မြို့ အောင်ပန်းက သဘာဝပုံရိပ်များ




ကျွဲစီးတော့ ဘာဘွိုင်းလို့ခေါ်မလဲ













(ကျနော်အတော်လေးကို နှစ်သက်မိတဲ့ပုံပါ)
“မြို့အောင်ပန်း မှ သဘာဝပုံရိပ်များ…………….”
ကျနော်လက်ဆော့တဲ့အခါ သဘာဝရူ့ခင်းတွေကိုဘဲလက်ဆော့တာများပါတယ်။
လူပုံကိုပီပြင်အောင်မရိုက်တတ်တာရယ် ကိုယ်ဓါတ်ပုံရိုက်လိုက်တာကို မနှစ်သက်ရင်
ပြဿနာဖြေရှင်းရမှာ စိုးတာလဲ ပါ ပါတယ်။
အဲတော့ ပြန်မပြောတဲ့ ကို်ယ်ရိုက်သမျှငြိမ်ခံတဲ့ သဘာဝမြင်ကွင်းတွေကိုဘဲ စိတ်ချလက်ချရိုက်တာပေါ့။
ဒါပေမယ့် တောင်ပိုင်းရှမ်းပြည်ကို 2011 စက်တင်ဘာလမှာအလည်သွားတဲ့အခါ တိုင်းရင်းသားတွေရဲ့
ရိုးသားတဲ့ အပြုံးတွေ လွတ်လပ်အေးချမ်းစွာနေတတ်ပုံတွေမြင်ရတော့ သူတို့ကို မှတ်တမ်းတင်ချင်စိတ်ပေါ်လာပါတယ်။
အထူးသဖြင့် လွိုင်ကော်မြို့ကိုသွားတဲ့ လမ်းခရီးမှာ ပအိုဝ့်မလေးတွေရဲ့ လှပသေသပ်စွာ
ခြယ်သထားတဲ့အလှတွေကိုမြင်တော့ ရောက်တုံးရောက်ခိုက်မှတ်တမ်းတင်ထားခြင်တဲ့စိတ်တွေ
ပေါ်လာပါတယ်။
အဲဒီကစလို့ လူပုံတွေကိုလည်း မှတ်တမ်းတင် ပါတော့တယ်။
ဒါပေမယ့်လူ့သဘာဝအရ ဓါတ်ပုံရိုက်မယ်ဆိုရင် ရှက်ကိုးရှက်ကန်းဖြစ်သွားတတ်ပါတယ်။
အဲဒီအခါ သဘာဝကျကျလိုချင်တဲ့ကျနော့်မှာ ပုံကောင်းကောင်းမရ။
ဒီတော့ အရိုက်ခံရသူ မသိအောင်ဘဲ ရိုက်ပါတော့တယ်။
ကျနော့်ကင်မရာပေါက်စနလေးကလည်း ဒီနေရာမှာအတော်လေးအသုံ့းဝင်လှပါတယ်။
ဒီတစ်ခါ အောင်ပန်းအရောက်မှာ သဘာဝကျကျ လှုပ်ယှားမူ့ပုံလေးတွေကို
လက်ဆော့ခဲ့နို်င်ပါတယ်။
မနက်ဈေးသွားနေတဲ့ပုံကလေးတွေ
လယ်ယာလုပ်ငန်းခွင်ဆင်းနေတဲ့သူတွေ
ကျွဲကျောင်းသားလေးတွေ
လယ်ယာလုပ်ငန်းသိမ်းပြန်လာသူတွေ
အောင်ပန်းမြို့က မြင်းလှည်းလေးတွေ အစုံအစေ့ရိုက်ခဲ့ပါတယ်။
ကြည့်လိုက်ပါအုံးနော်။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
အောင်ပန်းအောက်တိုဘာ12
(16-10-2012)
10 comments
ကိုပေါက်(မန္တလေး)
October 27, 2012 at 11:11 am
ဒီပုံလေးတွေကတော့ အောင်ပန်းကို သုံးကြိမ်ရောက်ခဲ့တဲ့အထဲက ရွေးတင်ထားတာလေးတွေပါ။
အခုအခေါ်ကက ပု့က ပိုများပါတယ်
koyinmaung
October 27, 2012 at 12:46 pm
တကယ့်ကို သဘောဝပုံတွေပါလား
အပြင်အဆင်မရှိ အိုင်တင်ပေးတာမရှိ
ရိုက်လို့ရိုက်မှန်းတောင်မသိတဲ့ပုံတွေပါ
အားပေးသွားပါတယ်ကိုပေါက်ရေ…
ကိုပေါက်(မန္တလေး)
October 27, 2012 at 1:02 pm
လက်ဆော့ပါတယ်ဆိုမှ ကိုရင်မောင်ရေ
သိရင်ဆော်ခံထိသွားမှာပေါ့ဗျ
မောင်ပေ
October 27, 2012 at 2:03 pm
အရိုက်ကြမ်းတဲ့လူပါကလား
သူ ့ဆီ တပည့်သွားလုပ်မယ်ဆိုရင်
ရှောင်လင်သိုင်းတော့ အရင်သင်သွားမှ
ဟီဟိ
ကိုပေါက်(မန္တလေး)
October 27, 2012 at 2:35 pm
ဓါတ်ပုံသာအရိုက်ကြမ်းတာမောင်ရာ
အပြင်မှာတော့ကြောက်တတ်ပါတယ်
metallic
October 27, 2012 at 3:22 pm
နံပါတ် ၉ နဲ့ ၁၃ ကြိုက်တယ်
ကျနော်ကိုယ်တိုင် အဲဒီဓာတ်ပုံတွေကိုရိုက်နေသလို အပြင်ကတကယ့်ရှုခင်းထဲ ကိုယ်တိုင်ရောက်နေသလိုခံစားရတယ်
ကြည့်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးပါ ဦးပေါက်
ဲ
မှတ်ချက်-
ကျွဲစီးတဲ့ သူကို ကျွဲဘွိုင်ဟုခေါ်ပါရန်
Hnin Hnin
October 27, 2012 at 4:36 pm
‘နွားစီးတော့ cowboy’ , ‘ကျွဲစီးတော့ buffboy’ လို့တော့ ပြောလို့မရဘူး….
လွဲကုန်မှာ…
(buffalo=ကျွဲ မှ အတို buff)
buff-boy ဆိုတာက ယဉ်ယဉ်ကျေးကျေး ပြောရရင်
‘ ကြိုက်ဈေးပေးခေါ်ရင်ရတဲ့ bodyလှလှ တစ်ကိုယ်လုံးရတဲ့ ကိုှဗလမောင်တွေဗျ ‘
YE YINT HLAING
October 27, 2012 at 7:35 pm
(၁၀) မှာတမ်း ခြွေ က ဟိုဘက်ကို ကူးတော့မှာလား?
Mobile
October 27, 2012 at 10:36 pm
ဓာတ်ပုံရိုက်ရတာတော်တော် ဝါသနာထုံမယ့်ပုံပဲ
ကျနော် မင်္ဂလာဆောင်တဲ့အခါကျရင်
အလကားရိုက်ပေးမယ်ဆိုလို့ကတော့ ကိုပေါက်ကိုပဲ ရိုက်ခိုင်းမယ်
ကိုပေါက်(မန္တလေး)
October 28, 2012 at 9:45 am
မိုဘိုင်းရေ ကိုပေါက်ကဓါတ်ပုံရိုက်တာ လောဘကြီးသနော်
နောက်မှ ဘွာတေးမလုပ်ဘူးဆိုရိုက်ပေးမယ် အလကား…………………..