တာဝံအရှိကောင်းလို့ Juti

သမဒရုမ်းဝံဂျီး ဦးဆိုးသွမ်း အမေရိကန်ရောက် မြန်မာများအား နယူးယောက်မြို့ ကွမ်းကောလိပ် ထုံးဆောင် အာမွှေးခန်းမတွင် တွေ့ဆုံပြောကြားသည်မှာ.. ဂလို ဂလိုရှိတယ်ဗျ၊ ဂနိုဆိုတာ ဟိုဟာလုပ်လို့ မသန့်ရှင်းရင် ဖြစ်တယ်၊ ဟိုလို ဒီလို အာဘာယာဘာ ပလာတာ အီကြာကွေး ပေါက်ဆီ ပဲပေါင်မုန့် အမေရိကန်မှာတော့ ဟမ်ဘာဂါ၊ ပီဇာ၊ စပါဂီတီ ငှဲလျောင်း ငှဲလျောင်း….။ ဘွတ် ရွှတ် ဒိုင်းညှောင့် ဒက် ဒက် မအေးညွှန့် မကြည်ညွန့် ညီအမ ငါ့မချစ် လင်နောက်လိုက်သွား ပြည်တွင်းစစ်ဖြစ်…။ အမဂျီးနဲ့တွေ့ အဘဂျီးကခွေ့ သမပြီးတော့မွေ့ လဒဂျီးပျော့ကွေ့၊ သူ့အိမ်သွား ငါ့ရုံးလာ ပြီးတော့ ဘချုပ်ကြီးဆီပြေး သံတော်ဦးတင်.. အနိစ္စ ဒုက္ခ အနတ္တ မမြဲ အသဲ တပဲ ဖရဲ..။

အရင်ကတော့ အာနာပိုင် ယနေ့မှာတော့ တာဝံရှိသူ၊ ဝံထန်းများကိုလည်း လုပ်ပိုင်ခွင့်ရှိသူမှ အကျိုးဆောင်သူ စိတ်ဓာတ်လေးတွေပြောင်းရ… တိုင်းပြည်အတွက်သာ မြင်းနွားလို ရုန်းကြရင် စဉ်းစားစရာမလို ပုခုံးကြီးတွေ အာနိုးလိုကြီးလာမယ်၊ အထည်ချုပ်စက်ရုံတွေလည်း အင်္ကျီကြီးကြီး ပိုချုပ်ရမယ်၊ အထည်စတွေ ပိုရောင်းရမယ်၊ ကိုယ်ခန္ဓာ အတ္တဘော ပိုကြီးလာလို ပိုစားလာမယ် ပိုများလာမယ် (ချီး)၊ အစားအသောက်၊ မိလ္လာသန့်ရှင်းရေး ဘက်ပေါင်းစုံ တိုးတက်လာမယ်။ ကွိကွိကွကွ စိစိစစ… ဝုန်းကနဲတော့ ညတွင်းချင်း မဖြစ်နိုင်ဘူး။ ဖြစ်ချင်ရင်ဒေါ့ ကချင်ပြည်နယ်သွား.. ဝုန်းသာမက ဒုန်း ဗျုန်း အုံး ပွက်ပွက်ညံအောင် ကြားစေရမယ်။ သွားချင်ကြလားဟင်.. (အားအားယားယား လာနားထောင်သူ ရွှေမြန်မာတဦးမျှ တုပ်တုပ်မလှုပ်ကြ)။

အမေရိကန်ရောက် မြန်မာတွေထဲမှာ ပညာတတ်များစွာ ရှိနေပါပြီ။ တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ လူသားအရင်းအမြစ်များဖြစ်လို့ အိမ်ပြန်လာဖို့ ဝမ်းပမ်းတသာ ဖိတ်ခေါ်ပါတယ်။ ထိုစကား ကြားရသည့်အတွက် တက်ရောက်လာသူ ပညာတတ်များ လွန်စွာကျေနပ်သွားကြသည်။ သူတို့မြန်မာပြည် ပြန်စဉ် ဝေဒနာကိုယ်စီ ရလာကြသည်။ ယေးလ်းတက္ကသိုလ်ဘွဲ့ရတဦး မွန်ပြည်နယ်ဖက် ခရီးထွက်ရာလမ်းတွင် တောသားများကသူ့အား မော်လမြိုင်ထိ ကျောင်းမတက်နိုင်သဖြင့် ရေးမြို့ကောလိပ်တွင် ပညာသင်ရသူအဖြစ် သနားကြသည်။ ဟားဗတ်ကျောင်းဆင်း မိတ်ဆက်သူမှာလည်း လူရွှင်တော်ကျောင်းထွက်ဟု အပြောခံရသည်။ ပရင်စတန်တက္ကသိုလ် ဘွဲ့ရမှာမူ မော်တော်ကားပစ္စည်း ပရစ္စတင်ပလပ်ပြင်သူ ဝပ်ရှော့သမားနှင့် အမှတ်မှားက ကားပျက်စဉ် ဝိုင်းပြင်ခိုင်း၍ ငြင်းမရသည့်အဆုံး ကားတွန်းခဲ့ရသည်။ စတန်းဖို့တက္ကသိုလ် ကျောင်းထွက်အား အင်္ဂလိပ်စာ မတတ်တခေါက် သိသူတဦးက Stand ဖွတ်၊ ကြံဖွတ်ဖက်တွင် မတ်ရပ်သူဟု ဘာသာပြန်သဖြင့် ဝိုင်းရိုက်ရာ မနဲထွက်ပြေးခဲ့ရသည်။ ယခုမူ သူတို့အား တူတူ တန်တန် ဆက်ဆံမည့်သူ ဘိုးတော်သိကြားမ၍ ပေါ်လေဗျီ။

အဟမ်း ဟမ်း.. ပေါချင်တာ လုံးဝပြောင်းနေပြီ။ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကအထိ ဒီလိုမျိုးဖြစ်လာဖို့ဆို အိမ်မက်တောင် မမက်ခဲ့ဘူး။ “ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ပြောတာလား ဝံဂျီး” တရုတ် – မြန်မာအသင်း ငှက်က္ကဌ ဦးတိန်းဂွမ် မျက်နှာလိုအားရ ဝင်ထောက်သည်။ ဟုတ်ဖူး အခုလို ဝံဂျီးဖြစ်မှာကိုပြောဒါ။ ဦးတိန်ဂွမ် တခါထဲ တိတ်သွားသည်။ ဝံဂျီးလည်း ရုတ်တရက် ပါးစပ်လွတ်ထွက်သွား၍ မျက်ထောင့်နီကာ အံကြိတ်ပြသည်။ ဒီလောက်ပါပဲ.. မေးစရာ ရှိရင်မေးကြပါ။

မေးခွန်း(၁) ဝံဂျီးှချင့် နေကောင်းပါသလား၊ ဖြေ – နေ့လည်းကောင်း ညလည်းကောင်း မယုံရင် အိမ်လိုက်ကြည့်။ ခင်မေးဂျင် တခါထဲ ပါးစပ်ပိတ်သွားသည်။

မေးခွန်း(၂) ဝံဂျီးခင်ဗျ ဖုံးဘယ်တော့ များများချပေးမှာလဲ၊ ဖြေ – ဖုန်းချပါဆိုတော့ ဖွင့်ချတာ ဘာဖြစ်လို့လဲ၊ ရှက်တတ်ရင် မီးပိတ်ပေးမယ်လေ၊ အမှောင်ထဲမှာလဲ အဆင်ပြေပါတယ်။ မေးသူက စီတုံးလား ဂျီဗုံးလားမသိ ဝံဂျီးစွတ်ပြောတော့သည်။ မေးသူကိုဖုံးကင် ဖင်ကလေးပွတ် ပြန်ထိုင်သွားသည်။ နောက်ဆုံးခုံတွင် ထိုင်နေသော စီတုံးဂလေး တခါထဲ ရှေ့ရောက်လာကာ ဝံဂျီးအား ရွှန်းရွှန်းစားစား ကြည့်နေလေသည်။

မေးခွန်း(၃) ပညာရေးကို ဘယ်လိုပြုပြင်ဖို့ ရှိပါသလဲ၊ ဖြေ – အကူအညီ လိုက်တောင်းပါမယ်။ နောက်ဆက်တွဲ မေးခွန်း (၃က) နိုင်ငံခြား အထောက်အပံ့တွေလားဟင်၊ ဖြေ – ဟုတ်ဖူး၊ မိဘဆီက အချိန်ပို ကျူရှင်ကြေးလိုက် တောင်းမှာ။ တိန်… မနေနိုင် မထိုင်နိုင် မေးမိသူ ကျောင်းဆရာ ဦးဝိုင်း အသံပင်ထွက်သွားရှာသည်။

ထိုသို့ တောင်စဉ်ရေမရ ပြောဆိုမေးမြန်းကြပြီးနောက် တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။ ဝံဂျီးအား ဝိုင်းဝန်း နှုတ်ဆက်သူ ဝိုင်းဝိုင်းလည်နေသည်။ ထို့နောက် ဝံဂျီးတည်းဆိုရာ ဟိုတယ်သို့ ပြန်သွားရာ သူ့နောက်သို့ ခလေးတအုပ် ကောက်ကောက်ပါအောင် လိုက်သွားတော့သည်။ ဝံဂျီးကား အတော်အံ့ဩသွားသည်။ အမယ် ငါ တယ်ပေါ်ပြူလာ ဖြစ်နေပါလား၊ လူဂျီးတောင်မက ခလေးပါ ငါ့အနားကပ်နေပြီ။ သားသားတို့ မီးမီးတို့ရေ……. ဘဘက မကတတ်ဘူးကွဲ့၊ ချိုချဉ်စားမလား။ ခလေးတွေက အမေရိကန်မှာ မွေးသူများဆိုတော့ မြန်မာစကား လုံးစေ့ပတ်စေ့ နားမလည်ကြ။ မိန့်ခွန်းထဲတွင်ပြောသော တာဝံရှိသူဆိုသည်ကို ကြားဖူးနားဝ မျောက်ဝံ၊ လူဝံ၊ ဝက်ဝံ၊ ငှက်ကြီးဝံဗိုတို့နှင့်မှားကာ ဝံဂျီးထံတွင် တာဝံဆိုသော တိရစာ္ဆန်အသစ်အဆန်း ရှိသည်ထင်အမှတ်နှင့် အားကြိုးမာန်တက် စုဝေးလာခြင်းဖြစ်သည်။ ထိုအခါမှ ဦးဆိုးသွမ်းခမျာ ကိုယ့်နဖူးကိုယ် ရိုက်မိတော့သည်။ ခလေးတို့ရယ် အဲလို ဟုတ်ရပါဘူး၊ ဘဘပေါချင်တာ နိုင်ငံဒေါ်အေးချမ်းသာယာရေးနဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ… “နိုးနိုးယူဘစ်ကက်.. ဗူးသီးလိုလို ဖရုံသီးလိုလို မလုပ်နဲ့ဝံဂျီး၊ တာဝံကို မပြဘဲ အခန်းထဲကနေ အသက်ရှင်လျက် ထွက်သွားဖို့ စိတ်မကူးနဲ့” “ဟေး ဟုတ်တယ်ကွ၊ ရရင်ရ မရရင်ချ” အမေရိကန်ပေါက် မြန်မာခလေးများကား လွန်စွာဆိုးသွမ်းလှသည်။ ဝန်ဂျီးဦးဆိုးသွမ်းခမျာ ပညတ်သွားရာ ဓာတ်သက်ပါပြီထင်၏။ အနားတွင် မည်သူမျှ၊ ခေါ်မကြား အော်မကြား သူ့အား ခလေးများနှင့်ထားကာ ရှော့ပင်ထွက်သွားကြလေပြီ။ တောင်းပန်မရသည့်ဆဆုံး ကျေးဇူးရှင်လေးများအား တောင်းပန်ပြီး ခေါင်းတွင်မျက်နှာသုပ်ပုဝါပတ်၊ ကိုယ်တွင် စောင်ခြုံလျက် အိပ်ယာထက်တွင် တလူးလူး တလွန့်လွန့်ဖြင့် အများတောင်းဆိုသော တာဝံသတ္တဝါကြီးအဖြစ် သရုပ်ဆောင် ဖျော်ဖြေတင်ဆက် ရတော့သည်။ တုံချမ်းချမ်း တုံချမ်းချမ်း…။

အကြမ်းတော့ ဖက်ကြပါနဲ့၊ ကဆိုကပြပါမယ်..

5 comments

  • surmi

    October 1, 2012 at 12:14 am

    ဦကြောင်ခင်ဗျ
    သဂျီးမင်းရောပါသေးလားဗျ ။
    အဲ ဒါကြောင် ့ပြောတာ ဝင်ကြီးနဲ့ ဝံဂျီးဘာကွာလဲလို့

    • kai

      October 1, 2012 at 3:47 pm

      လော့ကျတဲ့ကျလိကျလိအိမ်နဲ့.. နွားရူးယောက်က.. ဒဂုံနဲ့နိပွန်လောက်ဝေးတယ်ဆိုတာလေး.. သိထားစေလိုပါတယ်..
      အချိန်အားဖြင့်လည်း ၃နာရီကွာပါကြောင်း… နော…

      ဆိုတော့..
      ဦးစိုးသိန်းကို.. ကိုရင်ကြောင်ကြီးနဲ့အတူတူ.. အယ်လ်အေဖိတ်ချင်သား.. :harr:

  • ဦးဦးပါလေရာ

    October 1, 2012 at 12:16 am

    နဲနဲကံကောင်းသွားတာက
    အဲဒီအမေဒစ်ကန်မြန်မာကလေးတွေက
    တာဝံဆိုတာ စီးလို့ရတဲ့သတ္တဝါလို့ ထင်မသွားလို့ပေါ့…..

    ဒီကလေးတအုပ် ကောင်းဘွိုင်လို ဒုန်းစိုင်းစီးပစ်မှဖြင့် ……. 🙁

  • P chogyi

    October 1, 2012 at 1:39 pm

    တာဝံဆိုတာ ကြောင်ဝံလိုအကောင်ထင်ပြီး
    ဦးကြောင်ကိုလိုက်မဖမ်းတာ ကံကောင်းပါ၏

  • Shwe Ei

    October 2, 2012 at 8:31 pm

    မေး။ ။အာနာပိုင်နဲ့တာဝံချိသူ ဘာကွာပါသလဲ အောင်ကြူးချင့် :kwi:

Leave a Reply