ကျနော်တို့အတွက်၊သူတို့အတွက် ဘာဆက်လုပ်ကြမလဲ ????
မကြာသေးမှီကပဲ ခရီးတစ်ခုထွက်ဖြစ်ပါတယ် ။ အလုပ်ကိစ္စနဲ့ နယ်ဘက်ကို ဆိုပါတော့ ။ သွားရင်း လာရင်း
တွေ ့ကြုံခဲ့တာတွေရယ် တွေးမိတဲ့ အတွေးတွေရယ် ပြန်ပြောင်းအောက်မေ ့သတိယတာတွေရယ် ကို နဲနဲ
လောက်တော ့ မောင်းထု ပါရစေ …….။
ကျနော် အခုပြောမဲ့အကြောင်းအရာတွေ ၊ ဖြစ်ရပ်တွေဟာ မြို ့ပေါ်နေ ပညာတတ် လူတတ်တန်းစားနဲ့ အထက်
လူတွေနဲ့တော့ သိပ်ပြီးမသက်ဆိုင်လှပါဘူး ။ သို့သော် လည်း …….မြန်မာပြည်ရဲ ့ ဆင်းရဲသားအောက်ခြေ
လူတန်းစား များစွာနဲ့တော့ အထူးသက်ဆိုင်လှပါတယ် ……။ ရန်ကုန်မြို ့ဧရိယာ မှာ (၇)သန်း ခန် ့နေထိုင်
ကြတယ်လို့ ကြားဖူးပါတယ် ။ အတိအကျတော့ မဟုတ်ဘူးးပေါ ့ ….အဲဒီထဲမှာလည်း ငွေကြေးတတ်နိုင် ၊
အသိညဏ်ရှိ ၊ အတွေးအခေါ်ကောင်း ၊ ဗဟုသူတများ တဲ့သူတွေကတော့ လက်တစ်ဆုပ်စာလောက် ပါ ။
အများစုကလည်း လက်လုပ်လက်စား ၊ မရှိမရှား ၊ နဲ့ တွေးခေါ်မျှော်မြင်တတ်သူ နည်းပါလိမ် ့မယ် ။
ဒီလိုပါ……… ကျနော် ခရီးမထွက်ခင်က ရွာပြင်ကပဲဖတ်သွားနိုင်တဲ့ အန်ကယ်ကြီးရဲ ့ ဝမ်းတီး၊ တူးတီး
ပို့စ်မှာ ဆီကိစ္စကို တင်ပြထားပါတယ် ။ ဒါကိုဖတ်ပြီး ……နယ်ရောက်တဲ့အချိန်မှာ ဆင်းရဲသားရပ်ကွက်တွေ
ရွာတွေရဲ ့ အခြေအနေကိုတွေ ့တော ့ ပြန်သတိယပြီး ကျနော်စပ်စုပါတော့တယ် ။ အဲဒီမှာ ဘာတွေသိ
လာရသလဲဆိုတော့ အချက်အလက်တွေ ….တွေးစရာတွေ …. စိတ်ပျက်စရာတွေ အများကြီး တွေ ့မြင်
လာခဲ့ရတယ်ဆိုပါတော့ ………။
ပထမဆုံး …..လူတွေ မသုံးမဖြစ် တဲ ့ဆီ ကိစ္စကိုပြောကြပါစို့ ။ မြန်မာ ့ရိုးရာ ဟင်းတွေဟာ အထိုက်အလျောက်
ဆီကိုသုံးစွဲရပါတယ် ။ ဒီတော ့ ….အများစုသုံးတာ စားအုံးဆီပေါ ့ ။ ဟုတ်ပါပြီ …စားအုံးဆီကို သက်သာလို့
ပဲ သုံးသုံး ၊ ဆိုးကျိုးမသိလို ့ …ဂရုမစိုက်လို့ ပဲသုံးသုံး အထူးပြောစရာမရှိပါဘူး …..။သူတို့ မှမသိတာပဲကိုး…..။
သိအောင် ပညာပေးကြပေါ ့ … အဲ….ဒါပေမဲ့ ….အန်ကယ်ကြီးပြောသလို အခြားဟာတွေ ချွေတာပြီး ဆီသန် ့
ပဲဆီ နှမ်းဆီ လေးများကို ဈေးကြီးကြီးပေးပြီး ယုံယုံကြည်ကြည်နဲ ့ သုံးတဲ့သူတွေကို ကလိန်ကျတာကတော့ …
ပြောမှဖြစ်တော့မယ် ထင်တယ်နော် ……။
နယ်မှာ ဝယ်သုံးရတဲ့ စားအုံးဆီဈေးက (၁၈၀၀) လောက်ကနေ (၂၅၀၀) အတွင်းဆိုပါတော့ ….။ ပဲဆီသန် ့
လို့ပြောတဲ့ ထူးထူးရှယ် ဆီဈေးက (၄၅၀၀)ခန် ့ကနေ (၅၀၀၀) ခန် ့ ပါ ….။ဈေး အများကြီးကွာပါတယ် ။
ဒီနေရာမှာ အများသိတဲ့အတိုင်းပဲ စားအုံးဆီနဲ့ ပဲဆီ ကို ရောကြပါတယ် ။ ပထမဆုံး ဆီစက်က လစ်ရင်
လစ်သလို ရောပါတယ် ။ (ဆီ စက်တိုင်း မဟုတ်သော်လည်း အများစုက ရောပါတယ်) ။ အဲဒီ ရောပြီးသား
ဆီကို လက္ကား ဆိုင်ကြီးများက မရောရ ရင် နူမှာစိုးလို့လားမသိ ….ထပ်ရောပါတယ် ။ ဟုတ်ပါပြီ ….ကုန်စုံဆိုင်
တွေရောက်တော့လည်း …..ထုံးစံမပျက် ထပ်ရောပါတယ် ……။ ကျနော်တို့ စားလိုက်တာ ပဲဆီ သန် ့ဆိုပြီး
ဈေးကြီးကြီးပေး ……အမြင်ကပ်ခံ ပြီး ခန် ့ခန် ့ကြီးစားလိုက်တာ ….။ ခုတော့ ……..???????!!!!!!!!!!!
ဒီလိုသာဆို အစကတည်းက စားအုံးဆီသာ ဝယ်စားလိုက်ရုံ ရှိတော့တာပေါ ့ ………..။
ကဲ ….ဘာတွေရောသလဲ ကြည် ့ကြရအောင် ……..။ မဆလ ခေတ်က အများစုက နေကြာဆီ ရောတတ်
ကြပါတယ် ။ ယုတ်မာ တဲ့သူတစ်ချို ့က ဝါဆီ ရောတယ်လို့ ကြားဖူးပါတယ် ။ ထားပါလေ….နေကြာဆီကို
ရောကြတာ ပုံမှန်ပါ ။ ပြီးတော့ …ဝက်ဆီ ရောကြပါတယ် …..။အခုရော…. ဘာတွေရောသလဲ ဆိုရင်
ဝက်ဆီ ကတော့ လက်ရှိဈေးအရ စားအုံးဆီလောက် မကိုက်တာရယ် …..လိုသလောက်မရနိုင်တာရယ်
ကြောင် ့ သိပ်မရောကြတော့ပါဘူး ။ နယ်က ဝက်ဆီ ချက်ပြီးရောင်းတဲ့သူတွေကို မေးကြည် ့တာကတော့
အကြော် ဆိုင်တွေကိုပဲ ပို့ရတော့တယ်လို့ဆိုပါတယ် ။ ဝက်ဆီနဲ့ ကြော်တဲ့ အကြော်က ပိုပြီး ရွတယ် ၊
ကြွတ်တယ် လို့ဆိုပါတယ် ။ အထူးသဖြင် ့ ပဲကြမ်း ကြော် ၊ နှစ်ပြန်ကြော်များဟာ ဝက်ဆီ လက်ချက်မကင်း
ကြဘူး လို့သိရပါတယ် ။ ကျနော်တို့တွေဟာ မလိုအပ်ပဲ ဆီကို ဘယ်လောက်စားခဲ့ကြသလဲ ..?
မနက်မနက် ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ဆို ဆီလေးရွှဲမှ …….မုန် ့ဟင်းခါးဆို အကြော်မပါရင် ခိုးလိုးခုလု၊
လက်ဘက်ရည်သောက်တော့လည်း ….ပဲပလာတာ ပဲအီကြာ ဆီလေးပိုထည် ့ပါလို့ပြောချင်သေး….
လက်ဘက်သုပ်ကြတော့လည်း….ဆီမပါရင် ဘယ်လိုမှမဖြစ်…….ဒီလိုဆိုတော့ …ကိုယ့် ကို ကိုယ် သနားလို့
ရေလုံပြုတ်ပဲချက်စားမယ်ဆိုတော့လည်း…..အလုပ်ထဲက လုပ်ဖေါ်ကိုင်ဖက်တွေက “အကန်းမျက်ရည်” ဟင်း
လို့ ပြောချင်သေးရဲ ့ ………….တကယ်တော့လည်း ဆီမပါရင်မစားနိုင်ပါဘူးလေ ….။
ဟိုး…..အရင်က မသိခဲ့စဉ်တုန်းက ဆီသန် ့လို့ပြောရင်ယုံလိုက်တာပဲ ….။ ခုတော့…..နယ်ကပြန်လာပြီး
ကတည်းက တတ်နိုင်သမျှ စပ်စုပါတော့တယ် ….။ နယ်အပြန် စက်ထဲက ကို်ယ်တိုင်ခံပြီးံယူလာတဲ့ ပဲဆီစစ်စစ်
လေးကလည်း နဲနဲပါလာတော့ အဲဒါလေး စံနမူနာယူပြီး ဒီကနာမည်ကျော် ပါကင်ပိတ် ဆီတွေနဲ့ နှိုင်းယှဉ်
ကြည် ့တာပေါ ့ ……။ ကျနော်က ဓာတုဗေဒ ပညာရှင်လည်းမဟုတ် …..ဆယ်တန်းလောက်အထိသာ
ဓာတုဗေဒ သင်ဖူးတာ ..။ ဒီတော့ အရင် ့ အရင်က အတွေ ့အကြုံတွေအတိုင်း စမ်းကြည် ့ရတာပေါ ့ဗျာ ။
စံနစ်မကျပါဘူး …လုံးဝစံနစ်တကျမဟုတ်ပါဘူး ….၊ ဒါပေမဲ ့ …..သံသယဖြစ်ဖွယ်လေးများ …..စဉ်းစားစရာ
လေးများ တော့ ရလာပါတယ် ….။. ဒီလိုပါ …..နယ်ကပဲဆီစစ်စစ်နဲ့ ချက်တဲ့ ဟင်းတွေကို ရေခဲသေတ္တာ ထဲ
ကိုထည် ့ တဲ ့ အခါ ခဲ သွားလေ ့မရှိပါဘူး ….။ (ဝက်သားနှင် ့တကွ ပြည် ့ဝဆီထွက်တဲ့ အသားများမှတပါး )
အဲ …..စားအုံးဆီ အရောအနှော ပါတဲ့ ဆီနဲ့ဆိုရင် တစ်ညလောက်ထည် ့လိုက် တာနဲ့ မနက်ဆိုရင် ရေခဲမုန့်
လိုခဲသွားပါပြီ…..ပုံမှန် အအေးခန်းထဲ ထည် ့တာပါ ။
ဒီတခါတော့ ကျနော်သေခြာသွားအောင် ခွက်သေးသေးလေးတွေထဲမှာ စားအုန်းဆီတစ်ခွက် …၊ ပဲဆီ
စစ်စစ်တစ်ခွက် …၊ နောက်ပြီး ဈေးထဲက သေခြာပေါက်ရောပြီးသား ပဲဆီလို့ ပြောရောင်းနေတဲ့ ဆီတစ်ခွက်..၊
အဲ ……နောက်ပြီး …အာမခံ အမျိုးမျိုးနဲ့ ပါကင်ပိတ်ပြီး စက်ရုံကြီးများမှ ထွက်ရှိတဲ့ …ဘာ..ပဲဆီသန် ့ ….
ညာ….ပဲဆီသန် ့ ဆိုတာတွေကိုလည်း နာမည်ကျော် တံဆိပ် သုံးမျိုးလောက်ကို ခွက်လေးတွေထဲထည် ့ပြီး
တစ်ညလောက် ရေခဲသေတ္တာထဲမှာ ထည် ့ကြည် ့လိုက်ပါတယ် …..။ ဟုတ်ကဲ ့ ….အံ့ဩ စရာပါပဲ……
နယ်က စက်ထဲက ထွက်လာတဲ့ ပဲဆီစစ်စစ်မှတစ်ပါး အားလုံး ခဲ သွား တာတွေ့ရပါတယ် …..။ ပလပ်စတစ်ဗူး
နဲ့ ပါကင်ပိတ်ဆီသန် ့ ဆိုတာတွေကို ဖြူဖွေးနေတဲ့ ဆီအတုံး အခဲကြီးအဖြစ် မြင်ရတဲ့အခါမှာ ….ကျနော် တော်
တော်လေးကို စိတ်ပျက်သွားပါတော့တယ် …..ကျနော်တို့ ဘာကိုယုံရတော့မလဲ ….ဘာတွေဖြစ်ခဲ့ကြတာလဲ …
ဘယ်လောက် အကျိုးအမြတ် ရှိလို့ ဂုဏ်သိက္ခာကို ဆီတစ်စက်နဲ့ လဲခဲ့ရတာလဲ……?
ကျနော် အကြမ်းဖျဉ်း ကလေးတွက် ဈေးတွက် တွက်ကြည် ့မိပါတယ် …..။ ဆီလေးပိဿာမှာ သုံးပိဿာက
ဆီသန် ့ဖြစ် ပြီး တစ်ပိဿာက စားအုံးဆီ ဆိုပါစို့ ……အရင်းက လက်လီဈေးနဲ့တွက်ရင် …….
ဆီသန် ့သုံးပိဿာ ……………………၁၃၅၀၀
စားအုံးဆီတစ်ပိဿာ…………………..၁၈၀၀
ပျမ်းမျှ တစ်ပိဿာအရင်း………………..၃၈၂၅..မှ ၃၉၀၀
ရောင်းဈေး …ဆီတစ်ဗူး ….ပါဝင်ဆီ ၉၅ ကျပ်သားခန် ့ ……………….၄၅၀ဝ ဝန်းကျင်
၉၅ ကျပ်သားပဲ ပါတဲ့အတွက် အရင်းက ၃၇၀ဝ ခန် ့ ….
ကဲ …….ကျနော်အကြမ်းအားဖြင် ့ ကလေးတွက် တွက်လိုက်တာပါ ။ ပုံမှန် အမြတ်ငွေထက် ဆီတစ်ဗူး
ရောင်းပြီးတိုင်း ငွေ ၈၀ဝ ကျပ် ပိုမြတ်နိုင်ပါတယ် …..။ ရန်ကုန်မြို ့က နာမည်ကျော် စက်ရုံကြီးတွေက
ထုတ်လုပ်တဲ့ ဆီတွေဟာ နေ ့စဉ် ဘယ်လောက်ပမာဏရောင်းရမယ် ထင်ပါသလဲ ……..။
အကယ်၍များ လူဦးရေ သန်းချီရှိနေတဲ ့ မြို ့ကြီးတစ်ခုတည်းမှာ ဆီသန် ့ဗူး (၁၀၀၀) ရောင်းရတယ် ဆိုပါစို့ ..။
တစ်နေ ့ …ပိုလျှံအမြတ်က (၈၀၀၀၀၀)ပါ ….။ တစ်လ ..သိန်းပေါင်း (၂၄၀) ကျပ် ။ ကဲ ပါလေ ……ဒီလောက်
မမြတ်ဘူးလို့ပဲ ထားလိုက်ပါ …..သေခြာပေါက်ကတော့ ဒီတစ်ဝက်ပိုမြတ်မှာပါ ပဲ ……။ ကျနော်သူတို့ ကြီးပွား
ချမ်းသာတာ မနာလို လို့ မဟုတ်ပါဘူး ။ ယုံကြည်မှုကို ဖေါက်ဖျက်ခံရလို့ပါ …..။ ဒါကြောင် ့လည်း ပဲဆီသန့်
ထုတ်လုပ်တဲ့ သူဌေး တစ်ဦးက အဆင် ့မြင် ့ ဆေးရုံကြီးတစ်ခုကို ဝယ်လိုက်တယ်လို့ ကြားမိပါတယ် ….။
ကောင်းတာပေါ ့လေ ……အရောအနှောဆီလေးတွေစား…အသည်းအဆီဖုံး ..၊ နှလုံးရောဂါဖြစ်တော့ သူတို့
ဖွင် ့ထားတဲ့ ဆေးရုံကိုတက် ….။ မထူးပါဘူး…..နာရေးဝန်ဆောင်မှုလုပ်ငန်းပါ ဆက်လုပ်ပါလား လို့ ပြောလိုက်
ချင်သေးရဲ ့ဗျာ .. …..။
ဒါတွေက ကျနော်အပါအဝင် လူတွေနေ့စဉ် ကြုံတွေ ့နေရတဲ့ ရှောင်လွှဲလို့ မရတဲ့ ဖြစ်စဉ်ပါ …..။ အစားအစာနဲ့
ဆေးဝါးတွေကိုစစ်ဆေး ကြီးကြပ်တဲ့အဖွဲ့ အနေနဲ့ ဒါမျိုးတွေကိုပါ စစ်ဆေးပေးသင့်ပါတယ် …။ တန်ရာ တန်ကြေး
ရောင်းပါ …။ ပြောထားတဲ့ အရည်အသွေးမှီအောင်လုပ်ပါ …တစ်ဖက်ကလည်း မလိုအပ်တာချွေတာပြီး ပစ္စည်း
ကောင်း ကောင်းသုံးစေဖို့ လုံ့ဆော်ပါ ….။ ဒါဟာ ကျနော်တို့နိုင်ငံရဲ ့ HR နဲ့ဆိုင်ပါတယ် …။ အခု ကျနော်နယ်ကို
သွားရင်းနဲ့ ဘာတွေ ့လာသလဲဆိုရင် …ဟိုးအရင်က ကျေးလက်နေ လူထုဟာ အဝလွန်တဲ့သူ ရှားပါတယ် …။
ပုံမှန် ကျစ်ကျစ် လစ်လစ်နဲ့ အဆီပို တွေသိပ်မတွေ ့ရတတ်ပါဘူး ……။ ဘာအားကစားမှမလုပ်ပဲ ကြွက်သားတွေ
နဲ့ အားကျစရာပါ ..။ ဖိနပ်မပါပဲနဲ့လည်း နေပူစပ်ခါး သွားလာနိင်ပါတယ် …။ မြွေကိုက်ခံရတတ်တာကလွဲရင်
တော်ရုံ ကူးစက်ရောဂါတွေမရတတ်ပါဘူး ….။ ကိုယ်ခံအားကောင်းတယ်ဆိုပါတော့ ….။
သူတို့ ဘာတွေစားကြလဲ ဆိုတော့ ……..အညာကလူတွေကတော့ ပဲမျိုးစုံအဓိကလို့ထင်ပါတယ် ….။
အောက်ပြည်ကလူတွေကတော့ မရှိမဖြစ် ငါးပိ ပါ ။.ပုံမှန် ငါးပိရည်လေးတစ်ခွက်အမြဲကျိုပြီး နီးစပ်ရာ
ဟင်းသီး ဟင်းရွက်တွေပြုတ်လို့ ရိုးရှင်းစွာစားတတ်ကြတာပေါ ့…။ကြက်ဥ ၊ ဘဲဥ နဲ ့ ကြက်သားကတော့
အိမ်အောက်မှာ ကြိုက်တာဆွဲချက်ရုံပဲလေ ..။ ဝက်သား ဆိုတာက အလှူ မင်္ဂလာဆောင်တွေကျမှ တစ်ဝ
ကြီးစားကြရတာပါ ။ ဒါကြောင့် ဝက်သားစားပုံကိုစာတစ်တန် ပေတစ်တန်တောင်မှ ဖွဲ့ ့ခဲ့ကြသေးတာပဲ ။
“ဝက်သားတုံးကြီး ဒူးလောက်ပေါင်လောက်
သူများစားတာတွေ ့ဖူးပါရဲ ့
ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ……..အမောပြေအောင်တိုက်ပါ မမ….” ဒါက သံချပ်ထိုးကြတာပါ ……..
“ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဍန်” တဲ့…..ဒါက ဒေါ်မြင် ့မြင် ့ခင်ရဲ ့ “နပန်းဆံ”သီချင်းထဲက ဝက်သားပါ
တောရွာတွေမှာ အားပါးတစ်ရ ပြောတဲ့ အာလုပ်စကားကတော့ … “ ဘီးစပါတ်တုံးကြီးကို ..သွားဖုံးမြုတ်အောင်
တီးပစ်လိုက်မယ် ..” ဝက်သားတုံးရဲ ့ အရွယ်ပမာဏကို အမျိုးသမီးတစ်ယောက်ရဲ ့ ဘီးနဲ့ပါတ်ထားတဲ့ ဆံထုံး
အရွယ်နဲ့ နှိုင်းပြီး တင်စားထားတာပါ …..။ ဒီလို ဒီလို အာပါးတရ စားကြရတာကတော့ တစ်နှစ်နေမှ
လေး ငါး ခြောက်ကြိမ် …။ သုံးတဲ့ဆီကလည်း ပဲဆီ ၊နှမ်းဆီ ၊ နေကြာဆီ …
ခုတော့ …စားအုံးဆီ ယဉ်ကျေးမှုမှာ သူတို့လည်းစီးမျောနေပါပြီ …။ လူတွေလည်း ခတ်ဖိုင် ့ဖိုင် ့တွေဖြစ်လို့
ကျစ်လစ်တာတွေလည်း လျော ့ကျပြီး သူတို့ မကြားဖူးတဲ ့ မြို ့ပေါ်ရောဂါတွေလည်း ရလာကြပြီပေါ ့ ….။
တကယ်တော့ အစားအသောက် အဟာရဆိုတာ အသက်ရှင်ရပ်တည်မှုအတွက် နေ ့စဉ် သုံးစွဲနေရတာ
ဆိုတော့ သမ မျှတပြီး အန္တရယ်ကင်းဖို့ကောင်းပါတယ် …။ တိုင်းပြည်တစ်ခု တောင့်တင်းခိုင်မာ ဖို့ဆိုရင်
ပြည်သူတွေလည်း ကျန်းမာ ဖို့ မလိုဘူးလား ….? ဒီလိုသာ လူတစ်စုကောင်းစားဖို့ ငဲ ့ညှာနေရင်တော့
ဆေးရုံတွေ ထပ်ဆောက်လို့တောင် လောက်မှာမဟုတ်ဘူး ….. ကျနော်တို့ရဲ ့ အစိုးရမင်းများ စဉ်းစား
သင် ့တဲ့ အချိန်လည်း ရောက်နေပါပြီ………. ။
…………ကဲ ကဲ ဒီတော့ .. ကျနော်တို့ အတွက် သူတို့အတွက် ဘာများဆက်လုပ်ရင်ကောင်းမလဲဗျာ …..။
32 comments
မောင်ပေ
November 11, 2012 at 8:41 pm
ကိုဆာမိရေးတဲ့အကြောင်းအရာနဲ ့ပတ်သက်ပြီး ၊ တစ်ခါ က စိတ်ကူးယဉ်ခဲ့ဖူးတာလေး ရှိတယ်ဗျ
လက်တွေ ့အကောင်အထည်ဖော်ဖို ့ကြတော့ ၊ အာလကေ မများသေးလို ့၊ အခုချိန်ထိ အကောင်အထည် မဖော်နိုင်သေးဘူး
ကိုယ်တစ်ယောက်ထဲ အရင်းအနှီးနဲ ့ဖြစ်စေ
အများနဲ ့(မြန်မာနိုင်ငံသား ၊ ဗုဒ္ဓဘာသာဝင်တွေချည်းပဲ ဆိုရင်တော့ ပိုကောင်းတာပေါ့) ပေါင်းစပ်ပြီး ဖြစ်စေ
အမျိုးသားစီးပွားရေးလုပ်ငန်းဆိုပြီး ၊ ပဲဝယ်တဲ့နေရာကအစ ၊ ကိုယ့်လုပ်ငန်းပိုင် ဆီစက် နဲ ့ ဆီထွက်လာတဲ့အထိကို ၂၄နာရီ လူကိုယ်တိုင် ၊ စီစီတီဗီများနဲ ့လဲ အပါအဝင် စစ်ဆေးပြီး မှ ဈေးကွက်ထဲကို ဖြန် ့ဖို ့ပေါ့
အဲ… အဲဒီလို လုပ်မယ်ဆိုရင် ၊ ရောင်းမယ့် ဆီဈေး လက်ရှိ ဈေးကွက်ထဲက ဆီဈေးတွေနဲ ့ယှဉ်ရင်တော့ နဲနဲများလိမ့်မယ်ဗျ
အဲဒီကွာခြားမှုကို ဘယ်လိုလျှော့မလဲ ဆိုတော့
အကောင်းဆုံး ဝန်ဆောင်မှု ၊ စားသုံးမယ့်သူ ကျန်းမာရေးအတွက် လုံးဝ ၁၀၀% စိတ်ချရမှု….ဘယ်ဆီနဲ ့ယှဉ်ပြီး အအေးခန်း/ရေခဲသေတ္တာထဲ ထည့်ထည့် ၊ ကိုယ့်ဆီက လုံးဝမခဲစေရဘူး ဆိုတာမျိုး ၊ နောက်ပြီး နိုင်ငံသားပိုင် ၊ ကိုယ့်ဘာသာဝင်ချင်းမို ့ အားပေးကြပါ ကိုယ်လို ဘာသာဝင်တွေ အားပေးကြပါ ဆိုတာမျိုး …
အဲဒီလို လုပ်ချင်တာဗျ
နိုင်ငံသားတွေကို ချစ်စိတ် ၊ အမျိုးဘာသာကို ချစ်စိတ်နဲ ့လုပ်ရမှာဆိုတော့
ကိုယ်လို စိတ်တူတဲ့လူတွေ ရှယ်ယာစုလုပ်ရင် အကောင်းဆုံးပေါ့
ဘာလို ့လဲဆိုတော့ .. ဈေးတန်းထဲမှာ နေရာရပြီးသား ၊ လူတွေနေ ့စဉ်သုံးနေတဲ့ ရောဆီတွေကို လိုက်ယှဉ်ဖိုက်ရမှာဆိုတော့
ဟူး…မောတာဗျာ
အဲဒါမျိုး လုပ်နိုင်ဖို ့ဆိုတာကလဲ… သိန်းသောင်းကျော်လောက် ရှိမှာကလား
အခုတော့… ကိုဆာမိ ရေးတဲ့အတိုင်း ၊ အရောအနှောလေးတွေကိုပဲ ကြောင်ကြက်ရှိ ပြီး ၊ သင့်သလို ဖြစ်သလို ဆက်စားလိုက်ဦးမယ်ဗျို ့
nozomi
November 11, 2012 at 8:58 pm
ကိုပေ အမြန်အကောင်အထည်ဖော်ဗျာ ကျွန်တော် အရင်ဆုံး အားပေးမယ်
ကိုဆာမိ ရေ နိုင်ငံတော်ရဲ့ ကြီးကြပ်ကွပ်ကဲ အရေးယူမှု အားနည်းတာကြောင့် ဆိုတာလဲ အချက်တစ်ခုပါ ၊ ဥပမာ “အရော” ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ဆီက မသန့်ပါဘူး သိရင် လူတွေကြားထဲ သတင်းပြန့်သွားရင် သူတို့ ကို ဘယ်လိုအရေးယူလဲ တော့ မသိဘူး သိပ်မကြာဘူး အဲဒီလူတွေဘဲ “အနှော ” ဆိုတဲ့ တံဆိပ်နဲ့ပြန်ထွက်လာပြန်ရော ဘယ်လို လုပ်ကြမလဲ
weiwei
November 11, 2012 at 9:35 pm
ပဲဆီစစ်စစ်ရဖို့ ဈေးဘယ်လောက်ပေးရပေးရ ဝယ်စားချင်ပါတယ် … ဒါပေမယ့် ရွှေထက်တောင် ရှားနေသလိုပဲ …
ဆီကို မစားပဲလဲမနေနိုင်တော့ အတတ်နိုင်ဆုံးလျော့စားတဲ့နည်းကပဲ လတ်တလောမှာ ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသောနည်းပါပဲ ..
surmi
November 11, 2012 at 9:39 pm
ကိုပေရေ ….
ကိုပေ ရဲ ့စိတ်ကူးက အလွန်ကောင်းပါတယ်ဗျာ …။ တကယ်တော့ … ကျယ်ပြန် ့တဲ ့အသိပညာပေး
တွေနဲ့ဆိုရင် ဈေးထက် အရည်အသွေးကို ပိုပြီးအလေးသာလာမယ်ထင်ပါတယ် ။
အချိန်တော ့ နဲနဲ ယူရမှာပေါ ့နော် ။ တဖက်ကလည်း အရည်အသွေးစစ်ဆေးမှုတွေကို စဉ်ဆက်မပြတ်
လုပ်ပေးရင်း ဈေးကွက်တွင်း မသမာမှုတွေကို ထိန်းချုပ်ရလိမ့်မယ်ထင်တယ် ။
တကယ်လုပ်နိုင်ရင် တကယ် ဖြစ်နိုင်ပါတယ် ။ ဈေးက ပိုပြီး ကွာမှာမှမဟုတ်ပဲ ။ ခုဟာက တကယ် ့ ပဲဆီကို
ကြိတ်ပြီးရောင်းရင် ကျသင့်တဲ့ဈေးယူထားပြီးသားပါ ။
ခုကစပြီး တစ်ယောက်ကနှစ်ယောက် ….နှစ်ယောက်က နေ လေးယောက် စပြီး လက်တို့ကြစို့နော …..။
surmi
November 11, 2012 at 9:54 pm
ကိုနိုဇိုမိရေ …..
အစ်ကိုပြောတာ အဟုတ်ပါဗျာ ….။ အဲဒီဥပဒေ စိုးမိုးမှုကို နေရာတကာမှာ အသက်ဝင်အောင်
လုပ်ကြရမမှာပဲဗျ ….။ နိုင်ငံ တကာရဲ ့ အရေးယူမှုပုံစံတွေ လုပ်ထုံးလုပ်နည်းတွေကို ယဉ်ပါးအောင်
လုပ်ပြီး အစိုးရပိုင်းကိုက တကယ်လုပ်ပြသင် ့တာပေါ ့ ။ ခက်တာက ကျနော်တို့နိုင်ငံရဲ ့ ဥပဒေရေးရာ
ပိုင်းမှာ အားနည်းချက်တွေက ရှိနေသေးတော့ ….တစ်နေ့တော့ ဖြစ်လာမှာပါလို့ မျှော်လင် ့ရတာပါပဲ ။
ကျနော်တို့ မမှီနိုင်ရင်တောင် နောက်မျိုးဆက်ပေါ ့လေ ……
မဝေဝေ ရေ …..
မဝေပြောသလို လက်ရှိလည်း လျော့စားလျက်ပါ ။ခက်တာက အကြောင်းကြောင်းကြောင် ့ အပြင်မှာ
ဝယ်စားရ ရင်တော ့ ရှောင်မရဘူးဗျို ့ ….။ တစ်နည်းတော့ ရှိပါတယ် …နယ်က ဆီစက်တွေနဲ့ ရင်းနှီးရင်
မြေပဲကိုယ်တိုင်ဝယ်ပြီး ကိုယ်တိုင်စောင် ့ကြည် ့ပြီးကြိတ်ရင်တော့ ဖြစ်နိုင်မယ်ထင်တယ် ….
တစ်နှစ်စာတော့ လှောင်ရမှာပေါ ့နော် ….
တစ်နေ ့ ….. အားလုံး ဝိုင်းဝန်းဆန် ့ကျင်နိုင်ခဲ့ရင်တော့ အရည်အသွေးပြည် ့မှီတဲ့ ပစ္စည်းမျိုးတွေ
တန်ရာတန်ကြေးနဲ့ ရလာမယ် ထင်တာပါပဲဗျာ…။
Foreign Resident
November 12, 2012 at 1:32 am
ထပ်တိုး ဗဟုသုတလေးပါ ။ ဒီ Page တွေကတော့ ဒီလိုပြောကြတယ် ။ Best Cooking Oils are =
1. Extra-Virgin Olive Oil ။
1. Hazelnut Oil / 2. Olive Oil / 3. Flaxseed Oil / 4. Avocado Oil / 5. Salmon Oil
1. Macadamien Oil / 2. Olive Oil / 3. Canola Oil / 4. Peanut Oil / 5. Rice Bran Oil
1. Olive Oil / 2. Canola Oil / 3. Rice bran Oil / 4. Coconut Oil / 5. Flaxseed Oil
1. Canola Oil / 2. Walnut Oil / 3. Flaxseed Oil / 4. Olive Oil / 5. Almond Oil
အကြမ်းဖျင်းပြောရရင် ကျန်းမာရေးအတွက် အကောင်းဆုံး စားသုံးဆီတွေဟာ ၊
1. Extra-Virgin Olive Oil / 2. Canola Oil ဖြစ်တာတွေ့ရပါတယ် ။
မြေပဲဆီဟာ ကျန်းမာရေးအတွက် အကောင်းဆုံး စားသုံးဆီထဲမှာ မပါပါဘူး ။
“ bad ” oils ( မစားသင့်သော ဆီတွေပါ )
– Vegetable shortening
– Hard margarine
– Butter
– Palm oil
– Palm kernel oil ( မြန်မာပြည်မှာစားနေတဲ့ စားအုန်းဆီပါ )
– Coconut oil
Foreign Resident
November 12, 2012 at 3:08 am
ရွာသူားတို့ရေ Sorry ပါ ၊ အမှန်ကတော့ ။
အဘ ရေးတဲ့ ဆီစာရင်း တစ်ခုတိုင်းရဲ့ ဘေးမှာ ၊
ကိုးကားတဲ့ Web Page တွေ ပါပါတယ်ကွယ် ။
အဲဒါတွေကို သူကြီးရဲ့ Anti Virus & Anti Spam ware က ၊
ဖြုတ်ပစ်လိုက်တယ် ထင်တယ် ။
အခုတော့ ဘာမှပါမလာတော့ဘူး ။
surmi
November 12, 2012 at 9:32 am
အဘဖောရေ
သံလွင်ဆီရဲ ့ ဈေးနှုံးက မြန်မာပြည်အတွက် အိမ်မက်ပါပဲ ။တစ်လီတာက်ု နှစ်သောင်း
နီးပါးဆိုတော ့ မိသားစုသုံးယောက်ရှိတဲ ့အိမ်ဆို တစ်လ ခြောက်လီတာလောက်
သုံးရပါတယ် ။ ဆီဖိုးသီးသန် ၁၂၀၀၀ဝ နီးပါးသုံးနိုင်ဖို ့အတွက် ဝင်ငွေဆယ်သိန်း
ကျော်လောက်မှ အဆင်ပြေလောက်မယ်ထင်တယ် ။ အဲဒီမှာစတွေ ့တာပဲအဘရေ…
ပဲ ၊ နှမ်းနဲ ့ နေကြာ ဆီတွေကတော ့ပြည်တွင်းမှာထုပ်လုပ်နိုင်လို ့ ဈေးအားဖြင် ့ဖြစ်နိုင်
လောက်ပါတယ် ။ဒါတောင် အခုနေကြာမစိုက်ကြတော ့ဘူး ပဲတီစိမ်းနဲ ့ မတ်ပဲ က
ဈေးကွက်ပိုဝင်ပြီး ပိုရနိုင်လို ့ပြောင်ပြီးစိုက်လာကြတယ်လေ ။
တပြည်လုံးအတွက်ဆို စိုက်ပျိုါ်တာကို လေးဆလောက်လုပ်ယူရလိမ် ့မယ်
မလိုအပ်ပဲ ဆီသုံးကြမ်းကြတာကိုလည်း လျော ့ရမယ်ထင်တယ်
အစ်မအေး ရေ
စောစောစီးစီးမင်္ဂလာပါဗျာ
အစ်မပြောသလို အစိုးရကဥပဒေရေးရာနဲ ့ထိမ်းချုပ်ပြီးတကယ်အရေးယူရမှာပါ
ခက်တာက အရင်အတိုင်းပဲဖြစ်နေသေးတာပဲ …….
aye.kk
November 12, 2012 at 4:49 am
ကိုဆာမိရေ
ဝိသမလောဘသားတွေက
တရားမဲ့လာကြတာလွန်လွန်းနေတာတွေကို
စားသောက်ကုန်ဆိုင်ရာဥပဒေနဲ ့စောင့်ကြပ်ကြည့်ရှူထိန်းသိမ်းပြီးအရေးယူမှုတွေပြုလုပ်ဘို ့လိုအပ်လှပါတယ်။
စားသုံးတဲ့ပြည်သူပြည်သားတွေကိုကာကွယ်မှုပြုပေးနိုင်တာကဥပဒေကလွဲရင်ဘာမှမရှိလို ့ပါ။။
ဦးကြောင်ကြီး
November 12, 2012 at 9:45 am
ဆီအစားကတော့ ပြောမနေနဲ့တော့၊ ပြည်တွင်းမှာသာမက ပြည်ပရောက် မြန်တွေလည်း ထိုနည်းတူစွာ။ အိမ်မှာတော့ ဘယ်လိုစားကြလည်း မသိဘူး၊ အလှူပွဲတွေ ဘုန်းကြီးပွဲတွေမှာ ကြည့်လိုက်ရင် ဆီတွေမှ နှမ်းခြင်းပဲ။ စားအုံးဆီမဟုတ်လို့ ရောဂါမရနိုင် ဆိုပြီးများ နင်းကန်ထည့်ကြလေသလား မပြောတတ်ဘူး။ အချိုမှုန့်လည်း ထည့်သဗျ။ ဒါကတော့ မြန်မာမှ မဟုတ်ဘူး၊ တရုတ်ဆိုင်တွေ သွားစားမိရင် ညဖက်သောက်ပေတော့ရေ တဂွတ်ဂွတ်နဲ့။ ကိုရီးယားဆိုင်တွေလည်း သုံးတယ်ပြောသံကြားတယ်။ ဒီတော့ စပန်းနစ်ရှ်ပဲဆိုင်တွေလည်း သုံးမှာပဲ။ အချိုမှုန့်တော့ ဟုတ်ချင်မှ ဟုတ်မယ်၊ ဘာတဲ့ ခနောကြက်သားမှုန့် ဆိုလားပဲ။ သေချာလည်း စာဖတ်ကြည့်ကြပါအုံး။ ဘာနဲ့ ကြက်သားမှုန့်ထားသလဲလို့.. MSG ဆိုတာ ပြူးနေအောင် ရေးထားသဗျ။ ပြောလည်းပြောပြောပဲ.. ဒီလောက်ကြပ်တည်းနေတာတောင် ဆီဘုံးဘလအော သုံးနေသေးရင် သမဒဂျီး တန်ခိုးနဲ့ ဝင်ငွေလေးဆတိုးရင် ပိုဆိုးမယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ချမ်းသာလာရင် အပေါစား စားအုံးဆီနေရာ ဆီကောင်းဆီသန့်များ နေရာဝင်ယူလို့ နည်းနည်းပိုသက်သာလာမယ် ထင်တာပဲ။ ရောဂါတကယ် မဖြစ်စေချင်ရင်တော့ လူနေမှုစတိုင် အစားအသောက်ပုံစံ ပြောင်းမှပဲရမယ်။ ဒီတော့ လူလား မူလား ကြိုက်ရာရွေးပါ။
မိုချို
November 12, 2012 at 12:01 pm
ကျမ သားက ဆီကြော်တွေ အရမ်း စားတော့ အိမ်မှာ အမြဲ ကြော် ပေး ရပါတယ်။ ဒီ မှာတော့ ဆီအသန့် တွေ ပေါ တော့ ပြသနာ မရှိ ပေမဲ့ ကိုယ့် နိုင် ငံ ပြန်နေ တဲ့ အချိန် ကျ ရင် ဘယ် လို ဆီ များ သုံး ရ ပါ့ မလဲ လို့ မကြာခဏ ပြောမိကြတယ်။
လုံမလေးမွန်မွန်
November 12, 2012 at 12:21 pm
ဟုတ်ပါတယ် ဦးဆာမိရေ…
ငွေရှာရခက်လာတဲ့အချိန်မှာ ငွေနဲ့ရောဂါ လဲနေကြတာတွေလည်း များပါတယ်…
ကျန်းမာရေးကို ငွေထက်ပိုတန်ဖိုးထားပြန်တော့လည်း ဝိသမလောဘသားတွေကို ရှောင်လို့မရပြန်ဘူး…
မွန်မွန်လည်း ဆီနဲ့အချိုမှုန့်ကို တော်တော်ကြောက်ပါတယ်…
ဆီကတော့ တတ်နိုင်သမျှလျှော့စားရုံကလွဲပြီး ဘာမှလုပ်လို့မရသေးပါဘူး… အချိုမှုန့်တော့ လုံးဝမသုံးဘဲ ခနောပြောင်းသုံးနေပါတယ်..ခနောကိုလည်း စိတ်မချလို့ မရဲတရဲသုံးနေရတုန်းပါပဲ…အိမ်က အမေဆို လုံးဝပြောလု့ိမရဘူး..တစ်သက်လုံးသုံးလာတာ သေခါမှသေရောတဲ့… 🙁
ဦးပေပြောတဲ့လုပ်ငန်းကို လုံးဝထောက်ခံပါတယ်… အများပိုင်ကုမ္ပဏီအနေနဲ့ တတ်နိုင်သလောက်လေး စလုပ်လို့ရရင် ကောင်းမယ်နော်… 🙂
မိုချို
November 12, 2012 at 12:38 pm
မန့် လို့ ပြီးသေးဘူး တတ်သွား ပြီး ။ဆက်ပြောလိုက်အုံးမယ်။
ဒီက ဆေး ရုံ မှာ ဆေးစစ် တော့ ဆရာဝန်က တတ်နိုင်ရင် သံလွင်ဆီ သုံး ၊ မတတ်နိုင်ရင် Canola Oil သုံးခိုင်းတယ်။ Canola Oil သုံးကြည့် တော့ တော်တော် ကောင်းတယ်၊ မြေပဲ ဆီလောက် မပျစ်ဘူး။ခပ်ကြဲကြဲ ပဲ။ အိမ်မှာ အဲဒါပဲ သုံး ဖြစ်တော့ တယ်။ ၂လီတာ ( ၁ ပိသာနီးပါး) တစ်ဘူး မှ ၆ ဒေါ် လာ(၄၀၀ဝကျပ် ) ဝန်း ကျင်ပဲ ပေးရတယ်။ မြန်မာပြည် စူပါမားကတ်တွေ မှာ တွေ့ ဖူး ပေမယ့် ဈေး ကြီး တာ သတိထားမိတယ်။ စင်ကာပူ မှာတောင် အဲလောက်နဲ့ ရောင်း နိုင်တာ
မြန်မာ ပြည်မှာ ဘာလို့ မရောင်း နိုင် ရ တာလဲ။ ပြည်ပ ကနေ အဲလို ဆီအကောင်းတွေ ကို အများတတ်နိုင်တဲ့ ဈေးနဲ့ သွင်း နိုင်ရင်၊ အပြိုင်အဆိုင် ဖြစ်လာရင် ပြည်တွင်း က အရောအနှော နဲ့ ရောင်းတဲ့ သူတွေ လည်း ဆင်ခြင်သွားမယ်။ ဆီ ညံ့ တွေ လည်း ဘယ်သူမှ သုံး မှာမဟုတ်တော့ ဘူး ဘူး။
ဒါပေမယ့် သွင်းခွင့် ရတဲ့ သူတွေ က အကောင်း မသွင်း ကြတာ က ဆိုးတယ်။
surmi
November 19, 2012 at 10:44 pm
အားလုံးကိုတောင်းပန်ပါတယ်ဗျာ …
ကျနော် ခရီးထွက်သွားခဲ ့ ရလို့ Reply မလုပ်နိုင်ခဲ့တာပါ ။ဆွေးနွေး ပေးသွားကြတဲ ့ ရွာသူားအားလုံးနဲ့
တစ်ကွ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ပါတယ် …..။
@ဦးကြောင်
ပြည်ပမြန်မာများ ဆီသုံးကြမ်းတာကိုသိရတာတော့ အံ ့ဩမိတယ် ။ စားသောက်တဲ့ ပုံစံပြောင်းသွားပြီလို ့
ထင်နေတာ …။ ကျနော်တို့တောင် ကျိုးစားပြီးပြောင်းနေသေးတာ ….။
အခုချိန်မှာ နဲနဲ ဝ လာပြီဆိုရင် အသည်းအဆီဖုံးဖို ့ တော်တော်လေး ဖြစ်နိုင်ခြေရှိလာပါပြီ ..။
@မမိုချို
မမိုချိုပြောတဲ ့ ဈေးက ပဲဆီဈေးလောက်တောင်မရှိဘူးနော် ။ (၂)လီတာကို (၆၀၀၀) ကျပ်ဆိုရင်တောင်
ပဲဆီဈေးလောက်မို့ စားပျော်ပါတယ် …..။ တစ်ခုပဲ …ကျနော်တို့ လူတွေက ပဲနံ ့လေးတသင်းသင်းမှ
ကြိုက်တတ်တာဆိုတော့ ……
@မမွန်မွန်
ခနော နဲ့ အချိုမှုန် ့က သိပ်မထူးလောက်ဘူးနော …။ အမှုန် ့ကိုလျှာနဲ့ လျက်ကြည် ့ ….။
လျှာထဲမှာ အရသာစွဲနေပြီး ရေငတ်တာလည်း ပုံစံတူပဲဗျ …။
@ဦးမိုက်
အစ်ကိုရေ …လျော ့စားတယ်ဗျ ….သို့သော်လည်း အပြင်မှာ ဝယ်စားနေရတာကလည်းရှိပြန်တော့
ရှောင်မရဘူးဖြစ်နေတယ် …။ အပေါ်က ဦးကြောင်ပြောသလိုပဲ စားပြီးရေငတ်ရတာနဲ ့ …လည်ချောင်းထဲ
ခတ်အစ်အစ် ဖြစ်ရတာနဲ ့ …. ဒီလိုနဲ ့ပဲ အသက်တိုမယ်ထင်ပါ ့ဗျာ …..။
kyeemite
November 12, 2012 at 1:05 pm
ဆီကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ စမ်းသပ်ပြီး
တင်ပြထားတာ ကောင်းပါတယ် ကိုဆာမိရေ…
အိမ်မှာလည်း ပဲဆီသန့်ဆိုတဲ့ ပုလင်းတွေပဲသုံးနေတာ..
ဟင်းကျန်လို့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ရင်တော့
ခဲတာပဲဗျို့….လောလောဆယ်တတ်နိုင်တာတော့
“လျှော့စား” ကြဖို့အဓိကပဲ…
ကျေးဇူးပါ ကိုရင်ဆာမိရေ..
Khaing Zar Win
November 12, 2012 at 1:11 pm
အင်း။ ကိုဆာမိစာဖတ်ပြီး ဆီကြော်သိပ်ကြိုက်သော ကိုယ် အတော်စိတ်ဓာတ်ကျသွားပါတယ်။ ကိုကြီးမိုက်ပြောသလို လျှော့စားရုံပါ့။ ဒါမှ မရသေးလည်း ရေလုံပြုတ်လေး ပြုတ်စားမှပဲ။
ပြုတ်စားစရာ ရေတွေကိုက မသန့်တော့တဲ့ အချိန်ရောက်တော့လည်း၊………………………….
jullies cezer
November 12, 2012 at 1:14 pm
မျှစ်ကိုအရောင်ဆိုးတာ နွားနို့ကိုဖော်မလင်ထည့်တာ ငါးခြောက်ကို ယမ်းစိမ်းဖျန်းတာ
အကြော်ကြော်ရင်ဆီထဲရေသန့်ဗူးခွံ ထည့်ကြော်တာအန္တရယ်မကင်းတဲ့ကိစ္စတွေကလည်း
တနေ့တခြားများများလာတယ်ဆီတွေမသန့် တဲ့အကြောင်းပြောချင်နေတာကြာပါပြီ အခုကိုဆာမိကပြောပေးတော့ အတော်ဖြစ်သွားတယ် အစားအသောက်နဲ့ ပတ်သတ်လို့စစ်ဆေးအရေးယူတယ်ဆိုတဲ့ဥပဒေတစ်ရပ်ပေါ်ထွန်းလာဖို့တာ
ရွှေပြည်တော်မျှော်တိုင်းဝေးနေအုံးမှာပါ ။ဘယ်သူမှလဲဒီကိစ္စကိုစစ်ဆေးအရေးယူခြင်းလဲ
မရှိပါဘူး ။ ပြီးတော့နောက်ဆက်တွဲက ဆင်းရဲတဲ့အကျိုးဆက်တွေလည်းအများကြီးသက်
ရောက်ပါတယ် ။ အန္တရာယ်ရှိမှန်းသိသိကြီးနဲ့ ခဏတာသက်သာပြေလည်ဖို့အရေး
သုံးစွဲနေသမျှ ဒီလိုမသမာတဲ့ပေါချောင်ကောင်းစီးပွါးရေးသမားတွေအတွက်လဲ
အခွင့်အရေးရနေအုံးမှာပါ ……….
surmi
November 19, 2012 at 10:55 pm
မခိုင်ဇာရေ …..
အညာကလူတွေ ဆီကြိုက်တာတော့ ယုံသဗျာ ….။ ဟိုမှာလည်း အမျိုးတွေရှိသမို့ သူတို့ဆီသွားရင်
ဆီရွှဲရွှဲ ဟင်းတွေချည် ့ပဲ …..တစ်ခြားမကြည် ့နဲ့ နာမည်ကျော် စိုးစိုး မုန့်တီဆိုရင် ဆီလျော ့ ထည် ့
လို့ ပြောမှ မရပဲ ..။
ဂျူးလိယက်ရေ …..
ကျနော်တို့ အနေနဲ့ လုပ်နိုင်တာကတော့ သက်ဆိုင်ရာက အာရုံစိုက်ပြိး ဥပဒေနဲ ့ အရေးယူနိုင်ဖို့
ခုလို ဆော်ဩခြင်းပါပဲ …။ မကြာခဏအသံပေးရင်တော့ တစ်နေ ့ ထူးခြားလာမှာပါ …။
ကိုရင်ဂီ ရေ……
ဖတ်ဖူးတယ် ….။ စောစောကပြောသလိုပဲ မကြာခဏ အသံပေးနေရတာ ….
နဲနဲလည်း စိတ်ပျက်လာလို့ …။ ခုတော့ လျော့စား နေရတာပေါ ့လေ ….
တေဂျင်ဒေးဝူးးးး ….ဟဲ ဟဲ …
အင်္ဂ ါZ
November 12, 2012 at 1:24 pm
ကိုဆာမိရေ
ကမာ္ဘမှာ ဆီအစားဆုံးတိုင်းပြည်
ဒေသတွင်း ပျမ်းမျှ အသက်အတိုဆုံး တိုင်းပြည်
အဲ့အကြောင်းတွေ မောင်ဂီ့ ရေးဖူးတယ်ဗျ..
မှတ်မှတ်ရရ ဗိုလ်ချုပ်ရဲ့ ဆဲစာလေးနဲ့တကွ..
ဘာမှတော့ ပေါချင်ပါဝူးဗျာ…တခုပဲ ….
စားပေါ့ …သေဂျင်ရင်..
လူ့ဘွ ဆိုတာ ဒုက္ခတွေချည်းပဲတဲ့ …သေတော့လည်း
အနည်းဆုံးတော့ ဝဋ်ကျွတ်သပေါ့လေ..။
:harr:
အပေါ်က မဇာဂျီး ဆိုလည်း ……ခုလောက်ဆို …
ဟီဟိ…
(ရန်စသွားပါသည်..)
thit min
November 12, 2012 at 1:53 pm
တကယ်ကိုအရေးကြီးတဲ့အကြောင်းအရာပါ ကိုဆာမိရေ။
ဒီလိုခင်ဗျ။
ကျနော့ ဦးလေး တစ်ယောက်နဲ့အဲဒီအကြောင်း ဟိုးတော်တော်စောစောကတည်းက
ဆွေးနွေးဘူးတယ်။
မြန်မာပြည်ရဲ့အနေအထားအရ မြေပဲဆီသန့်သန့်လောက်စားရရင်ကို မဆိုးပါဘူး။
လက်လှမ်းမှီရာကိုစဉ်းစားရတာမဟုတ်လား။
အဲဒီလို ဆီစက်ဘာညာ ဦးလေးနဲ့ပြောကြည့်တော့ မင်းဘယ်လောက်လုပ်လုပ်
လက်လီ၊လက်ကားသမားက ရောတာဘဲ ဆိုတဲ့ ယနေ့ ကိုဆာမိရဲ့ ဒီစာလေးရဲ့သဘောကို
ပြောတယ်ဗျ။
ကိုယ့်စက်နဲ့ကိုဆီထုတ်၊ ကိုယ့်ဆိုင်နဲ့ကိုယ်ရောင်းရင်တောင်၊ “ဈေး”သက်သာတာဘဲကြည့်ပြီး
(ဝယ်ကိုမဝယ်နိုင်လို့ရယ်၊ နှမြောလို့ရယ်၊ နောက်ခါလာနောင်ခါဈေးဘဲ လို့စဉ်းစားလို့ရယ်)
ရှိပြီးသား ဆိုင်တွေ၊ဆီတွေကို ဖောက်ထွက်ရောင်းဖို့ခက်မယ်တဲ့။
စိတ်ကူးကြည့်မိတယ်။
လူတွေအများကြီးနဲ့ စုပြီးလုပ်ရင်တော့ရနိုင်တယ်။
အများနဲ့ စိတ်တူကိုယ်တူ
“ညီညီညွတ်ညွတ်နဲ့ (တကဲ့ကိုညီညီညွတ်ညွတ်နော်) လုပ်မှ ၁ နှစ် တန်သည်၊၂ နှစ်တန်သည်မှာတော့
ဖောက်နိုင်မယ်လို့ တွေးမိပါတယ်။
တကယ်တမ်းဆီစက်ဆိုတာလည်း တနှစ်ပါတ်လုံး လည်ချင်ရင် အထက်အောက်မြန်မာပြည်မှာ
မြေပဲရောင်းပေးမဲ့သူတွေနဲ့ ချိတ်ကိုချိတ်ထားရတာမျိုးလေ။
မျိုးမြေပဲတောင် မြေပဲသမားခြင်းအတူတူ အညာကအကြေဘက်ကိုရောင်းတာဆိုတော့။
ဒီလိုလေးလေ
ဆီကြိတ်မယ်။
လက်ကားအများကြီးမရောင်းဘူး။
လက်လီကားရောင်းဘို့ဆိုင်တွေကိုချပေးမယ်။
လက်လီဆိုင်တွေကို အချိန်မရွေး ဝင်စစ်ဆေးမယ်။
မဟုတ်တာလုပ်ရင်မရောင်းပေးဘူး။
ဒါမှမဟုတ် လက်လီလဲရောင်းဘို့မပေးဘဲ ကိုယ့်ကားတွေနဲ့ကိုယ်လိုက်ရောင်း။
ဒီရပ်ကွက်ကိုလာမဲ့ရက်သက်မှတ်။ဒီမြို့ကိုလာမဲ့ရက်သတ်မှတ်။
အဲဒီကားကတော့ စိတ်ချရသူတွေဘဲ လုပ်။
အဲဒီလိုအသားကျသွားပြီးမှ လက်လီဘက်ပြန်စဉ်းစား။
စားသုံးသူက ခု “ကိုဆာမိလို” လည်လည်ပါတ်ပါတ်သဘောပေါက်သွားပြီ
ဆိုမှ လက်ကားဖြန့်တော့။
အင်း
ပိုက်ဆံတော့ တော်တော်ရင်းရမယ်။
ပြီးတော့ လူအများကြီးလည်း တော်တော်ညီညွတ်မှရမှာ။
မဖြစ်မချင်းလုပ်ရမှာဆိုတော့ ရှုံးမှာ ၁ နှစ်လောက်တော့။
လက်လီ လက်ကား ကလဲ ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်သေး။
စားသုံးသူကလည်း သေကာမှသေရော ဈေးပေါတာဘဲ ဝယ်စားမယ် ဆိုတော့
အဲဒီကာလတွေကတော့ ခွက်ခွက်လန်အောင် ရှုံးမှာပါ။
ဒါပေမဲ့ပေါ့လေ
နာရေးကူညီမှုအသင်းလို၊ ခု ဖောင်ဒေးရှင်းတွေလို ထင်ထင်ရှားရှား ကူညီနေတဲ့ ကုန်ကျစရိတ်လိုမျိုး
စဉ်းစားပေးလိုက်ရင် ဒါလဲ “ဆီနဲ့သင့်ကျန်းမာရေး” ဖောင်ဒေးရှင်း (ကိုယ့်စိတ်ထဲကမှတ်ရမှာပါ၊
အဲဒီလိုကြီး တကယ်ဖောင်ဒေးရှင်းလုပ်တာမျိုးတော့မဟုတ်ဘူးပေါ့) ပါဘဲ။
ဒါပေမဲ့ အများကြီး ကုသိုလ်ရပါလိမ့်မယ်။
ဆေးဝါးအလှူဆိုတာ နေမကောင်းမှ လှူတာ။
နာရေးကူညီမှုက သေမှ။
ဒီအလှူက မနာခင် ၊ မနာအောင် (နေမကောင်းမဖြစ်အောင်) လှူတာပေါ့။
ကဲ
ဘယ်လိုလဲ။ရှုံးမဲ့ စီးပွါးရေး မလုပ်ချင်ကြဘူးလား။
surmi
November 19, 2012 at 11:05 pm
မင်္ဂလာပါ ဆရာသစ်ရေ ….
ခုလို အားဖြည် ့ဆွေးနွေးပေးတာ ကျေးဇူးပါဗျာ ….။ ကျနော် အရေးပေါ်ခရီးထွက်ခဲ့ရလို့ Reply ပြန်မလုပ်
နိုင်ခဲ့တာပါ ….။
အစ်ကိုပြောတဲ့ အစီအစဉ်က ထင်သလောက် မရှုံးနိုင်လောက်ပါဘူး ….ကျနော် ့ မိတ်ဆွေတွေထဲမှာ
ှဆီစက်လုပ်ခဲ့ဖူးတဲ့သူတွေရှိတယ် …။ သူတို့ပြောသလို ဆိုရင် ပုံမှန်ထက်အမြတ်နဲမယ် ….
ဒါပေမဲ့ …. အင်နဲ ့အားနဲ ့ လုပ်နိုင်လာတဲ့နေ့မှာ ပါးပါးနဲ့ များများရမှာပဲလေ ….။ ခက်တာက ကုန်ကြမ်း ပဲ ….
မြေပဲကို ဒီထက် လေးဆလောက် တိုးစိုက်မှရနိုင်မှာ ….။ အခုတောင်သူတွေက ပုံမှန်မြတ်တဲ ့ မြေပဲထက်
မတ်ပဲကိုပိုအားသန်ကြတယ်လေ …. မတ်ပဲ က အတက်အကျကြမ်းတယ်လေ …။
အကယ်၍များ ဇီဝိတဒါနသဘောမျိုး အစ်ကိုတစ်ကယ်လုပ်ရင် ကျနော်ပါပြီးသားဗျာ ….။
စာရင်းသာ တို့ထားလိုက် ….။
Mလုလင်
November 19, 2012 at 11:44 pm
ဖြန့်ဖြူးတဲ့ အခါ ကုန်ထမ်း ပါရစေ ဗျို ့ …။ အကျိုးအကြောင်း သိရအောင်လို့ပါ …။
Shwe Ei
November 12, 2012 at 3:52 pm
ကိုပေစိတ်ကူးသလို ကိုသစ်ချပြသလို ကိုပိုင်ဆီစက်နဲ့ ကြိတ်၊ဖြန့် လုပ်မယ်ဆိုရင် ကိုပိုင် ဘရန်းနိမ်းလိုမယ်နော်။
နံမယ်ကြီးလုပ်ငန်းရှင်တွေ တံဆိပ်ကပ်သလို ရွှေ ငွေ ပတ္တမြား ဘာညာ ဘာညာ တံဆိပ်တွေ ကပ်ပီး
ကိုပိုင် ပါကင်ဒီဇိုင်းနဲ့ဖြန့်ရင် မဆိုးဝူး။
ကြော်ငြာလဲ ကောင်းကောင်းသုံးရမယ်ဗျ။
pooch
November 12, 2012 at 4:23 pm
အိမ်ကတော့ ခု နယ်ဘက်က ဆီစက်ကနေ မှာစားနေတယ် ။
သူတို့ စက်က ထွက်တာကို ဗူးနဲ့ပါကင်နဲ့ ကျကျနနထုပ်ပိုးရောင်းတဲ့ ဆီကို ပေပါလိုက်ပို့တာပါ။ ဟိုရောက်မှာ ဘာတွေ ရောသလဲတော့ ကျမလည်း မသိဘူး။
သူတို့ဆီက ရေခဲသေတ္တာထဲ ထည့်ရင် မခဲဘူး။ ကြော်ရင် ချက်ရင်လည်း ထည့်တဲ့အခါ ပဲဆီနံ့ မွှေးပါတယ်။ ပြောင်းသုံးတာ ၄ နှစ် ၅ နှစ်လောက်တော့ ရှိပြီ ။ ဟိုကြား ဒီကြားနဲ့ ဒီက ဆီများ စားရတာ စိတ်မသန့်တော့လို့ ။
တခါတခါကျတော့လည်း ကိုဆာမိရယ် ကျမတို့က မရှိတာထက် မသိတာက ခက်နေတော့ မခက်ပေဘူးလား ။
surmi
November 19, 2012 at 11:26 pm
@ရွှေအိ
ကြော်ငြာရင် ဘာမှပူစရာမလိုဘူးလေ …. ရွာသူားသားတွေကို အားကိုးရမှာပေါ ့ …။
ရွာထဲမှာ ဒီဇိုင်းဆရာတွေလည်း ရှိပြီးသားဆိုတော့ ….တစ်ကယ်လုပ်နိုင်ဖို့ပဲလိုတာပါ ….။
@ဒေါ်ပုချ်
အဲသလို မှာသုံးနိုင်ရင် အကောင်းဆုံးဗျာ ..။ သို့သော်လည်း တစ်ဦးတစ်ယောက်လောက်သာ
ဖြစ်နိုင်တာဆိုတော့ …။
ကျနော်ဆို အိမ်တစ်ဝက် ဆိုင်တစ်ဝက်စားနေရတော့ တစ်ခါတစ်ခါ အတော်လေး စိတ်ပျက်မိတယ် ။
ရှောင်လို့လည်းမရ … မစားပဲလည်း မဖြစ် … သိသော်လည်း ရွေးချယ်စရာမရှိတော့ ခက်ပြန်ရော ….။
@ကိုရင် အလင်းဆက်
ဆက်ဆက်ရေ ….ကျုပ်လည်း မဖြေရှင်းနိုင်ပါဘူးဗျာ …. အသံပေးတာပါ ။
တစ်နေ ့ ကောင်းလာနိုးပေါ ့ ။။။။
လာအားပေးတာ ကျေးကျေး …
အလင်းဆက်
November 12, 2012 at 7:49 pm
အင်း..
ဒီ ပိုစ့်ကို..နေ ့လည် ကတည်းက… ဖတ်ပြိးပါပြီ ။
ရွာထဲကို ဝင်မရလို ့ ( ဟန်းဆက်သေးသေးလေးနဲ ့ ဝင်လို ့ကိုမရလို ့ )
စာပဲ.ဖတ်ပြီင်္း တွေးပဲ.တွေးနေမိတာ…
ဒါပေမယ့်…………….
အခု…ဘာ ဝင်ပြောရမှန်းလည်း..မတိတော့ ဝူး..
(ကျနော်က ပြဿနာတွေကို… စာပဲ..စီ တတ်တာ..
/မဖြေရှင်းတတ်တဲ ့လူစား )
ဒါပေမယ့်………………….
ဒီ စာကို ဖတ်အပြီးမှာ…
ကိုယ်… ဘာလုပ်ရမလဲ..ဆိုတာ.လေး…….တော့……….
🙂
အလင်းဆက်
November 12, 2012 at 7:50 pm
လေးလေး..စာ မိ ( ဆာမိ ) ရေ….
ဗယာကြော်ပါနော်…
:kwi:
Mလုလင်
November 19, 2012 at 11:42 pm
ကိုယ့်ဘာသာ ကိုယ် မြေပဲ ဝယ်လာပြီး ကြိတ်ခ ယူပြီး ကြိတ်ပေးတဲ့ ဆီစက် (အသေးစား) လုပ်ငန်း လေးတွေ ရှိပါကြောင်း ….
surmi
November 20, 2012 at 12:32 am
ကိုရင်လုလင်ရေ …..
အဲဒီမြေပဲဝယ် ..ပြီးတော့သွားစောင် ့ပြီးကြိတ် …တစ်နှစ်စာလှောင်ထား ….
အင်းးးးး ရန်ကုန်တိုက်ခန်း ကျဉ်းကျဉ်းနဲ ့ဆို ပစ္စည်းတွေသိမ်းပြီး လူတွေအပြင်ထွက်နေရလိမ် ့မယ်
ထင်တယ်ဗျို ့ ……။
surmi
February 7, 2014 at 1:11 pm
မောင်အံ(အံစာတုန်း) မှ အခုအချိန်မှာ အညာပဲဆီစစ်များ မှာယူရောင်းချပေးနေပါပြီ လို့ သတင်းပေးပါတယ်ဗျို့ ။
ကျနော်လည်း မြည်းစမ်းကြည့်ပြီးဖြစ်လို့ အာမခံပါတယ်
ကိုယ်တိုင်ကြိတ်ပြီး ပို့ပေးတာပါတဲ့ဗျို့ ။
မဟာရာဇာ အံစာတုံး
February 7, 2014 at 1:26 pm
ဟီးးး
ဖွဘုတ်ဂလုမှာ အပြည့်အစုံ ကျိဘာလို့ …
ဦးကျောက်ခဲ
February 7, 2014 at 1:41 pm
အဟိ… ဂဇက်က Community ကျယ်လာပြီ ၊ အလုပ်ဖြစ်မှာပါ မောင်အံရဲ့…
ဦးကျောက်စ်လို ညိုချောကြီးတောင် ဂဇက် ရောက်မှ အိမ်ထောင်ကျသေးတာ…
မောင်ရင်လည်း ရည်းစားရပြီးပြီဆိုတော့ ၊ စီးပွါးလည်းဖြစ်မှာပါလို့… အားဟိ
😀