်မရှင်အဖွဲ့ရုံး ပိတ်ထားမည်ဖြစ်ပြီး နောက်လတွင် ဆက်လက်ဆောင်ရွက်မည်) ပြည်တွင်း ပြည်ပ တိုင်ကြားလိုသူများအား အထူးမေတ္တာရပ်ခံလိုသည်မှာ ကြောင်သားဟင်းနှင့် တွဲဖက်ရောင်းချသော ဆေးခြောက်၊ အရက်ကစော် ဘီယာ သားမွှေးထည် ရောင်းဝယ်ဖောက်ကားသူများကိုသာ ဘေးကင်းရန်ကွာ နိုင်ရာဖိမထောင်းဘဲ ကြောင်မျိုးပြုတ်ရန် အဓိက တာဝန်ရှိသူ စစ်အာဏာရှင် လက်သစ်လက်ဟောင်းများ၊ လက်မရွံ့ ပါးကွက်အာဏာသားများကိုလည်း ရဲရဲဝံ့ဝံ့ ကျွန်ုကဲ့သို့ ဝိုင်းဝန်းထောက်ပြ တိုင်ချက်ဖွင့် စေလိုကြောင်း ကော်မရှင်အဖွဲ့ကိုယ်စား အသိပေးနှိုးဆော် အပ်ပါသည်။
ကြောင်အရိုးတွန်သံ ကြွက်ကြွက်ညံ အမှန်တရား ဖော်ထုတ်ရေး ကော်မရှင် ဥက္ကဌကြီး ဦးအောင်ကြူး
ဒိုင်နိုစော၊ ဂေါ်ဇီလာ၊ ကင်းကောင်တို့၏ အရှင်သခင်၊ ဂဠုန်နှင့်နဂါးပျံချီ ကြောင်မင်းရာဇာ ဘွဲ့တံဆိပ်ရ
(ငှက်ကထဂျီး၊ အုတ်ကထဂျီး လုံးဝ (လုံးဝ) မဟုတ်ပါ၊ ပြောလျင် အသရေဖျက်မှုဖြင့် ထောင်ချပစ်မည်)

13 comments

  • Wow

    September 7, 2012 at 9:44 am

    ကော်မရှင်က ဘာလို့ ပြာသိုလ ပိတ်တာလဲ ဟင်င်င်…. 😛

  • ရွှေ ကြည်

    September 7, 2012 at 10:03 am

    အုတ်ကထဂျီး အဲလေ သွားပါပြီမှားခေါ်မိပြီ မွှားလို့နော်ချိတ်မချိုးပါနဲ့ ဂဠုန်နှင့်နဂါးပျံချီ ကြောင်မင်းရာဇာ 😀
    ကြောင်အရိုးတွန်သံ ကြွက်ကြွက်ညံ ကော်မရှင်ကိုအခုလိုရည်ရွယ်ချက်ကောင်းကောင်းနဲ့ဖွဲ့စည်းထားပြီး
    ကြောင်မျိုးကြောင်နွယ်အားလုံးအတွက်ဆောင်ရွက်နေမှု အဓွန့်ရှည်တည်တံ့ပါစေ။

  • pooch

    September 7, 2012 at 10:09 am

    သူပြောမှပဲ ကြောင်အရိုးတွန်သံ ကြွက်ကြွက်ညံရတယ်လို့ အံ့ရော အံ့ရော 😀

  • P chogyi

    September 7, 2012 at 10:33 am

    လုပ်ကြပါဦး
    ဦးကြောင်ကြီး တိုင်စာပုံအောက်မှာ ပိနေလို့ ကူညီကြပါဦး
    သူ့ပုံစံကြည့်ရတာလည်း တိုင်စာတွေဖတ်ရတာများပြီး
    ဂေါက်သွားပုံရတယ်။ ဟီ ဟိ

  • kyeemite

    September 7, 2012 at 10:47 am

    ငှက်ကထဂျီး
    တစ်ချက်ထတီး
    လက်စမပီး
    အရှက်ရသဂျီး..(ခရက်ဒစ်တူ ကိုကြောင်ဂျီး) 😀

  • မောင်ပေ

    September 7, 2012 at 10:55 am

    ပြာသိုလ
    နှာစိုထ
    ဘာမဆိုလှ
    တာတိုမှ
    ကညာပျိုရ

  • surmi

    September 7, 2012 at 11:32 am

    တိုင်မယ်ဆိုရင် ကွန်တိန်နာကားပါတိုင်ရမယ်
    မနေ ့ကဘဘကြောင်တစ်ကောင်ကို ကားကြိတ်သွားလို ့

  • kotun winlatt

    September 7, 2012 at 11:39 am

    ဟိုက်…..ဖလားးးးးးဖလားးးးးး
    ကျုပ်တော့ မပါဘူးးနော်…
    တောမှာပဲ အေးးအေးးးနေပါရစေလားးးဗျာ….
    အဟိ….ပြေးဘီ…ဒက်ဂလောက်…ဒက်ဂလောက်…

  • Crystalline

    September 7, 2012 at 1:29 pm

    ဦးကြောင်က သူ့အမျိုးတွေဆိုးတာကိုတော့ မပြောဘူး..ဘဘကြီးအတိုင်းပဲ.. အထက်ကဖေါ်ပြထားတဲ့ အချက်တွေအပြင် သူများအိမ်မှာ ပုဇွန်ခြောက်လှမ်းထားတာလာခိုးစားတယ်.. ဗန်းတိုက်ချလိုက်လို့မှောက် တယ်.. လူရှေ့မရှောင် သူများအိမ်ရှေ့အပြာကားလာရိုက်တယ်.. အိမ်ထဲကျော်ဝင်ပြီး သေးပန်းခဲ့တယ်.. အန်ခဲ့တယ်. အဲဒါတွေအတွက်ရောဘာလုပ်ပေးမှာလဲ.

    • Inz@ghi

      September 7, 2012 at 1:30 pm

      ကြောင် ဆာရှိမီ လုပ်ပစ်…

      :mrgreen:

  • မိုချို

    September 7, 2012 at 5:09 pm

    ပိုစ့် နဲ့ မဆိုင် ပါ ဘူး။ အကူညီ တောင်း ချင်လို့ပါ။ ဂဇတ် ကို ဖွင့် တိုင်း internet crime ဆိုတာ ကြီး ပေါ် ပြီး ဖွင့် မရ တာ ၃ရက် လောက် ရှိ ပြီ။ ဟို ရက် က အဟတ် ခံ ရတယ်ဆိုတော့ နောက်ဆက်တွဲ ဆက်ဖြစ်တယ် ထင်တာ။ အခု မှ တခြား ဆိုဒ် တစ်ခု က လင့် ကနေ ဝင်တော့ ရ နေတယ်။ ဒါပေမဲ့ဒီ page မှာရှိတဲ့ Comments By Post ဆို တဲ့ ပိုစ့် တွေ ပဲ ဖွင့် လို့ ရတယ်။ home ကိုသွား လို့ လည်း မရ ဘူး ။ သူများတွေ ရနေ တယ်ဆိုတော့ ကိုယ့် စက် ကပဲ ဖြစ်တာလား မသိဘူး ။ အခုလည်း ဒီ page ကို ပိတ် ပြီးသွား ရင် ဘယ်က ပြန် ဝင် ရ မလဲ မသိသေးဘူး ။ ဘယ် လို လုပ် ရ မလဲ ၊ သိတဲ့ သူ များပြော ပေး ကြပါ။ pmwmowin@gmail.com ထဲ ကို အကျိုး ကြောင်း လေး ပြောပြပြီးကူညီ ကြပါ။

  • pyopyo may

    September 7, 2012 at 5:22 pm

    တိုင်ပါ တိုင်ပါ ဆိုလို့
    တိုင်စာပေါင်း သောင်းခြောက်ထောင် တက်လာပြီ
    ဦးကြောင်နော်
    ရူးကြောင် မူးကြောင် မလုပ်နဲ့
    အပြစ်ရှိ တဲ့သူတွေကို အရေးမယူ လို့ကတော့
    အမှန်တရားဖေါ်ထုတ်ရေး ကော်မရှင်ဥက္ကဌ ဦးအောင်ကြူး နဲ့ အဖွဲ့ ကို
    အဂတိ လိုက်စားမှု နဲ့ ပြန်တရားစွဲ အုံးမှာ ၊
    ……….
    ဟီး — နောက်ထာနော် – အတည်ပြောတာ

  • အလင်းဆက်

    September 7, 2012 at 8:20 pm

    ဟဲ ့ ပလုပ်တုတ်..
    မောင်ကြောင်…

    စိတ်နည်းနည်းလျှော့ကဲွံ ့

Leave a Reply