“ဗောဓိတစ်ထောင်………ရပ်တော်မူ ဆင်းတုတော်ကြီး” ဆယ်စုနှစ်တစ်နှစ်စာနီးနီး မုံရွာကို မရောက်တာကနေ 2011ခုနှစ်ရဲ့ ဆောင်းအဝင် ညနေခင်းလေးတစ်ခုမှာမုံရွာကိုနေ့ခြင်းပြန်ခရီးထွက်ခဲ့ပါတယ်.။ ညနေတစ်နာရီထွက် မင်္ဂလာဆောင် ညစာ စားပွဲဝင် ပြီးတာနဲ့ပြန်လာပေါ့။ အသွားလမ်းညာဘက်ဘေးမှာ ဆင်းတုတော်အကြီးကြီးကိုမြင်ခဲ့ရပါတယ်။ ဂျာနယ်တွေမှာဖတ်ဘူးပေမယ့် တစ်ခါမှ မရောက်ဘူး။ 2012ထဲမှာတစ်ခေါက်သွားပြန်တော့လဲ အလုပ်ကိစ္စနဲ့နောက်ကျ။ သမ္ဗုဒ္ဓေသာ ခဏဝင်ခဲ့ရတယ် အဲဒီကိုမရောက်။ နောက်ပြီးခဲ့ တဲ့ စက်တင်ဘာမှာသွားမယ်စီစဉ်တော့ အဲဒီနေ့က မိုးရွာတာ တစ်ညလုံးဆိုတော့ မသွားဖြစ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ကတော့ အလုပ်လဲအားတာနဲ့သွားဘို့စီစဉ်ကြပါတယ်။ မနက်ငါးနာရီက စပြီး လူစု.။ မန်းလေးက ခြောက်နာရီလောက်ထွက်။ စစ်ကိုင်းမှာ ရှိတဲ့ကလေးတွေဝင်ခေါ် တစ်ပျော်တစ်ပါးကြီးထွက်ခဲ့ကြပါတယ်။ လမ်းမှာတောက်လျောက်မောင်း လိုက်တာ ရွှေဘိုနဲ့ မုံရွာလမ်းခွဲညောင်ပင်ဝန်းမှာတောင် […]