Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စိန်ရတုအခမဲ့စာရင်းကိုင်သင်တန်း

Ma MaSeptember 23, 20121min100748

မြန်မာနိုင်ငံစာရင်းကိုင်များအသင်းကြီးမှ အခမဲ့စာရင်းကိုင်သင်တန်းများအား ဖွင့်လှစ်သင်ကြားပေးခဲ့တာ ယခုနှစ်မှာ ၇၅နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

လူတိုင်းစာရင်းအင်းပညာ တတ်မြောက်နိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပုံမှန်သင်တန်းတွေမှာ သင်တန်းကြေး အခမဲ့ဖြစ်ပါတယ်။

သင်တန်းတက်ရောက်ရန် အသင်းဝင်ရပါတယ်။

အသင်းဝင်ကြေး ၅၀၀ဝကျပ်ပေးသွင်းရပြီး စာရွက်စာတမ်းကြေးကိုလည်း အလွန်နည်းပါးတဲ့နှုန်းထားနဲ့ လူတိုင်းသင်ကြားနိုင်အောင် စီစဉ်ပေးထားပါတယ်။

သင်တန်းကိုဦးဆောင်ကြီးကြပ်သူများရဲ့ စနစ်ကျမှု၊ သင်ကြားသူ ဆရာ၊ ဆရာမများရဲ့ စေတနာထား သင်ကြားပြသမှုတို့ကြောင့် အောင်မြင်တဲ့ အသင်းကြီးတစ်သင်းဖြစ်ပါတယ်။

အသင်းကြီးရဲ့ ရ၅နှစ်ပြည့် စိန်ရတုအထူးသင်တန်းအနေနဲ့ အခုလာမယ့် အောက်တိုဘာလမှာ အသင်းဝင်ကြေးနှင့် စာရွက်စာတမ်းကြေးများပါ အခမဲ့ သင်တန်းဖွင့်လှစ်မှာ ဖြစ်ပါတယ်။

မြန်မာဗားရှင်းနဲ့ အင်္ဂလိပ်ဗားရှင်းဆိုပြီး သင်တန်း (၂)ခု ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

သင်တန်းတစ်ခုကို လူ ၁၀ဝ စီ သာ လက်ခံမှာဖြစ်လို့ တက်ရောက်သင်ကြားလိုသူတွေအနေနဲ့ အမြန်ဆုံးစာရင်းပေးသွင်းကြဖို့လိုပါတယ်။

စီစဉ်ကြသူများရဲ့ စေတနာကို အလေးထားသောအားဖြင့်၊ လေးစားသောအားဖြင့် အမှန်တကယ် တက်ရောက်လိုသူ၊ တက်ရောက်နိုင်သူများသာ စာရင်းပေးသွင်းကြစေလိုပါတယ်။

စိန်ရတု စာရင်းရေးပညာသင်တန်း အောင်မြင်ပြီးသူများကို ဆက်လက်၍ စာရင်းကိုင်ပညာသင်တန်၊ အထက်တန်ုးစာရင်းကိုင်ပညာသင်တန်းများကိုလည်း (သင်တန်းကြေး၊ စာရွက်စာတမ်းကြေး) အခမဲ့ ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိသင်တန်းတက်ရောက်နေသူများရဲ့ နီးစပ်ရာပတ်ဝန်းကျင်ကို အသိပေးနိုင်ရန်အတွက် ကြိုတင်သတင်းပေးခြင်းဖြစ်ပြီး နောက်ရက်များတွင် သတင်းစာ၌ ထည့်သွင်းကြေငြာမှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများအနေနှင့် အောက်ပါလိပ်စာအတိုင်း ဆက်သွယ်စုံစမ်းနိုင်ကြပါတယ်။

အသင်းတည်နေရာ။ ။ အမှတ် ၉၁/၉၃၊ ၄၉လမ်း၊ ပုဇွန်တောင်မြို့နယ်
ဖုံးနံပါတ်။ ။ ၂၉၁၈၂၆

48 comments

  • ဦးဦးပါလေရာ

    September 23, 2012 at 5:00 pm

    ယနေ့လူငယ် နောင်ဝယ်ဘောစိ ဖြစ်ကြမယ့်
    သူဌေးလောင်း လုပ်ငန်းရှင်လောင်း လူငယ်များ ကြိုတက်ထားသင့်ပါတယ်။
    အခု လက်ဖဝါးခြေဖဝါးလောက်နီးနီးကစဦးတော့
    အလုပ်အကိုင်မှန်ရင် အသက် လေးဆယ်ဝန်းကျင်မှာ လုပ်ငန်းရှင်တဦးဖြစ်လာမှာဖြစ်ပါတယ်။

    ဘောစိရယ်လို့ဖြစ်လာရင်
    ရေရေလည်လည်အနှပ်ခံရမယ့် နယ်ပယ် ၂ ခု ရှိပါတယ်၊
    ဥပဒေ ဆိုင်ရာ နဲ့
    စာရင်းအင်း ဆိုင်ရာ ပါ။

    စကားစပ်လို့-
    စာရင်းတော်ရင် ဒေးဗစ်ကော်ပါးဖီးလိုပဲ
    ငွေစက္ကူတွေကို ပြောင်းလို့ရတယ်
    မြန်မာငွေကနေ ဘတ်ငွေအဖြစ်ပေါ့…. 😀 😀

    • pooch

      September 24, 2012 at 12:40 pm

      ဟုတ်ပါတယ် ဦးပါ မြန်မာငွေ အသုံးမခံလို့ အနော်လည်း အိမ်က ဘတ်ဘတ်ထားတဲ့ ဘတ်ငွေပဲ သုံးလေ့ရှိပါတယ် :mrgreen:

      မမရဲ့ လက်စမ်းစာပေလေး မဖတ်ရတာ ကြာပြီ ရေးပါအုန်းမမရယ်။
      ကျမကတော့ စာရင်းနဲ့ဆိုင်တဲ့ ဒီပလိုမာတခုကို စာမေးပွဲကြေးသင်တန်းကြေး ဒေါ်လှ မျက်နှာကြောင့်သာ နှစ်ပေါက် ကြိတ်မှိတ်အောင်အောင်ကြိုးစားခဲ့တာ သိပ်ပြီး ကြိုက်လှတယ်လို့တော့ မဟုတ်ဖူး
      မဖြစ်မနေမို့သာ ။ :mrgreen:

      လူတိုင်းတတ်ထားသင့်တာကတော့ အမှန်ပါပဲ။

      • MaMa

        September 24, 2012 at 3:21 pm

        မယ်ပုရေ-
        လက်စမ်းစာပေလည်း စာရင်းသင်တန်းတက်နေရတာနဲ့ လက်မစမ်းနိုင်တာ ကြာပေ့ါ။
        အားပေးတာ ကျေးဇူးတင်ပါတယ်။

  • aanyar thar

    September 23, 2012 at 6:04 pm

    စာရင်းအင်း….ပညာဆိုတာ..တကယ်တော့..ရေကူးဝတ်စုံ…လိုပါပဲ….အဓိက..နေရာလေးတင်..ပဲ..ဖုံးကွယ်ထားတတ်ရမယ်..

    • MaMa

      September 24, 2012 at 3:24 pm

      အဲ့လောက်အထိတော့ အထာမပေါက်ဘူး။
      အဲလို ဉာဏ်တိမ်တာ။
      ဖြစ်နိုင်ရင် ရှင်းပြပေးပါဦး အညာသားရေ။

  • MaMa

    September 23, 2012 at 6:10 pm

    (ယနေ့လူငယ် နောင်ဝယ်ဘောစိ ….)
    တယ် ဆို တဲ့ စာပါလား။ :harr:

    အမှန်တော့လည်း ဟုတ်ပါတယ် ဦးပါလေရာရေ။

    လုပ်ငန်းလုပ်တဲ့အခါ စာရင်းအင်းပညာကို အခြေခံကနေ ဂဃနဏ တတ်ဖို့ လိုပါတယ်။
    ဘွဲ့တစ်ခုရထားတာထက် စာရင်းအင်းပညာတတ်သူက အလုပ်ရဖို့ ပိုလွယ်ပါတယ်။

    Computerize accounting သင်တန်းတွေတက်တဲ့အခါမှာလည်း အခြေခံစာရင်းအင်းပညာကို တတ်ထားရင် ပိုအဆင်ပြေပါတယ်။

    ကိုယ်တိုင်သွားတက်ပြီး အဲဒီသင်တန်းကို ယုံကြည်လေးစားသွားလို့ စိတ်ပါဝင်စားသူတွေကို ပြန်လည်ဖြန့်ဝေပေးချင်တဲ့စိတ်နဲ့ အခုသင်တန်းအသစ်အကြောင်းကို အသိပေးဖြစ်တာပါ။

    ကြည့်ရတာ ဦးပါလေရာလည်း ဘတ်ငွေအတော်စုမိပုံပေါက်တယ်။ :kwi:

    • ဦးဦးပါလေရာ

      September 26, 2012 at 12:14 am

      ခက်တာက မဒမ်ပါလေရာက အီကိုကျောင်းဆင်း အယ်စီစီအိုင်အောင်ထားတာဆိုတော့
      တုတ်တုတ်မှ လှုပ်လို့မရပါကွယ်…… 😳

  • nature

    September 23, 2012 at 6:25 pm

    စစ်မှန်တဲ့စာရင်းကိုင်နည်းတွေကိုစံနစ်တကျသင်ကြားပေးတဲ့ အခမဲ့စာရင်းကိုင်သင်တန်းရဲ့ စွမ်းဆောင်ချက်တွေကိုလေးစားဂုဏ်ယူမိပါတယ်။ ဘယ်လုပ်ငန်းမဆိုရပ်တည်ရေးအတွက်ဘတ်ဂျက် ဟာ အရေးကြီးပါတယ်။ အခုခေတ်ကြီးမှာ ဘယ်သင်တန်းသွားတက်တက် ပုံမှန်ဆိုအနည်းဆုံး ၃၀၀၀ဝကျပ် လောက်ကအောက်ထစ်ပဲထင်ပါတယ်။ သင်တန်းဆရာတွေဟာလည်းဆရာဂုဏ်ရည်နဲ့ပြည့်သူများ အဖြစ်လေးစားမိပါတယ်။

    • MaMa

      September 24, 2012 at 3:28 pm

      ပြင်ပက စာရင်းကိုင်သင်တန်းတွေ သွားတက်တုန်းက သင်ပြတဲ့ ဆရာ/မ လေးတွေက ငယ်လွန်းပြီး ကိုယ်မေးတာကိုလည်း ဂဃနဏ ပြန်မဖြေနိုင်ပဲ ဒီနေရာ ဒါထည့်ဆိုပြီး အသေမှတ်ခိုင်းတာမျိုးတွေချည်း တွေ့ဖူးပါတယ်။
      အခုသင်တန်းကတော့ အခြေခံကစပြီး စဉ်းစားနည်းနဲ့တကွ သေသေချာချာ သင်ပေးလို့ အတော်လေး သဘောကျသွားတယ်။
      သင်ပေးတဲ့ဆရာ/မ များကိုယ်တိုင်ကလည်း စာရင်းအင်းကို စာတွေ့ရော၊ လက်တွေ့ပါ တတ်မြောက်ထားသူတွေမို့ မေးသမျှကိုလည်း ပြန်လည်ရှင်းပြနိုင်တယ်။

  • မောင်ပေ

    September 23, 2012 at 7:16 pm

    အဲဒီသင်တန်းမှာ အန်တီမမ တို ့လဲ ပညာဒါန ပါဝင်ကုသိုလ်ယူမယ်ပေါ့လေ ။ ကောင်းလေစွ

    • MaMa

      September 24, 2012 at 3:32 pm

      ကိုယ်က ကုသိုလ်ပြုတာမဟုတ်ဘူး မောင်ပေရေ။
      သူများကုသိုလ်ပြုတာကို ကိုယ်က သွားယူတာပါ။
      အပြင်သင်တန်းတွေမှာဆို ငွေကုန်များတဲ့အပြင် ဒီသင်တန်းလောက်လည်း ထိထိရောက်ရောက် သင်ကြားမပေးနိုင်လို့ အခုသင်တန်းရဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်တွေကို လေးစားပြီး လူအများလည်း သိစေချင်လို့ ဖြန့်ဝေပေးလိုက်တာပါ။
      ငွေကုန်တိုင်း ကောင်းတာမဟုတ်ပဲ..
      ငွေမကုန်တဲ့ အခုလို သင်တန်းတွေကလည်း အများကြီး အကျိုးရှိတယ်ဆိုတာလေးကို သိစေချင်တာပါ။

  • padonmar

    September 23, 2012 at 7:57 pm

    စာရင်းပညာဆိုတာ လူတိုင်းတတ်သင့်တဲ့ ပညာတစ်ခုပါပဲ။
    အိမ်ရှင်မလည်း ဈေးဘိုးနဲ့ ဝင်ငွေကို ချင့်ချိန်တွက်တတ်ရမယ်။
    ကျောင်းသားလည်း မိဘဆီကရငွေနဲ့ ကိုယ်သုံးမယ့် မုန့်ဖိုး၊ ကျောင်းစားရိတ်၊စတာတွေ တွက်တတ်ရမယ်။
    အသုံးစာရင်းမှန်မှန်မှတ်ရင်နေ့စဉ်မှတ်တမ်းဒိုင်ယာရီရေးသလိုပါပဲ။
    ……….
    အန်တီမမကတော့ စာရင်းကိုင်သင်တန်းဆင်းရင် သတ်ပုံစစ်ရုံမက စာရင်းပါစစ်ပါလိ်မ့်မယ်။
    သူကြီးဆီက ရရန်လေးများ စာရင်းတို့ထားကြပါ။ 😀

    • MaMa

      September 24, 2012 at 3:33 pm

      သင်တန်းက သင်ထားတာတွေကို လက်တွေ့အသုံးချတဲ့အနေနဲ့ သဂျီးဆီက ရတဲ့ပွိုင့်တွေကို စာရင်းပြန်စစ်နေပါတယ် :kwi:

  • etone

    September 23, 2012 at 8:30 pm

    ကျောင်းတက်ကတည်းက …ဦးနှောက်စားပြီး …. ဂဏန်းတွက်ရမယ်ဆိုလျှင် အတန်းလစ်နေကြ …. :harr: အဲ့ဒီလောက်ကို ဝါသနာရော ပါရမီရော ပါလေတော့ …. တစ်ခုခုများ တွက်စရာရှိလျှင် …. calculator ကိုပဲ အားကိုးရတာမျိုး … ကွန်ပျူတာထဲထည့်ပြီး …အသင့်ရေးထားတဲ့ ပရိုဂရမ်တွေကို အားကိုးရတာမျိုးနဲ့ပဲ .. အသက်ဆက်လာရင်း စိန်ခေါ်မှုများတဲ့ ၂၁ရာစုမှာ နောက်ကောက်ကျချင်ချင်ဖြစ်နေတဲ့ အချိန်ကျမှ ကိုယ့်ကိုယ်ကို သုံးသပ်မိပြီး …. စာရင်းပညာနဲ့ပတ်သတ်လို့ … အမှီလိုက်နေရပါတယ် …. ။
    အချိန်ပြသနာတက်နေတာကြောင့် …. သင်တန်းသွားချိန်မရှိပဲ …ဆက်ဖ်စတက်ဒီ သဘောမျိုးနဲ့ပဲ …. ebook တွေရှာ၊ဖတ်ပြီး … လက်လှမ်းမှီသလောက် … လိုက်လုပ်နေရပါတယ် …။

    အခုလိုသင်တန်းလေးသတင်းပေးတော့ … ပညာလိုချင်ပြီး …အချိန်ပေးတက်နိုင်မယ့် လူတွေအတွက် … အရမ်းကို အထောက်ပံ့ဖြစ်စေမှာပါ … ။ :gee:

    • MaMa

      September 24, 2012 at 3:43 pm

      ဟုတ်တယ် အီတုံးရေ။
      ကွန်ပြူတာစာရင်းကိုင်သင်တန်းတွေ သွားတက်တော့မှ ကိုယ့်မှာ စာရင်းအင်းနဲ့ပတ်သက်လာရင် ဝ လုံးတန်းဆိုတာ သိလိုက်ရတယ်။
      အခုရက်ပိုင်း အလုပ်လည်း ပါးနေတာနဲ့ အသိတစ်ယောက်ကညွှန်လို့ သွားတက်ကြည့်လိုက်တာ အတော်လေးသဘောကျသွားတယ်။
      ဦးကျည်ပွေ့အတက်ပေါက်တယ်ဆိုတာ အခုမှပဲ ကိုယ်တိုင်ကြုံရတော့တယ်။
      အတူတက်ကြတဲ့ကလေးတွေက ၁ဝတန်းကလေးတွေ။ :hee:

    • စနေ

      September 25, 2012 at 10:46 pm

      တုံလေးရေ ….
      ebook လင့်လေးများရှိရင် စနေ့ကိုလဲ
      တစ်ချက်လောက် ပြောပေးပါလား ….. လေ့လာချင်လို့ပါ….
      စနေတို့ဆီမှာက သင်တန်းတွေ မရှိလို့ပါ……..
      ကျေးဇူးတင်လျက် ……….

  • ကထူးဆန်း

    September 24, 2012 at 8:50 am

    အန်တီ အန်တီ ။ အနော်တို့လို ပညာ အရည်အချင်း မရှိသူတွေ ကော တက်လို့ ရလား ဟင် .. ပညာ အရည်အချင်း သတ်မှတ်ထားသေးလားဟင ်.. အသက်ကော .. အသက် မမှီမှာ စိုးလို့..
    :hee:
    တစ်ကယ် သိချင်တာပါ ။ ရုံးနဲနီးလို့ ။ ရုံးက ဆယ်တန်းမအောင်တဲ့ ကလေးမ တစ်ယောက်ကို ညွှန်မလို့ပါ။

    • MaMa

      September 24, 2012 at 3:47 pm

      စီဂျေကြီးကထူးဆန်းရေ-
      ဆယ်တန်းလောက် သင်ထားဖူးရင် နားလည်နိုင်ပါတယ်။
      စာရင်းအင်းပညာကို စိတ်ပါဝင်စားဖို့ပဲ လိုပါတယ်။
      သတ်မှတ်ချက်မရှိဘူးလို့ ထင်ပါတယ်။
      စိတ်ဝင်စားရင် ဖုံးဆက်မေးလို့ရပါတယ်။

  • kyeemite

    September 24, 2012 at 9:12 am

    လူငယ်တွေ မဖြစ်မနေတက်ထားသင့်ပါတယ်…
    ဒါနဲ့ မမခင်ဗျား…သင်တန်းအချိန်လေးနဲ့ သင်တန်းကာလလေးသိချင်ပါတယ်..

    • MaMa

      September 24, 2012 at 3:53 pm

      လူငယ်တွေ မဖြစ်မနေ တက်ထားသင့်ပါတယ် ဆိုတာကို အပြည့်အဝထောက်ခံပါတယ်။
      ပုံမှန်သင်တန်းတွေက စနေ၊ တနင်္ဂနွေ ၂ရက် တက်ရတဲ့ သင်တန်းနဲ့ တနင်္ဂနွေတစ်ရက်တည်း တက်ရတဲ့ သင်တန်းဆိုပြီး တန်းခွဲ၃ခု ရှိပါတယ်။
      ပုံမှန်တန်းတွေက အခုသင်လက်စတွေဖြစ်နေလို့ တက်ချင်ရင် နောက်၂လလောက်မှ အသစ်ဖွင့်ပြီလားဆိုတာ စုံစမ်းကြည့်ရမှာဖြစ်ပါတယ်။
      အခုသင်တန်းကတော့ စိန်ရတုအထူးသင်တန်းဖြစ်ပြီး ကြားရက်ဖြစ်တဲ့ အင်္ဂ ါ၊ ဗုဒ္ဓဟူး ၂ရက် တက်ရမှာဖြစ်ပြီး နံနက် ၉နာရီမှ ၁၁ နာရီ ဖြစ်ပါတယ်။
      အောက်တိုဘာလ ၁ဝ ရက်နေ့မှာ စဖွင့်မယ်လို့ ပြောပါတယ်။
      စိန်ရတုအထူးသင်တန်းကို တက်ချင်ရင်တော့ အခုစုံစမ်းလို့ ရပါပြီ။
      အထူးသင်တန်းတန်းခွဲ၂ခုကို ဆရာ၅ယောက်နဲ့ ထူးရှယ်အားဖြည့်ထားတယ်လို့လည်း ကြော်ငြာသွားပါသေးတယ်။ :hee:

    • MaMa

      September 24, 2012 at 3:53 pm

      လူငယ်တွေ မဖြစ်မနေ တက်ထားသင့်ပါတယ် ဆိုတာကို အပြည့်အဝထောက်ခံပါတယ်။
      ပုံမှန်သင်တန်းတွေက စနေ၊ တနင်္ဂနွေ ၂ရက် တက်ရတဲ့ သင်တန်းနဲ့ တနင်္ဂနွေတစ်ရက်တည်း တက်ရတဲ့ သင်တန်းဆိုပြီး တန်းခွဲ၃ခု ရှိပါတယ်။
      ပုံမှန်တန်းတွေက အခုသင်လက်စတွေဖြစ်နေလို့ တက်ချင်ရင် နောက်၂လလောက်မှ အသစ်ဖွင့်ပြီလားဆိုတာ စုံစမ်းကြည့်ရမှာဖြစ်ပါတယ်။
      အခုသင်တန်းကတော့ စိန်ရတုအထူးသင်တန်းဖြစ်ပြီး ကြားရက်ဖြစ်တဲ့ အင်္ဂ ါ၊ ဗုဒ္ဓဟူး ၂ရက် တက်ရမှာဖြစ်ပြီး နံနက် ၉နာရီမှ ၁၁ နာရီ ဖြစ်ပါတယ်။
      အောက်တိုဘာလ ၁ဝ ရက်နေ့မှာ စဖွင့်မယ်လို့ ပြောပါတယ်။
      စိန်ရတုအထူးသင်တန်းကို တက်ချင်ရင်တော့ အခုစုံစမ်းလို့ ရပါပြီ။
      အထူးသင်တန်း တန်းခွဲ၂ခုကို ဆရာ၅ယောက်နဲ့ ထူးရှယ်အားဖြည့်ထားတယ်လို့လည်း ကြော်ငြာသွားပါသေးတယ်။ :hee:

      • MaMa

        September 24, 2012 at 5:29 pm

        ပြောဖို့ကျန်ခဲ့လို့။
        သင်တန်းကာလက ၅လ ပါ။

  • surmi

    September 24, 2012 at 9:18 am

    လုပ်ငန်းတစ်ခုထူထောင်ဖို ့ဖြစ်စေ ဆိုင်တစ်ဆိုင်ဖွင် ့ဖို ့ဖြစ်စေ
    လခစားဝန်ထမ်းလုပ်တာဖြစ်စေ တွက်ခြေကိုက်မကိုက် စာရင်းသဘော
    လေးတော ့သိထားသင် ့တယ်ထင်တာပဲ ။ စားကောင်းသောက်ဖွယ်
    ကြုံတဲ ့အခါမိတ်ဆွေတွေကိုသတိယသလို အန်တီမမရဲ ့ သတိတယ
    ရှိမှုကိုဝမ်းမြောက်စွာကျေးဇူးတင်ပါကြောင်း
    အနီးနားကလူများလည်းလက်တို ့လိုက်ပါ ့မယ်

    • MaMa

      September 24, 2012 at 3:56 pm

      လက်တို့ပေးလိုက်ပါ ကိုဆာမိရေ။
      သင်တန်းကိုလည်း ကြော်ငြာပြီးဖြစ်၊
      တက်ချင်သူတွေအတွက်လည်း အကျိုးရှိမို့….
      ကုသိုလ်၂မျိုးရပါတယ်။
      စာရင်းအင်းပညာကို ငွေကုန်ကြေးကျ မများပဲ စနစ်တကျတတ်သွားမှာပါ။

  • စိန်ဗိုက်ဗိုက်

    September 24, 2012 at 11:57 am

    ဒီလို အခမဲ့နီးပါး သက်သာတဲ့ သင်တန်းလေးတွေ အများကြီး ပေါ်လာပါစေကြောင်း
    အခုလို လက်တို ့သတင်းပေးတဲ့ အန်တီလေးကိုလည်းကျေးဇူး တင်ပါကြောင်း ခင်ဗျား..

    • MaMa

      September 24, 2012 at 4:04 pm

      လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်စေတဲ့ အကျိုးများတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ သင်တန်းလေးပါ။
      ငွေကုန်ကြေးကျမများပဲ စာရင်းအင်းပညာကို စနစ်တကျတတ်မြောက်ပြီး စားဝတ်နေရေးဖူလုံစေမယ့် အလုပ်အကိုင်ကောင်းတွေ ရရှိနိုင်ပါတယ်။
      မောင်စိန်ဗိုက်အတွက်လည်း အကျိုးများနိုင်ပါတယ်။
      သင်တန်းတက်ရင် မသောက်ပဲ မူးတတ်တယ်။ :kwi:

  • Ma Ei

    September 24, 2012 at 3:34 pm

    ခုခတ်လို ဒေါ်လာနဲ့ဖြေကြရတဲ့ ပညာရပ်တွေမရှိခင် ၈၂ ဆယ်တန်းအောင်ပြီးချိန်မှာ
    မြန်မာနိုင်ငံစာရင်းကိုင်များအသင်းကြီးမှာ စာရင်းကိုင်သင်တန်းတက်ရောက်အောင်မြင်ခဲ့ပါတယ်…
    နောက် စာရင်းပညာနဲ့ ကျောင်းပြီးခဲ့ပြီး၊ ခုလို Co., ကြီးတစ်ခုရဲ့ Account ပိုင်းကို တာဝန်ယူ
    ဆောင်ရွက်နိုင်ခဲ့တာ မြန်မာနိုင်ငံစာရင်းကိုင်များအသင်းကြီးက အုတ်မြစ်ချပေးခဲ့တဲ့ ကျေးဇူးပါ…
    စိန်ရတုသက်တမ်း မှသည် နှစ်ပေါင်းများစွာ တည်တံ့ပါစေကြောင်း ဂုဏြ်ပုဆုတောင်းပါရစေ…

    • MaMa

      September 24, 2012 at 4:10 pm

      မအိလည်း အဲဒီသင်တန်းဆင်းပဲကိုး…..
      သင်တန်းက အုတ်မြစ်ချပေးလိုက်လို့ မအိလို ထူးချွန်ထက်မြက်တဲ့ ကုမ္ပဏီစာရင်းကို်င်ကြီးတစ်ယောက် ဖြစ်လာတယ်ဆိုတာ သင်တန်းအတွက်လည်း ဂုဏ်ယူစရာပါ။ :hee:

    • အရီးခင်လတ်

      September 25, 2012 at 2:55 am

      မအိကလဲ အီကိုသူ ဘဲလား။
      ကျွန်မထက် ငယ်တယ်။
      သိရတာ ဝမ်းသာပါတယ် ညီမရေ့။ 😆

      • MaMa

        September 25, 2012 at 6:41 am

        အော်…..
        သို့မို့ကြောင့် မိန်းမလှကျွန်းလို့ နာမည်ကြီးပေတာကိုးးးးးးးးးးးး :hee:

  • Mလုလင်

    September 24, 2012 at 6:34 pm

    ဖုန်းဆက်ပြီးပါကြောင်း …
    ကြားရက် ဖြစ်နေပြီး မနက်ပိုင်း တစ်ပိုင်း လုံး ပေးရမှာ ဖြစ်တာက တစ်ကြောင်း ..
    ၅ လ လုံးလုံး ဖြစ်နေတာက တစ်ကြောင်း …
    ဦးပါ ပြောသလို .. ဘောစိ ဖြစ်ချင်သော်လည်း .. ညှိနှိုင်း ဆဲ .. အခြေအနေ ကနေ ရှေ ့ ဆက် ဖို့ အနည်းငယ် ခက်ခဲ နေပါကြောင်း …
    :harr:

    • MaMa

      September 24, 2012 at 8:15 pm

      ဘောစိလောင်းလျာလုင်ရေ-
      ကြားရက်မအားရင် ပုံမှန်သင်တန်းတွေ အသစ်ဖွင့်ချိန်မှာ လက်တို့ပေးမယ်။
      ပုံမှန်သင်တန်းတွေက စနေ၊ တနင်္ဂနွေ ၂ရက် (သို့) တနင်္ဂနွေတစ်ရက်တည်း သင်တာ။
      သင်တန်းချိန် ၃ ချိန်ရှိတယ်။
      သင်တန်းသစ်စဖွင့်ချိန်ကိုသိရင် အချိန်ရွေးလို့ရတယ်။
      နောက်ကျရင်တော့ ရှိတဲ့အချိန်ပဲ တက်လို့ရတယ်။

    • MaMa

      September 24, 2012 at 10:48 pm

      မဟာရာဇာခြောက်မျက်နှာရေ-
      အခြေခံစာရင်းရေးသင်တန်းရဲ့ သင်ရိုးညွှန်းတမ်းကတော့…..
      အစမ်းရှင်းတမ်းရေးဆွဲခြင်း၊
      နှစ်ချုပ်စာရင်း (အရောင်းအဝယ်၊ အရှုံးအမြတ်၊ လက်ကျန်ရှင်းတမ်းရေးဆွဲခြင်း)
      စာရင်းအမှားပြင်ဆင်ခြင်း
      ကုန်ပို့ကုန်ရောင်းစာရင်း
      ဇယားကွက်များပါသောမှတ်တမ်းစာအုပ်များ
      အသေးသုံးငွေစာရင်းစာအုပ်
      ရငွေ၊ ပေးငွေစာရင်း (သို့) ဝင်ငွေနှင့်အသုံးစရိတ် တွေ ဖြစ်ပါတယ်။

      စာရင်းရေးသင်တန်းပြီးရင် စာရင်းကိုင်သင်တန်း၊ အဆင့်မြင့်စာရင်းကိုင်သင်တန်းနဲ့ စာရင်းစစ်သင်တန်းတွေ ဆက်တက်လို့ရပါသေးတယ်။

  • အရီးခင်လတ်

    September 25, 2012 at 2:38 am

    မမရေ

    တစ်ချိန်က တီစကွဲ ရူလာ ကြီး ကိုင်ခဲ့တဲ့လက်က လယ်ဂျာ စာအုပ်ကို ပိုက်နေပြီလား။ 😉
    ဂဏန်းတွေကို ချစ်တတ်ရင်တော့ အင်မတန် ပျော်ဖို့ကောင်းပါတယ်။
    စာရင်းကိုင်ပညာကတော့ ခေတ်ဘယ်လိုပြောင်းပြောင်း ပုံစံတကျ အတူတူ မို့ အမြီးဆွဲပြီး မှီအောင်ပြေးလိုက်နေစရာမလို လောက်ဘူးထင်ရဲ့။ အရင်လူရဲ့ စကားနဲ့ အခုလူရဲ့စကား အတူတူပြောလို့ရတယ်။
    အိုင်တီ ကတော့ အရင်လူရဲ့ စကားတွေဟာ အခုခေတ်မှာ ဟာသ ဖြစ်နေတတ်တယ်။

    မမ ရဲ့ စေတနာ နဲ့ ဖြန့်ဝေပေးမှုလေးကို သာဓုခေါ်ပါတယ်ရှင်။
    ထိုစေတနာ ကြောင့် လေ့လာပြီးသောစာရင်းပညာရပ်ကိုလဲ လက်တွေ့မှာ အဆင့်မြင့်မြင့် ကျွမ်းကျင်စွာ အသုံးချနိုင်ပါစေလို့ ဆုတောင်းပါတယ်။
    အားတဲ့အချိန်လေးတွေ ရှာပြီးလဲ မူလလက်ရာဟောင်းလေးတွေ ပြန်လည်ဖော်ထုတ်ပါဦးလို့ Pooch လိုဘဲ တောင်းဆိုလိုက်ပါရစေ မမ ရေ။ 🙂

  • Crystalline

    September 25, 2012 at 10:01 am

    မမရဲ ့စေတနာအတွက်ကျေးဇူးပါ။ စာရင်းကိုင်ကိုတက်မလို ့အကြိမ်ကြိမ်စဉ်းစားပေမယ့်အမြဲပျက်သွားတယ်. အချိန်အများကြီးလည်းမပေးချင်ဘူး. ကိုယ့်ဖာသာလေ့လာဖို ့လည်းပျင်းတယ်. သင်တန်းကိုလူအများ ကြီးကြားထဲတက်ရမှာလည်း လူတွေအများကြီးထဲနေရင်အသက်ရှူမဝတဲ့ စိတ်တဇလည်းရှိတော့ သင်ထားသင့်ပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ စာရင်းဆွဲနေတယ်. တခြားသင့်တော်မယ့်သူတွေ ကိုလက်တို့ပေးလိုက်အုန်းမယ်.

    • MaMa

      September 25, 2012 at 2:15 pm

      Crystalline ရေ-
      စာရင်းအင်းပညာဆိုတာ လူတိုင်းတတ်ထားသင့်တာမို့ အချိန်ပေးပြီး တက်သင့်ပါတယ်။
      တက်စေချင်ပါတယ်။
      ငယ်ငယ်က မတက်ခဲ့မိတာကို နောင်တရလို့ အခုလူငယ်တွေကို သိစေတတ်စေချင်ပါတယ်။
      အလုပ်အကိုင်အခွင့်အရေးအတွက်လည်း အကျိုးများပါတယ်။

  • နောင်တစ်ချိန်အတွက်
    စာရင်းပညာနဲ့ ဥပဒေပညာ အခြေခံတွေကို လူငယ်တိုင်း တတ်ထားသင့်တယ်လို့
    ယူဆပါတယ်.။
    အခုလို သင်တန်းထူထောင်သူတွေကို လေးစားပါ၏။

    • MaMa

      September 25, 2012 at 2:24 pm

      လူ့ဘောင်လောကကို အကောင်းဆုံးနည်းနဲ့ အလှဆင်ကြသူများလို့တောင် တင်စားချင်ပါတယ် ကိုပေါက်ရေ။

  • mayjuly

    September 25, 2012 at 1:14 pm

    ကျေးဇူးပါ အန်တီမမရှင် ….

    • MaMa

      September 25, 2012 at 2:26 pm

      မေဂျူလိုင်ရေ-
      လူငယ်တွေစာရင်းအင်းပညာရဲ့ အသုံးဝင်မှုကို နားလည်သဘောပေါက်ပြီး တတ်သိကြစေချင်တဲ့ စေတနာပါ။

    • MaMa

      September 26, 2012 at 2:27 pm

      အလင်းဆက်ရေ-
      တခုတ်တရ မန့်သွားပေးလို့ ကျေးဇူးတင်ပါတယ်။

  • စနေ

    September 25, 2012 at 10:48 pm

    အန်တီ မမရေ ….
    သတင်းလေးအတွက် ကျေးကျေးပါ….
    စနေလဲ အဲလို သင်တန်းတွေ အရမ်းတက်ချင်တာ….
    စနေတို့ဘက်မှာက အဲလို သင်တန်းတွေမရှိဘူး……….

    • MaMa

      September 26, 2012 at 2:38 pm

      အီတုံးတို့လို self-study လုပ်ရင်လည်း ကောင်းတာပါပဲ။
      နောင်တခေတ်ရဲ့ ဘောစိဖြစ်အောင်လို့ ရနိုင်တဲ့နည်းနဲ့ ကြိုးစားပါ စနေရေ။ :hee:

  • ကြောင်ကြီး

    September 26, 2012 at 10:49 am

    အင်းပညာဆိုတာ သုံးမျိုးရှိသတဲ့။ ၁ – အင်းအိုင်လက်ဖွဲ့ ၂ – အင်းဖေါ်ငါးဖမ်းခြင်း ၃ – စာရင်းအင်း.. ဘယ်ဒင်းက ပိုစွမ်းသလဲတော့ ပြောတတ်ဝူး.. သေချာတာတော့ စာရင်းအင်းတတ်ရင် ကိုယ်ပိုင်လုပ်ငန်း လုပ်နိုင်ခဲတယ်။ စီပီအေလက်မှတ်ရပြီး ကိုယ်ပိုင်စာရင်းစစ် အတိုင်ပင်ခံ ကုမ္မဏီထောင်နိုင်ရင်တော့ တမျိုးပေါ့လေ… သို့သော် အခြားစီးပွားရေးပညာတွေနဲ့စာရင် သိပ်သဘောကျဘူး။ စာရင်းအင်းဆိုတာ အပိတ်စနစ်ကြီးလို့ ခံစားရတယ်။ ပြဌာန်းထားတဲ့ ဥပဒေစည်းဘောင်အတွင်း အတိအကျ လှုပ်ရှားရတာဆိုတော့ မလွတ်လပ်ဘူး။ သိသိဂျီးနဲ့ လိမ်မှပဲ ရတယ်။ သူလိမ်ရင် ကုန်တာပဲ။ ထားပါတော့ မရှိမကောင်း ရှိမကောင်း၊ မပေါင်းလဲခက် ပေါင်းလဲခက်ဆိုဒေါ့.. လက်ခံထားတာ လုပ်ငန်းရှင်ကောင်းတယောက် ဖြစ်ချင်ရင် အကောင့်တင်းနဲ့ မားကက်တင်းနှစ်ခု သိထားရမယ်။ ဦးပါလေရာကတော့ အကောင့်တင်းနဲ့ ဥပဒေလို့ဆိုတယ်။ ဘယ်ဖက်က ကြည့်လဲအပေါ် မူတည်ပါမယ်။ လုပ်ငန်းပေါ်မူတည်ပြီး လိုအပ်ချက် ကွဲပြားပါတယ်။ တက်နိုလိုဂျီကုမ္မဏီမျိုးကြတော့လည်း အဲဒါတွေထက် နည်းပညာကျွမ်းကျင်မှု သာလိုတယ်။ ရေနံတူးဖေါ်ရေးလိုမျိုးကြတော့ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဖြစ်သွားပြန်ရော။ ရင်းနှီးမြှုပ်နှံသူဖက်က ပြောမယ်ဆိုရင်တော့ ဘဏ္ဍာရေးဆိုင်ရာက အခရာကျပြန်ရော။ မြန်မာပြည်မှာတော့ ဘာလုပ်လုပ် အကပ်ရှိရင် ပြီးပါတယ်..။ ဒီတော့ အသိအကျွမ်း အဆက်အသွယ်က အရေးအကြီးဆုံး ဖြစ်သွားပြီ။ အကောင့်တင်းလိုမျိုးက သိထားရင်ကောင်းတယ်၊ သို့သော် မတတ်တခေါက်နဲ့ စာရင်းကိုင်တွေကို သူဌေးအထာနဲ့ ဆရာသွားလုပ်ရင် ဂွကျရော…။ စာရင်းကိုင်ပညာဆိုတာ အပေါ်ယံကြည့်လိုက်ရင် ဘာမှမရှိ၊ မြီရှင် မြီစား နှစ်ခုပဲရှိတယ်။ ကွန်ပြူတာနဲ့လုပ်တော့ ပိုရှင်းသွားရော..။ အစောပိုင်းကာလမှာ ကွန်ပြူတာတက္ကသိုလ်က ဆရာမတွေတောင် စာရင်းကိုင်ကွန်ပြူတာ ဆော့ဖ်ဝဲလ်တွေကို သင်ကြတယ်။ မရဘူးလားဆိုတော့ ရပါတယ် သို့သော် သူတို့ကိုယ်တယ် အနှစ်သာရကို နားမလည်ဘူး။ မြန်မာပြည်မှာတော့ အခုချိန်အထိ ပြသနာသိပ်မရှိနိုင်ဘူးထင်တယ်။ ဘဏ်လို ငွေကြေးစနစ် ဖွံ့ဖြိုးမှ၊ အခွန်စနစ် တကယ်ကျင့်သုံးမှ၊ ဘဏ္ဍာရေးနဲ့စာရင်း ဥပဒေစည်းမျဉ်းတွေ တကယ်လိုက်နာရမှ စာရင်းကိုင်တွေခေတ်ရောက်လာမယ်။ အဲဒီကြရင် accounting နဲ့ finance ကွဲသွားရမယ်။ အကောင့်တင်းမှာ financial နဲ့ taxation သတ်သတ်မှတ်မှတ် ရှိလာရမယ်။ ဒီနေ့အခြေအနေနဲ့ကတော့ တော်အိလျော်အိ ဖော်ငါးပိပဲရှိအုံးမယ်။

  • ကိုရင်စည်သူ

    September 26, 2012 at 2:45 pm

    စာရင်းကိုင်ပညာဟာလည်း ဘုရားဟောတရားထဲမှာ
    တစ်ခု အပါအဝင်ဖြစ်လို့ တတ်အပ်သင့်တဲ့ ပညာပါပဲ…။
    အင်းသဂျီးအူးခိုင် မြန်မာပြည်မှာ ဂေဇက်သတင်းစာလာထောင်ပြီး
    ရောင်းစားရင် အန်တီမမကို စာရင်းကို ခေါင်းဆောင်မန်နေဂျာချုပ်
    ပေးမယ်ဆိုလားပဲ အွန်လိုင်းမှာတွေ့ဒုန်းက ကိုရင့်ကို ပြောသွားဒယ်… :kwi:

  • MaMa

    September 27, 2012 at 2:33 pm

    @ဦးပါ
    မဒမ်ပါလေရာကြောင့် စာရင်းအင်းပညာရဲ့ တန်ဖိုးကို အတော်သိသွားတာဖြစ်မယ်။ :kwi:

    @ကြောင်ကြီး
    မဟာဂေဇက်ရွာပြောင်တည်လူကြီး အဂ္ဂမဟာသတိုးသုဓမ္မကြောင်ကြီးက စာရင်းအင်းဆိုင်ရာ အ သုံးလုံးကြေသင်တန်းသားများအား အိုင်တီနည်းပညာကို လာရောက်ဟောပြောသွားပါတယ်။
    အဲသလို တော်လွန်းလို့လည်း မဲဆွယ်စည်းရုံးရေး မလုပ်ရပဲ ရွာထဲမှာ ကြောင်ဦးရေ တိုးပွားလာတာ။ :hee:

    @ကိုရင်စည်သူ
    အင်းသဂျီးဦးခိုင် ကောင်းစားတော့မှ မေ့သွားရင် ကိုရင်ကို သက်သေလုပ်ခိုင်းမယ်။
    သက်သေလိုက်ခ ပေးပါမယ့်။
    အင်း…. လခကောင်းကောင်းရမရတော့မသိဘူး။
    ရှေ့နေခတော့ ခုကတည်းက ရှာထားမှ။ :bu:

Leave a Reply