“ငါတို ့က မင်းတို ့ထက်တောင် အခြေအနေဆိုးသေးတယ်”

phone_kyawSeptember 29, 20121min3179
ဂျပန်၊ အင်္ဂလန်၊ ဂျာမနီ နဲ ့တောင်ကိုရီးယားနိုင်ငံတွေဟာ ယနေ ့မှာတော့အင်မတန်ချမ်းသာတဲ့ နိုင်ငံတွေဖြစ်တယ်။ သူတို ့ရဲ ့နိုင်ငံအကျယ်အဝန်းက မြန်မာပြည်ထက်သေးတယ်။ သေးတာအပြင် သယံဇာတလည်း မြန်မာနိုင်ငံလောက် မပေါဘူး။

ဂျပန်တွေဟာ အရှေ ့အာရှတွေကို ဟိုးအရင်တုန်းက သိမ်းပိုက်တယ်။ အင်္ဂလိပ်ကလည်း တကမ္ဘာလုံးကို သိမ်းတယ်။ ဂျာမနီကလည်း ခေသူမဟုတ်တော့ သူလည်း ခေတ်နောက်ကျတဲ့နိုင်ငံတွေကို ဝင်တိုက်ပြီး သိမ်းပိုက်တာပဲ။ ဘာ့ကြောင့် ဒီနိုင်ငံတွေက သူများနိုင်ငံကို သိမ်းတာလဲဆိုတော့ သူတို ့နိုင်ငံမှာ အင်မတန်ကို စားဝတ်နေရေး အဆင်မပြေလို ့ပဲ။ ဘန်းစကားနဲ ့ဆိုရင် ငတ် လို ့။

ဒါနဲ ့သူတို ့သူများနိုင်ငံတွေကို သိမ်းပိုက်ပြီး ရသမျှကို ယူကော။ ပြီးရင် သူတို ့နိုင်ငံကို အထုတ်နဲ ့အထည်နဲ ့ပို ့ကြတယ်။ အခုခေတ်လို Internet Banking နဲ ့မဟုတ်ဘူး။ Express Post လည်းမပေါ်သေးတော့ လှေအကြီးကြီးတွေနဲ ့ ရသမျှကို သိမ်းပါလေရော။ အဲဒိအချိန်တုန်းက အခုခေတ်လို လူပြောများနေတဲ့ Human Rights and Environmental Concerns တွေလည်း သူတို ့ခေါင်းထဲမှာ ရှိတာမဟုတ်ဘူး။

ရတာကို ခုတ်တယ်။ တူးတယ်။ တွေ ့တဲ့မိန်းမကို ဂျစ်ကီဂျစ်ကီလုပ်တယ်။

အဲဒိတုန်းက အရမ်းကို ယဉ်ကျေးပြီး အဆင့်အတန်းမြင့်တဲ့ အင်္ဂလိပ်နဲ ့ဂျပန်တွေဟာ သူများကို ခေါင်းဖြတ်ပြီး သတ်တယ်။ သူတို ့အချင်းချင်း ဘယ်တော့မှ မလုပ်ဘူး။ ယနေ ့မှာ လည်လှီးတဲ့ မွတ်စလင်အစွန်းရောက်တွေက နောက်မှ လုပ်တာ။ ဂျပန်နဲ ့အင်္ဂလိပ်ကမှ အပီကျွေးတာ။

အခုကြတောာ့ အရမ်းကို ရက်စက်ခဲ့တဲ့ ဂျပန်နဲ ့အင်္ဂလိပ်က ဘာပြောလဲဆိုတော့ နည်းနည်းလေးဖြစ်တာနဲ ့ဒါက လူ ့အခွင့်အရေးပုဒ်မနဲ ့ငြိတယ်။ ဒါက ပတ်ဝန်းကျင်ကို ပျက်စီးစေတယ်ဆိုပြီးဖြစ်လာရော။ သူတို ့လုပ်ခဲ့တာဝပြီဆိုတော့ သင်ခန်းစာတွေက တစ်ပုံကြီးရလို ့ပါ။

အင်္ဂလိပ်တွေပေါင်မုန် ့တောင် စားစရာမရှိလို ့ နယ်မြေချဲ ့ထွင်တာကို သူတို ့က ရှက်ရမ်း ရမ်းပြီးမပြောဘူး။ သူတို ့အရမ်းကို ငတ်ခဲ့တယ်ဆိုပြီး သူတို ့ရဲ ့ဘဝကို ပြောတယ်။ ဂျပန်လည်း ဒီအတိုင်းပဲ။ အရင်တုန်းက နှစ်ပေါင်းများစွာတိုက်ခဲ့တဲ့ နိုင်ငံတွေဟာ ယနေ ့မှာတော့ သူတို ့မဟုတ်သလိုပဲ။ စီပွားရေးကိုပဲ ဇောင်းပေးလာတော့တယ်။ လူ ့အခွင့်အရေး နဲ ့ ကမ္ဘာကြီးပူနွေးလာနေပြီဆိုပြီး သူတို ့ရဲ ့ Concern တွေကို အော်ဟစ်လာတော့တယ်။ ဂလိုဘယ်လိုက်ဇေးရှင်းမှာ အိုင်ဖုန်းနဲ ့Samsaumg ဖုန်းတို ့အနောက်ကိုပဲ အသည်းအသည်လိုက်ကြတော့တယ်။ Apple ဆိုတဲ့ ပန်းသီးကို ပါးစပ်က ကိုက်ပြီး Apple Computer နဲ ့ ကမ္ဘာ့နိုင်ငံရေးကိုကစားလာကြပြီ။

ဒေါ်လာ တစ်ဘီလီယံလောက်ရင်းလိုက်ရင် နိုင်ငံလေးတွေရဲ ့နိုင်ငံရေးကို ဝင်ရောက်ကစားတဲ့လူတွေ ဖြစ်နေပြီ။

ဒါ့ကြောင့် မြန်မာ့နိုင်ငံရေးရဲ ့ကုန်ကျစရိတ်ဟာ ဒေါ်လာသန်းငါးရာတောင်မရှိပါဘူး။ သန်းငါးရာဆိုတာက အိုင်ဖုန်းတစ်လုံးအသစ်တီထွင်လိုက်ပြီဆိုရင် ပြန်ရနေပြီ။ ဒီငွေက သူတို ့အတွက် မပြောသာပေမဲ့ မြန်မာအစိုးရနဲ ့အတိုက်အခံတွေကတော့ ဒီငွေကြောင့် ရန်တွေဖြစ်ချင်တိုင်းဖြစ်၊ တည့်ချင်တိုင်းတည့်ပဲ။ ဒုက္ခ။

ဂျော ့ဆိုးရော့စ်နဲ ့ဘီဂိတ်တို ့ရဲ ့ဓနအင်အားက မြန်မာနိုင်ငံရဲ ့နိုင်ငံရေးကို ပြောင်းလဲလို ့ရသလို….ပြည်တွင်းစစ်ကြီးအောင်လည်း ဆွပေးလို ့ရတဲ့ အခြေအနေဖြစ်နေပြီ။

အဲဒိလို ကိုင်လှုပ်နိုင်တဲ့ လူတွေဟာ မွေးကတည်းက ချမ်းသာလာ မဟုတ်ဘူး။

အဲဒိကောင်တွေရဲ ့အဘိုးတွေ အဘွားတွေ ဘေးဘီတွေဟာ ဟိုးအရင်းတုန်က အင်္ဂလန်မှာ ပေါင်မုန် ့တောင် မစားနိုင်လို ့ငတ်လို ့အမေရိကိုရောက်လာခဲ့ကြတယ်။ ကံကောင်းထောက်မစွာ ငွေတွေအများကြီးချမ်းသာလာတော့ မဟုတ်ဘူး။ သူတို ့ဘဝမှာ အသည်းအသန်ကျိူးစားလာခဲ့ရတဲ့လူတွေချည်းပဲ။

ဩစတျေးလျနိုင်ငံကို အီတလီက လူတွေရောက်လာကြတယ်။ အီတလီအစားအစာဆိုတာအရမ်းကို စားလို ့ကောင်းပြီး ကမ္ဘာကျော်တဲ့အစားအစားဖြစ်တယ်။

အင်္ဂလိပ်တွေကမှ ပေါင်မုန် ့နဲ ့မုန်လာဥအနီလောက်ပဲ သိတာ။ အီတလီတွေရဲ ့စပက်ဂက်တီကမှ အရမ်းမျိူလို ့ကောင်းတာကို စားဖူးတဲ့လူတိုင်းသိမယ်။ ဒါပေမဲ့ ကျနော်တော့ ငပိရည်လောက် ဘယ်ဟာမှ ခံတွင်းမတွေ ့ဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်က အီတလီတွေ ဩစတျေးလျကို သူတို ့နိုင်ငံမှာ ငတ်လို ့ရောက်လာကြတယ်ဆိုတဲ့ ဘက်ကိုလှည့်ချင်တယ်။ အဲဒိတုန်းက အီတလီမှာ ချမ်းသာတဲ့လူတွေလောက်ပဲ မြေယာကောင်းကောင်းတွေပိုင်တယ်။ ဒီမြေမှာ စိုက်ပျိုးစားလို ့လွယ်တယ်။

ဆင်းရဲတဲ့လူတွေက ကျောက်သားပြင်လိုဖြစ်နေတဲ့မြေတွေကို ပိုင်တယ်။ ဒီတော့ ဆင်းရဲတဲ့လယ်သမားတွေဟာ အပင်စိုက်စားဖို ့မဖြစ်နိုင်ဘူး။

အဲဒါနဲ ့အီတလီတွေအနေနဲ ့ဩစတျေးလျရဲ ့သတင်းကို ကြားတယ်။ ဘယ်လိုကြားလဲဆိုတော့ ဩစီမှာ မြေကောင်းတယ်။ ရွှေပေါတယ်ဆိုတဲ့သတင်းပဲ။ တရုတ်တွေတောင်လာပြီး တူးနေကြပြီ။

ဒါနဲ ့လှေတွေနဲ ့အီတလီတွေ ဥရောပတိုက်ကနေ ဩစီကိုလာတာ လမ်းမှာ သုံးလလောက်ကြာတယ်။

သူတို ့စီးလာတဲ့လှေတွေကလည်း အဲဒိအချိန်တုန်းက Air Con တို ့ Heater တို ့မပါသလို စောက်ရမ်းလည်း နှေးတယ်။ လိပ်တောင်အဖေခေါ်ရမယ်ထင်တယ်။ လမ်းမှာလည်း လေမုန်းတိုင်းတို ့ဘာတို ့က မိသေးတယ်။ ဆိုတော့ သူတို ့လာတဲ့လမ်းခရီးက အရမ်းကြမ်းတယ်။ မြန်မာတွေကမှ လေယာဉ်နဲ ့လာတာဆိုတော့ ပိုလို ့သက်တောင့်သက်သာဖြစ်သေးတယ်။ လေယျာဉ်ပေါ်မှာလည်း ဘီယာလေးဘာလေး စုပ်လို ့ရသေးတယ်။ သူတို ့ကမှ ဘီယာမပြောနဲ ့ယာဘီတောင်မရဘူး။

ဒါနဲ ့သူတို ့ဩစီကိုရောက်တယ်ဆိုပါစို ့။ ရောက်ရောက်ခြင်း မြန်မာတွေ ဒုက္ခသည်အဖြစ်နဲ ့ဩစီကိုလာသလို မဟုတ်ဘူး။ မြန်မာတွေကမှ စားစရာ၊ အိမ်၊ နဲ ့သောက်စရာ ဝိုင်အပြင် ဘဏ်ထဲမှာ ငွေလေးက ရှိသေးတယ်။ ဒါတွေကိုအစိုးရကပေးတာ။

ဟိုအီတလီကောင်တွေကမှ စုတ်ပြတ်သတ်ပြီး တဲထိုးနေရတာ။ လှေနဲ ့လာတာခြင်းတူပေမဲ့ ၁၉၈ဝ ပတ်ဝန်းကျင်လောက်ကလာတဲ့ ဗီယမ်နမ်တွေကမှ သူတို ့ထက်အဆင့်မြင့်သေးတယ်။ အဲဒိအချိန်တုန်းက ဩစတျေးလျလူ ့အဖွဲ ့အစည်းက တိုးတက်နေပြီ။ အီတလီတွေလာတဲ့အချိန်မှာတော့ သူတို ့ဘဝဟာ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေလိုပဲ။ နေစရာအိမ်၊ စားစရာနဲ ့ရေတောင် ဘယ်မှရှာရမှန်းမသိဘူး။ ဒီလောက်ထိ ဆင်းရဲတာဗျ။ အီတလီတွေအတွက် ၈၈-မျိူးဆက်လည်းရှိသေးတာမဟုတ်ဘူး။ ဆိုတော့ သူတို ့ကို ဘယ်သူကမှ ကူညီတာမဟုတ်ဘူး။

ဒီအကြောင်းကို ကျနော့်သူငယ်ချင်း ဩစီကောင်က ပြောပြတယ်။ သူ ့တို ့အဘိုးတွေ ဘယ်လိုလာရလဲဆိုတဲ့အကြောင်းပေါ့။

သူတို ့အဘိုးတွေဩစတျေးလျရောက်တော့ သူများယာတောထဲမှာ ဒေါက်တိုမယ်ရလုပ်ရတယ်။ နေစရာအိမ်က ဖြစ်သလိုတဲထိုးပြီးနေတယ်။ စားစရာအတွက် ကိုယ့်ဟာကိုယ်စိုက်ပျိုးစားတယ်။ တစ်ပတ်မှာ ငါးရက် အလုပ်လုပ်တယ်။ နှစ်ရက်က သူတို ့နေဖို ့အိမ်ကို ကိုယ့်ဟာကိုယ် ဆောက်တယ်။ အိမ်ဆောက်တာ ဆယ်နှစ်ကြာတယ်။ အဲဒိအချိန်တုန်းက အစိုးရပေးတဲ့ ထောက်ပံ့ကြေးအစီအစဉ်လည်းမရှိသေးဘူး။ နောက်ပြီး ဌာနေတိုင်းရင်းသားတွေနဲ ့ကလည်းတိုက်ခိုက်ရသေးတယ်။

အလုပ်လုပ်လို ့ရတဲ့ပိုက်ဆံကို တပြားမကျန်စုဆောင်းတယ်။ အရက်သေစာမသောက်ဘူး။ ဆေးလိပ်တောင်မသောက်ဘူး။ အီတလီအဘိုးကြီးက သူ ့ဘဝမှာ တစ်ခါမှ ဆေးလိပ်မသောက်ဘူးဘူးလို ့ပြောတယ်။

ဩစတျေးလျကို ဒုက္ခသည်အဖြစ်ရောက်တဲ့မြန်မာတွေက သောက်သလားတော့မမေးနဲ ့။ ပြီးရင် အစိုးရပိုက်ဆံနဲ ့ ဖင်ချွတ်ပြီး က တဲ့ ဘီယာဆိုင်ကိုလည်း သွားသေးတယ်။

တဖြည်းဖြည်းနဲ ့သူတို ့အဲဒိလိုနေလာတာ ယနေ ့ ၂၀၁၂-မှာတော့ ဩစတျေးလျမှာရှိတဲ့ အီတလီတိုင်းကိုလေ့လာကြည့်။ စောက်ရမ်းချမ်းသာနေပြီ။ အိမ်တွေလည်းအများကြီးပိုင်တယ်။ သူတို ့မှာ ထူးခြားတာက သူတို ့ပိုင်တဲ့ငွေတွေကို ဘယ်တော့မှ ရှယ်ယာမဝင်ဘူး။ အိမ်ပဲ ဝယ်တယ်။ စုတ်ပြတ်သတ်နေတဲ့ဘဝကနေ ဖြည်းဖြည်း လုပ်လာလိုက်တာ နောက်ဆုံး သူတို ့တွေလူလိုသူလိုနေရတဲ့အထိဖြစ်လာကောပဲ။

ယနေ ့ခေတ်မှာပြောနေတဲ့ ဂျပန်၊ အင်္ဂလန်၊ အီတလီ၊ ဩစတျေးလျနဲ ့အမေရိကန်နိုင်ငံတွေဟာ သူတို ့ဘဝမှာ သူများတွေကိုလည်း အနိုင်ကျင့်ခဲ့သလို၊ ကိုယ်ကိုင်တိုင်လည်း လုံးလဝရိယနဲ ့ကျိုးစားရုန်းကန်လာကြလို ့ဒီအခြေအနေကိုရောက်လာတာပဲ။ သူတို ့နိုင်ငံတွေဟာ ဒီလောက် ငတ်ပြတ်စုတ်ပြတ်တဲ့နိုင်ငံလေးတွေပဲ။ မြန်မာနိုင်ငံကမှာ သူတို ့ထက်သာသေးတယ်။ ဒါပေမဲ့ မြန်မာတွေဟာ ဒုံရင်းက ဒုံရင်းအတိုင်းပဲ။ တိုးတက်မှုကလည်း နောက်ဆုံးမှာ။

သူများတွေရဲ ့စိတ်ဓာတ်၊ ကျိုးစားမှုနဲ ့စည်းကမ်းကျမှုတွေကိုမှ အတုမခိုးပဲ မြန်မာတွေ ကိုယ့်အချင်းချင်း ဒေါ်စုဘာဖြစ်တယ်၊ ဦးသိန်းစိန်ဘာဖြစ်တယ်၊ တိုင်းရင်းသားတွေ ဘာဖြစ်တယ်ဆိုပြီး အရည်မရ အဖတ်မရတွေပဲ ပြောနေကြပေါ့ဗျာ။

ဖေ့ဘွတ်စ်ပေါ်မှာပဲ ပြုပြင်ပြောင်းလဲရေးလုပ်ကြပေါ့။

ဘုန်းကျော်
ဩစတျေးလျ (လင်းစတားမိုင်း)

9 comments

  • ဒဿ ဖွတ်ကျား

    September 29, 2012 at 12:21 pm

    ဖဘ ပေါ်မှာဖတ်ရ တုန်းက အလွန် နှစ်သက်ခဲ့ရတဲ့ စာစုကို ရွာထဲမှာ ပြန်တင်ပေးလို့
    ကျေးကျေးပါဗျို့

  • captainamerica

    September 29, 2012 at 12:26 pm

    ခင်ဗျားအတွေးအခေါ်တွေ အရေးအသားတွေ တစ်မျိုးတော့တစ်မျိုးပဲဗျ။ဆန်းတယ်
    ရင်ဘတ်ထဲကလာတဲ့အသိနဲ.ကိုယ်ယုံကြည်တဲ့အကြောင်းကို ခံစားတတ်သလို
    ခံစားပီးရေးချင်သလိုရေးချပလိုက်တာပဲ အဲလိုထင်တာပဲကျုပ်ကတော့ ကောင်းပါတယ်။လူအများရှေ.မှာအထင်
    ကြီးအောင်နေပီးအယောင်ဆောင် နေတဲ့ကြောင်သူတော်ကြွက်သူခိုးတွေနဲ.စာရင်
    ခင်ဗျားကအများဂျီးရိုးသားတဲ့သူလို.မြင်မိတာပဲ။ကိုယ်ယုံကြည်တဲ့ကိုယ်အယူအဆ၊
    ကိုယ့်အတွေးအခေါ်နဲ.ပဲဆက်သာွးပါ။

  • may flowers

    September 29, 2012 at 12:31 pm

    ကြိုက်တယ် ဒီလိုပိုစ့်လေးတွေ ဆက်ရေးနေပါကိုဘုန်းကျော်ရေ အမြဲအားပေးနေပါတယ်။

    ကိုယ်မှန်တယ်ထင်တာကို အမှန်အတိုင်းပြောဆိုရေးပြပေးနိုင်တဲ့ ကိုဘုန်းကျော်ရေ ဘရာဗိုပါ။

  • pooch

    September 29, 2012 at 2:41 pm

    ဟိုးအရင် အနောက်ကလူတွေ အရှေ့ကို နယ်ချဲ့ရတဲ့ ယေဘုယျ အကြောင်းအရင်းကတော့
    G ( Gold, God, Glory )သုံးလုံးလို့ကြောင့်လည်း ပြောလေ့ရှိတယ်။ Gold ဆိုတဲ့ သယံဇာတတွေကို မက်မောလို့ God လို့ပြောကြတဲ့ ဘာသာရေးအတွက် သာသနာပြုချင်လို့Glory ဆိုတဲ့ ဂုဏ်တွေ အာဏာတွေကို ဖြန့်ကျက်ချင်လို့လို့လဲ ဆိုကြတယ်။

    ဘယ်လိုကြောင့်ပဲ နယ်ချဲ့ နယ်ချဲ့ ခေတ်သစ်နဲ့ ခေတ်ဟောင်း နည်းနည်း ပဲ ကွာတယ်။ ခုတောင် လက်နက်မကိုင်ပဲ နယ်ချဲ့ခဲ့ကြလို့ ကမာ္ဘကြီးကိုတောင် ရွာကြီးလို့ သမုတ်နေကြသေးတာပဲ။

  • pazflor

    September 29, 2012 at 2:57 pm

    “မင်းတို့ မြန်မာတွေ ဝက်သားစားတာစောတယ်တဲ့” …..မွတ်စလင်တွေကပြောတာ….:D

  • aanyar thar

    September 29, 2012 at 4:04 pm

    သူများတွေရဲ ့စိတ်ဓာတ်၊ ကျိုးစားမှုနဲ ့စည်းကမ်းကျမှုတွေကိုမှ အတုမခိုးပဲ မြန်မာတွေ ကိုယ့်အချင်းချင်း ဒေါ်စုဘာဖြစ်တယ်၊ ဦးသိန်းစိန်ဘာဖြစ်တယ်၊ တိုင်းရင်းသားတွေ ဘာဖြစ်တယ်ဆိုပြီး အရည်မရ အဖတ်မရတွေပဲ ပြောနေကြပေါ့ဗျာ။

    (သူများတွေ ပြောင်းတာ မပြောင်းတာထက် ငါ့လူပဲ ဂရုစိုက်ပါ တစ်ခါခါကျ ဘု့တော တစ်ခါခါကျ အမှန်ပြော နဲ့ အကောင်းမြင် ဝါဒလေးနဲ့ ကြည့်စမ်းပါ မြန်မာပြည်ကို.. အရင် ပိုစ့်က တင်ခဲ့သလိုမျိုး အမေစု့ ဘာနဲ့စား ပြီးနှိုင်ငံရေး လုပ်နေလဲ ဆိုတာပေါ့ မပြောခင် ကို့ယ်မေးခွန်းလေးကိုယ် စဉ်းစားပြီး မှ့ ပြောတာ ကောင်းတာပေါ့ ဩဇီလို သာအစစအစဉ်ပြေမယ်ဆိုရင် ဇနီးမွန်မလေးကို လက်တွဲပြီး ပအိုင့်တပိုင်း မြန်မာတပိုင်း ကလေး ၃ ယောက်အဖေစော်ချောချောလေးမြင်ရင် ငမ်းကျောထတတ်တဲ့ ကဖုန်းကျော်လည်း မြန်မာပြည်မှာ နေချင်တာပဲ မဟုတ်လား….) ကြိုက်လိုဖတ်တာတော့ မဟုတ်ဘူးနော် တင်ထားတာတွေ့လို့ ဖတ်တာ

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 29, 2012 at 6:25 pm

    တစ်ခုသွားသတိရတယ်
    ပဲပြုပ်ရောင်းတဲ့ အဖွားကြီးတစ်ယောက် ကနေပြီး သူဌေးအဖွားကြီးတစ်ယောက်ကို
    အတင်းတုတ်တာလား ဘာလားတော့ မသိ
    ဘာဒဲ့
    အဲ့သည်ကောင်မ အရင်တုန်းက ငါ့အိမ်ရှေ့ကားဂိတ်နားက ဗံဒါပင်အောက်မှာ ဘိန်းမုန့်ဖုတ်ရောင်းတာပါ
    ငါ့ကလေးတွေဆို သူ့ဆီမှာဝယ်စားနေကြ
    ( သူဆိုလိုတာက အလျှင်တုန်းက သူက လမ်းမတန်းကားဂိတ်နားအိမ်ရှိတယ် ခုတော့ ဘယ်မှာနေပြီး
    ပဲပြုပ်သည်ဖြစ်နေသည်မသိ )
    ဂေဇက်ရဲ့ ပေါ်လစီအရ ဘယ်သူနဲ့မှ မတူအောင် တစ်ခုတော့ ဝေဖန်ရရင်
    နယ်ချဲ့တွေကို ထမင်းငတ်လို့ နယ်ချဲ့တဲ့သဘောဖြစ်နေတယ်လို့ ပိုစ့်ကအဓိပ္ပါယ်မသက်ရောက်နေဘူးလား
    ကိုယ်က လေးမြှားဘဲ ကိုင်နိုင်သေးတဲ့အချိန်မှာ
    သူက ရေမြေခြားကလာပြီး သေနတ်တွေအမြှောက်တွေနဲ့လာတယ်လို့ဆိုနိုင်တဲ့အတွက်
    ကိုယ်အသုံးမကျတာကိုဘဲ ကျပ်ကျပ်ပြောပါ မောင်ဘုန်းကျော်ရာ
    ဒါ ကျုပ်က အကြမ်းဘဲပြောတာပါ
    နည်းနည်းအနုစိတ်လိုက်ရင် ဘာသာရေး နှစ်တစ်ထောင်ကျိန်စာဆိုပြီး ဟိုသဂျီးက ထလုပ်နေဦးမယ် :mrgreen:

  • uncle gyi

    September 29, 2012 at 11:12 pm

    ဒီအပြောမျိုးပဲဆရာဖေမြင့်ကလည်းဝတ္ထတ်ိုလေးတပုဒ်ရေးပြီးတင်ပြဖူးတယ်
    မြန်မာတွေဟိုးအရင်ဘုရင်လက်ထက်ကတည်းကကြိုးစားဖို့လိုနေတာအခုထိလို့ပြောရင်
    စိတ်ဆိုးကြအုန်းမှာလားဟင်
    တော်တဲ့သူရှေ့ကိုချွန်ထွက်လာရင်လည်းထုံးစံကိုသ်ိတယ်မဟုတ်လား
    ပြင်ကြဖို့ကောင်းပါပြီ

Leave a Reply