တိမ်တောင်သက်တန့် မန္တလေး နန်းမြို့ရိုးနဲ့ကျုံးရေပြင်

1တိမ်ပြာရောင်ကောင်းကင် ဖြူလွှသောတိမ်ထုနှင့်  အနောက်ဘက်ကျုံးဒေါင့်က နန်းမြို့ရိုးအလှ
2 အနောက်ဘက်ကျုံး မြောက်ဘက်ကိုကြည့်လိုက်တော့ထန်းပင်စုစုနဲ့တိမ်တောင်ထု
3 တိမ်တောင်ထု အလွင့်နဲ့ နန်းမြို့ရိုး အမြင့်

 

4 မြောက်ဘက်မုဒ်ဦး ထန်းပင် နဲ့သက်တန့်

 

5 ခမ်းနား တင့်တယ်သော
6 လှပတင့်တယ်သော

 

8 16လမ်းထိပ်က မြင်ကွင်းလေးပါ အနောက်ကျုံးလမ်း
9 သက်တန့်နှင့်လှပသောအရိပ်
10 တောင်ဘက်ကျုံး တိမ်ဖြူလွင်လွင် ရေပြင် စိမ်းညိို့ညို
11 လှပလွန်းသော…………………

12 တူသလိုလို မတူသလိုလို
13 နန်းမြို့ရိုး ကျုံးရေပြင်နဲ့ရှမ်းတောင်တန်းအလှ
14 အရိပ်ထင်သောကျုံးရေပြင်
15 နှစ်သက်စဖွယ် ကြည်နူးစဖွယ်
16 ထန်းပင်နဲ့တိမ် ကျုံးရေနဲ့မြို့ရိုး
17 ထန်းပင်တိမ်တောင်အလှ
18 လှပသော
19 ခိုလေးများနဲ့ကျုံးရေပြင်

 

“တိမ်တောင်သက်တန့် မန္တလေးနန်းမြို့ရိုးနှင့်ကျူံးရေပြင်”

 

 

ဒီနှစ် မိုးတွင်းက မြန်မာပြည်အနှံ့ရေကြီးနေပေမယ့် မန်းလေးမှာ မိုးမရွာ။

အုံ့တယ်ဆိုရုံလေးအုံ့တဲ့ရက်တွေများပါတယ်။

အခုရက်မှာ မန္တလေးမြို့မှာ ကောင်းကင်ကကြည်လင်တဲ့အပြင်တိမ်တွေကလဲအတော်လှပါတယ်။

ကောင်းကင်ထက်မှာလေသိပ်မတိုက်တဲ့အတွက် တိမ်တွေက ကြာကြာနေပါတယ်။

ညနေခင်းမှာဆို တိမ်တောင်ထု ဖြူဖြူတွေမြင်ရတာ ကြည်နူးစရာ။

တစ်ရက် နန်းရှေ့ဘက်က ပြန်အလာ တောင်ဘက်ကျုံးလမ်းရောက်ချိန် နန်းမြို့ရိုးဘက်ကြည့်လိုက်တော့

အင်မတန်လှပတဲ့တိမ်အခင်းကို မြင်လိုက်ရပါတယ်။

ဒါနဲ့ဘဲ ဆိုက်ကယ်ကိုရပ်လို့ ဓါတ်ပုံတွေရိုက်ဖြစ်ပါတော့တယ်။

တိမ်အဆုပ်ဆုပ်အလွင့်လွင့်နောက်ခံနဲ့ နန်းမြို့ရိုးပုံလှလှလေးတွေရလိုက်ပါတယ်။

နောက်ရက်မှာတော့ အနောက်ကျုံးလမ်းအတိုင်း မြောက်ပြင်ဘက်ကိုအသွား

တိမ်တောင်ထု တစ်ခုတည်နေပုံကလှပ။

တိမ်လေးတွေရယ် မြို့ရိုးပေါ်မှာပေါက်နေတဲ့ထန်းပင်အုပ်တွေရယ်တွဲလို့ဓါတ်ပုံရိုက်နေတုန်း

သက်တန့်ကွေးကွေးလေးက ရုတ်တရက်ပေါ်လာပါတယ်။

ကျနော်မှာဓါတ်ပုံရိုက်လို့မဝနိုင်အောင်ဖြစ်ခဲ့ရသပေါ့။

အင်မတန်လှပသော ကျက်သရေရှိသောပုံလေးများလည်းရခဲ့ပါတယ်။

 

ကျနော်တို့မြန်မာနို်င်ငံမှာတော့ ရှေးအမွေအနှစ်အဖြစ် မပျောက်မပျက်ရှေးမူရင်းအတိုင်းကျန်ခဲ့တာကတော့

နန်းမြို့ရိုးတွေပါဘဲ။

ဒါတောင် အချို့သော ပြိုကျ ပျက်စီးတဲ့နေရာတွေမှာ အစားထိုးပြင်ဆင်ထားရပါတယ။်

မူရင်းအတိုင်းရှိတဲ့အုဌ်ရိုးနေရာ က နီနီမောင်းမောင်း  ပြန်ပြင်ထားတဲ့ နေရာက အနီဖျော့လို့အဖြူဘက်သန်း။

တစ်သက်လုံးဒီမြို့ရိုးကို အမြဲမြင်နေကြည့်နေခဲ့တဲ့ကျနော့်အဖို့ ဘယ်နေရာက မူရင်း ဘယ်နေရာက ပြင်ထားတာဆိုတာက စိတ်ထဲမှာအလိုလိုအလွတ်ရ။

မွေးကထည်းက မန်းလေးကျုံးနံဘေးမှာနေထိုင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ကျနော်

မန်းလေးနဲ့ဝေးတဲ့နေရာကို ခြောက်လလောက်ရောက်နေချိန် မန်းလေးမြို့ရိုးဓါတ်ပုံမြင်ရင်

ကိုယ့်မြို့ကိုယ်လွမ်းမိတယ်လို့ပြောရင် ပိုတယ်လို့ဆိုချင်ဆိုနိုင်ပါတယ်။

ကျနော်မွေးဖွားခဲ့တဲ့ 16လမ်းကျုံးနံဘေးမှာ စိတ်ကောက်လို့အိပ်နေတဲ့ထနောင်းပင်၊

ကျုံးထဲမှာပေါက်နေတဲ့ကြာပန်းတွေ ကြာရွက်တွေကို သံစဉ်ပိုင်းလေးနဲ့လိုက်ခူးနေတဲ့မြင်ကွင်း၊

25လမ်း အနောက်ဘက်ကျုံးကနေ မြင်နေရတဲ့ရှမ်းရိုးမအလှ၊

အရှေ့တောင်ဘက်ထိပ်ကနေမြင်နေရတဲ့ မန်းလေးတောင်တော်နဲ့မြို့ရိုး။

ကြည့်မဝတဲ့ရူ့ခင်းတွေပါဘဲ။

လူငယ်ဘဝက ကျုံးထဲကရေစစ်ကန်ပေါ်မှာ လသာညများမှာ လရောင်အောက်မှာ

ကြာပန်းလေးတွေပေါ်မှာ လရောင်ဖြာနေတာကိုမြင်ခဲ့ရတဲ့မြင်ကွင်းတွေက မမေ့နိုင်စရာ။

လေးဒေါင့်စပ်စပ် တိတိကျကျ ဒီမြို့ရိုးကြီးကို ရှေးမြန်မာကြီးများက ခြေလှမ်းနဲ့တိုင်းပြီး

တည်ခဲ့တယ်ဆိုတာ ကို သိခဲ့ရတော့စိတ်ထဲမှာအံ့ဩမိ။

မြန်မာသက္ကရာဇ်  ၁၂၂၁ (အုတ်ကျစ်ကျော်အေး မန္တလေးလို့ အမှတ်အသားရှိခဲ့)

ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ မန်းလေးနန်းတော်ကြီး နှစ်တစ်ရာပြည့်တဲ့

၁၃၂၁ မှာ လူလောကထဲကျနော်ရောက်လာခဲ့ပါတယ်။

အခုချိန်မှာ နှစ်ပေါင်းတစ်ရာငါးဆယ်ကျော်လွန်မြောက်ခဲ့ပေမယ့် မပျက်မစီးကျန်နေဆဲ။

အိန္ဒြေကြီးမားစွာ ခန့်ထပ်စွာရပ်တည်နေဆဲ။

ဒုတိယကမ္ဘာစစ်ကြီးကြောင့်အတွင်းနန်းဆောင်တွေပျက်စီးပေမယ့် အပြင်အရံအတားဖြစ်တဲ့

မြို့ရိုးကြီးကတော့ ကျန်ရှိနေဆဲ။

အဝေးရောက်ရင်လွမ်းရပြီး မြင်နေရရင် ကြည်နူးစိတ်ကိုဖြစ်ပေါ်စေတဲ့ နန်းမြို့ရိုးကြီးကတော့

မန်းလေးမြို့ရဲ့ ထင်ရှားတဲ့အမှတ်အသား။

ခံစားကြည့်လိုက်ကြပါအုံးနော်………………………………..။

 

 

 

11 comments

  • မောင်ပေ

    August 29, 2012 at 10:51 am

    ကွန်နက်ရှင်စုတ်ချက်ကတော့ ဝိုင်မက် အေဒီအက်အယ် ဖိုင်ဘာတွေတင်မက ဖုန်းလိုင်းပါ ပါလာပြီ ကိုပေါက်ရေ
    ကွန်နက်ရှင်ကို အံတုပြီး စိတ်ရှည်တဲ့ သူရဲကောင်း ကိုပေါက်

  • kotun winlatt

    August 29, 2012 at 11:00 am

    အဟင့်…လေးးပေါက်ရေ…
    ပုံတွေ အများကြီးတင်ထားပေမယ့် နည်းနည်းပဲကြည့်လို့ ရဒယ်…
    စိတ်လေတယ်နော်…..

  • ရွှေ ကြည်

    August 29, 2012 at 11:21 am

    ရွှေကြည်ကလေးပုံပဲမမြင်ရတာ။ ကျန်တာအကုန်ကြည့်လို့ရတယ် အားလုံးကြိုက်တယ်။
    ပုံထဲမှာပါတဲ့ အရောင်အရင့်နဲ့အဖျော့နှစ်မျိုးရောနေတဲ့နေရာတွေမှာ အဖျော့ကအစားထိုးပြန်ပြင်ထားတာတွေပေါ့နော် ဟုတ်လား လေးပေါက်။

  • ဒီပို်စ်မှာတော့ တောင်းပန်ရပါအုံးမယ်။

    ပုံတွေရိုက်တဲ့အခါ ကျနော်ကိုယ်ကျနာ်မသေချာတော့ တစ်နေရာထဲကို လေးငါးခါထပ်ရိုက်မိတယ်။
    ကျနော်က ဖိုင်နံပါတ်တွေကိုကြည့်ပြီးတင်မိတော့ တူတော့လဲမတူဘူး ဒါပေမယ့်အတော်လေး
    ဆင်တူတဲ့ပုံတွေကို တင်မိလျက်သားဖြစ်သွားတယ်ဗျာ။.
    နောက်ပုံတင်နေတဲ့အချိန်မှာ ပုံရောက်ချင်ဇောအားကြီး
    ကော်နက်ရှင်အစုတ်ကလေးနဲ့ ဇွတ်လုပ်တော့ ပုံတွေထပ်များထပ်သွားရင်ခွင့်လွှတ်စေချင်ပါတယ်။.

  • mamanoyar

    August 29, 2012 at 12:50 pm

    9နဲ့19 ပုံနှစ်ပုံကို ပိုပြီးသဘောကျမိပါတယ်ရှင်

  • ဘဲဥ

    August 29, 2012 at 2:15 pm

    လေးပေါက် ပုံဖော်ထားတာလေးတွေကို ကူးယူထားပါတယ်ခည (ခရက်ဒစ်ပေးပါတယ်နော်)

  • မွန်မွန်

    August 29, 2012 at 2:54 pm

    ပန်းချီကားလေးတွေနဲ့ တူတယ်နော်….
    နံပါတ် (၆) ပုံကို ကြိုက်တယ်…

  • မဟာရာဇာ အံစာတုံး

    August 29, 2012 at 6:01 pm

    ဖေဂျီးရေ ..
    သားသား လည်း ခုမိုး ကျွတ်ရင်
    မန်းလေးကို အလည် လာအုံးမယ်ဗျာ ..
    အဲ့အခါ အဲ့နေရာတွေကို လိုက်ပို့ပေးမယ် မဟုတ်လားဂျ ..
    ထွက်ပြေးနေမှာစိုးလို့ ကြိုမေးထားဒါ .. 😀

  • ရှိပါတယ် အံဇာတုံးရေ။
    အခုအပိုင်းကတော့ သွားရင်လဲ နေ့ချင်းပြန်ခရီးဘဲရှိပါတယ်။
    မန်းလေးကို လာတဲ့သူမှန်သမျှ ဒီမှာရှိတဲ့ရွာသားများက တစ်ယောက်မအားရင်တစ်ယောက်
    ုလိုက်ပို့ပေးမှာပါ။
    စိတ်ချပါထွက်မပြေးပါဘူး။

  • ရဲစည်

    August 30, 2012 at 1:33 am

    အခုရက်ပိုင်း ..
    တိမ်တွေကြည့်ပီး ဟိုစာရေးဆြာလေး စာထဲကလို လွမ်းနေရတယ်ဗျို့
    ကိုယ့်ဒုက္ခနဲ့ ကိုယ်ဆိုတော့
    ဘယ်သူ့မှ အပြစ်မတင်ရဲ … 🙁

  • အမေ Mobile (MGZ ပါတီ)

    December 14, 2012 at 11:47 pm

    ဒီလိုရိုက်ထားတဲ့ ပုံလေးတွေရချင်နေတာ
    အထူးကျေးဇူးတင်မိကြောင်း ဗျာအကုန်ကူးယူထားလိုက်တယ်။
    အသုံးကျလို့ဗျို့

Leave a Reply