“တိမ်တွေနဲ့အလှဆင်ထားတဲ့မြို့………………………”
“တိမ်တွေနဲ့အလှဆင်ထားတဲ့မြို့………………………”
ဒီနှစ်စက်တင်ဘာလကတော့ ကျနော်နှစ်သက်တဲ့ တိမ်တွေအမြဲမြင်နေရတဲ့လဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ဒီလိုစက်တင်ဘာလမှတော့ ကျနော်တောင်ပိုင်းရှမ်းပြည်ကိုရောက်နေခဲ့ပါတယ်။
တစ်ရက်အလုပ်ကိစ္စနဲ့မြောက်ပြင်ဘက်ကိုသွားရင်း ကျုံးနံဘေးအရောက်
အရှေ့ဖက်မှာ လှပသောတိမ်တောင်ထုနဲ့ လိုက်ဖက်လှတဲ့ နန်းမြို့ရိုးကို မြင်ရတဲ့အခါ
ပြည့်စုံလွန်းတဲ့ အလှကိုမြင်လိုက်ရသလိုရင်သပ်ရှု့မော။
နောက်ရက် အမျုးိသားကဇာတ်ရုံကပြန်လာတဲ့ညနေခင်းလေးမှာလဲ နူးညံ့လှပတဲ့
တိမ်အဆင်နဲ့နန်းမြို့ရိုး တွေကိုတွေ့ရပြန်ပါတယ်။
ကျနော်ကလဲအနောက်ဖက်ကျုံးလမ်းကနေမြောက်ဘက်ကိုအမြဲသွားလေ့ရှိပါတယ်။
သွားတိုင်းလဲတိမ်တွေကိုတွေ့ပါတယ်။
တွေ့တိုင်းလဲ ဆိုင်ကယ်ရပ်ပြီးလက်ဆော့တတ်ပါတယ်။
လှတဲ့ပုံလေးကိုမြင်တော့ မနေနိုင်ဘူးလေ။
လွန်ခဲ့တဲ့တစ်ရက်ကတော့ မန်းလေးတောင်ခြေဘက်ကိုရောက်ပါတယ်။
ကျောင်းထိုင်ဘုုန်းကြီးကျောင်းရှိတဲ့နေရာကနေ မန်းလေးတောင်ပေါ်ကတိမ်တွေကိုလှမ်းရိုက်။
နောက်မြောက်ဘက်ကျုံးနံဘေးကနေအနောက်ဘက်ကျုံးရော တောင်ဘက်ကျူံးကိုလှမ်းရိုက်။
တိမ်တွေနဲ့လှနေတဲ့နန်ုးမြို့ရိုးကိုရိုက်။
ရိုက်လို့မဝနိုင်အောင်ပါဘဲ။
တစ်ညနေခင်းမှာ ၂၆ဘီလမ်းကနေ၈၂လမ်းအတိုင်းလာနေရင်း အရှေ့ဘက်လှမ်းကြည့်တော့ တိမ်တွေနဲ့လှ
နေတဲ့ ရွှေနှလုံးတော်ချပ်ချ်ကျောင်းကိုမြင်တော့ ဆိုင်ကယ်ထိုးရပ်ပြီး လက်ဆော့ပါတယ်။
သူများတွေကြည့်နေလဲ မရှက်တော့ပါဘူး.။
နောက် တစ်ခါတစ်လေ တိမ်လှရင် မိတ်ဆွေများရဲ့အိမ်ခေါင်မိုးပေါ်ကလဲတက်ရိုက်လေ့ရှိပါတယ်။.
ကျနော်ရို်က်ထားတဲ့ဓါတ်ပုံလေးတွေကို ကွန်ပြူတာထဲ ထည့်ပြန်ကြည့်တဲ့အခါ
မန်းလေးမြို့ကြီးလှနေတာ တိမ်တွေကြောင့်ပိုလှနေတယ်ထင်မိတာပါဘဲ။
တကယ်လို့သာတိမ်တွေမရှိဘူးဆိုရင် ခေါင်းတုံး တုံးထားတဲ့ မိန်းမချောလေးနဲ့တူမယ်ထင်မိတာဘဲနော်။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(26-9-2012)
16 comments
captainamerica
September 29, 2012 at 12:07 pm
ဒီတစ်ပို(စ်)တော့ပုံတွေအကုန်ကြိုက်တယ်ဗျို.။ပုံတွေပါ ယူသာွးဘီကပေါက်ရေ :kwi:
မောင်ပေ
September 29, 2012 at 12:36 pm
ထီပေါက်ရင် ဈေးကောင်းပေးဝယ်ပါမယ်ဆိုဗျာ
ထီဆုကြီးပေါက်အောင် ဆုတောင်းပေးဦးလေ
:kwi:
ကိုပေါက်(မန္တလေး)
September 29, 2012 at 1:07 pm
စာရေးထားတာ ကျနေခဲ့လို့အခုမှပြန်ဖြည့်ပေးလိုက်ရတယ်
mayjuly
September 29, 2012 at 1:47 pm
တစ်ခါကြည့်တစ်ပုံ ဟုတ်တော့ဘူး..
ဒီတစ်ခါတော့ အကုန်လုံးနီပါး ကစ်သွားဘီ ဗျာ … :harr:
Hnin Hnin
September 29, 2012 at 2:21 pm
ကျုံးဘေးမှာထိုင်ကြည့်နေရသလို ရေပြင်ကျယ်ကြီးရယ်..feel လာတယ်….
‘ပြိုမလို တိမ်လူဆိုးရယ်ကြောင့် ငိုမလိုဆိုဘဲ’……
ကိုခင်ခ
September 29, 2012 at 4:53 pm
ရွှေမန်းကို အနီးတစ်မျိုး အဝေးတစ်မျိုး အလင်းတစ်မျိုး အမှောင်တစ်မျိုး အဲလို အမျိုးမျိုးနဲ့ အလှတွေကို ရိုက်ပြနေတာနော် အဲဒီအလှတရားတွေရှိတဲ့နေရာတွေ ကြည့်ချင်လို့ပါဆိုပြီး မန်းရောက်လာကြမှ ကိုပေါက်ပုန်းမနေနဲ့အုံးနော် အဲဒီကျ ငိုလိုက်မှာတဲ့။
ကိုပေါက်(မန္တလေး)
September 30, 2012 at 10:24 pm
မပုန်းပါဘူး ကိုခင်ခရယ်။
သူတို့ကို မန်းလေးလမ်းညွန်အတိုင်းလို်က်ပို့ပေးမှာပါ
အလင်းဆက်
September 29, 2012 at 8:07 pm
လှလိုက်ထာတော်….
အလင်းဆက်
September 29, 2012 at 8:09 pm
အဲ..လေ
လှလိုက်တာဗျာ…။
🙂
မဟာရာဇာ အံစာတုံး
September 29, 2012 at 9:28 pm
ဖေဂျီးရေ ..
ပုံတွေက လှသဗျာ …
ဒီပုံတွေမြင်ပြီး မန်းလေ လာချင်စိတ်
ပိုလို့ ဖြစ်မိသွားပါဂျောင်း ……….
ကိုရင်မောင်
September 29, 2012 at 11:15 pm
ဆရာပေါက်ခင်ဗျာ…တိမ်တွေနဲ့ပါတ်ဝန်းကျင်အလှကို
ပြတ်ပြတ်သားသားမြင်ရတဲ့မန်းတလေးမြို့ရဲ့အလှကိုမြင်ရတော့..
လက်ရှိကိုယ်ရောက်နေတဲ့ပါတ်ဝန်းကျင်ကိုကြည့်လိုက်ယင်
ညစ်ညမ်းနေတဲ့လေထုကြောင့်မှိုင်းပြပြနဲ့ တိုင်းပြည်တိုးတက်ပေမဲ့
ပါတ်ဝန်းကျင်ထိခိုက်နေတာကလဲပြရုပ်တခုလို့မြင်နေမိပါတယ်…ဆရာပေါက်ရေ…..
ကိုပေါက်(မန္တလေး)
September 29, 2012 at 11:27 pm
ဒီစကားလေး ကြားရတာ နားထဲမှာချိုလိုက်တာကိုရင်မောင်ရေ
etone
October 1, 2012 at 9:35 am
တိမ်တွေကို မြင်လိုက်တိုင်း …. လွတ်လပ်တဲ့ဖီလင် ၊ အထိန်းကွပ်မရှိလွင့်နေတဲ့ ဖီလင်လေး ခံစားရတယ် … ။
ဟိုတယောက်ကတောင် ပြောနေသေးတယ် …. လေးပေါက်ရိုက်ချက်တွေ ၊ အရမ်းလန်းလာတယ်တဲ့ …. ။
သမီးကတော့ …. 2.11.22 ပုံတွေကို အကြိုက်ဆုံး…
Ma Ei
October 1, 2012 at 12:00 pm
မြို့ လှတာလား
တိ်မ်တွေကလှတာလား
ခွဲခြားမနေခြင်ပါ လှပလွန်း တာမို့
တိမ်တွေနဲ့ အလှဆင်ထားတဲ့ မြို့….
ကိုပေါက်(မန္တလေး)
October 1, 2012 at 12:03 pm
နောက်ရက် အမြင့်ကမြင်ရတဲ့တိမ်တွေလာပါမယ်နော်
ကြည်ဆောင်း
October 1, 2012 at 12:04 pm
ဒီဖက်မှာလဲ ရဲပဒေါင်းခတ်နေတာဘဲ…
ထုနဲ့ထည်နဲ့ တိမ်ပုံတွေကိုအားပေးသွားပါကြောင်း …