Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းဂဇက်၏ စတုတ္တခြေလှမ်း (အလှူငွေများစတင်လက်ခံနေပါပြီ)

ဒီလိုဗျ…

ပြောရမယ်ဆိုရင် ခင်ဗျားတို့လဲ သိတဲ့အတိုင်းဗျာ… ဒါဇင်ပလပ်ဆိုတဲ့အဖွဲ့ပိစိညှောင့်တောက်လေး…

လစဉ် လုပ်အားခထဲကနေပြီးတော့ တတ်စွမ်းသမျှလေးတွေဖဲ့လှူတဲ့အဖွဲ့…

လှူပြန်တော့လဲ စာသင်သားရှိပြီးရော… ဘကကျောင်းဖြစ်ရင်ပြီးရောဆို မလှူချင်တော့အရပ်လှည့်ပြီး အလှူခံပုဂ္ဂိုဟ်လေးတွေ လှူသင့်တဲ့နေရာလေးတွေကို အချိန်ပေးရှာရသပေါ့… အားလပ်ရက်လေးတွေမှာ အဆင်ပြေသူများစုပေါင်းပြီး ဒါဇင်ပလပ်ရဲ့အလုပ်လဲ လုပ်ကြရသပေါ့ဗျာ…

ဘယ်ကျောင်းလေးကဖြင့် ဘာတွေလိုနေတယ်… ဘယ်ကျောင်းလေးကဖြင့် စည်းကမ်းကောင်းလိုက်တာ… ဘယ်ကျောင်းလေးကဖြင့် အတော်လေး ချို့တည့်ရှာတယ်ပေါ့… ဘယ်ကျောင်းလေးကတော့ ဘယ်လိုပေါ့… အချက်အလက်လေးတွေစု… နောက်လကို ဘယ်ကျောင်းကိုသွားမယ်… သွားဖို့ ဘယ်လို စီစဉ်ကြမယ်ဆိုတာ တိုင်ပင်ကြနဲ့…

အဲဒီမှာ…

အခြေအနေကလဲပေး… အားတဲ့ရက်နဲ့လဲတိုက်ဆိုင်တော့ တွံတေးမြို့နယ်၊ ကွမ်းခြံကုန်းနဲ့ ကော့မှူးကားလမ်းမပေါ်မှာရှိတဲ့ မင်္ဂလာတိုက်ကျောင်းမှာရှိတဲ့ မင်္ဂလာပရဟိတကျောင်းကို မေးစမ်းရင်းနဲ့ အခြေအနေကြည့်ဖို့ရောက်သွားတယ်ဆိုပါတော့ဗျာ…

အထဲရောက်တော့ ကျောင်းအဆောက်အဦးလေးတွေကောင်းတော့ မိဘမဲ့ကလေးတွေ အနေအစားသင့်တင့်သားရယ်လို့တွေးမိလိုက်သေး…

ကျောင်းသားလေးနဲ့ စာသင်ကြောင်းဆိုင်းဘုတ်

 

ကွင်းခေါင်ခေါင်ကစာသင်ကျောင်းလေး

ကျောင်းထဲရောက်တော့ တာဝန်ရှိသူတစ်ယောက်မေးလိုက်ချိန်မှာ ကျောင်းသားပေါင်း (၁၂၁၇)ယောက်တဲ့…

တစ်နေ့ စားစရိတ် (၇)သိန်းလောက်သုံးမှ ချဉ်ရေဟင်း၊ ငါးပိရည်၊ သခွားသီးနဲ့ ထမင်းတောင် အနိုင်နိုင်ကျွေးနေရတဲ့ဘဝဆိုတော့…

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်မှာ ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်တွေကို ဆရာတော်က အလှူခံရငွေနဲ့ ပံ့ပိုးနေရပါတယ်ဆိုတော့…

အမိအဖမဲ့ ဆင်းရဲချို့တဲ့တဲ့သူတို့လေးတွေကိုကြည့်ပြီး ကျွန်ုပ်တို့မျက်ရည်လည်ခဲ့ရတယ်ကိုးဗျ…

ကျောင်းရဲ့ဦးဆောင်သူဆရာတော်

 

အတန်းကြီးလေးတွေက အတန်းငယ်လေးတွေကို ပြန်ထိန်းမတ်ပြီး စည်းကမ်းရှိရှိနေကြတဲ့သူတို့လေးတွေရဲ့ လိုအပ်ချက်ကို ဘယ်ပုံဘယ်နည်းနဲ့များ ကျွန်တော်တို့တတွေဖြည့်ပေးနိုင်ပါ့…

တနင်္ဂနွေနေ့လဲဖြစ်ပြန်တော့ ကလေးငယ်တွေနားရက်မှာ ချို့ချို့တည့်တည့်ဆော့ကစားနေတာကိုမြင်ရတော့… ရင်ထဲမှာ ကြည်နူးရမလို…

သနားရမလို… သူ့တို့ဘဝကို မြှင့်တင်ပေးချင်တဲ့ဆန္ဒတွေ တစ်ဖွားဖွားဖြစ်လာတယ်…

ဒါပေမယ့် တစ်ဦးတစ်ယောက်ရဲ့အင်အားနဲ့ကူညီပေးလို့မရတဲ့အနေအထားမို့… ကိုယ့်ကိုကိုယ်တောင်အားမရဖြစ်မိသေးတယ်…

သူ့တို့ဘဝရဲ့ပျော်စရာအချိန်အပိုင်းအခြား
ဝါးရုံးအောက်မှာ အေးအေးဆေး

ဝတ်စုံညီနှင့် နားနေသည်

ထမင်းစားကြတော့လဲ တာဝန်ကျသူအကြီးတန်းတွေက ပြင်ဆင်ပေး… အကြီးတွေက အငယ်လေးတွေကို ထိန်းရင်းနဲ့ စနစ်တကျတန်းစီ ထမင်းစားခန်းကို လာတဲ့မြင်ကွင်းဟာလဲ…

ထမင်းစားခန်းအဝက ဆိုင်းဘုတ်
ထမင်းစားဆောင်သို့တန်းစီလာ…
ချီလေတဲ့ချီလေ..
ပန်းကန်လေးများအစီအရီ
ပလုပ်ပလောင်းနဲ့ ပြူးခါကြည့်…

မိဘမဲ့မို့ ရောက်လာတဲ့ဧည့်သည်တွေနောက်ကိုလိုက်ပြီး၊ တရင်းတနီးစကားတွေပြောရင်းက “အဖေ” လို့ နှုတ်ဖျားက ထွက်ကြလာတဲ့အသံကို ကျွန်ုပ်တို့ ဘယ်လိုအသည်းနှလုံးတွေနဲ့ ကြံကြံခံ လစ်လျူရှု့နေနိုင်ပါ့…

ကျောင်းသူအဆောင်ရှေ့ကဖိနပ်လေးများ
ကျောင်းသားကျောင်းသူတို့အတွက် ကျန်းမာရေးဆေးခန်းလေး

 

အပြန်မှာ ကျောင်းသူ၊ ကျောင်းသားလေးတွေ Good Bye ဆို နှုတ်ဆက်ကြတယ်…

လက်ပြနှုတ်ဆက်

အပြန်လမ်းမှာ ငြိမ်သက်လာကြတယ်…

လမ်းမှာ စဉ်းစားလာကြတယ်…

ကိုယ်စီ စိတ်ကူးတွေဖန်တီးဖို့ အင်အားစုလာကြတယ်…

ရန်ကုန်မြို့မြေထဲခြေနင်းတော့ အကုန်လုံးရင်ထဲကစကားတစ်ခွန်းထွက်လာတယ်…

ကျွန်ုပ်တို့ ဒါဇင်ပလပ်မွေးဖွားရာ၊ အစတည်ရာ မန္တလေးဂဇက်ကြီးက ဝါသနာရှင်တွေ… စာဖတ်သူတွေကို ဒီအကြောင်းလေးပြောပြပြီး…

မန်းဂဇက်ရဲ့စတုတ္တမြောက်အလှူကို ဖန်တီးဖို့တီးခေါက်ကြည့်ဖို့ ဆုံးဖြတ်ကြတယ်…

ဒီမနက်ရောက်တော့ လုပ်ငန်းခွင်ကိုယ်စီပေမယ့် အတွေးထဲမှာ ကလေးတွေရဲ့မျက်နှာတွေ ကျန်နေတယ်…

ခေါင်းထဲမှာ သူတို့အတွက်လိုအပ်ချက်ကို ဖြည့်ပေးချင်တဲ့ စိတ်ဆန္ဒတွေစီးဆင်းနေတယ်…

နောက်ဆုံး တိုင်ပင်အားထားရတဲ့ အန်တီပဒုမ္မာကို ဖွင့်ပြောမိတယ်… အန်တီက လုပ်ပါသားရယ်… အန်တီကူညီနိုင်တာကူညီပါ့မယ်ဆိုတော့

ကျွန်ုပ်တို့ အတိုင်းမသိဝမ်းသာရတယ်…

လူငယ်တွေကို နားလည်ပြီးချစ်ခင်တဲ့ လေးမိုက် (ဦးကြီးမိုက်) နဲ့ လေးပေါက်တို့ကို ပြောပြတော့ လေးမိုက်က ပါဝင်ရန်အသင့်နဲ့ လေးပေါက်ကတော့ အထက်မြန်မာပြည်ဘက်က အလှူငွေကောက်ခံရေးကို တာဝန်ယူပေးပါ့မယ့်အကြောင်း ဝမ်းမြောက်ဝမ်းသာပြောလာတော့…

အန်တီပဒုမ္မာ၊ လေးမိုက် နှင့် လေးပေါက်တို့ကဲ့သို့ အခြားသောရွာ့လူကြီးမင်းများအားလုံးကိုလဲ လက်လှမ်းမီသလောက်အကြောင်းကြား အကြံဉာဏ်များ တောင်းခံပြီးနောက်…

ကျွန်ုပ်တို့ အင်အားတွေပိုရှိလာတယ်…

ဒီကလေးတွေရဲ့စားဝတ်နေရေးအတွက်… တစ်ရက်စာပဲဖြစ်ဖြစ်… တစ်နှပ်စာပဲဖြစ်ဖြစ်…

ရနိုင်သလောက်စုပေါင်းပြီး မန်းဂဇက်ရဲ့စတုတ္တအလှူခြေလှမ်းကို လှမ်းချင်တယ်… အဲဒီအတွက် ဒါဇင်ပလက်အဖွဲ့သားတွေကလဲ…

အရိုးကျေကျေ… အရည်ခမ်းခမ်းကျရာ တာဝန်ကိုယူမယ်လို့ သနိ္တာန်ချထားတယ်…

ဒီကလေးတွေအတွက် ကူညီကြစေချင်ပါတယ်…

ဒီကလေးတွေအတွက် ရိုင်းပင်ကြစေချင်ပါတယ်…

သူတို့ အနာဂတ်အတွက် တစ်ရက်အသက်ဆက်နိုင်ဖို့ အားထုတ်ကြစေချင်ပါတယ်…

ကျွန်ုပ်တို့ သွေးတစ်စက်ဟာ သူတို့အတွက် တစ်နာရီအသက်ဆက်ဖို့ အင်အားဖြစ်ရင်တောင် ကျွန်ုပ်တို့ဂဇက်အဖွဲ့သားများ သူတို့ဆက်လှမ်းနိုင်အောင်

ကူညီကြစေချင်ပါတယ်…

 

အလှူငွေကောက်ခံပေးကြမည့်သူများ-

အောက်မြန်မာပြည်

(၁) သူရဇော်၊ ဝ၉၄၂၀၀၆၉၅၀၂

(၂) ဖက်တီးကက်၊ ဝ၉၅၁၈၀၆၃၁

(၃) Etone၊ ဝ၉၇၃၁၄၄၄၂၁

(၄) ရွှေတိုက်စိုး၊ ဝ၉၇၃၁၁၄၃၂၂

အထက်မြန်မာပြည်

(၁) ကိုပေါက် (မန္တလေး)၊ ဝ၉၆၈၀၅၃၉၆

အလှူငွေစာရင်းပြုစုကြသူများ

(၁) နွယ်ပင်၊
(၂) ချာတူးလန်

အလှူငွေထိန်းသိမ်းသူ
(၁) Rose Minn (ခ) မမအုံ

အလှူငွေများ စတင်ထည့်ဝင်နိုင်ပြီဖြစ်ကြောင်း… သတင်းကောင်းပါးအပ်ပါတယ်…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

111 comments

  • Shwe Ei

    October 15, 2012 at 4:44 pm

    ကောင်းပါတယ်အကိုဂျီးချင့်။ ဂလိုဖိတ်ခေါ်လိုက်တဲ့အတွက် ပါဝင်ချင်သူတွေလဲ စေတနာအလျောက် ပါဝင်လာကျမှာဖစ်ပီး၊ ဒါဇင်ပလပ်လဲ အကျိုးဆောင်ရတာ စိတ်ရှင်းသွားမှာပါ။ အဲဒီ နေရာလေးကို နောက်တခေါက်ပြန်သွားချင်သေးတာအမှန်ပါ။ ဒါဇင်ပလပ်ရဲ့ကြိုးစားမှု အထမြောက်ပါစေကြောင်းဆုတောင်းလျက်။

    ခင်တဲ့
    မရွှေအိ

  • etone

    October 15, 2012 at 4:44 pm

    ဝေးးးးးးးးးးးးးးးးး
    မန္တလေးဂေဇက်ရဲ့ … အလှူတစ်ခု .. အစပျိုးပြန်ပြီပေါ့နော် ။
    အားပေးပါတယ် ကိုဖက်ရေ … တတ်နိုင်သမျှလည်း … လှူပါ့မယ် … ။ ဒါပေသိ . ဘယ်သူ့ကို ဘယ်လို လှူရမယ်ဆိုတာလေး .. တဆိတ်လောက် :gee:

  • ကိုခင်ခ

    October 15, 2012 at 4:44 pm

    မန်းဂဇက်ရဲ့စတုတ္တမြောက်အလှူကို ဖန်တီးဖို့တီးခေါက်ကြည့်ဖို့ ဆုံးဖြတ်ကြတယ်…ဆိုဘဲ
    ရွာသူားအပေါင်းတို့ ညီညာဖြဖြ ကူညီကြပါအုံးလို့။

  • နွယ်ပင်

    October 15, 2012 at 4:50 pm

    ကိုဖက်ရေ အားပေးပါတယ်နော် … တက်နိုင်သလောက်လဲ အစွမ်းကုန်ပါဝင်ကူညီဖို့ အသင့်ပါ …

  • ရွှေ ကြည်

    October 15, 2012 at 4:55 pm

    ဝမ်းမြောက်ဝမ်းသာပါဝင်ပါ့မယ်လို့ သူတို့လေးတွေအတွက်နိုင်သလောက်လှူပါ့မယ်..။

  • စိန်ဗိုက်ဗိုက်

    October 15, 2012 at 4:57 pm

    တစ်နေ ့စားစရိတ် ခုနစ်သိန်းပေမဲ့ လူကနဲတာမဟုတ်တော့လဲ ကုန်မပေါ့နော်..
    ရှာရတာ မလွယ်လောက်ဘူး..
    ငွေပဒေသာပင် စနစ်ဆိုကလား..အဲတာဘာပြောတာလဲမသိ..တစ်လတစ်လ ဘဏ်တိုးနဲ ့သုံးတဲ့ဟာလား မပြောတတ်
    အဲဒီမပြောတတ်တဲ့ စနစ်နဲ ့ စပွန်စာပေးတာတွေ တွေ ့ဖူးသလားမပြောတတ်..
    ဪ..
    မပြောတတ်တာတွေများနေလို ့မပြောတတ်တော့ပါဘူး..
    အခုထောက်ပံ့တာလဲ ထောက်ပံ့
    ပြီးတော့..ရေရှည်အတွက်လဲ စဉ်းစားပေးသင့်တယ်ထင်တယ်..အူးလေးတို ့ရဲ့
    မွန်မြတ်တဲ့ ခြေလှမ်းပါ အူးဝတုတ်ရေ..
    ကျန်တာတော့ မပြောတတ်တော့ပါဘူး

  • လူငယ်တွေ လမ်းမှားရင် လူကြီးက ဦးစားပြီး ပြင်ပေးနေရမယ်။
    အခုလူငယ်တွေ သူ့အသိစိတ်ဓါတ်နဲ့သူ ကောင်းသောအလုပ် လုပ်တာ ကျနော်တို့ လူကြီးတွေက
    ဝိုင်းကူပေးရမှာပေါ့။
    ဆက်လုပ်ပါ ဖက်ဖက်ရေ နောက်က လိုက်ဘို့အဆင့်သင့်။
    ကောင်းတာကတော့ အချိန်ကာလကို ဒီတစ်ခါနည်းနည်းရှည်ပေးလိုက်။
    မန်းဂေဇက်ဆုံပေးပွဲထိ ဆွဲလိုက်။
    အဲဒီမှာ လဲ ပွဲတက်ရင်း အလှူထည့်ချင်စိတ်ပေါ်လာရင် ပေါ်လာကြမှာ။
    အဲဒီပွဲမှာ အလှူခံပုံးလေး ထားလိုက် ဘာနာမယ်မှ မမှတ်နဲ့ ကြိုက်သလိုထည့်
    ပွဲပြီးမှ ငွေဘယ်လောက်ရတယ်ဘဲ စု စစ်လိုက်မယ်။
    ဒီကြားထဲမှာအရင်ပွဲတွေလိုဘဲ ရသလောက်ငွေစုထားမယ်။
    ဖက်ဖက်ရေ အလှူငွေလိုက်သိမ်းပေးမယ် သူ လက်ခံမယ်သူ့ရဲ့ အမည်နဲ့ ဖုန်းနံပါတ်တွေကို အတိအကျ မေးပြီး ကြေငြာပေးလိုက်အုံးနော်။.
    ကျနော်ဘက်ကတော့ အဆင့်သင့် ဘဲ…………………….
    ဒီပြင်ဆိုက်တွေမှာလဲ ကြေငြာပေးမယ်နော်

  • ဦးဦးပါလေရာ

    October 15, 2012 at 6:09 pm

    ကျုပ်လဲပါမယ်နော…
    အလှူထည့်တာအပြင် တခြားတောက်တိုမယ်ရ လုပ်နိုင်တာရှိရင်လဲ တာဝန်ပေးနိုင်ပါတယ်။
    ဒါဇင်ပလပ်စ်ရဲ့ ဦးဆောင်မှု့ကို ထောက်ခံအားပေးပါကြောင်း..။

    ဒါ့ထက်…..
    မိဘမဲ့ကလေး တစ်ထောင်ကျော်ကို အစိုးရက ဒီအတိုင်းကြည့်နေတာလားမသိ..။
    ဒီပရဟိတဂေဟာသာမရှိရင် သူတို့လေးတွေ ဘာဖြစ်ကုန်မလဲပဲ………
    ဖြစ်ရလေနော်…… ဒီနိုင်ငံမှာလူဖြစ်ရတဲ့ဘဝကတော့…….

    • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

      October 19, 2012 at 9:52 am

      ဦးဦးပါလေရာရေ…
      တခြားတောက်တိုမယ်ရ လုပ်နိုင်တာရှိရင် တာဝန်ပေးပါဆိုလို့…
      တောက်ရှည်မယ်ရတာဝန်လေးပေးပါရစေဗျာ…

      အခု ကျွန်တော်တို့က အကြမ်းဖျဉ်း ၂၀၁၃ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့လို့ အကြမ်းဖျဉ်းသတ်မှတ်ထားပါတယ်…
      အဲဒီအစီအစဉ်များကို ဦးဦးပါလေရာအနေနဲ့ ပိုမိုကောင်းမွန်အောင် လမ်းပြလမ်းညွှန်ပါဦးခင်ဗျာ…
      ဒီအလှူရဲ့ နာယကကြီးအဖြစ်ဖိတ်ခေါ်ပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • ဦးဦးပါလေရာ

        October 19, 2012 at 2:48 pm

        အခုမှပြန်ဖတ်မိတယ် ကိုဖက်ကက်ရေ-
        ကျုပ်ပြောတဲ့ တောက်တိုမယ်ရဆိုတာ ကားမောင်းပို့တာတို့၊ ပစ္စည်းသယ်ပေးတာတို့လို ဟာမျိုးပါဗျာ..။
        နာယကအဖြစ်တော့ မဖိတ်ခေါ်ပါနဲ့.. 😛
        ဒီအလှူက နာယကလဲ မလိုပါဘူး….
        ကိုဖက်ကက်တို့ လူငယ်တွေကသာ စိတ်အားသန်သန် ကိုယ်အားသန်သန်နဲ့ ရှေ့ဆောင်ဦးရွက်ပြုပြီး လုပ်နိုင်သလောက်တကယ်လုပ်လို့ တကယ်သီးတကယ်ပွင့် တကယ်အကျိုးရှိသွားတာကိုပဲ မုဒိတာပွားရင်း ကျေနပ်လှပါပြီ…။
        ကျုပ်တို့အဖိုးကြီးတွေကတော့ ဒီခြေလှမ်းအတွက် စိတ်ရောကိုယ်ပါ လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးမယ်ဖြစ်ပါကြောင်း….

  • ဦးဦးပါလေရာ

    October 15, 2012 at 6:13 pm

    သူကြီးရေ
    ကျုပ်တို့ဆီမှာ ဘက ကျောင်းတွေမရှိရင်ဘာဖြစ်မလဲ သိလား…..
    ဟွင်း….. ဟွင်း…..

    • kai

      October 15, 2012 at 11:16 pm

      “If the mountain won’t come to Muhammad then Muhammad must go to the mountain.”

      မိုဟာမက်ဆီတောင်ကြီးရွေ့မလာရင်.. မိုဟာမက်ကတောင်ကြီးဆီသွားရမယ်ပေါ့..

      :kwi:

      ဆိုတော့.. ဘုန်းတော်ကြီးများအား.. ဆရာအတတ်သင်ကျောင်းများ..
      … ကျောင်းအုပ်ချုပ်မှုအတတ်ပညာသင်ကျောင်းများဆီသို့..(အနိမ့်ဆုံး).. ပို့သင့်ကြောင်း…

      ယူအက်စ်မှာတော့.. ကလေးတန်းကျောင်းအုပ်တွေဟာ.. အနိမ့်ဆုံး မာစတာနဲ့..အများအားဖြင့်.. PhDဒေါက်တာအဆင့် ရှိရကြောင်း..။ ဘယ်လောက်အရေးကြီးသလည်း ဆိုရင်.. တိုင်းပြည်အနာဂတ်ဖြစ်ပါကြောင်း..။

      မြန်မာ့ပညာရေးစနစ်..အမြစ်ကလှန်ပြင်သင့်ပြီဖြစ်ပါကြောင်း…
      =
      http://education-portal.com/articles/School_Principal_Educational_Requirements_to_Become_a_Principal.html
      http://education-portal.com/elementary_school_principal_education.html
      School Principal: Educational Requirements to Become a Principal

      School principals, sometimes referred to as education administrators, are the decision-makers who oversee school policies, curricula and faculty. Principals must often have an advanced degree, such as a Master of Science or Doctor of Education in Educational Administration. Read on to find out about the necessary schooling required to become a school principal.

      • ဦးဦးပါလေရာ

        October 16, 2012 at 12:30 am

        မှန်ပါတယ်သူကြီးရေ..
        တကယ်တော့ ကနဦးပညာရေးဆိုတာ အင်မတန်အရေးကြီးတာမို့
        (ပညာရေးဆိုရာမှာ- စာသင်တာအပြင် အတွေးအခေါ် ၊ အလေ့အကျင့်၊ အကြားအမြင်+ဘလာဘလာတွေလဲပါသပေါ့)
        စံမီစံကိုက်သာ ဖြစ်ရင်အကောင်းဆုံးပါ..။
        အခုအခြေအနေတွေကတော့ မတတ်သာလို့ ဘုန်းကြီးကျောင်းရောက်နေကြတာပါ..
        တနေ့ ….
        ကိုယ့်နိုင်ငံလဲ နိုင်ငံနဲ့ တူလာတဲ့တနေ့
        ကိုယ့်အစိုးရလဲ အစိုးရနဲ့တူလာတဲ့တနေ့ .. မှာ
        အဲဒါတွေအားလုံးက ပညာရေးဌာနကပဲ လွှဲပြောင်းကိုင်တွယ်ရမှာပါ…..။

        လောလောဆယ်တော့
        သမန္တာ….. စက္ကဝါဠေသု…………

        • kai

          October 16, 2012 at 1:42 am

          ဒီခေတ်.. စနစ်အရ.. ဘကပညာရေးစနစ်ဟာ.. မှန်ကန်ပြီးပြည့်စုံနေတယ်.. မဟုတ်ဖူးဆိုတာကို… အသိသညာထည့်ပေးယုံသက်သက်ပါ..

          ဆိုတော့..
          လူထုအားက.. ပါနေပြီဆိုတော့ကာ…

          ကိုယ့်နိုင်ငံလဲ နိုင်ငံနဲ့ တူလာတဲ့တနေ့
          ကိုယ့်အစိုးရလဲ အစိုးရနဲ့တူလာတဲ့တနေ့ .. မှာ
          အဲဒါတွေအားလုံးကို ပညာရေးဌာနက.. လွှဲပြောင်းကိုင်တွယ်ခွင့်ရလိမ့်မည်.. မထင်..ရေးချ..မထင်ကြောင်း…။ :harr:

          သမန္တာ စက္ကဝါဠေသု အတြာဂစ္ဆန္တု ဒေဝတာ.. :kwi:

      • padonmar

        October 16, 2012 at 7:42 am

        သူကြီးကိုထောက်ခံပါတယ်ဗျို့။
        မူလတန်းကလေးတွေဟာ အရေးအကြီးဆုံးပါ။
        သူတို့ကို သင်တဲ့ဆရာတွေဟာ Child Psychology ကိုပါတတ်တဲ့ ပညာရေးနဲ့ ဘွဲ့ရတဲ့ သူတွေဖြစ်သင့်ပါတယ်။
        Phd ,Msc ဆိုတိုင်း ရူပဗေဒ။ဓာတုဗေဒ စတာတွေနဲ့ ရတဲ့ ဒေါက်တာတွေဟာ မူလတန်း-အထက်တန်းကျောင်းဆရာ၊ကျောင်းအုပ် မဖြစ်သင့်ပါဘူး။

      • P chogyi

        October 16, 2012 at 9:20 am

        သူကြီးကတော့ စေတနာနဲ့
        (ဆိုတော့.. ဘုန်းတော်ကြီးများအား.. ဆရာအတတ်သင်ကျောင်းများ..
        … ကျောင်းအုပ်ချုပ်မှုအတတ်ပညာသင်ကျောင်းများဆီသို့..(အနိမ့်ဆုံး).. ပို့သင့်ကြောင်း…)
        ဆိုပေမဲ့ မဖြစ်နိုင်တာကို အရွဲ့တိုက်ပြောနေသလိုပဲ။
        အဲဒီအစီအစဉ်ဖြစ်မြောက်တဲ့အထိဆို အခုကျောင်းတက်နေတဲ့ကလေးတွေ
        ဘိုးဘွားရိပ်သာရောက်နေလောက်ပြီ။
        ဒီအတိုင်းပဲကောင်းပါတယ်။
        ဘုန်ကြီးကလည်း ဘုန်းကြီးစေတနာထားသလောက်လုပ်၊
        အစိုးရပညာရေးပိုင်းကလည်း ပြုပြင်ပြောင်းလဲမှုလုပ်နိုင်သလောက်လုပ်ပေါ့။
        ပြေတီဦးနဲ့ အိန်ဒါ ရွှေကြော်ငြာသလို ” အဖတ်တင်တာပေါ့ယောင်္ကျားရယ်ဆိုပြီး”
        ရွှေတွေလှိမ့်ဝယ်ချင်ပေမဲ့၊ ဝယ်စရာငွေမရှိဘဲ၊ အဖတ်တင်အောင်မလုပ်နိုင်ပါဘူး

  • padonmar

    October 15, 2012 at 7:08 pm

    နာဂစ်ဒေသလေးဖြစ်လို့ မိဘမဲ့ကလေးဒီလောက်များတာဖြစ်နိုင်ပါတယ်။
    ယူနီဖောင်းလေးနဲ့ ကလေးတွေ ဒန်းစီးနေတာ ချစ်စရာ လေးတွေနော်။

    (မိဘမဲ့မို့ ရောက်လာတဲ့ဧည့်သည်တွေနောက်ကိုလိုက်ပြီး၊ တရင်းတနီးစကားတွေပြောရင်းက “အဖေ” လို့ နှုတ်ဖျားက ထွက်ကြလာတဲ့အသံကို ကျွန်ုပ်တို့ ဘယ်လိုအသည်းနှလုံးတွေနဲ့ ကြံကြံခံ လစ်လျူရှု့နေနိုင်ပါ့…)

    ဟုတ်တယ် ၊အဲဒီလို မျိုး တွေ့ဖူးတယ်။ ကျောင်းတုံးက လူမှုဝန်ထမ်းက မိဘမဲ့ကျောင်းကိုလေ့လာရေး ခဏလေးသွားရတာ ကလေးလေးတွေက ကျမတို့လက်ကို ဆွဲထားတာ မဖြုတ်တော့ဘူး။မနည်းချော့ပြီး ပြန်ခဲ့ရတယ်။သူတို့လေးတွေ မေတ္တာငတ်ကြရှာပါတယ်။

    အဆောက်အဦးရှိပြီးသားဆိုတော့ အဓိက စားဖို့နဲ့ စာရေးကိရိယာဖိုးတွေ လိုမှာပေါ့။
    ဘာပဲလိုလို ကူညီပေးပါမယ်။ထုံးစံအတိုင်း နီးစပ်ရာ အလှူခံပေးမယ်လေ။
    နောက်ပြီး လေးပေါက်ပြောသလို ဂဇက်ဆုပေးပွဲအပြီး နောက်တစ်ပတ်မှာ သွားလှူကြရအောင်။

    • ပစ်ပစ်ချန်

      October 16, 2012 at 9:25 pm

      အဲ့မှာ တင်ကိုလတ်ဆိုတဲ့ ၃နှစ်အရွယ်ယောက်ျားကလေးတစ်ယောက်ရှိတယ်၊
      အသွက်ဆုံးပဲ
      ဉာဏ်လည်းကောင်းတယ်
      သေချာထိန်းကျောင်းနိုင်ရင် အကောင်းဖက်ပဲ
      အန်တီရေ့

  • ဦး ကျောက်ခဲ

    October 15, 2012 at 7:32 pm

    ကိုကြောင်ဝတုတ် ရေ

    ကျွန်တော့် အတွက် လက်ခလေး တစ်ချောင်း တို့ထားလိုက်ပါဦး! ရှေ့တပတ် တွေ့မယ်ဗျာ!

    ဦးကျောက်

  • မောင်ပေ

    October 15, 2012 at 8:56 pm

    တတ်အားသမျှ
    ပါဝင်ပါမည်
    နဲတယ်ထင်မှာ
    စိုးလှသည်

  • အလင်းဆက်

    October 15, 2012 at 9:43 pm

    သိပ်ကောင်းတယ်ဗျာ…။

    ဒါမျိုး.တွေ ဖြစ်လာလေ… ဝမ်းသာ မိလေ..ပဲ ။

  • မိုးတိမ်

    October 15, 2012 at 11:09 pm

    အရင်ဆုံးပြောချင်တာကတော့ သာဓု၊သာဓု၊သာဓု ပါခင်ဗျာ။
    ကျုပ် စက်တင်ဘာလ ၂၃ ရက်ကကျုပ်လဲမြို ့ကြီးတစ်မြို ့မှာမိဘမဲ့ဂေဟာနဲ့ဘိုးဘွားရိပ်သာကိုသွားလှုခဲ့ပါတယ်။
    သူတို့လေးတွေရဲ ့အသံ၊ဘယ်လိုမှမခံစားနှိုင်ခဲ့ပါဘူး။မိဘတွေရဲ ့တာဝန်မဲ့မှု့ကြောင့် အပြစ်မဲ့တဲ့ သူတို့ရဲ ့နှလုံးသားကိုငွေကြေးနဲ့ အစားမထိုးနှိုင်ပါဘူး။သူတို့ အမှန်တကယ်လိုအပ်နေတာက ချစ်ခြင်းမေတ္တာပါဗျာ။အဲဒါကိုကျုပ်တို့ဝယ်မပေးနှိုင်ပါဘူး။ရေးရင်းတောင်ဝမ်းနည်းမိပါတယ်။ကျုပ်တို့ဘယ်လိုလုပ်ဘယ်လိုနည်းနဲ့ သူတို့လိုနေတာကိုဖြည့်ဆည်းပေးမလဲ?????ကျုပ်မစဉ်းစားတတ်တော့ဘူး။
    နောက် ဘိုးဘွားရိပ်သာမှာပါ။တုန်တုန်ချိချိနဲ့ သာဓုအထပ်ထပ်ခေါ် ဆုအထပ်ထပ်ပေးနေတဲ့ အဘိုး၊အဘွားတွေကို ဘယ်လိုမျက်လုံးမျိုးနဲ့ကြည့်ရမလဲ။သူတို့သားသမီးတွေအစား ကျုပ်ရင်နာတယ်။
    ကျုပ်ဘာစကားမှမပြောနှိုင်ခဲ့ပါဘူး။အပြန်မှာ မျက်ရည်တွေတွေကျမိတာကလဲ ယောကျာင်္းပေမယ့် ခံစားချက်ကပြင်းလွန်းတယ်။တစ်ခုတော့ပြောလိုက်ချင်ပါတယ် ခင်ဗျားတို့၊ကျုပ်တို့ သောက်နေတဲ့
    တစ်ညနေ ဘီယာဖိုး၊အရက်ဖိုးဟာ မိဘမဲ့ကလေးတွေနဲ့ ဘိုးဘွားရိပ်သာမှာ တစ်ရက်စာမဟုတ်ရင်တောင်
    တစ်နပ်စာတော့ ကျွေးလို့ရပါတယ်ဗျာ။ကျုပ်ဘာသာစုထားပါတယ်။ခင်ဗျားတို့နဲ့ပေါင်းလုပ်လို့ မရတာတော့
    နားလည်သီးခံပေးကြပါ။ကျုပ်ထပ် လှုဦးမှာပါ။အဲဒီပီတိကို လုပ်ဖူးရင်သိပါလိမ့်မယ်။

  • ချစ်ရွှင်သနား ဆိုတဲ့ ရသတွေကို ပေးစွမ်းတတ်တဲ့
    ဒီကလေးငယ်လေးတွေအတွက် …
    ဒီတစ်ခေါက်တော့ဖြင့် ..
    ကျုပ်လည်း ပါမယ်ဗျို့ ….

  • ဦးဦးပါလေရာ

    October 16, 2012 at 12:23 am

    စပ်စုချင်သေးလို့ … သည်းခံပါကွယ်…
    အဲဒီမှာ ဟင်းကောင်းနဲ့ကျွေးရင်ရော ဘယ်လောက်ကျမလဲ ဆိုတာရယ်..
    ထမင်းကျွေးတာအပြင် တခြား ဘာတွေ အရေးတကြီးလိုတယ်ဆိုတာရယ်…
    ပဒေသာပင်လိုမျိုး အတိုးအပွားကိုသာသုံးတဲ့ ရံပုံငွေတခုခု ရှိသလားဆိုတာရယ်…
    အဲဒီကျောင်းကို တခေါက်လောက်သွားကြည့်ချင်ရင် ဘယ်လိုသွားရမယ်၊ ဘယ်လောက်ဝေးတယ် ဆိုတာရယ်…
    အဲဒါလေးတွေလဲ သိချင်သေးသဗျို့…

    ကျုပ်ကတော့ စိတ်မြန်လက်မြန်သမားမို့
    ဇန်နဝါရီအထိဆို တော်တော် ပိန်လိမ်ပြီးစောင့်ရမှာပဲ… 🙁
    ပြီးတော့ ရွာသူားတွေရဲ့ X’mas မှာ ဖြုံးမယ့်ပိုက်ဆံလေးတွေကို X’mas မတိုင်ခင် ကြားဖြတ်ယူရရင်ကောင်းမယ်လို့လဲ ကလီကမာအတွေးလေး တွေးမိသေး…..
    (အသက်ကြီးတော့ ကိုယ်ချင်းစာစိတ်နည်းလာတာ 😆 )

    • aemoshu

      October 19, 2012 at 10:53 am

      ဦးပါရေ .. ဦးပါမေးတာလေးကို ကိုကြောင်ဝတုတ်ဖြေပြီး မပြီးတော့မသိဘူး။ ဒီမှာဖြေထားတာမတွေ့လို့ သိသလောက်လေး ဖောက်သည်ချချင်ပါတယ်။
      ဘုရားကြီးကိုသွားချင်ရင် ရန်ကုန်ကနေဒါရိုက်ဆို လှိုင်သာယာ – တွံတေးလမ်းကနေသွားလို့ရပါတယ်။ အဲ့လိုမှမဟုတ်ရင် ဒလဖက်ကို ဇက်နဲ့ကူးပြီးသွားလို့ရပါတယ်။ နောက်တစ်ခုက ကားငှားသွားမယ်ဆိုရင်လည်း ပန်းဆိုးတန်းကနေ ဒလဖက်ကိုကူး ဒလကနေ ဘုရားကြီးကို ကားငှားသွား။ ဒါမှမဟုတ် ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ ကြိုက်တဲ့လိုင်းကားစီးသွား၊ ဘုရားကြီးရောက်ရင် ဆင်းလိုက်ရုံပါပဲ။ ဒလကနေဆို ၄၅ မိနစ်အပြင်ပိုမမောင်းရပါဘူး။ ကားလမ်းမဘေးမှာရှိတဲ့အတွက် မြင်သာထင်သာလည်းရှိပါကြောင်း။ ကျန်တဲ့ ဖန်ငွေတို့၊ စားစရိတ်တို့ကတော့ မရောက်ဘူးသေးလို့ မသိပါကြောင်း။

    • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

      October 19, 2012 at 10:58 am

      ဦးဦးပါလေရာရေ…
      ဒီရက်ပိုင်းရွာထဲမှာ စိတ်ပူရတာနဲ့…
      ရွာသူားတွေပျော်အောင်ကြိုးစားပေးရတာနဲ့ ဒီဘက်ကိုတောင်မလှည့်နိုင်ဘူး…
      ရန်ကုန်မြို့ထဲကနေသွားရင် တစ်နာရီလောက်ခရီးကားမောင်းသွားရပါတယ်…
      လမ်းအခြေအနေလေးလဲ သိပ်မဆိုးပါဘူး…
      တကယ်လို့ ဦးဦးပါလေရာ တစ်ရက်သွားချင်တယ်ဆိုရင် ကျွန်တော်တို့နဲချိတ်ဆက်အတူတူသွားပြီး
      အလှူကိစ္စကို တိုင်ပင်နိုင်ပါတယ်…
      အလှူရက်ကိုလဲ ပြန်လည်ပြီးတော့ ဆွေးနွေးကြည့်ကြရအောင်ပါနော်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • လယ်ထွန်Z

    October 16, 2012 at 7:53 am

    မိကုလေး ရေ .. မိကုလေး …ရဲ့…
    မိကုလေး ကို ဂီ လွမ်းဒယ်ကွယ်…
    ဒိုဇင်ပလက် က ကကြောင်ဝရီးကို မုန်းရင်လည်း မုန်းပါ
    (မုန်းဇယာရီးပါကွယ်…)
    ဂီ့ကိုတော့ ပစ်မထားပါနဲ့ …

    :chit:

    မိကုလေးနဲ့ အတူ အလှူရေဇက် လက်နဲ့ မကွာချင်တဲ့

    ပုံ
    နှူးဘာဂီ့

    :chit:

    • Swal Taw Ywet

      October 18, 2012 at 3:00 pm

      ကိုဂီရေ
      မသိချင်ယောင်ဆောင်ပြီးမေးလိုက်ပြီနော့၊
      မိကုလေးဆိုတာ…………..ဟို……….
      မယ်ကုဝဏ်ကိုရည်ညွှန်းတာဟုတ်?????
      ပြေးB.

      With respect,
      Swal Taw Ywet.

  • P chogyi

    October 16, 2012 at 9:22 am

    ဒါဇင်ပလပ်ရဲ့ခြေလှမ်းအစား ဂဇက်ရဲ့ခြေလှမ်းအဖြစ်ပြောင်းလဲမယ့်
    စိတ်ကူးဟာအကောင်းဆုံးစိတ်ကူးပါ။
    ဝမ်းသာပါတယ်၊ ချီးကျူးပါတယ်၊ အောင်မြင်ပါစေ။
    ဝိုင်းဝန်းကူညီဆောင်ရွက်ပါမယ်။

  • ကြောင်ဝတုတ်

    October 16, 2012 at 9:34 am

    ကဲ… ကျွန်တော်ပြောချင်တာကတော့ဗျာ…

    ရွာထဲက ကျွန်တော်တို့ လူငယ်တွေချစ်ခင်လေးစားရပါသော ရင်ထဲစွဲကျန်ရစ်မယ့်စာလေးတွေရေးတတ်သော ဦးဘလက်ချောကြီးက သူရဲ့ (၄၂)နှစ်မြောက် မွေးနေ့မှာ ကျွန်တော်တို့လို လူငယ်ခြေတက်အရက်သမားလေးတွေနဲ့ အမူးသောက်ပျော်ပါးဖြုန်းတီးပစ်မယ့် ငွေကြေးကို မန်းဂဇက်ရဲ့စတုတ္တမြောက်အလှူအတွက် အသက်(၄၂)နှစ်ပြည့်မွေးနေ့အမှတ်တရ (၅၀၀၀ဝိ/-) ကျပ်ငါးသောင်းတိတိ ကိုလာရောက်လှူဒါန်းလက်ခံရရှိပြီးဖြစ်ကြောင်းအားလုံးကို သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန် အကြောင်းကြားအပ်ပါသည်ခင်ဗျာ….

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ရွှေ ကြည်

      October 16, 2012 at 10:25 am

      မွန်မြတ်လှတဲ့ ဦးဘလက်ရဲ့မွေးနေ့အလှူအတွက် သာဓု ခေါ်ပါတယ်လို့။

  • ကြောင်ကြီး

    October 16, 2012 at 9:36 am

    အဲလို အစားအသောက်စရိတ် တွေ့တိုင်း ဘဝင်မကျတာရှိတယ်။ လူတွေဗျာ ဆင်းရဲကြပ်တည်းတယ်၊ စစ်ပြေးတယ်ဗျာ တောထဲတောင်ထဲ အစာရေစာ ဝလင်အောင် မစားရဘူး။ အလှူခံတဲ့အခါ စားတဲ့ဟင်းလျာကြည့်တော့ တဦးချင်း အသားဟင်း မစို့မပို့ဆိုပေမဲ့ အများနဲ့ဆို မနည်းလှဘူး။ ကိုယ်ဒုက္ခရောက်ချိန်တောင် အခြားသတ္တဝါတွေလည်း ကိုယ်လိုသူလိုပဲ ရှင်သန်ချင်ကြမယ်လို့ စိတ်မထားနိုင်ဘူးလား။ သူ့အသက်သတ်ပြီး အသားဟင်းပါမှ တင်းတိမ်နိုင်သလား။ အမြဲတမ်း မစားနိုင်တော့ လျှော့စားသင့်တယ်၊ အသားဓာတ်ကြွယ်ဝတဲ့ အခြားကောက်ပဲသီးနှံများစွာရှိပါတယ်။ အရေးကြီးတာ စိတ်.. တင်းတိမ်ရောင့်ရဲခြင်း၊ ကိုယ်ခြင်းစာတရား… ခုတော့ အဲလိုဟုတ်ပါဘူး၊ စစ်ပြေးဒုက္ခသည်ကလည်း တောထဲတွေ့တဲ့ အကောင်ပလောင် မှန်သမျှ ဆော်လိုက်တာပဲ၊ ငတ်နေသူကလည်း အဆင်ပြေလာသည်ထိ မစောင့်နိုင်ဘဲ ရရင်ရသလို တီးတာပဲ.. ေဩာ်လူတွေ လူတွေ…။ နင်တို့တတွေ သဂျီးလို မိုးဗျားဂိုဏ်းနဲ့ပဲတန်တယ်။

    • ဖက်ဖက်ရေ
      အသားစားတာ မစားတာ ပြောရင်
      (အခြားသတ္တဝါတွေလည်း ကိုယ်လိုသူလိုပဲ ရှင်သန်ချင်ကြမယ်)
      ဒါပေမယ့် လူ့သားပေါက်နူန်းနဲ့ အကောင်ပလောင်သားပေါက်နူုန်း မတူတော့
      အကောင်ပလောင်တွေကို မစားဘဲထားလိုက်ရင် သတ္တလောကကြီးကို အကောင်တွေလွှမ်းသွားမှာပေါ့
      စားသင့်သလောက်တော့ စားကြပါစေ။

  • Thu Wai

    October 16, 2012 at 9:40 am

    သူများတွေ အတည်လုပ်နေတဲ့အချိန်မှာ အပြောင်အပျက်တွေလဲ ဝင်မပြောတော့ပါဘူး
    သူများတွေ တတ်နိုင်သလောက်လုပ်နေတဲ့အချိန်မှာ မဖြစ်နိုင်တာတွေ ဝင်အကြံပေးနေမယ့် အစား ဖြစ်နိုင်တဲ့ နေရာကနေပါ ပါ့မယ် ကျွန်တော် ကိုကြောင်ဝတုတ်ကို ပထမ တုန်းက ပြောထားသလိုပါပဲ လှူလဲ လှူမယ် (မှတ်ချက်- တတ်နိုင်သလောက်) ကိုယ်တိုင်လဲ လိုက်ပါ့မယ်။ နောက်ပြီး ကျွန်တော်တို့ကတော့ သိပြီးသားလူတွေမို့ ထားပါတော့ dozen+ အကြောင်း မသိသေးတဲ့သူတွေအတွက် အလှူငွေကောက်တဲ့အခါ Dozen+ ရဲ့ လှုပ်ရှားမှုမှတ်တမ်းတွေကို စာအုပ်တစ်အုပ် ပုံနှိပ်ထားပြီး အလှုငွေကောက်ပေးမယ့် ကိုယ်စားလှယ်တွေရဲ့ လက်ထဲကို တစ်အုပ်စီထည့်ထားပေးသင့်တယ် အဲဒါဆို အင်တာနက် မသုံးတတ် တဲ့ အလှူရှင်တွေလဲ လှူချင်စိတ်ပေါ်လာတာပေါ့။ စကားမစပ် ကျွန်တော့် ဖုန်းက
    ၇၃၀၁၇၄၉၃ ပါ ကိုကြောင်ဝတုတ်ရေ။

    • Shwe Ei

      October 16, 2012 at 10:05 am

      ဒါဇင်ပလပ်ရဲ့လှုပ်ရှားမှုအကြောင်းမှတ်တမ်းတင်ထားတဲ့ အောက်ပါလင့်ခ်ကလေးကို စိတ်ဝင်စားပါက မည်သူမဆို ဝင်ရောက်ကြည့်ှရှုနိုင်ပါကြောင်း၊ စာအုပ်ကိတ်စကတော့ အချိန်ယူရန်လိုပါကြောင်း။

      https://www.facebook.com/groups/381398588595860/

      ခင်တဲ့
      မရွှေအိ

    • ကြောင်ဝတုတ်

      October 17, 2012 at 8:55 am

      ဟုတ်ကဲ့ပါ ကိုသုဝေရေ…
      အကြံပေးတဲ့အတွက်ကျေးဇူးအထူးပါဗျာ…

      သို့ပေမယ့် အခုအလှူက ဂဇက်ရဲ့အလှူ… မန္တလေးဂဇက်ရဲ့စတုတ္တမြောက်အလှူပါ…
      ဒါဇင်ပလပ်အဖွဲ့သားတွေက ရှာတွေ့တယ်ဆိုပေမယ့် ဂဇက်အင်အားနဲ့မှ ပိုပြီးသင့်တော်တာမို့ ဂဇက်ရွာ့အလှူအဖြစ်ကျွန်တော်တို့
      ဖန်တီးကြတာပါနော်…

      ဒါဇင်ပလပ်စာအုပ်ပုံနှိပ်ဖို့ ကျွန်တော်ကြိုးစားလိုက်ပါဦးမယ်… အဲဒီအကြံလေးအတွက်လဲသဘောကျပါတယ်…
      ဒါဇင်ပလပ်အဖွဲ့မှာ အဖွဲ့ဝင်ကလဲ (၄၀)ခန့်သာရှိသေးတာမို့ အဖွဲ့ Fund ငွေလောလောဆယ်မထားနိုင်သေးပါဘူးဗျာ…
      အဖွဲ့ဝင်တွေရဲ့ကိုယ်ပိုင်ငွေအနည်းအကျဉ်းနဲ့ Operation ကို Run လုပ်နေတာကတစ်ကြောင်း၊ ကလေးငယ်များထံ အလှူငွေများများရစေလိုတာကတစ်ကြောင်းနဲ့မို့ ငွေကြေးကို ချွေတာနေရဆဲဖြစ်ကြောင်းပါ…
      ကိုသုဝေရဲအကြံပြုချက်လေးအတွက် ကျွန်တော်ကြိုးစားပါဦးမယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • maungmoenyo

    October 16, 2012 at 9:54 am

    နိုင်ငံတနိုင်ငံရဲ့ပညာရည် နဲ့ ကျန်းမာရေးစောင်ရှောက်မှု လူတန်းစေ့ဘို့က အစိုးရမှာတာဝန်ရှိတယ်ဆိုတဲ့အချက်ကိုပဌမလက်ကိုင်ထားဘို့လိုပါတယ်။ တည်ငြိမ်ကောင်းမွန်အဆင့်မြင့်တဲ့ပညာရေးစနစ်ကို ထူထောင်ပေးဘို့ နဲ့ တွန်းအားပေးဘို့ကိုဆိုလိုတာပါ။ လက်ရှိအခြေမှာ တတ်နိုင်ကြသူတွေက လက်လှမ်းမှီသလောက်၊ ငွေကြေးတတ်နိုင်သူတွေကလည်းလက်လှမ်းမှီသလောက်လုပပေးနေကြတာတွေတနေ့တခြားတိုးပွားလာတာဟာ အလွန်ကောင်းမွန်ပေမဲ့ စနစ်ကျတဲ့ အဆင့်မြင့် ပညာရေးကို လမ်းကြောင်းပေးဘို့က အစိုးရရဲ့တာဝန်ပါ။
    ပြည်ပမှာလုပ်ပေးချင်ကြသူတွေ၊ လုပ်ပေးနိုင်သူတွေနဲ့ ပြည်တွင်းက အာဏာပိုင်တွေ လက်တွဲကြဘို့လိုပါတယ်။

    • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

      October 19, 2012 at 11:02 am

      အန်ကယ်ဦးမိုးညိုရေ…
      လမ်းကြောင်းမှန်ပေါ်တွန်းတင်ပေးဖို့က အစိုးရမှာတိုက်ရိုက်တာဝန်ရှိနေပေမယ့်
      လောလောဆယ်အနေအထားမှာ ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ လုပ်ပေးချင်တဲ့စေတနာလေးတွေပါ…
      ဦးမိုးညိုကိုလဲ အကြံဉာဏ်များပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ…
      ကူညီပေးစေချင်ပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • kyeemite

    October 16, 2012 at 10:29 am

    ပထမဆုံး အလှူရှင် ရဲဘော်ဘလက်ရဲ့ အလှူအတွက် သာဓုခေါ်ပါတယ်ဗျာ..
    ဒါပေမဲ့…သောက်ဖို့အားခဲထားတာလေးတော့..ဟီး..အရကားနောက်တာ.. :kwi:
    ဖက်တီးကက်ရေ…အခုလိုဦးဆောင်ပေးတာ ဝမ်းသာသကွာ…
    ဟိုတခါ သားကျောင်းက အလှူဓါးပြ ကိုထည့်ရမဲ့ အစား
    ဒီလိုအလှူမှာစိတ်ပါလက်ပါလှူချင်တာကွ…စါရင်းတို့ထားလိုက်ဟေ့….ချီးယားစ် 😆

  • ကြောင်ဝတုတ်

    October 16, 2012 at 11:11 am

    အခုတော့…
    မန်းဂဇက်စတုတ္တမြောက်အလှူအတွက် ပထမဆုံးအလှူရှင် ဦးဘလက်ရဲ့အလှူငွေကို လက်ခံရရှိပြီးဆိုတော့…
    ကျွန်တော်တို့ ဒါဇင်ပလပ်အဖွဲ့က အလှူအတွက်ခွဲယူထားတဲ့တာဝန်တွေကို ကြေငြာပေးပါ့မယ်…

    အလှူငွေကောက်ခံပေးကြမည့်သူများ-

    (၁) သူရဇော်၊ ဝ၉၄၂၀၀၆၉၅၀၂
    (၂) ဖက်တီးကက်၊ ဝ၉၅၁၈၀၆၃၁
    (၃) Etone၊ ဝ၉၇၃၁၄၄၄၂၁

    အလှူငွေစာရင်းပြုစုကြသူများ
    (၁) နွယ်ပင်၊
    (၂) ချာတူးလန်

    အလှူငွေထိန်းသိမ်းသူ
    (၁) Rose Minn (ခ) မမအုံ

    အဲဒီတော့ ကျွန်တော်က ဦးဘလက်နောက်ကနေပြီးတော့ ရွာ့စတုတ္တအလှူအတွက် အလှူငွေတစ်သိန်းထပ်မံထည့်ဝင်ပါကြောင်း…
    ထပ်မံအကြောင်းကြားပါသည်…
    ထို့အတူပဲ…
    ပါဝင်လှူဒါန်းလိုသူများ အထက်ပါဖုန်းနံပါတ်များကို ဆက်သွယ်လှူဒါန်းနိုင်ပြီဖြစ်ပါကြောင်း…
    အလှူရက်ကို အများသူငါအားနိုင်သည့်ရက်ဖြစ်သည့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့၊ တနင်္ဂနွေနေ့ကို ယာယီသတ်မှတ်ထားပါကြောင်း…
    ငွေအားအပြင် လုပ်အားဖြင့်ပါဝင်လိုသူများအားလုံးကိုလဲ ဖိတ်ခေါ်ပါကြောင်း…

    ကျေးဇူးတင်လျက်-
    ကြောင်ဝတုတ်

    • မန္တလေးနှင့် အထက်မြန်မာပြည်အတွက်

      ကိုပေါက်(မန္တလေး)
      09-680-5396 ကိုဆက်သွယ်ပေးစေလိုပါတယ်။

      • ကြောင်ဝတုတ်

        October 16, 2012 at 12:16 pm

        မှန်ပါတယ်လေးပေါက်ရေ…
        လောလောနဲ့ရေးလိုက်တာ ကျန်ခဲ့တယ်… ဟိဟိ

        အထက်မြန်မာပြည်အတွက် ကိုယ်စားလှယ်ကတော့ လေးပေါက်ပါခင်ဗျာ…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

        • ကိုခင်ခ

          October 18, 2012 at 12:17 pm

          ကိုပေါက်ရေ တစ်ချို့သွားယူရမယ့်နေရာတွေအတွက် လိုအပ်ရင် ကျွန်တော်ကိုလှမ်းပြော
          ပေးပါ။ ကျွန်တော်သွားယူပေးပါမယ့်။
          ခင်ခ။

    • etone

      October 16, 2012 at 1:24 pm

      ချစ်ကိုကြီးကြောင်ဝတုတ်ရေ..

      မန္တလေးဂေဇက်ရဲ့ အလှူမှတ်တိုင်တစ်ခုမှာ ပါဝင်ကူညီခွင့်ရလို့ အရမ်းပဲ ဝမ်းသာမိပါတယ်နော် ။
      ဒါပေမယ့် 19/10 ~ 22/10 ထိ ခရီးထွက်ဖို့ ရှိပါသဖြင့် ၊ ကျွန်မကို ဆက်သွယ်ပြီး လှူချင်တယ်ဆိုလျှင် အဲ့ဒီရက်မတိုင်ခင်ဖြစ်ဖြစ် ၊ အဲ့ဒီရက်ပြီးမှဖြစ်ဖြစ် ဆက်သွယ်ကြပါရန် ……… :gee:

      • pooch

        October 16, 2012 at 9:32 pm

        အကြောင်းဆုံလို့ တွေ့ဖြစ်တဲ့အခါ ညီမလက်ထဲ တခါလောက်ကိုယ်တိုင် အလှူငွေပေးလိုက်ချင်ပါတယ်။

  • amatmin

    October 16, 2012 at 12:18 pm

    ကိုကြောင်ဝတုတ်ရေ..

    ကိုယ့်အခြေအနေအရ..အားသွန်ခွန်စိုက် မကူညီနိုင်တဲ့အနေအထားမို့..
    တတ်နိုင်သလောက် အလှူငွေ ထည့်ဝင်ရင်း..
    ကူညီနိုင်တဲ့ဘက်ကနေပီး လိုအပ်တာ တချို့တော့ ဝိုင်းဝန်းပေးပါ့မယ် လို့..

  • Fall Guy

    October 16, 2012 at 1:20 pm

    ကိုပေါက်ရေ
    ဆက်သွယ်လိုက်ပါ့မယ်…..။

  • Khaing Khaing

    October 16, 2012 at 1:36 pm

    ရွာအလှူ စတုတ္ထမြောက်ကို လှိုက်လှဲစွာကြိုဆိုပါတယ် … တတ်အားသမျှ အလှူငွေလေးထည့်ဝင်ဖို့လည်း ကြိုးစားထားပါတယ် ….

    ကိုဖက်ရေ … ကျေးဇူးပြုပြီး ဒီစာလေးမှာ တစ်ချို့သောရွာသူရွာသားတွေမြင်သွားရင်မကောင်းလို့ edit လုပ်လို့ရရင် လုပ်ပြီး ပြောင်းလိုက်ပါလား …….. ဒွေးတို့ ကျော်ဟိန်းတို့လို သရုပ်ဆောင်ကောင်းပေမယ့် အကယ်ဒမီယူရင် ပြောတဲ့စကားကြောင့် ပရိတ်သတ်တွေ စိတ်အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ပါ ……….
    <bဒီလိုဗျ…

    ပြောရမယ်ဆိုရင် ခင်ဗျားတို့လဲ သိတဲ့အတိုင်းဗျာ… ဒါဇင်ပလပ်ဆိုတဲ့အဖွဲ့ပိစိညှောင့်တောက်လေး…

    ခင်မင်စွာဖြင့်
    Khaing Khaing

    • ကြောင်ဝတုတ်

      October 16, 2012 at 1:48 pm

      ဟုတ်ကဲ့ပါညီမလေးခိုင်ခိုင်ရေ…
      ကျွန်တော်ခင်မင်လေးစားရတဲ့သူငယ်ချင်းတစ်ယောက်နဲ့လဲ အဲဒီကိစ္စပြောဖူးပါတယ်…
      ခင်ဗျားဆိုတဲ့ မြန်မာစကားလုံးဟာတော်တော်လေးရှုပ်တဲ့အထဲမှာပါတယ်ဗျ…

      ဒီလိုပါ…
      ဒီပိုစ့်ကိုရေးတဲ့အချိန်မှာ ကျွန်တော့်ရင်ထဲက နက်နက်နဲနဲခံစားမှုတွေပါတယ်…
      ဓာတ်ပုံတွေကို ပြန်ကြည့်လေ… ဖြည့်စွမ်းပေးချင်စိတ်တွေပါတယ်…
      အဲဒီတော့ ဂဇက်ထဲမှာ ကျွန်တော်နဲ့အတူ စီးမြောနေကြတဲ့ဂဇက်ရွာသူရွာသားများအားလုံးကို ကျွန်တော်ကတရင်းတနှီးနဲ့
      ခင်ဗျားတို့လို့သုံးလိုက်တာပါ…

      ထပ်ပြောရရင်…
      “ခင်ဗျားဗျာ… ဒီမကောင်းတဲ့အရက်တွေမသောက်ပါနဲ့လို့ အတန်တန်ပြောရက်နဲ့ဗျာ…” ဆိုပြီးပြောတဲ့အနေအထားမှာ… ရင်းနီးမှု၊ ဂရုဏာဒေါသောပါတယ်ဆိုတာမျိုး ညီမလေးကိုမြင်ကြည့်ပါ…

      “ခင်ဗျားက သောက်သုံးမကျတဲ့ကောင်ပဲ” ဆိုတဲ့ ခပ်ရိုင်းရိုင်း ခပ်ရင့်ရင့်စကားအသုံးအနှုန်းမျိုးမဟုတ်ပါဘူးလို့ ထပ်ဆင့်ပြောပါရစေ… ကျွန်တော့်ခံစားချက်ကိုနားလည်မယ်လို့ထင်ပါတယ်…
      ကျွန်တော်ရိုင်းတာမဟုတ်ပါဘူး… အဲဒီလိုအတွေးမျိုးဝင်ခဲ့မယ်ဆိုရင် ပိုစ့်ရေးသားသော ကျွန်တော့်တာဝန်ပါ…
      ဒီနေရာကနေ ကျွန်တော်အားလုံးကို တောင်းပန်ပါတယ်… ကျွန်တော့်ကိုနားလည်ခံစားပေးပါ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • nozomi

    October 16, 2012 at 2:26 pm

    ကိုတုတ်ဝ( ကြောင်)
    ကျွန်တော်လဲ ထည့်ပါမယ် ခင်ဗျာ
    ( အလှူငွေ)
    တတ်နိုင်တာလဲ ကူညီပါမယ်

  • char too lan

    October 16, 2012 at 2:33 pm

    အားပေးပါတယ် တတ်နိုင်သလောက်ကူညီပါမယ်
    ပါဝင်ခွင့်ရလို့လဲ ဝမ်းသာပါတယ် …………..

  • MaMa

    October 16, 2012 at 6:30 pm

    စတုတ္ထခြေလှမ်းဆိုတော့ ဘာများပါလိမ့်လို့။
    ဒါဇင်ပလပ်စ်ရဲ့ လစဉ်အလှူမှာ မပါဝင်နိုင်ပေမယ့် အခုအလှူကိုတော့ တတ်နိုင်သလောက် ပါဝင်ပါ့မယ်။

  • ပစ်ပစ်ချန်

    October 16, 2012 at 9:16 pm

    ဒါဇင်ပလပ်အဖွဲ့ကြီး ဂုထက်ပိုပီးအောင်မြင်ပါဇေဗျာ

    • ကြောင်ဝတုတ်

      October 17, 2012 at 9:08 am

      ညီမလေးပန်ပန်ရေ…

      ဒါဇင်ပလပ်အဖွဲ့အတွက် ဆုမွန်ကောင်းတောင်းပေးတာကို ကျေးဇူးအထူးတင်ရှိပါတယ်ကွယ်…
      ဒီတစ်ခါ ဒါဇင်ပလပ်အဖွဲ့ခေါင်းစဉ်အောက်ကမဟုတ်ဘဲ မန်ဂဇက်ရွာရဲ့စတုတ္တအလှူတော်ကြီးအတွက်လဲ ဆုမွန်ကောင်းတောင်းရင်း ပါဝင်ပါဦးလို့ ဖိတ်ခေါ်ပါရစေခင်ဗျာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • Novy

    October 17, 2012 at 11:14 am

    ကြောင်ဝတုတ်ရေ..
    မနိုလည်းတက်စွမ်းသမျှ အလှူငွေထည့်ဝင်ပြီး
    တောက်တိုမယ်ရများကိုလည်း အချိန်ရသလိုကူညီမည်ဖြစ်ပါကြောင်း
    အကြောင်းကြားအပ်ပါတယ်ရှင်

  • Shwe Tike Soe

    October 18, 2012 at 4:53 pm

    လူရာမဝင်တဲ့ ဒီသောက်ပုလေးလဲ ပါမယ်နော်……….

    • ဇမ္ဗူ့လောကပါလသီရိသုဓမ္မသိဂီ င်္အဂ္ဂမဟာကြောင်ဝတုတ်

      October 18, 2012 at 5:15 pm

      ကြိုဆိုနေကြောင်းပါ အစ်ကိုကြီးရွှေတိုက်ရယ်…
      ကြောင်ဝတုတ်ပါမှတော့ အစ်ကိုကြီးရွှေတိုက်မပါလို့ ဘယ်ပွဲစည်ပါ့မလဲ…
      အဲဒီတော့ အလှူငွေကောက်ခံရေးတာဝန်ခံထဲမှာ အစ်ကို့နာမည်နဲ့ ဖုန်းထည့်ပေးလိုက်မယ်ဗျာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 18, 2012 at 4:56 pm

    ကိုတိုက် ခုတလောငြိမ်နေပါလား ဘာတွေလုပ်နေတုံးဗျာ ???
    ဘာမဟုတ်ဘူး
    ပိုစ့်ကိုအပေါ်ပြန်တင်တာ 😀

  • padonmar

    October 18, 2012 at 8:34 pm

    သဂျီး ဗျာများနေလို့ စတစ်ကီ မလုပ်ပေးအားဘူး။ကိုယ့်ဖာသာ ကော်နဲ့ပြန်ပြန်ကပ်ပေး။

  • surmi

    October 18, 2012 at 11:43 pm

    ကိုကြောင်ဝရေ
    ခရီးလွန်နေလို့ နော် …
    တနည်းနည်းနဲ့ ဆက်သွယ်ပြီး ပို့လိုက်မယ် ….။

  • uncle gyi

    October 19, 2012 at 9:13 am

    ပြောရမယ်ဆိုကိုဝတုတ်ရေ
    ဒါမျိုးအလှူဆိုတာအခုလိုဆက်သွယ်ရေးတွေနဲနဲကောင်းလာတဲ့အချိန်
    ပိုလူသိလာသပေါ့နော်
    လုပ်သင့်တဲ့အလှူမို့အားပေးနေပါမယ်
    ဒါပေမဲ့ဂေဇက်ကအစပျိုးပြီး
    တူညီစိတ်ကူးရှိသူများစုမိရင်တလတလထည့်ဝင်ကြေးလေးလုပ်ပြီး
    ကိုသာချို ကိုအော်ပီကျယ်တို့လို ဝမ်းမိုးအဖွဲ့ကလေးလုပ်နိုင်ရင်ပိုကောင်းမလားလို့
    အန်ကယ်လည်းဝမ်းမိုးအဖွဲ့သားတယောက်ပါအမြဲလှူဖြစ်တယ်
    တလမှတစ်ထောင်လေ

  • လုံမလည်း လှူပါမယ် ကိုဖက်ကတ်ရေ..
    မအိတုန်ကို ဆက်သွယ်လိုက်ပါ့မယ်… နာဂစ်ရဲ့နောက်ကွယ်က ဘဝလေးတွေအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပေါ့ရှင်…

  • kaung kin pyar

    October 19, 2012 at 2:34 pm

    ဦးကြောင်ဝတုတ်သွားတဲ့ကျောင်းကို သိပါတယ်…။ တွံတေးမင်္ဂလာပရဟိတ မိဘမဲ့ကျောင်းပါ…။ ဒလသင်္ဘောဆိပ်ကနေ သင်္ဘောစီးပြီး ဟိုဘက်ကားပြန်ငှား၊ တစ်နာရီသာသာလောက် မောင်းရင် ရောက်ပါတယ်။ ကောင်းကင်ပြာ အရင်က အမြဲ တနင်္ဂနွေဆို ရောက်ပါတယ်..။ လေးတန်းကို စာသင်ပေးတာပါ။ C 3 (Capacity Building and Care for Children) အဖွဲ့နဲ့ အမြဲသွားတာပါ…။ အဲ့ဒါက ကောင်းကင်ပြာရဲ့ ဒုတိယ အိမ်ပါ..။ ခုလို ဒီမှာ ပုံတွေတင်ပြီး ဆော်အောပေးလို့ တကယ့်ကို ကျေးဇူးတင်ပါတယ်..။ နေပြည်တော်ကို သွားရပြီးနောက်ပိုင်း မရောက်ဖြစ်တော့တာ ကြာပါပြီ။ နာဂစ်တုန်းက ကျောင်းဆောင်တွေပြိုကျလို့ ခလေးနှစ်ယောက် ဆုံးသွားဖူးပါတယ်..။ အဖွဲ့ထဲက ဆရာဝန်တစ်ယောက်ကပဲ NGO မှာ ဝင်လိုက်ပြီး ပုံမှာပါတဲ့ ကျောင်းဆောင်တွေ ပြန်ဆောက်ပေးခဲ့တာပါ။ နာဂစ်ပြီးပြီးချင်း ၃ ရက်လောက်မှာပဲ နေပူပူမှာ ကားအမိုးမပါပေမယ့် လှိုင်သာယာဘက်ကနေပတ်ပြီး ဆန်အိတ်တွေသွားပို့တာ အမှတ်ရပါတယ်..။ အလှူငွေထည့်ဖို့ ဆက်သွယ်လိုက်ပါ့မယ်…။ တစ်ခုလောက် အကြံပေးကြည့်ချင်ပါတယ်..။ အဲ့ဒီကျောင်းလေး တစ်ကယ်လိုအပ်နေတယ်၊ တစ်ကယ်ခက်ခဲနေတယ်ဆိုတာ အမှန်ပါ။ One More အဖွဲ့လို အဲ့ဒီကျောင်းအတွက် လစဉ်ရန်ပုံငွေအဖြစ် လတိုင်းတစ်ယောက်နှစ်ထောင်ဖြစ်ဖြစ် အဖွဲ့သားတွေ စုကြရင် မကောင်းဘူးလားလို့ရှင်…။

    • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

      October 19, 2012 at 4:55 pm

      kaung kin pyar ရေ

      One More အဖွဲ့လို အဲ့ဒီကျောင်းအတွက် လစဉ်ရန်ပုံငွေအဖြစ် လတိုင်းတစ်ယောက်နှစ်ထောင်ဖြစ်ဖြစ် အဖွဲ့သားတွေ စုကြရင် မကောင်းဘူးလားလို့ရှင်…။

      ဆိုတာနဲ့ ပတ်သတ်လို့ကတော့ အကြံလေးကောင်းပေမယ့် ၊ ကျွန်မတို့ တကျောင်းတည်းအတွက် သီးသန့် အလှူခံပေးဖို့ဆိုတာက ၊ လက်လှမ်းမမှီသေးတဲ့ အနေထားမှာ ရှိနေပါတယ် ။
      One More အဖွဲ့လိုပဲ ၊ ကျွန်မတို့တွေလဲ မကြာသေးမှီအချိန်က dozen plus ဆိုတဲ့ အဖွဲ့လေးကို ဂေဇက်ထဲက စာရေးစာဖတ်ကြသူများနဲ့ ၊ ပြင်ပက စေတနာရှင်တွေပေါင်းပြီး ပညာရေးကို တဖက်တလှမ်းကအားဖြည့်ချင်တဲ့စိတ်နဲ့ … ဖွဲ့ထားပါတယ် …. လစဉ် လတိုင်း အချိုးကျ ထည့်ဝင်ကြပြီး ၊ တလကို တကျောင်းနှုန်းနဲ့ …. လှူဒါန်းနေခဲ့တာယခုဆို စတုထ္ထအကြိမ်အတွက် ဆိုင်းပြင်လို့တောင် နေပါပြီ ။ 🙂

      info@dozenplus.org
      (for FattyCat)

  • TNA

    October 19, 2012 at 11:21 pm

    ဖက်ဖက်ကက်ရေ နောက်ဆုံးရက်ကလေးသိချင်ပါတယ်။ အခုတလောလုံးဝမအားလို့ပါ။ နောက်ဆုံး Target Date ကလေးသိရရင်တော့ အလုပ်ကလေးတွေနဲ့ ညှိပြီး လာပေးဖို့ချိန်လို့ရအောင်လို့ပါ။

    • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

      October 22, 2012 at 9:03 am

      ပြောပါ့မယ် အမသဲနုအေးရေ…
      ကျွန်တော်တို့လဲ အလုပ်ကိုယ်စီနဲ့ စိတ်ရှိလို့သာလုပ်ကြတယ်…
      တိုင်ပင်ဖို့ လူစုရတဲ့ဒုက္ခကလဲရှိသား… ဦးပါလေရာတို့ အန်တီပဒုမ္မာတို့နဲ့ တစ်ရက်တွေ့ပြီး
      အလှူရက်တို့ နောက်ဆုံးနေ့များကို ထပ်မံကြေငြာပေးပါ့မယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

Leave a Reply