တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း- ၆) (အပိုင်း- ၇)
တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း– ၆)
တိုက်ရိုက်ပါဝင်ပတ်သက်သော နိုင်ငံများ၏ မဟာဗျူဟာ တုန့်ပြန်ချက်များ
သမိုင်းကြောင်းနဲ့ ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေဟာ နိုင်ငံတခုချင်းရဲ့ မဟာဗျူဟာ တုန့်ပြန်ချက်များ အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဘေဂျင်းရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာတာနဲ့အမျှ တောင်တရုတ်ပင်လယ်အရေးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေဟာ နယ်မြေပိုင်နက်အဆိုပြုချက်များ
တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့အကြားမှာ (၂၀၀၉) ခုနှစ်ကစပြီး တင်းမာမှုတွေ ရှိနေပေမယ့် ဟနွိုင်းအနေနဲ့ အချုပ်အခြာဆိုင်ရာ အငြင်းပွားမှုကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို မထိခိုက်သွားအောင် သံတမန်ဆက်ဆံရေးကို စနစ်တကျ စီမံခန့်ခွဲခဲ့ပါတယ်။ (၂၀၁၁) ခုနှစ်၊ အလယ်ပိုင်းကစပြီး ဖိလစ်ပိုင်နိုင်ငံဟာ equally forceful position ကို ကျင့်သုံးခဲ့ပြီး၊ မလေးရှားနိုင်ငံကတော့ စီးပွားရေးဆက်နွယ်မှုကိုသာ အဓိက ထားခဲ့ပါတယ်။ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ စီးပွားရေးဟာ ပင်လယ်လုပ်ငန်းတွေအပေါ်မှာ အဓိက တည်မှီနေပြီး၊ ဗီယက်နမ်ရဲ့ စိးပွားရေးဟာ တောင်တရုတ်ပင်လယ်က စွမ်းအင်အရင်းအမြစ်တွေပေါ်မှာ မူတည်နေပါတယ်။ တင်းမာမှုတွေကြားမှာပဲ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ အရင်းအမြစ်ထုတ်ယူသုံးစွဲရေး၊ အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်ရေးနဲ့ အင်အားကြီးအိမ်နီးချင်း နိုင်ငံနဲ့ ဆက်ဆံရေးအဆင်ပြေစေရေး စတာတွေကို မျှတအောင် ထိန်းသိမ်းဆောင်ရွက်နေကြရပါတယ်။
(က) ဗီယက်နမ်နိုင်ငံ၏ မဟာဗျူဟာ တုန့်ပြန်ချက်များ
တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ အဆိုပြု ရေပိုင်နက်တွေက အများအားဖြင့် တူညီနေပါတယ်။ ဒါကြောင့် တရုတ်နဲ့ ဗီယက်နမ်တို့ဟာ အချင်းချင်း အဓိကပြိုင်ဆိုင်သူများအဖြစ် သတ်မှတ်ရှုမြင်ထားကြပါတယ်။ (၁၉၇၄) ခုနှစ်နဲ့ (၁၉၈၈) ခုနှစ်တို့မှာလဲ နှစ်နိုင်ငံအကြား စစ်ရေးထိတွေ့မှုတွေ ဖြစ်ပွားခဲ့ဖူးပြီးသား ဖြစ်ပါတယ်။ ဒီစစ်ပွဲတွေအပြီးမှာ တရုတ်က Paracel Islands တွေကို သိမ်းပိုက်ခဲ့တာကြောင့် ဗီယက်နမ်လူမျိုးအများစုက တရုတ်ဟာ အချုပ်အခြာအာဏာဆိုင်ရာ အငြင်းပွားမှုတွေမှာ စစ်အင်အားသုံးဖို့ ဝန်လေးမှာ မဟုတ်ဘူးလို့ ယူဆထားကြပါတယ်။ ဒီလို ပဋိပက္ခအမွေဆိုးဟာ နှစ်နိုင်ငံလုံးက ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို နိုင်ငံရေးနဲ့ စိတ်ခံစားမှုဆိုင်ရာ ဆတ်ဆတ်ထိမခံ စိတ်တွေကို မြင့်မားစေပါတယ်။ ဗီယက်နမ်အမျိုးသားရေးစိတ်ဓာတ်ြ
သို့ပေမယ့်လဲ ဗီယက်နမ်အနေနဲ့ တရုတ်နဲ့ စီးပွားရေးဆက်နွယ်မှုကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် သံတမန်ဆက်ဆံရေးကောင်းမွန်အောင် စနစ်တကျစီမံခန့်ခွဲ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း တွေ့ရှိထားကြပါတယ်။ (၁၉၈၀) ကာလများကစပြီး တရုတ်နိုင်ငံဟာ ဗီယက်နမ်နိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး၊ သွင်းကုန်များကို တရုတ်နိုင်ငံမှ အများဆုံး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်ရဲ့ စက်မှုလက်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍတိုးတက်လာရေးအတွ
(၂၀၀၉) ခုနှစ်မှာ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတို့ တွဲဖက်ပြီး တောင်တရုတ်ပင်လယ်ရေးရာ နယ်မြေပိုင်နက်အဆိုပြုချက်များ
သို့ပေမယ့်လဲ (၂၀၁၂) ခုနှစ်၊ ဇွန်လမှာတော့ ဗီယက်နမ်က အငြင်းပွားရေပိုင်နက်မှာရှိနေတဲ
ဗီယက်နမ်အနေနဲ့ သူချမှတ်ထားတဲ့ ဥပဒေကို တရုတ်က ချိုးဖောက်လာပါက ပြည်သူလူထုရဲ့ အမြင်တင့်တယ်ဖို့အတွက် ပြန်လည်တုန့်ပြန်မှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ကလဲ အငြင်းပွားမှုဖြစ်ပွားရာ ဒေသမှာ အုပ်ချုပ်ရေးအာဏာ တိုးချဲ့ခြင်းအား သံတမန်ရေးအရကြည့်မယ်ဆိုရင် assertiveness ကို ပြသရာ ရောက်ပါတယ်။ နှစ်ဘက်စလုံးက သူတို့ရဲ့ ရွေးချယ်ခွင့်တွေကို ဘောင်ကျဉ်းစေတဲ့ မဟာဗျူဟာတုန့်ပြန်မှု ဂိမ်းတွေ ကစားနေကြကြောင်း မဟာဗျူဟာ ပညာရှင်များက မှတ်ချက်ပြုထားကြပါတယ်။
(ခ) ဖိလစ်ပိုင်နိုင်ငံ၏ မဟာဗျူဟာ တုန့်ပြန်ချက်များ
(ပုံ ၉– အငြင်းပွားရေပိုင်နက်တွင် တရုတ်နိုင်ငံက တည်ထောင်လိုက်သည့် Sansha မြို့တော်)
(၂၀၁၀) ခုနှစ်ကစပြီး၊ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံအကြားက တင်းမာမှုတွေ မြင့်မားလာပါတယ်။ (၂၀၁၀) မှာ တက်လာတဲ့ Aquino အစိုးရရဲ့ ရပ်တည်မှုဟာ provocative ဖြစ်တယ်လို့ တရုတ်က ရှုမြင်သုံးသပ်ထားပါတယ်။ (၁၉၉၄) ခုနှစ်မှာ တောင်တရုတ်ပင်လယ်ထဲက ဖိလစ်ပိုင်နိုင်ငံပိုင် Mischief Reef ကို တရုတ်က သိမ်းပိုက်ခဲ့ဖူးတဲ့ ဖြစ်ရပ်က တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်လူမျိုးတွေရဲ့ အတွေးအခေါ်တွေကို လွှမ်းမိုးထားပါတယ်။ ဒီကာလတွေမှာကတည်းက ဖိလစ်ပိုင်နိုင်ငံရေးသမားတွေအြ
(၂၀၀၅) ခုနှစ်မှာ Joint Marine Seismic Undertaking (JMSU) သဘောတူညီချက်ရယူပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တရုတ် နိုင်ငံပိုင်ရေနံကုမ္ပဏီတွေက joint survey တခုကို တောင်တရုတ်ပင်လယ်အတွင်းမှာ လျှို့ဝှက်ပြုလုပ်ခဲ့ဖူးပါတယ်။ ဒီကိစ္စကို ဖိလစ်ပိုင်ပြည်သူတွေက သိရှိပြီး နိုင်ငံရေးအရ မီးမုန်တိုင်း ဖြစ်ခဲ့ပါတယ်။ JMSU ဟာ ဖိလစ်ပိုင်ရဲ့ ရေပိုင်နက်တောင်းဆိုမှုကို အားပျောင့်စေတယ်ဆိုပြီး (၂၀၀၈) ခုနှစ်၊ ဇွန်လမှာ သက်တမ်းကုန်ဆုံးချိန်မှာ ထပ်မံတိုးမြှင့်ခြင်း မပြုတော့ပါဘူး။ နောက်ပိုင်းမှာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က hydrocarbons တွေကို ရှာဖွေကြပေမယ့် တရုတ်နိုင်ငံက ဒါကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့အကြား လျှို့ဝှက်သဘောတူလုပ်တယ်လို့ ယူဆပြီး၊ တောင်တရုတ်ပင်လယ်မှာ ရေတပ်အင်အားကို ချဲ့လိုက်ပါတယ်။
(၂၀၁၁) ခုနှစ်၊ မေလမှာ သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့ Reed Bank မှာ seismic survey လုပ်နေတဲ့ ဖိလစ်ပိုင်သင်္ဘောကို တရုတ်ရဲ့ China Marine Surveillance သင်္ဘောနှစ်စင်းက နေရာကနေ အတင်းအကြပ် ထွက်ခွာခိုင်းခဲ့ပါတယ်။ ဖိလစ်ပိုင်ကလဲ အနောက်နိုင်ငံ ရေနံကုမ္ပဏီတွေနဲ့ ပူးတွဲလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ဖိလစ်ပိုင်တနိုင်ငံကပဲ သယံဇာတတွေ ထုတ်ယူသွားမှုမျိုး ဖြစ်သွားမှာ စိုးရိမ်နေပါတယ်။ ဒါကြောင့် (၂၀၁၁) ခုနှစ်ထဲမှာတင် ဖိလစ်ပိုင်သင်္ဘောတွေကို တရုတ်သင်္ဘောတွေက နှောင့်ယှက်မှုတွေ ဆက်လက်ဖြစ်ပွားလာပါတယ်။ ဒါကို ဖိလစ်ပိုင်က တုန့်ပြန်တဲ့အနေနဲ့ တောင်တရုတ်ပင်လယ်ကို အနောက်ဖိလစ်ပိုင် ပင်လယ်အဖြစ် ဖိလစ်ပိုင်နိုင်ငံရဲ့ တရားဝင်ဆက်သွယ်ရေးမှာ အသုံးပြုခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရက “what is ours is ours” လို့ ကြေငြာခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အရေးကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီ
ရေပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး၊ တရုတ်နဲ့ ပတ်သက်တဲ့ “solid view” ကို အာဆီယံနိုင်ငံများအတွင်းမှာ ရဖို့ ခက်ခဲကြောင်း ဖိလစ်ပိုင်က လက်ခံထားတာကြောင့် ဒေသဆိုင်ရာနိုင်ငံရေးကစားကွက်ေ
နှစ်နိုင်ငံအကြားက သံတမန်နည်းလမ်းဖြေရှင်းမှုတွေအာ
တောင်တရုတ်ပင်လယ်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေချိန်မှာ ဖိလစ်ပိုင်အစိုးရဟာ တရုတ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေဆဲမှာပဲ အာဆီယံကို ပါဝင်ကူညီပေးဖို့ တောင်းဆိုမှုတွေ၊ UNCLOS အရ လုပ်ဆောင်နိုင်မယ့် အရာတွေကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တရုတ်နဲ့ စစ်ရေးထိတွေ့မှုဖြစ်လာခဲ့ရင် guarantee of assistance ပေးဖို့အတွက် အမေရိကန်ကိုလဲ အကူအညီ တောင်းခံခဲ့ပါတယ်။ ဖြစ်ပွားချိန်က စတင်ပြီး ယနေ့အချိန်အထိ “Scarborough Shoal” အနီးတဝိုက်မှာ တရုတ်နိုင်ငံရဲ့ law enforcement vessels တွေ နေရာယူဖြန့်ကျက်ထားတာကို လုံးဝမရုတ်သိမ်းတော့ပါဘူး။ တရုတ်စစ်ရေးကျွမ်းကျင်သူတွေက ဒီမဟာဗျူဟာကို “Scarborough Shoal” model လို့ ခေါ်ဝေါ်သုံးစွဲလာကြ ပါတယ်။ ဖိလစ်ပိုင်အနေနဲ့ စစ်ရေးထိတွေ့မှုထက်စာရင် Mischief Reef တုန်းကလိုမျိုး နေရာယူ သိမ်းပိုက်ထားတာမျိုး ဖြစ်လာမှာကို ပိုပြီး စိုးရိမ်ဟန်တူကြောင်း ပညာရှင်များက ထောက်ပြထားကြပါတယ်။
(၃) မလေးရှားနိုင်ငံ၏ မဟာဗျူဟာတုန့်ပြန်မှုများ
မလေးရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြားမှာတော့ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ မရှိပါဘူး။ (၂၀၀၉) ခုနှစ်မှာ ဗီယက်နမ်နဲ့ တွဲပြီး UN Commission on the Limits of the Continental Shelf ကို အဆိုပြုချက်တင်သွင်းမှုနဲ့ ပတ်သက်ပြီး၊ သံတမန်ဆက်ဆံရေးမှာ အနည်းငယ်ထစ်ငေါ့သွားပေမယ့် နှစ်နိုင်ငံအကြား ဆက်ဆံရေးက တည်ငြိမ်ပါတယ်။ စီးပွားရေးအရ ဆက်နွယ်မှု အားကောင်းတဲ့ အချက်အပြင်၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသားရေးဝါဒအရ တရုတ်ကို အရေးယူရန် တောင်းဆိုမှုတွေနဲ့ အလားသဏ္ဍာန်တူ တောင်းဆိုမှုမျိုးတွေကို မလေးရှားပြည်သူတွေက ပြုလုပ်ခြင်း မရှိထားပါဘူး။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ရင် မလေးရှားက ဆိတ်ဆိတ်ငြိမ်လေ့ရှိပါတယ်။ ဒါကို သံတမန်စကားအရ relatively restrained stance မှာ ရပ်တည်တယ်လို့ သတ်မှတ်ခေါ်ဝေါ်နိုင်ပါတယ်။ တောင်တရုတ်ပင်လယ်အရေးမှာ အဖြေရှာလိုခြင်းရှိပေမယ့်၊ မလေးရှားအနေနဲ့က ဒီကိစ္စဟာ အဓိက အရေးမဟုတ်ပါဘူး။ မလေးရှားနိုင်ငံရေးသမားတွေနဲ့ ပြည်သူအကြားမှာ ရေကြောင်းအငြင်းပွားမှုနဲ့ ပတ်သက်ပြီး အဓိကအာရုံထားနေတဲ့အရေးက အင်ဒိုနီးရှားနဲ့ ဖြစ်ပွားနေတဲ့ အရေးဖြစ်ပါတယ်။ စီးပွားရေးအရလဲ မလေးရှားရဲ့ စီးပွားရေးက တရုတ်ကို မှီခိုထားနေရပါတယ်။ တရုတ်ရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို အနှောင့်အယှက်ဖြစ်စေခြင်းနဲ့ ခရီးသွားလာမှု သပိတ်မှောက်ခြင်းဟာ မလေးရှားရဲ့ စီးပွားရေးအဆောက်အအုံကို ဖြိုဖျက်လိုက်ခြင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ဒီလို စီးပွားရေးအခြေအနေအရ တရုတ်နဲ့ ဆက်ဆံရေးကို ကောင်းမွန်အောင် ထိန်းသိမ်းထားပေမယ့်၊ စစ်ရေးအရ ဆက်နွယ်မှုမှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်နွယ်မှု အားကောင်းလာအောင် လျှို့ဝှက် တိုးမြှင့် ဆောင်ရွက်လာပါတယ်။ သို့ပေမယ့် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်ထိပ်တိုက်တွေ့ခြင်းဖြစ်လာ
သို့ပေမယ့်လဲ Kuala Lumpur အနေနဲ့ တရုတ်နဲ့ နီးစပ်တယ်လို့ အရှေ့တောင်အာရှနိုင်ငံများက မစွပ်စွဲအောင် သတိနဲ့ ထိန်းထိန်းသိမ်းသိမ်းနေရတဲ့ အခါတွေလဲ ရှိပါတယ်။ ဖိလ်ပိုင်နိုင်ငံက မလေးရှားနိုင်ငံဟာ တရုတ်နဲ့ လျှို့ဝှက်သဘောတူညီမှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲမှုတွေ ရှိပေမယ့်၊ ဝါရှင်တန်နဲ့ ဘေဂျင်းကို equidistant relationships တည်ဆောက်ထားတာကြောင့် မလေးရှားနိုင်ငံဟာ တရုတ်ရဲ့ စစ်ရေးမဟာမိတ် ဖြစ်လာနိုင်ချေမရှိကြောင်း မဟာဗျူဟာ ပညာရှင်များက ခန့်မှန်း ပြောဆိုထားကြပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၁၃၊ ၁၀၊ ၂၀၁၂)
=============================================
တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း– ၇)
သွယ်ဝိုက်ပါဝင်ပတ်သက်သော နိုင်ငံများ၏ မဟာဗျူဟာ တုန့်ပြန်ချက်များ
တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိပေမယ့် တောင်တရုတ် ပင်လယ်မှာ အကျိုးစီးပွားရှိနေတဲ့ အခြားနိုင်ငံများကလဲ သွယ်ဝိုက်ပါဝင်ပတ်သက်လာပြီး၊ မဟာဗျူဟာအရ တုန့်ပြန်ချက်တွေ ရှိပါတယ်။ ထင်ရှားတဲ့ နိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပါတယ်။
(၁) အမေရိကန်နိုင်ငံ၏ မဟာဗျူဟာတုန့်ပြန်ချက်များ
တောင်တရုတ်ပင်လယ်ရဲ့ geostrategic significance ဟာ အမေရိကန်နိုင်ငံအတွက် ထည့်သွင်းမစဉ်းစားပဲ နေလို့ မရနိုင်တဲ့ အရေးဖြစ်ပါတယ်။ တရုတ်လူမျိုး (၁.၅) ဘီလီလျံ၊ အရှေ့တောင်အာရှက လူမျိုး သန်းခြောက်ရာနဲ့ အိန္ဒိယလူမျိုး (၁.၃) ဘီလီလျံ စတဲ့ သန်းပေါင်းများစွာသော လူတွေ ကျင်လည်ကျက်စားနေတဲ့ တောင်တရုတ်ပင်လယ်ဟာ ၂၁ရာစုကမ္ဘာ့စီးပွားရေးအဆောက်အအံ
တကယ်တော့ တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန်ကပဲဖြစ်ဖြစ်၊ တရုတ်ကပဲဖြစ်ဖြစ် လွှမ်းမိုးချုပ်ကိုင် လိုက်လို့ ဘယ်အာရှနိုင်ငံအတွက်မှ အကျိုးကျေးဇူးဖြစ်ထွန်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တောင်တရုတ် ပင်လယ်မှာ တရုတ်ရဲ့ ထိန်းချုပ်မှုကို ချိန်ခွင်လျှာညှိနိုင်ဖို့ status quo အတွက် အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုလိုအပ်တယ်လို့လဲ အာရှနိုင်ငံများရဲ့ မဟာဗျူဟာပညာရှင်များက ယူဆထားကြပါတယ်။ ဒါကြောင့်လဲ (၂၀၁၁) ခုနှစ်၊ နိုဝင်ဘာလမှာ အမေရိကန်သမ္မတ အိုဘားမားရဲ့ ဒေသတွင်းခရီးစဉ်အတွင်း နိုင်ငံအားလုံးဟာ တူညီတဲ့ set of rules တွေနဲ့ ကစားနေကြတာပါလို့ ဆိုသွားခဲ့ဖူးတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့အတွက် တောင်တရုတ်ပင်လယ်ဟာ ကမ္ဘာ့ပါဝါဂိမ်းပြိုင်ပွဲကျင်း
အာရှတိုက်ကို မဟာဗျူဟာအရ ဗဟိုပြုရန် လိုအပ်ချက်ကို အမေရိကန်မဟာဗျူဟာပညာရှင်များက ဆွေးနွေးနေခဲ့ကြတာ (၂၀၀၁) ခုနှစ် Quadrennial Defense Review မှာကတည်းက ဖြစ်တဲ့အတွက် ဆယ်စုနှစ်တခုကျော်ရှိခဲ့ပါပြီ။ အိုဘားမားအုပ်ချုပ်ရေးကာလမှာ bipartisan U.S. National security policy ကို တိုးမြှင့်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒါပေမယ့် ဝါရှင်တန်မဟာဗျူဟာအသိုင်းအဝိုင်
သို့ပေမယ့် ချမှတ်ထားဆဲ မဟာဗျူဟာတွေအရဆိုရင် အမေရိကန်အနေနဲ့က ပင်လယ်ရေကြောင်းနဲ့ ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေထက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး လိုလားဟန်ရှိနေပါတယ်။ sea services တွေဖြစ်တဲ့ အမေရိကန်ရေတပ်၊ မရင်းတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်တွေဟာ ရေတပ် အသုံးစရိတ်ကြီးမားမှုရဲ့ အကျိုးဆက်တွေကို သတိပြုမိနေကြပြီး၊ အချို့ sea lanes of blights ကိစ္စရပ်တွေဖြစ်တဲ့ အကြမ်းဖက်မှု၊ ပင်လယ်ဓားပြနဲ့ မူးယစ်ဆေးကုန်ကူးမှု၊ လူကုန်ကူးမှု၊ လက်နက်ကုန်ကူးမှုစတာတွေကို တားဆီးနှိမ်နင်းရေးတွေမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး လိုလားကြပါတယ်။ U.S. Fleet ဟာ ကမ္ဘာမှာ အင်အားအကြီးဆုံးဖြစ်ပေမယ့် “connective tissue of the international system,” သာဖြစ်သင့်ကြောင်း ယူဆမှုတွေ ပေါ်ထွက်လာပြီး၊ သမုဒ္ဒရာနှစ်ခုရဲ့ ဆုံချက်ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်မှာ international maritime cooperation ဖြစ်တည်လာဖို့သာ အရေးကြီးကြောင်း ရေတပ်မဟာဗျူဟာ ပညာရှင်များက တွက်ချက်ထားကြပါတယ်။
အမေရိကန် sea services တွေက (၂၀၀၇) ခုနှစ်မှာ ရေးဆွဲထားတဲ့ A Cooperative Strategy for 21st Century Seapower (CS-21) ဟာ ယနေ့လက်ရှိအခြေအနေအထိ အသက်ဝင်ဆဲပဲ ရှိပါသေးတယ်။ ဒီမဟာဗျူဟာအရ ပစိဖိတ်အနောက်ပိုင်းနဲ့ အိန္ဒိယသမုဒ္ဒရာ၊ ပါရှန်းပင်လယ်ကွေ့ဒေသတွေဟာ အမေရိကန်ရဲ့ maritime power အတွက် အဓိကကျတဲ့ theaters တွေ ဖြစ်ပါတယ်။ CS-21 မဟာဗျူဟာမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ like-minded nations တွေနဲ့ ပူးပေါင်းပြီး၊ ကမ္ဘာ့ပူးပေါင်းဆက်နွယ်မှု စနစ် ပိုမိုခိုင်မာတောင့်တင်းလာအောင် ကာကွယ်စောင့်ရှောက်မယ်လို့ ပါရှိပါတယ်။
(ပုံ– ၁၀– အမေရိကန်ရဲ့ CS 21 မဟာဗျူဟာ မျက်နှာဖုံးပုံ)
အမေရိကန်ရဲ့ ဒီမဟာဗျူဟာရည်မှန်းချက်ကို တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်ထားပါတယ်။ ဘေဂျင်းအနေနဲ့ သူ့အနီးဝန်းကျင်က ရေပိုင်နက်တွေမှာ အမေရိကန်က ပါဝင်ပတ်သက်နေမှုကို တရုတ်နိုင်ငံကို containment လုပ်ဖို့ ကြိုတင်ပြင်ဆင်နေတာလို့ ယူဆပါတယ်။ ဒါကြောင့်လဲ အာရှနိုင်ငံများနဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မယ့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ မဟာမိတ်အဖွဲ့တခု ပေါ်ထွန်းလာရေးကို တရုတ်နိုင်ငံက မလိုလားပါဘူး။ ဒေသတွင်းလုံခြုံရေးဝန်းကျင် (security environment) ရဲ့ အနေအထား ပြောင်းလဲသွားမှာကို တရုတ်က စိုးရိမ်ပူပန်ပါတယ်။
အမေရိကန်ရဲ့ Maritime Strategy ဟာ navigational freedoms တခုတည်းပေါ်မှာ မူတည်ထားတာ မဟုတ်ပါဘူး။ ယူကေနိုင်ငံ၊ လန်ဒန်ဘုရင့်ကောလိပ်က ပါမောက္ခ Geoffrey Till ဆိုခဲ့သလိုပဲ “Maritime” ဆိုတဲ့စကားလုံးဟာ “naval” ဆိုတဲ့ စကားလုံးထက် ပိုပြီးကျယ်ပြန့်ပါတယ်။ စစ်ကာလမဟုတ်တဲ့အချိန်မှာ Maritime Strategy ဆိုတာ “good-order-at-sea” missions တွေ ပေါင်းစပ်ပါဝင်ပါတယ်။ ဒါကြောင့် Maritime Strategy ကို အကောင်အထည်ဖော်ဆောင်ရာမှာ ရေတပ်သာမက non-military services တွေဖြစ်တဲ့ ကမ်းရိုးတန်းစောင့်တပ်၊ ထောက်လှမ်းရေးအေဂျင်စီများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနများ၊ အကောက်ခွန်ဌာနများ၊ နယ်စပ်လုံခြုံရေးဌာနများကပါ ပါဝင်ဆောင်ရွက်လေ့ ရှိကြပါတယ်။ အမေရိကန်ရဲ့ CS-21 မဟာဗျူဟာက ဒီသဘောတရားအပေါ်မှာ အခြေပြုထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ Homeland Security ဌာနတို့ကလဲ National Strategy of Maritime Security (NSMS) ရေးဆွဲထုတ်ပြန်ပြီး maritime security ဆိုတာ ရေတပ်အင်အားတဲ့ ပိုပြီး ကျယ်ပြန့်ကြောင်း ဖော်ပြထားကြပါတယ်။ National Strategy of Maritime Security (NSMS) ထဲမှာ Narrow seas ဆိုတဲ့ ကဏ္ဍတခုပါဝင်ပါတယ်။ အဓိကဖော်ပြထားချက်ကတော့ တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာအကြားမှာ portal ဖြစ်နေတဲ့ မလက္ကာရေလက်ကြားဖြစ်ပါတယ်။ ဒီလိုရေလက်ကြားတွေကို အရေးပေါ်အခြေအနေမှာ ပိတ်ဆို့ဖို့ လိုအပ်ကြောင်းထည့်သွင်းဖော်ပြထာ
သို့ပေမယ့်လဲ (၂၀၀၉) ခုနှစ်မှာ တင်းမာမှုတွေ ပြင်းထန်လာချိန်ကစတင်ပြီး တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန်က အဓိက အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်လာအောင် အရှေ့တောင်အာရှနိုင်ငံများရဲ့ ကြိုးပမ်းမှုတွေ ပေါ်ထွက်လာပါတယ်။ ဝါရှင်တန်နဲ့ ဟနွိုင်းတို့အကြားက ဆက်ဆံရေးနွေးထွေးလာမှု အခြေအနေတွေ၊ ဝါရှင်တန်နဲ့ မနီလာအကြားက စစ်ရေးမဟာမိတ်အခြေအနေတွေကလဲ တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အခန်းကဏ္ဍကို မြင့်မားနေစေပါတယ်။ တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိတဲ
(၂၀၁၁)ခုနှစ်မှာ အာရှနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ strategic landscape ပြောင်းလဲလာမှုအပေါ်မှာ မနီလာက ဝါရှင်တန်နဲ့ အရှေ့တောင်အာရှနိုင်ငံများအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအထိ ဖြစ်လာစေရန် မျှော်မှန်း ထားပြီး၊ ဗီယက်နမ်က ဒေသတွင်းမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှု ပိုမိုကြီးမားလာပြီး တရုတ်ကို counter-balance လုပ်နိုင်ဖို့အထိ မျှော်မှန်းလာကြပါတယ်။ တချိန်တည်းမှာပဲ အာဆီယံနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ သံသယဖြစ်မှုတွေ ပိုမိုများပြားလာပါတယ်။ သို့ပေမယ့် အမှန်တကယ်သာ အမေရိကန်နဲ့ တရုတ်တို့အကြား strategic rivalry ဖြစ်လာခဲ့ရင် အရှေ့တောင်အာရှနိုင်ငံများအနေနဲ
(၂) အခြားနိုင်ငံများ၏ မဟာဗျူဟာ တုန့်ပြန်ချက်များ
ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံများက ဂျပန်၊ တောင်ကိုးရီးယားနဲ့ ဩစတြေးလျနိုင်ငံများရဲ့ ထောက်ခံမှုရစေရန် ကြိုးပမ်းမှုများလဲ ပေါ်ထွက်လာပါတယ်။ (၂၀၁၁) ခုနှစ်၊ စက်တင်ဘာလနှောင်းပိုင်းမှာ ဖိလစ်ပိုင်သမ္မတက ဂျပန်နိုင်ငံကို သွားရောက်ပြီး၊ ဖိလစ်ပိုင်ကမ်းရိုးစောင့်တပ်ကို လေ့ကျင့်သင်တန်းပေးရေးနဲ့ လိုအပ်သော စက်ကိရိယာများတပ်ဆင်ရေးတို့အတွ
(၂၀၁၁) ခုနှစ်၊ နိုဝင်ဘာလ နှောင်းပိုင်းမှာ တောင်ကိုးရီးယား သမ္မတ Lee Myung-Bak ရဲ့ မနီလာခရီးစဉ်မှာလဲ ဖိလစ်ပိုင် စစ်တပ်ကို ခေတ်မှီတိုးတက်သော တပ်အဖြစ် အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သော ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ဖို့ ဖိလစ်ပိုင်သမ္မတက တောင်းဆိုခဲ့ပါတယ်။ (၂၀၁၂) ခုနှစ်၊ မေလမှာလဲ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်စစ်တပ်ဟာ ဩစတြေးလျနိုင်ငံရဲ့ search-and-rescue vessels များ ထောက်ပံ့ပေးမှုကို စောင့်မျှော်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံကလဲ ပါဝါရှိတဲ့ နိုင်ငံတနိုင်ငံတည်းနဲ့ နီးစပ်မှု မဖြစ်သွားစေရန် ချမှတ်ထားတဲ့ “three no’s” policy အရ အိန္ဒိယနဲ့ ရုရှားတို့နဲ့ ဆက်ဆံရေးအဆင်ပြေစေရန် ကြိုးပမ်းမှုတွေ ပြုလုပ်လာပါတယ်။ (၂၀၁၁) ခုနှစ်၊ စက်တင်ဘာလမှာ အငြင်းပွားရေပိုင်နက်ကို လေ့လာရန် အိနိ္ဒယနိုင်ငံနဲ့ သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့ပြီး၊ အောက်တိုဘာလမှာ ဂျပန်နိုင်ငံနဲ့ defence cooperation initiative စတင်ခဲ့ပါတယ်။ ဟနွိုင်းက ရုရှားနိုင်ငံကိုလဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေးမှာပူးပေါ
ဒါတွေကိုကြည့်ခြင်းအားဖြင့် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး သွယ်ဝိုက်ပါဝင်ပတ်သက်လာတဲ့ နိုင်ငံအများအနေနဲ့ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခြင်းမရှိရအောင် တဘက်က ထိန်းရင်း၊ အခြားတဘက်ကလဲ အငြင်းပွားမှုထဲမှာ တိုက်ရိုက်ပါဝင်နေတဲ့ နိုင်ငံများနဲ့ စစ်ရေး၊ သံတမန်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို အားဖြည့်လာကြောင်း သိသာထင်ရှားပါတယ်။ တောင်တရုတ်ပင်လယ်မှာ စစ်ရေး ထိတွေ့မှုတွေ ဖြစ်ပွားလာမလား၊ ရှောင်ရှားနိုင်မလား၊ ဘယ်အချိန်မှာ စစ်ရေးထိတွေ့မှုတွေ စတင် လာမလဲဆိုတာကို ဘယ်သူမှ သေချာတပ်အပ်မပြောနိုင်ကြပေမယ့် စစ်ရေးထိတွေ့မှုတွေ ဖြစ်ပွားစေနိုင်မယ့် အလားအလာရှိသော triggers များကိုတော့ ပညာရှင်များက လေ့လာဖော်ထုတ်ထားကြပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၁၄၊ ၁၀၊ ၂၀၁၂)
7 comments
pooch
October 16, 2012 at 11:41 pm
စိတ်ဝင်စားတယ် ဒီအကြောင်းတွေ ဒါပေမဲ့ ကွန်ပျုတာနဲ့ ကြာကြာမဖတ်နိုင်သေးတာမို့ ဆွဲထားတယ် နောက်မှ ပရင့်ထုတ်ပြီး သေချာဖတ်မယ်။
ဒါနဲ့ သူကြီးကို မေးမလို့ ဟိုးတလောက ဆရာအောင်သိမ်းဆိုလား( သိပ်တော့မသေချာ) စာဟောင်းလေးကို းပြန်မန်းတာတွေ့တယ်။ အဲ့ဒီ ဆရာရေးဖူးတဲ့စာတွေ ရှိသေးလား မသိဘူး။
နောက်ပြီး သူရေးပေးတဲ့ ဦးသန့်မြင့်ဦး စာအုပ်အကြောင်း သတင်းစာထဲထည့်တယ်ဆိုတာလေး ဖတ်ချင်လို့ ။ အဆင်ပြေရင် ပို့ပေးပါအုန်း။
နောက်လူကြုံရှိရင် ဂဇက် သတင်းစာတစောင်လောက် မန်းလေးကို ပို့ပေးပါအုန်း ။ တောင်းတာလည်း နှစ်ပေါက်နေပြီ။ pdf တစောင်လားပဲ ရဖူးတယ်။ ချဉ်တာ သူကြီးကို ။
ဒါမှ မဟုတ်လည်း တွေ့ဆုံပွဲကျမှ လက်ဆောင်တွေ ပို့ပေးရင်း သတင်းစာပါ ထည့်ပြီး လက်ဆောင် ပေးရင်ကောင်းမယ်။ 😆
kai
October 17, 2012 at 3:31 am
ဆရာအောင်သူငြိမ်းကိုပြောတာပါ..။ ဟားဗတ်ကျောင်းထွက်ပေါ့…။
သူက.. မြန်မာပြည်ကို ဗဟု အဖွဲ့နဲ့အတူတူသွားတယ်လေ..
သမ္မတအကြံပေးများ ဖြစ်နေပြီလား..မသိ..။
ပြန်ရှာတင်ပေးပါ့မယ်.။
သတင်းစာကတော့. အစောင်လိုက်လိုချင်ရင်… ဒေါက်တာပဒုမ္မာအိမ်.. ဒါမှမဟုတ်.. ရန်ကုန်ယူအက်စ်သံရုံးမှာ သွားခိုးပေတော့.. :harr:
padonmar
October 17, 2012 at 7:00 pm
တကလဲတော်
ကျုပ်အိမ်ကို ဝင်ခိုးဖို့ လက်ထောက်ချနေပါလား။
မနှစ်က အိမ်နောက်မှာ လှန်းထားတဲ့ ထမီ ၂ထည်နဲ့ ဒီဇယ်တစ်ပုံး ခိုးခံရတာ အခုမှ ခြေရာခံမိပြီ။ စုံထောက်ကြီး အောင်တိုက်လက်အပ်မှပဲ။
မယ်ပု နဲ့ တီချာကြီးကို ကိုပေါက် ကြွားပါလိမ့်မယ်။
pooch
October 17, 2012 at 10:48 pm
ဟုတ်တယ် ဆရာအောင်ငြိမ်းသူ ။ ဟိုတလောက ဖတ်မိတဲ့ စာကို တွေ့ကထဲက သဘောကျသွားတာ။ စာသိပ်မရေးတာလား ။ ဘာဖြစ်လို့ မတွေ့တာလဲ ။ ဟားဗတ်ထွက်လား ထင်တော့ ထင်သား ဒါကြောင့်မို့ ဖတ်ရတဲ့ စာက သိသာတယ်။ ဒီလိုလူမျိုး အကြံပေး အဖွဲ့ထဲ ဝင်ဖြစ်လို့်ကတော့ အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကား ပေါ့ ။
ဒါနဲ့ ဝင်ခိုးလို့ ပိုင်နက်ကျုးလွန်မှု ဖြစ်ရင် အာမခံနဲ့ လာထုတ်ဖို့ မမေ့နဲ့အုန်းနော် ခိုင်းလို့ ခိုးရတာပါဆိုပြီး ဒီကွန်းမန့် သက်သေပြလိုက်ရုံပဲ 😆
ရွှေရိုး (ရွှေမန်း-ဒိုင်အို)
October 17, 2012 at 4:53 pm
တရုတ်ခြေလှမ်းခန် ့မှန်းနိုင်တာပေါ့…(Y)
ဦးဦးပါလေရာ
October 17, 2012 at 11:36 pm
ဒီပိုစ့်အတွဲက လေးနက်ကျယ်ပြန့်လွန်းလို့
မန့်ချင်ပေမယ့် ရေးထားတဲ့ကွန်မင့်ပြန်ဖတ်တိုင်း မကြိုက်လို့ ဖျက်ဖျက်ပစ်ရတယ်..။
တကယ်တော့ အကျိုးဆိုရာမှာ
ရေရှည်အကျိုးနဲ့ ရေတိုအကျိုး ဆိုပြီးရှိပါတယ်…
စပရက်တလေရဲ့ ဇတ်ဆောင်တွေလဲ သိကြပါတယ်..။
သိလျှက်နဲ့ ဇွတ်မတိုးပါစေနဲ့လို့ ဆန္ဒပြုမိပါတယ်။
လောကမှာ ဘာမှလုပ်လို့ အကျိုးမရှိမှန်းသိရင်
ဘာမှမလုပ်တာ အကောင်းဆုံးပဲ…
ပိုနေမြဲကျားနေမြဲ…
အနိုင်မရမှန်းသိပေမယ့် ငြင်းစရာရှိတာကို ငြင်းရမယ့်လူတွေကဆက်ငြင်း
အဖြေမရမှန်းသိပေမယ့် ဆွေးနွေးစရာရှိတာကို ဆွေးနွေးရမယ့်လူတွေက ဆက်ဆွေးနွေးရင်း
တဖက်က နိုင်ငံအသီးသီးက ကိုယ်အကျိုးရှိစရာကို အခြေမပျက် အနေမပျက် ဆက်လုပ်ကြစေချင်မိတယ်။
အမေရိကန်အနေနဲ့တော့
သူလုံးလုံးစိတ်မပါသည့်တိုင်
သူတယောက်ထဲ တပင်တိုင်မဟာအင်အားကြီးနို်င်ငံအဖြစ် ကမ္ဘာတည်သရွှေ့ ဖြစ်ချင်နေလို့မရဘူးဆိုတာကို
တနေ့မှာ အခြားအင်အားကြီးနို်င်ငံတွေလဲ ပေါ်ပေါက်လာမယ်ဆိုတဲ့ အဖြစ်မှန်ကို
လက်ခံသင့်ပါတယ်…
အဲ… အချိန်မီလက်ခံသင့်ပါတယ်။
တကယ်တော့ အင်္ဂလန်နဲ့ မိုင် ၈၀၀ဝ ဝေးတဲ့ ဖေါက်ကလန်တောင်
ယူကေရဲ့ ပိုင်နက်ပဲ ဖြစ်နေသေးရင်…
အင်း…. တဖက်ကတွေးပြန်တော့
အင်အားကြီးလာကာစ တရုတ်နိုင်ငံကို
မတန်တဆ စစ်စားရိတ်တွေပိပြီး
ကြီးကောင်ဝင်ချိန်နောက်ကျအောင် အချိန်ဆွဲချင်သူတွေများလဲ ရှိနေသလား ဆိုတာတော့……..
kai
October 18, 2012 at 12:19 am
မနေ့ညက.. သမ္မတလောင်း စကားရည်လုပွဲမျာ.. ချိုင်းနားနဲ့ပါတ်သက်ပြီး တော်တော်ပြောသွားတယ်..။
အောက်ကမေးခွန်းတော့ မမေးလိုက်ရ..မဖြေလိုက်ရဘူးတဲ့..။ နောက်တခါ ဒီဘိတ်မှာ ပါလာမလားပဲ..။
ယူအက်စ်က ချိုင်းနားကို.. မဖိချနိုင်တော့ပါဘူး..။
ဒါပေမယ့်… မဟာဗျူဟာဆွဲပြီး.. ကိုယ်တွယ်နေတာတော့ သေချာတယ်..။