ရေဘဲလေး အထုပ္ပတိ(အပိုင်းသုံး)

DEPARKO DEPARKOSeptember 15, 20121min140

လမ်းပြသူ
ရနံ့ရယ်ကြူ မျက်မမြင်သူ တစ်ယောက်ရယ်က
စိတ်ဝယ်သူ မှန်းဆရည်ရော်တော့
ဖြူဆင်လွလွ။
အဆင်းရယ်ဖြူ မြင်ထိုက်သူ စိတ်ကိုငြိမ်းစေမဲ့
ရွက်စိမ်းငယ် အယဉ်ဆင့်လေတော့
ပန်းစပါယ်ရဲ့ဘဝ။
အစိမ်းနဲ့အဖြူ ဆင်ယင်သူ ကေသာထုံးမှာဖြင့်
နေရာယူ ထပ်တူပြုလေတော့
ရှုလို့မဝ။

ဒီပါကို

ထုံးစံအတိုင်းပေါ့
အဖေကအိမ်ကနှင်ချတယ်
အမေပါလိုက်ဆင်းတယ်နေရာက ကျိုက်လတ်
အမေ့ညီမရှိတဲ့နေရာ
ကျိုက်လတ်မြို့ တစ်ဖက်ကမ်း ကင်းချောင်းဆိုတဲ့ရွာလေး အဖေ့ဘက်က အမျိုးတွေရော အမေ့ဘက်က အမျိုးတွေရော များသောအားဖြင့် ကျွန်တော့် ညီအကိုတစ်ဝမ်းကွဲ ကိုသန်းထွန်းအိမ်မှာ ကိုသန်းထွန်းက အုန်းသီးကုန်သည် ကင်းချောင်းတစ်ဝိုက်နဲ့ ကျိုက်လတ်ပါတ်ဝန်းကျင် ရွာလေးတွေမှာ အုန်းသီးလိုက်ကောက်တယ် ပြီးတော့သူ့လှေနဲ့သယ်လာပြီး သုံခွဆုံဒေါင့်က သူ့အိမ်မှာ အုန်းသီးအခွံနွှာတယ်
မြေကြီးမှာ ပြောင်းပြန်စိုက်ထားတဲ့ လှံလိုမျိုးသံချွန်မှာ ခွမ်းကနဲ ခွမ်းကနဲ ထိုးခွါတာ နာရီဝက်အတွင်း အုန်းသီးတစ်ရာနှစ်ရာပြိုက်ကနဲဘဲ တစ်ချက်ခုတ်နှစ်ချက်ပြတ် အုန်းသီးအခွံကို အုန်းဆံကြိုးကျစ်တယ် တစ်နေ့တစ်နေ့ အုန်းသီးကောက်တာလိုက် အုန်းဆံကြိုးကျစ်တာဝိုင်းလုပ်
ခြံထဲသွား ငှက်ပျောသီးခူးနဲ့ တောပျော်ဖြစ်နေတယ် ဒေါ်ချောနဲ့သူ့ယောက်ကျား ကျွန်တော့်ကို အတော်သံယောဇဉ်ဖြစ်နေကြပြီ
ညနေဆို ကလေးတစ်သိုက်နဲ့ မြို့ကြီးသားကျွန်တော် အတွေ့အကြုံရှင်လင်းပွဲ ညနက်တဲ့အထိပါဘဲ တောသဘာဝ မီးမရှိ တီဗွီမရှိ ဆူညံသံမရှိ အပူမရှိ အမေနဲ့ကျွန်တော် တော်တော်ပျော်ခဲ့ရတယ်
ကင်းချောင်းထဲက အမေနဲ့သူ့ညီမနှစ်ဦးပိုင်ခြံထဲမှာညီအမနှစ်ယောက်
လသာသာ ညမှောင်မှောင် ငယ်မူပြန်နေကြတာ အခုထိမြင်ယောင်နေသေးတယ်
အမေ့ရဲ့ရွှမ်းလဲ့တောက်ပနေတဲ့မျက်ဝန်းဟာ အတိတ်ကို ပြန်သတိယ အောင်းမေ့တမ်းတ လွမ်းဆွတ်ပျော်ရွှင်နေတဲ့ အချိန်လေးကို ကျွန်တော် အခုထိမှတ်မိနေသေးတယ် အမေ
ဒါပေမဲ့ထုံးစံအတိုင်းပေါ့
တစ်ယောက်ထဲမနေနိုင်တဲ့အဖေ
အမေ့ကိုလိုက်ခေါ်တယ်
ကျွန်တော် ကျိုက်လတ်မှာ ဆက်နေချင်ပေမဲ့အမေ့ရဲ့ရီဝေနေတဲ့
မျက်လုံးအကြည့်ကို ကျွန်တော်မခံစားနိုင်တာကြောင့်
ရန်ကုန်ပြန်လိုက်ခဲ့ရတယ်
၁ဝတန်းကျောင်းသား
စိန်ဂျွန်းကျောင်းသား
အတတ်ပညာလဲစုံပြီ
ခါးပိုက်နှိုက်သိပ်ကြောက်တဲ့
(ကားပေါ်မှာစိန်ဂျွန်းကျောင်းသားပါရင်
ဘယ်ခါးပိုက်နှိုက်မှအလုပ်မလုပ်ရဲကြဘူး)
စိန်ဂျွန်းကျောင်းသားရဲ့ သင်္ကေတ လွယ်အိပ်ကိုထုံးပြီး တိုတိုစလွယ်သိုင်းလွယ်
ကျောင်းတံဆိပ်မရှိ၊ ကျောင်းစိမ်းပုဆိုးတိုတို
ဂျစ်ကန်ကန်၊ ကားပေါ်ကသူတွေကို တစ်ချိန်လုံးအကဲခါတ်
စာအုပ်ပါးပါး
ကျောင်းသွားရင်ဘာမှမလိုတော့ဘူး
နယ်ကအဆောင်လာနေတဲ့ သူငယ်ချင်းတစ်ယောက်က
ငွေကြေးပြေလည်တယ်
သူကရှမ်းပြည်နယ်က
ကမ္ဗောဇလွယ်အိတ်မှာ သူ့အမျိုးတွေရှိတယ်
မြင့်ဝေတဲ့
ကျွန်တော်ရဲ့အခက်အခဲ တော်တော်များများ
ပြေလည်ခဲ့ရပြီး
ဘဝအတွေ့အကြုံ တော်တော်များများရခဲ့တယ်
သူငယ်ချင်းကောင်းတစ်ယောက်ပါ
ဒါပေမဲ့
အဲဒီနှစ်က စာမေးပွဲနှစ်ယောက်စလုံးကျတယ်
သူကတော့ ရှမ်းပြည်ပြန်သွားပြီး
ပြန်မလာ၊ အခုထိမဆုံတော့ဘူး
တွေ့ရင်လဲမှတ်မိပါ့မလား၊
တစ်နှစ်ကျ ကျောင်းသားတွေရဲ့ထုံးစံ
ကျွန်တော်စိတ်လေသွားပြီ
အဓိက အဖေ့ကြောင့်လဲပါတယ်
စာမေးပွဲဖြေချိန်တိုင်း ရန်ဖြစ်ရတယ်
ကျွန်တော်ကလဲ ဆတ်ဆတ်ထိမခံ
အိမ်ပေါ်ကနှင်ချရင်
ချက်ချင်းဆင်းတာ အပြောကိုမခံဘူး
ပညာကလဲစုံပြီလေ ကြက်ခြေနီဘင်ခရာတီးဝိုင်းမှာလဲပါ၊
လမ်းစဉ်လူငယ် ခေတ်ပေါ်တီးဝိုင်းမှာ ရစ်သမ်ဂစ်တာသမား၊
ရပ်ကွက်ထဲက CRYSTAL တေးဂီတတီးဝိုင်းမှာ
အငယ်ဆုံးရစ်သမ်ဂစ်တာသမား
(ကိုယ်ပိုင်သံစဉ်ကိုယ်ပိုင်သီချင်းတော်တော်များများနဲ့)
လိဒ်ကိုပါ ဘေ့စ်စိုးတင့် ဒရမ်စန်းဝင်း စကင်းလိဒ်စိုးဝင်း ကျွန်တော်တို့အဖွဲ့
နှစ်တိုင်းသီတင်းကျွတ်တန်ဆောင်တိုင်
ရပ်ကွက်ဘောကွင်း၊ ဘုရားဖြူလေးကွင်းမှာ၊
ကျွန်တော်က စိုးပိုင်သီချင်းအမြဲဆိုလို့
ရပ်ကွက်ထဲက စိုးပိုင်ပေါက်စတဲ့
တေးသရုပ်ဖေါ်အကနဲ့ မိန်းကလေးငယ်ငယ်တွေဦးစားပေး
လေ့ကျင်ချိန်များများပေးထားတော့ ကျွန်တော်တို့တီးဝိုင်း
လူကြိုက်များတယ်။
ကွင်းထဲမှာလူအပြည့်ဘဲ၊
အိမ်ကအားလုံးရဲ့မျက်စိစပါးမွှေးစူးစရာလူသား (အမေကလွဲလို့)
ပင်တိုင်အဆိုတော်ရီရီအောင်၊ ကရင်မလေး
သူ့သီချင်းတော်တော်များများက မေခလာ
မှတ်မှတ်ရရ သူသီချင်းဆိုတဲ့အချိန်သီချင်းကလဲခပ်မြူးမြူး
ကိုစန်းဝင်းရဲ့ ဒရမ်လက်စွမ်းပြမှုက ဒရမ်ကို ရိုးအရိုက်ကောင်းတာ
အသွားမှာ ရှဲကိုရိုက်တာမထိတော့ လက်ပြန်လှန်ပြီးရိုက်လိုက်တာ
ရှဲအပေါ်က ချုပ်ထားတဲ့မူလီ ပြုတ်ထွက်ပြီး ရကွင်းပြားရှေ့ကို လွင့်ထွက်သွားတာ ရည်ရည်အောင်ရဲ့ ခါးတည့်တည့် ၊ဘေ့စ်တီးတဲ့ကိုစိုးတင့်
ရည်ရည်အောင်ရဲ့ခါးကိုဆွဲပြီးရှောင် စတိတ်ရှေ့ကို ပန်းကန်ပြားပျံလို အရှိန်ပြင်းပြင်းနဲ့ကျအသွား ရှေ့ဆုံးတန်းခုံက ပရိတ်သတ်တွေ ထပြေးကြတာ ပွဲပျက်မတတ်ဘဲ
အကျိုးဆက်က ဝန်ထမ်းလစာ၂၀ဝခေတ် ၅၀၀ဝ လျော်လိုက်ရတယ်
(ရုပ်ရှင်မင်းသားစိန်လွင်ရဲ့ဒရမ်ဆက်)
ပွဲလဲပြီးရောမမြတ်တဲ့အပြင်အရှုံးပေါ်လို့အကြွေးဆပ်ဘို့
ကျွန်တော်နဲ့ကိုစိုးဝင်းအလုပ်လုပ်ဘို့ပြင်ရတယ်၊
ကိုစိုးဝင်း၊ တီးဝိုင်းအဓိကတည်ထောင်သူ
သူ့အိမ်က ကျွန်တော်အိမ်ကဆင်းလာရင် ခိုလှုံရာနေရာ
သူ့မိန်းမကလဲ ကျွန်တော့်အတွက် အမြဲတံခါးဖွင့်ထားတယ်
ကျွန်တော့်အတွက် အမအရင်းတစ်ယောက်လိုပါဘဲ
စားစရာရှိရင်အန်ကျွေးတယ်
သူပေးတဲ့ ကျွန်တော့်နာမည်ပြောင်က သပွတ်တဲ့
ကျွန်တော့်ကိုခေါ်ရင် သပွတ် လို့ဘဲခေါ်တာ
တရုတ်စပ်တယ်
ယောက်ကျားကိုချစ်တတ်တဲ့
ဇနီးမယားတွေထဲမှာ
မှန်တာပြောရရင်အခုအချိန်အထိ
သူ့ကိုမှီတာမတွေ့ဘူးသေးဘူး
ကိုစိုးဝင်းကိုသိပ်ချစ်တာ
ဒါပေမဲ့
လောဂဓံကိုမလွန်ဆန်နိုင်ကြဘူး
အိမ်ထောင်ရေးရော စီးပွါးရေးရော ပျက်သွားတာ
သိပ်ကြောက်ဘို့ကောင်းတာ ကျွန်တော်တွေ့လိုက်ရတယ်
လူယုံသတ်ခံလိုက်ရတာ
ကျွန်တော်အတန်တန်တားတဲ့ကြားက
ကားထောင်လိုက်တာ
တစ်ခါတည်း
ဘဝပျက် အိမ်ထောင်ပါပျက်သွားခဲ့ရတယ်
အခုတော့ သူတို့နှစ်ယောက်ရဲ့ ကိုယ်ပွါးသမီးလေးတစ်ယောက်
ဘဲကျန်ခဲ့တယ်။
ကိုစိုးဝင်းအိမ်ဟာ
ကျွန်တော့်ရဲ့ဂစ်တာလေ့ကျင့်ရာ
စားအိမ် အိပ်ဘို့ အိမ်ကနှင်ချရင်ခိုလှုံရာ
အလုပ်က သူက သမဆိုင်တာဝန်ခံ၊
ဒီတော့ ကျွန်တော်က ဆိုင်အကူအလုပ်သမား
ဆန်ချင်တဲ့နေရာမှာအိပ်စပါတ်
၂၄ပြည်ရှိတဲ့ဆန်အိပ်
ကျွန်တော်ချင်ရင်၂၈ပြည်တော့အသာလေး
ဒီတော့
မုန့်ဘိုးးအတွက်ပူစရာမလိုတော့ဘူးလေ
အဲဒီမှာ ပထမဆုံး ရည်းစားရခဲ့တယ်
သူများမခံချင်အောင် ပြောတာလဲပါတယ်
ကောင်မလေးက ယောက်ကျားလျှာ၊
မိန်းကလေးချင်း ရည်းစားထားတယ်
သူ့အမေက မြို့နယ်သမဦးစီးက
ဒီတော့ဆိုင်ကိုတစ်လတစ်ခါလာပြီး
ဘာညာလာယူတယ်(ဖြည့်တွေးပေါ့)
လွယ်အိတ်တစ်လုံးနဲ့
လွယ်အိတ်ထဲမှာ ပေါက်ဒါးတစ်ချောင်းပါတယ်
အဲဒီနေ့က
ဆိုင်ကိုလာတော့ ညနေ၅နာရီလောက်ရှိပြီ
(ပထမဆုံးအချစ်ဆိုတော့အမှတ်ရနေလိုက်တာ၊အမြင်မကတ်နဲ့နော်)ဟဲဟဲ
ရည်းစားစကားလဲပြောရော တစ်ခါတည်း အိတ်ထဲက ဒါးဆွဲထုတ်ပြီး
လှမ်းပေါက်လိုက်တာ
ကျွန်တော့်ဘေးက ဆန်အိတ်မှာ စွပ်ကနဲစိုက်နေတာ
ကိုစိုးဝင်းမိန်းမဆို မျက်စေ့ပျက်မျက်နှာပျက်နဲ့
(သူတို့မြှောက်ပေးတာဆိုတော့)
ကျွန်တော်ကလဲခေသူမှမဟုတ်တာ
ဒါးကိုဆွဲနှုတ်ပြီး ချက်ချင်း ပြန်ပစ်လိုက်တာ
စာဖတ်တာမှကြာဦးမယ်
ကောင်မလေးခေါင်းပေါ် ၅လက်မလောက်က
မင်းသမီးပုံမှာ
ဒါးကို မနဲပြန်နှုတ်ယူရတယ်( ကရင်ခြံထဲမှာအားအားရှိ
ယားယိစ် ဘာမှန်းမသိတဲ့ သိုင်းတွေလေ့ကျင့်၊အုန်းပင်တွေကို
ဒါးပေါက်ကျင့်၊)
ကောင်မလေးဆိုတာ တစ်ခါတည်း
ခွေကနဲပဲ၊ နှာနှပ်ယူရတယ်၊
ဆံပင်တိုတိုနဲ့၊ မျက်နှာမို့မို့အစ်အစ်(ငိုထားလို့)
အပြန်မှာ လိုက်ချော့ရင်း
လူမှုဝန်ထမ်းဝန်းထဲက လမ်းကလေးမှာ
ယောက်ကျားလျှာမလေးကို၊
စိတ်မထိန်းနိုင်လို့ ဖက်နမ်းမိတာကနေ
ရည်းစားတစ်ယောက်ရပါလေရော၊ တကယ်အဟုတ်၊
ရည်းစားလဲထား
ဇီးပြားလဲစားတတ်လာပြီဆိုတော့
ထုံးစံအတိုင်းပေါ့ ငွေရှာဖို့စိတ်ဝင်စားလာပြီ
ဆယ်တန်းတစ်နှစ်ကျပေမဲ့
အသက်က ၁၆နှစ်တောင်မပြည့်သေးဘူး
သမဆိုင်ကရတဲ့မုန့်ဘိုးက
ကျွန်တော့်အတွက် မလောက်တော့ဘူး
အဲဒီမှတင် ဓါတ်ပုံရိုက်လေ့ကျင့်
(အဖေဂျာမနီမှပါလာသောကင်မရာအဟောင်း)
ကင်မရာငှားပြီး
ကျိုက်ကဆံကွင်း ပြည်ထောင်စုနေ့ပြခန်း (၁ဝရက်ကျင်းပ ဓါတ်ပုံလိုင်စင်ခ၁၅၀ဝကျပ်၊ ဝန်ထမ်းလစာ၁၃၅ကျပ်ခေတ်)
မှာဝင်ပြီးတတ်ယောင်ကားနဲ့ ဝင်ရိုက်တာ
(မီးရောင်စုံပြခန်းများကို ညအချိန်သာရိုက်ကြရာ)
ဓါတ်ပုံများမှာ လူပုံသာပေါ်ပြီး၊ ပြခန်းများ(မီးလုံးရောင်စုံများပုံမပေါ်)
ဓါတ်ပုံပညာမတတ်တစ်ခေါက်နှင့် ကျွန်တော်
(ထိုခေတ်ကနေ့ချင်းပြီး၊ ဓါတ်ပုံဆိုင်များမှ ကွင်းထဲအထိ လာယူကူး)
အလျှော်ပေးလို့မဆုံးနိုင်၊ အရှက်ကလည်းကွဲ၊
ဆိုင်နာမည်က(စိုးဇော်ဇော်) နာမည်ကလည်းခပ်စီးစီး
တော်သေးတာပေါ့
ဘေးကဓါတ်ပုံဆရာ၊ တက္ကသိုလ်မောင်မောင်တင်
ဓါတ်ပုံပညာကိုအိပ်သွန်ဖါမှောက်၊ ကူးဆေးပညာအထိ၊
ဓါတ်ပုံအထူးပြုလုပ်ချက်ပါမကျန်
သင်ပေးလို့ (အသက်ငယ်ငယ်ရုပ်ချောချော ကောင်လေးတစ်ယောက် ဒုက္ခရောက်နေတာ မကြည့်ရက်လို့နေမှာပေါ့)
ကွင်းထဲမှာ မိန်းကလေးတွေတော်တော်များများ
ကျွန်တော့် ဓါတ်ပုံတွေအဆင့်မမှီပေမဲ့ အားပေးကြတော့
(လူကလဲငယ်ငယ်ချောချောလေ) ဓါတ်ပုံရိုက်လေ့ကျင့်တဲ့ပွဲလိုပါဘဲ
ဘေးက နာမည်ကြီးဓါတ်ပုံဆရာတွေတောင် မနာလိုဖြစ်ကြတယ်(အဟုတ်)
အဲဒီပွဲမှာ တော်တော်မြတ်တယ်
ဂျစ်တူး၊ တူးမာ အမွှာညီအစ်မနှစ်ယောက် ကျွန်တော်ရဲ့ပင်တိုင်မော်ဒယ်
သူတို့နှစ်ယောက်က ကျိုက်ကဆံ ရဲဝန်းထဲမှာနေတယ် သူတို့နှစ်ယောက်က
ကျွန်တော့်ရဲ့ ကြော်ငြာမင်းသမီးတွေဆိုလဲမမှားဘူး
ပွဲအစကနေအဆုံး သူတို့နှစ်ယောက် ကျွန်တော်ဆိုင်မှာအခမဲ့လုပ်အားပေးကြတော့ မိန်းကလေးပရိတ်သတ်တင်မကတော့ဘူး
ယောက်ကျားလေး တော်တော်များများ ကျွန်တော့်ဆီမှာဓါတ်ပုံရိုက်
မော်ဒယ်ရှိုးလာလုပ်ကြတယ်၊ အဲဒီအချိန်ကထဲကစပြီး
အခုအချိန်ထိ
အပျော်တန်းဓါတ်ပုံဆရာဖြစ်ခဲ့ရတယ်
အဲဒီမှာတင် ပိုက်ဆံရှာရတဲ့အရသာသိသွားပြီ
နယ်ချဲ့ပြီ၊
ဓါတ်ပုံဆရာစိုးဇော်ဇော်
သာယာဝတီမြို့၊ အင်းရွာ၊ ဂရန်သာယာအေးရွာ၊
သုံဆယ်မြို့၊ ဖိုးခေါင်ရွာ၊ အိပ်လှရွာ၊ သာယာဝတီ၊ သုံးဆယ်တစ်ခွင်ပြဲပြဲစင်အောင်
အလှူ၊မင်္ဂလာပွဲ၊ ဘေထုတ်ထည်တွေရောင်း၊ ဓါတ်ပုံလဲရိုက်၊
လူကလဲခတ်ငယ်ငယ်၊ ၁၆နှစ်တစ်ရက်လျှော့၊
အပျိုအရွယ်စုံ၊
ကွမ်းတောင်ကိုင်တွေကြားမှာ၊
ငယ်ချစ်ဦးလေးပါမေ့တော့မလို့ဟဲဟဲ၊
ဂရန်သာယာအေးရွာ ကာလသားခေါင်းလိပ်မ ကျွန်တော့်ကို
မိန်းမပေးစားဘို့ကျိုးစားတာ အိပ်တွေဖွက်ထား သူသဘောတူတဲ့အပျိုအိမ်မှာ ညအိပ်ခိုင်းတာ ကံကောင်းလို့အိုတော့မလို့။

သိပ်တော့တာရှည်မခံပါဘူး
ယောက်ကျားလျှာမလေးနဲ့ကျွန်တော်ဘုနဲ့ဘောက်
စိတ်တွေကောက်၊ မာနတွေထောက်ပြီး
ပြတ်ဆဲကြလေသတည်း။
ကျောင်းဖွင့်ပြီ
အိမ်ကလူတွေကတော့ ကျွန်တော်မရှိလဲ
အသားကျနေပါပြီ
ဒါပေမဲ့အမေလေ သိတယ်မဟုတ်လား
သားဆိုးတစ်ယောက် ပညာမတောက်တစ်ခေါက်နဲ့
ဆယ်တန်းပြန်ဖြေဘို့ ဗီတိုအာဏာသုံးတယ်
(မျက်ရည်ကျပြတာ)
ဒီတော့ ကျောင်းပြန်တက်ရပြီပေါ့
အဲဒီမှာတင်ဆယ်တန်းကို
အထပ်တစ်ရာပလာတာလိုဖြေနေတဲ့
အမ(၄)ဆယ်တန်းတစ်နှစ်ကျ အမ(၅) ကျွန်တော်နဲ့
အတူတူကျူရှင်တက်ရတယ်
အဖေအလုပ်ကပင်စင်ယူထားတော့
ကျောင်းစားရိတ်ကိုမနဲမျှတနေရတဲ့အချိန်၊
ကျွန်တော့်ရဲ့မခံချင်စိတ်က
ဒုတိယမြောက်ရည်းစားထားလို့ အမေ့ရဲ့မျှော်လင့်ချက်တွေပျက်
ကျူရှင်ကအထုတ်ခံလိုက်ရတယ် (အမ ၄ အမေ့ကိုအတို့အထောင်
လုပ်ပြီးဂလဲ့ကစားချေတာ)
အဲဒီကောင်မလေးက အမ၄နဲ့၅ရဲ့သူငယ်ချင်း
သူတို့အုပ်စုက၅ယောက်
ကျန်တဲ့နှစ်ယောက်ကကျွန်တော်နဲ့လဲခင်တယ်(အခုအထိ၊ ကလေးအမေတွေဖြစ်ကုန်ပြီ)
ကျွန်တော်ကသူတို့နဲမထိုင်ဘူး
ယောက်ကျားလေးတွေရဲ့ထုံးစံ
အနောက်ဖက်တန်းမှာထိုင်တော့မိန်ကလေးသူငယ်ချင်းရတယ်
မိုးနွယ်သန့်၊ အမတွေနဲ့ တစောင်းချေးနဲ့မျက်ချေး ကောင်မလေးကလှတယ် ခေတ်ဆန်တယ်
ကျွန်တော်နဲ့သွားရင်
ပုခုန်းဖက်ပြီးသွားတာ နောက်တစ်ယောက်ကသဇင်
(အမယ်လေးလေးမှတ်ဉာဏ်တွေကောင်းနေလိုက်တာ
ဒါတောင်ဆရာဝန်မဖြစ်ဘူး)
အမတွေနဲ့တိုက်ပွဲကစရော
ကျွန်တော်ကလဲမျက်စေ့စပါးမွှေးစူးစရာကိုး
အဲဒီမှာတင် အမတွေအုပ်စုထဲက တင်အုန်းမော်ဆိုတဲ့
(ကျူရှင်တစ်ခုလုံးမှာကွင်းဟုသတ်မှတ်ထားပြီး
ယောက်ကျားလေးများ တစ်ယောက်ပြီးတစ်ယောက်
ချစ်ရေးဆို၊ ဘယ်သူမှမရဟု နာမည်ကြီးမာနခဲ)
ကျွန်တော် စကားသွားပြောမိတာကို
အမ(၄)က နင့်လိုကောင်ကို တင်အုန်းမော်က ဖိနပ်တောင်မကိုင်ခိုင်းဘူးဆိုပြီး
မခံချင်အောင်ပြောတော့
ကျွန်တော့်ရဲ့မဟာဗျူဟာအတိုင်း
ကျူရှင်ကအပြန်ညမှောင်မှောင်
လှည်းတန်းအနီး လမ်းကြားလေးမှာ
အတင်းဆွဲဖက်နမ်း၊ ဒုတိယမြောက်ရည်းစားရပါလေရော
(တော်သေးတာပေါ့၊ တရားမစွဲခဲ့လို့၊ အခုတော့အဲဒီလိုမျိုး
မလုပ်ရဲပေါင်)
ဒါနဲ့ဘဲအမေ့ဆီသတင်းရောက်
ရည်းစားသက်တန်း တစ်လတောင်မမြောက်ခဲ့ပါဘူး၊
လှည်းတန်းအပြန ်လမ်းကလေးမှာလိုက်ပို့ကြို
လုပ်ရင်း အမေ့ရဲ့ဒေါသက ကျူရှင်ကနေထုတ် ကောင်မလေးနဲ့ အဆက်အသွယ်ပြတ်ကရော၊ (ရည်းစားလဲဖြစ်ရော၊
ထုံးစံအတိုင်းပေါ့ အမ(၄)နဲ့မဲ့ကာရွဲ့ကာ သူငယ်ချင်းအဖြစ်ကနေ
တစ်ခါတည်း ရန်သူဖြစ်သွားကရော)
ဒီလိုနဲ့ ဆယ်တန်းဖြေတဲ့အချိန်အဖေနဲ့ရန်ဖြစ်အိမ်ပေါ်ကဆင်း
တဝက်တပျက်နဲ့ထုံးစံအတိုင်းပေါ့(အဖေကသားသမီးတွေ
ပညာတတ်မှာ သိပ်ကြောက်ပုံရတယ်၊ မှားရင်ခွင့်လွှတ်ပါ၊ မြေးတွေလဲကြရော ပညာရေးကိုအားပေးလိုက်ရတာ မယုံနိုင်လောက်စရာပါဘဲ)
ဒီမှာတင် ကျွန်တော်တို့ဇါတ်လိုက် အိမ်ပြေး
ကရင်ပြည်နယ်၊ ဖားအံမြို့လှိုင်းဘွဲ့ အနီးမဲဘောင်ကျေးရွာ
သူငယ်ချင်း ကရင်လူမျိုးနဲ့ပေါင်းပြီး တောထဲရောက်သွားပါလေရော၊
အဲဒီမှာ ကလေးမလေးနှစ်ယောက်၊ ရှစ်နှစ်၊ ဆယ်နှစ်
မတင်အေး၊ နောက်တစ်ယောက်ကအခလုံ၊
(စူပါဘရိန်း၊ အားလုံးကိုမှတ်မိနေတာဘဲ)
ကရင်စာ၊ စကား။ ရှမ်းစကား(ထိုင်း)သင်ပေးရင်း
သံယောဇဉ်ဖြစ်၊ ကျွန်တော်သွားလေရာ တစ်ကောက်ကောက်
လိုက်၊ကျွန်တော်မှောင်ခိုကယ်ရီသမား၊ ငွေရရင်ဘနှဘူး၊
သိုက်တူးမဲ့ကောင်
ဆိုက်ကားဆရာဘခက်။
အောင်နန်း၄လမ်း
ကျွန်တော်ရဲ့ခေတ္တမှီခိုရာ
ခွေကဘောင်လို့ခေါ်တဲ့ဇွဲကပင်ဟာလဲ ကျွန်တော့်ခြေဖဝါးအောက် အခေါက်ခေါက်
ကရင်စကားမတတ်တစ်ခေါက်နဲ့
ရန်ကုန်ကို တောလမ်းကနေ ခြေလျှင်တစ်သွယ်လှေတစ်တန်
ကားတစ်ဆင့်နဲ့
ရုပ်ရင့်အောင်ကြက်သွန်နီဥနဲ့ နှုတ်ခမ်းပွတ်ရတာလဲအမော
ဆံပင်ရှည်ရှည် အသားကနီစပ်စပ်
စုတ်တိစုတ်ဖတ်
အသက်ဘေးက ခတ်သီသီ မကြာခဏဆိုတော့ ကြောက်လာပြီ
(ပစ္စည်းတွေပါတော့ အဖွဲ့စုံက ကျွန်တော်တို့ကို
လစ်ရင်လစ်သလိုအပြတ်ရှင်း လမ်းကြောင်းရှင်းထားလဲ
တရားမဝင်ဆိုတော့ လမ်းမှာမြင်တွေ့နေရတဲ့ အနိဋာရုံမြင်ကွင်းတွေက
၁၉၈၅ဝန်းကျင်)
ကျွန်တော်ကရင်ပြည်နယ်ကအမေ့ဆီပြန်ခဲ့ပြီ
ထုံးစံအတိုင်း
အမေ့ဗီတိုအာဏာကြောင့်၁ဝတန်းပြန်ဖြေ
၁၉၈၆စနစ်သစ်
ဘာသာအားလုံး အင်္ဂလိပ်လို မြန်မာကလွဲလို.
ဒီမှာတင်ကျွန်တော်အစွမ်းပြဘို့ အချိန်ရောက်ပြီလေ
အောက်ကအလတ်ကောင်က ၁ဝတန်းအောင်လို့သမိုင်းမေဂျာနဲ့
တက္ကသိုလ်တက်နေပြီ
မခံချင်အောင်ပြောတာလဲပါတာပေါ့
ဒီဇင်ဘာလ စာမေးပွဲဖြေဘို့(၄)လအလို
အိမ်နားက ငှက်ပျောသီးရောင်းတဲ့ ကောင်မလေးကို
သူ့ကျောင်းဖတ်စာအုပ်တွေ ပြန်ဝယ်ပြီး
ကျွန်တော် ဖတ်စာအုပ်အားလုံးကို တစ်ရွက်မကျန်ဖတ်လိုက်ပြီး
(အင်္ဂလိပ်လိုမို့လို့၁ဝတန်းအောင်တာ)
ကျောင်းမှာသင်ပေမဲ့ နားမလည်တဲ့
သူတို့ညီအစ်မနှစ်ယောက် (၉တန်းနဲ့၁ဝတန်း)
ဂိုက်ပြန်လုပ်
ညဖက်ကို မလိုတစ်မာ အတင်းစကားတွေကြား
(ကောင်မလေးတွေကို နှာဘူးကျနေတယ်ဆိုပြီး
အဖေအဆိုးဆုံး၊ ပေးစားပြီးတစ်ချိန်လုံးနှောက်ယှက်)
တော်သေးတာပေါ့
ကျွန်တော်ရော အဲဒီကောင်မလေးရောနှစ်ယောက်စလုံး
အမှတ်ကောင်းကောင်းနဲ့ အောင်တယ်
အင်္ဂလိပ်၊ အီကို၊ သမိုင်း သင်ချာ၊ ပထဝီအားလုံး အင်္ဂလိပ်လိုဖြေရလို့လာမသိ ၇၅မှတ်နားမှာချည်းဘဲ
ဂုဏ်ထူးမရတဲ့အကြောင်းရင်း အမှတ်စာရင်းကြည့်မှသိတယ်
မြန်မာစာ၄ဝတဲ့
သိတယ်မဟုတ်လား
ကိုဖိုးကွန့်လေ
ဖတ်စာအုတ်ထဲကအတိုင်း သည်၏မလွဲ ဖြေထားတဲ့အပြင်
မှတ်မိသေးတယ်
စာစီစာကုန်း၃ပုတ်
လသာသောညတစ်ည
လူလိမ္မာသားယဉ်ပါး
အပျော်ဆုံးနေ့တစ်နေ့
အဲဒီမှာကွန့်ပြီလေလူလိမ္မာသားတိုင်းလဲမယဉ်ပါး
လူမိုက်သားတိုင်းလဲမရမ်းကားကြောင်း
သီးစစ်ရေးလိုက်တာ ၁ဝ မျက်နှာကျော်တယ်
(အချိန်တွေကပို ဖြေပြီးလဲ မထွက်ရတဲ့ခေတ်ဆိုတော့)
ရေးကောင်းကောင်းနဲ့ရေးလိုက်တာ
မြန်မာစာပါမောက္ခ စိတ်ဆိုးသွားပုံရတယ်
စနစ်သစ်ကလဲ စကာစနှစ် ဆိုတော့
တစ်ခါတည်း မော်ဒရေးရှင်း အမှတ်ပေးလိုက်တာ
ကျန်တဲ့ဘာသာတွေပါ ဂုဏ်ထူးပြုတ်ရော
တော်သေးတာပေါ့
ချလိုက်ရင် အခုထိ၁ဝတန်းအောင်မှာ မဟုတ်တော့ဘူး
ဒါတောင်၁ဝတန်းဖြေတဲ့အချိန် အမေ့ရဲ့ရာဇဿန်ကြောင့်
အဖေ မနှောက်ယှက်ရဲတာလဲပါတယ်
ကျွန်တော်တက္ကသိုလ်ကျောင်းသားဖြစ်ပြီ
အီကိုကျောင်းသား
အမှတ်အမြင့်ဆုံးကိုမှရွေးထားတာ
ဒါပေမဲ့အဖေက
တရားစခန်းဝင်ဘို့မြန်အောင်ကိုအသွား
ကျွန်တော်လိုက်သွားရတယ်
ဝိပဿနာတရားစခန်းမှာ
တရားတရားနဲ့ သမီးမွေးပြီးစားတဲ့ တရားသမားကို ကျွန်တော်တွေ့လိုက်ရတယ်
လူပုံကယောင်ကြီးဘွေ လူတော်တော်များများက သူတော်ကောင်း လူကြီးလူကောင်းလို ဆက်ဆံကြပေမဲ့
ညမှောင်မှောင် မီးရောင်မှိန်မှိန်မှာ တက္ကသိုလ်ကျောင်းသူ (ကောင်မလေးမှ ဖေကြီးဟု ခေါ်သူ) နဲ့အချစ်ဇတ်ကြမ်းကားရိုက်နေတာကို အိပ်မမပျော်တဲ့လူပျိုပေါက် ကျွန်တော်မြင်ခဲ့ရတော့
နောက်နေ့ကစပြီး အဲဒီသက်ကြားအိုကြီးကိုရွံ တရားသမားတွေကို တော်တော်ကြောက်ခဲ့ရတယ်
တရားစခန်းလဲပြီးရော ကိုယ့်ကိုယ်ကိုယ် တရားတွေအများကြီး ပေါက်မြောက်သွားသလို အပြောတွေကြီး
တရားသမားကြီးအဖေက
ကျွန်တော့်ကိုရဲတပ်ဖွဲ့ကိုအတင်းသွင်းလိုက်တယ်
ငြင်းဆိုခွင့်တောင်မပေးဘူး
ရဲတပ်သားလေးကျွန်တော်၊
အီကိုစာပေးစာယူကျောင်းသား၊
(ခ)နံပါတ်ကျပြီးလစာစရပေမဲ့
နိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်တော့
သင်တန်းမတက်ရသေးပေမဲ့
အခြေအနေအရ ကျိုက္ကဆံရဲဝန်းကနေ လှိုင်ရဲစခန်းကို ပြောင်းရတယ်
ရဲစခန်းထဲမှာ လက်တိုလက်တောင်း၊ တစ်ဝက်တစ်ပျက်ရဲသားပေါက်စနလေးပေါ့ ၄လလောက်ကြာတော့
အဲဒီကနေအင်းစိန်ရဲစခန်းပြောင်းရတယ်
ပြသနာကစပြီ စခန်းမှာ ၅လလောက်ဘဲကြာတယ်
ထုံးစံအတိုင်းအဖေပေါ့
ရဲဝတ်စုံနဲ့ကြည့်မရတော့ဘူး
ပါတီဌာနချုပ်ကို အတင်းပြောင်း ဝန်ထမ်းအဖြစ်စာရင်းသွင်း
ရဲကနေထွက်စာတင် (ဝန်ထမ်းပြောင်း၊ ရဲသင်တန်းမတက်ရသေး၊ တပ်သားအတည်မပြုရသေး)
ဟော လည်ကတုန်းတိုက်ပုံနဲ့
တောင်သူလယ်သမားအစည်းအရုံးအဖွဲ့ချုပ်၊
ထောက်ပို့၊ မော်တော်ယာဉ်ဌာနခွဲ၊
ပစ္စည်းထိန်းတွဲဘက်ရာထူး၊ အသစ်စက်စက်နဲ့ကျွန်တော်ရုံးချုပ်ကို ဖယ်ရီပေါ်ငြိမ့်ငြိမ့်လေးစီး
ရုံးကအပျိုကြီးမမတွေကြား တာစားခဲ့သေး
(အလုပ်ပြုတ်၊ ပါတီပျက်တော့မှာ ကြိုမှမသိခဲ့တာကိုး)
အဲဒီအချိန်အမ (၂)နဲ့(၄) ကပါတီဝန်ထမ်းတွေဖြစ်နေပြီ
နေ့တိုင်းရုံးတက် စနေတနင်္ဂနွေအဝေးသင်တက်
အားကစားအနေနဲ့
တောင်သူလယ်သမားအစည်းအရုံးဗဟိုဦးစီးအဖွဲ့ဌာနချုပ်ရဲ့
လက်ရွေးစင်ဂိုးသမား
(ပိုက်ဘောမဖမ်းတတ်ပါ)
ပျိုပျိုမေတို့အသဲစွဲ
ဘောလုံးအဖမ်းကောင်းနေတုန်း
လစာကလဲ ကျွန်တော်တို့လို လူပျိုလူလွတ်အတွက်က လောက်တဲ့အပြင်
ပိုတောင်နေသေး လစာထုတ်တဲကနေ့က အိမ်သားတွေရဲ့အရေးပေးခံရတဲ့နေ့
ပုံမှန်လူ့ဘဝမှာ နေသားကျမလို့ရှိသေး
တိုင်းပြည်အခြေအနေက ယိမ်းယိုင်လာပြီ
ပါတီဝန်ထမ်း ကျွန်တော်တို့
ဘယ်သူ့ကြောက်ရမှန်းမသိ
(ပါတီဝန်ထမ်းတော်တော်များများ၊ အရေးအခင်း၏
စတေးခံသားကောင်များဘဝရောက် အသက်များပေးဆပ်ခဲ့ရ)
ရုံးမတက်ရင် ဖမ်းမယ်တဲ့
ရုံးတက်ပြန်တော့ အရေးအခင်း လူအုပ်ကြားထဲ
(ရမိုင်မှ နံနက် ရုံးကို ကားစီး၊ ရုံးရောက်တော့ပါတ်ပါတ်လည်လူသိန်းနဲ့ချီ၊
အမေရိကန်သံရုံးဘေးဆိုတော့ ပိုဆိုးတာပေါ့)
ဝန်ထမ်းကဒ်ကို အောက်ခံဘောင်းဘီထဲဖွက်၊
ပစ္စည်းတွေထုတ်ပိုး (တပ်မတော်သို့လွှဲ၊ဗနသသို့လွှဲ)
ညနေ၃နာရီ အိမ်အပြန်လမ်း၊
အတားအဆီး၊ အစစ်အဆေး(ဘာကောင်မှန်းမသိတဲ့လက်ပါတ်ဝတ်ရဲရဲနီ၊ သူတို့မထင်ရင်မထင်သလို သေဒါဏ်ပေး
တရားစီရင်နေတဲ့အဝီဇိမှငရဲသားများ)
ကိုအောက်ကြို့တောင်းပန်
ရန်ကုန်မြို့လည်ခေါင်မှ
မီးရထားလမ်းအတိုင်း လမ်းလျှောက်
အုတ်ကျင်းဘူတာကနေ ဖေါက်ထွက်
ဘုရားလမ်းအတိုင်းတက် အိမ်ကို အသက်ဖက်နဲ့ထုတ်ပြီး
နေ့တိုင်း အရေးအခင်းပြီးတဲ့အထိ
ကျွန်တော့်ရဲ့ မရဏခရီးစဉ်
ကံကောင်းလို့ပေါ့
အရေးအခင်းလဲပြီး ပါတီလဲပျက် ဟော ပါတီကဝန်ထမ်းတွေ
၃လစာပေးပြီး(ဗိုလ်ကလေးဈေးလမ်းကြား)
အလုပ်ပြုတ်တဲ့နေ့
ဝန်ထမ်းတော်တော်များများ ငိုပွဲဆင်တဲ့နေ့ (လုပ်သက်ရင့်၁၅/၂၀)
အသက်အရ တစ်ခြားဘာလုပ်ရမှန်းမသိတဲ့ ဝန်ထမ်းအိုကြီးများ
ကိုကြည့်ရင်း ကျွန်တော်သံဝေဂရပြီလေ
ဘယ်တော့မှမပြုတ်တဲ့အလုပ်
ကျွန်တော်သိပြီလေ
အဲဒီကိုခြေလှမ်းခဲ့တော့တယ်
လက်ထဲမှာ ဝန်ထမ်းကဒ်ဟောင်း ထောက်ခံစာအပြည့်
လစာငွေ၂လစာ(တစ်လစာအား ကလေးများသော
ဝန်ထမ်းများအတွက်လှူဒါဏ်းခဲ့)
ဧရာဝတီရေတပ်စခန်းဌာနချုပ်
အမှတ်၂၃ရေတပ်အုပ်ချုပ်ရေးတပ်
တပ်သားသစ်စုဆောင်းရေးဌာန
၁၉၈၉အောက်တိုဘာလ၁ရက်နေ့
တပ်သားသစ်အတည်ပြု – ၁၉၈၉
ကျွန်တော်ရေတပ်သားလေး
ဆေးစစ်ကြံ့ခိုင်ရေးစစ်ဆေး
အားလုံးအဆင့်(က)
ဘာလိုမလဲ
ဒီတော့
တပ်သားသစ်လေးကျွန်တော်
ရေတပ်လေ့ကျင့်ရေးဌာနချုပ်
ဆိပ်ကြီး
ဘဝအသစ်စက်စက်လေးဇါတ်ဆရာအလိုကျပေါ့
ကိုယ်ပိုင်နံပါတ်
တပ်မတော်(ရေ)
တပ်သားသစ်လေးကျွန်တော်
စီးပွါးရေးတက္ကသိုလ်ကျောင်းသားလေး ကျွန်တော်
ဆိပ်ကြီးမှာ အခြေခံသင်တန်းတက်ရင်း နဂိုကထဲက ရောက်လေရာအရပ် စီးပွါးရှာတတ်တဲ့ စီးပွါးရေးတက္ကသိုလ် ကျောင်းသားလေးကျွန်တော်
ဓါတ်ပုံရိုက် ဗေဒင်ဟော အတွေ့အကြုံမရှိတဲ့ ရဲဘော်သစ်ကလေးတွေကြား
ကျွန်တော်ဟာ သူတို့အတွက် တကယ့်ကိုအားကိုးစရာတစ်ယောက်ပေါ့
(နောက်တော့လဲကျွန်တော့်အကြောင်းသိသွားတော့အမြင်ကတ်စရာပေါ့)
တစ်ချို့ကတော့ ကျွန်တော့်ကို မနာလိုကြဘူး
နည်းပြတွေနဲ့ လက်ပွန်းတနှီး ဖြစ်နေတော့(ဝန်ထမ်းနှစ်ဆက်ကနေ သုံးဆက်မြောက်ဆိုတော့လဲ သုံးကျောင်းပြောင်းသောရဟန်း၊ သုံးလင်ပြောင်းသောမိန်းမ၊ ဘယ်တုံးကကောင်းဘူးလို့လဲ)
ကြောက်စိတ်က မရှိတော့ဘူးလေ
အခြေခံသင်တန်းမှာ ပင်ပင်ပန်းပန်းလဲ မလုပ်ရဘူး
သူများတွေလုပ်တာ ထိုင်ကြည့်ယူနီဖေါင်းနဲ့ဟန်ရေးပြနေတဲ့သူငယ်ချင်းတွေဆီက ပိုက်ဆံကိုကဲ့ယူ ဓါတ်ပုံရိုက် ဆရာတွေနဲ့ ပေါင်း မုန့်မျိုးစုံရောင်း
ဆရာတွေရဲ့ဆိုင်မှာ ကူလုပ် ထမင်းကြော် လက်ဘက်ရည်ဘိုး ပူစရာမလို
ဒါနဲ့ဘဲ သင်တန်းဆင်းရော

7 comments

  • သစ် တည်

    September 15, 2012 at 11:20 pm

    မောတာ…

  • ကြောင်လေး

    September 16, 2012 at 8:27 am

    ဟုတ်ပ…….
    အဖြစ်စုံ
    အချစ်စုံ
    ဘဝစုံ
    အကစုံ….
    ဆက်ပါဦး ကိုယ်တိုင်ရေး အတ်ထုပ်ပတ်တိ လေး

  • DEPARKO DEPARKO

    September 16, 2012 at 1:32 pm

    အားပေးတဲ့အတွက် ကျေးဇူးပါ ဖတ်မိတဲ့ငယ်သူငယ်ချင်းတွေအဆက်အသွယ် အမှတ်တရဖြစ်စေဘို့ အမည်မှန်တွေသုံးခဲ့ရတာကို ခွင့်လွှတ်ကြပါရန် ရေတပ်ထဲမှာတွေ့ကြုံရတဲ့ဖြစ်ရပ်မှန်များ ဆက်လက်ဖေါ်ပြပါမည် ရေးပြီးသားပို့စ် တွေထဲမှာ လက်ရှိအတွေ့အကြုံများဖေါ်ပြပြီးဖြစ်ပါသည်

  • ထွန်း ပြောင်

    September 17, 2012 at 3:18 am

    ကောင်းဗျာ …ချို ချဉ် ငံ စပ် အရသာစုံတဲ့ အသုပ်တစ်ပွဲ စားလိုက်ရသလိုပဲ…….
    အပိုအနေနဲ့ ဟင်းရည်ပူပူလေးကလဲ ပါသေးဆိုတော့ …ဘာပြောကောင်းမလဲဗျာ..

  • ကထူးဆန်း

    September 17, 2012 at 9:59 am

    ဆက်လုပ် ရဲဘော် . ဆက်လုပ် .
    😀

  • MaMa

    September 18, 2012 at 9:25 am

    ဒီပါကိုရဲ့ အရေးအသားက ဇာတ်ကောင်စရိုက်ကို ပေါ်လွင်စေတယ်။
    အသိထဲမှာလည်း အဲလိုစရိုက်မျိုးတွေ ရှိတယ်။
    မိဘမောင်နှမနဲ့ အဆင်မပြေပေမယ့် တွေ့တဲ့လူနဲ့ တည့်အောင်ပေါင်း၊
    ရောက်တဲ့အရပ်မှာ အဆင်ပြေအောင်နေတတ်တယ်။
    သူ့ကို သိတဲ့လူတွေအားလုံး ခင်မင်တွယ်တာနေတတ်ကြတာမျိုး။
    အင်းးးးးးး ခုကြော်ညာစကားနဲ့ ပြောရရင်တော့…
    ဘယ်လိုပြောရမလဲ 😀

  • DEPARKO DEPARKO

    September 18, 2012 at 6:03 pm

    မမရေ အခုအသက်တွေကြီးလာတော့လည်း ပြောင်းလဲကုန်တာပေါ့ အမ ၅ ယောက်မှာ တစ်ယောက်ဘဲအိမ်ထောင်ကျတယ် အကြီးဆုံးက အင်္ဂလန်ရောက်နေတာ အသက်၆ဝ ပြည့်တော့မယ် အကုန်လုံး လူပျိုကြီး အပျိုကြီးတွေဖြစ်ကုန်ကြပြီ အခုတစ်ခါတစ်ခါ နောင်တရတယ် သူတို့သာ အိမ်ထောင်ကျခဲ့ရင်ကျွန်တော်တော်တော် သက်သာမှာ အခုတော့ အပျိုကြီးတွေကြားမှာ အမလေး

Comments are closed.