” သူမ ရန်ကုန် မှာပဲ ရှိနေတယ် “
အဖော်မဲ့ လို့ အထီးကျန်ခြင်းမျိုး မဟုတ်ပဲ အထီးကျန်တဲ့စိတ်ကြောင့် အဖော်မဲ့ဘဝ တခုကို ပိုင်ဆိုင်ထားသလို အမြဲခံစားနေရတယ် ။ အချိန်တွေကြာလာတာနဲ့ အဲဒီခံစားမှုကို သံယောဇင် တွယ်လာမိပြန်တယ် ။ တယောက်တည်း နေရတာကိုလည်း နှစ်သက်လာမိတယ် ။ ဒါကြောင့် ဒီဝိုင်းလွတ်ကျယ်ကျယ်ထဲက တလုံးထဲရှိတဲ့ အိမ်သေးလေးကို တလ ( ၃၅၀၀ဝ ) ကျပ် နဲ့ ငှါးရမ်းနေထိုင်ခဲ့တာပေါ့ ။ မြေရှင် အတွက် ခြံစောင့် သဘောမျိုး လည်း ရသလို တလ ( ၃၅၀၀ဝ ) လည်းရ ၊ ကျွန်တော့ အတွက်ကလည်း ရန်ကုန် လိုမြို့ကြီး မျိုးမှာ တယောက်တည်း နားအေးပါးအေး နေရာလေးရလို့ ဟန်ကျတာပေါ့ ။ ခြံထဲမှာ ရေတုံကင်နဲ့ ရေပေပါ တစ်လုံးရှိနေလို့ ကျွန်တော့ တစ်ဦးတည်း သုံးရေ အဆင်ပြေပါတယ် ။ ကျွန်တော် ပြောင်းလာပြီး ဒုတိယ နေ့မှာပဲ ခြံရှင်က နီးစပ်ရာကနေ မီးကြိုးသွယ်ပေးပြီး နှစ်ပေမီးချောင်းလေးပါ ဆင်ပေးသွားတယ် ။ စားရေး သောက်ရေး ကတော့ ကျွန်တော့ထုံးစံ အတိုင်း အပြင်မှာကြုံသလိုပေါ့ ။ ဒီလိုနဲ့ အဲဒီအိမ်လေးကနေ အလုပ်သွားလိုက် အလုပ်ကပြန်လာလိုက် စာအုပ်လေးတွေ ဖတ်လိုက်နဲ့ တစ်ရက်ပြီး တစ်ရက် ဖြတ်သန်း လာခဲ့တာ ( ၂ ) လ ကျော် သွားခဲ့ပြီပေါ့ ။ ရက်ပေါင်း ( ၉ဝ ) ကျော် ကြာခဲ့သည့် တိုင်အောင် အရက် လုံးဝ မသောက်ပဲ နားနေခဲ့တဲ့ အချိန် ကာလလေးတွေပေါ့ဗျာ ! တညမှာ အတိတ်အတွေး တချို့ ဝင်လာပြီး ဘရိတ်အုပ် မရဖြစ်လာတာကြောင့် အိပ်လို့ မရခဲ့ဘူး ။ မျက်လုံးတွေ မှိတ်ချည် ဖွင့်ချည် နဲ့ အိပ်ပျော်အောင်ကြိုးစား ပေမဲ့ အိပ်လို့မ ရခဲ့ဘူး ။ အချိန်က ညတစ်နာ ရီ စွန်းစွန်းရှိနေပြီ ။ အဲဒီည က အဲဒီအိမ်လေးထဲမှာ အသက်ရှု ကြတ်လာသလို မွန်းကြတ်လာသလိုခံစားမိတယ် ။ ဒါနဲ့ အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ် ။ လမ်းမ ဘေးမှာ ( ၅ ) မိနစ်ခန့် လမ်းလျှောက်ရင်း တွေးနေမိသေးတယ် ။ အဲဒီ အချိန်မှာ Taxi ကားတစ်စီး ဘေးမှာရောက်လာပြီး မေးတော့ – ခုချိန် အေးအေးဆေးဆေး သီချင်း ဆိုလို့ သောက်လို့ အဆင်ပြေမဲ့ ကေတီဗီ တခုခုကို ပို့ပေးဗျာ လို့ ပြောပြီး ကားပေါ် တက်ထိုင်လိုက်တယ် ။
ဝိတ်တာကောင်လေး ပြောလာတဲ့ မှာလို့ ရနိုင်တဲ့ အရက်တွေက ဈေးကြီးနေတာမို့ မြန်မာဘီယာ သုံးလုံး နဲ့ ငါးမုန့်ကြော် တစ်ပွဲကို တစ်ခါတည်း မှာလိုက်တယ် ။ မှာထားတာတွေ လာချပေးပြီးတော့ ဝိတ်တာကောင်လေး က” အကို့! ကောင်မလေး တစ်ယောက် ထည့်ပေးမယ် နော် “လို့ ပြောလာတယ် ။ ဒါပေမဲ့ ကျွန်တော်က ” နေ- နေ- ညီလေး အကို တစ်ယောက်တည်းသောက်ပြီး သီချင်းဆို ချင်လို့ပါကွာ “လို့ ပြောတော့ ဝိတ်တာကောင်လေး က “အကိုဆိုချင်တဲ့ သီချင်းလေးတွေ အဆင်ပြေပြေနဲ့ ရွေးပေးမဲ့ ကောင်မလေး တစ်ယောက် လိုတယ်လေ” လို့ ဆက်ပြော လာပြီး အခန်း ( ၂ ) ခန်းကို သူတစ်ယောက်တည်း ကိုင် နေရတဲ့ အကြောင်းပါပြောလာ တာမို့ ကျွန်တော်လည်း ဆက်မငြင်းတော့ပဲ လက်ခံလိုက်တယ် ။ ကောင်မလေး တစ်ယောက် ကျွန်တော့ အခန်းထဲကို ရောက်လာပြီး ဘီယာ စသောက်နေ ပြီဖြစ်တဲ့ ကျွန်တော့ ဘေးမှာ လာထိုင်ပြီး ဘာသီချင်း ဆိုမှာလဲလို့ ကျွန်တော့ အတွက် သီချင်း ရွေးပေးဖို့ မေးလာတယ် ။ နည်းနည်းလေး မူးလာမှ ဆိုမယ် ဆိုတဲ့ အတွေး ပေါ်လာတာမို့ သီချင်း အရင် နားထောင်ချင်တယ် ကြိုက်တာဖွင့်ပါလို့ ပြောလိုက်တယ် ။ အဲဒီ ကောင်မလေး ပထမဆုံး ဖွင့်ပေးတဲ့ သီချင်း က ဂျီလတ် ရဲ့ ” ပြော ” ဆိုတဲ့ သီချင်းလေးပေါ့ဗျာ ! တစ်ပုဒ်ပြီး တစ်ပုဒ် နားထောင်ရင်း သူမ ငှဲ့ပေးတဲ့ ပုလင်းထဲက ဘီယာ တွေ သောက်ရင်း ဘီယာ ( ၃ ) လုံး ကုန်သွားတယ် ။ နောက်ထပ် ဘီယာ နှစ်လုံးမှာပြီး အတော်အတန် မူးယစ် လာပြီမို့ ဟန်ထွန်း ရဲ့ “သူ့အချစ် ” ဆိုတဲ့ သီချင်းကို ကျွန်တော် စ ဆိုခဲ့တယ် ။ အဲဒီညရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို ဘီယာ ငါးလုံး သောက် သီချင်းတွေ နားထောင် သီချင်းတွေ ဆိုပြီး ဖြတ်သန်းလိုက်တယ် ။ လက်ထဲ ရှိတာလေးလည်း ပြောင်သလောက် နီးပါးပေါ့ ။
တလ လောက်ကြာတော့ အလုပ်နားရက် ရဲ့ နေ့ခင်း အချိန် နေပြည်တော် ရုပ်ရှင်ရုံ မှာ ရုပ်ရှင်ကြည့်ပြီး တစ်ယောက် တည်း ဘယ်ဆက်သွားရရင် ကောင်းမလဲ ဆိုတာ စဉ်းစား မရသေးတာနဲ့ ဆူးလေ ဘုရားပေါ်ကို တက်ခဲ့တယ် ။ ဘုရား ဝတ်ပြုပြီး ဘာရယ်မဟုတ် ဘုရားရင်ပြင် တနေရာမှာ ထိုင်မိတယ် ။ ပြီးတော့ တောင်ကြည့် မြောက်ကြည့် ပေါ့ ။ အဲဒီမှာ တွေ.ပါတယ် — သူမ ကို — နာမည် လည်း အဲဒီညက မမေးခဲ့မိတဲ့ ကေတီဗီ ညက ကောင်မလေး ပေါ့ ! တစ်ယောက်တည်း ငေါင်ငေါင် တွေတွေ ငေးငေး လေး ထိုင်နေ ပြီး ကေတီဗီ ညက ဝတ်စားဆင်ယင် ထားတဲ့ပုံစံ နဲ့ ဆန့်ကျင်ဘက် ဝတ်စားထားပုံလေး က သူမလေး နဲ့ လိုက်ဖက် လှပလို့ နေပြန်ပါတယ် ။ ကျွန်တော့ ကို မြင်ပုံ မရ တာမို့ ကျွန်တော် သူမ ရှိရာကို သွားပြီး နှုတ်ဆက်လိုက်တယ် ။ ကျွန်တော့ ကို ရုတ်တရက် မြင်လိုက်ချိန်မှာတော့ ” ဩ ! အကို ! ” ဆိုပြီး ပြန်နှုတ်ဆက်လာပါတယ် ။ ကျွန်တော့ စိတ်က ရင်းရင်းနှီးနှီး လေသံမျိုးနဲ့ပဲ ” ညည်း ကို ငါ ဟိုနား က ကြည့်နေတာ ။ အတွေးလွန် နေတယ် ထင်လို့ ထ လာတာ ။ တစ်ယောက် တည်း လာတာလားလို့ မေးလိုက်တယ် ” သူမ ကလည်း “ဟုတ်ကဲ့” ဆိုပြီး အပြုံးနဲ့ ရင်းရင်း နှီးနှီး စကားပြန်ပြောလာတယ် ။ ခဏအကြာ ပြောကြရင်း ကနေ ကျွန်တော် နေ့လည်စာ မစား ဖြစ်ခဲ့တာကို ပြောမိသွားပြီး သူမ ကိုပါ ကြက်လျှာစွန်း ဒန်ပေါက် စားဖို့ ခေါ်လိုက်တယ် ။ စဉ်းစား နေဟန် ပြုနေတာမို့ ကျွန်တော် က ထပ်ပြီး လိုက်စားဖို့ ခေါ်လိုက်တယ် ။ ဒန်ပေါက်ဆိုင်မှာ လူကျ နေတာမို့ စားပြီး စကား ထိုင်မပြောတော့ပဲ ဆိုင်ထဲ က ထွက်ခဲ့ကြတယ် ။ ကျွန်တော်လည်း ဘယ်သွားရမှန်း မသိ ဖြစ်နေတာမို့ ပြန်ဖို့ဆုံးဖြတ်လိုက်တယ် ။ သူမ ကိုလည်း ပြန်တော့ မှာလား မေးလိုက်တယ် ။ ဒီတော့ သူမ က ရွှေတိဂုံ ဘုရားကို သွားဦးမယ် ။ အချိန်ရရင် လိုက်ခဲ့ပါလား လို့ ဆိုတာနဲ့ ရွှေတိဂုံ ဘုရားကို ရောက်ခဲ့ ကြပြန်တယ် ။ အဲဒီ ရောက်မှ အဲဒီနေ့ က သူမ ရဲ့ ( ၁၉ ) နှစ်ပြည့် မွေးနေ့ ဖြစ်တာရယ် ၊ အထက်အညာ က ရွှေဘိုသူ ဖြစ်တာရယ် ၊ သူမ ဖခင် ဆုံးပါး သွားခဲ့လို့မိခင် နဲ့ မောင်ငယ်ညီမငယ် ( ၃ ) ဦးကို ထောက်ပံ့ပေးနေတာရယ် ၊ သူမ မိသား စု ကို သတိရ လွမ်းဆွတ်နေတယ် ဆိုတာတွေကို သိတော့တယ် ။ ရွှေတိဂုံ ဘုရား ကအပြန် မြေနီကုန်း အရောက် ကိုယ်သင့်ရာ ဘတ် ( စ ) ကား ကိုယ်စီ ဆက်စီးကြပြီး လမ်းခွဲခဲ့ကြတယ် ။ ကျွန်တော် နေတဲ့ အိမ်လေးကိုရောက်တော့ သူမ အကြောင်းကိုပဲ တွေးနေမိတယ် ။ ကျွန်တော့ လက်ရှိ ဘဝ နဲ့ သက်ဆိုင်တဲ့ အလုပ် နဲ့ မိသားစု ဘဝမှာကလည်း ထူးထူးထွေထွေ တွေးစရာ ရယ်လို့ မရှိတော့ကာ သူမနဲ့ လတ်တလော သက်ဆိုင်တဲ့ အတွေးက ကြီးစိုး နေပြန်တယ် ။ စိတ်ကူး တခုပေါ်လာတာမို့ ရေချိုး အဝတ်အစား လဲပြီး ဆရာသမား တယောက်ဆီ ကို သွားပြီး ပိုက်ဆံ ချေးတယ် ။ ဘုရားပေါ်မှာ သူမ ပြောခဲ့တဲ့ ကိုးတန်းအောင်ပြီး ဆယ်တန်းမတက် ခဲ့ဘူး ဆိုတဲ့ သူမ အတွက် သင့်တော်မဲ့ စာအုပ်လေး ( ၃ ) အုပ်ဝယ်တယ် ။ အမျိုးသမီး လက်ကိုင်အိတ်လေး တစ်လုံးလည်းဝယ် ပြီး အဲဒီအိတ်ထဲ ကို စိတ်ကူးတည့်ရာ သူမနဲ့ လိုက်ဖက်မယ် ထင်တဲ့ အသုံးအဆောင် ပစ်စည်း လေးတွေဝယ်ထည့်တယ် ။ ဒါတွေအားလုံး ကို ပလပ်စတစ် လက်စွဲအိတ် တစ်လုံးဝယ်ပြီး စုပေါင်းထည့်လိုက်တယ် ။ အပြင် က ရုတ်တရက် ကြည့်ရင် ဘာတွေရှိတယ်ဆိုတာ မသိအောင်ပေါ့ ။ ပြီးတော့ သူမရှိ ရာ ကေတီဗီ ကို သွားတယ် ။ တိုက်တိုက်ဆိုင်ဆိုင် ပဲ ပြီးခဲ့တဲ့ အခေါက်က ရောက်ခဲ့ တဲ့ အခန်းပဲ ကျွန်တော်ရောက်တဲ့ အချိန်မှာ အားသွားတယ် ။ သူမကို အခန်းစောင့်ဝိတ်တာနဲ့ ခေါ်ခိုင်းလိုက်တယ် ။ အခန်းထဲ ဝင်လာတဲ့ သူမ က ကျွန်တော့ကို မြင်တော့ မျက်လုံး အဝိုင်းသားနဲ့ အံ့ဩနေချိန်မှာ မွေးနေ့ လက်ဆောင် မပေးလိုက်ရလို့ လာပေးတာလို့ ပြောရင်း ကျွန်တော်ဝယ်လာ တဲ့ ပစ်စည်း တွေ သူမ ကို ပေးလိုက်တယ် ။ အိတ်ထဲ က ပစ်စည်း တွေထက် စာအုပ်လေးတွေ ကို အသေအချာ ကြည့်တယ် ။
အခန်းစောင့်ဝိတ်တာဝင်လာပြီး ဘာမှာဦး မလဲ အကို လို့ မေးတော့ ကျွန်တော် အချိုရည် နှစ်ဘူးပဲ မှာလိုက်တယ် ။ မွေးနေ့ရှင် ဖြစ်တဲ့ သူမကို သူမ အကြိုက်ဆုံး သီချင်းတစ်ပုဒ် ဆိုပေး ဖို့ တောင်းဆိုတော့ သူမ က ခိုင်ရွှေဝါ ရဲ့ ” “ငယ်ချစ်ပုံပြင်” ဆိုတဲ့ သီချင်းလေး ဆိုပြတယ် ။ သီချင်း ဆိုရင်း ပြုံးနေတဲ့ သူမ မျက်ဝန်း အစုံ မှာလည်း မျက်ရည်တွေဝဲလို့ ။ ဘာလို့လဲ လို့ ကျွန်တော် က မေးတော့ ပျော်လို့ တဲ့ ။ အဲဒီ သူမ မွေးနေ့ညမှာ အဲဒီကေတီဗီဆိုင် ကပိုင်ဆိုင်တဲ့ သူမရဲ့ တာဝန်ချိန်တွေ အကုန်လုံးကို ကျွန်တော် ယူထား လိုက်တယ် ။ သီချင်း ဆိုကြတယ် ။ စကား ပြောကြတယ် ။ ကျွန်တော် ကော သူမပါ မုသား မပါတဲ့ ကိုယ့်ဘဝ ကိုယ့်အကြောင်း တွေကို အမှန်အတိုင်းပြောခဲ့ကြရင်း တစ တစ ရင်းနှီး လာခဲ့ ကြတယ် ။ ဒီလို နဲ့ သုံး လ လောက် ကြာတော့ တရက် မှာ ကျွန်တော် အလုပ်လုပ်တဲ့ ကုမ်ပဏီ က ဝန်ထမ်း အမျိုးသမီးတဦး မင်ဂလာ ပွဲကို တက်ဖို့ သူမ ကို ခေါ်တယ် ။ ပထမ တော့ သူမ လိုက်ရမှာ ကြောက်နေတယ် လို့ ပြောတယ် ။ ဒါပေမဲ့ ကျွန်တော် က သိမ်ငယ်စရာ မရှိဘူး ! လက်ရှိ ဘဝ ကို အခိုက်အတန့် လို့ သဘောထားပြီး လိုက်ခဲ့ပါလို့ ပြောပြီး ခေါ်တယ် ။ သူမ လိုက်လာတယ် ။ ကုမ်မဏီ ရဲ့ စက်ရုံ ဝင်းထဲကို ကျွန်တော်တို့ နှစ်ယောက် အရင်ဝင်ကြတယ် ။ ကိုယ့်ကုမ်မဏီ က ဝန်ထမ်းတွေ က စက်ရုံထဲမှာ လူစုပြီး မှ မင်ဂလာပွဲ ကို ချီတက် ကြမှာလေ ။ စက်ရုံ ပိတ်ရက်မို့ မင်ဂလာပွဲ မသွားမှီ စက်ရုံထဲ မှာ ဝိုင်းဖွဲ့ သောက်သူတချို့ က တိုက်လို့ ကျွန်တော် နှစ်ပက် လောက် သောက်လိုက်မိတယ် ။ ဒါကို သူမ က မကြိုက်ဘူး ။ မျက်နှာ အမူ အရာနဲ့ ပြပြီး ထပ် မသောက်ဖို့ တားတာနဲ့ နှစ်ပက် နဲ့ ရပ်လိုက်ရတယ် ။ မင်ဂလာ ဆောင် ရောက်တော့ သူမ ကို ချစ်စရာ လေးဆိုပြီး အားလုံး ကပြောကြ နှုတ်ဆက်ကြတယ် ။ အစား ကောင်းကောင်း မစားနိုင်ပဲ ပြန်ချင်နေတဲ့ သူမ ကို သနား လာတာနဲ့ အချိန်ကြာကြာ ဆက်မထိုင်တော့ပဲ ထပြန်ခဲ့ကြတယ် ။ ပြီးတော့ ကျွန်တော့ ရဲ့ ဘုံဗိမာန် လေးဖြစ်တဲ့ ကျွန်တော် ငှါးနေတဲ့ အိမ်လေး ရှိရာကို ခေါ်ပြတယ် ။ ကျွန်တော့ နေထိုင်မှု ပုံစံ ကို ကြည့်ပြီး သူမ တော်တော် စိတ်မကောင်း ဖြစ်သွားတယ် ။ ကျွန်တော် နေတဲ့ အိမ်လေးထဲမှာ စောင် ၊ ခြင်ထောင် ၊ ခေါင်းဦး၊ သံသေတ်တာ တစ်လုံး ၊ ရေသန့်ဘူးကြီး တစ်လုံးနဲ့ စာအုပ်တွေ ထည့်ထားတဲ့ အိတ်တလုံး ဒါပဲရှိတယ် ။ ကျွန်တော့ အနေ နဲ့ ကတော့ ဒီထက် ပိုပြီး ဘာမှ မလိုဘူး ။ ဒါနဲ့ သူမ က အပြန်မှာ မလျှော်ရသေးတဲ့ ကျွန်တော့ အဝတ်တွေ ယူသွားတယ် ။ ပုံမှန် တပတ် တကြိမ် အငှါး လျှော် တဲ့ နေရာ ပို့နေကျ ဆိုတာ သူမ သိပေမဲ့ အကို့ အဝတ်တွေ လျှော် ပေးချင်လို့ပါလို့ ပြောလာတာမို့ ကျွန်တော်လည်း မတားတော့ပဲ ခွင့်ပြုလိုက်တယ် ။
တရက် မှာ အမ မိသားစု ရှိရာ ကို သူမ ကို ခေါ်ပြီးပြတယ် ။ အမ က မြင်မြင်ခြင်း မှာပဲ သူမ ကို ချစ်ခင်သွားတယ် ။ သူမ မျက်နှာလေး က မျက်နှာမြင် ချစ်ခင် ပါစေ ဆိုတဲ့ ဆုတောင်းမျိုး ပြည့်ထားသလိုပဲ ။ အစ ကတော့ အမ က မင်းတို့ နေ့လည်စာစားပြီးမှ ပြန်ကြ ဘာညာ နဲ့ အားတက်သရော ဝယ်ခြမ်း ချက်ပြုတ် နေတယ် ။ သူမ လည်း အမ တားတဲ့ ကြားက နေပြီး အမ ကို ဝိုင်းကူ ချက်ပြုတ်ပေးတယ် ။ အားလုံး ချက်ပြုတ် ပြီးတော့ အပြင်သွားနေ တဲ့ ယောက်ဖ ပြန်အလာကို ထမင်းစားဖို့ ထိုင်စောင့်ရင်း စကားပြောနေ ခဲ့ကြတယ် ။ အဲဒီမှာ သူမ က ” အမ ကို မညာချင်ဘူး” လို့ ပြောလာပြီး သူမ ရဲ့ အလုပ် အမှန်ကို အမ ကို ပြောလိုက်တယ် ။ အမ က မျက်မှောင်ကြုံ သွားပြီး ကျွန်တော့ ကို ကြည့်တယ် ။ တွေေ.တွ. ချင်းမှာ အထည်ချုပ် စက်ရုံ အလုပ်လို့ သူမ နဲ့ အမ ကို ကျွန်တော် က ညာပြီး မိတ်ဆက်ပေးခဲ့တာလေ ! အမ မျက်နှာ တချက် ပျက်သွားပြီး စကား လမ်းကြောင်း လွှဲပစ်လိုက်တယ် ။ သူမ မျက်နှာ လေးလည်း ညှိုး သထက် ညှိုးကျသွားခဲ့တယ် ။ အမ အိမ် ကနေ အပြန် တလမ်း လုံးမှာ သူမ စကား တစ်လုံးမှ စမလာ ခဲ့တော့ပဲ နှုတ်ဆိတ် ငြိမ်သက်နေခဲ့တော့တယ် ။ အဲဒီ နောက်ပိုင်း က စပြီး သူမ ကျွန်တော့ ကို ရှောင်နေခဲ့တော့တယ် ။ ကေတီဗီ ကို မလာဖို့ လည်းပြောတယ် ။ ကျွန်တော် မနေနိုင်လို့ သွားတွေ.ရင် လည်း အတွေ.မခံ တော့ဘူး ။ မကြာခဏ ငိုနေတယ် လို့ သူမ သူငယ်ချင်း တွေဆီ ကနေသိရတယ် ။
အမဆီ ကို သွားပြီး ကျွန်တော်ခံစားနေ ရတဲ့ အကြောင်း ရင်ဖွင့်မိတယ် ။ အမ လည်း စိတ်မကောင်း ဖြစ်သွားတယ် ။ ပြန်ခေါ် လာခဲ့ပါ – အမ အကောင်းဆုံး အဆင်ပြေဆုံး ဖြစ်အောင် ပြောဆိုပါမယ် ဆိုပေမဲ့ သူမ ရဲ့ စိတ်ကို ကောင်းကောင်း နားလာခဲ့ပြီ ဖြစ်တဲ့ ကျွန်တော့ အဖို့ မျှော်လင့် ချက်မဲ့နေ ပြီဆိုတာ တရက်ပြီး တရက် နားလည်လာခဲ့တယ် ။ အဲဒီ က နေ နှစ်ပတ်လောက် ကြာတော့ သူမ မလာပါနဲ့ လို့ တားမြစ်ထားတဲ့ သူမ ရှိရာကို ထပ်ပြီးသွားခဲ့တယ် ။ သူမ မရှိတော့ဘူး ။ အဲဒီ ဆိုင် ကနေ ထွက်သွားတယ် ။ သူမ သူငယ်ချင်း တယောက်ကို အကူ အညီ တောင်းပြီး သူမ မိခင် ဆီ ကနေ အိမ်ပြန်ရောက် မရောက် သတင်း စုံစမ်း ခဲ့တယ် ။ သူမ အိမ်ကိုလည်း ပြန်မသွားခဲ့ဘူး ။ ဒီတော့ အလုပ်တနေရာ ပြောင်းသွား ပြီလို့ နားလည် မိတဲ့ ကျွန်တော် သူမကို ရန်ကုန်မြို့ ရဲ့ နေရာ အတော်များများ မှာ လိုက်ရှာ ခဲ့မိတယ် ။ ဘယ်လိုမှ ရှာလို့ မတွေခဲ့ဘူးဗျာ ! သူမ မိခင် နဲ့တော့ သူမ အဆက် အသွယ် အမြဲ ရှိနေခဲ့တယ် ဆိုတာ တဆင့်စကား ကနေ ကြားသိခဲ့ရတယ် ။ ကျွန်တော် သိတယ် ။ကျွန်တော် သိပါတယ် ။ သူမ ရန်ကုန် မှာပဲ ရှိနေတယ် ။
ဖတ်ရှုအားပေးသူများအား ကျေးဇူးပါဗျား !
ရဲရင့်လှိုင်
54 comments
surmi
September 28, 2012 at 8:33 am
တွေ ့ရင်ပြောကြပါလေ ××××ကျေးဇူးဆပ်ပါမည်
လက်ခံထားတဲ ့သူတွေကို ××××××××
surmi
September 28, 2012 at 8:36 am
တွေ ့ရင်ပြောကြပါလေ ××××ကျေးဇူးဆပ်ပါမည်
လက်ခံထားတဲ ့သူတွေကို ××××××××တရားစွဲ ဆိုမည် ။
ဘာရယ်မဟုတ်ပါဘူး ငယ်ငယ်က သီချင်းလေးပါ
စောစောစီးစီး ခံစားပေးသွားပါတယ်ဗျာ
ပျောက်နေတာလဲ ကြာပေါ ့နော်
YE YINT HLAING
September 28, 2012 at 2:03 pm
ဟုတ်ကဲ့ ဦးဆာ ! ကျန်ခဲ့ တဲ့ ရက်တွေ က အလုပ် များ နေခဲ့ လို့ပါ ။ ရွာထဲ ဝင် ပြီး ဖတ်ဖြစ်ပေမဲ့ မရေး ဖြစ် မမန့် ဖြစ် ခဲ့တာပါ ။ စောစောစီးစီးအားပေး ခံစား ဖတ်ရှု ပေးသွားတဲ့ အတွက် ကျေးကျေးပါ ။ဒါနဲ့ —- တွေ.ရင် ပြောဦးနော် !။ ဟဲဟဲ —-
မောင်ပေ
September 28, 2012 at 9:12 am
ကိုလှိုင်ရေ စိတ်အေးလိုက်ပေတော့
အပေါ်မှာ မန့်သွားတဲ့ လူကြီးဆီမှာ သေချာပေါက်ရှိရမယ်
သွေးဆောင်ဖျာရောင်းသွားတာနေမှာ
ကိုခင်ခ
September 28, 2012 at 9:30 am
ဆရာပေ ကိုသွေးဆောင် က ဖျာရောင်း သွားတာကို ကနဦးမန့်တဲ့လူကြီးက ဝယ်လိုက်တာပေါ့။
surmi
September 28, 2012 at 10:15 am
လှောင်ကုန်ရဲ ့ သဘောက ကြာကြာထားရင်ဈေးတက်တတ်တယ်လေ
ဒီတော ့ ရတာဝယ်ထား ဈေးမများပေါ ့ ဗျာ ဟဲ ဟဲ
မနာလိုမဖြစ်ကြပါနဲ ့ ဈေးကောင်းရင်ပြန်ရောင်းမှာပါ
YE YINT HLAING
September 28, 2012 at 2:13 pm
ဦး ဆာ ရေ ! လုပ်နဲ့လေဗျာ ! အချင်းချင်း တွေပဲ ဟာပဲ ဟာကို ! ကိုပေ နဲ့ ကိုခ ရေ ကျေးကျေးပါဗျို့ !
Mon Kit
September 28, 2012 at 9:15 am
တွေ့ခဲ့ရင် ခေါ်လာပေးမယ်နော်…….. :hee:
YE YINT HLAING
September 28, 2012 at 2:20 pm
ဟုတ်ကဲ့ ! သူမက ခေါ်လို့ မလိုက်ဘူးဆိုရင် ကျွန်တော့ရဲ့ ဒီဖုန်း နံပါတ်လေး ပေးပေးပါဗျာ ! ဝ၉ – ၅၂၈၁၅၀ဝ ! ဟဲဟဲ ! ကျေးကျေး ဗြုတ်! ( ဗြုတ်= ဗျို့ )
မဟာရာဇာ အံစာတုံး
September 28, 2012 at 9:45 am
လမ်းကြုံရင် .. ပြောပေးကြပါ ..
:kwi:
ဟေ့လူဂျီး ဒါ တကယ့်အဖြစ်လားဂျ ..
ရေးထားတာ မိုက်တယ်ဗျာ ..
အားပေးတွားဘာဒယ်ဗျို့ …
YE YINT HLAING
September 28, 2012 at 2:32 pm
ခင်ညား အေဗာတာ လား ! အဲဒီ ပုံ ကြိုက်တယ်ဗျာ ! မင်းတုန်းမင်းကြီး သွားကျိုးနေတဲ့ ပုံနဲ့တူတယ် ! စိုင်းစိုင်း ခမ်းလှိုင် လေသံ နဲ့ပြောရရင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက် အဲဒီနေ့က မိုးမရွာပါ —- ( ဆောင်းတွင်း ကြီး ဖြစ်နေလို့ ) ဟဲဟဲ ! ကျေးကျေး ပါ ဗြုတ် !
kyeemite
September 28, 2012 at 10:37 am
သံယောဇဉ် ပေါ့ဗျာ…တွေ့ချင်လို့ လိုက်ရှာရင်တော့
ရန်ကုန်ကကေတီဗွီတွေ အကုန်လျှောက်သွားရမှာနော
စရိတ်ကမသေးဘူး…. :hee:
mayjuly
September 28, 2012 at 11:23 am
အယ် ဦးလေးမိုက်ကလည်း အဲလိုတော့ပြောနဲ့လေ ..
အလုပ်ပြောင်းတွားပါပီဆို….
ပိုစ် ရှင်ရေ ဒါ့ပုံလေးး မြင်ရမယ်ဆိုလဲ တော်သေး..
ဝိုင်းရှာပေးလို့ရအောင် … :kwi:
YE YINT HLAING
September 28, 2012 at 2:53 pm
ဓာတ်ပုံ က အိမ်မှာကျန်ခဲ့တယ်ဗျ ! မိုးယုစံ ကို နည်းနည်းလေး ပိုချောအောင် ထပ်ရွှိုင်းပြီး ထားတဲ့ပုံမျိုးလေးမြင်ကြည့်ပြီး မှန်းရှာပေးနော် ! လွဲရင် လည်း ချိတ်ချိုးဘူး ! ဟီး ! ( သူမ က ရွှေဘို နယ်ဘက် က ဆိုတော့ တခါတခါ စကားပြောရင် ဟုတ်တယ် – မှန်တယ် ဆိုတာမျိုး ကို ဟုတ်တာပါ့ ! မှန်တာပါ့ လို့ သတိထားပြီး ပြောနေရင်းကနေ ပြောတတ်တယ် ) ကျေးကျေးပါ မိုင်ဂျူလေ !
YE YINT HLAING
September 28, 2012 at 2:42 pm
မမြင်အောင် ပုန်းကာ ဝှက်ကာရယ် — မမြင် အောင် ဖုံးဖိထားပါတယ် — အန်! ဟုတ်လား သိဘူး ဗျ ! အယ် ( လ ) ဆိုင်းဇီ သီချင်းထဲကလို တမင်တကာ ပုန်းကာဝှက်ကာ နေသူလေးပေါ့ဗျာ ! စရိတ် ! စရိတ် ! အဲဒီ စရိတ် အကြောင်းတော့ ကြောတော့ပါဘူး ဦးမိုက်ရယ် —- ရန်ကုန်မြို့ အနှံ့ ရှာခဲ့ရတာဆိုတော့ — ဟင်း ! ကြောချင်ဘူး — ရွှတ် ! ( နှပ် ညှစ်သံ ) ။ ကျေးကျေးပါ ဦးမိုက်ရေ !
etone
September 28, 2012 at 11:40 am
အလဲ ့… ကိုရဲရင့်လှိုင်ဒါမျိုးလည်း ရေးတတ်တယ်လား … ။
ဇာတ်လမ်းကိုပဲ ဖတ်ပြီးပြောရလျှင်လေ …. အထီးကျန်နေတဲ့ကောင်လေးတစ်ယောက်က ၊ စွဲမိစွဲရာ စွဲသွားပြီး ၊ ဘဝတူ အထီးကျန်နေတဲ့ကောင်မလေးကို … ကိုယ်ချင်းစာစိတ်နဲ့ စာနာစိတ်တွေ ရောပြီး … စွဲလမ်းမှု ပြသနာ တက်သွာတာဖြစ်မယ် ..ဟီး ။ :hee:
YE YINT HLAING
September 28, 2012 at 3:06 pm
ဟုတ်ပါ့ဗျာ !ဒါနဲ့ ဇတ်ညွန်းတဲ့ နေရာမှာတော့ မအိတုံ က ရှယ်ပဲဗျ ! စွဲမိစွဲရာ မလွှတ်ချင်တတ်တဲ့ သဘာဝ လေးကလည်းရှိ ၊ မရနိုင်တော့မှန်းသိလေ — ပိုလို့ တမ်းတလေ လိုချင်လေ ဆိုသလိုမျိုးကလည်းရှိဆိုတော့ စွဲလမ်းမှု ပြသနာ တက်သွာတာပေါ့ဗျာ ! ကျေးကျေးပါ မအိတုံရေ !
may flowers
September 28, 2012 at 11:51 am
ရင်တွင်းဖြစ်လားဟင်….အစဆုံးသေသေချာချာဖတ်သွားပါတယ်…….
တကယ့်ကောင်းတဲ့ ဝတ္ထုတိုလေးပါ…
ဒီလို ပိုစ့်လေးတွေ များများဖတ်ဖို့ မျှော်နေမယ်နော်..
အော် ဒါနဲ့ ကိုရဲရင့်လှိုင်ခုတလော ပျောက်နေတယ်နော်………..
ခင်မင် အားပေးလျှက်….။
YE YINT HLAING
September 28, 2012 at 3:19 pm
ခင်မင် အားပေး တဲ့ မမေဖလားဝါး ကို ကိုယ့်ရွာသူ တစ်ယောက် အနေနဲ့ကော စာပေမိတ်ဆွေ သူငယ်ချင်း တစ်ယောက် အနေနဲ့ပါ ကျွန်တော်ကလည်း ခင်မင်လေးစား လျှက်ပါ ။ ဟုတ်တယ်ဗျာ —- ခု ကျွန်တော် အလုပ်လုပ် နေတဲ့ ပရောဂျက် က ၇၅ ရာနှုန်း ကျော်လာပြီဆိုတော့ ပရောဂျက် အမြန်သိမ်းချင်လေ တွန်းလေ ဖြစ်နေတယ် ။ ကျွန်တော့ အပိုင်း က အဓိကျတဲ့ ကွန်ကရစ် ကို ထုတ်ပေးရတဲ့ အပိုင်းဆိုတော့ အလုပ်များနေတာနဲ့ ကွန်မန့် ဝင်မရေးနိုင် ပို့ ( စ ) မတင် နိုင်ပဲ ပျောက်နေတာ ။ ကျေးကျေးပါ ဗျာ !
စိန်ဗိုက်ဗိုက်
September 28, 2012 at 11:55 am
ကိုလှိုင်ကြီးရေ…ဘားမှမပူနဲ ့..သဂျီးဆီက ကြိုတင်ပွိုင့် ဒေါ်လှ တစ်သန်းလောက်ချီးပြီး လိုက်ရှာကြတာပေါ့..
ကိုလှိုင်ဂျီးက ရှာ
ကျော်က သောက်မယ်..ဆိုမယ်..
အဟေး..အဟေး..
YE YINT HLAING
September 28, 2012 at 3:27 pm
ဒါကြောင့် ဘီးအီးဒီ ကိုဗိုက် ကို ယုံကြည်အားကိုး နေရတာပေါ့ဗျာ ! အဟေး..အဟေး. သဂျီး ကို မေးကြည့်တော့ ကျွန်တော်တို့ နှစ်ယောက် ကို ချီးပေး နိုင်ပါတယ်တဲ့ ! ဒေါ်လှ တွေ ! ကိုဗိုက် ရေ ! ကျေးကျေးပါ ဗြုတ် !
marblecommet
September 28, 2012 at 12:10 pm
ကိုရဲရင့်ရေ့
သိပ်ကောင်းတဲ့ ပို့(စ်)ပဲဗျာ
သိမ်သိမ်မွေ့မွေ့ ဖတ်ရှုအားပေးသွားပါတယ်
လေးစားတဲ့
ငကမ်း…….
YE YINT HLAING
September 28, 2012 at 3:36 pm
အဆစ် အပေါက် ကျတဲ့ မော်ဒန် ကဗျာ တွေကို စာဖတ်သူတွေ နားလည်ခံစား နိုင်အောင် ဆွဲခေါ်ရေးသားနိုင်တဲ့ ကိုကမ်း က သိမ်သိမ်မွေ့မွေ့ ဖတ်ရှုအားပေးသွားတယ် ဆိုတာသိရတော့ အားတွေ ထပ်ပြီး တိုးလာပါတယ်ဗျာ ! ကျေးကျေးပါ ကိုကမ်းရေ !
နွယ်ပင်
September 28, 2012 at 12:26 pm
သံယောဇဉ် …… သံယောဇဉ် …. လူကို အရူးတစ်ပိုင်းဖြစ်စေတယ် …………
Shwe Tike Soe
September 28, 2012 at 2:11 pm
အိမ်မက်ဆုံရာမှာ သွားပြိုင်ပါလား လူပုလေးဒွေ အမေရေ.
YE YINT HLAING
September 28, 2012 at 3:45 pm
သံယောဇဉ် က ကိုလေးဖြူ ! အရူး တပိုင်း က ကိုအငဲ ဂျ ! ကျေးကျေး ပါ ကိုဂ ရဲ့ မနွယ် ရေ !
Shwe Tike Soe
September 28, 2012 at 2:06 pm
အော် ကိုရဲရင့်ရယ်……. အစ်ကိုကိုသနားလို. ကျွန်တော ်ကေတီဗွီတွေ ပက်ရှာပေးပါမယ်ဗျာ….. စိတ်မကောင်းလိုက်ထာ….
အဲအဲ ကျွန်တော်သွားချင်လွန်းလွန်းလို.တော့ ဟုတ်ဘူးနော်………. ကိုရဲရင့်ကို တနားရို. ခိခိခိခိ :hee: :kwi:
YE YINT HLAING
September 28, 2012 at 3:53 pm
တွားချင်လွန်း လို့ ဟုတ်ဘူးတဲ့ ! ကျွန်တော့ ကို တနားရို့ တဲ့ ! ခိခိခိ — ဒါပဲနော် ရှာပေး ရှာပေး အဟေး ဟေး ဟေး —- ကျေးကျေးပါဗြုတ် !
kai
September 28, 2012 at 2:22 pm
စဖတ်ကထဲက.. ဒါမျိုးလာမယ်…လာတော့မယ်ဆိုပြီး ဖတ်လိုက်တာ…
နောက်ဆုံးလည်းရောက်ရော… ဒါမျိုးဖြစ်တာပဲ..
ဆိုတော့…
ပစ်ထားလိုက်ဟေ့.. ရှာမနေနဲ့..။
နောက်နှစ်မွေးနေ့.. ဆူးလှေဘုရားမှာ သူမ ရှိနေမယ်..။ :kwi:
YE YINT HLAING
September 28, 2012 at 4:04 pm
သူကြီး မန့် တာကို ဖတ်ပြီး အရင် ရယ်နေရတယ်ဗျ ! .” ဒါမျိုးလာမယ်…လာတော့မယ်ဆိုပြီး ဖတ်လိုက်တာ…
နောက်ဆုံးလည်းရောက်ရော… ဒါမျိုးဖြစ်တာပဲ..” ဆိုတာလေဗျာ ! ပြီးတော့” နောက်နှစ်မွေးနေ့.. ဆူးလှေဘုရားမှာ သူမ ရှိနေမယ်..။” ဆိုတာ ဖတ်ပြီး တော်တော် လျှင်တဲ့ အကွက်မြင်တဲ့ တဂျီး လို့ တွေးမိပြီး ရယ်မိတယ် —- ဟိဟိဟိ — ကျေးကျေးပါ ခင်ဗျာ့ !
ရွှေ ကြည်
September 28, 2012 at 2:28 pm
ဪ ဒီလိုလား..။
စိတ်ရှိတိုင်းပြောရရင်မေ့နိုင်အာင်ကြိုးစားပါကိုရဲရင့်လှိုင်ရေ..။ ဘယ်တတ်နိုင်ပါ့မလဲ ပုန်းတဲ့သူကပုန်းနေတာကိုး ကံမကုန်ရင်တော့ပြန်ဆုံမှာပေါ့။
YE YINT HLAING
September 28, 2012 at 4:16 pm
“မေ့နိုင်အောင်ကြိုးစားဖို့ အတွက် သိပ်ခက်နေပြီလေ —- ဟိုမှာ ဒို့နှစ်ယောက်ရဲ့ လမ်းခွဲ လေး နောက်ထပ် ပြန်မဆုံတော့ ဘူး ဟူး — ” ( ဖြူဖြူကျော်သိန်း ဟဲဗီး ဆိုသံ ) အလကား နောက်တာ ! သဇင်ရဲ့ နှုတ်ဆက်စာ သီချင်း ထဲ ကလို သူမ ကို တွေ.ရင် အရင် မေးရဦးမယ်ဗျာ ! အနေဝေး လို့ သွေးအေး သွားပြီလားလို့ ? ကျေးကျေးပါ မရွှေကြည် !
Crystalline
September 28, 2012 at 4:00 pm
လူပြောအရမ်းများတဲ့ကေတီဗွီဆိုတာကိုရောက်ဖူးချင်ခဲ့တာ. သွားဖို့ကဘယ်လိုမှမအပ်စပ်ဘူးလေ။ ကံကောင်းချင်တော့လွန်ခဲ့တဲ့လကဦးလေးပြန်လာတော့ အစ်ကိုတွေ၊ဦးလေးတွေနဲ့သူတို့ဟိုတယ် မှာပဲရှိတဲ့ ကေတီဗွီဆိုတာကိုသွားခွင့်ကြုံခဲ့တယ်. မီးမှိန်မှိန်နဲ့ခလေးမလေးတွေဘောင်းဘီတို စကပ်တိုလေးတွေနဲ့ ကောင်တာနားမှာဟိုတစ်စု သည်တစ်စုစောင့်နေကြတယ်။ သူတို့ဆီမှာက M3 တို့မှာလိုကိုယ်ဆိုချင်တာကိုယ်တိုင်ရွေးဖို့ မလွယ်ဘူးဆိုတော့ကျမတို့လည်း တစ်ယောက်ခေါ်ရတယ်။ ခလေးမလေးက ၁၈၊၁၉လောက်ပါပဲ. ကျမတို့တွေကလည်း ကိုယ့်အမျိုးတွေပျော်ချင်လို့သွားတာဆိုတော့ (ကျမတို့ညီအစ်မလည်းပါနေတော့) သူလည်းသီချင်းပဲရွေးရတာပါ။ နောက်မိုက်ခဲကကျမဆိုတော့သူက ကျမဘေးလာထိုင်တယ်လေ။ ဦးလေးရဲ့ သူငယ်ချင်းကတော့သူဆိုချင်တဲ့အင်္ဂလိပ်သီချင်းမရှိလို့ကောင်မလေးကိုစွတ်ရစ်နေလို့ ကျမကသူ့ကိုသနားလို့ ကြားထဲက ရန်ဖြစ်ပေးရသေးတယ်။ ခလေးမလေးက အပြောအဆိုခံရတာလည်းအပြုံးမပျက်ရှာပါဘူး။ ကျမပြန်လာတော့ စိတ်မကောင်းတာပြောမိတော့ အစ်ကိုတော့ပြောတယ် သူတို့ဝင်ငွေက ငါတို့ထက်အများကြီးသာတယ်တဲ့။
YE YINT HLAING
September 28, 2012 at 4:30 pm
ကျွန်တော် ပြောချင်တဲ့ မတ်စေ. လေး တချို့ ဒီ ပို့ ( စ ) ထဲမှာ ရှိနေတယ် ( မတ်စေ. ဆိုလို့ စကားပြောရင် ေ.ရှက မစေ. ကလေ မစေ. ကလေ နဲ့ ပြောတတ်တဲ့ ( ဒေါ် ) မေသန်းနု ကို သတိရ သွားသဗျား ! ဟီး — ) စားဝတ်နေ ရေး ကြောင့် တကယ်တွေးကြည့်ရင် သနားစရာကောင်းတဲ့ အနယ်နယ်က အမျိုးသမီးလေးတွေ ရန်ကုန် လို မြို့ကြီးမျိုးမှာ များများလာတယ်ဗျာ ! ဖတ်ရှု အားပေး သွားတဲ့ အတွက် ကျေးကျေးပါ!
ထွန်း ပြောင်
September 28, 2012 at 10:48 pm
ဦးရွှေမန်းကြီး စကားငှားပြောရရင် …
ကျွန်တော်တို့လည်း ဒီအခြေနေတွေကို စိတ်မကောင်းစွာနဲ့
ထိုင်ကြည့်နေရမယ့်အချိန်မဟုတ်တော့ဘူးပေါ့ဗျာ …..
YE YINT HLAING
September 29, 2012 at 3:00 am
ဒီအတွက် ( အခြေခံ လူတန်းစား လူထု တရပ်လုံး အတွက် ) ပြောင်းလဲ ဖြည့်ဆည်းပေးရမဲ့ အရာတွေ က အများကြီးပါဗျာ ! ခေါင်းစဉ်ကတော့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးပေါ့ ! ဘယ်လိုတိုက်မှာလဲ ??? ဘယ်လောက်ကြာကြာ တိုက်ဖျက်မှာလဲ ??? ဘယ်လိုပုံစံတွေနဲ့ တိုက်ဖျက်နေပြီလဲ ??? ဘယ်လောက်အထိ အပြုသဘောဆောင်မှုတွေ ထိရောက်နေပြီလဲ သိချင်သားဗျ ! “ထိုင်ကြည့်နေရမယ့်အချိန်မဟုတ်တော့ဘူးပေါ့ဗျာ …..လို့ ပြောသွားတဲ့ ဦးရွှေမန်းကြီး ကိုကော ကိုထွန်းပြောင်ကိုပါ လေးစားစွာနဲ့ ကျေးကျေးပါဗျာ !
manawphyulay
September 28, 2012 at 4:04 pm
အင်း… အဲဒီမှာ စတွေ့တာပါပဲ…. အထီးကျန် အတူတူခြင်း ဆုံဆည်းတာပေါ့လေ…
YE YINT HLAING
September 28, 2012 at 4:42 pm
‘အထီးကျန် သိမ်ငယ်မှု များစွာနဲ့ —- အစိမ်းလိုက် နင် ဖဲ့ခြွေ ခဲ့တော့ — ဂဘာတဖက်မှာ နင်နေထိုင် တယ် ဂဘာတဖက်မှာ ငါနေထိုင်တယ် ” ( ဒီက စိုင်းစိုင်း ရင့်လှိုင် ပေါ့ဗျာ — ဟဲဟဲ — ) ကိုယ့် အမ မို့ ပြောင် နောက်သွား တာ နော် ! မမနော ရေ ! ကျေးကျေး ပါ ဗြုတ် !
အရီးခင်လတ်
September 28, 2012 at 4:41 pm
မင်းကို သူတကယ် စိတ်ဝင်စားရင်တော့ တစ်နေ့ပြန်လာပါလိမ့်မယ်။
နောက်တစ်ချက် ဖြစ်နိုင်တာက သူဟာ ကြေးစားဖြစ်ခဲ့ လို့ မင်း အတွက် ဝေးရာတမင်ရှောင်ထွက်သွားတာ လဲ ဖြစ်နိုင်တယ်။
ဒီတော့ တကယ်လို့များ သူ့ကို ပြန်ရှာတွေ့ခဲ့ရင် သူမရဲ့ ဖြစ်ခဲ့တဲ့ ဘဝကို မင်းနားလည်ပေးနိုင်မှာလား။
ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါဦး။
အဖြေက Positive ဟုတ်/မဟုတ်။ :hee:
YE YINT HLAING
September 28, 2012 at 5:08 pm
ကြေးစား မဖြစ်ခဲ့ဘူး လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမဲ့ သူ နဲ့ ကျွန်တော် ဆုံတွေ. ခဲ့တဲ့ ကာလလေး က သိပ် တို တောင်းပါတယ် ။ ဘဝ နဲ့ စာရင်ပေါ့လေ — တကြိမ် တခါမျှ သူမ အပေါ်မှာ ကျွန်တော် အခွင့်အရေး ရနိုင်ပေမဲ့ မယူခဲ့ပါဘူး ! ဒါကို က သူမ နှလုံးသားထဲ ကျွန်ရောက် နိုင်ခဲ့တဲ့ အချက်ထင်ပါတယ် ။ ဒါကြောင့် ကျွန်တော့ အတွက် ဝေးရာတမင်ရှောင်ထွက်သွားတာ လဲ ဖြစ်နိုင်တယ်။ မသိတော့ပါဘူး အရီး ရယ် — အရီး ကို ကျေးဇူးတင်ပါတယ် ။ နှစ်ယောက် လုံး အတွက် မဖြစ်နိုင်တော့တဲ့ အရာတွေ ထဲ ကတခု လို့ ကျွန်တော် မြင်လာတယ် ။ သူမ ရဲ့ စိတ်သဘာဝ အရ အရင် ကထက်တောင် ပိုပြီး ရင့်ကျက်နေပြီလို့ ကျွန်တော် ထင်တယ် ။( Reply မနှိပ်မိ သွားလို့ ပြန်ကပ် ပေးလိုက်ပါတယ် အရီး ခင်ဗျ ! )
pooch
September 28, 2012 at 4:43 pm
အော် ဒီလို အချစ်တွေလည်း ရှိတယ်လား အားပေးသွားပါတယ် နှစ်ယောက်လုံးကံကောင်းပါစေလို့ 😀
YE YINT HLAING
September 28, 2012 at 5:10 pm
ဆုတောင်း ပေးတဲ့ အတွက်ရော — အားပေးသွားတဲ့ အတွက်ပါ ကျေးကျေးပါ မပု ( ရှ ) ရေ !
YE YINT HLAING
September 28, 2012 at 5:02 pm
ကြေးစား မဖြစ်ခဲ့ဘူး လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမဲ့ သူ နဲ့ ကျွန်တော် ဆုံတွေ. ခဲ့တဲ့ ကာလလေး က သိပ် တို တောင်းပါတယ် ။ ဘဝ နဲ့ စာရင်ပေါ့လေ — တကြိမ် တခါမျှ သူမ အပေါ်မှာ ကျွန်တော် အခွင့်အရေး ရနိုင်ပေမဲ့ မယူခဲ့ပါဘူး ! ဒါကို က သူမ နှလုံးသားထဲ ကျွန်ရောက် နိုင်ခဲ့တဲ့ အချက်ထင်ပါတယ် ။ ဒါကြောင့် ကျွန်တော့ အတွက် ဝေးရာတမင်ရှောင်ထွက်သွားတာ လဲ ဖြစ်နိုင်တယ်။ မသိတော့ပါဘူး အရီး ရယ် — အရီး ကို ကျေးဇူးတင်ပါတယ် ။ နှစ်ယောက် လုံး အတွက် မဖြစ်နိုင်တော့တဲ့ အရာတွေ ထဲ ကတခု လို့ ကျွန်တော် မြင်လာတယ် ။ သူမ ရဲ့ စိတ်သဘာဝ အရ အရင် ကထက်တောင် ပိုပြီး ရင့်ကျက်နေပြီလို့ ကျွန်တော် ထင်တယ် ။
Hnin Hnin
September 28, 2012 at 5:08 pm
စိတ်ကူးယဉ် နဲ့ လက်တွေ့ အားပြိုင်ပွဲ…..
ဒီအတိုင်းဆို ပြန်ဆုံဖို့ မလွယ်တော့။ ကိုရဲရင့်လှိုင်…ဒီလောက်လိုက်ရှာနေတာ
တောင် အသစ်ထပ်မတွေ့သေးဘူးလားရှင့်…ကောင်မလေးကလည်း အသစ်
ထပ်တွေ့နေပြီလားမသိနော့(အလုပ်ပြောင်းပေမယ့် ဒီအလုပ်ပဲ ပြန်ဖြစ်နေရင်)
YE YINT HLAING
September 28, 2012 at 5:17 pm
ဟုတ်တယ်ဗျ ! စိတ်ကူးယဉ် နဲ့ လက်တွေ့ အားပြိုင်ပွဲ….. ကျွန်တော့ အလုပ် အခြေ အနေ အရ အသစ်တွေ.ဖို့ မလွယ်ပါဘူးဗျာ ! အသစ်လည်း ထပ်မတွေ. ပါရစေနဲ့ဗျာ — နော့ ! ကျေးကျေး ပါ မနှင်းရေ !
Hnin Hnin
September 28, 2012 at 5:12 pm
ဖြစ်နိုင်ချေအတော်များများက frankly, အရီးလိုပဲ တွေးမိတယ်…
မောင်ဘလိူင်
September 28, 2012 at 6:03 pm
ငါ အသည်းနှလုံးလေးထဲက မျှော်နေတယ်။
မင်းကမေ့ပစ်ခဲ့တာ ဘာမှအပြစ်မယူအတူချစ်ခဲ့သူ
ငါ လမ်းခွဲခြင်း မေ့လို့နေချင်တယ်
အဆုံးသတ်တစ်နေ့ရဲ့မျက်ကွယ်ထွက်သွားခဲ့သူအတူချစ်ခဲ့သူ
ပြန်မုန်းရန် အသင့်မဖြစ်ဘူး
အကြောင်းပြချက်က ရှာဖွေရန်မလွယ်
မင်းကိုစိတ်မပျက်ဘူး။
အပြောင်းအလဲများနဲ့နင်ပျော်ရွှင်နေလည်း
ခွင့်လွှတ်ခြင်းအချစ်နဲ့ ရေး
ဝမ်းနည်းတဲ့အချိန်မှာ
မင်းကပေးတဲ့အနမ်းတွေ စိတ်ထဲဖမ်းယူကျေနပ်တတ်သူ
ငါနှစ်သိမ့်ခွင့်လွှတ်နေနိူင်ပြီ
မင်းကထားရစ်တဲ့ အချစ်အချိန်တိုင်းနဲ့အမျှ
အခုထိအသက်ရှင်ဆဲပါ….
ခွင့်လွှတ်ရင်း နဲ့
ဟန်ထွန်း
YE YINT HLAING
September 28, 2012 at 6:43 pm
” ငါနှစ်သိမ့်ခွင့်လွှတ်နေနိူင်ပြီ
မင်းကထားရစ်တဲ့ အချစ်အချိန်တိုင်းနဲ့အမျှ ”
ကျေးဇူးပါ ကိုလှိုင် ရေ !
အလင်းဆက်
September 28, 2012 at 6:05 pm
ဂယ့် အဖြစ်လေးလား..ဟင်….
YE YINT HLAING
September 28, 2012 at 6:46 pm
အလက်ဆင်း ရေ ! —- လေးပါဆို ! ကျေးကျေးဗြုတ် !
Mobile
September 28, 2012 at 9:45 pm
ရေဆုံး ကုန်းတစ်ဝက်ဆိုတဲ့ အတိုင်းပဲ
တစ်ဝက်ပေးမယ်ဆိုရင် ပြန်ပေးမယ်
YE YINT HLAING
September 29, 2012 at 3:07 am
ဟာဂျာ —- အဲလို လုပ်နဲ့ လေဂျာ ! ဟဲဟဲ ! ကျေးကျေး ပါ ကိုဘိုင်း ရေ !
candle .
September 30, 2012 at 7:30 pm
သံယောဇဉ်ကို လျှော့တွက်လို ့မရဘူး နော်..
မတွယ်ခင်က သင့် မသင့် အရင်စဉ်းစားတာ
အကောင်းဆုံးပါပဲ..
တွယ်ငြိသွားမိရင်တော့ ဖြတ်ရခတ်သွားပြီလေ
အဲဒီအချိန်မှာ အကောင်း အဆိုး မခွဲချင်ကြတော့ဘူး..
ကောင်းရင်လဲစံ မကောင်းရင်လဲခံမယ်ဆိုပြီး
ှဇွတ်လုပ်တတ်ကြတာပေါ့..
အရေးအသားကောင်းလို ့အားပေးသွားပါတယ်..
ချစ်သောသူနှင့်ကွေကွင်းရခြင်းမှ ကင်းဝေးပါစေ..
YE YINT HLAING
September 30, 2012 at 11:08 pm
အားပေးသွား ၊ ဆုတောင်းပေး သွားတဲ့@Candle ကို ကျေးကျေးပါ !