အမတ်မင်း အတွက် မွေးနေ့လက်ဆောင် ပို့စ် … ။

black chawOctober 4, 20122min63163

ဒီလိုရှိပါတယ် လူကြီးမင်း …
မနက်ဖြန် အောက်တိုဘာလ (၅) ရက် နေ့ဟာ ကျွန်တော်တို့ ရွာသား လူပျိုစစ်စစ် ယင်မတောင် မသန်းသေးဘူးတဲ့
ညီငယ် အမတ်မင်း ရဲ့ မွေးနေ့ ဖြစ်ပါတယ်…။
ဆိုတော့ …
ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက် ဘာညာလောက်နဲ့ တော့ မွေးနေ့ ပို့စ်တစ်ခုမတင်ချင်တော့တာနဲ့ ကျွန်တော် ရိုက်ခဲ့ဘူးတဲ့
ပျော်စရာဓါတ်ပုံလေးတွေကို တင်ရင်း ညီငယ်အမတ်မင်းအတွက် မွေးနေ့လက်ဆောင်ပို့စ်လေးတစ်ခု ဖန်တီးပေးချင်ပါတယ် …
ဆိုတော့ ဒီပို့စ်ထဲမှာပါတဲ့ ဓါတ်ပုံရှင်တွေအနေနဲ့ ပြသနာတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင် ချက်ခြင်း ပြန်ဖျက်ပေးပါ့မယ်လို့
လေးလေးစားစား ပြောပါရစေ ခင်ဗျာ…။
ကဲ စလိုက်ကြစို့ရဲ့…။
ပြီးခဲ့တဲ့ ၂ လလောက်ကပေါ့ဗျာ…။
ညနေခင်းတစ်ခုရဲ့ စိတ်ဖြေရာနေရာတစ်ခုမှာ…
ကျွန်တော်နဲ့ ကိုကြီးမိုက်တို့ သူတော်ကောင်း နှစ်ယောက် အတိုင်အဖေါက်ညီစွာပဲ Red သောက်ရင်း စကားတွေ ပြောကြတယ်ပေါ့ဗျာ…။
သောက်လို့ကောင်း စားလိုကောင်း ငြင်းလို့ခုန်လို့ အင်မတန်ကောင်းနေကြချိန် ကြီးမှာ ကိုမိုက် က စကားတစ်ခွန်းပြောပါတယ်..။
“ဒီနေ့ည ကျွန်တော်တို့ ၈၅ ဘက်ချ် တွေ စက်မှုတက္ကသိုလ်ဝန်းထဲမှာ တွေ့ဆုံပွဲရှိတယ်ဗျ… ခဏတဖြုတ်တော့ ရောက်အောင်သွားချင်တယ်ဗျာ”
ကျွန်တော်က ပြန်ပြောပါတယ်…။
“အဲဒါဆို သွားကြမယ်ဗျာ.. ကျွန်တော်လည်းလိုက်မယ်”
အဲဒီလို ပြောကြဆိုကြပြီး ဝိုင်းသိမ်း.. ကားပေါ်တက်ကြပြီး စက်မှုတက္ကသိုလ်ရှိရာဘက်ကို ချီတက်ခဲ့ကြတယ်ပေါ့ဗျာ…။
ဟိုရောက်တော့ ကန်သာယာ ဆိုတဲ့ ကန်တင်းန် မှာ ဒဘယ်ဘလက် တစ်လုံးထောင်လျက်သားနဲ့ ခရီးတော်တော် ရောက်နေကြပြီဖြစ်တဲ့
စက်မှုကျောင်းသားဟောင်းကြီးတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းမိကြပြန်ပါတယ်…။
ပညာတတ်ကြီးတွေဆိုတော့ အပြင်ကပါလာတဲ့ ဧည့်သည်ကျွန်တော် ကြောင်တောင်တောင် မဖြစ်အောင် ဆက်ဆံပေးနိုင်ကြတာအတွက်
ကျေးဇူးတင်ရပါတယ်…။
အဲဒီညက ဝိုင်းမှာပါတဲ့ ကျောင်းသားဟောင်းကြီးတစ်ယောက်က ကျွန်တော်တို့ သူကြီးနဲ့ သူနဲ့ ကောင်းကောင်းသိတယ်ဆိုတဲ့အကြောင်း
ဖေါက်သည်ချပါတယ်…။
ပုဂ္ဂိုလ်က မေမြို့မှာ ဘော်ဒါထောင်ထားတဲ့ သူဌေးတစ်ယောက်ပါ…။
ဆိုတော့ သူကြီး လည်း သိရအောင် ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးကို ခပ်ဝါးဝါးလေးလုပ်လို့ ပြန်တင်ပေးလိုက်ပါတယ်…။
၈၅ ခုနှစ်မှာ ကျောင်းပြီးကြသူတွေ ရဲ့ ပြန်လည်တွေ့ဆုံပွဲက ဓါတ်ပုံလေးတွေပါဗျာ…။

ကန်သာယာကန်တင်းန် ထဲက ၈၅ ခုနှစ်ကျောင်းပြီးကြတဲ့ အင်ဂျင်နီယာများ … ။
စက်မှုတက္ကသိုလ်ကြီးရဲ့ ညအလှ (လွမ်းကြပေဦးတော့ကွယ်တို့…)
နေဝင်နေဆဲ စက်မှု တက္ကသိုလ်ကြီး (အမှောင်ထဲမှာဆိုတော့ လွမ်းစရာကြီး နော့…)

နောက်ထပ်ဆက်တင်ချင်တဲ့ ပုံကတော့ အမ်မ်လုလင် အလှူပွဲကိုတက်လာတဲ့ ရွာသား မိသားစုတစ်စု ပုံ ဖြစ်ပါတယ်…။
ဖေဖေ ကြောင်ဝတုတ် မေမေ မဒမ်ဝတုတ်နဲ့ သူတို့ရဲ့ သားငယ်လေး ရွှေတိုက်စိုးတို့ မိသားစု ပုံလေး ဖြစ်ပါတယ်…။
အပျော်ပေါ့ဗျာ …။

ကြောင်ဝတုတ်တို့ မိသားစု..။

နောက်တစ်ပုံကတော့ ညီငယ်အင်ဇာဂီ ကို ဘလက်ချော ရိုက်ထားလိုက်တဲ့ ပုံလေးတစ်ပုံပါ …။
အမှတ်တရပေါ့ …။

ကျွန်ုပ်တို့၏ အင်ဇာဂီ … ။

နောက်တစ်ပုံကတော့ ရန်ကုန်မြို့ထဲ ကားမောင်းရင်း မီးပွိုင့်တစ်ခုမှာ လက်ဆော့ထားလိုက်တဲ့ ပုံလေးပါ …။

ဘလက်ချော မီးပွိုင့်မှာ ကားတန်းစီရင်း ရိုက်ထားတဲ့ ပုံလေးပါ…။

နေက်တစ်ပုံကတော့ ညစာစားပွဲတစ်ခုမှာ ညကြီးမင်းကြီး နေကာမျက်မှန်ကြီးနဲ့ ဂိုက်ပေးကြမ်းနေတဲ့ ကဗျာဆရာ မာဘယ်လ်ကောမက် ရဲ့ပုံပါ…။

ဂိုက်ပေးကြမ်းသူကြီး … ။

နောက်တစ်ပုံကတော့ ခြင်းတောင်းတစ်ခုပေါ်မှာ မိတ်လိုက်နေကြတဲ့ ပိုးဟပ် စုံတွဲပုံပါ…။
ပိုးဟပ်တွေ ဘယ်လို မိတ်လိုက်သလဲ ဆိုတာ ဗဟုသုတပေါ့ဗျာ…။

ပိုးဟပ်တို့၏ ချစ်ခြင်း မေတ္တာ

နောက်တစ်ပုံကတော့ မွေးနေ့ရှင် အမတ်မင်းကို ဘလက်ချော လက်ဆော့ထားတဲ့ ပုံလေးပါ ..။
မွေးနေ့လက်ဆောင်ပေါ့ နော့ …။

ဘလက်ချောရဲ့ ရိုက်ချက်နဲ့ ခန့်ညားနေတဲ့ အမတ်မင်း…။

63 comments

  • blackchaw

    October 4, 2012 at 12:58 pm

    အမတ်မင်းရေ … ။
    ဒီပို့စ်လေးက ညီလေးမွေးနေ့အတွက် ကိုယ့်ရဲ့ အမှတ်တရလက်ဆောင်ပါ…။
    နောက်ထပ်တော့ စိတ်ကူးချိုချိုက စုစည်းထုတ်ဝေထားတဲ့ ဝင်းဖေရဲ့ ဝတ္ထုတို ပေါင်းချုပ် စာအုပ်လေး
    ပေးမလို့ စီစဉ်ထားပါတယ် … ။
    ညီလေးရဲ့ ပျော်စရာမွေးနေ့ပွဲကိုတော့ ကိုယ်မတက်နိုင်တော့ပါဘူး … ။
    ဘယ်လိုပဲဖြစ်ဖြစ်
    ဆန္ဒ နဲ့ ဘဝ တစ်ထပ်တည်းကျပါစေလို့
    ဆုတောင်းပေးလိုက်ပါတယ်ဗျာ … ။
    ခင်တဲ့
    တွံတေး ဘလက်ချော …။

    • Khaing Khaing

      October 4, 2012 at 4:14 pm

      ခင်တဲ့ရဲ့နောက်ကစာသားလေးက ထူးခြားနေသလိုပဲ … လူတိုင်းပါးစပ်မှာ အမြဲတမ်းရှိတယ်လို့ ဆိုလိုတာလား လေးလေးဘလက် … ပျောက်နေတာကြာပီနော် … ပါးစပ်ကမပြောပေမယ့် စိတ်ထဲမှာတော့ မဲမဲနဲ့မျက်မှန်တပ်တတ်လူကြီးကို အမြဲအတွေးထဲရှိနေပါတယ် … အခုတော့ ခဏထုတ်ထားပါတယ် … တော်ကြာ စိတ်ကူးထဲက ပုံရိပ်တွေ အပြင်မှာ လက်တွေ့ဖြစ်ရင် အိမ်က ချစ်ချစ်ကို တုတ်နဲ့လာစော်နေမှာစိုးလို့ .. ခွီခွီ ..

      လေးဘလက်ကို သတိရခြင်းနဲ့အတူ ကိုအမတ်မင်း(အတွေးချာချာလည်) မွေးနေ့မှသည် နောင်နေ့ပေါင်းများစွာမှာ အတွေးနဲ့ အလုပ် ထပ်တူကြပါစေလို့ ……….

  • စိန်ဗိုက်ဗိုက်

    October 4, 2012 at 1:12 pm

    အပေါ်က ကိုဖတ်ကတ်တို ့ မိသားစုကိုမြင်ရတာ ပျော်စရာကြီးဗျ
    ကျနုပ်တို ့အိ အင်ဇာဂီ လာရင် ဘီအီးကစ်ကြတာပေါ့ဗျာ.
    ပြီးဒေါ့..
    မျက်မမြင်တွေ ကဗျာ ဂျွတ်တာ ခုမှ ယုံတော့တယ် ..ဂိန်..ဂိန်..
    ဟပ်ပီးဘတ်ဒေးပါ အူးမတ်ရေ..
    ကြိတ်ကြိတ်ပြီးတောင်းတဲ့ဆုတွေ အမြန်ပြည့်ပါစေဂျောင်း

    • R Ga

      October 4, 2012 at 4:15 pm

      ကိုဖက် သားလေးက အတော်လေးကြီးနေဘီ ကို ဗျာ…… အဟိ…။ သားသားလေးနာမည်က ဘယ်ရိုခေါ်ရဲမ တိဘူး

      • စိန်ဗိုက်ဗိုက်

        October 4, 2012 at 4:19 pm

        တားအဖနှစ်ယောက် ပျော်မြူးနေကြတာ ရှကီငတ်နေတုန်း ဘီအီးကန်ထဲ ထိုးကျတဲ့အတိုင်းပဲ

  • Novy

    October 4, 2012 at 1:23 pm

    Happy Birthday to အမတ်မင်း.
    ဆန္ဒနဲ့ ဘဝတထပ်ထဲ့ကျပါစေလို့
    ဆုတောင်းပေးလိုက်ပါတယ်

  • kyeemite

    October 4, 2012 at 1:26 pm

    လွှတ်တော်မတက်တဲ့ ကျုပ်တို့ရွာက အမတ်မင်းတစ်ယောက်
    မနက်ဖြန်မှာကျရောက်မဲ့ မွေးနေ့မှသည် မွေးနေ့ပေါင်းများစွာ
    ကျန်းမာ၊ချမ်းသာ၊ပျော်ရွှင်စွာနဲ့ လှပတဲ့ မိသားစုလေးတစ်ခုနဲ့အတူ
    ဖြတ်သန်းနိုင်ပါစေလို့….ဆန္ဒပြုပါတယ်…
    ခင်တဲ့..
    မိုက်။ :gee: :hee:

  • ကိုခင်ခ

    October 4, 2012 at 1:26 pm

    ကိုအမတ်မင်းရေ Happy Birthday ပါနော်။
    မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ လိုချင်တာတွေပြည့်ပါစေလို့ ဆုမွန်တောင်းပါတယ်။

  • Mon Kit

    October 4, 2012 at 1:31 pm

    “Happy Birthday” ပါ ကို အမတ်မင်းရေ…
    ပျော်ရွှင် ပြီးပြည့်စုံတဲ့မွေးနေ့လေးဖြစ်ပါစေ…
    ဦးဘလက်ကျေးဇူးကြောင့် ဂဇတ်ရွာသူား အချောအလှ (ခန့်ချော) တချို့ကို မြင်ဘူးတွားပီ…
    ကိုကြောင်ဝတုတ်တို့ မိသားစုကို သဘောအကျဆုံး……. :kwi:
    မိဂီ ကလည်း ရဲတိုက်ထက် ပိုချောသလိုလို……. 😆
    ကိုအမတ်မင်းကလည်း ကိုရီးယားမင်းသားဂလိုလို… :hee:
    နောက်ထပ်လည်း ရွာသူားတွေ မြင်တွေ့ခွင့်ရချင်ပါတယ်ရှင်…

  • အိမ်လွမ်းသူ

    October 4, 2012 at 1:49 pm

    မွေးနေ့မှ သည် နစ်တရာတိုင် ပျော်ရွှင်စွာ နေနှိုင်ပါစေ ကိုအမတ်မင်းရေ။ စကားအတင်းစပ် ဘဝလက် တွဲဖော် ချောချောလေး လဲအမြန်ဆုံးတွေ့ပါစေ။ ပြောတာပြောရတာ ငါ့အကိုက ခန့်ချောကြီးဆိုတော့ ကောင်မလေး တွေက ဝိုင်းဝိုင်းလည်နေ မှာပါ။

  • mayjuly

    October 4, 2012 at 1:56 pm

    ဒီနေ့ကတော့ ပုံလေးတွေကို ပဲ ကြည့်သွားပါတယ်….
    မနက်ဖြန်မှ မွေးနေ့ဆုတောင်းလေး ပေးတော့မယ်ဗျို့ … :hee:

  • pooch

    October 4, 2012 at 1:57 pm

    happy birthday ပါ ကိုအမတ်။
    ကိုယ်စိတ်နှစ်ဖြာရွှင်လန်းလို့ စိတ်သွားတိုင်း ကိုယ်ပါနိုင်ပြီး ဘဝရဲ့ Miss Right ကိုလည်း များမကြာမှီမှာ ရှာဖွေတွေ့ရှိနိုင်ပါစေလို့… 😀

  • Moe Z

    October 4, 2012 at 1:58 pm

    You know you are getting old when the candles cost more than the cake!! :mrgreen:

    Have a wonderful birthday, may you be happy forever!!!!!

    ဘဘဘလက်ရေ ဟိုဘက်ကပို့စ်ကိုပျင်းလို့ မမန့်ဘူး 😆

  • အရီးခင်လတ်

    October 4, 2012 at 1:59 pm

    ဒီ မွေးနေ့ရှင်က ဆိုဖူးတယ်။
    {{{ ဒီလိုမျိုး လက်ဖျား နဲ့တောင် မထိပဲ စောင့်ထိန်းခဲ့လိုက်မိလို့..
    ဒီအရွယ်အထိ
    ဒီလိုလူပျိုကြီး ဖြစ်ကျန်နေခဲ့တာ..
    ဒီပို့စ် ဖတ်ပီး ဒီကွန်မန့်တွေ မြင်လိုက်မှ..
    ဒီကောင် ညံ့ခဲ့မှန်း သိတော့တယ်.. }}} တဲ့။

    ဒီ လူမျိုး အတွက်
    ဒီလို အဖိုးတန်တဲ့ မိန်းကလေး
    ဒီ တစ်နေရာ ရှိနေမှာပါ။
    ဒီလိုမှ မတွေ့ရင်တော့လဲ
    ဒီ ဘဝ မှာ
    ဒီလို ဘဲ ကိုယ့်တန်ဖိုးကိုယ်ထိန်းလို့
    ဒီ အတိုင်း ဘဲ နေပါတော့ကွယ်။ :kwi:

    နောက်တာပါအေ။
    အဖိုးတန် အမျိုးမှန် မိန်းကလေးတွေ တကယ်တော့ အများကြီးပါ။
    Expensive ဆိုတာ လွယ်လွယ် နဲ့ တော့ မရဘူးလေ။

    ရွာ့ကျက်သရေ ဆောင် အမတ်မင်း ရဲ့ မွေးနေ့ မင်္ဂလာမှ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ အတူ Right Time မှာ Right Person ကို တွေ့ပြီး
    ပျော်ရွှင်စွာ ဘဝ လမ်း ကို လျှောက်လှမ်း နိုင်ပါစေ။

    ဆုမွန်ဖြင့်
    အရီး

    ဆုတောင်း နဲ့ တစ်ခြားပုံလေးတွေ အတွက် ကဘချော ကိုလဲ ကျေးဇူးပါ။
    စက်မှုကျောင်းကြီး ကို မြင်တိုင်း ကိုယ်မရ လိုက်တဲ့ ဘာသာရပ် တွေ ကိုလွမ်း တယ်။
    ကြောင်ဝလေးတို့ မိသားစု ကိုမြင်တော့ အော်ရီမိတယ်။
    အပေါ်ဆုံးက ပုံ ကို ကြည့်ပြီး တရာ ရမိတယ်။
    Single ပုံတွေကို ကြည့်ပြီး ရွာထဲမှာ မင်းသားတွေ ရှိပါလားလို့ သိလိုက်တယ်။
    ဒီတော့ မောင်လူချော အဖွဲ့ ဆိုလား။ အဲဒီမှာ အဖွဲ့ဝင်တိုးလို့ရပြီ။
    😆

  • Crystalline

    October 4, 2012 at 2:06 pm

    Wishing you the best on your birthday and each day through out the year… ဓါတ်ပုံလေးတွေထဲမှာတော့ မိသားစုပုံလေးကိုအကြိုက်ဆုံးပဲ..
    OMG…85 ကျောင်းဆင်းတွေဆိုတော့ လေးလေးစားစားဆက်ဆံရမယ့်အရွယ်တွေပဲ..

    • Crystalline

      October 4, 2012 at 7:46 pm

      အသက်က ငွေရတုဘယ်နှစ်နှစ်လွန်လဲမသိ :kwi:
      တကိုယ်တော်ဂိုက်ပေးကြမ်းနေတဲ့သုံးယောက်ကတော့ တယောက်က တလားမင်းသား၊တယောက်ကလူကြမ်းမင်းသာ၊ မွေးနေ့ရှင်ကတော့ဟောင်ကောင်မင်းသားနဲ့တူတယ်

  • လယ်ထွန်Z

    October 4, 2012 at 2:41 pm

    သီချင်း လေး ပဲ လက်ဆောင်ပေးတော့မအေ…အူးမတ်ရေ..
    အင့်အင့်….

    Older Guy

    I had a birthday, my oh my
    I turned into an older guy
    And older guy is what the girls will say
    (When they) try to tell their mom and dad
    That maybe it won’t be so bad
    At least he’s got a job and isn’t gray
    Yet!
    It’s right around the corner
    Yeah the time is sneaking up
    It keeps on getting faster every year
    But I’ll be happy as can be
    With pretty girls too young for me
    They talk and talk, but I can barely hear

    I have a girl of 25
    She hasn’t even been alive
    As long as I’ve been playing this guitar
    She treats me like her little boy
    I must admit I do enjoy
    Pretending that I’m younger than I are
    She wants to start a family, but in a year or so
    I may not have the strength to raise a kid
    Cause if a child rides piggyback
    I think that you would hear a crack
    And see me break in two just like a twig

    I had a birthday yesterday
    It came and went and now today
    It’s time to get back to my normal life
    Where I forget how old am I
    And walk down to the junior high
    To see if any girls will be my wife
    No!
    I don’t think it will happen
    And you probably think I’m wrong
    For chasing younger girls in leather boots
    But I am harmless as can be
    I’ll show you if you want to see
    My gun will aim, but it no longer shoots

    အူးမတ်ရေ ..
    မြန်မြန်ယူဗျို့ …
    သီချင်း နောက်ဆုံး စာသား
    My gun will aim, but it no longer shoots
    အဖြစ်မခံနဲ့ ဟီဟိ

    :kwi:

    • အရီးခင်လတ်

      October 4, 2012 at 2:54 pm

      သူများကို တော့ ပြောနေတယ်။
      “My gun will aim, but it no longer shoots အဖြစ်မခံနဲ့ ဟီဟိ “တဲ့။
      အရီး တူတော် လေးကရော ထိအောင် ပစ်တတ်ရဲ့လား။
      မထင်။ :harr:

      • ကြောင်ဝတုတ်

        October 4, 2012 at 4:40 pm

        အရီးနဲ့ ဂီဂီရေ….
        အဲဒီသီချင်းလေးကို youtube မှာ နားထောင်ပြီးဘီ…
        စာသားလေးရော အကုန်လုံးက ခိုက်တယ်ဗျာ… သီချင်းအေးအေးလေး…
        အစ်ကိုကြီးအမတ်မင်းအတွက်တကယ်ကို ကွက်တိကျတဲ့သီချင်းပါပဲ…

        အောက်ကလင့်လေးမှာသွားကြည့်လိုက်အော်… စာသားလေးပါတွဲလျက်ပေါ့…
        http://www.youtube.com/watch?v=ga4VHtgrpLc

        ခင်မင်လျက်-
        ကြောင်ဝတုတ်

      • လယ်ထွန်Z

        October 4, 2012 at 7:27 pm

        မုန်တိုင်းလာမယ့်အချိန် အိုကီနာဝါသွားမိလို့
        တိုကီယိုက ကျိကျိ လိုက်မလာနိုင်လို့ စိတ်ထိခိယက်နေပါတယ်ဆို.
        မန်းဒေတရက်တောင် ခွင့်ယူရတယ်ခည. အိုကီနာဝါက မုန်တိုင်းက
        အဲ့အချိန် နဂိုရွာ ရောက်နေလို့ လေယာဉ်မပျံလို့
        ခုတော့ ပြန်ရောက်ပါဘီဗျာ.

        အဲ့လာကို
        ငိုဂျင်အောင် လုပ်ပြန်ဘီ

        စကားမစပ်.
        နက်ဖန် တိုကီယို လိမ့်ပီဗျာ.
        ဟုတ်ကဲ့
        နူးညံ့တဲ့ အမိန့်တော် ဆိုတော့လည်း. ပယ်ရှားရ ခက်သားကလား.

        P.S ကျိကျိ အစ်မတော် နောက်လ ယောက်ျားယူမှာမို့.
        ကျိကျိ က အနည်းဆုံး ၃နှစ် ပိုစ့်ပုံး ကျေညာသမို့
        ဖီးလ် ကွေးနေပါဂျောင်း

        ခင်တဲ့

  • surmi

    October 4, 2012 at 2:46 pm

    ဦးဘလက်ရဲ ့မွေးနေ ့လက်ဆောင်ပေးပုံကမိုက်တယ်ဗျာ
    နောက်ကျရင်အတုယူရမယ်
    ကဲကဲ မွေးနေ ့ရှင်အတွက်ဆုတောင်းပေးပါတယ်ဗျို ့
    တ သမျှ ရပြီး
    ရ သမျှ ကျေနပ်ဝမ်းမြောက်နိုင်ပါစေ လို ့

  • manawphyulay

    October 4, 2012 at 3:00 pm

    လွှတ်တော်ရောက် မောင်အမတ်မင်းတစ်ယောက်
    သက်တော် ဘယ်လောက်ပြည့်ပါသလဲ…
    ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဟတ်ပီးဘတ်ဒေးပါ
    မောင်လေးအမတ်ရေ…..
    သက်တော်ရာကျော်ရှည်ပါစေ…

  • ကိုရင်မောင်

    October 4, 2012 at 3:20 pm

    ကြောင်ဝတုတ်ရဲ့မိသားစုပုံလေးကတော့လန်းသဗျို…..
    သားအဖတွေရုပ်ချင်းလဲမတူဘူးနော်….ဟားဟား
    စိတ်မဆိုးနဲ့နောက်တာ…..
    ဂီဂီကလဲ ရဲတိုက်နဲ့ပိုချောတယ်သေးဗျာ…တကယ်ပြောတာပါ…
    ဂိုက်ပေကြမ်းတဲ့သူက ဘယ်သူလဲဆိုတာပြောကြပါအုံး……
    မွေးနေ့ရှင်လူပျိုကြီး အမတ်မင်းကတော့ ခန့်ချောကြီးပါလား….
    အမှတ်တရပုံလေးတွေကူးတာလိုက်ပါတယ်
    ၅ရက်နေ့ကျရောက်မဲ့မွေးနေ့ရှင် အမတ်မင်းတယောက်
    ၅ရက်နေ့ကျရောက်မဲ့မွေးနေ့မှနောင်မွေးနေ့ပေါင်းများစွာ
    ပျော်ရွင်ချမ်းမြေ့တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့
    ဆုတောင်းပေးလိုက်ပါတယ်……………..

  • Shwe Tike Soe

    October 4, 2012 at 3:44 pm

    အလကား လူပျိုသိုးကြီး ဇလဲ မရှိပဲ အသက် ဒီအရွယ်အထိဖြတ်သန်းလာတာ… ရည်းစားလေး တစ်ယောက်တစ်လေ အောင ်ဟတ်ပီဘတ်ဒေး အာဝါးပေးမယ့်သူမရှိရှာဘူးအေ……. သနားထာ..
    မနက်ဖြန်ကြရင် အိမ်ရှေ. ပန်းခွေ ပို.လိုက်မယ်… ဟိဟိဟိ…
    ညနေ ဘီယာတိုက်ရင် အာဝါးပေးမယ်…. သက်စိပေးမယ်….

    ကိုမတ်ကြီး အသက်ဘယ်လောက်ရောက်မှန်းမသိပေမယ့်… နောက်ကျန်နှစ်ရက်ရှည်တွေကို ယွန်းဝတီလွင်မိုးလို ကောင်းမငယ်လေး ဖြစ်ဖြစ် ချမ်းမီမီကိုလို ကောင်မကြီး နဲ.ပဲဖြစ်ဖြစ် တစ်ယောက်ယောက်နဲ. ညိကာ လူပျိုဘဝမှ ပုဆိုကျွတ်ပြီး အိမ်ထောင်သည်ဘဝကို ပျော်ပျော်ကြီး မြန်မြန်ပြောင်းလဲ နိုင်ပါစေ
    :kwi: :kwi: :hee:

  • ဘိုကလေးသား လွှတ်တော်ကိုယ်စားလှယ်ရေ…
    ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်… နောင်နှစ်ပေါင်းများစွာတိုင် ချစ်သောမိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်တဲ့ ဘဝ ကို ပိုင်ဆိုင်နိုင်ပါစေ…

    ကြောင်ဝတုတ်မိသားစုကို ကြည့်ပြီး ရီနေရတာ တော်တော်ကြာပြီးတဲ့သကာလ… နောက်တစ်ပုံကို ကြည့်လိုက်တယ်အခါ…. ရဲတိုက်ကြိုက်တဲ့ လုံမ ငုတ်တုတ်မေ့သွားပါလေရော…ဟီးဟီး..(နောက်ထှာနော်…) လုံမကလေ မိဂီကို အသက်ကြီးကြီးလူကြီးလို့ ထင်ထားတာ.. :mrgreen:

    ဟို ခြင်းအနီပေါ်က ပုံကတော့ အိမ်မှာ ခဏခဏ မြင်ဖူးတယ်… :kwi:

    တို့အမတ်မင်းက ခန့်ချောကြီးတော့်..ဧကန္တ…. လုံမတို့နဲ့ မြို့ချင်းနီးလို့ ထင်တယ်.. (ဆိုင်ဆိုင်မဆို်င်ဆိုင်..ဆိုင်တယ်လို့မှတ်…) :harr:

    • အော်..မေ့လို့…ဟိုဂိုက်ပေးကြမ်းတဲ့ လူကြိးကိုတော့ ဘယ်သူနဲ့တူလဲလို့ စဉ်းစားနေတာ… 🙄 🙄

  • kai

    October 4, 2012 at 3:52 pm

    အင်း.. ကျောင်းတော်ကြီးကို.. လွမ်းသဗျာ…
    ဆိုတော့…

    မွေးနေ့ရှင်.. လူပျိုဘဝမြန်မြန်ကျွတ်ပါစေသတည်း..
    နောက်နှစ်မှာမှ.. မကျွတ်လျှင်.. ပုဆိုးကျွတ်ပါစေသတည်း…
    ( ဘောင်းဘီဝတ်ရတဲ့.. နိုင်ဂျံဂါးရောက်မယ်ပြောတာ) :kwi:

    စကားအတင်းစပ်..
    အဲဒီကျောင်းသားဟောင်းလည်း.. ဒီနှစ်ထဲတင်… ယူအက်စ်လာသွားသမို့.. ဖြတ်ဆို.ကြည့်တာနဲ့.မှတ်မိပါ့ဗျာ..
    ဓါတ်ပုံတွေအတွက်.. ကျေးကျေးကမ္ဘာ…

  • R Ga

    October 4, 2012 at 4:19 pm

    H
    A
    P
    P
    Y
    B
    I
    R
    T
    H
    D
    A
    Y
    ရွှေ ယောက်ဖကြီး……။

  • ကြောင်ဝတုတ်

    October 4, 2012 at 4:36 pm

    ဒီတော့ကာ…
    မနက်ဖြန်ဆိုရင် ကျွန်တော့်ရဲ့အစ်ကိုကြီးကိုအမတ်မင်းရဲ့ မွေးနေ့မင်္ဂလာရက်မြတ်ပေါ့ဗျာနော…
    ကိုအမတ်မင်းကလဲ ဝီစကီချောင်းစီးအလှူကြီးပေးမယ်တဲ့…
    (မနက်က သူ့အမေအိပ်တုန်း နားကပ်လေးကနှစ်ဖက်… အစ်မရဲ့ဆွဲကြိုးလေးလဲပါဆိုလား… ပြေးပေါင်ထားတယ်တဲ့…)

    ကျွန်တော်တို့နဲ့ ဂဇက်မှာခင်ပေမယ့် အပြင်မှာညီအစ်ကိုရင်းအလား ခင်မင်ရင်းနီးရပါသော… အစ်ကိုကြီးအမတ်မင်းရဲ့…
    မွေးနေ့မင်္ဂလာရက်မြတ်မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင်… ခင်မင်သောသူငယ်ချင်းအရက်သမားများ…
    အဝေးမှတိတ်တိတ်ချစ်မြတ်နိုးရပါသော ချစ်သူများနှင့် ပျော်ရွှင်သောဘဝ… လိုတရသောဘဝကို ကျွန်တော့်အစ်ကိုကြီးအမတ်မင်း ပိုင်ဆိုင်ရရှိနိုင်ပါကြောင်း ဆုမွန်ကောင်းတောင်းပါသည်ခင်ဗျား…

    ခင်မင်လျက်-
    ညီလေးကြောင်ဝတုတ်

    • စိန်ဗိုက်ဗိုက်

      October 4, 2012 at 4:48 pm

      အောင်မာ..အောင်မာ..ခေးအဖေကများ ညေး ကျောင်ဝတုတ် စိုဘဲ
      :harr:

      • R Ga

        October 4, 2012 at 5:40 pm

        လေးဗိုက်ကလည်း ဘဘ ကြောင်ဝတုတ်ကို အဲရို မပြောပါနဲ့ ဂျ..။

  • သူရဇော်

    October 4, 2012 at 4:39 pm

    အမတ်ကြီးအတွက် မွေးနေ့မှာ ကျုပ်အစ်မတစ်ယောက်လက်ဆောင်ပေးချင်သဗျ…..ဒါပေတိ ဒီလူကြီးက လက်မခံတော့လဲ အခက်သားလားကွယ်…… ကဲကဲ အမတ်ကြီးရေ ဆော်ကြည်၊ ထီပေါက်၊ နိဗ္ဗာန်ရောက်စေဗျာ……. ဆော်မကြည်ချင်ရင် ဂေါ်လီလုပ်ဗျာ…… ကဲကဲ အမတ်ကြီးရေ ကျုပ်အစ်မယူရင်ယူ မယူရင်လဲမတက်နိုင်ဘူးဗျာ……. ပျော်ရွှင်ဖွယ်မွေးနေ့လေးပါဗျာ…… HAPPY BIRTHDAY AMATMIN

  • နှင်းဆီ ငုံ

    October 4, 2012 at 5:39 pm

    Happy Birthday ပါ ကိုအမတ်မင်းရေ
    မွေးနေ့မှစ နောက်နှစ်ပေါင်းများစွာ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့
    ဆုတောင်းပေးပါတယ် …

  • Wow

    October 4, 2012 at 5:42 pm

    ပျော်ရွင်စရာမွေးနေ့ဖြစ်ပါစေ လွတ်တော်မတက်တဲ့ ကိုကြီးမတ်ရေ…
    ယင်မ မသန်းဝူးသာချိုဒယ်… ဟိုတစ်လောက ဒါ့ပုံထဲမှာ ယင်တလောင်းလောင်းနဲ့လားလို့ :harr:
    :kwi:

  • Fall Guy

    October 4, 2012 at 7:06 pm

    အမတ်မင်းကခေါင်းပေါင်းလဲမပါ ပါလား။ မင်္ဂလာဆောင်ရင်တော့ဆောင်းရမှာပါ…..
    Happy Birthday ပါ။…..
    ဒါနဲ့စကားမစပ် ကြောင်ဝတုတ်ကတော့အိမ်ထောင်ကျတာစောတယ်ထင်တယ်..။ကလေးတောင်အတော်ကြီးပေါ့

  • ဂန္ဓာရီ ဆြာအုပ်

    October 4, 2012 at 7:17 pm

    “လူပျိုစစ်စစ် ယင်မတောင် မသန်းသေးဘူးတဲ့” လား..အငုံးလေးပေါ့.. ဟီဟိ

    • လယ်ထွန်Z

      October 4, 2012 at 7:29 pm

      ကဖက်ကတ်ပေါတာကတော့ ယင်မ. မသန်းဘဲ. ပျားထီးဂျီး အားပါးတရ တုတ်သွားခံထိလို့
      ခုလိုဖစ်နေသတဲ့

      ခစ်ခစ်

      :harr:

  • မှော်ဆရာ

    October 4, 2012 at 7:28 pm

    ရွာထဲမှာ ကွန်မန်းမပေးဖြစ်တာ ကြာပေမယ့် ချစ်ကိုကြီးအတွက် တကူးတက လာဆုတောင်းပေးလိုက်ပါတယ် ..
    လိုရင်းအချက်ကတော့ ဟိုဒင်းအတွက်ပေါ့နော ….
    ရပါစေဗျာ … 🙂

  • ဦး ဂျစ်

    October 4, 2012 at 10:09 pm

    ကိုအမတ်မင်းတယောက် ချမ်းသာသုခ ပြည့်စုံစေဗျား….
    နောင်များလဲ အလှုူငွေ ထည့်ဝင်ရဖို့ ကြုံတဲ့အခါ …
    နိဗ္ဗာန်ဆော် လုပ်ပြီးလာယူပေးလှည့်နော့ ….။

  • ရဲစည်

    October 4, 2012 at 11:47 pm

    ကိုအမတ်မင်း၏ ၃၈နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင်…
    အသက်ရှည်
    အနာကင်း
    အဲ.. လူပျိုဂျီး ဖြစ်ခြင်းမှလဲ ကင်းဝေပါစေသတည်း…
    အစ်ကိုကြီး အမတ်မင်းရေ ၄ဝကျော်မှ ဘဝစတာတဲ့ တောင့်ထား ၂နှစ်ကျန်သေးဒယ် :mrgreen:

  • padonmar

    October 4, 2012 at 11:50 pm

    မတ်မတ်ရေ
    ဟက်ပီဘတ်ဒေးပါ။
    လူပျိုကြီးဆိုတာ လွယ်လွယ်နဲ့ရတဲ့ရာထူးမဟုတ်ဘူး။(သူများတွေ ကြွားတဲ့ အုပ်အုပ်တို့ ကျိကျိတို့ သဲတွေ သက်တွေ နားမယောင်နဲ့)
    ဒီလောက်အသက်ကိုရောက်အောင် မာတုဂါမလေးတွေရဲ့ သွေးဆောင်ဖျာရောင်းမှုကို ကြံ့ကြံ့ခံနိုင်မှ ဖြစ်တာ။
    ဂုဏ်ယူလိုက်စမ်းပါ။
    ဘဝမှာ အောင်မြင်မှုတွေကို စိုးမိုးပိုင်ဆိုင်နိုင်ပါစေကွယ်။

  • Silver Twig

    October 5, 2012 at 2:21 am

    I used to be one of the gang. I was out of country on that day. Out of curiosity, I wonder who is Kyi Mite and The Gyi. I might know of, anyway hii to all

    • Tin Tin

      October 5, 2012 at 10:52 am

      ကိုအမတ်ရေ… Happy Birthday ပါ
      မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ကျန်းမာခြင်းများစွာဖြင့် ဘဝတလျှောက်လုံး အောင်မြင်ပြီးပြည့်စုံနိုင်ပါစေနော်…

  • ရွာစားကျော်

    October 5, 2012 at 8:53 am

    ယနေ့ကျရောက်သော မွေးနေ့မှသည် မွေးနေ့ပေါင်းများစွာ
    အမတ်မင်းကြီး ကျန်းမာ၊ချမ်းသာ၊ပျော်ရွှင်စွာနဲ့ စိတ်ကူးထားတဲ့ မိသားစုလေးတစ်ခုနဲ့အတူ
    ဖြတ်သန်းနိုင်ပါစေလို့….ဆန္ဒပြုပါတယ်…
    Happy Birthday..

  • Shwe Ei

    October 5, 2012 at 9:19 am

    ကိုင်း ကိုမတ်ရေ အပေါ်မှာလဲ ဆုတောင်းပေးသွားကျဘီ။ ကျနော်တောင်းပေးစရာဆုလဲ မကျန်တော့ဝူး။
    ဆိုတော့ ဘာဘဲဖစ်ဖစ် ရပါစေဗျာာာာာာာ။ :harr:

  • Ma Ei

    October 5, 2012 at 9:23 am

    မွေးနေ့ပေါင်းတစ်ရာ
    ကိုယ်စိတ်နှစ်ဖြာ
    ကျန်းမာ ချမ်းသာ
    ပါစေကြောင်း ကိုမတ်ရေ…
    မိသားစုရဲ့ လယ်ယာများလည်း
    သီးနှံ ဆန်စပါး တိုးပွား
    ထွက်ရှိပါစေကြောင်း နော်…
    ကြော်ငြာပေးတဲ့ ကိုဘလက် ရဲ့
    ချိုပေါ့ကျ လေးကိုလဲ
    စောင့်မျော်နေပါကြောင်းရှင်…

  • ရွှေ ကြည်

    October 5, 2012 at 9:29 am

    ဦး ညွတ်ဂါဝရ မိနှင့်ဖကို မမေ့သင့်မှတ်
    အ လေးအမြတ် ဂုဏ်တင်အပ်သည်
    မတ် မတ်ရပ်ခဲ့ ဒီဘဝအတွက်
    မွေး ဖွားပေးခဲ့ အားအင်တွေနဲ့
    နေ့ စဉ်သင်ကြား လောကဓံတရား။
    မှာ ကြားဆုံးမ အာစရိယစကားလည်း
    ပျော် ရွှင်စွာပဲစိတ်ထဲမှန်စွာလက်ခံနိုင်ပါစေ။
    ရွှင် ပြုံးဘဝထာဝရရဖို့
    နိုင် သည့်အမှု ညီမပြုမည်
    ပါ ဝင်ဆုတောင်း မန့်ခဲ့ကြောင်းနှင့်
    စေ တနာထားဆုတောင်းသွားသည် ချမ်းမြေ့ဘဝရပါစေ။

    • ရွှေ ကြည်

      October 5, 2012 at 9:56 am

      ဦးဘလက်ရေ အဲဒီကျောင်းဝင်းထဲကိုနှစ်ခေါက်လောက်တော့ခြေချဖူးတယ်။ အဲဒီကျောင်းကြီးမှာတက်ဖူးသူတွေကိုအားကျတယ်ဗျ။
      ကန်တင်းန်မှာတော့ တခါပဲထိုင်ဘူးတယ်။ ဝင်ခါနီး မပုတင် ထားခဲ့ရမယ်ဆိုလို့ လူစုံမပါတာနဲ့ လိုင်စင်ရောရလားဆိုပြီး အတင်းပြောပြီးဝင်ရတာ..။ 85 ကျောင်းဆင်းတွေတွေ့ဆုံပွဲတဲ့ ပျော်စရာကြီးနော်..။
      ဒါ့ပုံတွေကြည့်ပြီးမန့်တွေလိုက်ဖတ်ရင်းရယ်ရပြုံးရမို့ကျေးဇူးတင်ပါတယ်..။

  • ဦးဦးပါလေရာ

    October 5, 2012 at 10:02 am

    ဓါတ်ပုံထဲကလိုပဲ
    အတွေးနက်နက်နဲ့ ဘဝကိုခွဲခြမ်းစိတ်ဖြာနေတတ်ပုံရတဲ့
    ညီလေး အမတ်မင်းရေ….
    မွေးနေ့လက်ဆောင်အဖြစ်
    ဖြစ်ချင်တာတွေဖြစ်ပါစေ…လို့ ဆုမတောင်းပေးတော့ပါဘူး..
    ဖြစ်ချင်တာတွေ မဖြစ်သေးလဲ သိပ်အရေးမလုပ်တဲ့ ရဲရင့်ကြံ့ခိုင်မှု့မျိုးနဲ့
    ဘဝခရီးကို ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနိုင်ပါစေ ……

  • P chogyi

    October 5, 2012 at 11:04 am

    အမတ်မင်းရေ Happy Birthday ပါ။

  • နွယ်ပင်

    October 5, 2012 at 11:05 am

    မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုမတ်ရေ
    နောက်ပြီး ကိုမတ်လိုချင်တာတွေ ဖြစ်ချင်တာတွေလည်း အမြန်ဆုုံး
    အကောင်အထည်ဖော်နိုင်ပါစေနော် … :harr:

  • mayjuly

    October 5, 2012 at 11:18 am

    Happy Birthday ပါ…..
    ဘဝရဲ့ လိုအပ်ချက်တွေ အားလုံးပြီးပြည့်စုံပါစေဗျာ .. :hee:

  • amatmin

    October 5, 2012 at 11:52 am

    (တုတ်ထိုးမရောင်းသင့်တဲ့)မခိုင်. (ဘီအီးသောက်ပီး ညဏ်ထက်တဲ့)ကပေါက်ဖော်.
    (ချစ်စရာ့ညီလေးနဲ့ညီမလေးဖြစ်လာမဲ့)နွယ်ပင်.အာဂ.(ပျော်တတ်တဲ့)အမ မနို.(လယ်ဗယ်မိုက်ခွင့်ပေးတဲ့)ဦးမိုက်.(အတွေးကောင်းတဲ့)ကိုခ.မွန်ကစ်ညီမ.အိမ်လွမ်းသူ.မဂျူးမ.(ကွန်မန့်တိုင်းအပေးကောင်း)မယ်ပုချ်.
    (သတ်ပုံမောင်နှမ)မိုးZ..(wonderful)ဒေါ်ခရစ်.(စွတ်စုံ)ကအင်ကြီး.
    (ဇာတ်ဆရာ)ဘိုဆာမိ.မမနော. ကိုရင်မောင် .(မန်းလေးသားအကိုဖြစ်လာမဲ့)ရွှေတိုက်.
    (မှန်တာပြောတတ်တဲ့)မွန်မွန်.(အလေးစားရဆုံး)သဂျီးမင်း.
    (ကျနော့ထက်ငယ်ချင်ယောင်ဆောင်နေတဲ့)ကဖက်ကပ်.
    (အမပေးအမျိုးစပ်)သူရဇော်.နှင်းဆီငုံ. (အမြင်ထက်တဲ့)ဒေါ်ဝေါင်း(သို့)ဝိုး.ကိုfall guy.
    (ချစ်ဆုံးသူငယ်ချင်း)ဆြာအုပ်.(လက်သွက်တဲ့)ကမှော်.ဦးဂျစ်.(ဘဝတူ)ကရဲစည်.
    Tin Tin.ကို pchogyi (ခင်စရာကောင်းတဲ့)ရွာစားကြီး.(လက်ဗယ်သောက်နိုင်တဲ့)မကြည်ပြာ.
    (မုန့်ကောင်းကျွေးတဲ့)အမအိ.(ကဗျာဆြာမ)ရွှေကြည်.အပါအဝင်
    ရွာ့မိတ်ဆွေတွေ အားလုံးကို ကျေးဇူး အကြီးကြီးဘာ ဗျို့…..
    အင်မတန် နွေးထွေးတဲ့ ဆုတောင်းစကားလေးတွေမို့..တကယ်ကြီးကို အမှတ်တရပါလို့..
    ဝိုင်းပေးကြတဲ့ ဆန္ဒတွေကို ပတ်ယူရင်း ပဲ..
    ကိုဂီပြောတဲ့ ချိန်.ပစ်.မထိ.သံသရာကိုရှောင်နိုင်ဖို့နဲ့
    အရီး ပြောတဲ့ အဖိုးတန် အမျိုးမှန်ကလေး ရဖို့
    ဦးပါ စကားအတိုင်း ခွဲခြမ်းစိတ်ဖြာ ရှာဖွေပီး နောက်ဆုံးမရခဲ့ရင်လည်း
    အန်တီပဒုမ္မာ ပြောသလို သွေးဆောင်ဖြားယောင်းမှုတွေကို ကြံကြံခံ ခဲ့တယ်ဆိုပီး ဖြေသိမ့်လိုက်ပါ့မယ်နော်
    ကျနော်မျှော်လင့်မိတဲ့ မွေးနေ့ ဆုတောင်းပို့စ်လေး
    တင်ပေးတဲ့ ကျောင်းဒကာကြီး ကိုလည်း ကျေးဇူးအထူးပါ နော့.. 🙂 🙂 🙂

Leave a Reply