“ညနေခင်းလေးကပေးတဲ့ကြည်နူးခြင်း”


ဆေးသွင်းလို့အရောင်ခြယ်.
ယောင်လည်လည် လှေငယ်တစ်စင်းရယ်က
ရေပြင်မှာ ဝဲလည်လှည့်ပါလို့
စုန်ဆန်ငယ်ဆင်း………………………….


လှေငယ်ရှင်
သူမာန်တင်းပါလို့ လှော်ခတ်နေဆဲ



စုန်ချည်ဆန်ချည်

ကမ်းက ဟိုအဝေးမှာ………………………..








“ညနေခင်းလေးကပေးတဲ့ကြည်နူးခြင်း”
ဝါဆိုလပြည့်နေ့(2-8-2012)နေ့က အလုပ်ပိတ်ပါတယ်။
အဲ့တော့ ရှမ်းလေးကျွန်းဘက်ကို ညနေပိုင်းဓါတ်ပုံသွားရိုက်မယ်လို့ စိတ်ကူးလိုက်ပါတယ်။
ညနေငါးနာရီလောက်ရောက်တော့ ကိုစိန်သော့ကို ဖုန်းလှမ်းချိတ်တော့မအား။
ဖရဲမကလဲ အလုပ်မပိတ်။
ကျနော်တို့အဖွဲ့က တစ်ယောက်နဲ့တစ်ယောက်တွေ့ခဲ့ဆုံခဲပါတယ်။
မန်းလေးဂေဇက်ရွာသူားတွေမန်းလေးမှာရှိနေပေမယ့် အချင်းချင်းမတွေ့ဘူးသူတွေလဲရှိပါတယ်။
ကျနော်သာ ရွာထဲမှာအနေကြာတာရယ် အလှူငွေကောက်တဲ့ကိစ္စကို တာဝန်ခံလုပ်ခဲ့လို့သာအတော်များများ
နဲ့တွေ့ဘူးနေတာပါ။
သွားစရာလာစရာရှိရင်ဖြစ်ဖြစ် မန်းလေးကို ရွာထဲက ဧည့်သည်ရောက်လာရင်သာတွေ့ဖြစ်ပါတယ်။
ကျန်တဲ့အချိန်တော့ ကိုယ့် အလုပ် ကိုယ့်ဘဝနဲ့နေကြတာများပါတယ်။
အလုပ်ပိတ်ရက်တွေကလဲ မတူကြတာများပါတယ်။
ကျနော်ရှမ်းလေးကျွန်းဘက်သွားနေရင်း နေအရမ်းပူတာကိုမြင်နေရတာရယ်
ကောင်းကင်မှာတိမ်သိ်ပ်မရှိတာရယ်ကြောင့် မသွားဖြစ်တော့ပါဘူး။
နောက်ရက်အလုပ်ဖွင့်တဲ့ရက်ညနေခင်းမှာတော့ကိုစိန်သော့ဆီက ဖုန်းဝင်လာပါတယ်။
ရှမ်းလေးကျွန်းဘက်မှာတိမ်တွေအရမ်းလှဆိုဘဲ။
အဲဒါနဲ့အလုပ်တွေမြန်မြန်လက်စသိမ်းလို့ ရှမ်းလေးကျွန်းဘက်ပြေးပါတော့တယ်။
ကျနော်ရှမ်းလေးကျွန်းရောက်တော့ ကိုစိန်သော့ကတံတားပေါ်ရောက်နှင့်နေပါပြီ။
နေရောင်က ဝင်ခါနီးဆိုတော့စကားမပြောနို်င်အားဘဲ ကမန်းကတမ်းဆော်ကြနှက်ကြပါတယ်။
ရှမ်းကလေးကျွန်းရွာလေးကလမ်းတွေရေမြုတ် အိမ်ကြမ်းပြင်နဲ့ရေက သိပ်မကွာ။
အဲတော့ အရင်ကလယ်ကွင်းတွေဖြစ်နေတဲ့ ပဲခင်းပြောင်းခင်းတွေဖြစ်ခဲ့တဲ့နေရာလေးက ရေပြင်အတိ။
ဧရာဝတီမြစ်မင်းကြီးရဲ့ အနားသတ်နေရာဖြစ်လို့သွားပါတယ်။
တစ်ရွာလုံးကလူတွေ လှေနဲ့ဘဲသွားကြလာကြပါတယ်။
ညနေခင်းအပြာရောင်တွေက ကောင်းကင်တစ်ခုလုံးဖုံးလွှမ်း။
ရေပြင်မှာကောင်းကင်က အရောင်တွေက သက်ဆင်းတော့ အလှရောင်စုံဖြာ။
လှေလေးတွေက အစုန်အဆန် သွားနေတော့ လှိုင်းတွေကဘောင်ဘင်ခတ်။
တံတားပေါ်ကနေ ရေထဲကို ခုန်ဆင်းပြီးရေချုးိသူရှိတော့ လှိုင်းတွေက ကြွကြွ။
ဓါတ်ပုံရို်က်နေရင်းက ကို သာယာလှတဲ့ပါတ်ဝန်းကျင်ထဲမှာ နစ်မြော.။
တောင်ဘက်ကိုလှမ်းကြည့်ပြန်တော့လည်းရေပြင်ကျယ်ဟိုးအဝေးရဲ့အဆုံးမှာ စစ်ကိုင်းတံတားအသစ်ကြီးနဲ့
စစ်ကိုင်းတောင်။
ရေလယ်မှာလှေငယ်လေးတွေက စီးမျော။
ဓါတ်ပုံတွေရိုက်လို့တောင်မဝသေးခင် အလင်းရိပ်များပျောက်ဆုံး။
ဒါနဲ့ဘဲစခန်းသိမ်းလို့ပြန်လာခဲ့ကြပါတယ်။
အပြန်လမ်း တက်သိမ်းအင်ကန်းအလယ်လောက်အရောက်မှာ လွတ်လပ်ကျယ်ပြန့်တဲ့ ရေပြင်တစ်နေရာမှာ
အလင်းရုပ်သိမ်းစ ကောင်းကင်ရဲ့ ပြာရီလဲ့မှောင်နေတဲ့ လှပတဲ့လွမ်းဘွယ်ကောင်းတဲ့မြင်ကွင်းကို မြင်ရပါတော့။
ကဲ ………………..
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(4-8-2012)
14 comments
Khaing Khaing
August 14, 2012 at 11:43 am
အေးချမ်းမှုတွေကို ပေးတဲ့ပုံလေးတွေပါ လေးပေါက် ……….
Ma Ei
August 14, 2012 at 12:11 pm
ရှမ်းလေးကျွန်းကတံတားလေးကို
အရင်Post မှာ
ဒီတိုင်းပုံလေးရယ်
ခု ရေမြုပ်နေတာရယ်
အမြင်နှစ်မျိုး တွေ့ရလို့
ကိုပေါက်ရေ ကျေးဇူးနော်…
2 တိမ်ပြာရောင်ညနေခင်း
ကဗျာလဲလှ ပုံလဲလှ…
အားကျလိုက်တာနော်…
မောင်ပေ
August 14, 2012 at 12:40 pm
နံပါတ် ၁၅ ပုံကို ကြိုက်တယ်ဗျို ့
ညနေစောင်းလေးမှာ အဲဒီဘက် ငါးကြော်ပုစွန်ကြော် သွားစားရရင် ရှယ်ပဲ
အတိသဉ္ဖာ နာဂရချစ်သူ
August 14, 2012 at 1:09 pm
ကိုပေရေ ဘိယာလေးနဲ ့ဆွဲရမှာဗျ
shwe kyi
August 14, 2012 at 2:10 pm
လှေစီးချင်လိုက်တာလေးပေါက်ရယ်။
တိမ်တွေကတကယ်လှတာပဲ။ အဆုတ်လိုက်ပဲ အလင်းရောင်မပျောက်တပျောက်မှာတအားလှနေတာပဲ။
ရွှေကြည်သာဆိုထိုင်ငေးနေမိမလားပဲ။ တွေးချင်ရာတွေးလို့ပေါ့။ နံပါတ် ရ နဲ့ ၁၃ ပုံကတိမ်တွေအလှဆုံးပဲ။
ဖတ်ခဲ့ဖူးတဲ့ ကဗျာတပုဒ်တောင်သတိရမိရဲ့။
ko khin kha
August 14, 2012 at 2:40 pm
ကိုပေါက်ရဲ့နေဝင်ဆည်းဆာ အလှပုံလေးတွေကြည့်ပြီး
အတွေးတွေ နယ်ချဲ့လိုက်ရင်ဖြင့်—-။
mocho
August 14, 2012 at 5:31 pm
၂ နဲ့ ၄ က ပုံကော ၊ ကဗျာကော ဟတ် ထိတယ်။
ရှမ်းလေး ကျွန်း ဆိုတာ ဧရာဝတီမြစ်ထဲမှာ လား။အဲဒီ လှေလေးတွေ လှေနဲ့ ကူး ရတာလား။ ကျမ က မန္တလေးကိုရောက် ဖူးတယ် ဆိုရုံ လေးပဲ ရောက် ဖူးတယ်။ ဒီ တခေါက် ရောက်မှစုံ အောင် လည် အုံးမယ်။
P chogyi
August 14, 2012 at 5:50 pm
ရာသီဥတုမကောင်းလို့ထင်တယ်။
အခုတစ်လော ကိုပေါက်လက်ရာတွေ
နည်းနည်း မှိုင်းနေသလိုဘဲ။
ကိုပေါက်(မန္တလေး)
August 14, 2012 at 6:15 pm
ရှမ်းလေးကျွန်းက ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာပါ။
ပုံမှန်အတည့်တိုင်းရင်လေးမိုင်လောက်ဝေးပါတယ်။
အခုလိုရေကြီးချိန်မှာသာ ဒီအထိရေပြင်ကျယ်ကြီးဖြစ်သွားတာလေ။
ကျနော် ဓါတ်ပုံရိုက်နေကျ ကန်တော်ကြီးရဲ့ အနောက်ဘက်ခြမ်းပေါ့။
မန်းလေးကို လာခဲ့ပါ လိုက်ပို့ပါမယ်
ကိုပေါက်(မန္တလေး)
August 14, 2012 at 6:19 pm
ကိုဖုးိချုိုရေ
မိုးတွင်းမှာသာ ဒီလိုမိူင်းမိုင်းလေးတွေရတာဗျာ
snow white
August 14, 2012 at 7:05 pm
ပုံလေးတွေကတော်တော်လေးကောင်းပါတယ် အားပေးတယ်စနိုးတို့ကတော့ ဓာတ်ပုံကောင်းကောင်းမရိုက်တက်သေးလို့ လေးလေးပေါက်ရိုက်ထားတဲ့ပုံလေးတွေဘဲကြည့်ပြီး အားကျနေပါတယ်။။
marblecommet
August 14, 2012 at 10:06 pm
ဓာတ်ပုံတွေကိုကြည့်ရင်း
ဓာတ်ပုံဆရာရဲ့ နှလုံးသားကို အားကျလိုက်တာ…..
ဒီပုံတွေကို ရိုက်နေတဲ့အချိန်မှာ
ဓာတ်ပုံဆရာရဲ့ နှလုံးသား
ဘယ်လောက်တောင် ငြိမ်းချမ်းအေးမြနေလိမ့်မည် မသိ….
အားကျတယ် ကိုပေါက်ရေ့ …….
ကြောင်လေး
August 15, 2012 at 8:13 am
အဲဒီဘက်ကလှေတွေက နှစ်ဖက်စလုံး ခေါင်း(ဦး)တွေပဲလား။
ဧရာဝတီတိုင်းကလှေတွေလို ဖင်(ပဲ့) မပါဘူးလား။
အောက်ပိုင်းကတစ်ချို့ဒေသတွေမှာ လှေကိုခေါင်းကနေ
မလှော်(ကောင်း)ဘူးလို့ဆိုကြတယ်။ အဲဒါမျိုးက လှေပေါ်မှာ
လူသေ ပါလာမှလှော်ရတာလို့ အယူရှိကြတယ်။
အဲဒီကလှေတွေကတော့ ဘယ်လိုလှော် လှော် အဆင်ပြေတာပေါ့နော်။
ကြောင်ကြီး
August 15, 2012 at 8:41 am
ကြည်နူး
ဆီဖူး
အပီနူး
အီဘူး..