Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည်၏ ဂုဏ်ယူ ချီးကျူးထိုက်သူများအားပထမဆုံး တရားဝင်ချီးကျူးသည့်မြန်မာခေါင်းဆောင်

ကို သာSeptember 29, 20121min56513

နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် စက်တင်ဘာလ ၂ရ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော ၆ရ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ထိုသို့မိန့်ခွန်းပြောကြားမှုသည် အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ကြီးတွင် မိန့်ခွန်းပြောကြားသော ပထမဆုံး မြန်မာ့နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးလည်း
ဖြစ်လာခဲ့သည်။

အဆိုပါမိန့်ခွန်းတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က တတိယမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်နှင့်ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေး၊ ကချင်ပြည်နယ်အရေးနှင့် ရခိုင်ပြည်နယ်အရေးတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍”ယခင်က နိုင်ငံရေး အဓိက အတိုက်အခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ လွှတ်တော်စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စုမှ ဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်ဝမ်းမြောက်ဂုဏ်ယူပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးဂုဏ်သရေကို မြင့်တင်ခြင်းဖြစ်ပါတယ်။ ဒီလိုမြင့်တင်နိုင်မှုကြောင့် အခြေခံနိုင်ငံရေး တည်ငြိမ်မှုကို တည်ဆောက်ပြီး ပြည်သူများရဲ့လူနေမှုဘဝ မြင့်တင်ရေးအတွက် အထူးလိုအပ်တဲ့ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အာမခံဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်”ဟု မိန့်ခွန်းတွင် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့သည်။

”ကျွန်တော့်ရဲ့ မိန့်ခွန်းကို အဆုံးမသတ်ခင်မှာ အရေးကြီးတဲ့ အကြောင်းအရာတစ်ရပ်ကို ပြောကြားခွင့်ပြုစေလိုပါတယ်။ အဲဒါကတော့ ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့သားကောင်း ဦးသန့်အကြောင်းပဲဖြစ်ပါတယ်။ ဦးသန့်အနေနဲ့လည်း အဲဒီတုန်းကလည်း တစ်ခုတည်းသော ကမ္ဘာဆိုတဲ့ အမြင်ရှိထားပြီးဖြစ်ပါတယ်။ ဦးသန့်အနေနဲ့ ဒီကမ္ဘာကြီးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ပြီး မတူကွဲပြားခြားနားမှုများ ရှိနေသော်လည်း ဘေးကင်းလုံးခြုံတဲ့ ကမ္ဘာကြီးအဖြစ်
မျော်မှန်းထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ပြည်သူအားလုံးဟာ ကိုယ်ချင်းစာတရား၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ သည်းခံခွင့်လွှတ်မှုတို့ကိုလိုက်နာကျင့်သုံးနိုင်ကြမယ်လို့လည်း
ဦးတည်မျှော်မှန်း ထားပါတယ်။ ဒီအမျှော်အမြင်အတိုင်း လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် ပိုမိုငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ကမ္ဘာကြီးအဖြစ်ကို ပိုမိုလျင်မြန်စွာ
ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာပြည်သူများအနေနဲ့ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေကို၊ အောင်မြင်မှုတွေကိုဘယ်တော့မှ မေ့ပျောက်မှာ
မဟုတ်ဘဲအစဉ်ထာဝရ ချီးကျူးဂုဏ်ပြုနေမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်”ဟု သမ္မတကြီးက ပြောကြားခဲ့ပါသည်။

” ဦးသန် ့နဲ ့ဒေါ်စု ကို ချီးကျူးဂုဏ်ပြုတာ မြန်မာ့ခေါင်းဆောင်တွေထဲမှာ ဒီသမ္မတကြီး တစ်ဦးပဲ ရှိသေးတယ်ထင်တယ်။ စိတ်ဓါတ်ကောင်းယုံတင်မက စိတ်ထားပါပြည့်ပုံရတယ် ဒါဟာ ခေါင်းဆောင်ကောင်းတို ့ရဲ ့အရည်အချင်းတစ်ရပ်ပဲ ။မြန်မာပြည်ရဲ ့ဂုဏ်ယူ ချီးကျူးထိုက်သူတွေဖြစ်တဲ့ ဗိုလ်ချုပ်၊ဦးသန် ့နဲ ့ဒေါ်စု
ပြီးရင် အခု သမ္မတကြီးပါပဲ .” ဟုသုံးသပ်သူများကဆိုပါသည်။

13 comments

  • ahnyartamar

    September 29, 2012 at 10:42 am

    ကျတော့ သက်တမ်းတလျှောက်မှာတော့… လက်ရှိသမ္မတကြီးဟာ တိုင်းပြည်အတွက် တော်တော်ကို တန်ဖိုးရှိလူသားတစ်ဦးပါ။ သူ့လက်ထက်မှာတင် ပြည်သူတွေနဲ့ တသားတည်းကျတဲ့ ဆောင်ရွက်ချက်တွေအများကြီးပါ။ ဥပမာ… မြစ်ဆုံကိစ္စကို ရပ်ထားတာမျိုး၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုး၊ အစိုးရအဖွဲ့အစည်းထဲမှာ ရှိတဲ့ နောက်ပြန်ဆွဲခြင်သူတွေကို နေရာပြောင်း၊ အနားယူခွင့်ပေးတာတွေ၊ ဒေါ်စုနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတာတွေ…. အများကြီးပါ။

  • Good™

    September 29, 2012 at 1:20 pm

    ခု သမ္မတ ကြီး က အမှန်တွေ ပြောနေပြီ ဆို တော့၊
    ဦးဦး ဇာဂနာ ခင်ဗျ မှန်တိုင်း မကောင်းဘူး ဆိုတဲ့ ပျက်လုံး လေး ပြန်ပြင် ပြီး ပျက်လုံး အသစ် ထုတ်ပေး ပါဦး။
    သမ္မတ ကြီး ကို ဂုဏ်ပြုတဲ့ အနေ နဲ့ ပေါ့ နော်။

  • Crystalline

    September 29, 2012 at 1:35 pm

    စကားတွေဘာတွေပြောတာကြည့်ရတာတော့လူရိုးကြီးလိုပဲ။ စိတ်ဓါတ်လည်း ဦးအောင်သန်းတို့ ဦးကျော်ဆန်း တို့ထက်အပုံကြီးသာမယ်ထင်ပါတယ်။

  • kai

    September 29, 2012 at 1:40 pm

    ရှေ့အဆက်ဆက်.. အစိုးရတွေရဲ့.. ညစ်ညမ်းထားမှုတွေကို.. တာဝန်ယူပြီးတောင်းပန်တာ လုပ်ဖို့လိုတယ်ထင်မိတယ်…
    ထိုက်သင့်တဲ့လျှော်ကြေးလည်း ပေးရမယ်ပေါ့…
    အဲ..ခွင့်လွှတ်တာတွေလည်းလုပ်ရပါမယ်..
    ခုလောလောဆယ်တော့.. ဖိနပ်နဲ့ပေါက်ထားတဲ့သူကိုခွင့်လွှတ်ထားပုံရတာပဲ.. :kwi:
    ဆက်ပြီးလည်း.. ခွင့်လွှတ်စရာတွေခွင့်လွှတ်လိုက်စေချင်ပါတယ်..။
    ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားသူတွေကို.. လွှတ်ငြိမ်းချမ်းသာခွင့်အကုန်ပေးသင့်တာပါ…

    တောင်းပန်ခွင့်လွှတ် လုပ်ခဲ့ရင်… အဲဒီအလေ့အကျင့်ဟာ.. မြန်မာယဉ်ကျေးမှုထဲ.. စွဲသွားနိုင်ပြီး.. အဲဒီအပြုအမှုတွေကြောင့်… သမိုင်းမှာကျန်ရစ်တဲ့..သမ္မတဖြစ်သွားမယ်ထင်ပါကြောင်း…။

    • maungmoenyo

      September 30, 2012 at 10:23 am

      နိုင်ငံတကာ အကြီးအကဲအဆက်ဆက် က ရှေ့ခေါင်းဆောင်တွေရဲ့မှားယွင်းတဲ့ လုပ်ရပ်တွေနဲ့ ပါတ်သက်ပြီးဝန်ချတောင်းပန်တယ်ဆိုတာမကြားဘူးပေါင်။ သမိုင်းနဲ့ချီပြီးလူမျိုးတုံးဆောင်ရွက်ခဲ့တဲ့ မှားယွင်းမှုတွေကို တောင်းပန်မှုတွေတော့ရှိခဲ့ပါတယ်။ ဒါတွေကလည်း ဆယ်စုနှစ်များစွာကြာသည်အထိဖြစ်လေ့မရှိပါဘူး ဆိုတာနားလည်ကြဘို့လိုပါတယ်။
      ဥိးသိန်းစိန် ကရှေ့လူတွေလုပ်ခဲ့တာနဲ့ပါတ်သက်ပြီးဝန်ချတောင်းပန်ဘို့ဆိုတာ ဖြစ်လာနိုင်ဘွယ်မရှိသလို၊ ဖြစ်မလာနိုင်တဲ့ကိစ္စကိုအတင်းအကြပ်တောင်းပန်ခြင်းဟာ ဆီလျော်အပ်စပ်ခြင်းမရှိဘူးဆိုတာနားလည်ကြဘို့လိုပါတယ်။ ဒီလိုမှတ်ချက်ပေးတာကို မကြေနပ်ကြပေမဲ့ တကယ်လက်တွေ့ဘဝမှာဖြစ်ပေါ်နေမှုတွေကို အမှန်ကိုအမှန်အတိုင်မြင်တတ်ကြည့်တတ်ကြဘို့လိုတယ် ဆိုတာနားလည်ကြစေချင်ပါတယ်။
      လူမျိုးရေးကိစ္စ၊ တိုင်းရင်းသားအရေးတွေနဲ့ ပါတ်သက်ပြီး၊ ချောင်ပိတ်တဲ့မေးခွန်းများကို သမ္မတသိန်းစိန် နဲ့ ဒေါ်စုတို့ကိုမေးမြန်းခြင်း ကို ရှောင်ရှားသင့်တဲ့အချိန်ဆိုတာကို နားလည်ကြဘို့လိုပါတယ်။
      Don’t create new inflammatory issue/s which in no way to benefit to the majority citizens of Burma!
      အရေးကြီးတာက ခေတ်အဆက်ဆက် နိုင်ငံ့အုံကြွလှုပ်ရှားမှုကြောင့် အတိဒုက္ခရောက်ခဲ့ကြတဲ့ ရဟန်းသံဃာ၊ ကျောင်းသားလူငယ်နဲ့ အလုပ်သမားလယ်သမားခေါင်းဆောင်တွေရဲ့ နောက်ကျခြင်းမကနောက်ကျနေခဲ့ရတဲ့ ဘဝတိုးတက်မှု၊ လက်လွတ်ဆုံးရှုံးမှုတွေ ရဲ့ဘဝကို အစိုးရကဘယ်လိုနည်းတွေနဲ့ပြန်လည်ထူထောင်ပေးမလဲ၊ ပညာရေး၊ကျန်းမာရေး၊ ကျန်ရစ်သူမိသားစုတွေအားလုံးရဲ့ ဘဝတွေကိုဘယ်နည်းတွေနဲ့ ပြန်ထူထောင်ပေးရမလဲဆိုတာကို အစိုးရက ဥပဒေတရပ် (သို့) ပြဌာန်းချက်လုပ်ထုံးလပ်နည်းတွေနဲ့ ခံစားခွင့်တွေ ပြန်လုပ်ပေးခြင်းဟာ လူနတ်သာဓုခေါ်မဲ့ကိစ္စပါ။ ဒါတွေလည်းလက်ရှိအစိုးရက လက်လှမ်းမှီသလောက်စတင်နေကြပြီ ဆိုတာမြင်သာလောက်ပါတယ်။
      ဒီကိစ္စတွေမောင်မိုးညိုလည်းလက်လှမ်းမှီသလောက်စတင်လုပ်နေပါပြီ။
      လက်တွေ့ကျကျအမှန်လက်တွေ့ဖြစ်သင့်တာတွေကိုမြင်အောင်ကြည့်တတ်ကြပါစေ။

  • မောင်ပေ

    September 29, 2012 at 1:53 pm

    ဒီပုံစံအတိုင်းဆိုရင် ဦးသိန်းစိန်ဟာ ဒုတိယသက်တမ်းကို ဆက်လက်ထမ်းဆောင်မှာ ၇၅ရာခိုင်နှုန်းထက်မနဲ သေချာပါတယ်။ မြစ်ဆုံကိုလဲ ဆက်လက်ထိန်းသိမ်းရင်းပေါ့

  • ကြောင်ကြီး

    September 29, 2012 at 9:22 pm

    သမဒဂျီးဘောမရတာနဲ့ သူ့ဂွေးရှုရတာ ဘယ်ဒင်းပိုကောင်းလဲ သိဝူးနော်..။ ကိုယ်တိုင်လုပ်ဖို့ စိတ်ကူးမရှိလို့ လုပ်ဖူးသူများ ရေးလက်စနဲ့ တခါထဲ ပြောပေးကြပါ…။ နို့မို့ရင် လူနဲနဲလေးနဲ့ ပျင်းဇယာဂျီး…။ :ha:

  • uncle gyi

    September 29, 2012 at 10:50 pm

    ယခုလောလောဆယ်အထိဦးသိန်းစိန်ကိုဒုတိယသက်တမ်းမှာအမှတ်ပြည့်ပေးထားပါတယ်

  • kai

    September 30, 2012 at 4:28 pm

    သူကရှေ့အထွက်လွန်သွားပြီး.. ဦးစောမောင်လို ဖြစ်သွားမှာလည်း စိုးရိမ်မိသေး..။
    မြန်မာ့တပ်မတော်ကိုယ်တိုင်က.. နောက်ပြန်လှည့်ချင်တဲ့အချိန်ရောက်ရင်.. ဘယ်သူတွေ ဘယ်လိုလုပ်ကြမလည်းမသိ…။
    တခါမဟုတ်.. ၂ခါမဟုတ်.. ပြခဲ့ဖူးတာ…။

    တပ်မတော်ရဲ့..အနာဂတ်ခေါင်းဆောင်တွေက.. ချိုင်းနား..။ ရုရှားလိုနိုင်ငံတွေမှာ ပညာတွေဆက်သင်ထားကြတာမို့.. ရင်လေးမိပါတယ်..။

    အို..ဘယ့်..ကျိန်စာ… :harr:

  • အရီးခင်လတ်

    September 30, 2012 at 8:37 pm

    ပြည်သူတွေ ကလဲ ၁၉၈၈ ကလို မျက်စိပိတ်၊ နားပိတ် ခံနေရတော့ တဲ့ အခြေအနေ မဟုတ် တော့ တာ က ပိုပြီး အရေးသာပါတယ်။

    ဒီတစ်ခါမှာတော့ မြန်မာပြည် ကို တကယ်ကောင်းစေလိုပြီး ကိုယ်ကျိုးမကြည့် သူများ ပြည်သူတွေ အတွက် ရှေ့ ထွက်လာနိုင်ပါစေ လို့ ဆုတောင်းပါတယ်။
    မဟုတ်ရင်တော့ ဒေါ်အောင်ဆန်းစုကြည် အတွက် အားကိုးရမဲ့ နောက်လူ မရှိ ဘဲ နေရာလို ချင်သူတွေ သာ တိုးထွက် လာတာဖြစ်တော့မယ်။

    ဦးသိန်းစိန် ကိုတော့ အင်မတန်လေးစားပါတယ်။
    သူ့ဟာသူတော့ သမိုင်းကောင်းအောင်ပြန် ရေးနေသူ လို့ အမှန် ယုံကြည်ပါတယ်။
    ဒါပေမဲ့ သူ့နောက်က သူတွေ ကရော တိုင်းပြည်အတွက် လား၊ သူတို့ ကိုယ်ကျိုး အတွက်လား မသိနိုင်ပါ။

    • maungmoenyo

      October 1, 2012 at 10:47 am

      ခေါင်းဆောင်ဆိုတဲ့သူကို အောက်ကသူတွေက မျကစေ့ဒေါက်ထောက်ကြည့်နေတာပါ။ ထိပ်ဆုံးကငတိ ကလမ်းဖြောင့်ဖြောင့်သွားရင် နောက်ကလူတွေက လမ်းမှန်မလျှောက်လို့မရတော့ပါဘူး။ ဒါပေမဲ့တခုတော့ရှိပါတယ်။ အချိန်အတိုင်းတာတခုကိုတော့ ဖြတ်ကျော်ရလိမ့်မယ်ဆိုတာ။

  • padonmar

    October 1, 2012 at 12:03 am

    ပြည်သူတွေကတော့ အရင်အစိုးရလက်ထက်က အမှားတွေရဲ့ တရားခံ ဘယ်သူလဲဆိုတာသိတဲ့အပြင် ဦးသိန်းစိန် တရားခံမဟုတ်တာကိုလည်း သိတဲ့အတွက် သူတောင်းပန်ဖို့မလိုလောက်ပါဘူး။
    ပါးစပ်ကတောင်းပန်ပါတယ်ဆိုတာထက် ပိုကောင်းတဲ့ လက်တွေ့လုပ်ရပ်တွေကို ဘကြီးစိန် လုပ်ပြနေပါတယ်။
    နောက်ပြီးသူ့မိန့်ခွန်းမှာ ရှေ့အစိုးရလက်ထက်ကတည်းက ဒီမိုကရေစီရရေး လမ်းစဉ် ရ ရပ်နဲ့ ကြိုးစားလာပါတယ်လို့ ပြောသွားပါတယ်။
    ဒါဟာ သူနဲ့ အရင်အစိုးရ အတူတူပါလို့ပြောချင်တာထက် အရင်လူကို ပြစ်တင်ပြီးနင်းမတက်ချင်တာလို့ မြင်ပါတယ်။
    သူကောင်းအောင်လုပ်နေသလို ဒီတစ်ခါတော့ ဒေါ်စုလည်း တက်ညီလက်ညီ မတွက်ကပ်စတမ်း ရှေ့ကသွားပေးနေပါတယ်။
    ဦးစိုးသိန်း၊ဦးအောင်မင်း၊ဦးဖေသက်ခင်၊ဦးအောင်ကြည်တို့လို ကောင်းအောင်ပြုပြင်လိုတဲ့ ဝန်ကြီးတွေလည်းဝန်းရံပေးနေတာကြောင့် မြန်မာပြည်ရှေ့ရေး လှမယ်လို့ ယုံကြည်ပါတယ်။

  • myanmar oscar

    October 1, 2012 at 12:11 am

    ရေးရင်တွေးရင်စဉ်းစားစရာတွေက အများသား၊အပ်တိုတစ်ချောင်းတောင်လက်နက်ဖြစ်သွားနိုင်တယ်။
    မကောင်းသူပယ်၊ကောင်းသူကယ်…ကောင်းတဲ့သူကတော့ထင်ပေါ်လို့စင်ပေါ်ရောက်လာမှာပါ။

Leave a Reply