“ပေးကားပေး၏မရ ကျွေးကားကျွေး၏မဝ ဘဝက လွတ်ချင်ပါ၏”









“ပေးကားပေး၏မရ ကျွေးကားကျွေး၏ မဝ ဘဝကလွတ်ချင်ပါ၏”
မနေ့ညက စာရေးထိုင်ရေးနေတုန်း ဖျပ်ကနဲမီးပျက်သွားပါတယ်။
မီးပျက်တာကတော့ မဆန်း။
အပြင်ထွက်ကြည့်တော့ ကိုယ့်တစ်ခန်းထဲအမှောင်ကြ။
ဓါတ်တိုင်နားထွက်ကြည့်လိုက်တော့လှေခါးပေါ်က လူတစ်ယောက်ဆင်းလာနေတာကိုအတွေ့
ကမန်းကတန်းအပြေးအလွှားသွားလို့ အစကလာနေတဲ့မီးရုတ်တရက်ပျက်တဲ့အကြောင်းပြောပြတော့မှ
လှေကားပေါ်ပြန်တက်လို့ ရှုပ်ယှက်ခတ်နေတဲ့ဝါယာကြိုးတွေကြားကိုဝင်ပြီး ပြန်ပြင်လိုက်တော့
ကျနော်အခန်းမီးပြန်လာပြီဆိုတာ အချက်ပြ။
အဲတော့မှ အင်းချနိုင်ပါတယ်။
ကျနော်နေတာက မန်းလေးတက်သိမ်းအင်း(ခ)ကန်တော်ကြီးအရှေ့ဘက်ခြမ်း က တိုက်ခန်း(၈)လုံးတွဲလေးမှာ
နေတာပါ။
ကျနော်က ဒီဘက်ကို ၂၀၀ဝခုနှစ်လောက်မှာပြောင်းလာခဲ့ပါတယ်။
မန္တလေး စည်ပင်သာယာရဲ့ “တဲပေါ်ကလူ တို်က်ပေါ်ရောက်ရေး”စီမံချက်နဲ့အတူပေါ်ထွက်လာတဲ့တိုက်ခန်းလေးတွေပါ။
ဒီ တစ်ထပ်မှာ ဆယ်ခန်း အထပ်က သုံးထပ်ဆိုတော့ တစ်တွဲမှာ အခန်းပေါင်းသုံးဆယ်ပါပါတယ်။
စုစုပေါင်း တိုက်ခန်း(၈)တွဲ ဆိုတော့အခန်းပေါင်း (၂၄၀)။
စဆောက်ကတည်းကဒီတိုက်ခန်းများရဲ့ လျှပ်စစ်မီး မီတာကို မန်းစည်ပင်ကတာဝန်ယူပါသတဲ့။
နောက်တော့လဲ မြန်မာလျှပ်စစ်ကို ပြန်လွှဲပေးလိုက်ပါသတဲ့။
ဒါကြောင့်လဲ စဆောက်ပြီးကတည်းကလူမနေတဲ့တိုက်ခန်းလေးအတွက် လျှပ်စစ်မီတာပုံးကို
မန်းစည်ပင်မှာသွားထုတ်ရပါတယ်။
ကျနော်ရောက်စက လျှပ်စစ်မီးဘောက်စ်ကို လှေကားခြေရင်းမှာ တိုက်ခန်းနှစ်ခန်းကို တစ်ပေါက်
ဆင်ပေးထားပါတယ်။
ဓါတ်တိုင်ကနေ အဲဒီလှေခါးရင်က မီးထဲကိုဝင် အဲဒီကမှ ကျနော်တို့အခန်းထဲကိုမီးအဝင်ပေးပါတယ်။
မီတာကတော့ ကိုယ်မီတာနဲ့ကိုယ်သီးသန့်။
အစပိုင်းမှာတော့ ကျနော်တို့နေတဲ့မြောက်ဘက်လှည့် တိုက်ခန်းတွေရဲ့ရှေ့မှာလူနေအိမ်ခြေမရှိ။
အိမ်လေးတစ်လုံးစနှစ်လုံးစနဲ့ငါးကန်ကြီးတစ်ကန်ဘဲရှိပါတယ်။
ကျနော်တို့တိုက်ခန်းတည်ရာအရပ်က အနောက်ဖက်ဆုံး လျှပ်စစ်မီတာရုံးက မြို့သစ်၆၅လမ်းမှာ။
မီတာဆောင်ရတော့ မြို့သစ် ၅၈လမ်းက ရုံးကိုသွားဆောင်ရပါတယ်။
မီးပျက်လို့လှမ်းဖုန်းဆက်ရင် ကျနော်တို့ဘက်အပိုင်းကို တာဝန်ပေးထားသူနာမယ်ပြောပေမယ့်
ရှာလို့မလွယ်တော့ နီးစပ်ရာက ပြင်တတ်တဲ့သူကိုခေါ်ပြင်ခိုင်းရပါတယ်။
မီးပြင်ပေးသူကိုတော့ မီးပျက်တဲ့တိုက်ခန်းတွေက မုန့်ဖိုး အနည်းအကျဉ်းဘဲပေးရပါတယ်။
သူတို့ပြင်ခွင့်မရှိဘူးရှိတယ် ကျနော်တို့မသိပါဘူး။
အများအားဖြင့် တိုင်က ဖြူးစ်ပြတ်တာများပါတယ်။
အရင်က မီတာဘောက်စ် အခန်းတိုင်းမရှိပါဘူး။
ဒါပေမယ့် အခန်းတိုင်းမီးလင်းပါတယ်။
လှေခါးခြေရင်းက ဘုတ်ခုံနဲ့ချိတ်လိုက်ရင် ရနေတာကိုး။
နောက်တော့ မီတာဘောက်စ်တွေအပြင်ထုတ်ရပါတယ်။
အဲဒီနောက်မှာတော့ မီတာဘောက်တိုင်းက ဓါတ်တိုင်ကနေ ကိုယ်ပိုင်ကြိုးနဲ့ ကိုယ်ဆွဲရပါတော့တယ်။
အရင်ကမီတာဘောက် ရှားရာကနေပေါလာတဲ့အခါမှာ
မြောက်ဘက်လှည့်ထားတဲ့ တိုက်ခန်း (၂)တွဲရယ် အနီးအနားက အိမ်တွေရဲ့ ဓါတ်ကြိုးတွေက
တိုက်တန်း(၂)လုံးကြားမှာရှိတဲ့ ဓါတ်တိုင်လေးကနေဆွဲရပါတော့တယ်.။
အဲဒီမှာ ဓါတ်တိုင်သေးသေးလေးမှာ ဝန်နဲ့အားမမျှတဲ့ဒုက္ခကြုံရပါတော့တယ်။
ဓါတ်တိုင်သေးသေးလေးကို ကြိုးတွေစုပြုံချိတ်ထားကြတာ ကျိုးကျမတတ်
ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ.။
တစ်ခါတစ်လေ ကိုယ့်အခန်းမီးပျက်ရင် ခေါ်သာအပြင်ခိုင်းရတယ်မီးလွှတ်ထားတဲ့
ဓါတ်ကြိုးတွေကြားမှာ အကာအကွယ်မရှိ ဝင်ပြီးပြင်ပေးနေသူတွေ့ရင် အာခေါင်တွေခြောက်လာမိပါတယ်။.
ဓါတ်လိုက်ပြီး ပြုတ်ကျရင်ဒုက္ခဘဲလို့တွေးမိလို့ပါ.။
ဖြစ်သင့်တာကတော့ ဒီမှာစုပုံချိတ်ထားကြတဲ့ ဓါတ်ကြိုးတွေကို စံနစ်တကျ သပ်သပ်ရပ်ရပ်ဖြစ်အောင်
တိုင်တွေခွဲချိတ်ခိုင်းရမှာပါ။
အခုရက် မီးအဝင်က သုံးဆယ်နဲ့ငါးဆယ်ကြားမှာဘဲရှိပါတယ်။
မီးချောင်းတောင်မလင်းနိုင်တော့ ထရန်စဖော်မာကို မိုင်ကုန်တင်။
ခဏနေမီးလေး ပြန်တက်လာတော့ ပြုတ်ကျ ပြန်တင်နဲ့ဆိုပြန်တော့
ထရန်စဖော်မာ အနားမှာ မတ်တပ်ရပ်လို့နေရပါတယ်။
(ကျနော်အိမ်က ထရန်စဖော်မာက အောတိုဟုတ်ဘူးလေ လက်လှဲ့)
မီးတက်လိုက်ကြလိုက်မို့ ဒီတို်က်ခန်းကလူတွေရဲ့လျှပ်စစ်ပစ္စည်းတွေပျက်ပေါ်င်းလဲမနည်း။
မနက်အစော မီးမူန်လို့ကြည့်လိုက်တော့ သုံးဆယ်ကျော်ကျော်။
ထမင်းအိုးတည်ရက်တန်းလန်းကြီးမှ မီကပြုတ်ကျ.။
အဲတော့မီးမပျက်ခင်ထရန်စဖာကို ပြောင်းပြန်ရောက်အောင်ထိကို တင်ရပါတယ်။
အန္တရာယ်များမှန်းသိပေမယ့် ဘာမှမတတ်နိုင်။
ကျနော်တို့တိုက်ခန်းတွေရဲ့တောင်ဘက်ကန်တော်ကြီးပါတ်လမ်းအစ
ဝင်းဝင်း ဘီယာဆိုင်နားမှာ ထရန်စဖော်မာကြီးတစ်လုံးရှိပါတယ်။
ထရန်စဖော်မာနဲ့သိပ်မဝေးတာတောင်မီးအားက အပြည့်မရ။
မီးအားရှစ်ဆယ်ဆိုရင်ကို ဝမ်းသာနေရတာပါ။
လူပြောသူပြောနဲ့သိရတာကတော့ ဒီနားလေးမှာ ညဘက်ဆိုရင်လုပ်ငန်းလုပ်သူတွေရှိနေတယ်ဆိုတာကိုပါ။
ဖိနပ်လုပ်ငန်းနဲ့စီးကရက်လုပ်ငန်းလို့ပြောကြပါတယ်။
မှန်မမှန် ဟုတ်မဟုတ် စုံစမ်းဘို့ ကတော့ တာဝန်ရှိသူများ ရဲ့အလုပ်ပါ။
ကျနော်ကတေ့ာမိုးလင်းအိမ်ကထွက်မိုးချုပ်မှပြန်သူဆိုတော့ သိပ်မသိပါဘူး။
ကျနော်သိတာ မီးအားအပြည့်မရတာပါဘဲ။
နိုင်ငံတော်က လျှပ်စစ်မီးကို ၂၄နာရီရအောင်ကြိုးပမ်းလို့ပေးထားပါတယ်။
၂၂ဝစနစ်ကို သုံးတဲ့အိမ်တွေမှာ အဝင် ၃ဝနဲ့၅ဝကြားရှိနေတာကတော့ တစ်ခုခုမှားနေသလိုုပါဘဲ။
နောက်မီးလိုင်းတွေကို တိုင်တစ်တိုင်ထဲကနေ စုပြုံဆွဲနေကြတာထက်စာရင် သူ့လိုင်းနဲ့သူ သေသေသပ်သပ်လေး
တိုင်တွေခွဲပြီးဆွဲခိုင်းရင် အမြင်တင့်တယ်သလို အန္တရာယ်လဲကင်းပါမယ်။
နောက်ကျနော်တို့တိုက်ခန်းများအတွက် မီးပျက်ရင်အကူအညီတောင်းဘို့တရားဝင်ခန့်ထားတဲ့
ဝန်ထမ်းတွေရှိစေချင်ပါတယ်။
ခေါ်လို့လက်လှမ်းမှီတဲ့နရာမှာလည်းရှိစေချင်ပါတယ်။
အခုတော့မတတ်သာလို့သာခေါ်ရတယ် မီးပြင်တဲ့သူတိုင်ပေါ်ကအောက်မရောက်မခြင်းရင်တမမ။
ကျနော်တို့ဖြစ်ချင်တာ ဖြစ်သင့်တာကို ပြောဘဲ ပြောနိုင်တာပါ။
အခုချိန်များ ဘာဖြစ်ချင်လဲလို့များမေးလာရင် ဖြစ်စေချင်တာပြောရရင်တော့
“ပေးကားပေး၏ မရ
ကျွေးကားကျွေး၏မဝ” ဆိုတာကနေလွတ်ချင်တာပါဘဲ.။
“ပေးကားပေး၏ မရ
ကျွေးကားကျွေး၏မဝ” ဆိုတာကနေလွတ်ချင်တာပါဘဲ.။
“ပေးကားပေး၏ မရ
ကျွေးကားကျွေး၏မဝ” ဆိုတာကနေလွတ်ချင်တာပါဘဲ.။
“ပေးကားပေး၏ မရ
ကျွေးကားကျွေး၏မဝ” ဆိုတာကနေလွတ်ချင်တာပါဘဲ.။
“ပေးကားပေး၏ မရ
ကျွေးကားကျွေး၏မဝ” ဆိုတာကနေလွတ်ချင်တာပါဘဲ.။
“ပေးကားပေး၏ မရ
ကျွေးကားကျွေး၏မဝ” ဆိုတာကနေလွတ်ချင်တာပါဘဲ.။
ကိုပေါက်(မန ္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
15 comments
မောင်ပေ
September 27, 2012 at 11:17 am
အရပ်စကားလေးတွေက ဒီလိုဗျ
ဒီရက်ပိုင်းအတွင်း မီးပျက်လာလိုက်တာ အစက ၅ မိနစ် ၁ဝ မိနစ်
ဟော… အခု ၃ ,၄ နာရီကျော် ပျက်လာပြီ
ဟိုတစ်လောတုန်းက ဂျပန်တို့ အမေရိကန်တို့ က ပေးထားတဲ့ ဒီဇယ်မီးစက်ကြီးတွေနဲ့ ပေးနေတာဆိုတော့
အခု မီးပျက်တယ်ဆိုတာ ဒီဇယ်တွေများ အပြင်ရောက်ကုန်လို့များလား
နဲလား
ဟိုဟာလား
ဒီဟာလား
ထွန်း ပြောင်
September 27, 2012 at 12:52 pm
ဆိုင်မဆိုင်တော့ မသိဘူးဗျာ …
ဖတ်ဖူးတဲ့ တစ်လုံး ဝတ္ထုလေး ပြန်မျှဝေလိုက်ပါတယ်
”မီးလာချိန်”
ဟေး ……….။ ။
kyeemite
September 27, 2012 at 1:49 pm
“ပေးကားပေး၏ မရ
ကျွေးကားကျွေး၏မဝ” ….ဟုတ်ပ ကိုပေါက်ရေ..
မီးအားကျတာက တော်တော်အခြေအနေဆိုးနေတာပဲဗျ…
အဲလောက်ကြီးမီးအားကျတာကတော့ တစ်ခုခုတော့သေချာပေါက်မှားနေပီ…
မြန်မာလျှပ်စစ်ဓါတ်အားလုပ်ငန်းကို စုပြီးစာရေးတိုင်သင့်တယ်ဗျာ…
may flowers
September 27, 2012 at 1:56 pm
ခံစားချက်ချင်း တူတူပါပဲ လေးပေါက်ရေ.. :buu:
မီးအားမြှင့်စက်နားမှာ အစောင့်တစ်ယောက်ငှာထားရမလိုလို.. 🙁
eipu
September 27, 2012 at 2:20 pm
တော်သေးတယ် ကိုပေါက်ရေ
အဝင်က သုံးဆယ်နဲ့ ငါးဆယ်ကြားမှာရှိသေးလို့။
အိမ်မှာဆို အဝင်က ၁ဝ လောက်လဲရှိတာ။
အမြှောက်ထောင်ထားသလိုကို မီးက တင်တင်သုံးနေရတာ။
စိန်ဗိုက်ဗိုက်
September 27, 2012 at 3:05 pm
တောင်းတဲ့ဆုနဲ ့ ပြည့်စေသတည်း
ဟီး.ဟီး…
surmi
September 27, 2012 at 3:19 pm
ကျနော်အရင်နေခဲ ့တဲ ့အိမ်မှာသုံးတဲ ့ မီးအားမြှင် ့စက်မှာ တင်ချ ခလုတ်နှစ်ခု
ထားရပါတယ် ။ ၁၃ ချုက်လောက်တင်မှ ၁၈ဝ လောက်ရတာပါ။
တော်တော် အခြေအနေဆိုးပါတယ်
မဟာရာဇာ အံစာတုံး
September 27, 2012 at 8:07 pm
လျှပ်စစ်မီးနဲ့ ပတ်သက်လို့
ဂျာနယ်ထဲမှာတောင် ဖတ်လိုက်ရသေးတယ် ..
ဘာတဲ့ .. မြဝတီဘက်မှာ ဆိုပဲ ..
အရင် ရှမ်းဆီကနေ လျှပ်စစ်ယူသုံးတုန်းက ၂၄ နာရီ မီးမှန်၊ မီးပြည့်လာတယ် ..
အဲ .. မြန်မာက လုပ်လည်း ဆိုရော .. တစ်နေ့ ၁ဝ ခါလောက် ပျက်နေတယ်ဆိုပဲ …
စပ်တုံး ပြောကြည့်ဒါဘာ ..
uncle gyi
September 28, 2012 at 8:33 am
ကိုပေါက်ရေအဲလိုကြီးဗြုန်းဆိုမီးအာကျသွားတာအများအားဖြင့်သုံးရင်းနဲ့ပုူပြီးlooseconection
ဖြစ်တာများပါတယ်
ကျွန်တော်တို့အိမ်လည်းဖြစ်ပါတယ်အဲလိုဖြစ်ချိန်ဘေးဘက်ကြည့်လို်က်ရင်မီးလာတဲ့အိမ်တွေမီးလာပါတယ်
ထရန်စဖာအိုးမှာဖြူးစ်ရှိပါတယ်အဲဒီဖြူးစ်ကသူပေးထားတဲ့အိမ်တွေကသုံးသမျှကိုဒါဏ်ခံရတာပါ
အဲဒီဖြူးစ်လေးကဝို်င်းသုံးကြလို့ပူသွားရင်looseဖြစ်ပြီးအဲလိုမီးကဗြုန်းဆိုကျသွားတတ်ပါတယ်
အဲဒီဖြူးစ်လေးကိုတတ်တဲ့အခါသေချာတင်းနေအောင်တတ်ထားရင်တော်ရုံနဲ့looseပြန်မဖြစ်ပါဘူး
အဲဒီဖြူးစ်ကလေးဘာဖြစ်လို့ခဏခဏlooseဖြစ်နေတယ်ဆိုတာစဉ်းစားကြည့်ပေါ့ဗျာ
ကိုပေါက်(မန္တလေး)
September 28, 2012 at 12:27 pm
လွယ်နေတာကို ခက်အောင်လုပ်တတ်ကြတယ်
အခုတော့လဲ မဆန်းသလိုပါဘဲ…………………………….တဲ့
သွားလေးသူ ဘိုထီး ဆိုထားတာပါ
Green Rose
September 28, 2012 at 4:45 pm
ကိုပေါက်ရေ…..
ပေါ်လီယာနာထုံး နှလုံးမူပြီးပြောရရင်တော့.. မီးအားမြှင့်စက်သုံးနိုင်တာကို ဝမ်းသာပါ။ မီးအားမြှင့်စက်နဲ့ သုံးဖို့ မီးလာပေးတာကို ဝမ်းသာပါ။ ပြီးတော့ ဒီလိုလွတ်လွတ်လပ်လပ် တင်ပြခွင့်ရှိတာကို ဝမ်းသာပါပေါ့လေ။
လျှပ်စစ်နဲ့ပါတ်သက်ပြီးတော့တော့ ဘာမှမသိလို့ ဘာမှမဆွေးနွေးတတ်ပါကြောင်း
ကိုပေါက်(မန္တလေး)
September 28, 2012 at 5:58 pm
နှင်းဆီစိ်မ်းရေ
လုံးဝမလာတာကတော်သေးတယ်။
မီးတင်မထားပြန်တော့လဲ သုံးမရ
တင်ထားရာကနေ ရုတ်တရက်ဆောင့်တက်လို့ ပစ္စည်းတွေလဲ ပျက်ပေါင်းများးပြီ။
ပေါ်လီယာနာ အတွေးဆိုတာ လက်တွေ့မှာ ဆောင်ရွက်ဘို့ခက်ပါတယ်.
ဖတ်လို့ကောင်း နားထောင်လို့ကောင်း ပြောလို့ကောင်းရုံသက်သက်ပါဘဲ။
naung
October 16, 2012 at 3:35 pm
ဆရာပေါက်ရေ
ကန်တော်ကြီးဖက်ဆိုတော့ လျှပ်စစ်ကလူတွေက
`ကျွန်တော်တို့မသိလို့ပါ၊ သိရင်ချက်ခြင်းလာလုပ်ပေးပါတယ်၊´ ဆိုပြီးပြောမလားမသိပေမယ့်။
ကျွန်တော်နေတာက ၅၉လမ်းက လျှပ်စစ်ရုံးနားမှာနေတာပါ။
ကျွန်တော်တို့အိမ်ဖက်ကိုပေးထားတဲ့မီးလိုင်းက လျှပ်စစ်ရုံးထဲမှာထိုင်ထားတဲ့ ထရန်စဖော်မာကနေ ပေးထားတာပါ။
ကျွန်တော်တို့ဖက်မှာလည်း မီးအဝင်က ၅ဝနဲ့ ၉ဝ ကြားမှာဘဲ ရှိနေပါတယ်။
အဲဒါကိုရုံးကလူတွေကိုပြောပြန်တော့လည်း သူတို့လည်း လုပ်နေတုန်းလို့ဖြေလိုက်၊ တခါတရံ ၃ရက်လောက် စောင့်ကြည့်လိုက်ပါအုံးဖြေလိုက်နဲ့ ကြာတော့ ပြောရတဲ့သူတောင် တော်တော်လေး ရှက်လာလို့ နောက်ထပ်မပြောတော့ဘူးလို့ အောင်းမေ့လိုက်ပါတယ်။
ရပ်ကွက်ထဲကလူတွေစုပြီး တိုင်းရုံးကိုဘဲ စာတင်ရကောင်းမလားလို့ တောင် စဉ်းစားနေပါတယ်။
အဲဒီအခါကျရင်ဆရာပေါက်ကိုလဲ လာပြီးအဖော်စပ်အုံးမှနဲ့တူတယ်။
ဆရာပေါက် လူစုထားလိုက်တော့နော်။
kai
October 16, 2012 at 3:44 pm
In a series circuit, the current through each of the components is the same, and the voltage across the circuit is the sum of the voltages across each component.[1] In a parallel circuit, the voltage across each of the components is the same, and the total current is the sum of the currents through each component.[3]
http://en.wikipedia.org/wiki/Series_and_parallel_circuits
ဆိုတော့…
လူတွေက .. အဲလို.. ဗရမ်းဗတာတက်ချိပ်ထားတာက.. ပြဿနာအရင်းအမြစ်လို့ထင်မိတယ်..
လျှပ်စစ်(ပါဝါ) အကြောင်းသိပ်နားမလည်ပေမယ့်.. အကြမ်းဖျင်းကတော့.. စီးရီးချိပ်ထားရင်.. ဗို့ကျရကြမယ်ပေါ့…။
လျှပ်စစ်ဖြန့်ဝေမှု.. ပုဂ္ဂလိကလပ်ထဲအပ်ဖို့သင့်သည် ထင်မိပါကြောင်း….
ကိုပေါက်(မန္တလေး)
October 16, 2012 at 4:06 pm
1 တာဝန်ရှိသူက တာဝန်ကို သေချာမထမ်းဆောင်ဘူး
2 စည်းမဲ့ကမ်းမဲ့ အလွယ်လုပ်ဘို့ကလဲ ဝန်မလေးဘူး
အဲတော့ ဖြစ်ချင်သလိုဖြစ်တော့တာပေါ့