“အမြင့်အမြင့်မှ အဝေးအဝေးသို့လွင့်ကြည့်ခြင်း…………………….” ဥမင်သုံးဆယ်ဘုရားအနောက်ဘက်အစွန်ဆုံးမှာကြီးမားလှတဲ့မန်ကျည်းပင်ကြီးရှိပါတယ်။ သူ့အောက်မှာတော့အပန်းပြေထိုင်စရာ ခုံလေးတွေရှိပါတယ်။ ခုံလေးတွေရဲ့မြောက်ဘက်မှတော့ အပေါ်တက်တဲ့လှေကားတစ်စင်း။ ကျနော်နဲ့ပါလာတဲ့အဖော်တွေက အပေါ်ကိုရောက်နေကြပါပြီ။ လှေခါးကနေရှေ့တည်တည့်ကြည့်တဲ့အခါ ရေတက်ချိန်ဖြစ်လို့ ကျယ်ပြန့်တဲ့ရေပြင်ကြီးဖြစ်နေတဲ့ ဧရာဝတီ။ အနောက်ဘက်ခြမ်းမှာတော့ အဖြူမှရွှေရောင်အသွင်းပြောင်းခဲ့တဲ့ကောင်းမူ့တော်စေတီကိုလှမ်းမြင်ရပါတယ်။ ဟိုအရင်ညများမှာတော့ ထုံးသင်္ကန်းနဲ့ကောင်းမူ့တော်ဘုရားက အမှောင်ထဲမှာအလင်းဆောင်နေသလိုဘဲလို့ပြောကြပါတယ်။ အခုရက်မှာတော့ဧရာဝတီမြစ်ရေတက်တဲ့အချိန်ဖြစ်တော့ တောင်ပေါ်ကနေအနောက်ဘက်ကို ကြည့်လိုက်တဲ့အခါ ရေပြင်ကျယ်ကြီးကိုဘဲမြင်နေရပါတယ်။ လွတ်လပ်ကျယ်ပြန့်သောကောင်းကင် စိမ်းစိုမြရှိန်းသောသစ်တောအုပ် ရွှေရောင်ဝင်းလဲ့နေသော စေတီများကိုတွေ့မြင်ရခြင်းက စိတ်အတွင်းမှာကြည်နူးမူ့တွေဖြစ်လာပါတယ်။ အရှေ့ဘက်ခြမ်းမှာတော့ သဲသောင်ယံတွေနဲ့ဧရာဝတီ ။ ဆွမ်းဦးပုညရှင် ရှင်ဖြူရှင်လှဘုရားများ၊ အောက်ဖက်မှာတော့ သီတဂူစေတီတော် ငါးထပ်ကြီး ဆင်များရှင်ဘုရားများကိုဖူးမြင်ရပြန်ပါတယ်။ တောင်အထက်အမြင့်ဆိုပြန်တော့ သန့်ရှင်းလပ်ဆပ်သောလေကြောင့်အေးမြလို့ကြည်လင်။ သဘာဝတရားကြီးကပေးတဲ့လက်ဆောင်တွေက များပြားလှပါတယ်။ ကဲ မိတ်ဆွေ အားတာမအားတာအပထား ကိုယ့်အနီးအနားက သဘာဝအလှတွေကို သွားပြီခံစားကြည့်လိုက်စမ်းပါ။ အရသာတွေ့သွားမယ်နော်…………………………. ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (24-7-2012) […]