ကျွန်မနှင့်ဩကာသ

ေလ ဒီOctober 21, 20121min45020

ညဧ။်တိတ်ဆိတ်မှူသည် အလင်းရောင်ဝင်လာသည်နှင့် ပြိုပျက်ရလေပြီ။ဪ.. နေ ့စဉ်ထမ်းဆောင်နေကြတာဝန် ထမ်းဆောင်ရန် ပြင်ဆင်ရပေဦးမည်..။
ကျွန်မစိတ်ထဲတွင် တီးတိုးရေရွတ်မိရင်း အိပ်ယာမှကြိတ်မှိတ်၍ထလိုက် ပါတော့သည်။ဒီနေ ့တော့ကျောင်းကိုပုံမှန်ထက် ပိုစော၍ရောက်ရမည်ဟု ကျွန်မပြင်ဆင်လိုက်သည်။ဒီနေ ့ကျွန်မတို ့ကျောင်းဧ။်ဆရာကန်တော့ပွဲနေ ့။
ကျောင်းဆရာမ ဟူသောဘွဲ ့ကိုခံယူမိသည့်အချိန်မှစ၍ ယနေ ့အထိစိတ်ညစ်ရမိသော အချိန်သည်  ဘက်စ်ကားစီးရသော အချိန်သာဖြစ်ပေသည်။
ကျွန်မဧ။်ကျောင်းတော်ကြီးတည်ရှိရာ လှိူင်သာယာ မြို ့တော်သစ်ဆီသို ့..ဝုန်းဒိုင်းကြဲမောင်းနှင်သော စီးတော်ယာဉ်ဒိုင်နာများဖြင့်သာ လိုက်ပါရင်း….။
ကျွန်မစာသင်ခန်းတွင်း သို ့ဝင်လိုက်လျှင်ပင် စားပွဲပေါ်တွင် အဆင်သင့်ရောက်နှင့်နေကြကုန်သော ကန်တော့ခံပစ္စည်းများကို တွေ ့ရလေသည်။
ပစ္စည်းများတန်ဖိုးမကြီးသော်လည်း ကလေးတို ့ဧ။်စေတနာ ဖြူစင်သည်။မရှိရှိတာနဲ ့ကန်တော့ကြသည်။ဆရာကန်တော့ပွဲမတိုင်မီကပင် ကလေးများကို ကျွန်မ
ကြိုတင်၍မှာထားရလေသည်။”ဆရာမ ကော်ဖီမကြိုက် မုန် ့မကြိုက် ပါတိတ်ပဲကြိုက်သည်” ဟု မှာသည်မထင်လိုက်ပါနှင့်လေ ။
အမှန်တော့ ကျွန်မမှာသည်မှာ ဤသို ့….ဘာပစ္စည်းမှမပါလျှင်လည်း ကျောင်းသားအားလုံးဆရာကန်တော့ပွဲသို ့လာရမည်။ဆရာမကို လက်အုပ်ချီကန်တော့ရုံဖြင့် ကျေနပ်သည်။ထိုအခါမျိုးမှကလေးလေးများ မျက်နှာဝင်းပနိုင်ပေသည်။ကျွန်မတို ့ကျောင်းသည် မြို ့ပေါ်ကျောင်းမဟုတ်သည့်အတွက် တန်ကြေးမများသော်လည်း တန်ဖိုးများသော ပီတိကိုသာ အပြည့်အဝစားရပေသည်။
ခေတ်ကာလ စီးပွားရေးအခြေအနေ မိသားစုအကျပ်အတည်း စသောအကြောင်းအမျိုးမျိူးကြောင့် စီးပွားရေးအဆင်မပြေကြသောအခါ  ကလေးများ မျက်နှာငယ်ရသည်။
သူများကန်တော့သလို ကန်တော့ချင်ကြသည်။မိဘကိုပူဆာသည် မရလျှင်ငိုသည်။ဪ..ကလေးတို ့ဘဝဖြူစင်ကြပေသည်။တစ်ချို ့ကလေးများဆိုလျှင် သူတို ့မုန် ့ဖိုးလေးများစုလျက်  ကော်ဖီမစ်ထုပ်လေးများ တစ်ထုပ် နှစ်ထုပ်ဖြင့်  မရရတာဝယ်ကန်တော့ကြသည်။ထိုအခါမျိုးသည် ဆရာမတစ်ယောက် အနေဖြင့် သာမက မိခင်တစ်ယောက်ဧ။်မေတ္တာမျိုး ဖြင့်ကျွန်မခံစားရလေသည်။သူတို ့ကလေးများဧ။်ဘဝ ကြမ်းတမ်းလှပေသည်။
ကျွန်မတို ့ကျောင်းသည် မူလွန်ကျောင်းတစ်ကျောင်းဖြစ်သည့်အားလျော်စွာ အခန်းနှင့် ကျောင်းသားဦးရေမမျှပါ ။ကျောင်းဧ။်စာသင်ခန်းအရေအတွက်သည် မူလတန်းကျောင်းတစ်ကျောင်း ဆိုလျှင်  ချောင်ချောင်ချိချိ စာသင်နိုင်ပေလိမ့်မည်။သို ့သော် မူလတန်းလွန်ကျောင်းတစ်ကျောင်းအတွက်မှာမူ အခန်းပင်ကန် ့မထားနိုင်တော့ပါ ။ဟိုဘက်သည်ဘက် အသံစုံကြားရပေသည်။ယခုလည်း ဘေးအခန်းဟုမဆိုနိုင်သော်လည်း ကျွန်မဧ။်ဘေးအခြမ်းတွင် တည်ထားသော သုံးတန်းအခန်းမှ ကလေးတစ်ယောက် အော်ငိုနေလေသည်။အကြောင်းစုံသိရသောအခါ  သူ ဧ။်ကန်တော့ရန်ပစ္စည်းမှာ အမွှေးတိုင်ထုပ်ကလေး တစ်ထုပ် နှင် ့ဖယောင်းတိုင်ထုပ်ကလေး တစ်ထုပ်။သူ ့သူငယ်ချင်းလေးဧ။် ကန်တော့ရန်ပစ္စည်းမှာ ပိတ်စအဖြူ တစ်စ။
ပြဿနာမှာတော့ ဆရာမကို ဘယ်ပုံ ဘယ်နည်း ဘယ်ပစ္စည်းဖြင့် ကန်တော့မည် ဟုအချင်းချင်းတိုင်ပင် ဆွေးနွေးကြသောအခါ သူ ့မှာအမွှေးတိုင် ငါ့မှာပိတ်စ စသည်ဖြင့်
ငြင်းခုံယှဉ်ပြိုင်ရင်း အမွှေးတိုင်ထုပ်ကလေး ငိုကြွေးရလေတော့သည်။ကိုယ့်ခွန်ကိုယ့်အား ကိုယ်စွမ်းအားဖြင့် ရသည်မဟုတ်သော်လည်း သူတို ့လည်းဆွေးနွေးတတ်ကြသည်  ငြင်းခုံ တတ်ကြပေသည်။သူတို ့လေးတွေ ဘယ်လိုများဆွေးနွေးကြမလဲ ကျွန်မသိချင်လှပါတော့သည်။
ကျွန်မဧ။်အခန်းမှာလည်း ထူးမခြားနားပင် ကလေးလေးများဧ။် ဆွေးနွေးသံများ နားနှင့်မဆံ့အောင် ဆူညံနေပေသည်။စားပွဲ နှင့် ဝါးခြမ်းပြား ထိသောအသံကျယ်ကြီးကြားမှသာ  တစ်ခန်းရပ်ကြလေသည်။အားလုံးငြိမ်ကျသွားသောအခါမှ လက်အုပ်ချီရန် ကန်တော့ရန် ကျွန်မပင် ညွှန်ကြားရလေသည်။ကလေးလေးများ ထိုင်ခုံအောက်ကြမ်းပြင်သို ့ဆင်း၍  လက်အုပ်ချီကန်တော့ကြသည်။ဪ..ကျွန်မမေ့ခဲ့ပြီ ကလေးများကိုပြီးပြီးရော လက်အုပ်ချီကန်တော့ခိုင်းခဲ့သည်။ခုတော့ အားလုံးထိုင်ခုံပေါ်ပြန်တက်၍ ဘာအကြောင်းမှန်းမသိသော  အကြောင်းအရာလေးများကို အကြိတ်အနယ်ပြန်လည် ဆွေးနွေးကြပြန်လေသည်။သူ ့တို ့လေးများဧ။်စိတ်ထဲတွင် ဆရာကန်တော့ပွဲဆိုသည်မှာ ထိုင်ခုံပေါ်မှဆင်း၍ လက်အုုပ်ချီကန်တော့
ပြီးလျှင် ထိုင်ခုံပေါ်ပြန်တက် ဤမျှ လွယ်သည်ဟုထင်သွားလျှင် ခက်ချေတော့မည်။သို ့ပေမယ့် ကျွန်မနောက်မကျသေးပါဘူး။ကန်တော့သည်ဆိုသည်မှာ ဘာကြောင့်ကန်တော့ရသည် လူကြီးမိဘ ဆရာဆရာမ ကိုကန်တော့သောအခါတွင် အပြစ်များရှိလျှင်လည်း ခွင့်လွှတ်ပေးရန် မည်သို ့မည်ပုံပြောဆိုရမည် အစရှိသဖြင့် ပြောဆိုဆုံးမရပေအုံးမည် ဟုအတွေးဖြင့်   နောက်တစ်ဖန် ညာသံပေးရလေတော့သည်။အားလုံးငြိမ်ကျသွားလျှင် ကျွန်မစကားစလိုက်သည်။ ဩကာသ ဆိုသည်မှာ ဘာကိုဆိုလိုသနည်း ဟုကလေးများနားလည်  အောင်ကျွန်မပြောရလေသည်။သူတို ့ချင်းဆိုလျှင်ဆွေးနွေးနိုင်သလောက် ဆရာမနှင့်ဆိုလျှင်မဆွေးနွေးချင်ကြ။တစ်ယောက်မှအသံထွက်မလာ။အားမလိုအားမရနှင့် ကျွန်မနောက်တစ်ခေါက်ထပ်မေးမိသည်
ထိုအခါ အသံတစ်သံထွက်လာသည်။ဩကာသ ဆိုသည်မှာ ဘုရားရှိခိုးရင်ဆိုရတာပါတဲ့။သူတို ့အသိကလေးများနှင့် တွေးတော့လည်းမှန်နေပါသည်။ဘုရားရှိခိုးလျှင်လည်းဩကာသ ကိုပင်မလွဲမသွေ
ကျော်ဖြတ်ရပေသည်။နောက်အသံတစ်ခု မှာတော့ ဩကာသ ဆိုသည်မှာ ဆရာမကို ကန်တော့ဖို ့ပြောခြင်းဖြစ်ပါသည်တဲ ့..။ဪ..ဆရာမ ဆရာမ..။ဒါလည်းမှန်ပါသည် ဆရာဟူသည်လည်း အနန္တောအနန္တငါးပါးတွင်  တစ်ပါးအနေဖြင့် ပါဝင်သောကန်တော့ခံ ပုဂိ္ဂုလ်များပင်မဟုတ်ပါလော။သို ့သော် ကျွန်မလိုချင်သောအဖြေမျိုးထွက်မလာခဲ့ပါ။သူတို ့လေးတို ့ကျောင်းရောက်သည်နှင့် အရင်ဆုံးလုပ်ရသည်မှာ ဘုရားရှိခိုးခြင်းအလုပ်ပင်။နေ ့စဉ်လည်း ဩကာသ မှပင်စရလေသည်။ဤသည်မှာ ဩကာသ ဧ။် အကြောင်းရင်းကောင်းစွာ မသင်ပြနိုင်သည့် ကျွန်မ အပြစ်သာ.။ ဩကာသ ဟူသောပါဠိ စကားမှာ မြန်မာလို “အခွင့်” ဟူသော အနက်ကို ဆောင်လေသည်။
“အခွင့်” ဟုဆိုရာမှာလည်း “ခွင့်ပြုပါ”  ” ရှိခိုးပါရစေ” စသည်ဖြင့်ရှင်းပြရပြန်သည်။ထို ့နောက် ဘုရား တရား သံဃာ လူကြီးမိဘ ဆရာသမားများ အပေါ် ကိုယ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း နုူတ်ဖြင့်လည်းကောင်း အပြစ်များပြုမိသော် ထိုအပြစ်များမှ ခွင့်လွှတ်ပေးကြပါရန် ရှိခိုးပါရစေ ဟု တောင်းသော အခွင့် အင်မတန်ယဉ်ကျေးသိမ်မွေ ့စွာ တောင်းသော အခွင့် ဖြစ်ကြောင်း  ကလေးများနားလည်အောင် ရှင်းပြရသည်။မျက်လုံးကလေးများ ဝိုင်းလျက် စိတ်ဝင်တစားနားထောင်နေကြသော သူတို ့လေးတို ့မှာလည်း သိလိုချင် မှတ်လိုချင်သည့် သဘောရှိလေသည်။
သိအောင်ပြောပြရန် နှင့် မှတ်မိအောင်ပြောတတ်ရန်သာ လိုပေသည်။ဒီနေ ့အဖို ့ကျွန်မဧ။် ဩဝါဒရှည်ကြီးကို ကလေးများအား ပို ့ချပြီးသကာလ အားလုံးနှင့်အတူ တပျော်တပါး ဆရာကန်တော့ပွဲလေး  အဆုံးသတ်ခဲ့ပါသည်။
ကျောင်းမှအပြန် ကန်တော့ခံပစ္စည်းများ တစ်ပွေ ့တစ်ပိုက်နှင့် မနိုင်မနင်းဖြစ်နေသောကျွန်မ..ရုတ်တရက် ဆရာမ ဟုခေါ်သော အသံလေးတစ်သံကြားလိုက်ရသည်။ထိုအသံလေးမှာ တိုးသည်ဟုမဆိုသာသော်လည်း  နူးညံသည်။ တက်ကြွသော အသံမဟုတ် တစ်စုံတစ်ခုကို လိုလားတောင့်တနေသော အသံ။ကျွန်မလှည့်ကြည့်မိတော့ မြွေရေခွံအိတ်ကြီးတစ်လုံးကိုင်လျက် ဖိနပ်မပါ နံရိုးအပြိုင်းပြိုင်းထနေအောင် မပိန်သော်လည်း
လေတိုက်ခံနိုင်ရုံသာသာ ရှိသောကလေးငယ်လေးတစ်ဦး။သူ ကျွန်မကိုပြုံး၍ ကြည့်နေသည်။စင်စစ် ကျွန်မသူ ့ကိုမသိပါ သူလည်းကျွန်မကိုသိပုံမပေါ်ပါ။သို ့သော်သူ ဘာကြောင့်ခေါ်သနည်း ။
သူ ့အပြုံးလေးနောက်တွင် ရှိနေသည်။ကျောင်းနေအရွယ်ရောက်သော်လည်း ကျောင်းမနေနိုင်သော ကလေးတစ်ယောက်ဧ။် ဆရာမ ဟုခေါ်လိုက်ရသော အရသာ ကိုသူကျေနပ်နေပုံရသည်။ကျွန်မလည်း  ပြန်ပြုံးပြခဲ့သည်။ကျွန်မစိတ်ထဲတွင် တစ်စုံတစ်ခုကို ခံစားမိလိုက်သလိုလို..။ကလေးတိုင်း စာမဖတ်နိုင်ပေမယ့် စာဖတ်ချင်ကြသည်။စာတတ်ချင်ကြသည်။သူတို ့ဘဝစာသင်နိုင်ဖို ့အခွင့်အလမ်းမရှိဟု မည်သူမျှမပြောနိုင်။

သူတို ့လည်းစာသင်နိုင်ရမည်..စာဖတ်နိုင်ရမည်..မြွေရေခွံအိတ်ကိုင်မည့်အစား လွယ်အိတ်ကလေး လွယ်လျက်ကျောင်းတတ်နေသော ကလေးများဖြစ်စေချင်သည် ။သူတို ့ကိုယ်တိုင်ရော အဲဒီစိတ်ရှိနိုင်ပါမည်လော .သို ့လော သို ့လော နှင့် ကျွန်မ………။ကျွန်မအတွေးနှင့် ကျွန်မ…………..။

20 comments

  • ကျနော်တို့လည်း ငယ်ငယ်ကတည်းက
    ဘုရားရှိခိုးတိုင်း ဩကာသ၊ ဩကာသ၊ ဩကာသ ဆိုပြီး ..
    ရှိခိုးခဲ့တာပါပဲ …
    ခုမှပဲ ဩကာသ ဆိုတာ ခွင့်တောင်းခြင်း ဆိုပြီး သိလိုက်ရတယ်ဗျ …
    ကျေးဇူးပါ ဆရာမ ခင်ဗျာ …

  • uncle gyi

    October 21, 2012 at 3:52 pm

    ဆရာမလေဒီကတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်
    အပိုင်ဂိုးရှုးသွားတာကိုး

  • Mobile

    October 21, 2012 at 5:25 pm

    မင်္ဂလာပါဆရာမ။
    အရေးအသား တယ်ညက်ညောသကိုး နူးညံ့တဲ့နှလုံးသားလေးလဲရှိဟန်တူပ။
    ဆရာမရေးထားတဲ့စာကိုဖတ်ရင် ဝမ်းနည်းသလိုလို ငယ်ဘဝကိုလွမ်းသလိုလို
    ဖြစ်ခဲ့ရကြောင်းပါ။

    • လေ ဒီ

      October 21, 2012 at 6:13 pm

      ကျွန်မလည်းလွမ်းမိပါတယ်…အထူးသဖြင့် တစ်ပွေ ့တစ်ပိုက်ကြီးပြန်တဲ့နေ ့ကိုပေါ့ရှင် း)

  • ရာဇဝင်လူဆိုး

    October 21, 2012 at 7:05 pm

    လှိုင်သာယာဘက်က ကလေးတွေရဲ့ ပညာရေးအခြေအနေက တော်တော်လေး မကောင်းဘူးထင်မိတယ်။ ထိရောက်တဲ့ အကူအညီမျိုးတွေ များများလိုအပ်ပါတယ်။ တစ်ချို့ဆို ရေဝပ်နေတဲ့ ရေမြောင်းပေါ်မှာ ဝါးခင်း၊ ထရံကာ၊ ပလတ်စတစ်မိုး ပြီးနေရတဲ့ မိသားစုတွေလဲ တွေ့ဖူးတယ်။ ဒီလိုမိသားစုက ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး နဲ့ အနာဂတ်ကတော့ တော်တော် ရင်လေးစရာပါပဲ။

    • လေ ဒီ

      October 21, 2012 at 7:33 pm

      ကျောင်းဆင်းရင် ရေခဲချောင်းရောင်းရတဲ့ကလေးတွေ ပလတ်စတစ်ကောက်တဲ့ ကလေးတွေ ဆိုတာ ၅ဝ % ထက်တောင်ပိုနိုင်ပါတယ်။

  • ဦးဦးပါလေရာ

    October 21, 2012 at 7:05 pm

    ကျုပ်ကို ဟိုဘက်ပိုစ့်က မောင်အံစာက ချွန်လော့ဂါလို့ နာမည်တပ်ချင်လဲတပ်တော့…
    ကျုပ်တော့ ဒီပိုစ့်လေးဖတ်ပြီး သူကြီးကိုပြေးသတိရတာပဲ….

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 21, 2012 at 7:58 pm

    ကောင်းဘာဒယ် ဆရာမလေဒီ ခင်ဗျား
    ဒီလို မပြည့်စုံကြရှာတဲ့ ကလေးသူငယ်တွေအပေါ်မှာ သိတတ်ကြင်နာပေးတယ်ဆိုတာကိုပါ
    ဆရာမတစ်ယောက်အနေနှင့် ဒီလိုခေတ်ကြီးထဲမှာ ဒီလိုသဘောထားနိုင်တယ်ဆိုတာ
    ဂုဏ်ယူစရာပါ ဆရာမလေဒီ
    ဂေဇက်သဂျီးမင်းရဲ့ အလိုတော်ကျ မတူသောအတွေးနဲ့ တွေးပြီးပြောရမယ်ဆိုရင် :mrgeen:
    မြန်မာနိုင်ငံစာသင်ကျောင်းတွေမှာ အာစရိယပူဇော်ပွဲဆိုပြီး အစဉ်လာလုပ်ထားတာကို
    သေခြာသုံးသပ်သင့်ပါတယ် ဆရာမလေဒီခင်ဗျား
    ဆိုလိုတာက မြန်မာနိုင်ငံစာသင်ကျောင်းတွေမှာ ဆရာဆရာမတွေဟာလည်း အပူဇော်ခံရတဲ့
    ဓလေ့ကို အကျွမ်းဝင်နေကြသလို စာသင်သူ တပည့်တွေကလည်း အချိန်တန်ရင် ဆရာဆရာမတွေကို
    ရှိခိုးပူဇော်ရမယ်ဆိုတဲ့ သဘောတွေကိုလည်း ( အရိုးစွဲ ) နေကြပါတယ်
    တပည့်များမှ ဆရာဆရာမများကို ပြစ်မှားမိသည်များရှိခိုးတောင်းပန်ရမယ်ဆိုတာကို
    အလွန်လက္ခံပါသော်လည်း ထိုအကြောင်းကို အခြေခံ၍
    အပူဇော်ခံရမည် ( must ) အပူဇော်ကိုးးးးးးးးးးးးးးးးးခံရမည်
    ပူဇော်ရမည် ( must ) ပူကိုးးးးးးးးးးးးးပူဇော်ရမည် ဆိုတဲ့ ဘာလို့ခေါ်နိုင်မလဲမသိ
    အစဉ်လာလား အရိုးစွဲဝါဒလား အဲ့ဒါကြီးကိုတော့ နည်းနည်းပါးပါးပြန်လည်စမ်းစစ်သင့်ပါတယ်လို့
    ဘယ်သူနဲ့မှမတူအောင် ဝင်ရောက်ဝေဖန်အကြံပြုပါတယ်ဆရာမလေဒီခင်ဗျား
    မှတ်ချက်။ ။ အထက်ပါအကြောင်းအရာအား အစာမကျေမှု့များဖြစ်ပါက သဂျီးမင်းကိုသာလျှင်
    ဝိုင်းဘောကြစေကုန်သဒီး။

  • လေ ဒီ

    October 21, 2012 at 8:07 pm

    must is get :)……….

    • မောင်ပေ

      October 23, 2012 at 1:50 am

      Must = သင့်သည်
      is = ဖြစ်သည်
      get = ရသည်
      ရ ရ ကြ စို့ဟေ့
      နဲနဲများများ ဘာမှမချန်နဲ့

  • candle .

    October 21, 2012 at 8:22 pm

    လေးစားလိုက်ပါဘိ ဆရာမရယ် လှိုင်သာယာ ရဲ ့ရွှေလင်ဗန်းဆိုတဲ ့ရွာအဝင်ကကျောင်းလေးဖြစ်မယ်ထင်တယ်နော်..

  • aemoshu

    October 22, 2012 at 12:17 am

    လေဒီရေ ဩကာသ ဆိုတာ … ရှိခိုးပါရစေ၊ ကန်တော့ပါရစေလို့ ခွင့်တောင်းတာ ဆိုတာကို မူလတန်းကျောင်းသားဝ (အဲမို နှစ်တန်းလောက်ကဖြစ်မယ်ထင်တယ်) ကတည်းက သိအောင် ပြောပြခဲ့တဲ့ မူလတန်းကျောင်းအုပ်ဆရာကြီးကို လွမ်းမိတယ်။ ခုချိန်ထိပြန်စဉ်စားလို်က်ရင် ဆရာကြီးနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေက အများသား … စာတစ်ပုဒ်ဖြစ်အောင် ရေးမယ်လို့ တေးထားတာတော့ကြာပေါ့ .. ဘယ်တော့မှဖြစ်လာမလဲတော့ မသိသေးဘူး … ကြုံတုန်းလေး ပေရှည်လိုက်အုံးမယ်။ ဆရာကြီးကလေ မနက်တိုင်း ကျောင်းသားတွေဘုရားရှိခိုးပြီးတိုင်း မိန့်ခွန်းပြောတယ်။ Gazetted holidays ကျောင်းပိတ်မယ်ဆိုရင်လည်း ရှေ့တစ်ရက်မိန့်ခွန်းမှာ အဲ့ဒီနေ့ထူးနေ့မြတ်အကြောင်း ကျောင်းသားတွေကို ပြောပြရှာတယ်။ ဘာမှပြောစရာ မရှိရင်တောင် စည်းကမ်းရှိဖို့၊ စားကြိုးစားဖို့၊ မိဘကိုလည်း ကူညီဖို့ ဆုံးမလေ့ရှိတယ်။ အဲမိုတို့ ဆင်းရဲသားရပ်ကွက်လေးမှာတော့ ဆရာကြီးဟာ ယနေ့ထက်တိုင်ထိ စံပြဆရာအဖြစ်နဲ့ လူသာသေသွားတယ်၊ နာမည်မသေပဲကျန်ခဲ့တယ်။

  • အရီးခင်လတ်

    October 22, 2012 at 3:24 am

    စာသင်ခန်းပြူတင်းပေါက် အပြင်ကနေ ထမ်းစည်းကြီးရွက်ပြီး စာလိုက်ဆိုနေတဲ့ ကလေး အကြောင်း ပုံပြင်မဟုတ်ဘဲ နားထောင်ဖူးလိုက်ကထဲ က အရီးမှာလဲ ကလေးတွေ အပူအပင် ကင်းကင်း ကျောင်းမတက်ရတာအတွက် trauma ရခဲ့တယ်။
    သူတို့ ကို သနားဂရုဏာ ဖြစ်ရာကနေ တိုင်းပြည်ဘဏ္ဍာကို ကိုယ့်ဘဏ္ဍာလုပ်နေသူများ ကို အရမ်းစိတ်ပျက်လာတယ်။
    လောလောဆယ်တော့ ကိုယ်လဲ ဘာကိုမှ ထိထိရောက်ရောက် မကူနိုင်။
    ဟိုစမ်း၊ ဒီစမ်း နဲ့ ကိုယ်ပါလမ်းပျောက်သလိုဖြစ်နေရော။

    • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

      October 22, 2012 at 12:46 pm

      တချို့ကိတ်စတွေကျတော့ ကိုယ်တတ်နိုင်သလောက် တပိုင်တနို်င်ကူချင်းအားဖြင့် စိတ်ဖြေရတာဘဲအရီးရေ။
      အပြစ်တင်နေလို့လဲ ထူးမခြားနားဇာတ်လမ်းခင်းနေတာက ပျောက်မသွားဘဲကိုး။
      ကျမတို့ မကွေးဆေးကျောင်းမှာ ကျောင်းကန်တင်းဖွင့်တုန်းက ဆိုင်မှာ ရွာနီးချုပ်စပ်က ခလေးတွေ အလုပ်လာလုပ်ကျတယ်။ ၁ဝနှစ်ကျော်ကျော်နဲ့ ၁ဝနှစ်အောက်ခလေးတွေပေါ့။ အမေက ကျောင်းနေအရွယ်ခလေးတွေ အလုပ် လုပ်နေရတာမြင်တော့ မနေနိုင်တာနဲ့ နေ့တပိုင်းကျောင်းတက်ခိုင်းပီး နေ့တပိုင်းအလုပ်လုပ်ခိုင်းတယ်။ တယောက်တလှည့်စီပေါ့။ ဘကကျောင်းဆိုတော့ အရမ်းမတင်းကျပ်ဘူး။အဆင်ပြေသလိုကျောင်းလှည့်တက်ကျရင်း မူလတန်းတော့အောင်သွားကျတယ်။ နောက်ပိုင်းကျမတို့ ဆိုင်ဆက်မဖွင့်ဖြစ်တော့ ရွာ့ထုံးစံအတိုင်း ကျောင်းဆက်မတက်တော့ဘဲ ပေါင်းထိုးမြက်နှုတ်လိုက်ကျ နယ်လှည့်ပြီးအလုပ် လုပ်ကျနဲ့ တခါတလေပြန်တွေ့ရင် မမတို့ဆိုင်မှာ အလုပ်ပြန်လုပ်ချင်သေးတယ်လို့ ပြောကျပါတယ်။ တခြားဆိုင်တွေမှာကျ ရေရှည်မလုပ်နို်င်ကျပါဘူး။ အလုပ်သမားကို အလုပ်သမားလို သဘောထားပီး ခိုင်းကျတဲ့လူတွေများလွန်းလို့ပါ။ ခလေးချင်းတူတူတောင် ကို့ခလေးမှ ခလေးထင်ပီး ကိုနဲ့မဆိုင်တော့တာနဲ့ လူကိုလူလို မမြင်တော့တဲ့ သဘောလေးတွေ အများကြီးရှိနေသေးတယ်လို့ ခံစားမိပါကြောင်း။

      ခင်တဲ့
      မရွှေအိ

    • လေ ဒီ

      October 22, 2012 at 5:54 pm

      ပညာရေးနဲ ့ပတ်သက်ပြီးလို ့တော့ လေဒီတို ့တွေက သင်ကြားပေးရုံအပြင် မတတ်နိုင်ရှာလေတော့ ဒီတိုင်းပဲထိုင်ကြည့်နေရတာ များပါတယ်။သားသမီးချင်း
      ကိုယ်ချင်းမစာတဲ့ မိဘတွေရှိနေပြန်ရင် ပိုစိတ်ညစ်ရပါတယ်။လက်တွေ ့ဘဝမှာ
      ရှင်သန်အောင် ကြိုးစားနေရတာ မလွယ်ပါဘူး အရီးရယ်…။

  • kyeemite

    October 22, 2012 at 1:25 pm

    ဆရာမစာလေးဖတ်ရတော့
    ဒီလိုဆရာမမျိုး ရှိပါသေးလားဆိုပြီး
    ဝမ်းမြောက်ဂုဏ်ယူမိကြောင်းပါခင်ဗျာ…

    • လေ ဒီ

      October 22, 2012 at 6:00 pm

      ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်.။ ဆင်းရဲသားရပ်ကွက်မှာစာသင်ရတဲ့ ဆရာဆရာမ
      အများစုကတော့ ဒီလိုလေးတွေရှိပါတယ် း)

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 22, 2012 at 2:38 pm

    မြွေရေခွံအိတ်ဆွဲထားတဲ့ကလေးတွေ… လက်ဘက်ရည်ဆိုင်တွေကစားပွဲထိုးလေးတွေ မြင်တိုင်းရင်ထဲမကောင်းသလို တောင်းစားနေတဲ့ကလေးတွေမြင်ပြန်တော့လဲ အားမလိုအားမရ တုတ်နဲ့စပ်စပ်လေးဆော်ချင်စိတ်တွေ ဖြစ်ရပါတယ်…
    ဒဂျီးမင်းတို့နေတဲ့နေရာကပဲ ဂျော့ကားတီဝါရှင်တန်ဆိုတဲ့ လူမဲ ပညာရှင်တစ်ယောက်အကြောင်းဖတ်ဖူးပါတယ်.. လူဖြူ ပါမောက္ခကြီးများကိုယ်တိုင် တလေးတစားနေရာပေးဆက်ဆံ၊ စီးပွားရေးသမားတွေနောက်က ငွေပုံပေးပြီး လိုက်နေရက်ကတောင် ကိုယ့်လူမျိုးကိုကိုယ် တစက်လေးမှ နှိမ့်ချပြောဆိုချင်စိတ်မထားပဲ ကိုယ့်လူမျိုးတွေနဲ့ဒိုးတူပေါင်ဖက် ကိုယ့်လူမျိုးတွေတိုးတက်ရေးအတွက် မြေပဲကနေ စက်မှုလက်မှုကုန်ကြမ်းပစ္စည်းတွေထုတ်လုပ်မှုပေါင်း ၁၀၀(ခန့်မှန်း)ကျော်ကို တီထွင်သွားခဲ့သူပါ…
    အင်းလေ.. ဟိုက ဂျော့ကားတီဝါရှင်တန်ပဲ…. :mrgreen:
    တိုက်ဆိုင်မှုရှိရင် တမင်စောင်းတုတ်တာလို့….. မထင်ဂျဘာနဲ့… :harr:

  • padonmar

    October 22, 2012 at 9:00 pm

    ဆရာမလေး လေဒီရေ
    ကျမ ပတ်ဝန်းကျင်ကလူတွေရဲ့ သားသမီးတွေက လှိုင်သာယာမှာပဲကျောင်းတက်ကြတော့ လှိုင်သာယာက ကျောင်းလေးတွေရဲ့ အကြောင်းကြားဖူူးပါတယ်။
    ဒို့ရွာသူလေး တစ်ယောက်ဟာ ဆင်းရဲတဲ့ ကျောင်းလေးတွက် စေတနာဆရာမ စစ်စစ် ဖြစ်ပါတယ်လို့ ဂုဏ်ယူလိုက်ပါတယ်။

  • လေ ဒီ

    October 23, 2012 at 12:32 am

    လေဒီကလည်း ရွာသူရွာသားအပေါင်းတို ့ကိုကျေးဇူးတင်ပါတယ်ရှင်…

Leave a Reply