Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မင်းလိုသူငယ်ချင်း..။

ရွှေအိမ်စည်October 12, 20121min2816

သန်းပေါင်းများစွာသော လူတွေရဲ့ ခံစားချက်က တစ်ယောက်နဲ့တစ်ယောက်

မတူကြပါဘူး။ တစ်ချို့က အထီးကျန်တယ်၊ တစ်ချို့က မျှော်လင့်ချက်ကို

ပွေ့ဖက်ထားတယ်။ တစ်ချို့က စိတ်ဆင်းရဲနေတယ်။ လူ့ဘဝခရီးလမ်းမှာ

ဒီလိုခံစားချက်ရှိတဲ့ လူတွေအတွက် အပေါင်းအဖော် မိတ်ဆွေဆိုတာ လိုလာတယ်။

သူငယ်ချင်း လိုလာတယ်။

 

လူတွေနဲ့ မိုင်ပေါင်းများစွာ ဝေးကွာအောင် သင်ခရီးထွက်နိုင်ပါတယ်။

ဒါပေမယ့် လူတွေကြားမှာ နေရတဲ့အပျော်ကို သင်ခံစားရမှာ မဟုတ်ဘူး။ လူတွေရဲ့

အတွင်းစိတ်ကို သင်မမြင်ရင် လောကကြီးကိုလည်း သင်ရှာတွေ့မှာ မဟုတ်ဘူး။

 

 

ကျနော်တို့ ဘဝတွေရဲ့ အသေးအဖွဲလေးတွေက ဆက်ဆံရေး တခု မှာ အရေးကြီးပါတယ်… အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေ၊ ဘဏ်စာရင်းတွေ မဟုတ်ပါဘူး..

. အဲဒါတွေက ပျော်ရွှင်စေတဲ့ ပတ်ဝန်ကျင်းတခု ဖန်တီးနိုင်ပေမဲ့ ပျော်ရွှင်မူကို တော့ မဖန်တီးပေးနိုင်ပါဘူး…

ဒါကြောင့် သင့်လက်တွဲဖော်ရဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် အချိန်ပေးပါ…

ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ပေးမဲ့ အသေးအဖွဲလေးတွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လုပ်ပေးပါ… တကယ်ပျော်ရွှင်တဲ့ ဘဝလေးတခု ဖြစ်မှာသေချာပါတယ်..။

 

အရောင်းဝန်ထမ်း၊ လမ်းပေါ်မှာ တာဝန်ကျသူ၊ ဘတ်စကားမောင်းသူ၊

ဓာတ်လှေကားစောင့်၊ ဖိနပ်သုတ်တဲ့ ကလေးငယ် … စတဲ့ လူတွေက

အရည်အချင်းရှိတဲ့ လူတွေဖြစ်တယ်။

 

လူတိုင်းမှာ ပြည့်ဝတဲ့စိတ်ဓာတ်တွေရှိကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအများစုက

တသတ်မှတ်တည်းဖြစ်တဲ့ ဘဝထဲမှာပဲ နစ်မွန်းချင်ကြတယ်။ နေ့တိုင်း

ဒီအပေါင်းအသင်း၊ ဒီမိတ်ဆွေတွေနဲ့ အပ်ကြောင်းထပ်နေတာတွေပဲ

ပြောချင်ခဲ့ကြတယ်။

 

တကယ်တော့ သူစိမ်းနဲ့ အထူးသဖြင့် လုပ်ငန်းမတူသူတွေနဲ့

စကားပြောကြည့်ခြင်းအားဖြင့် သူတို့ဆီကနေ ကိုယ်မသိတဲ့ အတွေ့အကြုံသစ်၊

ခံစားမှုအသစ်ကို ရနိုင်ပါတယ်။

 

တောရွာက လယ်သမား၊ ဝေးခေါင်တဲ့အရပ်က

ဓာတ်ဆီဖြည့်သမား၊ ကလေးပွေ့ထားတဲ့ အမျိုးသမီးတစ်ဦးဟာလည်း

ကျွန်တော်တို့စိတ်ကို ပျော်ရွှင်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

 

တစ်ခြားသူအတွက် ဘာများပေးနိုင်မလဲ? ဘာများ လုပ်ပေးနိုင်မလဲလို့

ကျွန်တော်တို့အမြဲ ရေရွတ်ကြတယ်။ မပေးနိုင် မလုပ်နိုင်ချင် နေပါစေ..

အနည်းဆုံးတော့ တစ်ပါးသူရဲ့ ခံစားချက်ကို ကျွန်တော်တို့

လက်ခံနားလည်ပေးနိုင်ပါတယ်။

 

အပြင်ပန်းပဲ မဟုတ်ဘဲ လူတစ်ယောက်ကို

ကျွန်တော်တို့ ဂရုတစိုက် ရှိခဲ့မယ်ဆိုရင် သူ့မျက်လုံးထဲကနေတောင်

သူ့အတွင်းစိတ် အခက်အခဲကို တွေ့နိုင်ပါတယ်။

 

အစကတော့ သူစိမ်းတွေပါပဲ… တစ်ယောက်ယောက်က လက်အရင်ဆန့်ထုတ်တာနဲ့

သူငယ်ချင်းဆိုတာ ဖြစ်လာခဲ့ပါတယ်။

 

 

 

မင်းလိုသူငယ်ချင်း”

 

ငှက်တွေမြင့်မြင့်ပျံကြတယ်

ဖမ်းဖို့ခက်သလို

မင်းလိုသူငယ်ချင်းကို

မေ့ဖို့ခက်ပါတယ်……….

ကြယ်တွေကောင်းကင်ထက်မှာ

လင်းလက်နေကြတယ်

ရယူနိုင်ဖို့ခက်သလို

မင်းလိုသူငယ်ချင်းကို

မုန်းဖို့ခက်ပါတယ်………

ငါလည်းသေသွား

ပင်လယ်လည်းခမ်းခြောက်သွားမယ်ဆိုလည်း

မင်းလိုသူငယ်ချင်းကို

ဘယ်တော့မှ နှုတ်မဆက်ပါဘူးကွယ်……………..

 

 

FRIEND  LIKE  YOU

 

bird fly high

hard to catch

friend like you

hard to forget

stars twinkle in the sky

 

hard to take

friend like you

hard to hate

i will die

sea will dry

 

friend like you

i never say  “GOOD BYE”

 

မင်းလို…သူငယ်ချင်းတစ်ယောက်လောက်တော့ကိုယ့်မှာရှိချင်ခဲ ့ပါတယ်

 

 

သူငယ်ချင်းရဲ ့

ချစ်ခင်လေးစားသော..ရွှေအိမ်စည်

6 comments

  • Thu Wai

    October 12, 2012 at 9:39 am

    ကြိုက်တယ်ဗျာ အောက်က ကဗျာလေးကို သူများတွေမှာရှိမရှိတော့မသိဘူး ကျွန်တော့်မှာတော့ အဲလိုသူငယ်ချင်းတစ်ယောက်ရှိတယ်

  • Thu Wai

    October 12, 2012 at 9:44 am

    ပြောဖို့မေ့ခဲ့လို့ ကဗျာလေးကိုကူးသွားတယ် သူငယ်ချင်းရဲ့ဆိုင်ဖွင့်ပွဲလက်ဆောင်ပေးမလို့
    ကျေးဇူးပါ

  • ကြောင်ကြီး

    October 12, 2012 at 10:39 am

    သယ်ရင်း
    လည်စင်း
    ဆွယ်ခြင်း
    ငယ်မြင်း
    ကြယ်လင်း
    တွယ်နှင်း
    ဖယ်ခွင်း
    ဘယ်ဒင်း..။

  • Ma Ei

    October 12, 2012 at 11:33 am

    ရွှေအိမ်စည်ရေ…
    မင်းလို…သူငယ်ချင်းတစ်ယောက်လောက်တော့ကိုယ့်မှာရှိချင်ခဲ ့ပါတယ်…
    :hee:

  • Khaing Khaing

    October 12, 2012 at 1:16 pm

    သူငယ်ချင်းဆိုတာထက် မင်းလို … မိတ်ဆွေတွေကို ပိုလိုလားပါတယ် ……..

  • uncle gyi

    October 13, 2012 at 9:10 am

    ဟုတ်ပါတယ်လေ
    သူငယ်ချင်းဆိုပြီးပေါင်းလိုက်ကြတာ
    အဲလိုသူငယ်ချင်းမျိုးကရှားပါတယ်

Leave a Reply