သူခိုးလက်မှ သူဝှက်လုခြင်း (သို့မဟုတ်) ဖုန်းပျောက်ရှာပုံတော်

we R oneOctober 5, 20121min31416

၂သိန်းတန် ဖုန်းတွေ ပေါ်လာတော့ လူတွေ အလျှိုလျှို ဖုန်းကိုင်လိုက်ကြတာ ကျွန်မလည်း လူထဲ က လူတစ်ယောက်ပေပဲ မို့ ဖုန်းကိုင်ချင်တဲ့ရော ဂါ က တက်လာပါတယ်..။ ရောဂါက တက်လာတော့  တက်လာတဲ့ ရောဂါကို ကုသဖို့ နည်းက တော့ ဖုန်းဝယ်လိုက်ခြင်းပါပဲ..။ ရုံးနဲ နီးတဲ့ ရတနာပုံ တယ်လီပို့ မှာ ၂ သိန်း အတိ နဲ ဝယ်ခဲ့ပါတယ်..။ ဘာအပို ဆာဒါးမှ ပေးစရာ မလိုပါဘူး.။ ၁ဝ နာရီလောက်သွား ဖောင်တင် ၁၅ မိနစ်၊ မိနစ်၂၀ လောက်ဆိုရင် ရပြီ..။ တန်စီစရာလည်းမလိုဘူး.။ Sim Card ရပြီဆိုတော့ ဖုန်းမဝယ် ခင် ၂ ရက်လောက် က ဝယ်ထားတဲ့ Samsung Galaxy ACE ဟန်းဆက်လေးထဲ ကို တစ်ခါတည်းထည့် ငွေဖြည့်ကဒ်ပါ အဲဒီ ကပဲ တခါတည်း ဝယ်ဖြည့်ပြီ သူငယ်ချင်းတွေဆီလိုက်ဆက် “ငါဖုန်းဝယ်လိုက်ပြီ ဒီဖုန်းငါဖုန်း ” ဆိုပြီးတော့ပေါ့လေ.။ ဖုန်းလေး လက်ထဲရောက်လာတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာသလိုပဲ.။ ဟုတ်တယ်လေ လူတိုင်းနီးပါ ဖုန်ကိုင် နေတဲ့ အချိန်မှာ ဖုန်မရှိတဲ့ ကျွန်မ က မျက်နှာငယ်နေရတာ..:D .။

ဟန်းဖုန်းလေးနဲ ဖလန်းဖလန်း ထလို့ မဝသေးခင် မှတ်မှတ်ရရ ဇွန်လ ၁၄ရက်နေ့ည ဖုန်းဝယ်ပြီး ၁၂ ရက် အကြာ တွင် သူခိုးခိုး ခံရပါတော့တယ်..။ ဖြစ်ပုံ က ဒီလို  ကျွန်မ က လှိုင်မြို့နယ်ထဲက အမျိုးသမီး အဆောင် တစ်ခု မှာနေပါတယ်..။ နဂိုက ပင် အအေးကြိုက်တဲ့ ကျွန်မ က ပူအိုက်တဲ့ ဒဏ်ကို မခံနိုင်တော့ ပြတင်းပေါက်တံခါးကို ဖွင့်အိပ်ပါတယ်.။ ကျွန်မ တစ်ခန်းတည်း အိပ်တာ မဟုတ်သလို တခြား အခန်း တွေကလည်း အဲလို ပူအိုက်လာရင် ပြတင်းပေါက်ဖွင့်အိပ်တာ နှစ်ချီရှိနေပါပြီ..။ ဖြစ်ချင်တော့ အဲဒီနေ့ က ည ၉ နာရီလောက် ကတည်း က မျက်လုံး ဖွင့်မရ ဖြစ်နေတာ နဲ နှစ်ယောက်သား (အခန်းဖော် အစ်မနဲ) ပြတင်းပေါက်တံခါးရော မီးတွေးပါပိတ်လို့ ခြင်ထောင်ထဲဝင် အိပ်ဖို့ ပြင်တော့ တော်တော် လေး အိုက်လာတာနဲ ပိတ်ထားတဲ့ ပြတင်းပေါက်ကို ပြန်ဖွင့်လိုက်တယ်.. တံခါး နှစ်ချပ်ကို တံချပ်ပိတ် တစ်ချပ် ဖွင့်လိုက်တာပေါ့..။ ဘေးအခန်းက ကျတော့ ဖွင့်ထားတဲ့ တံခါးကို ပြန်ထပိတ်ပါတယ်..။ (ဒီနေ့ သူခိုးလာမယ် ဆိုတာ သူတို့ကို နတ်များပြောတာလား မသိဘူး).။ ဒီလို့ နဲ ခေါင်းအုံးနဲ ခေါင်းနဲ ထိတာနဲ အိပ်ပျော်လိုက်ကြတာ နံနက် ၅ နာရီကျော်လောက်မှ အဆောင် ရှင် အဖွားကြီးရဲ့ သားနဲ သူ့ သမီး (အဖွားကြီး မြေး)တို့ က မနက်လမ်းလျောက်အထွက်မှာ အိမ်ရှေ့မှာ မိန်းကလေး ကိုင်လွယ်အိတ်တစ်လုံး ကောက်ရလို့ ဖွင့်ကြည့်ရင်းနဲ  အခန်းဖော် အစ်မရဲ မှတ်ပုံတင် ကို တွေ့လို့ လာနိုးမှ နိုးတော့တယ်..။  အဲဒီတော့ မှ ပစ္စည်းတွေ ကို စစ်ကြည့်မှ ကျွန်မ ဖုန်းရော အစ်မရဲ့ ပိုက်ဆံတွေ ရော အကုန်ပါသွားမှန်းသိတော့တယ်..။ ကံကောင်းတာ က ကျွန်မ Netbook အစုတ်လေး ပါမသွားတာပဲ..။ အစ်မရဲ့ အိတ်က ကျွန်မတို့ ကုတင်ခြေရင်မှာ တင်ထားတာ ကျွန်မ netbook လေး ကို အစ်မ ရဲ့အိတ်ပေါ်တင်ထားတာ. ပြတင်းပေါက်ကနေ ပြီ တံချူနဲ လှန်ချူးတာ အိတ်ကို ရပြီ Netbook က ကုတင်ပေါ်ကို ပြုတ်ကျ တာတောင် ကျွန်မ တို့ က မနိုးဘူး.. (အဲလို အအိပ်ဆပ်တာ.. :D) …။ အဲဒီနေ့ ကလည်း တဆောင်လုံး တစ်ယောက်မှ  တစ်မှ မနိုးကျတဲ့ အပြင် ခါတိုင်နေ့တွေ ည ၂ နာရီလောက်မှ အရက်မူးပြီး ပြန်လာတဲ့ အဖွားကြီး သမက်ကလည်း စိတ်ကောင်းတွေဝင် ပြီး စောစော အိပ်လို့..။

အဲနေ့ ၉ နာရိလောက်ကျရော ရဲတွေ ရောက်လာပြီး ဟိုမေးဒီမေး လုပ်.။ ဟိုကြည့်ဒီကြည့်ပေါ့…။ ဖုန်းကို တော့ ပြန်ရနိုင်တယ်.. ပိုက်ဆံက တော့ ပြန်မရနိုင်ဘူး ဆိုပြီး အဲဒီနေ့ ကတည်းက အပြတ်ပြောသွားတယ်..။ ကျွန်မလည်း နောက်နေ့ တနင်္လာနေ့မှာ စာချုပ်လေးကိုင် ပြီး ပြည်လမ်းက ရတာနာပုံမှာ  ဖုန်းကဒ် ပြန်သွားေှလျှာက်တာ ၂ သောင်းပေးရတယ် ၃ ပတ်ကြာမယ်ပြောတယ်..။ ရုံးကို ပြန်ရောက်တော့ အဆောင်က ဖုန်းဆက်တယ် ရဲစခန်း က လူတွေ လာသွားတယ် သူခိုး ကို မိပြီတဲ့ .. သူခိုး က ဆိတ်ကြီခနောင်တို က ရဲဘက်ပြေတဲ့..( ကြားရတာနဲ တင် ကျောကို စိမ်းသွားတာပဲ..။ ကံကောင်းလို့ လူကို ဘာမှ အန္တရာယ် မပေးသွားတာ..။) နောက်ပြီး တခြား အမှု တွေနဲ ပေါင်းရင် စုစုပေါင်း ၈ ခုတဲ့..။ လူလည်း မိပြီ ပစ္စည်းလည်း သိမ်းပြီးသွားပြီတဲ ကျွန်မလည်း ကိုယ့်ဟန်းဆက်လည်း ပြန်ရမယ်ဆိုပြီးပျော်တာပေါ့..။

အဲဒီဖုန်းလေး ဘယ်တော့များ ပြန်ရမလဲ ဖုန်းဆက်လိုက်ရတာ။ လူကိုယ်တိုင်း မြို့နယ်ရဲစခန်း ကို သွားလိုက်ရတာ၊ ဟိုနေ့ပြန်ရမယ် ဒီနေ့ပြန်ရမယ်နဲ မျှော်နေလိုက်ရတာဖတ်ကိုမောလို့ .. ။ မြို့ယ်နယ်ရဲစခန်းက နေ တိုင်းဌာန ချုပ်ကို ဆက်သွယ်ပါ သူတို့နဲ မဆိုင်းတော့ပါဘူးရယ်လို့ ဆိုပြီး ဖုန်းပျောက်ပြီး ၄ လအကြာမှာ ပြောပါတယ်..။ ဒါနဲ ကျွန်မ လည်း တိုင်ဌာနချုပ် ဖုန်းကို ဆက်ရတော့တာပေါ့…။ လူကိုယ်တိုင်သွားမေးဖို့ကလည်းနေရာမသိတော့..ဖုန်းပဲဆက်မေးရတာပေ့ါ.။ သူတို့ဘက်ကလည်း အကြောင်းပြန်ပေးမယ်ဆိုတာကြည်းပဲ.။

မနေ့ကတော့ မြို့နယ်ရဲစခန်းက ဖုန်းဆက်လာပါတယ်.။ ဖုန်းက သူ့လက်ထဲကို ရောက်နေပါပြီတဲ့ အဲဒါကို လှမ်းအကြောင်းကြားတာပါတဲ့..။ သူမကြာခင် ပြန်ပေးနိုင်အောင် ကြိုးစားသွားပါမယ်တဲ့.။ သန်ခေါင်ထက် ညဥ့်မနက်တော့ပြီမို့ မာမာအေး သီချင်းလိုပဲ.. “နက်ဖြန်သို့မဟုတ် ဘယ်သောအခါ” လို့ပဲ ဆိုလို်က်ချင်တော့တယ်…။

we R one

 

16 comments

  • စိန်ဗိုက်ဗိုက်

    October 5, 2012 at 2:55 pm

    ကျနော် ဟုတ်ဘူးနော်..

  • uncle gyi

    October 5, 2012 at 4:08 pm

    ကူညီပရစေတွေကဒီအတိုင်းချည်းပဲ
    ဘယ်သူ့ကိုအဖေခေါ်ရမှန်းကိုမသိဖူး
    ကျွန်တော့်ဆိုင်ကယ်တစီးလည်းပျောက်သွားတယ်
    နောက်၁လလောက်ကျတော့မိပြီတဲ့
    တရားခံသာထောင်ကျသွားတယ်ကြားတယ်
    ဆိုင်ကယ်ကပေါ်မလာတော်ကြာမောင်မမျှော်ပါ
    ဇာတ်ကားရိုက်သွားတာအခုထိပဲ

  • jullies cezer

    October 5, 2012 at 4:10 pm

    ကိုယ့် handset ကို အမျိုးအစားအတိအကျ အကောင်းတိုင်းပြန်ရရင်တော့ ကံကောင်းလို့သာမှတ်လိုက်ပါ။

  • may flowers

    October 5, 2012 at 5:18 pm

    ကူညီပရစေ ကူညီပရစေရှင့် :buu: :buu: :kwi:

  • ဂန္ဓာရီ ဆြာအုပ်

    October 5, 2012 at 5:43 pm

    သေပီဆရာပဲ.. ဖုံးထဲမှာ ဘာဒွေပါသေးလဲဟင်..

    • မောင်ပေ

      October 5, 2012 at 8:45 pm

      ဂန်တာရီ ဆြာအုပ် ကို ရိုက်ထားတဲ့ ကိုယ်လုံးပေါ်ပုံ၂ပုံ ပါသွားသတဲ့ဗျာ
      :kwi:

  • kai

    October 6, 2012 at 4:15 am

    ကျုပ်ကတော့.. သူခိုးကိုရဲကဖမ်းမိတယ်… ဆိုတာကိုအံ့ဩတာ..
    ဘယ်လိုလုပ် သိပြီး…ဖမ်းမိသလဲမသိဘူးနော..

    ယူအက်စ်မှာဆိုရင်တော့.. ခိုးခံရရင်.. သူခိုးမမိဖို့က. တော်တော်သေချာတယ်.. :kwi:

    • မောင်ဘလိူင်

      October 6, 2012 at 11:19 am

      အင်း….ဟုတ်တယ် သဂျီးရေ…ကျွန်တော့်တုန်းက သူများဆိုင်ကယ် ငှားစီးပြီး
      အခိုးခံရပါလေရော…ရဲစခန်းသွားတိုင်တော့ စခန်းမှူးက မေးစေ့လေး ပွတ်ခါ
      ပွတ်ခါနဲ့ ..အမှုတကာ အမှုထဲမှာ ခိုးမှုလိုက်ရတာ အင်မတန်ခက်တဲ့ အကြောင်း
      အားပေးပါလေရောဗျို့….။အမှုလိုက်တဲ့ ကိုယ်တော်များ ဆိုင်ကယ်လေး နဲ့
      အိမ်ကို လာလာပြီး ဟိုပြောဒီပြော..ထည့်ပါဦးကွာ ဆီတစ်ဂါလံလောက်..ဘာ
      ညာနဲ့။ နောက်တော့ ဒင်းတို့ အားကိုးလို့မရတော့ ငါ ကိုယ်တိုင်လိုက်မယ်ဆိုပြီး
      ကျွန်တော်ကိုယ်တိုင် အပြင်းအထန်စုံစမ်းတယ်။မြို့ထဲက ဂျပိုး..သူခိုး..အပေအတေ
      လူမိုက် ပေါင်းစုံဆီမှာ စနည်းနာ…နောက် ထောင်ထဲထိပေါက်ရောက်တဲ့လူတွေ
      နဲ့ ချိတ်ပြီး ထောင်မင်းသားတွေ..လက်ကောက်တွေအထိ လိုက်စုံစမ်း…ရလာတဲ့သတင်း
      အချက်အလက်တွေကို စိစစ်ကြည့်…ဒါတွေ ပြန်ပြောရင် စာအုပ်ကြီး တစ်အုပ်ဖြစ်လောက်
      တယ် 🙂 နောက်ဆုံးကျတော့…တခြားနယ်ကလူ ဖြစ်ရင်ဖြစ်…လက်စမရှိတဲ့ လူ
      တစ်ယောက်ယောက် ဖြစ်မယ်လို့ ခန့်မှန်းမိတာနဲ့..လက်လျှော့လိုက်ရမလိုဖြစ်လာ
      တယ်။ ဒီလိုနဲ့ ၁ဝလလောက်ကြာသွားပြီး တစ်ရက်တော့ ကျွန်တော့်ဆိုင်ကယ်လေး
      ကို လူတစ်ယောက်က စီးလာပြီး အိမ်နားက လက်ဘက်ရည်ဆိုင်လာထိုင်ပါလေရော..။
      ကျွန်တော့်အဖေကလည်း ဟုတ်ပြီ…ဆိုပြီး သူတို့ပြန်တော့ အသာလေး လိုက်သွား..ကျွန်
      တော်က ရဲစခန်းပြေး..ရဲတွေခေါ်…သူတို့ခေါ်တာ တော်တော်ကြာသဗျာ…ဘယ်တုန်းအမှု
      လည်း ဘာညာတွေ ပြန်ပြောနေရသေးတယ်။ နောက်တော့ လန်းရိုဗာ ကားစုတ်ကြီးပေါ်
      မှာ ရဲသားတွေ လေးယောက်လောက်..ပဋိက္ခရာ (အီကွစ်မန့်) အစုံအလင်နဲ့ ဓားပြဂိုဏ်း
      သွားဖမ်းမဲ့အတိုင်းပဲ…ရှေ့က ဆိုင်ကယ်နဲ့ တစ်ယောက်က ပါသေး…။အိမ်နားရောက်
      တော့ အဖေက လွှတ်လိုက်တဲ့ လူတစ်ယောက်ရောက်နေပြီး ဘယ်မှာဆိုတာ ပြောဖို့စောင့်
      နေတယ်။ ကျွန်တော်တို့ မြို့နားက မြို့လေးတစ်မြို့ထိ လိုက်သွားရတယ်…ဆယ့်နှစ်မိုင်လောက်
      ပေါ့။ ခိုးတာက အိမ်နားက ကလေးတစ်ယောက်ပါ…သူက ဆိုင်ကယ်ကို ဖျက်ပြီး သူ့ရွာပို့ထား
      တယ်…။ရောင်းမရလို့ထင်ပါ့။ နောက်တော့ ကောင်လေးက စက်ဘီးခိုးမှုနဲ့ မိတ္ထီလာ ထောင်ထဲ
      ရောက်သွားတယ်။ ခိုးတဲ့ ကောင်လေး အဖေက ပွဲစားတစ်ယောက်နဲ့ တွေ့ပြီး ဆိုင်ကယ်ကို
      ခု စီးလာတဲ့ လူဆီရောင်းလိုက်တာဗျာ…ဟိုလူလည်း တော်တော်ဒုက္ခရောက်သွားရှာတယ်။
      ကိုယ့်ဆိုင်ကယ် ရဲဆီက ပြန်ရဖို့ကို မနည်းပြောရတယ်..။ရဘူး။ နောက်တော့ အသာတကြည်ထုတ်
      ပေးလိုက်တော့ အံ့ဩသွားတယ်…ဟယ်…ဦးဦးရဲဂျီးတွေ စိတ်ကောင်းဝင်နေတယ်ထင်ပလို့။
      မဟုတ်ပါ…ကျွန်တော့်အစ်ကိုက မင်း..ဒီအတိုင်းရမလားကွတဲ့..ဆိုတော့ ကျွန်တော်သိလိုက်တယ်။
      သူဝင်ပြီး ဂါ လိုက်တာ ကိုး။ ဒါတောင် ရဲအုပ်ငတိတစ်ယောက်က မိတ္ထိလာထောင်မှာ တရားခံ
      သွားထုတ်ရမှာမို့လို့ ခရီးစရိတ်ကလေး မစပါတဲ့..အမယ်…ဒါမျိုး လာသေးတာ ခင်ဗျ..။

  • P chogyi

    October 6, 2012 at 11:01 am

    ငယ်ငယ်က အိမ်ကိုသူခိုးခိုးခံရဖူးတယ်။
    ရဲတွေလိုက်တာ အားမရလို့
    ညီအစ်ကိုတွေလိုက်စုံစမ်းတာ ပြန်ဖမ်းမိတယ်။(ညီအစ်ကို ရ ယောက်ရှိတယ်၊ အုပ်စုတောင့်တယ်လေ)။
    ပစည်းတွေပြန်ထုတ်ဖို့လုပ်တော့ သက်သေခံပစည်းတရားရုံးတင်ပြီးမှတဲ့
    တရားရုံးရောက်တော့ အမှုပြီးမှတဲ့။
    တရားရုံးကပြန်ထုတ်လာတော့
    ရေဒီယို၊ ကက်ဆက်နဲ့ နာရီခမျှာ ကင်ဆာရောဂါဖြစ်ပြီး
    အတွင်းကလီစာတွေ အစုံပြန်မပါလာတော့ပါ။

    • ဂန္ဓာရီ ဆြာအုပ်

      October 6, 2012 at 12:23 pm

      သွပ်သွပ် တူတို့ဘာ အနှိပ်စက်ခံလို်က်ရတယ်ထက်ပ

      • ဂန္ဓာရီ ဆြာအုပ်

        October 6, 2012 at 12:25 pm

        တောက်… အဲဒီစာရေးတာ အမြဲမှားတယ်.. ကိုယ်ကလဲကိုယ်ပဲ.. ဘယ်တော့မှမှားတာ ချက်ချင်းမတွေ့တတ်ဘူး.. ခွီး

    • ဂန္ဓာရီ ဆြာအုပ်

      October 6, 2012 at 12:23 pm

      သွပ်သွပ် တူတို့ဘာ အနှိပ်စက်ခံလို်က်ရတယ်ထင်ပ

  • aanyar thar

    October 6, 2012 at 7:03 pm

    ငါ့်အစ်မရေ နည်းနည်းဝင်ပွါး ပါဦးမယ်ဗျာ ထပ်မဆက်သွယ်ပါတော့နဲ့ ကို့လက်ထဲ ဖုန်းပြန်ရတဲ့ အချိန်မှာဆို အဲ့ဒီဖုန်းရဲ့ တန်ဖိုးငွေကို ကိုယ်က ကုန်ကျပြီး ဖြစ်နေမှာပဲ ဆိုတော့ အသစ်ကလေးသာ ဝယ်ကိုင်လိုက်ပါတော့ဗျာ..ကျနော်တော့လက်တွေ့ပဲ..ဘော်လုံးပွဲငေးနေလို့ ပါသွားတာက တရုတ်ဆိုင်ကယ်လေး တန်လှ့ ၃ ၄ သိန်းပေါ့..အကုန်ယူပါရစေ ကိုကိုတို့ ပြန်လိုက်ပေးတော့ ရပါ့..ဟိုလိုက်ဒီလိုက် ဟိုသွားဒီသွားနဲ့..ပေါင်းလိုက်တော့ ၆ သိန်းကျော်သဗျာ…အံ့ဩပါ့..ဒီလိုမှန်းသိ့ လိုက်ဘူး..ပြန်ဝယ်စီး အသစ်တောင် စီးရပါ့

  • Thu Wai

    October 8, 2012 at 9:41 am

    သီးလေးသီး ရဲ့ သူခိုး သူခိုး သူခိုး ဖမ်းပေးကြပါဗျို့ ဆိုတဲ့ ပျက်လုံးလေးကိုသတိရတယ်
    နောက်ဆုံး သူခိုးကိုတောင်းတောင်းပန်ပန်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ ပျက်လုံးလေးပါ မှတ်မိကြမယ်ထင်တယ်

  • we R one

    October 8, 2012 at 1:13 pm

    အလုံးကို ဝမ်းသာစရာ သတင်းတစ်ခု ပြောရအုံးမယ်……မနေ့ ကပဲ ရဲစခန်းကို ဖုန်းဆက်ပြီး လာယူဆိုတာနဲ ပြန်သွားယူလိုက်တယ်..။ အခု ကျွန်မလက်ထဲရောက်နေပြီ… 😀

  • etone

    October 8, 2012 at 4:09 pm

    သူခိုးဆီက ပြန်ရတယ်ဆိုတာနဲ ့ပဲ .. အတော့်ကို ဝမ်းသာစရာကောင်းနေပြီ အစ်မရေ ။
    အဆောင်နေလို့ ခိုးခံရတဲ့ ပြသနာက အတော်ဆိုးတယ် ။ အထူးသဖြင့် အဲ့ဒီလို အသီးခူးသလို တံချူနဲ့ ဆွဲ ခူးတာမျိုးလေ … ။

    ကျွန်မတို့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ပြင်နေတုန်းက မအူပင်မှာ သုံးလကျောင်းသွားတက်ရတယ် .. .အဆောင်နေရတာပေါ့ … အိမ်ကနေ ဘယ်မှ နေဖူးတာမဟုတ်တဲ့ မနူးမနပ်လေးတွေ ၊ အဆောင်တံခါးဖွင့်အိပ်ကြတယ် ။ ဟီး … အဲ့ဒီမှာပဲ .. ပစ်စလတ်ခတ်တင်ထားတဲ့ ပစ္စည်းတွေ ကုန်ပါရောလား … ကံကောင်းတာက … ကျွန်မက အမြဲတမ်း ပိုက်ဆံအိတ်ကို ခြင်ထောင်ထဲ ထည့်အိပ်တဲ့ အကျင့်ရှိတယ်၊ တခါတခါ ခေါင်းအုံးအောက်ထည့်အိပ်တယ် (ဥစ္စာခြောက်တာ … အိမ်မှာလည်း အဲ့လိုပဲ … ဟီး ) ။ ကျွန်မပိုက်ဆံအိတ်မပါဘူး .. လွယ်အိတ်တော့ပါသွားတယ် .. အထဲက စာတွေတော့ကူးလိုက်ရတယ် … ဒီလောက်ပဲ သူငယ်ချင်းတွေကတော့ လွယ်အိတ်အပြင် သုံးဖို့ ပိုက်ဆံအိတ်တွေပါ ပါသွားလို့ …… ရန်ကုန်ကို ဖုန်းဆက်ပြီး ပိုက်ဆံပို့ခိုင်းရတဲ့ အဖြစ်ရယ် …. ။
    ရဲလည်း မတိုင်ဖြစ်ခဲ့ဘူး …. အဆောင်ပိုင်ရှင်က အတန်တန်တောင်းပန်လို့ပါ ။ပတ်ဝန်းကျင်က ကြားရတဲ့ သတင်းကတော့ အဆောင်ပိုင်ရှင်ရဲ့ သားက ဆေးဘဲတဲ့လေ .. ဆေးကွဲ လျှင ်ဂလို ဇာတ်လမ်းမျိုးတွေလည်း ဖြစ်တတ်ပါသတဲ့ … ။ ဟုတ်မဟုတ်တော့ ဘုရားပဲ သိပါလိမ့်မယ် … ။

    ဆမ်ဆောင်းမ်ဂလက်စီ ACE က … ဟိုးတလောက တသိန်းခြောက်သောင်းပဲ ပေါက်တယ် .. ဈေးနည်းနည်းကျတော့ အမေ့ကို … ကလိပါစေဆိုပြီး ဝယ်ပေးလိုက်တာ … ။ အခုတော့အရမ်းနှေးလာလို့တဲ့ .. ပါးစပ်က အသစ်အသစ် .. တဆာဆာအော်နေတယ် .. . ခွိခွိ ။
    ဘာပဲဖြစ်ဖြစ် ပြန်ရတယ်ဆိုတော့ ဝမ်းသာပါတယ် အစ်မရေ .. ။ 🙂

Leave a Reply