ဆန်ပြုတ် နှင် ့ ဟိုင်းဝေးလမ်းပါ်က အတ္တဟိတ
“အများအကျိုးဆောင် ၊ ကိုယ် ့ အကျိုးအောင် ” တဲ ့ ….ငယ်စဉ်ကတည်းက ကြားဖူးခဲ့တာ ။
လူကြီးမိဘ ၊ ဆရာသမားတွေကလည်း ကြုံသလို သင်ကြားကြတာပေါ ့လေ …..မောင်ဆာမိတို့ တစ်တွေလည်း
အခါအားလျော်စွာ လိုက်နာပါတယ် ၊ ဆောင်ရွက်ခဲ့ကြပါတယ် ….။ သို ့သော်လည်း ပေါ ့လေ ….တစ်ခါတစ်ရံ
မိမိအကျိုးစီးပွားလေးတော့ ရှေ ့တန်းတင်မိကြတာပါပဲ ။ လူပဲ ….တစ်ခါတစ်လေ အတ္တကြီးမှာပေါ ့ ……
ဒီလိုဖြေသိမ် ့တတ်ပါတယ် ..။ သူများ အမျိုးသေတော ့ အနိစ္စ …ကိုယ် ့အမျိုးသေတော့ ဒုက္ခ ဆိုသလိုပေါ ့ ။
လူတွေများ … ကိုယ့် ဘက်ထိမှာသိပ်သိ ။ ကိုယ် ့ အကျိုးအတွက်များဆောင်ရွက်ရရင် မမောနိုင် မပန်းနိုင် ။
ခုလည်း ….လူထဲကလူ ဖြစ်တဲ့ မောင်ဆာမိ အတ္တ ကြီးမိပြန်ပြီပေါ ့ဗျာ ……။
+++++++++++++++ +++++++++++++++++
ဒီလိုဗျ …..ပြန်ပြောရင် သိပ်မဝေးသေးပေမဲ ့ အတိတ်လို့ပဲဆိုကြပါစို့……။ တစ်ခုသော မနက် ခတ်စောစောမှာ
ကျနော် ကားဂိတ်ကိုထွက်လာခဲ့ပါတယ် ….။ ဪ ….ကားဂိတ်ဆိုလို့ ရန်ကုန်ကားဂိတ် မဟုတ်ဖူးနော် ။
တောင်ငူမြို ့ရဲ ့ ဂန္ထဝင် ကားဂိတ်ကိုုပါ ။ မနက် (၅) နာရီ ရန်ကုန်ကို ပြန်ထွက်မည် ့ ကားဆီကိုပေါ ့ ဗျာ ။
ကျွန်တော်က ကားသမားလူထွက်ဆိုတော့ ကားတော့မမူးတတ်ပါဘူး ဒါပေမဲ့ အကျင် ့ပါနေတော့ ပြူတင်းပေါက်
ဖက်က လက်မှတ်ယူထားတယ်လေ ……။ စောစောစီးစီး ဆိုတော့ဗျာ ဘာမှလည်းမစားချင်ပါဘူး ။ တောင်ငူ
ရောက်ရင် သောက်နေကျဖြစ်တဲ ့ “ကဆောဝါး” ဆိုတဲ့ လက်ဘက်ရည်ဆိုင်လေးမှာပဲ ခတ်ကျဲကျဲ
လက်ဘက်ရည် လေးသောက်ပြီး ကားပေါ် တက်ခဲ့ရတာပေါ ့ …….။
ဒီလိုနဲ ့…..ကားပေါ်ရောက်တော့ နေရာယူပြီး ညက ဘောလုံးပွဲကြည် ့လို ့ အိပ်ရေးပျက်ခဲ့သမျှ အတိုးချပြီး
မှေးလိုက်ဦးမယ် … ..ဒီလိုတွေးရင်းနဲ့ ………..။ မကြာပါဘူးဗျာ ….ကျွန်တော့ဘေးကပ်လျက်ခုံကို လူတစ်ယောက် ရောက်လာပါရော …..ဒါနဲ့ မျက်လုံးဖွင် ့ကြည် ့တော့ …ကောင်မလေးတစ်ယောက်ခင်ဗျ ။
မောင်ဆာမိလည်း …..ကံဆိုးလား ကံကောင်းလားမသိ နည်းနည်းတော့ စိတ်ညစ်သွားပါတယ် ။ ဒီလိုပါ …..
ဟိုး……တုန်းက ပျိုမျစ်နုနယ်စဉ် လူပျိုဘဝဆိုရင်တော့ တစ်မျိုးပေါ ့လေ ….။ခုချိန်ခါမှာ.. သားနဲ့မယားနဲ့
ကျတော့ ကိုယ် ့အာရုံနဲ့ကိုယ် လွတ်လွတ်လပ်လပ် နေချင်တာ ။ ဘေးနားက ကောင်မလေးပေါက်စ ဆိုတော့
အနေအထိုင် မလွတ်လပ်တော့ဘူးပေါ ့ဗျာ ။ အကြောင်း ကြောင်းကြောင့် ကိုယ့်ကို အထင်မှားမှာကိုလည်း
စိုးရိမ်ရသေး …..။ဟုတ်တယ်လေ ….ဒီဘဲနာကြီးနှယ် သေခါနီး ရိတ်ခါယူနေပါတယ် ဆိုရင် ဘယ့်နှယ်ရှင်းရပါ ့ ။
သက်လတ်ပိုင်း အရွယ်ယောက်ကျားတစ်ယောက်ရဲ ့ အနေအထားက ဒီလိုအချိန်မှာ
အတော်လေး ဂွကျတာ ။ ငယ်နေရင်လည်း ကောင်းတယ် ….ဒါမှမဟုတ် အဖိုးကြီးဆိုလည်း ကောင်းတာပဲ ။
ကျနော့ ခုံနေရာက နံပါတ် (၈) လေ …ဒရိုင်ဘာနောက်ကျော တစ်တန်းကျော်ပေါ ့ ….ကောင်မလေးက
နံပါတ်(၇) မှာ ။
ကားစထွက်ရင် အိပ်ဖို့ မောင်းတင်ထားတဲ့ မောင်ဆာမိလည်း စိတ်ကျဉ်းကျပ်ပြီး မအိပ်နိုင်သေးပါဘူး ။
အဲ …..စောစောက ပေါက်စမလေးကတော့ ကားထွက်ကတည်းက ထိုင်ခုံကိုနောက်နဲနဲလျောပြီး
ယူလာလိုက်တာ အပီပဲဗျို ့ …. သုံး ကျပ်တိုးလား ငါးကျပ်တိုးလားပဲ….။ ကိုင်း ….ရှိစေတော ့….
မောင်ဆာမိ ကတော့ ခတ်မတ်မတ်ထိုင်ရင်း မျက်စိမှိတ် ထားလိုက်ပါတော့တယ် ။ မြို ့ ထဲကနေ
အမြန်လမ်းပေါ်ကို ထွက်ရတာ နည်းနည်းတော့ကြာပါတယ် …။ အမြန်လမ်းကိုရောက်လို့ သိပ်မကြာခင်
မှာပဲ ….စောစောက ကောင်မလေး အိပ်ပျော်သွားပုံရပါတယ် …ကားကလည်း လေအိပ်ကားဆိုတော့
ငြိမ့် ငြိမ့်လေးပေါ ့ဗျာ ….။ မကြာပါဘူး ….သူ ့ခေါင်းက ကျနော ့ပခုံးကိုလာမှီ မိပါရော ….။ အင်းးးးးး……
မှန်တာပြောရရင် ပုထုဇဉ်တို့ရဲ ့ သဘောအရ နည်းနည်းတော့ ကြည်နူးမိသွားပါတယ် …..။
ဟုတ်သလိုလိုတော့ ရှိသားပေါ ့လေ ….။ ဒါပေမဲ ့ ….အိမ်က မဒမ်ဆာမိကိုလည်း သတိယရော ….
အောင်မလေးဗျာ…တစ်ခါတည်း ဆံပင်တွေထောင်သွားတာပဲ …။ ကြောက်…ကြောက်…
အဲယားကွန်းလွှတ်ထားတဲ့ ကားထဲမှာ ချွေးတွေတောင်ပြန်လို့ ….။ တော်သေးတာက ဒီခေတ်က နှုတ်ခမ်းနီမှ
သိပ်မဆိုးကြတာပဲ ….ဟိုတုန်းကလိုနှုတ်ခမ်းနီ ရဲရဲနဲ့ဆို မောင်ဆာမိတော့ ရှင်းရခက်ဦးမယ် …။ တစ်ခါတစ်လေ
မောင်ဆာမိရဲ ့ ကံကလည်း ဆိုးသဗျ ….ဘယ်လေတိုက်လို့ လွင် ့လာမှန်းမသိတဲ့ …အိပ်ကပ်ထဲက ဆံပင်ချည်
တွေကြောင် ့လည်းရန်ဖြစ်ရတာ အမော ….။ ကံဆိုးချင်တော့ အဲဒီဆံပင်ချည်တွေကလည်း ကိုယ် ့ခေါင်းက
ဆံပင်ထက် ရှည်နေသေးပြန်တယ်လေ ….အဲ ..ခုလည်း ကံဆိုးသူမောင်ဆာမိ အိမ်ကို ဘာသက်သေတွေများ
ပါသွားဦးမလဲမသိဘူး …။ နောက်ဆုံးတော့ …မောင်ဆာမိလည်း အဲဒီကောင်မလေးကို နှိုးပြီး နေရာချင်းလဲပေး
လိုက်ရပါတော့တယ် …။ သူလည်း လွတ်လွတ် လပ်လပ် တံခါးဘောင်ကိုမှီပြီး အိပ်ငိုက်လို့ရတာပေါ ့ ။
မောင်ဆာမိလည်း လွတ်လပ်စွာ မှိန်းတော့တာပေါ ့ဗျာ …..။
မကြာပါဘူး ….နောက်နားက ကျွက်စီ ကျွက်စီနဲ့ မေတ္တာပို့သံတွေ ခတ်တိုးတိုး ကြားရပြန်တယ်လေ ….။ အဲဒီအချိန်က
ဒညင်းသီးနဲ့ တောင်ငူဒူးရင်းသီးပေါ်တဲ့အချိန်ပေါ ့ှဗျာ …။ စဉ်းစားကြည့်ပေါ ့……ဒီလိုအချိန် ဒီလို နေရာအလုံပိတ်
အဲယားကွန်းကားထဲမှာတစ်ယောက်ယောက်ကလေလည်လိုက်ရင် ဘယ်လိုအခြေအနေဖြစ်မလဲဆိုတာ
မောင်ဆာမိကတော ့ အေးဆေးပါ ….ဒီလိုအနံ့ဆိုးတွေက ရိုးနေပါပြီ ။ ဒါပေမဲ့ လည်း လေဝင်လေထွက်
မကောင်းတော့ နည်းနည်းတော့ အောင် ့ခံရတာပေါ ့လေ ….။ ဒါနဲ့ဘဲ …မောင်ဆာမိ ပြန်မှိန်းလိုက်ပြန်ပါတယ် ။
ဟော …….ကြားရပြန်ပြီ …။ သေချာအောင် မျက်လုံးဖွင် ့ပြီးနားထောင်ကြည် ့လိုက်တော့ …..လား..လား…
နောက်တည် ့တည် ့က ဥဩဆွဲနေပါလား..ဟရို ့ …။ မီးတောင် တစ်လုံးပေါက်ကွဲသလို ဗွမ်း ကနဲ ဗွမ်း ကနဲ ။
မဖြစ်ဘူး…..မြန်မြန်လုပ်မှ …. အရှိန်လွန်ပြီး ကိုယ် ့ဆီ ရောက်လာရင် ဒုက္ခ ….။
မောင်ဆာမိလည်း ရှေ ့မှာချိတ်ထားတဲ့ ကြွတ်ကြွတ်အိပ် နှစ်လုံးကိုအမြန် ဆွဲဖြုတ်ပြီး နောက်တည် ့တည် ့ က
ဆန်ပြုတ်ရောင်းနေတဲ ့ အမျိုးသမီးကိုပေးလိုက်ပါတယ် ။ သူ ့ဘေးက ပြုစုနေတဲ့ အဒေါ်ကြီးက လှမ်းယူပြီး
ပြည် ့နေတဲ့ အိပ်ကို လဲ ပေးလိုက်တာပေါ ့ ။ အဲဒီ အမျိုးသမီးက နောက်ထပ်အန်နေပါသေးတယ် ။
၆ x၁၂ ကြွတ်ကြွတ် အိပ် နှစ်လုံးပြည် ့ပြီးတဲ ့ အချိန်မှာ အန်တာ ခဏနားလို ့ လက်ထဲမှာတာ ့ စောစောက
ဆန်ပြုတ်ထုပ်ကြီး နှစ်ထုပ်နဲ့ပေါ ့ဗျာ ……။
အဲဒါကပြဿနာဘဲဗျ ။ ကားက လှုပ်လှုပ် …ကြွတ်ကြွတ်အိပ်ကခတ်ပါးပါး …ပြုတ်များကျလိုက်လို့ကတော့
ကားတစ်စီးလုံး ကျန်(မ)ဆိုင် အိုးထဲရောက်သလို ဖြစ်တော့မှာ …။ မောင်ဆာမိလည်း ဒီအနံ ့တော ့ နဲနဲ
ကြောက်တယ်လေ …။ ခက်တာက ကားပြတင်းပေါက်က ခတ်ကျယ်ကျယ်မဟုတ်ဘူး ။ လက်တစ်ဝါး
စာလောက် ဆလိုက်ထိုး တံခါးလေးဖြစ်နေတာ ။ ပြီးတော့ အိပ်စင်အောက်ကပ်လျက် အမြင် ့ မှာဆိုတော့
ဒီအမျိုးသမီးတွေနဲ ့ အဆင်မပြေလောက်ဘူး ။ နောက်ပြီး… ကီလို တစ်ရာကျော်မောင်းနေတဲ့ ကားရဲ ့အပြင်
ဘက်ကို ဆန် ့ကျင်ပြီး လွှင် ့ပစ်ဖို့ဆိုတာ ကျွမ်းကျင်မှ ဖြစ်မှာလေ ။ ဒီတော့ မောင်ဆာမိပဲ စိတ်ညစ်ညစ်နဲ့
“ ပေး ပေး ကျနော်ပစ်ပေးမယ် ” လို့ ပြောရတာပေါ ့ ဗျာ ။ ဒီအထုတ်ပြုတ်ကျရင် ကိုယ်ပဲ အရင်ဒုက္ခ
ရောက်မှာ ။
ဒီလိုနဲ ့ …..ကားဆရာကိုမျက်နှာချိုသွေးးပြီး အဆင်းအတက် တံခါးပေါက်ကို ဖွင် ့ခိုင်းရပါတယ် ။
ပြီးတော ့ ကျနော်တို့ ကားသမားတွေ စည်းမဲ့ကမ်းမဲ့ ကားမောင်းရင်းအမှိုက် ပစ်သလို ပစ်လိုက်ရပါတော့တယ် ။
ဒီလိုပစ်တတ်ဖို့ကလည်း လွယ်မယ်မထင်နဲ့နော် ….အပစ်မတော်ရင် အဲဒီဆန်ပြုတ်ရည်တွေက သင်္ကြန်ရေပက်
လိုက်သလို ကီလို တစ်ရာနှုံးလောက်နဲ့ ကိုယ် ့ဆီကိုပြန်လာမှာဗျ ။ ဒါနဲ့ ပြောရဦးမယ် …..ဆန်ပြုတ်လို့သာ
ပြောနေတာ ၊ တစ်ကယ်တော့ မုန် ့ဟင်းခါးတွေဗျ ။ အခု ကျနော်တို့ဆီမှာသုံးနေတဲ့ ကြတ်ကြွတ်အိပ်က
အဖြူရောင်အကြည်ဆိုတော့ အားလုံးကို မမြင်ချင်လည်း မြင်နေရတာပဲလေ ။ ပဲသီး ၊နံနံ နဲ ့ ကုလားပဲကြမ်း
ကြော် တွေပါမြင်ရတဲ့အပြင် ငရုပ်သီးဖတ်နီနီလေးတွေလည်း ပါသေး ….။ စောစောစီးစီး လက်လုပ်ချဉ်တွေ
စားပြီး ကားမူးတတ်တော့ အန်ပေမပေါ ့ဗျာ ။
အဲဒါ နဲ ့ မပြီးသေးပါဘူး …..နောက်ထပ် လေးခါလောက် အန်ပါသေးတယ် ။ အန် စရာဘာမှ မကျန်တော့မှ
ငြိမ်သွားတာ ။ မောင်ဆာမိလည်း ရှိစုမဲ့စု ခရီးဆောင်ထည့်လာတဲ့ ရှူဆေးအသစ်လေး ထုတ်ပေးပြီး
နောက်ထပ် အန်တော်မူဦးမှာကို ရင်တထိတ်ထိတ်နဲ့ စောင် ့နေရသေးတာပေါ ့ ။ ဘေးနားက အိပ်မောကျ
နေတဲ့ ကလီယိုပက်ထရာဘုရင်မကတော့ အတ္တလန္တာမြို ့ကြီးရေအောက် ရောက်သွားတာတောင် သီလိုက်
မယ်မထင်ပါဘူး …….။
ဒီလိုနဲ့ဘဲ မောင်ဆာမိလည်း အန်ဖတ်ထုတ်တွေ ထရန်စပို့ လုပ်ရင်း ထောက်ကျန် ့ လမ်းဆုံကိုရောက်မှန်းမသိ
ရောက်လာပါတော့တယ် ။ လမ်းဆုံမှာဆင်းပြီး အငှားကားပေါ်ရောက်တော့ ပြန်တွေးကြည် ့မိတယ် …..။
ငါ ..ဘာတွေလုပ်ခဲ့ သလဲပေါ ့ ….။ တကယ်တော့ …..ဒီခရီးစဉ်တလျေက် ကိုယ် ့ အကျိုးအတွက်ပဲ ဦးတည်
ပြီးလုပ်ခဲ့တာပါ ။ ကိုယ် ့ ကိုမှီနေရင် ကိုယ်လွတ်လွတ်လပ်လပ် အိပ်မရလို့ …. ….. အန် ဖတ်တွေ စဉ်မှာစိုးလို့
ပြီးတော့ …အန် ဖတ်ထုတ်ကြီးပွင် ့ကျသွားရင် ကျနော်ကြောက်တဲ့ အန် ဖတ်နံ ့တွေ ကားထဲ မှာ ထွက်လာမှာ
စိုးလို့ ……..။ ဒီလို ကိုယ်အဆင်ပြေဖို့ဘဲ ရည်ရွယ်ပြီး ကြိုးစားပန်းစား လှုပ်ရှားနေမိတာ ….။ ဒါပေမဲ့ …..
ကျနော့ရဲ ့ ကိုယ်ကျိုးကြည် ့ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ မထင်မှတ်ပဲ ကားပေါ်ကလူတွေအတွက် ကူညီဆောင်
ရွက်ပေးသလိုဖြစ်ခဲ့တယ်ဆိုတာကိုတော့ ကျနော် နောက်ကျမှ စဉ်းစားမိတာပါ ။ ပြီးတော့ ….ကျနော်
ကားပေါ်က မဆင်းမှီမှာ ကားမူးပြီးအန်ခဲ့တဲ ့ အမျိုးသမီးလေးက “ ကျေးဇူး တင်လိုက်တာ ရှင်” တဲ့ …..
လေးလေး စားစားကြည် ့ပြီးပြောလိုက်တာ …..။ တကယ်တော့ ….ကျနော်ဟာ သူ ့ကိုကူညီခဲ့တာမဟုတ်ဘဲ
ကိုယ် ့ ကိုယ်ကို အဆင်ပြေဖို့ ဆောင်ရွက်ခဲ့တာမို့ …….
……………………….. အားနာလိုက်တာ…ဗျာ…………..။
37 comments
Mလုလင်
October 10, 2012 at 8:10 am
သူများအကျိုးဆောင် ကိုယ့်အကျိုးအောင် လို့ သတ်မှတ်ပါတယ်။
နေဝန်းနီ
October 10, 2012 at 8:25 am
တစ်ကယ်တော့ အားနာတယ်ဆိုတာကိုက ကြောက်တယ်လို့ မပြောချင်လို့ စကားလုံးပြောင်းသုံးလိုက်တာဗျ… ကိုဆာမိရ..။ ခုပဲကြည့် ဆန်ပြုတ်တွေ ကိုယ်ဆိလာစင်မှာစိုးလို့ ဆန်ပြုတ်ထုတ်ကို လွှင့်ပေးနေတာမဟုတ်လား …။ ဒါက နီးနီးကပ်ကပ်မို့ လာစင်မှာကြောက်တာလေ………။ မစင်လောက်တဲ့အကွာအဝေးကနေဆိုရင် ခင်ဗျားဘယ်ကြောက်တော့မလဲ………။ ဒါဆို ခုလိုလုပ်ပေးပါဦးမလား လို့ ကျွန်တော်စဉ်းစားနေမိတယ်…….
surmi
October 10, 2012 at 8:45 am
ကိုလုလင်ရေ
စောစောစီးစီး ဆန်ပြုတ်အကြောင်းပြောရတာ အားနာစရာ ဟဲဟဲ
အမှန်ကအကျိုးဆောင်တာမဟုတ်ဖူးဗျ
အဘနီပြောသလို အဟဲ :hee:
အဘနီရေ
အမှန်ဘဲဗျ။ ဝေးများဝေးနေလို ့ကတော ့ ပြန်အိပ်နေမိမလားပဲ
ဒါကြောင် ့ကျေးဇူး တင်ပါတယ်ပြောတော ့ ကိုယ် ့အကြောင်းနဲ ့ကိုယ်
ပြန်အားနာမိသေး
:harr:
ဦး ကျောက်ခဲ
October 10, 2012 at 8:33 am
အကို
မင်္ဂလာပါ ခင်ဗျာ……
အဟီး…… စောစောစီးစီး အကို့ Post ဖတ်လိုက်တာ၊
လည်ချောင်းထဲက ကော်ဖီတွေတောင် ယားကျိကျိ ဖြစ်သွားတယ်!
:ha:
မောင်ပေ
October 10, 2012 at 9:17 am
ဦးကျောက်နည်းတူပါကလား
လဘက်ရည်သောက်ရင်း ဖုန်းနဲ့ဖွင့်တာ
ဖတ်ရင်း ဖတ်ရင်း သရုပ်ဖော်ကောင်းလွန်းလို့
ဆက်မဖတ်တော့ပဲ
ကွန်မင့်ပဲ အမြန်ရေးပြီးလစ်ပြီဗျို့
ဝေါ့
surmi
October 10, 2012 at 10:14 am
အစ်ကိုဦးကျောက်နဲ ့ ကိုပေရေ
မနက်စာနဲ ့ တိုးသွားတာ ခွင်လွှတ်ဗျာ ဟဲဟဲ
အတ္တကိုပေါ်လွင်အောင်ရေးရင်း အရှိန်လွန်သွားလို ့ဗျို ့
:kwi:
@sealion
ကျေးဇူးလည်းတင်တယ် အားလည်းနာတယ်
မှောက်များကျရင်တော ့ တွေးရဲဘူး ဟဲဟဲ
sealion
October 10, 2012 at 9:19 am
မထင်မှတ်ပဲ ကူညီခွင့် ရလိုက်တာပေါ့ နော် အံဖတ် တွေ ပွင့်မသွားတာတော်သေးတယ်ဗျာ
ကြည်ဆောင်း
October 10, 2012 at 9:46 am
ဟိုင်းဝေးကားတွေစီးရတဲ့ဒုက္ခတွေပေါ့ ….
ကိုယ့်အကျိုးဆိုပေမဲ့လဲ သူများလဲအကျိုးရှိတော့ ကူညီရတာ အဆင်ပြေကျေနပ်စရာဖြစ်သွားသားဘဲ …
ကြည်ဆောင်းဆို ရွံနေတာနဲ့ဘဲ ကူညီနိုင်ပါ့မလားမသိ …
ကိုဆာမိတော့ ချီးကျူးမိပါရဲ့ ….
kyeemite
October 10, 2012 at 9:47 am
ကိုရင်ဆာမိရေ…ကျနော်တော့ သူများဥဩဆွဲတာမြင်ရင်
ကိုယ်ပါပျို့လာတတ်တယ်ဗျ…သူငယ်ချင်းတစ်ယောက်ယောက်
အံနေလို့ နောက်ကနေကျောဖိပေးနေရင်း ကိုယ်ပါပျို့လာပီးအံတော့တာဘဲ…
ခုလည်းခင်ဗျားကသရုပ်ဖေါ်ကောင်းတော့…မျက်စေ့ထဲမြင်လာပီး
တံတွေးမျိုချနေမိတယ်…
:hee:
ခင်တဲ့..
surmi
October 10, 2012 at 10:23 am
ဦးမိုက်ရေ
အားလည်းနာပါရဲ ့ ။နေ ့လည်စာနဲ ့ ဘယ်သူတွေတိုးဦးမလဲမသိဘူး ဟဲဟဲ
ကျနော်လည်းကြောက်လို ့ဗျို ့ အဲဒါကြီးမှောက်ကျရင် သွားပြီ
ကြည်ဆောင်းနဲ ့ ခရစ်တယ်လိုင်းရေ
ကျေးဇူးတင်မစောနဲ ့ဗျ ။ အဲဒါကိုယ်ကျိုးကြည် ့တာလေ
ဒီသဘောတွေလူ ့လောကထဲ ကြုံရလွန်းလို ့ဗျာ
လောလောဆယ်ဆယ်တော ့ ဖတ်သူအားလုံးကို အားနာပါတယ်ဗျာ
:harr:
Crystalline
October 10, 2012 at 10:04 am
ကာယကံရှင်ကောင်မလေးတင်မကဘူး..အခြားသူတချို့လည်းဦးဆာမိကိုကျေးဇူးတင်ကြမှာပါ. ကျမသာခရီးသည်တစ်ယောက်အနေနဲ့ပါလာခဲ့ရင်လည်းကျေးဇူးတင်မိမှာပါ.
jullies cezer
October 10, 2012 at 10:19 am
အမလေး ko surmi ရယ် အံဖတ်ကိုများ သေချာခွဲခြမ်းစိတ်ဖြာခဲ့ရတယ်လို့ colour တောင်ခွဲခဲ့သေး …… 😛
Thu Wai
October 10, 2012 at 10:22 am
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကိုယ့်အမျိုးလဲ မဟုတ်ပဲ ဆန်ပြုတ်ထုပ် ကိုင်ပြီးသွားလွှင့်ပစ်ပေးတာတော့ နည်းနည်းနောနော မရွံတတ်တဲ့ သတ်တိ နော် ကျွန်တော်လဲ ကားလုံးဝ မမူးတတ်ပင်မဲ့ အဲဒီအထုပ်ကြီးသာ ဆွဲပေးရရင် ကိုယ်ကိုတိုင် ဆန်ပြုတ်ရောင်းမိမယ်ထင်တယ်၊
ကိုခင်ခ
October 10, 2012 at 10:24 am
ကိုဆာမိတစ်ယောက် ကားစီးရင် ကယ်ရီပါလုပ်လာတာကိုး။
ဆန်ပြုတ်ကယ်ရီလေ အကျိုးအမြတ်ကတော့ အိပ်ရေးပျက်ပေါ့ဗျာ။
ဒါပေမယ့် ကိုယ့်အတွက်ဘဲဖြစ်ဖြစ် သူ့အတွက်ဘဲဖြစ်ဖြစ် ပြုလိုက်တဲ့ကိစ္စရပ်က
သူရော ကိုယ်ရော အဆင်ပြေကြတယ်ဆိုရင်တော့ ဤလုပ်ရပ်သည် ကောင်း၏လို့ခေါ်စေသတည်း။
Novy
October 10, 2012 at 10:24 am
အမလေးကိုဆာမိရဲ့..
သူများဆန်ပြုတ်ကို သေသေချာချာများကြည့်လာသေးတယ်
ရေးရင်နဲ့တောင် ပျို့လာသလိုပဲ
ကြွတ်ကြွတ်အိပ်နဲ့ ရူဆေးလေးပေးပါအုံး
မိုချို
October 10, 2012 at 11:17 am
ကို ဆာမိရေ
ကိုယ့် အကျိုးတွက် လုပ်ပေးခဲ့ တယ် ဆိုပေမဲ့ ဆန်ပြုတ်ထုပ်ကြီး ကိုယ်တိုင်ကိုင်ပြီး ပစ်ပေး တာကို က ချီး ကျူး စရာကောင်းနေ ပါပြီ။ ကျမ သာ ဆိုရင်တော့ တစ်ကားလုံး နံ သွား မှာ စိုး လို့ ဒါရိုက်ဘာ ကို ပြော ပြီး ပစ်လိုက် ပါလား ဟင် လို့ ကာယကံ ရှင်တွေ ကို ဆရာ ကြီး ပဲ လုပ် မိ မှာ သေချာ တယ်။
အလုံ ပိတ် ကားပေါ် မှာ အဲ လို ဖြစ်ခဲ့ ရင် တော်တော် ဒုက္ခ ရောက်တယ်။ ကျမ တို့ ပုဂံ က ပြန်လာ တုန်း က မိန်းမကြီး တစ်ယောက် ကားပေါ် မှာတင် ဆို ဖာကို အိမ်သာ မှတ် ပါလို့ လုပ်ချ လိုက် တာ တစ်ကား လုံး နေစရာ ကို မရှိဘူး။ အဲကွန်း ဖွင့် ရက် နဲ့ ပဲ မှန်တံခါးတွေ အကုန် ဖွင့် ပစ် ရ တယ်။ ကားသမားတွေ လည်း ပါလာတဲ့ စပရေးတွေ ဖျန်း ၊ နဲ့ နာရီ ဝတ်လောက် ဒုက္ခခံ လိုက် ရတယ်။
surmi
October 10, 2012 at 11:58 am
ဂျူးလိယက်ဆီဇာရေ
အခုသုံးနေတဲ ့ကြွတ်ကြွတ်အိပ်တွေက ဖြူကြည်ပါးလေ မမြင်ချင်လည်းမရ ပေါ ့ ။
ကိုသုဝေခင်ဗျ
ရွံ သမှ သိပ်ရွံ ဗျ။ ပွင် ့ကျသွားမှာကြောက်လို ့ ဟဲဟဲ
ကိုခင်ခရေ
ကယ်ရီခမရတဲ ့ကယ်ရီလေ ။ကားကလှုပ်လှုပ် အထုတ်ကြီးကတရမ်းရမ်းနဲ ့
မြင်သာကြည် ့လိုက်တော ့အစ်ကိုရေ
မနိုဗွီရေ
ကျနော်လည်း ရေးရင်းနဲ ့ပြန်မြင်ယောင်ပြီး ဂလုဂလု ဖြစ်ချင်သားဗျ
ကြုံခဲ ့ဖူးတယ်မမိုချိုရေ
ကားသမားဘဝတုန်းက ကြွတ်ကြွတ်အိပ်နဲ ့ထုပ်ပြီးထားခဲ ့တဲ ့သူတို ့အထုတ်ကြီးကို
ညဖက်ကားပေါ်အိပ်တော ့ မမြင်မစမ်းနဲ ့ တက်နင်းမိတာ အဲသလို ပဲဗျ
:hee: :hee:
Ma Ei
October 10, 2012 at 12:13 pm
ကိုဆာမိရေ…
ကိုယ့်ကိုယ်ကိုယ် အဆင်ပြေဖို့ ဆောင်ရွက်ခဲ့ပေမဲ့
တစ်ကားလုံးကို ကူညီလိုက်တာပါ…
ကျမဆို အဲ့လိုမလုပ်နိုင်ပါဘူး…
ရွံလို့ပါ….
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
October 10, 2012 at 12:30 pm
( ။ တကယ်တော့ ဒီခရီးစဉ်တလျေက် ကိုယ် ့ အကျိုးအတွက်ပဲ ဦးတည်ပြီးလုပ်ခဲ့တာပါ ။
ကိုယ် ့ ကိုမှီနေရင် ကိုယ်လွတ်လွတ်လပ်လပ် အိပ်မရလို့ အန် ဖတ်တွေ စဉ်မှာစိုးလို့
ပြီးတော့ အန် ဖတ်ထုတ်ကြီးပွင် ့ကျသွားရင် ကျနော်ကြောက်တဲ့ အန် ဖတ်နံ ့တွေ ကားထဲ
မှာ ထွက်လာမှာစိုးလို့ ……..။ )
ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ
ဒါဂဒီလိုစိဒယ် ဒဂါဆာမိရဲ့ ( ခရက်ဒစ် စိန်ဗိုက်ဗိုက် )
ဝါသနာ ဗီဇ အကျင့်ဆိုတဲ့ အကြောင်းတွေ သတ္တဝါတွေမှာ သူ့ကဏ္ဍနဲ့သူ ကိန်းနေတတ်တယ်
ဗျောင်းဗျန်မတွေးမိစေနဲ့
စေတနာက အရင်လှုံ့ဆော်တယ်လို့ မှတ်
ဆိုခြင်တာက ကိုယ်ဒုက္ခရောက်မှာကို ကြောက်သွားတာက သူဆံပြုပ်ဝေါ့ နေတဲ့အချိန်မှာ
ကိုယ်တစ်ကယ်လုပ်တဲ့အချိန်မှာ ကိုယ့်ထိမှာကြောက်လို့ လုပ်တာမဟုတ်ဘဲ
သူ့အကျိုးဆောင်ခြင်း စေတနာက ဦးဆောင်ခဲ့တယ်လို့ အမှန်မြင်တတ်ရမယ်ကွဲ့
ကိန်ကိန်ကိန်
surmi
October 10, 2012 at 1:26 pm
မှတ်သားသွားပါ ့မယ် ဦးဇင်းဘပုရယ်
ကျုပ်မှာလဲ ကားသမားဘဝကခံရတာတွေများလွန်းလို ့ပါ ဟဲဟဲ
အဲသည်တုန်းက ကျုပ်ကားထဲမှာတိတ်တိတ်လေး ခရီးသည်တစ်ယောက်က
အီး ထုတ်ကြီး ထားခဲ ့တာဗျ ။ ကျုပ်တို ့မှာ ပြောမပြချင်လောက်အောင်ပဲဗျို ့။
:harr:
မအိ မေဖလားဝါး နဲ ့ ခိုင်ခိုင်ရေ
နေ ့လည်စာအမှီ ရွံ့ စရာတွေ ဖတ်လိုက်ရတာ အားနာလှသဗျာ ။
ကျုပ်ကလည်း ပြောရင် အဲသလိုကြီးဆိုတော ့ ဟဲဟဲ
အဖွဲ ့ အနွဲ ့ မှားသွားတယ်ဗျို ့
နောက်ဆို ကျုပ်တင်တဲ ့ပို့စ်တွေ ရှောင်ဖတ်ကြမယ်ထင်တယ် အဟဲ
ဆောရီးပါဗျို ့
:harr: :kwi:
may flowers
October 10, 2012 at 1:03 pm
ကိုဆာမိရယ် ကိုယ်ကျိုးအတွက်လုပ်တယ်ပြောပြော ကျွန်မသာဆို ဒီလိုလုပ်နိုင်ဖို့ အင်းးးးးးးးးးးးး
စဉ်းစားကြည့်တော့ မလုပ်နိုင်လောက်ဖူးထင်ပါရဲ့ ကိုဆာမိရဲ့လုပ်ရပ်ကို ချီးကျူးမိပါတယ်.။
Khaing Khaing
October 10, 2012 at 1:11 pm
ဟမလေး … ဦးဦးစာမိရယ် .. ပျစ်ပျစ်နှစ်နှစ်ရေးထားလိုက်တာ … အခုတောင်စားပြီးတာတွေပြန်အံချင်လာ ပီ ….
marblecommet
October 10, 2012 at 2:23 pm
ကိုဆာ့ရဲ့
ကိုယ်တိုင်ကြုံ၊ ရင်တွင်းဖြစ်
နှလုံးသား အာဟာရလေးတွေအတွက်
နှလုံးသားထဲကပဲ
လက်မလေး ထောင်သွားတယ်ဗျာ..
MaMa
October 10, 2012 at 2:53 pm
ကိုယ်တိုင်ကားမမူးတတ်ဘူး။
ကားမူးပြီး အံတဲ့လူနဲ့ ကြုံရင် အရမ်းစိတ်ညစ်တယ်။
အဲဒါကြောင့် ကိုယ်နဲ့ခရီးအတူသွားတဲ့လူက မူးတတ်ရင် ကိုဆာမိလိုပဲ ကိုယ့်အတွက်တွေးပြီး ခရီးဖော်ကို အထူးဂရုစိုက်ပေးလိုက်တယ်။
surmi
October 10, 2012 at 4:12 pm
ကိုကမ်း
ရွာထဲပြန်လာတာဝမ်းသာတယ်ဗျာ
အပြင်မှာလည်း တော်တော်တိုက်ပွဲတွေနွဲခဲ ့ရပုံပဲ
အန်တီမမရေ
အဲဒါပဲဗျ ။ ကိုယ်ကမဖြစ်သော်လည်း ဖြစ်တဲ ့သူတွေနဲ ့ဆိုတော ့
ဒါကြောင် ့ပြောကြတာ လူအကြောင်းသိချင်ရင် ခရီးအတူတူသွား တ ဲ့
pooch
October 10, 2012 at 4:24 pm
ကိုဆာမိရေ ကျမကိုယ်တိုင်လည်း မူးတတ်သူမို့ အန်ပြီဆို ဘေးလူတွေကို အားနာလှပါတယ်။ ခုတော့ ဆေးကို ဂရုတစိုက်သောက်တာမို့ နည်းနည်းပါးပါး မူးတာကလွဲလို့ မအန်တော့သလောက်ပါ။
ဘေးလူတွေ အတော်ဒုက္ခရောက်ရှာတယ်။
တော်သေးတာက မိသားစုနဲ့ပဲ ခရီးထွက်ဖြစ်တာများလို့။
surmi
October 10, 2012 at 9:42 pm
ဒေါ်ပုချ်ရေ
ခရီးသွားရင်းကြုံရတာတွေက တခါတလေ ပျော်စရာကောင်းသလို စိတ်လည်းညစ်ရသဗျ
ကျုပ်က အမြဲလိုလိုခရီးတွေနဲ ့ကြုံခဲ ့လေတော ့ ရိုးနေသလိုပါပဲ ။တကယ်တော ့ခရီးသွား
ရတာကိုပဲပျော်နေတာပါ ။ ဒါနဲ ့ဒေါ်ပုချ်လည်း တောင်ငူနဲ ့ အဆက်အသွယ်ရှိမယ်ထင်တယ်
လုံမလေးမွန်မွန်ရေ
ဆုံးတဲ ့ထိလာဖတ်ပေးတာ ကျေးဇူးလည်းတင်တယ် အားလည်းနာပါတယ်ဗျာ
ပြောချင်တာတွေ ရှုပ်ကုန်လို ့ပါ ဟဲဟဲ
:hee:
pooch
October 10, 2012 at 10:30 pm
တောင်ငူသူ ကိုဆာမိရဲ့ ၈ လေးလုံးစတဲ့နေ့မှာမှ ရထားကြီးစီးလို့ မန်းမြေကို ခြေချပြီး မန်းသူဖြစ်ခဲ့တာ။ မွေးဇာတိပေမဲ့ ငယ်လွန်းလို့ ဘာဆို ဘာမှ မမှတ်မိပါဘူး။ ဇာတိခြံအကျယ်ကြီးလည်း ရောင်းပစ်ခဲ့လို့ အပြီးပြောင်းခဲ့ကြတာပါ။ တနှစ်တခါတော့ ပြန်လည်ဖြစ်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပြန်လာတာပါ။ ဘုန်းကြီး မွေးနေ့ အလှူသွားခဲ့တာ။
ဒီအချိန် မင်းကွတ်သီးတွေ လှိုင်နေတာမို့ ဝယ်ရတာ အားရပါးရပါ။
လုံမလေး မွန်မွန်
October 10, 2012 at 5:01 pm
အဲ..တကယ်တော့…ပျို့တောင်လာသလိုပဲ…
မနက်က ဖွင့်လိုက်သေးတယ်.. အောက်က ကွန်မန့်တွေဆီ ဖြတ်ကနဲအကြည့်ရောက်တော့မှ ဆန်ပြုတ်ဆိုတာကို သဘောပေါက်သွားတာနဲ့ မဖတ်သေးဘဲ ထားတာတာ..
အခုဖတ်ကြည့်တော့မှ ထင်ထားတာထက် ပိုဆိုးတယ်…သေသေချာချာကြည့်ပြီး ရေးထားတာပဲ…သရုပ်ဖော်ထားတာ…
အောင်မယ်လေး..ရေးရင်နဲ့တောင်… 🙁
:harr:
padonmar
October 10, 2012 at 10:34 pm
ကိုဆာမိရေ
ဘာဘဲပြောပြော သူတို့အကျိုးရှိသွားတာဆိုတော့ သာဓုပါနော်။
နောက်ပြီး ကိုဆာမိရဲ့ ဟန်မဆောင်တမ်း ကိုယ့်စိတ်ကိုယ် analysis ခွဲခြမ်းဝေဖန်လိုက်တာလေး သဘောကျမိပါရဲ့။
သာဓု သာဓုပါနော်။
……….
ကျမ ဝေါဟာရသစ်တွေလည်း တစ်ထောကြီးရလိုက်တယ်။
ဆန်ပြုတ်၊ဥဩဆွဲ။မီးတောင်ပေါက် …ကျေးကျေး
ဒါထက် အိပ်ငိုက်တဲ့ကောင်မလေး က သုံးကျပ်တိုး၊ငါးကျပ်တိုးဆိုတာတော့ ဒုံးဝေးတဲ့ကျမ မသိပြန်ဘူး။
surmi
October 11, 2012 at 1:11 pm
အစ်မပဒုမ္မာခင်ဗျ
ယူတယ်ဆိုတာကဒီလိုပါ ။ အိပ်စက်အနားယူ ဆိုတဲ ့ ယူ နဲ ့ အရပ်ထဲမှာ အတိုးနဲ ့
ငွေချေးယူတာကို ခိုင်းနှိုင်းပြီး ဟာသစွက်ပြီး ရေးလိုက်တာ ။ဒေသန္တရ သုံးဖြစ်လို ့
ရုတ်တရက် နားမလည်ဖြစ်သွားတာပါ ဟဲဟဲ ။ ကျေး ကျေး
:hee:
ဗျို ့ ကိုမိုးတိမ်
ကွန်နက်ရှင်ကတော ့ ဆိုးတယ်ဆရာရေ ့ ။ ဟိုနေ ့ကလည်း တစ်နေ ့လုံးရေးမရဖြစ်နေတာ ။
ဘာပဲရေးရေး ကျေးကျေးဗျို ့
မိုးတိမ်
October 11, 2012 at 1:24 am
အားပေးသွားပါတယ်ဗျာ။အစက ကွန်မန့်ပေးခဲ့တာ အများကြီးရေးထားခဲ့တာပါ။
ပို့လိုက်တာကော်နက်ရှင်မကောင်းလို့ပျောက်သွားတယ်ဗျာ။[:-((]
အခုတော့ ထပ်ရေးဖို့စိတ်မပါတော့ဘူး ဦးဆာမိရေ…….
ကြောင်ကြီး
October 14, 2012 at 6:44 pm
အန်ဖတ်
လန်ထွက်
မန်ချက်
ခံသတ်
ငန်စပ်
ဒဏ်ခတ်
ရန်ဖက်
ကံတက်..။
uncle gyi
October 14, 2012 at 9:51 pm
အတ္တကပရဖြစ်သွားတယ်ဆိုတာဒါမျိုးပေါ့ကိုဆာမိ
ဒီလိုအတ္တကရှိကောင်းပါတယ်
Hnin Hnin
October 16, 2012 at 2:20 am
ဟုတ်တယ်နော်…အဲ့လိုပဲ တွေးမိတယ်..’အတ္တနည်း’ ပြီး ‘ပရကဲ’ သွားလို့သာလေ..နောက်မဆို
ဘယ်လုပ်ပေးပါ့မလဲ….ချွမ်ပြေး၊ဆပေါင်ထင် သွားတယ်ဆိုတာ မထောင်ပင်…အတိသယဝုတိ္တ
အလင်္ကာများလား…မိန်းမဖတ်မိရင် အမျက်တော်ရှမှာမို့ ပြန်ဖြည်ထားတာမှုတ်လား…
အရေးအသား၊အကြားနဲ့တော့ မရွံတတ်ဘူး…လက်တွေ့ကျကျမြင်ရမှ ရွံတတ်တာ….
ဒါကြောင့် ဒီလိုလူလည်း ရှိသေးလို့ ဆက်ရေးပါလို့..:)..နောက်ပြီး ပဒေသာကပွဲကြီးကတော့ အတော်ကောင်းတယ်ရှင်..အားတွေလည်း အတော်စိုက်ထုတ်ခဲ့ရမယ်…ဒါပေမယ့် အရမ်းရှည်
သွားတော့ ဖတ်ရတာအတော်ကြာပြီး လေးသွားသလားလို့ပါ…မိဘမေတ္တာဘွဲ့တွေ၊ရသတွေ စာပေဆုလွဲခဲသလို ပီပီပြင်ပြင်ဟာသ၊လွှတ်ကောင်းသရော်စာတွေလည်း(ဟာသကြိုက်သူမို့)
ရဲအောင် အကယ်ဒမီရသလို စာပေဆုရစေချင်တာ အမှန်ပါ….ကျန်တဲ့ ပညာပေး၊ကျန်မာရေး
ပညာပေးတွေလည်း နှစ်သက်လို့ အကုန်မျှရစေချင်ပါတယ်…..
ကားပေါ်မှာ အီးထုပ်ကြီးထားခဲ့တာဖတ်လိုက်ရတော့ ဘာရယ်မသိ အသံထွက်ပြီး ရယ်လိုက်
မိတယ်…သူများတွေက ရွံနေတာ..ကိုယ်က ရယ်နေတာ…အဲတော့ ကိုsurmi ရိက္ခာထုပ်လို့
မှတ်လိုက်ပြီး အိမ်ကိုတောင် သယ်သွားသေးတယ် မှုတ်လား 😛
Hnin Hnin
November 11, 2012 at 4:21 pm
ကိုဆာမိရေ….တတိယဆုရတဲ့အတွက် ဂုဏ်ယူပါတယ်…..
ကိုယ်ရစေချင်တဲ့သူတွေထဲက တစ်ယောက် စရသွားလို့လည်း ပျော်ပါတယ်…
နောင်များတော့ ပထမ ရပါစေ….
လထူနှင်းနှင်းလုပ်လိုက်လို့ ကိုဆာမိ ဂျာလည်ရိုက်သွားရတယ်…ဆောရီးပါ.. 🙂
ဒီပို့စ်လေးကို လုံးဝမရွံမရှာဘဲ(အများနဲ့မတူ) ဖတ်ခဲ့တာနဲ့တင်
ဒေါ်နှင်းနှင်းကို ခွင့်လွှတ်သွားမှာပါ..အဟဲ..
surmi
November 11, 2012 at 7:05 pm
ကျေးဇူးလည်းတင်တယ် ။ဝမ်းလည်းသာပါတယ်မနှင်းနှင်းရေ
မနက်ကအဖြစ်အပျက်ကတော ့အမှတ်တရပါပဲဗျာ
ပြန်ဖတ်ပြီးရီနေရတာ ။
ကျနော်တို ့အမှားကောင်းလိုက်တာ ကိုပေါက်ကြီးတောင်ကမန်းကတန်း
အဖြေထုတ်ပေးလိုက်ရတယ် ဟဲဟဲ
နောက်လည်းအားပေးနိုင်ပါစေဗျာ