Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တွေ့မိသမျှ မြန်မာ Blogger အကြောင်း

Blog ဆိုတာ ဘာလဲ …?

Blog ဆိုတာ တစ်ကိုယ်တော် (မိမိတစ်ယောက်တည်း) ဖြစ်ဖြစ်၊ အုပ်စုတစ်ခု အနေနဲ့ဖြစ်ဖြစ် သူ၊ သူတို့ရဲ့ သဘောတရား အယူအဆတွေ၊ ဗဟုသုတတွေ၊ သတင်းအချက်အလက်တွေ စတာတွေကို ပုံမှန်အနေနဲ့ ဝေငှကြတဲ့၊ မှတ်တမ်းတင်ကြတဲ့ အွန်လိုင်းပေါ်က နေရာတစ်ခုကိုပဲ ဆိုလိုတာပါ။

“A Web site on which an individual or group of users record opinions, information, etc. on a regular basis.”

 

Blog ဆိုတာ ……?

+++++++++++++++++++++++++++++

Blogger ဆိုတာ …?

Google ရဲ့ Blogger ဆိုက်မှာ Blog လုပ်ပြီး ရေးမှသာ Blogger လို့ ခေါ်တာ မဟုတ်ပါဘူး။ Blogger ဆိုတဲ့ သဘောတရားက အထက်မှာ ဆိုခဲ့တဲ့ Blog တွေမှာ ဝင်ရောက် ရေးသားနေကြသူများ အားလုံးကိုပဲ Blogger (ဘလော့ဂ် ရေးသားသူ) လို့ ခေါ်ကြပါတယ်။

“a person who keeps and updates a blog.”

ဆိုပါစို့။ ခင်ဗျားတို့မှာ ကိုယ်ပိုင် ဘလော့ဂ်လေးတွေ ရှိပြီး ကိုယ့်ရဲ့ Blog မှာ တစ်ရက် တစ်ပုဒ်၊ တစ်ပတ် တစ်ပုဒ် ပို့စ်တွေကို တင်နေတယ်ဆိုရင် ခင်ဗျားတို့ဟာ Blogger တွေပါပဲ။ နောက်တစ်နည်းအားဖြင့် စုပေါင်း ရေးသားနေကြတဲ့ Blog တစ်ခုမှာ မန်ဘာဝင်ထားတယ်၊ ပြီးတော့ အဲ့ဒီမှာ ပို့စ်တွေ တင်တယ်ဆိုရင်လည်း Blogger ပါပဲ။

ဥပမာ အနေနဲ့ ဒီ MandalayGazette ဆိုတဲ့ မန်ဘာတွေ စုပေါင်း ရေးသားနေကြတဲ့ နေရာမှာ ခင်ဗျားဟာလည်း မန်ဘာအဖြစ် ဝင်ပြီး ပို့စ်တွေ တင်တယ် (သတင်းဖြစ်ဖြစ်၊ နည်းပညာ ဖြစ်ဖြစ်၊ ပုံဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့) ဆိုရင် ခင်ဗျားကို Blogger တစ်ယောက်လို့ သတ်မှတ်လို့ ရပါပြီ။ ကိုယ်ပိုင် ဘလော့ဂ်တစ်ခု ထောင်ပြီး ရေးမှသာ ဘလော့ဂ်ဂါလို့ ပြောလို့ရတာ မဟုတ်ပါဘူး။

 

Blogger ဆိုတာ …..?

+++++++++++++++++++++++++++++

Blogger အမျိုးအစားများ

အထက်မှာ ပြောခဲ့တဲ့ အတိုင်းဆိုရင် Blogger တွေဟာ နှစ်မျိုးနှစ်စား ရှိပါပြီ။

၁။ တစ်ကိုယ်တော် Blogger

၂။ အများပေါင်းစု Blogger

ဒီထက် ပိုပြီး ခွဲခြမ်းကြည့်မိတဲ့အခါမှာ အောက်ကအတိုင်း ထပ်ရလာပါတယ်။

၁။ နည်းပညာ Blogger

၂။ သတင်း Blogger

၃။ အနုပညာ Blogger

၄။ အားကစား Blogger

၅။ နိုင်ငံရေး Blogger

၆။ ဘာသာရေး Blogger

၇။ ကျန်းမာရေး Blogger

၈။ အထွေထွေ Blogger …. ဆိုပြီး တွေ့မိပါတယ်။

 

Blog အမျိုးအစားပေါင်း များစွာ

+++++++++++++++++++++++++++++

၁။ နည်းပညာ Blogger

သူတို့က နည်းပညာနဲ့ ပတ်သက်ပြီး ဝေမျှနေတဲ့ Blogger တွေပါပဲ။ ကွန်ပျူတာပိုင်း ဆိုင်ရာတွေ၊ အင်တာနက်ပိုင်း ဆိုင်ရာတွေ စတဲ့ နည်းပညာတွေကို သူတို့ တွေ့မိသလို၊ တတ်ထားသလို၊ နားလည်သလို အများသူငှာကိုလည်း ဝေမျှကြတယ်။ ပြီးတော့ ယနေ့ခေတ် သိပ္ပံလို့ခေါ်တဲ့ တီထွင် ဆန်းသစ်မှုတွေကိုလည်း တင်ပြကြသူတွေပဲ ဖြစ်ပါတယ်။

 

၂။ သတင်း Blogger

သူတို့ကတော့ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ ပြည်ပမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ စတဲ့ သတင်းတွေကို တင်ပြကြတယ်။ ဆိုင်ရာဆိုင်ရာ ကဏ္ဍအသီးသီးမှာ ထွက်ပေါ်လာတဲ့ သတင်းတွေကို တင်ပြကြသူတွေပါပဲ။

 

၃။ အနုပညာ Blogger

သူတို့ကတော့ အနုပညာ ဆိုတဲ့အတိုင်း သီချင်းလည်း ပါမယ်၊ သရုပ်ဆောင်၊ ဒါရိုက်တာတွေလည်း ပါမယ်၊ ဓါတ်ပုံတွေလည်း ပါမယ်၊ ကဗျာ၊ စာ၊ ပန်းချီ၊ ပန်းပု တွေလည်း ပါမယ်၊ စတာတွေအကြောင်းကို ရေးသားနေကြသူတွေပါပဲ။

 

၄။ အားကစား Blogger

သူတို့ကတော့ ဘောလုံးအကြောင်း၊ ဘတ်စကတ်ဘော အကြောင်း၊ ရေးကူးတာ၊ ပြေးတာ အကြောင်း တွေကို သတင်းအနေနဲ့ ဖြစ်ဖြစ်၊ လေ့ကျင့်ပုံ လေ့ကျင့်နည်း အနေနဲ့ ဖြစ်ဖြစ် တင်ပြနေကြသူတွေပါပဲ။

 

၅။ နိုင်ငံရေး Blogger

သူတို့က နိုင်ငံရေး ဆိုတဲ့အတိုင်း အစိုးရပိုင်းဆိုင်ရာတွေကို ဝေဖန်ကြမယ်၊ ထောက်ပြကြမယ်၊ သရော်ကြမယ်။ ပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း တင်ပြကြမယ်။

 

၆။ ဘာသာရေး Blogger

သူတို့ကတော့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ မူစလင်ဘာသာ စတဲ့ ဘာသာတွေအကြောင်းကို မိမိတို့ ကိုးကွယ်တဲ့ ဘာသာအလိုက် ဗဟုသုတ ရစေဖို့၊ သက်ဝင်ယုံကြည်လာဖို့ ဘာသာနဲ့ ပတ်သက်တာတွေကို တင်ပြကြတဲ့ သူတွေပါပဲ။

 

၇။ ကျန်းမာရေး Blogger

လူတစ်ယောက် ကျန်းမာ သန်စွမ်းအောင် ဘယ်လို နေရမယ်၊ ဘာတွေကို ရှောင်ရမယ်၊ ဘာတွေကို ဆောင်ရမယ်။ ဘာတွေကို စားသင့်တယ်၊ ဘာတွေကို ဝတ်ဆင်သင့်တယ်၊ ဘယ်ဆေးဝါးတွေကိုတော့ဖြင့် မှီဝဲသင့်တယ် စတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တာတွေကို တင်ပြကြသလို၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်တွေကိုလည်း တင်ပြနေကြသူတွေပါပဲ။

 

၈။ အထွေထွေ Blogger

အထက်က ဆိုင်ရာဆိုင်ရာတွေကို ရောသမမွှေ ရေးသားကြသူတွေ၊ ဟာသ အကြောင်းအရာတွေ ရေးသူတွေ၊ ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို ရေးသားနေကြသူတွေ စတဲ့ စတဲ့ Blogger တွေပါပဲ။

 

အထက်ပါ Blogger အသီးသီးဟာ ကျနော် တွေ့မိသမျှ Blogger အမျိုးအစားတွေပါပဲ။ သူတို့ဟာ သူတို့ ကျင်လည်ရာ Blog (တစ်ကိုယ်ရေ၊ အများပေါင်းစု) အသီးသီးမှာ ရေးသားနေကြသူ Blogger တွေပဲ ဖြစ်ကြပါတယ်။

+++++++++++++++++++++++++++++

မြန်မာနဲ့ ဘလော့ဂ် (Wikipedia)

ကျနော်တို့ မြန်မာနိုင်ငံမှာ Blog ရေးသားခြင်းကို ၂၀၀၅ ခုနှစ်ခန့်မှာ စတင်ခဲ့ပါတယ်။ အစပထမ ရေးသားကြတဲ့ ဘလော့ဂ်တွေဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ကြပါတယ်။ ဇော်ဂျီဖောင့် ပေါ်ပြီးနောက်မှာတော့ ညီလင်းဆက် က သူ့ရဲ့ ဘလော့ဂ်မှာ ထည့်သွင်းပြီးတော့ မြန်မာစာနဲ့ ဘလော့ဂ်ကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ မောင်လှ ကလည်း အသုံးပြုခဲ့ပါတယ်။

၂၀၀၆ ခုနှစ်၊ နိုဝင်ဘာ နောက်ပိုင်းကစလို့ မြန်မာဘလော့ဂ်တွေဟာ တစ်စတစ်စ များပြားလာခဲ့ပါတယ်။ ၂၀၀ရ ခုနှစ်အတွင်းမှာ မြန်မာ ဘလော့ဂ်ပေါင်း သောင်းဂဏန်းဝန်းကျင်ထိ ရှိခဲ့ပြီလို့လည်း ဆိုပါတယ်။ (ခု ၂၀၁၂ မှာတော့ သိန်းကျော်နေလောက်ပြီလို့ ဆိုနိုင်မလားပဲ။)

၂၀၀ရ ခုနှစ် အတွင်းမှာ အချို့သော မြန်မာဘလော့ဂ်ဂါတွေ စုပေါင်းပြီး MBS (Myanmar Blogger Society) ကို တည်ထောင်ခဲ့ကြပါတယ်။ ၂၀၀ရ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှာတော့ သူတို့ရဲ့ အစည်းအဝေး၊ တွေ့ဆုံပွဲကို ကျင်းပခဲ့ပါသေးတယ်။ အဲ့ဒီ ၂၀၀ရ ခုနှစ်မှာပဲ ရွှေရောင် တော်လှန်ရေး ဖြစ်ပွားခဲ့တဲ့အတွက် အစိုးရကနေပြီးတော့ Blog အတော်များများကို ပိတ်ပင်ခဲ့ပါတယ်။ (ဒါကြောင့်လည်း မြန်မာ ဘလော့ဂ်ဂါတွေ proxy ကျော်နည်းကို ကျွမ်းကျင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ … :kwi: )

 

၂၀၀ရ ခုနှစ် MBS အစည်းအဝေး (သို့) တွေ့ဆုံပွဲကို ရန်ကုန်တွင် ကျင်းပခဲ့စဉ်က

 

မြန်မာ ဘလော့ဂ်ဂါ တွေထဲမှာ လက်တည့်စမ်းပြီး တည်ဆောက်ထားတဲ့ Blog တွေလည်း ရှိသလို၊ တစ်စိုက်မတ်မတ် ရေးသား ဖော်ပြကြတဲ့ ဘလော့ဂ်ဂါတွေလည်း ရှိကြပါတယ်။ လက်တည့်စမ်း တည်ဆောက်ထားတဲ့ ဘလော့ဂ်ဂါ ဆိုသူတွေဟာ ကိုယ့်ဘလော့ဂ်ကို တစ်ပတ် တစ်ခါတောင်မှ Update ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း မရှိကြတာကိုလည်း တွေ့ရပါတယ်။ ပြီးတော့လည်း နည်းပညာပိုင်း ဆိုင်ရာ (Free Download Softwares) ဘလော့ဂ်တွေက များသလို၊ ရောသမမွှေ ဘလော့ဂ်တွေလည်း များပါတယ်။ မိမိအားသန်ရာ တစ်ခုခုကိုပဲ ရွေးချယ်ပြီး တည်ဆောက်ကြ၊ ပုံမှန် တင်ပြကြမယ်ဆိုရင် မြန်မာ ဘလော့ဂ်ဂါ လောကဟာ တိုးတက်လာဖို့ ရှိပါတယ် (ကြီးကြီးကျယ်ကျယ် သူက ပြောရတယ်ရှိသေး … :kwi: ) ။

 

Download … Download … Free Download …

 

နိုင်ငံရပ်ခြားက ဘလော့ဂ်ဂါတွေ အကြောင်းကတော့ မသိတဲ့အတွက် ဘယ်သို့ ဘယ်ပုံဆိုတာကို မပြောနိုင်ပါဘူး။ (ဘယ်ပြောနိုင်မလဲ၊ မင်းက ငတုံး၊ ငကြောင်ကိုးကွ … :harr: )

မြန်မာ ဘလော့ဂ် အများစုမှာ ဇော်ဂျီဖောင့်ကို သုံးစွဲ ရေးသားကြပါတယ်။ ယူနီကုတ် (Myanmar 3) နဲ့ ရေးသားနေကြတဲ့ ဘလော့ဂ်တွေလည်း ရှိပါတယ်။ ဥပမာ ပြောရရင် MyanmarITPro, Forum.MMITD တို့ပါပဲ။ အချို့သော ဆိုက်တွေမှာတော့ Win Innwa နဲ့ ရေးသားထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ရှားရှားပါးပါးပါပဲ။

 

Zawgyi နဲ့ Unicode

 

ကျနော်တို့ဆီမှာ Blog တစ်ခု ရေးသားကြတော့မယ်ဆိုရင် Google ရဲ့ Blogspot (Blogger) နဲ့ ရေးသားကြတာ များပါတယ်။ name.blogspot.com ဆိုပြီးတော့ပေါ့။ ကျနော်မှာလည်း Blogspt နဲ့ လုပ်ထားတဲ့ ဆိုက်တွေရှိပါတယ်။ ဒါပေမယ့် WordPress ကို ပိုပြီး အားသန်တဲ့အတွက် WordPress နဲ့ပဲ ရေးပါတယ်။ WordPress ကလည်း ထိပ်တန်း Free Blog Service ပေးတာတွေထဲက တစ်ခုပါပဲ။ ဒီ မန်းဂဇက် ရွာကြီးတောင် WP ကို သုံးထားတာပဲ။ (သဂျီးကို အဖော်ညှိပါသည်။ … :kwi: )

 

WordPress နဲ့ Blogger

 

ဟိုပွား ဒီပွားနဲ့ လျောက်ပြီး ပွားနေတာ နည်းနည်း များသွားပြီ။ မြန်မာ ဘလော့ဂ်ဂါ လောက အောင်မြင် တိုးတက်နိုင်ပါစေလို့ တောင်းဆုခြွေရင်းနဲ့ပဲ ဒီပို့စ်ကို ကလနားသတ်လိုက်ပါသည် ခင်ဗျာ။

 

ရေးသားသူ – မဟာရာဇာ အံစာတုံး

{ 21.10.2012, 9:00 A.M တွင် ပေါ်လာမည့်ပို့စ် ဖြစ်ပါသည်။ Schedule ကို လက်တည့်စမ်းကြည့်တာ … }

18 comments

  • surmi

    October 21, 2012 at 10:51 am

    ဟုတ်ပြီ
    ကျုပ်က ဂျလေဘီဘလော ့ဂါ ဟေးဟေး
    :harr:

  • ရဲစည်

    October 21, 2012 at 10:58 am

    အူးလေး မဟာယာဆာ အန်ဆာဒုံးရဲ့ ကျေးဇူးကြောင့် အတော်အတန်သင့် သိရှိပီးတဲ့နောက် တားတား ဂူဂျွန်ယဲက နည်းနည်းဖြည့်စွက်ပါရစေ။ ဘလော့ဂါတွေအပြင် ဖွလော်ဂါဆိုတာ ရှိသေးပါတယ် ဥပမာရွာထဲက အရက်သမားရဲစည်လိုပေါ့ ရသလည်းမမြောက် သတင်းလည်းမဆန် သရော်စာ အမည်ခံပီး သူများတွေကို မကောင်းကြောင်းလိုက်ပြော လိုက်ဖွပီး အရည်မရ အဖတ်မရ ကီးဘုတ်နာ ဆာဗာလေး အာဘော်ထူထူရေးနေတဲ့ လူတန်းစားတရပ်ဟာ နောင်မှာ ဘလော့ဂါကောင်းတွေ အတွက် ရင်လေးစရာ ဖြစ်လာနိူင်ပါကြောင်း။
    စည်းကမ်းအရ ပုတ်ကိုယေး ထိုးနှက်ချက်ဖြစ်နေပေမဲ့ အမှအတွက် ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ တင်ပြတာဖြစ်လို့ ငမူးရဲစည် ကိုဥပမာပေး ရေးသားထားမှုအား ကျနော် ဂူဂျွန်ယဲမှ အပြည့်အဝ တာဝန်ယူယူပါတယ်။

    • ရဲစည်

      October 21, 2012 at 11:17 am

      ဘာကွ ငါ့ကိုများ ဖွလော်ဂါတဲ့ ရာယာဆစ ဒီကိစ္စကို မင်းနဲ့ငါ အပြင်မှာရှင်းမယ် မင်းကိုငါကြည့်နေတာ ကြာပီ ဖားသလိုလို ဖွသလိုလို ကြွားသလိုလိုနဲ့ ပီးတော့ ဖအေဘိုချုတ် မအေမိုးကုတ်တွေဘက်ကလိုလို ဖအေဆိုက်ကားသမား မအေပဲပြုတ်သည် ဘက်ကလိုလိုနဲ့ ဝင်ဒါမီယာနဲ့ လှိုင်သာယာကို အစုန်အဆန်ကူးနေတဲ့ကောင် တွေ့မယ် မင်းနဲ့ငါ အပြတ်ရှင်းမယ်။

      ပုံ/
      အန်းဒရိုက်ကို root မလုပ်တတ်ဘဲ Coding အကြောင်းပြောသူ
      အာပလာဆြာဂျီးခရိုနီအဝှာမရဲစည်

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 21, 2012 at 11:24 am

    ကျနုပ်သည် ဘီအီး ဘလော့ဂါ
    အချိန်မှန်မှန် ဘီအီးအကြောင်း ရေးသည်
    တစ်ခါတလေ အချိန်မှန်သင့်သည်ထက်တောင် ပို၍ မှန်လိုက်သေးသည်
    ဗစ်ဇစ်မိုင်ဘလော့ဂ် ဒဗျူဒဗျူဒဗျူ ဒေါ့ ဘီအီးအူးဗိုက်ဒေါ့ ကွမ်း

  • မိုးသောက်ချိန်

    October 21, 2012 at 1:30 pm

    ဘလော့ဂါ
    အပျော်ရှာ
    အဖော်မပါ
    စော်တယ်ဟာ … 😆
    (မှတ်ချက်။ အစုအဖွဲ့လိုက်နှင့်မဟုတ်ဘဲ တစ်ပွေထဲ မိုက်သည်/ရန်ဖြစ်သည် ကို ဆိုလိုခြင်းဖြစ်သည်)

    • @မိုးသောက်ချိန်

      စော်တယ်ဟာ ..
      ဂေါ်ဒယ်ဂျာ ..
      ရောင်နီလာ ..
      မောင်ပြည်သာ ……။

      +++++++++++++++++++++++++++++

      @ဦးဆာမိ

      ဦးဆာမိ ကတောင် ဂျလေဘီ ဘလော့ဂါလို့ ပြောနေရင်
      ကျုပ်ဆို အဟီးးး
      ဘိုပြောရမှန်းကို သိတော့ဘူး … :mrgreen:

      ++++++++++

      @ရဲစည်

      နှစ်ကိုယ်တော် ဥရဲစိ ခည …
      အပေါ်ဂ လူနဲ့ အောက်က လူ ..
      ဘူဂ ဇာတ်လိုက်ရဲခည …
      ဥရဲစိ ပြောမှ ဖွလော်ဂါ ဆိုတဲ့ စကားလုံးလေးတစ်လုံး ရလိုက်ပြီ ..
      ရှဲရှဲ ….

      ++++++++++++

      @အူးဘဇင်းဗိုက်

      ဘီအီး ဘလော့ဂါဂျီးခည …
      ခညားစီဂ ပညာလေး တစ်ခုလောက်ဒေါ့
      သင်ချင်ပါလယ် ခည …
      ဘီအီးမူးရင် အိမ်ကို တန်းတန်းမတ်မတ် ပြန်နိုင်တဲ့ နည်းလမ်းလေးဘာ ခည …

      +++++++++++++

      @ဥဥ

      တောင်မ ..
      ရေချိန်ကိုက်သွားပြီဆိုတော့ …
      ဂနေ့အဖို့ ပီးတွားဘီပေါ့

      +++++++++++++++++

  • အံစာတုံးအလိုအရဆိုရင်တော့
    ကျနော်ကိုတော့ ဗျုတ်စဗျဉ်းတောင်း ဘလောဂါ လို့ အမည်တပ်ရပါမယ်နော်။

  • kai

    October 21, 2012 at 2:35 pm

    ဘလော့ဂ်တွေက.. ၂၀၀ရ သင်္ကန်းရောင်တော်လှန်ရေး( Saffron Revolution) နောက်ပိုင်းမှ.. ပိုများ..လူစိတ်ဝင်စားလာတယ်ထင်မိတယ်..
    မတိုင်ခင်က.. ဖိုရမ်တွေမှာ.. ဆွေးနွေးရေးနေတဲ့..သူတွေများတယ်ထင်တာပဲ..။

  • garuda

    October 21, 2012 at 4:47 pm

    အားပါး..ဘလော်ဂါ အစည်းအဝေးက လူမနည်းပါလား အားရစရာကြီး..မြန်မာ ဘလော့ဂ် list ကလေးများရနိုင်ရင် တော့ ကောင်းမှာဘဲဗျာ..သင်းကျုး..သင်းကျုး။

  • မောင်ပေ

    October 21, 2012 at 8:59 pm

    ဒေါက်တာချက်ကြီး ကျတော့ ဘယ်အမျိုးအစားထဲ ထည့်ရမှာလဲလို ့

  • အရီးခင်လတ်

    October 22, 2012 at 4:04 am

    { 21.10.2012, 9:00 A.M တွင် ပေါ်လာမည့်ပို့စ် ဖြစ်ပါသည်။ Schedule ကို လက်တည့်စမ်းကြည့်တာ … }
    မှန်ရဲ့လား???? :harr:

    စာပါအကြောင်းများကို တလေးတစား ဖတ်သွားပါကြောင်း။

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 22, 2012 at 10:52 am

    ဘလော့ဂါ
    စော်ရှာ
    တော်ပါ
    မျှော်ခွာ
    လော်ရာ
    အော်ဆာ
    ဒေါ်လာ
    သော်တာ..။

  • kyeemite

    October 22, 2012 at 1:42 pm

    ဘလော့ဂါ တွေအကြောင်း
    ဖတ်လို့ကောင်း
    ကိုယ်က ဘာလော့ဂါ မသိပါ
    :kwi: :harr:

  • water-melon

    October 22, 2012 at 5:40 pm

    ကျန်သေးတယ် အူးလေးရဲ့
    sexy blogger လေ
    အဟီ အဟီ

  • padonmar

    October 22, 2012 at 9:43 pm

    မောင်အံ
    ဒါဆို တီတီလည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ရင် ကျမ မန်းဂဇက်က ဘလော့ဂါပါလို့ ပြောလို့ရပြီပေါ့နော်။
    ကြွားအုံးမှာ။

Leave a Reply