မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း
လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။
(၁) အင်းပါ! အင်းပါ! သိပြီ… အရမ်းရှုပ်တာပဲ!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!
(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့….. လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)
(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)
(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)
(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)
(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)
(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။
(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ… နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )
မူရင်း — http://share.youthwant.com.tw/sh?id=31023426&do=D
နိုင်းနိုင်းစနေ (Thursday, September 22, 2011)
17 comments
the best
September 17, 2012 at 10:14 am
သိပ်ကောင်းတဲ့ ပို ့စ်ပါ။
ကျွန်တော့် ခံစားချက်ကို သုံးသပ်တင်ပြရရင်….
မိဘတွေကို စိတ်ထိခိုက်စေမဲ့ စကားတွေ မပြောမိအောင် ထိန်းတတ်ဖို ့ သိပ်အရေးကြီးပါတယ်။
အထူးသဖြင့် အိမ်ထောင်ရှိတဲ့သူတွေပါ။
အိမ်ထောင်ဖက်ရှေ ့မှာ မိဘကို မရိုမသေ ပြောဆိုဆက်ဆံတာ လုံးဝမလုပ်သင့်ပါဘူး။
ကိုယ်ကရိုသေပြမှ ကိုယ့်အိမ်ထောင်ဖက်က လေးစားမှာပေါ့။
သား၊သမီးတွေ၊ ချွေးမ သမက်တွေရှေ ့မှာလည်း မိဘကို
မရိုမသေ ပြောဆိုဆက်ဆံတာ လုံးဝမလုပ်သင့်ပါဘူး။
သားသမီးတွေ၊ ချွေးမ သမက်တွေ ကပါ ဖိုးဘွားတွေကို မရိုသေတဲ့အပြင်
မိဘတွေကိုပါ ဒီလိုပုံစံဆက်ဆံလာလိမ့်မယ်။
မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း မကရှိပါတယ်။
ပြောပြရရင် မကုန်နိုင်ပါဘူး။
ကိုယ့်မိဘ ဘာကိုမကြိုက်သလဲ။ ဘာပြောရင် စိတ်ထိခိုက်သလဲဆိုတာ ကိုယ်အသိဆုံးပါ။
ဒါတွေမလုပ်မိဖို ့က ကိုယ့်တာဝန်ပါ။
အိပ်ယာဝင်တိုင်း ငါ့မိဘကို ငါဘာတွေမပြောဆို၊မဆက်ဆံသင့်တာ လုပ်မိခဲ့သလဲလို ့
နေ ့စဉ်မပျက်ပြန်တွေးပြီးမှ ဦးချကန်တော့ရင် နောက်နေ ့သစ်မှာ ကံကောင်းကြမှာပါ။
Black Cloud
September 17, 2012 at 10:26 am
the best ရေ….
အသိ လေးကတော့ ကောင်းပါတယ်….
လူဆိုတာ အသိတင်မကဖူး သတိလေးနဲ ့ပါ အသိအတိုင်း လုပ်ဖို ့တော့လိုတယ်ဗျ….
ကျွန်တော်ကိုယ်တိုင်လည်း တခါတခါ သတိမကပ်လို ့ ပြောမိဆိုမိတာတွေ ရှိပါတယ်…….
မှားတာကို မှားမှန်းသိပီး ပြင်ဆင်ခြင်းဟာလည်း မင်္ဂလာ တပါးပဲ မဟုတ်လားဗျာ….
ချစ်တတ်သူ
September 17, 2012 at 11:37 am
အမှန်ပါဗျာ…တစ်ခါတစ်လေ ကျွန်တော်လဲပြောမိပါတယ်… ဒါပေမယ့် အခု အတတ်နိုင်ဆုံးမပြောမိအောင်နေတယ်… မိဘကျေးဇူးရှိတယ်လေ.. သူတို့တတ်လို့ သိလို့ ကိုယ်တွေကိုတောင် ဒီအရွယ်ထိမွေးပေးထားပြီးပြီပဲ… ကိုကပိုသိချင်သိမယ်.. ဒါပေမယ့် သူတို့ရဲ့အတွေ့အကြုံ ကိုတော့ဘယ်လို့မှမမှီနိုင်ဘူးလေ…
we R one
September 17, 2012 at 11:49 am
မှန်ပါတယ်..။ အဲလို မျိုးမပြောဖြစ်အောင်ကြိုးစားကြပါ..။။
ကျွန်မ က တော့ တစ်ခါမှ အဲလို မပြောဖူးဘူးလို့ ထင်တယ်မှတ်မိသလောက်လေ..။ ငယ်ငယ်တုန်းက အရွယ် ရောက်တဲ့ အထိ အမေ့ကို အရမ်းကြောက်ခဲ့ရလို့လား မသိဘူး..။ အမေ့ပြောစကား တစ်ခွန်းပဲ..။ အသက်အရွယ်လည်း ၂ဝ ကျော်လာတော့ ပိုလို့တောင်မပြောဖြစ်ဘူး..။ အမေ့ ကို မကြောက်တော့ပေမဲ့ အမေ့ ကို ပိုနားလည် လာတယ်..။ ကျွန်မ ကြောင့်အမေ တစ်ခုခုခံစား ရမှာ ကို ကြောက်လာတယ်…။ ကျွန်မ အမေ့ကို စိတ်ချမ်သာ အပြည့်အဝပဲ ပေးချင်နေတယ်…..။ ကျွန်မ နှလုံးသား ကိုသောခတ်ပြီးတော့ အမေ့ စိတ်ချမ်းသာ မှုကို ပဲ ဦးစားပေးခဲ့တာပါ..။
Black Cloud
September 17, 2012 at 2:25 pm
အမရေ
အမေကို စိတ်ချမ်းသာအောင်ထားတာတော့ အမှန်ပါ….. အမေ့စကားကို အမြဲနားထောင်ရင် မှန်မယ် မဟုတ် မှားမယ်လို ့လည်း ကျွန်တော်လည်း မပြောချင်ပါဖူး……
ဒါပေမယ့် နှလုံးသားနဲ ့ပတ်သက်ရင်တော့ ဦးနှောဏ်နဲ ့ယှဉ်တွဲပီး ပိုစဉ်းစားသင့်တယ်လို ့အကြံပေးချင်ပါတယ်…..
mayjuly
September 17, 2012 at 12:21 pm
မိဘ ဆိုတာ ဘုရားနဲ့ တဂိုဏ်းတည်း ထားပြီး ကိုးကွယ်ရတဲ့သူတွေပါ ….
ငယ်ငယ် ကတည်းက ခုချိန်ထိ ပြန်ကိုမပြောဖူးပါဘူး..
စိတ်ထဲ မှာ မိဘတွေပြောလို့ စိတ်ခုခဲ့ရင်တောင်ငြိမ်ပြီးတစ်ယောက်တည်းကောက်နေတတ်တာ.. 😛
အဲဒါလည်းမိဘကို ဆန့်ကျင်ခြင်းတစ်မျိုးပဲလားမသိဘူေးနာ် ..
အဲလိုကောက်နေတာတောင် ငါ့သမီးလေးကောက်နေတာလေ..ကြည့်ပါအုံးလို့ ပြူံးပြီး ဂုဏ်ယူနေတတ်တဲ့ မေမေကို
အရမ်းချစ်ခဲ့တယ်… ဖေဖေဆို မုန့်ကျွေးပြီး ချော့တတ်တယ် ..
အဲလို သားသမီး အပေါ်ဂရုဏာထားတတ်တဲ့ မိဘများကို ဘယ်လိုများပြန်ပြောသင့်ပါမလဲ …
စိတ်နဲ့တောင်မပြစ်မှားသင့်ပါဘူးနော် ….
Good™
September 17, 2012 at 12:46 pm
မိဘတွေ ရဲ့ ရင် ထဲ က စေတနာ တွေ ကို သားသမီး တွေ အနေနဲ့ မြင်အောင် ကြည့် နိုင်ဖို့ ဆို တာ၊
ကိုယ် ကို တိုင် မိဘ ဖြစ်လာ တဲ့ အခါ ဒါမှမဟုတ် ခု လို သတိချပ် စေ ဖို့ စာသားလေးတွေ နဲ့ ကြုံ ကြတဲ့ အခါ ပို ပြီး သိနား လည်၊ မြင်လာကြရတယ်။
လူတိုင်းတော့ မဆို လို ပါဘူး၊ တချို့ သားသမီးတွေ အရမ်း ကို လိမ်ကြတယ်။
ကြောင်ဝတုတ်
September 17, 2012 at 2:07 pm
မတူသောအမြင်တစ်ခုနဲ့ပြောမယ်နော်…
ဘုရားနဲ့တစ်ဂိုဏ်းထဲထားသောမိဘဆိုပေမယ့် ဘုရားလိုအစစပြည့်စုံသူမဟုတ်ဘူးလို့ဆိုရပေမပေါ့…
တစ်ခုတော့ရှိပါတယ်… မိဘဟာသားသမီးအပေါ်မှာ မကောင်းတာကို ၉၀% မညွှန်ပြဘူးလို့ပြောလို့ရပေမယ့်…
ကျန်ရှိသော ၁၀% မှာ မိဘရဲ့ပညာအရည်အချင်း၊ မိဘရဲ့အဆိုးအကောင်းခွဲခြားနိုင်စွမ်းနဲ့ မိဘရဲ့အတွေ့အကြုံအတိမ်အနက်ပေါ်မှာ မူတည်တယ်လို့ဆိုချင်ပါတယ်…
နောက်အမြင်တစ်ခုကို ထပ်ပြောပါ့မယ်…
ခေတ်စနစ်ကြောင့် အတွေးအခေါ်နဲ့ အမြင်ပြောင်းသွားနိုင်တယ်ဆိုတာလဲ ထည့်စဉ်းစားရမယ့်အချက်ပါ…
အဲဒီတော့ အခြေအနေတွေနဲ့ စနစ်တွေပြောင်းလာတဲ့အချိန်မှာ အတွေ့အကြုံဆိုတာထက် ပိုမိုပြီးလက်တွေ့ဆန်ဆန်တွေးခေါ် နိုင်မှုကအရေးပိုကြီးတယ်လို့ မြင်ပါတယ်…
ဥပမာ… ကျွန်တော့အမေဟာ တစ်သက်လုံးကျောင်းဆရာမလုပ်လာတဲ့သူပါ… အိမ်မှုကိစ္စတွေနဲ့လုံးပန်းရသူမို့ အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့အိမ် ကူလူးရင်း အနှစ်(၃၀)ကျော်ကို ဖြတ်သန်းခဲ့သူပါ… အမေ့မှာ သားသမီးကို ၁၀၀% ချစ်တဲ့စိတ်ရှိပေမယ့်… သားသမီးရဲ့ခေတ်သစ်အတွေးနဲ့ အမြင်အပေါ်မှာ လွှမ်းမိုးနိုင်လောက်အောင် အနေအထားမရှိသူဖြစ်နေပါတယ်… အဲဒီတော့ တစ်ချို့တစ်ချို့သော အမေရဲ့ဆုံးဖြတ်ချက်ဟာ သားသမီးနဲ့ကိုက်ညီတဲ့ဆုံးဖြတ်ချက်ဖြစ်ချင်မှဖြစ်နိုင်မှာပါ…
မိဘစကားမြေဝယ်မကျနားထောင်တတ်တဲ့သားသမီးများမှာ ရာနှုန်းတစ်ခုစီပေါ်မှာမူတည်ပါတယ်…
အဲဒါကတော့ မိဘကျေးဇူးသိတတ်ပြီး မိဘကိုအမြတ်တနိုးချစ်တတ်မှု ၅၀%၊ မိဘရဲ့လုံခြုံသောရင်ခွင်ကိုစွန့်ခွာရဲသောသတ္တိမရှိမှု ၅၀% ပါ… အဲဒါဆို မိမိက ဘယ်ဘက် ၅၀%ပေါ်ရောက်နေလဲဆိုတာကို ပြန်စဉ်းစားသင့်ပါတယ်…
နောက်တစ်ခုက မိဘကို အကြောင်းမဲ့ရိုင်းရိုင်းဆိုင်းဆိုင်းပြောတာတော့ ကျွန်တော်လဲ မကြိုက်ပါဘူး…
ဒါပေမယ့် မိဘမှားနေတဲ့နေရာမှာ မိဘမို့လို့လုပ်ချင်ရာလုပ်လွှတ်ထားတာတဲ့ မှားနေတာကို မှားနေတယ်လို့ပြောရဲတဲ့သတ္တိရှိရပါ့မယ်…
မိဘမှားနေတာကို မှားနေတယ်လို့မပြောတာလဲ မိဘကိုခွေးစားစားကျီးထိုးထိုးပစ်ထားတာနဲ့အတူတူပါပဲ…
အဲဒီတော့ ပြောစရာရှိရင် ဘယ်သူပဲဖြစ်ဖြစ်ပြောရမယ်ဆိုတဲ့အကျင့်လေးကိုလေ့ကျင့်ယူရင်…
အကြောင်းမယ့်ကိုယ့်ကို အနိုင်ကျင့်တဲ့ကိစ္စ လုပ်ငန်းခွင်ထဲမှာရော… မိသားစုပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပါ…
မိမိကိုယ်ကိုယုံကြည်မှုရှိသူအဖြစ် တည်ဆောက်စေချင်ပါတယ်…
ခင်မင်လျက်-
ကြောင်ဝတုတ်
Black Cloud
September 17, 2012 at 2:28 pm
စိတ်တူ ကိုယ်တူ ပါပဲဗျာ……..
ထောက်ခံပါတယ်…….
ဒါပေမယ့် ကိုယ်က မိဘကို ထောက်ပြလို ့ မိဘက စိတ်ဆင်းရဲသွားတာ အားငယ်သွားတာလေးတွေ ရှိတက်သဗျ……
အဲ့ဒီအခါ ကိုယ့်ကိုယ်ကို အားငယ်သွားတက်တဲ့ မိဘတွေကို ချစ်သူ ရီးစားထက် မနည်း ချော့တက်ဖို ့ လိုကြောင်း ဖြည့်စွက်ပါရစေ…….
kai
September 17, 2012 at 2:33 pm
ဂေါတမမြတ်စွာဘုရားကတော့.. ဘုရားနဲ့မိဘ..တဂိုဏ်းထဲလို့.. ဟောခဲ့….ပြောခဲ့ပုံမရပါဘူး..
ထားပါတော့…
ဒီကမ္ဘာကြီးမှာ.. လူ့ယဉ်ကျေးမှုအပါအဝင်..လူသားတွေတိုးတက်လာတယ်ဆိုတာ.. သားသမီးတွေက.. မိဘတွေထက်… (ကမ္ဘာလုံးအတိုင်းအတာ ခြုံကြည့်ရင်) သာလွန်ကြလို့ပါ..။ အတိဇာတ လို့ခေါ်ပါမယ်..။
ဆိုတော့..
မိဘတွေကို.. မိဘအရာမှာထား.. ထိုက်သင့်တဲ့.. အပြန်အလှန်လေးစားမြတ်နိုးမှုဖြင့်.. စောင့်ရှောက်ကြစေလိုကြောင်းရယ်ပါပဲ..
အတိဇာတဖြစ်ကြပါစေ…
garuda
September 17, 2012 at 2:47 pm
comments တွေဖတ်ရတာ ကောင်းသဗျာ။ စိတ်ကြည်နူးမိပါတယ်။ မိဘကျေးဇူးကို သတိရရင်/မိဘကိုစိတ်ထဲက ဦးချကတော့ရင် ဘဝမှာ အများကြီးအဆင်ပြေလေ့ ရှိတာတော့ ကြုံဘူးတယ်ဗျာ။ တိုက်ဆိုင်တာလည်းဖြစ်နိုင်ပါတယ်။
မောင်ပေ
September 17, 2012 at 2:56 pm
မိဘ မိဘ
မိဘက သားသမီးအပေါ်ထားတဲ့စိတ်က တစ်ခါတစ်ရံ သားသမီး အမှုတွေ ဆိုင်ရတဲ့ အထိ မှားတာမျိုး လဲတွေ့ဖူးပါတယ်
ဆိုတော့ဗျာ
အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တာမို့ ၂ဘက်ပြေလည်အောင် သားသမီးဘက်က အလျှော့ပေး ညှိနှိုင်း ပြောဆို ဆောင်ရွက်ရမှာပါ
MaMa
September 17, 2012 at 3:36 pm
ကိုယ့်အတွက် အံကိုက်ပေးလိုက်တဲ့ ဆုံးမစာလို့ ထင်ပြီး ကျေးဇူးတင်ပါတယ်။
ကိုယ့်ကိုယ်ကို ဆုံးမပြီး တတ်နိုင်သလောက် ကြိုးစားပေမယ့် မကြာခဏပဲ မှားတတ်နေလို့… 🙁
မောင်ပေ
September 17, 2012 at 4:46 pm
မိဘ မိဘ
မိဘက သားသမီးအပေါ်ထားတဲ့စိတ်က တစ်ခါတစ်ရံ သားသမီး အမှုတွေ ဆိုင်ရတဲ့ အထိ မှားတာမျိုး လဲတွေ့ဖူးပါတယ်
ဆိုတော့ဗျာ
အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တာမို့ ၂ဘက်ပြေလည်အောင် သားသမီးဘက်က အလျှော့ပေး ညှိနှိုင်း ပြောဆို ရင်း သာယာပျော်ရွှင်စရာ ဖြစ်ရတာပေါ့
Kyaw Myo Thet
September 17, 2012 at 7:42 pm
လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗစရိယမိနှင့်ဖ ဆိုတဲ့အတိုင်းလည်း မိဘများဟာ သားသမီတိုင်းရဲ့ ဆရာလည်းဖြစ်ပါတယ် ။ ဒီလို ပို့စ်လေးတွေ ကွန်မန် လေးတွေဖက်ရ တကယ်ကိုသဘောကျမိပါတယ်။
မိဘကိုဘယ်လိုပဲကျေးဇူးကန်း အကောင်းမမြင်နေတဲ့ သားသမီးတွေရှိနေခဲ့ပါစေ။ ကျနော်တို့ ကမ္ဘာပေါ်မှာရှိနေတဲ့ လူသားတိုင်းလူသားတိုင်းဟာ မိဘ နှစ်ပါးကမွေးထုတ်ခဲ့လို့သာလူရယ်လို့ဖြစ်လာခဲ့ကြတာပါ။ မြင့်မိုရ်တောင်ဦးမြင့်ခေါင်းကျူး ဂုဏ်ကျေးဇူးကို အထူးသိလျှက်မိဘစက်။
မဟာရာဇာ အံစာတုံး
September 17, 2012 at 8:13 pm
ဟုတ်ကဲ့ …
မှတ်သားစရာတွေပါပဲ …
ဖုန်းပြောတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့
အရင်တုန်းက ကျနော် အဲ့ဒီလို ပြုမှုခဲ့ဖူးပါတယ် ..
သို့ပေသိ ခုနောက်ပိုင်းမျာတော့ လိမ္မာသွားပါပီ …
အရီးခင်လတ်
September 18, 2012 at 3:39 am
အဲဒီလို မိဘကို ပြန်ပြော တဲ့ သားသမီးတွေ ဟာ ကိုယ့်အလှည့်ကျရင် ကိုယ့်သားသမီး က ကိုယ့်ကို အဲဒီလို ပြန်ခံ မပြော နိုင်တဲ့ အဆင့် ကို ရဖို့
ကြိုတင် ကြိုးစားဖို့ အသိရှိ သင့်တယ်။
မဟုတ်လို့ ကတော့ အဲဒီလို သူမျိုးတွေ က ကိုယ် အပြောခံရရင် သူများထက် ပိုပြီး ဆိုး (ဂေါက်) တတ်တယ်။
ဒီ (၁) က (၁၀_ အထဲမှာ တစ်ချို့ အချက်တွေ ကတော့ မပြောသင့်ပါဘူး။
တစ်ချို့ အချက်တွေ ကတော့ မိဘများ ကလဲ ကိုယ့်သားသမီး အရိပ်အခြေ ကို သိသင့်တယ်။
ဇွတ်မလုပ်သင့်ဘူး။
ဥပမာ – တစ်ချို့ မိဘများ ဟာ အခန်းရှင်း သလို နဲ့ စပိုင် လုပ်တတ်တာ သားသမီး က သိလို့ပါဘဲ။
တစ်ခုခု ကို ကိုယ်သိချင်ရင် ကလေး နဲ့ တိုက်ရိုက် ဆွေးနွေးဖို့ ကြိုးစားသင့်ပါတယ်။
ခိုးကြောင်ခိုးဝှက် မလုပ်သင့်ပါဘူး။
သူတို့ ကို မယုံကြည်ရာ ရောက်ပါတယ်။
ဒီတော့ မိဘများဘက် ကလဲ ဆင်ခြင်သင့်တာတွေ ရှိပါတယ်။
မိဘများ နဲ့ သားသမီးများ ဆက်ဆံရေး အနုပညာ ဟာ လွယ်လွယ်တော့ မဟုတ်တာ
ကိုယ်က သားသမီး လဲ ဖြစ်ဘူး၊ မိဘလဲဖြစ်ဘူး ပြီမို့ ကိုယ်တွေ့ပါ။
ကြောင်ဝလေး ကို ပေးတဲ့ BC အတွက် ထောက်ခံပါတယ်။ 🙂