ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ (အောင်ဝေး)
ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ (အောင်ဝေး)
“အနှစ် (၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက်
ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ
ကြိုးတိုက်ထဲသို့ရောက်၍နေသည်ကို
တွေ့ရလေသည်”
(ကာနယ် ချစ်ကောင်း)
မိုးသီး
ပြောပြီးသား စကားပဲ
ပြန်ပြောရတော့မယ်။
အိမ်လွမ်းစိတ်ဆိုတာလည်း
ဓားလှံ လက်နက်လိုပဲ
အမြဲ ထက်နေအောင် သွေးနေရတယ်။
မင်းဓား ထက်တာလည်း
အစ်ကို သိတယ်။
အစ်ကို့ဓား မတုံးဘူး ဆိုတာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ ဒို့ဓားတွေ
တံတွေးဆွတ် ခံလိုက်ရပြီ။
မိုးသီးရေ
မင်းပြန်ခဲ့တော့။
မင်းရဲ့အိမ်ပြန်လမ်းကို
ဝမ်းပန်းတသာ မကြိုနိုင်ကြမှတော့
မင်းပြန်ခဲ့တော့။
၂၄ နှစ်ကြာ အိမ်မပြန်နိုင်ခဲ့တဲ့
အဝေးရောက် သားတယောက်ရဲ့
အိမ်ပြန်လမ်းဟာ
အပြုံးပန်းတွေ ဝေခဲ့သင့်ပါတယ်။
ဒါပေမဲ့ ခုတော့
အမုန်းပန်းတွေနဲ့
ငရဲလမ်းကို ပြန်ရသလိုပါလားကွာ။
ရန်ကုန်မှာ
ယုံကြည်ရာမဲ့နေရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။
မင်းအိမ်ပြန်လာတာ
ဒူးထောက် အညံ့ခံဖို့
ပြန်လာတာမှ မဟုတ်တာ။
မင်းအိမ်ပြန်လာတာ
တောကြီး မီးရှို့ဖို့
ပြန်လာတာမှ မဟုတ်တာ။
ခုတော့
ရန်မကုန်သေးတဲ့ ရန်ကုန်က
အေးတိ အေးစက်နဲ့ပါလား။
ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့မဟာအမှား။
မင်းစဉ်းစားရမယ်
မင်းဟာ
တောရိုင်းနှင်းဆီ တော်လှန်ရေးသမား။
တော်လှန်ရေးမှန်ရင်
ရန်/ငါ ပြတ်ရမယ်
မိတ်/ရန် စည်းခြားရမယ်။
ငါတို့ကိုယ်တွေ့
ရန်/ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ။
မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
မိတ်ဆွေလား၊ ရန်သူလား
နွားရိုင်းသွင်းချိန်လား။
အခုတော့…
ရီးပဲ မိုးသီး။
ဒီကနေ ့
မင်း အစော်ကားခံရတယ်။
မနက်ဖြန်
ငါတို့ကို ထပ်စော်ကားကြတော့မယ်။
ညီလေးရေ
ပြန်ခဲ့တော့။
ကိုယ့်ဒဏ်ရာကို
ကိုယ် လျှာနဲ့လျက်ပြီး ပြန်ခဲ့တော့။
ခြင်္သေ့ဟာ
အစော်ကားခံခဲ့ရ။
သူရဲကောင်းဟာ
အစော်ကား ခံခဲ့ရ။
အမေ့သားဟာ
အစော်ကား ခံခဲ့ရ။
ငါတို့တွေ
တိုင်းပြည်ကို စွန့်ခွာခဲ့တာ
တိုင်းပြည်ကို ပြန်လာဖို့ပါ။
အခုတော့
နေပူထဲက လာတဲ့သူကို
ရေနွေးပူနဲ့လှမ်းပက်ခဲ့ကြပြီ။
အခုတော့
“ရှစ်ဆယ့်ရှစ်” ဆီ ပြန်တဲ့သူကို
အက်စစ်နဲ့လှမ်းပက်ခဲ့ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
မင်း ရန်ကုန်သွားတာဟာ
နိုင်ငံရေးဘဝင်ကြောင်တွေရဲ့
သရော်လှောင်ပြောင်တာ
ခံဖို့မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
သတင်းရောင်းစားတဲ့
သတင်းထောက်မ တယောက်ရဲ့မေးခွန်းကို
ဖြေဖို့မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
အတုအယောင်ငြိမ်းချမ်းရေးအတွက်
ခုတုံး အလုပ်ခံဖို့မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
ရန်ကုန်သက်သက်သွားတာ မဟုတ်ဘူးလေ။
မင်းသွားတာ
အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကိုပဲ။
မင်းသွားတာ
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆီကိုပဲ။
မင်းသွားတာ
ပြည်တွင်းငြိမ်းချမ်းရေးဆီကိုပဲ။
မင်းသွားတာ
စစ်မှန်တဲ့ပြည်ထောင်စုဆီကိုပဲ။
အခုတော့
လူကို ခွေးသတ်လေခြင်း။
တောမီးမနိုင်
တောင် မီးနဲ့ရှို့လေခြင်း။
ပြည်တော်ဝင် သီချင်းခမျာ
မီးခိုးညှော်နံ့စွဲခဲ့ပြီ။
ညီလေးရေ
မင်း ပြန်ခဲ့တော့
မင်းကို သူတို့
ကြိုးစင် တင်ကြတော့မယ်။
ဒို့ဗမာ့နိုင်ငံရေးကလည်း
ခွေးဟောင်လှချည်လား။
ညီမလေးက
လက်နက်ကိုင်တော်လှန်ရေးကိုကြောက်သတဲ့လား။
ညီမလေးက
ပြည်ပြေးတွေကို ရွံသတဲ့လား။
ခက်တာပဲ မိုးသီးရာ
မင်းကလည်း ထောင်မကျဖူး
(ငါကလည်း လက်နက်မကိုင်ဖူး)
ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)
မင်းလို ရှစ်ဆယ့်ရှစ်သူရဲကောင်း
မင်းလို ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်း
ဒေါင်းတကောင်ကိုတောင်
စော်ကားရဲမှတော့…။
ဟေ့ကောင် မိုးသီး
တကယ်လို့ငါပြန်သွားရင်
ငါလို ထိပ်တန်းကဗျာဆရာ (၅၀) စာရင်းမဝင်တဲ့
ပါမွှားကောင်ဆို
ဖိနပ်နဲ့တောင်ချွတ်ပြီးပေါက်ကြတော့မယ်။
ငါ မပြန်တော့ဘူး
မိုးသီးရေ။
အရူးတွေရဲ့ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။
အရူးတွေနဲ့
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။
မင်းရဲ့အိမ်ပြန်လမ်းမှာ
မုဒိတာပန်းမပွင့်တာ
ငါ ရင်နာတယ်။
ပြန်ခဲ့တော့
ညီလေးရေ။
ရန်ကုန်ပစ္စန္တရစ်ကို
ထားခဲ့တော့။
ဒို့ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့
အစဉ်အလာတွေကိုတော့
မင်း ရိုရိုသေသေ
အလေးပြုခဲ့။
မင်းရဲ့စရိုက်အတိုင်း
တိုက်ခိုက်စရာရှိရင်လည်း
တိုက်ခိုက်ပေါ့ကွာ။
ဒေါ်အောင်ဆန်းစုကြည်တို့
အဘဦးတင်ဦးတို့
ဆရာဦးဝင်းတင်တို့ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့တောင်သွားမချိုင်လေနဲ့။
မင်းရဲ့တချို့ကောင်တွေလို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။
“ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်”
ဂျူးလိယက်ဆီဇာ ကတော့
ပြောတာပဲ။
နောက်ပြီးတော့ သူပဲ
နောက်ကျော ဓားနဲ့အထိုးခံခဲ့ရတာပဲ။
ဩ- ဘရုတပ်စ်
မင်းလည်းပါသကိုး။
ဩ – မိုးဟိန်း
မင်းလည်းပါသကိုး။
ဟိုတုန်းက
တိုက်ပွဲဟာ အပြင်မှာမရှိဘူး
အထဲမှာပဲရှိတယ်လို့
ငါတို့မြင်ခဲ့ကြတယ်။
အခုတော့ ငါ ့အမြင်
(ကဗျာဆရာ အောင်ဝေးအမြင်)
ဗမာ့ရာဇဝင်ဟာ ပြောင်းလဲသွား။
တိုက်ပွဲဟာ
တကယ်ပဲ အထဲမှာမရှိတော့။
တော်လှန်ရေးရဲ့အခြေခံပြဿနာဟာ
အာဏာပြဿနာပဲ။
ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့အခွင့်အရေးပြဿနာ မဟုတ်ဘူး
အာဏာပြဿနာပဲ။
ဒီကနေ ့
ဒီမိုကရေစီလောက်
လူ့အခွင့်အရေးလောက်
ပြောတတ် ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ရန်ကုန်နိုင်ငံရေး။
အာဏာနိုင်ငံရေးကို
ဘေးဖယ်ထားမှတော့
ငါတို့ဓားတွေလည်း
ဘာ အသုံးကျတော့မှာလဲ ညီလေး။
ညီလေး
အိမ်လွမ်းစိတ်ထက်
သူရဲကောင်းစိတ်က
အဖိတ်အစင် နည်းပါတယ်ကွာ။
အချောင်သမားတွေ လူရာဝင်နေတဲ့
ဒီနေ ့ခေတ်မှာ
မိုးသီးရေ
ကိုယ့်မြစ်ကိုပဲ
ကိုယ် ဆက်စီးကြရုံ။
ကိုယ့် စစ်ကိုပဲ
ကိုယ် ဆက်တိုက်ကြရုံ။
ပြန်ခဲ့တော့
ညီလေးရေ။
မင်းကို လက်မခံချင်တဲ့
အရပ်က
ပြန်ခဲ့တော့ ညီလေးရေ။
မိုးသီးဇွန်
ရှစ်ဆယ့်ရှစ်မှာ
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
အခုလို ရန်ကုန်မှာ စော်ကားခံဖို့လား။
မိုးသီးဇွန်
ကျောင်းသားတပ်မတော်မှာ
စစ်အစိုးရကိုတိုက်ခဲ့တာ
အခုလို ရန်ကုန်မှာ လှောင်ပြောင်ခံရဖို့လား။
မိုးသီးဇွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့၊ ဖဒိုမန်းရှာတို့၊ ဗိုလ်ချုပ်မြတို့နဲ့တွေ့ခဲ့တာ
အခုလို ရန်ကုန်မှာ နှပ်ပစ်ခံရဖို့လား။
ညီလေးရေ
မင်းစွန့်လွှတ်ခဲ့သမျှဟာ
ရန်ကုန်က ခွေးအတွေ အူဖို့မဟုတ်ဘူး။
ညီလေးရေ
မင်း အိမ်နဲ့ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က ငကြောင်တွေ
ဖွဖို့မဟုတ်ဘူး။
ညီလေးရေ
မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
ဂျာနယ်ထဲ လုပ်ကြံခံရဖို့မဟုတ်။
ပြန်ခဲ့တော့
ညီလေးရေ။
ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတနေရာ လှူလိုက်ပါလား – တဲ့။
အဲဒီလို မိန်းမမျိုးက
ဂျာနယ်လစ်အမည်ခံနေမှတော့
ဒို့ဗမာ့မီဒီယာလောကကြီးလည်း
ဘာ သောက်သုံးကျတော့မှာလဲ ညီလေးရာ။
ဂျာနယ်တိုင်းတော့ မဟုတ်
တချို့နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်။
ကျေးဇူးတင်တယ်
ရဲဘော်တို့။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့။
ခွပ်ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်အလံ ကိုယ်ပြန်မနင်းဘူး။
လူထုဘက်သားမှန်ရင်
ဘယ်တော့မှ ညီညွတ်ရေးကို မဖြိုခွဲဘူး။
ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။
ဝမ်းမနည်းနဲ့
ညီလေး။
အရမ်းလည်း
သွားမဆဲနဲ့ ညီလေး။
ကိုယ်ချင်းစာတရားက
တခြမ်းပဲ ရှိရဲ့။
ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။
ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။
တိုက်ပွဲကကော
အထဲမှာရှိသေးတာ ဟုတ်ရဲ့လား။
မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။
အဲဒါ မင်းရဲ့
ငမ်းငမ်းတက် အိမ်ပြန်ချင်စိတ်ကြောင့်ပဲ။
ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့သမိုင်းကို ဖျောက်ဖျက်လိုက်ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
ရန်ကုန်ကို
တလိုင်းတို့လက်ထဲမှာ
ခွေးသေ ဝက်သေ ထားခဲ့တော့။
ငါတို့ညီအစ်ကိုတွေ
နယူးယောက်မြို့
မင်ဟတ်တန်မြစ်ထဲက
ဦးသန့်နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တသက်လုံး အတူနေသွားကြတာပေါ့ကွာ။
မင်းသေတော့လည်း
ဒေါင်းအလံအုပ်ပြီး
ငါ ရိုရိုသေသေ သင်္ဂြိုဟ်ပေးမှာပေါ့။
ငါသေရင်လည်း
ကဗျာတပုဒ်ရွတ်ပြီး
မင်း သင်္ဂြိုဟ်ပေးပေါ့။
တိုင်းပြည်ချစ်စိတ်နဲ့
ဆာလောင်လာရင်
အဲဒီ ဦးသန့် ကျွန်းလေးပေါ်မှာ
“ဆဋ္ဌမ ဗမာနိုင်ငံတော်” ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။
မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့
မင်းကို
မလိုသူတို့
ကြိုးစင်တင်ကြတော့မယ်။
မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်းတယောက်ကို
ကောင်းမွန်စွာ ကြိုဆိုပါတော့။။
အောင်ဝေး
(စက်တင်ဘာ ၆ – ၂၀၁၂)
14 comments
ဦး ကျောက်ခဲ
September 7, 2012 at 5:39 pm
“Et tu, Brute?… ”
ဩော – ဘရုတပ်စ်… မင်းလည်း ပါသကိုး။
ဒီခတ်ထဲမှာ ဘရုတပ်စ် တွေကများလိုက်တာ
ရွှေ ကြည်
September 7, 2012 at 6:12 pm
ကဗျာကို ကဗျာလိုတော့ခံစားသွားပါတယ်။
ကျန်တာတော့ သိဝူး သိဝူး ဘာမှသိဝူးးးးးးး (မောင်ငယ်အံစာ စာထဲမှယူသုံးပါသည်)
utawgyaw
September 7, 2012 at 8:29 pm
မိုးသီး
ထွေးပြီးသား တံတွေးပဲ
ပြန်မြိုချတာ့မယ်။
အိမ်လွမ်းစိတ်ဆိုတာလည်း
အရက်ပုလင်းထဲက အရက်လိုပဲ
လက်ကျန်အမြဲ ထားရတယ်။
မင်းသောက်တတ်တာလည်း
အစ်ကို သိတယ်။
အစ်ကိုခွက်ပုန်းခုတ်တာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ ဒို့အရက်ပုလင်းကို
သူများတွေ သေးပေါက်ထည် ့ကြပြီ။
မိုးသီးရေ
မင်းပြန်ခဲ့တော့။
လေဆိပ်မှာ ကားပေါ် မင်းတက်ပီး ဘဲလေးက ကတာကို
အဆီဘူးခါတယ်ဆိုပီး ဝမ်းပန်းတသာ ကြို ကြမှတော့
မင်းပြန်ခဲ့တော့။
၂၄ နှစ်ကြာ သရဲဘောကြောင်ကြောင်နဲ ့
ပတ်ပြေးနေတဲ ့ သီလကြောင်တယောက်ရဲ့
အိမ်ပြန်လမ်းဟာ
ထောက်လှန်းရေးတွေ ပြုံနေခဲ့သင့်ပါတယ်။
ဒါပေမဲ့ ခုတော့
၅၀၀ဝ ပေးပီးခေါ်လာတဲ ့သူတွေနဲ့
ရက်လည်ဆွမ်းကြွေးတရားနာလာတဲ ့ မသာလိုပါလားကွာ။
ရန်ကုန်မှာ
ဒေါ်လာ ကုန်ခါနီးရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။
မင်းအိမ်ပြန်လာတာ
ဦးသိန်းစိန်ကို ဖိနပ်နဲ ့ပေါက်ဘို ့
ပြန်လာတာမှ မဟုတ်တာ။
မင်းအိမ်ပြန်လာတာ
သူများမယား ကြာခိုဘို ့
ပြန်လာတာမှ မဟုတ်တာ။
ခုတော့
မိုးမကုန်သေးတဲ့ ရန်ကုန်က
မိုးတွေရွာလို ့ပါလား။
ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့မဟာအမှား။
မင်းစဉ်းစားရမယ်
မင်းဟာ
သီလကြောင် တော်လှန်ရေးသမား။
တော်လှန်ရေးမှန်ရင်
ဆန်/ မဆလာ ပြတ်ရမယ်
မယားငယ်/ဖာသည် စည်းခြားရမယ်။
ငါတို့ကိုယ်တွေ့
ဆန်/ မဆလာ ပြတ်လို့
ဂျပန်မှာ အသတ်ခံရတာ။
မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
ဒလန်တွေလား၊ အကြံအဖန်တွေလား
၅၀၀ဝထောင်ပေးပီးခေါ်လာတာလား။
အခုတော့
ရီးပဲ မိုးသီး။
ဒီကနေ ့
မင်းစော် အကားခံရတယ်။
မနက်ဖြန်
ငါ ့စော် ကိုထပ်ကားကြတော့မယ်။
ညီလေးရေ
ပြန်ခဲ့တော့။
ကိုယ့်ဖင်ကို
ကိုယ် လျှာနဲ့လျက်ပြီး ပြန်ခဲ့တော့။
လဒဟာ
စော်အကားခံခဲ့ရ။
သူရဲဘောကြောင်သူဟာ
စော်အကား ခံခဲ့ရ။
အမေ့နွားဟာ
စော်အကား ခံခဲ့ရ။
ငါတို့တွေ
တိုင်းပြည်ကို စွန့်ခွာခဲ့တာ
အဖမ်းခံရမှာကြောက်လို ့ပါ
အခုတော့
ဘီယာမော ့ပီး လာတဲ့သူကို
ပဲကြီးလှော်ထုပ် ပစ်ပေးကြပြီ။
အခုတော့
ရှစ်ဆယ့်ရှစ် ဆီ ပြန်တဲ့သူကို
၂၀၁၂ က လက်မခံတာ ့ပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
မင်း ရန်ကုန်သွားတာဟာ
ငါတို ့လို ကြောက်လို ့ပတ်ပြေးနေတဲ ့သူတွေ
သိတ်မရှိကြသေးဘူး
မင်း ရန်ကုန်သွားတာဟာ
မင်းပြောချင်ရာပြောတိုင်း
သတင်းထောက်တွေက ယုံမှာဟုတ်ဘူး။
မင်း ရန်ကုန်သွားတာဟာ
၂၄နှစ်လုံးလုံး စောက်တလွဲလုပ်ခဲ ့သမျှ
ရိုဟင်ဂျာကိစ္စ ချော်လဲရောထိုင်ဖို့မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
ဆမူစာရောင်းဘို ့သွားတာ မဟုတ်ဘူးလေ။
မင်းသွားတာ
ဘယ်စားခွက်ကိုဝင်လုရမလည်း
မင်းသွားတာ
နာမည်ကြီးအောင်ဘယ်လိုဂွင်ဆင်ရမလည်း
မင်းသွားတာ
ဈေးခပ်ပေါပေါ ယုဇနဟိုတယ်ကိုပဲ။
မင်းသွားတာ
မင်းကိုအရူးလုပ်နေတဲ ့ ဦးအောင်မင်းဆီကိုပဲ။
အခုတော့
လဒကို ဒမြသတ်လေခြင်း။
တောမီးမနိုင်
ဘောကြီးကိုင် ဖြစ်ရလေခြင်း။
ပန်းချစ်သူ သီချင်းခမျာ
ကိုတိုးကြီးမဆိုရတာကြာခဲ့ပြီ။
ညီလေးရေ
မင်း ပြန်ခဲ့တော့
မင်းစောက်တင်းကို သူတို့
ဖေ ့စဘုတ်ပေါ် တင်ကြတော့မယ်။
ဒို့ဗမာ့နိုင်ငံရေးကလည်း
ဒို ့လိုရှောင်ပြေးတွေအတွက်နေရာမရှိပါလား။
ညီမလေးက
အဝေးကြီးက လှန်းလှန်းအော်တာကိုကြောက်သတဲ့လား။
ညီမလေးက
နိုင်ငံရေးသမား သူတောင်စားတွေကို ရွံသတဲ့လား။
ခက်တာပဲ မိုးသီးရာ
မင်းကလည်း အိမ်ထောင်မကျဖူး
(ငါကလည်း လင်မယူဖူး)
ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)
မင်းလို ရှစ်ဆယ့်ရှစ် သူရဲဘောကြောင်တဲ ့ကောင်
မင်းလို ကျောင်းသားချင်းသတ်တဲ ့အဖွဲ ့ ဥက္ကဋ္ဌဟောင်း
လဒ တကောင်ကိုတောင်
အမွှေးနုတ်ရဲမှတော့
ဟေ့ကောင် မိုးသီး
တကယ်လို့ငါပြန်သွားရင်
ငါလို ထိပ်တန်းကဗျာဆရာ (၅၀) စာရင်းမဝင်တဲ့
ပါမွှားကောင်ဆို
၂၀၀ရ သံဃာအရေးနဲ ့ ရှောင်ပြေးသွားလို ့
မယ်သီလရှင် ဝတ်ခိုင်းကြတော ့မှာ
ငါ မပြန်တော့ဘူး
မိုးသီးရေ။
ဘတ်စကားတိုးစီးရတဲ ့ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။
ငါလိုအရူးတွေနဲ့
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။
မင်းရဲ့အိမ်ပြန်လမ်းမှာ
စတုဒီသာ ခေါ်မကြွေးကြတာ
ငါ ရင်နာတယ်။
ပြန်ခဲ့တော့
ညီလေးရေ။
ရန်ကုန်ပစ္စန္တရစ်ကို
ထားခဲ့တော့။
ဒို့ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့
အစဉ်အလာတွေကိုတော့
မင်း ရိုရိုသေသေ
အလေးပြုခဲ့။
မင်းရဲ့စရိုက်အတိုင်း
ကောင်မလေးတွေကို ပုခုံးဖက်စရာရှိရင်လည်း
ဖက်ခဲ ့ပေါ့ကွာ။
ဒေါ်အောင်ဆန်းစုကြည်တို့
အဘဦးတင်ဦးတို့
ဆရာဦးဝင်းတင်တို့ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့တောင်သွားမချိုင်လေနဲ့။
သေဂျင်းဇိုးနဲ ့ေတောင်သေသွားဦးမှာ
မင်းရဲ့တချို့ကောင်တွေလို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။
“ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်”
ဂျူးလိယက်ဆီဇာ ကတော့
ပြောတာပဲ။
နောက်ပြီးတော့ သူပဲ
နောက်ကျော ဓားနဲ့အထိုးခံခဲ့ရတာပဲ။
ဩ- ဘရုတပ်စ်
မင်းလည်းပါသကိုး။
ဩ – မိုးဟိန်း
မင်းလည်းပါသကိုး။
ဟိုတုန်းက
တိုက်ပွဲဟာ အပြင်မှာမရှိဘူး
အထဲမှာပဲရှိတယ်လို့
ငါတို့မြင်ခဲ့ကြတယ်။
အခုတော့ ငါ ့အမြင်
(ကဗျာဆရာ အောင်ဝေးအမြင်)
ဗမာ့ရာဇဝင်ဟာ ပြောင်းလဲသွား။
တိုက်ပွဲဟာ
တကယ်ပဲ ဆူးလေဘုရားလမ်းမှာမရှိတော့။
တော်လှန်ရေးရဲ့အခြေခံပြဿနာဟာ
အာဏာလိုခြင်တဲ ့ပြဿနာပဲ။
ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့အခွင့်အရေးပြဿနာ မဟုတ်ဘူး
ဆရာလုပ်ခြင်တဲ ့ပြဿနာပဲ။
ဒီကနေ ့
ဒီမိုကရေစီလောက်
လူ့အခွင့်အရေးလောက်
ပြောတတ် ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ဂူဂယ်ဘလော ့ပေါ်က နိုင်ငံရေး။
ပိုက်ဆံရ ရေးကို
အဓိက ထားမှတော့
ငါတို့လိုစားဖားတွေလည်း
ဘာ စောက်သုံးကျတော့မှာလဲ ညီလေး။
ညီလေး
အဲယားကွန်းမရှိတာထက်
ကြမ်း ရချောင်းဘဲရှိတဲ ့အိမ်က
ပိုအေးပါတယ်ကွာ။
ဖဲသမားတွေ လူရာဝင်နေတဲ့
ဒီနေ ့ခေတ်မှာ
မိုးသီးရေ
ကိုယ့်ဥကိုပဲ
ကိုယ် ထုချလိုက်ကြရုံ။
ကိုယ့် ဇစ်ကိုပဲ
ကိုယ် ပြန်ဆွဲတင်ကြရုံ။
ပြန်ခဲ့တော့
ညီလေးရေ။
မင်းကို လက်မခံချင်တဲ့
အရပ်က
ပြန်ခဲ့တော့ ညီလေးရေ။
မိုးသီးဇွန်
ရှစ်ဆယ့်ရှစ်မှာ
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
အခုလို ရန်ကုန်မှာ မတော်မတရားကြံဖို့လား။
မိုးသီးဇွန်
ကျောင်းသားတပ်မတော်မှာ
စစ်အစိုးရကိုတိုက်ခဲ့တာ
အခုလို ရန်ကုန်မှာ ဂယောင်ချောက်ချားလုပ်ဖို့လား။
မိုးသီးဇွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့၊ ဖဒိုမန်းရှာတို့၊ ဗိုလ်ချုပ်မြတို့နဲ့တွေ့ခဲ့တာ
အခုလို ရန်ကုန်မှာ တာလဘောဟင်းစားရဖို့လား။
ညီလေးရေ
မင်းစွန့်လွှတ်ခဲ့သမျှဟာ
ရန်ကုန်က ခွေးတွေတောင်အနားလာ မသီဘူး။
ညီလေးရေ
မင်း အိမ်နဲ့ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က မင်းအကြောင်းသိတွေ
ဟာသပြဇတ်တပုတ်ဘဲ
ညီလေးရေ
မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
နယူးယောက်တိုင်း သတင်းစာကြီးမှာ မပါဖူးဘူး
ပြန်ခဲ့တော့
ညီလေးရေ။
ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတနေရာ လှူလိုက်ပါလား – တဲ့။
မင်းဖျာဝင်ခင်းမဲ ့နေရာကိုလည်း
လူတိုင်းကသိနေမှတော့
ဒို့သောက်နေကြ ဘီယာဆိုင်ကြီးလည်း
နောက်ဆို အကြွေးမရောင်တော ့ဘူးတဲ ့ ညီလေးရာ။
ဂျာနယ်တိုင်းတော့ မဟုတ်
တချို့နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်
၂၄နှစ် ပြည် ့ဆွမ်းကပ်ပေးကြတဲ ့အကြောင်း
ကျေးဇူးတင်တယ်
ရဲဘော်တို့။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့။
ခွ ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်ဖင် ကိုယ်ပြန်မနမ်းဘူး။
ပြည်ပြေးမှန်ရင်
ဘယ်တော့မှ ရဲစခန်းရှေ ့ဖြတ်မလျှောက်ဘူး။
ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။
ဝမ်းမနည်းနဲ့
ညီလေး။
အရမ်းလည်း
သွားမစားနဲ့ ညီလေး။
ကောင်မလေးက အသစ်လေးဆိုပေမဲ ့
မန ္တလေးမှာ ၆လ မော်လမြိုင်မှာ ၆လ
ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။
ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။
နေ ့တိုင်းနေ ့တိုင်း
ပန်းကုန်းလာလာစွပ်တဲ ့သူတွေကို လေးစားတယ်လား
မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။
အဲဒါ မင်းရဲ့
ငမ်းငမ်းတက် အဆီဘူးခါချင်စိတ်ကြောင့်ပဲ။
ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့ ့အုတ်ဂူကိုု ဆေးအသစ်လေးသုတ်ထားလိုက်ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
ရန်ကုန်ကို
မာမီမြင် ့ဆွေတို့လက်ထဲမှာ
ဖင်တု ရင်တုတွေနဲ ့ ထားခဲ့တော့။
ငါတို့ညီအစ်ကိုတွေ
နယူးယောက်မြို့
မင်ဟတ်တန်မြစ်ထဲက
ဦးသန့်နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တသက်လုံး အတူနေသွားကြတာပေါ့ကွာ။
မင်းသေတော့လည်း
လဒပုံ အလံအုပ်ပြီး
ငါ မင်ဟတ်တန်မြစ်ထဲမျှောပေးမယ်
ငါသေရင်လည်း
ကဗျာတပုဒ်ရွတ်ပြီး
မသာယုတ် နင်သွားလိုရာသွားနိုင်ပီ ပြောပေးဦး
တိုင်းပြည်ချစ်စိတ်နဲ့
ဆာလောင်လာရင်
အဲဒီ ဦးသန့် ကျွန်းလေးပေါ်မှာ
စောက်ရှက်မရှိ ဗမာနှစ်ကောင်ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။
မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့
မင်းကို
မလိုသူတို့ မင်းအတွက်
နတ်ကန္နားပေး ကြတော့မယ်။
မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်တယောက်ကို
ဖာတန်းသာပို ့လိုက်ပါတော့
အလာဟို အရှင်မြတ် အမိန် ့တော်ပေးပါ
အရှင်ရေရှု ခရစ်တော်မှာကောင်းချီးပေးပါ။
အာလဝီး
(စက်တင်ဘာ ၆ – ၂၀၁၂)
R Ga
September 10, 2012 at 5:10 pm
နာရေးထားတဲ့ ကွန်မန့် ဘယ်ရောက်သွားလဲ…။ အောင်ဝေးထက် အာလဝီး ရေးတဲ့ ကဗျာကိုကြိုက်တယ်လို့ရေးထားတာ.။ ဖျက်လိုက်တာလား။ အဲဒီနေ့ ကတောင်တွေ့သေးတယ်။
နောက်တစ်ခါ မကျေနပ်ရင်လည်း ထပ်ဖျက် ငါကတော့ ထပ်ရေးမှာပဲ ။ ငါ ကြိုက်တာကို ကြိုက်တယ်လို့ ရေးထား ဘယ်ခွေးကို ထိခိုက်လို့ ဖျက်တာလဲ..။
စိန်ဗိုက်ဗိုက်
September 10, 2012 at 5:14 pm
xxစားသွားတာ..xxစားသွားတာ. ဂဂရေ
အူးဂလိုပဲ ကျန်တဲ့လူတွေလဲ ခုလိုပဲ xxxစားခံရတယ်..
အဲတော့..
စိတ်လျှော့
R Ga
September 10, 2012 at 5:26 pm
အဟီးမသိဘူးလေ….။ တစ်ယောက်တည်း မှတ်လို့….။ အခုမှ လူကို ခွေးကိုက်ခံရလေချင်းဆိုတာ သိတော့တယ်။ လူတွေအားလုံး အခုလို ခွေးစား ခံရတော့ တားတားရဲ မပြောတော့ပါဘူး အူးဗိုက်ရယ်။
မောင်ပေ
September 7, 2012 at 9:03 pm
ကိုအောင်ဝေး ရဲ ့ကဗျာဟာ ကျစ်လစ်ပါတယ် ဖတ်လို ့ကောင်းတယ် ၊ ကြိုက်တယ်
ဒါပေမယ့်
မိုးသီးဇွန်ပြန်လာတာကလည်း သူ ့ရည်ရွယ်ချက်နဲ ့သူ ရှိမှာပါ လို ့သာလေ
ဘယ်သူမှ အလကား အလကားတော့ …..
Wow
September 10, 2012 at 5:35 pm
ပျောက်ဒယ်… မန့်ချက်တွေ ပျောက်ဒယ်… ရွာထဲကစုံထောက်ကျော်များ ဘယ်ရောက်နေလဲ… 😛
Inz@ghi
September 10, 2012 at 5:56 pm
၂ရက်စာ ပိုစ့်တွေ မန့်ထားတာတွေ ပျက်ကုန်ပါတယ်.
နှမျောတသ၃ကြိမ်ရွတ်ဆိုပါ
Wow
September 10, 2012 at 6:02 pm
သာဓု… သာဓု… 🙁
ညိုပြာညက်
September 11, 2012 at 11:47 am
အားပေးသွားပါတယ်ချင့်…
Wow
September 11, 2012 at 2:21 pm
လာဗြန်ဘီ…မျက်စိလယ်အောင်…
ဖားခြေထောက်စွတ်ပြုတ်ဖြစ်မယ်နော်… ဖေ့ဘွတ်မှာ မကြည့်လိုက်ရဘူးလား..
အသက်ပြင်းတဲ့ ဖားဒွေ ဝှီးချဲလေးဒွေနဲ့… 😛
cobra
September 11, 2012 at 2:41 pm
ကောင်းလိုက်တဲ့ကဗျာတွေ…
အားပေးသွားပါတယ်။
မဟာရာဇာ အံစာတုံး
September 11, 2012 at 2:58 pm
ကျုပ်ကို ဆရာအောင်ဝေးရဲ့ ဒီကဗျာထဲက
အကြိုက်ဆုံး နေရာကို ပြပါဆိုရင် ..
ရကောက် နေရာတွေကို ပြရမှာပဲ … 😀
နာလည်း နောက်အခါ အဲ့လို အပြစ်လွတ် စကားလုံး သုံးရမယ် ..
အစမ်း ။ ။ ပေါက်ဖော် ရီးဘဲ …
နောက်တာနော် .. မကျေနပ်ရင်တော့ အခါတစ်ရာ ဆောရီး လို့သာ မှတ်လိုက်ဘာဒေါ့ ..