လှေကလေး





















“လှေကလေး”
ငယ်ငယ်တုန်းက အဆိုတော်သန်းထွန်းလေးရဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။
“လှေကလေးတွေလှော်လို့ ငါးတွေဖမ်းကြသည်”လို့ဆိုတဲ့နေရာမှာ
“လှော်ကလေးတွေလှေလို့ ဖမ်းတွေငါးကြသည်”ဆိုပြီးဖျက်ဆိုခဲ့ဘူးပါတယ်။
အငြိမ့်ထဲက လူပျက်တွေဆိုတာကိုလိုက်ဆိုတာပါ။
နောက်နည်းနည်းလေးကြီးလာတော့ ဘိလပ်ပြန်သန်းရဲ့
“လှေကလေးကိုလှော်မည် ဘေးမသန်းဘဲအေးချမ်းတော့မည်”ဆိုတဲ့သီချင်းလေးကို နှစ်သက်မိပြန်ပါတယ်။
ပူလောင်တာတွေများတဲ့ လောကကြီးထဲမှာနေရာတာကြာတော့ အေးချမ်းတာလေးကိုမျှော်မိတဲ့သဘောပါဘဲ။
အဲတော့ ရေပြင်မှာလှေကလေးတွေမြင်တိုင်းသတိထားကြည့်မိပါတယ်။
ဒါပေမယ့်ရေလဲမကူးတတ် ရေလဲကြောက်တော့လှေတော့ မစီးရဲပါဘူး။
အခုနောက်ပိုင်းကန်တော်ကြီးမှာ မနက်မနက်လှမ်းလျှောက်ချိန်မှာ တက်သိမ်းအင်းထဲမှာလှေကလေးတွေကို
အမြဲတွေ့ရပါတယ်။
အဲတော့လဲ နွေမိုးဆောင်း လှေကလေးတွေမြင်ရင်လက်ဆော့မိပါတယ်။
တစ်ခါတစ်လေ အလင်းရိပ်ကလေးကျနေချိန်မှာ လှေကလေးအလည်ခေါင်ရောက်တဲ့အထိစောင့်ရတာလဲ
အရသာတစ်မျိုးပါဘဲ။
ဘာဘဲပြောပြော လှပသော ပုံကလေးတစ်ပုံရအောင်စောင့်ရတာလဲ လှပသော နူးညံ့သောခံစားမူ့တစ်မျုးိပါဘဲ။
မတူညီသောအချိန်များမှ ာ လက်ဆော့ထားတဲ့ ကျနော့်ရဲလှေကလေးတွေပုံတွေကို
မျက်စေ့ဆော့ကြည့်လိုက်ကြပါအုံးနော်
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(2-10-2012)
23 comments
surmi
October 9, 2012 at 10:53 am
သိပ်ကောင်းတဲ ့ ပုံလေးတွေပါပဲဗျာ
ဒီနေ ့ကံကောင်းစွာနဲ ့ပုံတွေအားလုံးကြည် ့ခွင့်ရတယ် ။ ဓတ်ပုံဆိုတာထက်
စိတ်ကြိုက်ချယ်မှုန်းထားတဲ ့ ပန်ချီလိုပါပဲ ။
စုတ်ချက်လေးတွေသော ့ထားတဲ ့ လှိုင်းကြက်ခွပ်တွေကြားက လှေကလေး
ကိုကြည် ့ပြီး ကြည်နူးသလိုလို ၊ လွမ်းသလိုလို ………….
ကိုခင်ခ
October 9, 2012 at 12:27 pm
ကိုပေါက် ရှမ်းတောင် မသွားခင်ရိုက်ချက်တွေလား။ ယခုအပတ် sunday ကျွန်တော်မန်းမှာမရှိဘူးဗျ၊
monday လကွယ်နေ့ ကိုပေါက်လည်းမန်းပြန်ရောက်ပြီဆို လဘက်ရည်ဆိုင်မှာ ဆုံကြအုံးစို့ဗျာ။
ကြည်ဆောင်း
October 9, 2012 at 12:43 pm
ရေလှိုင်းပြာလေးတွေရယ် …
ရွှေရောင်တောက်နေတဲ့နေခြည်ရယ် …
ပန်းနုရောင်နံနက်ခင်းလေးရယ် …
လှေကလေးတွေရယ် …
ကြည်နူးစရာ အလှတရားတွေအတွက်ကျေးဇူးပါ လေးပေါက်ရေ …
လုံမလေး မွန်မွန်
October 9, 2012 at 1:08 pm
လေးပေါက်ရေ…
ပုံတွေအားလုံးက လှလိုက်တာ… ဆည်းဆာနေရောင်အောက်က ပုံလေးတွေကို ပိုကြိုက်မိပေါ့…
ဖျတ်ကနဲသတိရလာတဲ့ ကဗျာတစ်ပိုဒ်ကို ရွတ်ပါရစေ…
တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်
တိမ်ပြာရောယှက်၊ မရမ်းဖက်၍
တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်
ညိုခဲ့တစ်ခါ၊ ပြာခဲ့တစ်လီ
ရီခဲ့တစ်ဖုံ၊ မှုန်ခဲ့တစ်ချက်
ယုဂန်ထက်က၊
လေးတိုက်လုံးခြုံ၊ တိမ်ဂဠုန်လည်း
နဂါးရုံခွေ၊ ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့…
ငယ်ငယ်က ဆည်းဆာချိန်စာစီစာကုံးရေးရင် ထည့်ရေးခဲ့တဲ့ ကဗျာလေးပါ…
ye thura hein
October 9, 2012 at 1:30 pm
…..လှေကလေးကို လှော်မည်….း)
Ma Ei
October 9, 2012 at 3:08 pm
ကိုပေါက်ရေ…
ပုံတွေ အားလုံးလှတယ်…
19.20 ပုံလေးတွေ ပိုကြိုက်တယ်…
ဓါတ်ပုံလှလွန်းတော့ ပန်းချီကားလို့တောင်ထင်ရတယ်…
မိုချို
October 9, 2012 at 3:57 pm
သဘာဝ တရား ကြီး မှာ အဲလောက် အရောင်စုံတဲ့ အလှတွေ ရှိမှန်း ကိုယ့် ဘာသာကိုယ် ဆို သတိမထား မိခဲ့ ဘူး။ ၁ ၊ ၂၊ ၃၊ ရ၊ ၈၊ ၁၇၊ ၂၁ အဲဒီ ပုံလေးတွေ မှာ အဲလို အရောင်လေးတွေ ရအောင် ဘယ်လိုများ ရိုက်ထားလဲ မသိဘူး လေးပေါက်ရေ။
ရွှေ ကြည်
October 9, 2012 at 4:47 pm
3,9,12,15,17 ပုံလေးတွေကိုအတော်လေးကြိုက်တယ် အကြိုက်ဆုံးက နံပါတ် 20 ပဲလေးပေါက်
အဲဒီပုံကိုကြိုက်လွန်းလို့ လေးလေးကို ပထမဆုပေးမယ် 😆
ကိုပေါက်(မန္တလေး)
October 9, 2012 at 4:49 pm
အပွင့်လင်းဆုံးပြောရရင် ရုိုက်နေုတုန်းတောင် ဒီလောက်လှမယ်မထင်မိခဲ့ဘူး
ကွန်ပြူတာထဲ ထည့်လိုက်မှ အခုလိုလှလာတယ်။
အခုနောက်ပိုင်းရို်က်တဲ့အခါ super vivid function ကို တစ်ခါတစ်ရံသုံးပါတယ်။
နောက်ပြီး ကင်မရာ နေရာအထားအသိုလေးပြောင်းပြီးရိုက်တတ်ပါတယ်။
တကယ်ပြောရင်တော့ ကံကောင်းလို့ပုံကောင်းလေးရတယ်ထင်ပါတယ်။
နောက်ရက် တောင်သမန်က လှေနဲ့ညနေခင်းလေးတွေတင်ထားပါတယ်။
အခုတော့ တောင်ပိုင်းရှမ်းပြည် တောင်ကြီးအောင်ပန်းက ပုံတွေအများကြီးရိုက်ထားပါကြောင်း
သတင်းကောင်းပါးအပ်ပါသည်။.
candle .
October 9, 2012 at 9:00 pm
ပုံလေးတွေက လှပအသက်ဝင်လွန်းလို ့..
အကြာကြီးကိုအားပေးသွားခဲ့ပါတယ်..
21 ကပုံလေးကတော့ ကိုယ်ကိုတိုင် လှေလေးပေါ်မှာ
လိုက်ပါမျောနေရလိုကို ခံစားရပါတယ်..
မောင်ပေ
October 9, 2012 at 9:03 pm
နံပါတ် ၁ ပုံ ကို အကြိုက်ဆုံးပဲ
ကျုပ် ကို လက်ဆောင်ပေးဗျာ
ကိုပေါက်(မန္တလေး)
October 10, 2012 at 12:29 pm
ယူစေ မောင်ပေ ကြိုက်တယ်ဆိုရင် မူရင်းဖိုင်ပို့ပေးလိုက်မယ်နော်
မဟာရာဇာ အံစာတုံး
October 9, 2012 at 9:12 pm
ရွှေအိုရောင် လှိုင်းကြက်ခွပ်တွေကြားမှာ
ခပ်ရေးရေးသာ လှမ်းမြင်ရတဲ့ လှေငယ်
ပန်းချီဟန်နဲ့ ရှုချင်စဖွယ် ….
အားပေးသွားပါတယ် ဖေဂျီးရယ် ..
သီတင်းလည်း ကျွတ်ခါနီးပါပေါ့ကွယ် ..
:kwi:
ကိုပေါက်(မန္တလေး)
October 10, 2012 at 12:30 pm
သီတင်းကျွတ်ခါနီးပြီဆိုတော့ ရှာထားပေးရတော့မှာပေါ့
မဟာရာဇာ အံစာတုံး
October 10, 2012 at 12:54 pm
အင်း .. အင်း ပေါ့ လို့ ..
အဟီးးးး
(မမေ့အောင်လို့ ဒဒိ ပေးရဒါ)
Thu Wai
October 10, 2012 at 12:24 pm
နံပါတ်၁၅ ကိုကြိုက်တယ်
mayjuly
October 10, 2012 at 1:42 pm
No.1 လေး ယူလိုက်ပီ …
kyeemite
October 10, 2012 at 4:00 pm
ကိုပေါက်ရေ…
ပုံတွေ အားလုံးလှတယ်ဗျာ….
ကျနော်ရိုက်တာတော့ အဲလိုလက်ရာမျိုးကိုမထွက်ဖူးဘူးဗျို့…
:buu: :bar:
ကိုပေါက်(မန္တလေး)
October 11, 2012 at 9:59 pm
နက်ဖြန်ဆိုရင် တောင်သမန်အင်းကပုံတွေလာမယ်နော်
uncle gyi
October 11, 2012 at 11:06 pm
လှေကလေးမဟုတ်လှေကလေးများလို့ခေါင်းစဉ်တပ်ရမှာကိုပေါက်ရ
အဲဒီလှေကလေးမြင်ရတော့ဧရာဝတီမြစ်ထဲမြစ်ရေကြီးနေတုန်း
သပိတ်ကျင်းရဲ့အထက်သစ်ထုတ်စခန်းတခုကနေ
ဝမ်းပေါက်နေတဲ့လှေကလေးနဲ့မော်တော်အမှီတဖက်ကမ်းကိုဖြတ်ခဲ့တာသတိရသား
aye.kk
October 11, 2012 at 11:59 pm
လှေငယ်ရေပြင်
မြင်သူကြည်နှူး
မြူးထူးရွှင်ပြ၊ရှူ ့မဝ။။
ကိုပေါက်(မန္တလေး)
October 12, 2012 at 9:57 am
အန်ကယ်ဂျီးရေ ရတနာ့ဂူပွဲကို ငှက်ကလေးတွေနဲ့အသွားရေပက်ကြတာကိုရော သတိမရဘူးလား
Hnin Hnin
October 13, 2012 at 3:34 pm
အလှဆုံးတွေ တော်တော်များတော့ ဘယ်ဟာအကြိုက်ဆုံးတောင် မရွေး
တတ်တော့ဘူး…၁..၃..၈…၂၁..တော့ ပုံရိပ်တွေပြတ်သားလို့သဘောကျတယ်..
၃ နဲ့ ၂၁ ကို ၁ နဲ့ ၈ လို ပုံကြီးလိုက်ရင် ကြည့်ရတာ ပိုပေါ်လွင်အားရပြီး
ပိုလှသွားမလားလို့….