ရှေးရိုးစွဲဝါဒတွေကို ဆန့်ကျင်ကြ ဆန့်ကျင်ကြ (ဝါ) လွတ်ပြန့်စွဲမှ လွတ်မြောက်ရေး

San Hla GyiOctober 21, 20121min532105

ယနေ့ ကမ္ဘာတွင် ခေတ်စားနေသော အယူအဆနှစ်ခုမှာ အများ သိတော်မူပြီးသည့်အတိုင်း conservative နဲ့ liberal လို့ဆိုကြပါစို့။ တကယ်က ထိုအယူအဆနှစ်ခု ဝါ အုပ်စုနှစ်ခုမှာ အတော်ရှေးကျကတည်းက ရှိခဲ့သည်သာ ဖြစ်ပါ၏။ ဘယ်ကတည်းက စခဲ့သလဲဆိုရင် သေသေချာချာတောင် မသိပါ။ ဒါပေမယ့် အတော်ရှေးကျကတည်းက ရှိခဲ့တာတော့ သေချာလှသည်။ ဆီလျော်အောင် မြန်မာမှု ပြုရသော် ရှေးရိုးစွဲဝါဒီများ နှင့် တိုးတတ်ရေးဝါဒီများ ဟုဆိုရမည် ထင်သည်။ ဂေဇက်သူကြီး၏ စကားလုံးကို သုံးစွဲရသော် လွတ်ပြန့်စွဲ ရှိသူများနဲ့ လွတ်ပြန့်စွဲမှ လွတ်မြောက်သူများဟုလည်း ဆိုနိုင်ပါ၏။ နှစ်သက်ရာကို ယူတော်မူကြပါကုန်။

ဆိုခဲ့ပြီးသည့်အတိုင်း အုပ်စုနှစ်ခု ဝါ အရှေ့နှင့်အနောက်ပမာ ဆန့်ကျင်ဘက် ဝါဒနှစ်ခု ဖြစ်ရကား အခါအားလျော်စွာ ဓမ္မဖိုက်တင်ပွဲလေးများလည်း ရှိကြကုန်၏။ ကျွန်ုပ်မှာကား ပြာမှုန်မှိုင်းရီ ရှေးအတိတ် ကာလဆီကပင်လျှင် ရှေးရိုးစွဲဝါဒီ တယောက်ဟု ဆိုသော် ရပေသည်တမုံ့။ သို့ရာတွင် မန်းဂေဇက်ကို ဝင်ရောက်ပြီး စာပေရေးသားခြင်းနှင့် ဆွေးနွေးခြင်းများကို အတန်ငယ် ပြုလုပ်မိသည့်အခါ လွတ်လပ်သော လစ်ဘရယ်ဝါဒ သမားများ၏ ရှေးရိုးစွဲဝါဒများကို တိုက်ဖျက်သော စာများဖတ်ရသောကြောင့် တကြောင်း ပညာရှိ အယ်ဒီတာကြီး၏ ဝေဖန်ဆန်းစစ်ချက်များကို နားထောင ်ရသဖြင့်လည်းကောင်း လစ်ဘရယ်ဝါဒ သမားများ၏ ခေတ်ရှေ့ပြေးသော ဆောင်းပါးများမှာ မကြာခဏ sticky များရတတ်သည်ကို တွေ့ရသဖြင့်လည်းကောင်း ကျွန်ုပ်၏ ရှေးရိုးစွဲဝါဒများ၏ အမှားများကို ရုတ်ချည်း သိမြင်လာပါတော့သည်။

ထို့ပြင်တဝ ရှေးရိုးစွဲဝါဒကို ဝေဖန်နိုင်သော ပညာရှင်များမှာ ဆောင်းပါးများ sticky ရတတ်ခြင်း မန်းဂေဇက် သတင်းစာကြီးတွင် ပုံနှိပ်ဖော်ပြခွင့်ရပါက ပွိုင့် ၈၀၀ဝ ကျော်ရနိုင်ခြင်း ရွာသားကြီး ရွာသူကြီးများ အဖြစ်လည်း ရှေးရိုးစွဲဝါဒီများ ဖတ်ရှုခွင့် မရသောဆောင်းပါးများကို ကြွားကြွားဝင့်ဝင့် ငွားငွားစွင့်စွင့် ဝင်ရောက် ဖတ်ရှုပြီး ထွားထွားပွင့်ပွင့်  ဝေဖန်လေကန် နိုင်ခြင်း စသည်များကြောင့်လည်း ကျနော် လစ်ဘရယ်ဝါဒီ လုပ်လိုလှပါသည်။ အမှန်တော့ ရှေးအခါက ပွိုင့်ကို ဂရုမစိုက်သေးပါ။ သို့ပေသိ ရွာသားကြီး ရွာသူကြီးတို့၏ ကွန်မန့်များကို မြင်နေရပြီး ဖတ်ရှုခွင့် မရသောကြောင့် မြင်သာမြင်ရ မကြင်ရ မောင့်ကိုယ် ဖြစ်နေပါသဖြင့် မိမိကိုယ်ကို ရှေးရိုးစွဲဝါဒများကို တော်လှန်ပြီး လစ်ဘရယ်ဝါဒီ ဖြစ်အောင် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်ပါသည်။

ကဲ ဒီတော့လည်း လက်ညှိုးထောင် ကိုယ်ရောင်လင်းလိုက်မယ် ထင်လင်းစွာ မြင်ကြစေသတည်းပေါ့။

ထို့ကြောင့် ရှေးရိုးစွဲဝါဒနှင့် ရှေးရိုးစွဲဝါဒသမားများကို မထောက်မညှာ ဝေဖန်သင့်သည်ဟု ဆုံးဖြတ်လိုက်ပါတော့သည်။ ပထမဦးစွာ ရှေးရိုးစွဲဝါဒများကို အရင်ဆုံး ကြည့်ကြပါစို့။ ကျနော်တို့ မြန်မာနိုင်ငံတွင် ရှိနေသော ရှေးရိုးစွဲဝါဒများကို အာဝါဟ ဝိဝါဟမင်္ဂလာ ကိစ္စမှ စတင်၍ ကြည့်ကြရအောင်။ အရင်ဆုံးအနေဖြင့် မြန်မာနိုင်ငံတွင် ထိမ်းမြားလက်ထပ ်မင်္ဂလာပွဲများတွင် မင်္ဂလာရှိသော သီချင်း စကားစသည်များကို ပြောရမည်ဆိုသော အတွေးအခေါ်မှာ ရှေးရိုးစွဲဝါဒတရပ် အနေနဲ့ ခိုင်ခိုင်မာမာ ရှိနေချေသည်။ မြန်မာနိုင်ငံဟုသာ စကားလှအောင် ပြောရငြား ဤအယူအဆမှာ နိုင်ငံတိုင်းလိုလိုတွင် ရှိသည်ကား သေချာသည်။ ဘယ်သူက စခဲ့မှန်းလည်းမသိ ဒါပေမယ့် ဒီရှေးရိုးစွဲဝါဒကား သက်တမ်း နှစ်ရာဂဏန်းအောက်တော့ မလျော့တာ ကျိန်းသေသည်။ ဒီထက်သာ ပိုရမည်။

အဘယ်ကြောင့်နည်းဆိုသော် ကျနော်၏ အဘိုးနဲ့အဘွား မင်္ဂလာဆောင်တော့လည်း ဒီအတိုင်း။ ဆိုပါတော့ သီချင်းကိုယ်က “အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ သာသနာရောင်လင်း ကောင်းခြင်း ခုသည်ချိန်ခါ” ဘာညာပေါ့ဗျာ။ အဖိုးက တိုက်ပုံအဖြူနဲ့ လည်ကတုံးနဲ့ အဖွားကလည်း ဆံထုံးကြီးနဲ့ ပန်းတွေပန်လို့ပေါ့။ ကျေးဇူးရှင် အဖေနဲ့ အမေလက်ထပ်တော့လည်း ထိုနည်းလည်းကောင်း “ဇေယျတုမှာ ငွေခရုပါ မသွေအမှုပြုကြတဲ့ မင်္ဂလာအခါ” စသည်ဖြင့်။ ဦးကြီး ဦးလေး ဒေါ်ကြီး ဒေါ်လေးများ အိမ်ထောင်ပြုတော့လည်း ထိုနည်းတူစွာ သီချင်းလေးတွေကိုယ်က မင်္ဂလာဆိုတဲ့ စကားလုံးလေးတွေနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း သူများတွေအားလုံးလည်း ထိုနည်းလည်းကောင်း။

ဒီဘက်ခေတ်လည်း ဒီလိုပါပဲ။ ပုံစံသာ နည်းနည်းကွာနိုင်ပေမယ့် အနှစ်သာရကတော့ ဒီအတိုင်းပါပဲ။ ဥပမာ အခမ်းအနား ကြေညာသူတွေက အသံကောင်းကောင်းနဲ့ “မင်္ဂလာ ဇနီးမောင်နှံနှစ်ယောက်ဟာ မင်္ဂလာစင်မြင့်ပေါ်ကို ကြွလာတဲ့ အခါမှာ မင်္ဂလာရွှေယောက်ဖကြီးမှ မင်္ဂလာပန်းကုံးကြီး စွပ်ပေးရန် ဖြစ်ပါတယ်။ ပြီးလျှင် မင်္ဂလာတီးဝိုင်းက ဖျော်ဖြေတဲ့ မင်္ဂလာတေးသံသာ များကို နားဆင်ရင်း တည်ခင်းထားတဲ့ မင်္ဂလာမုန့်များကို မင်္ဂလာဆွေမျိုးမိတ်သင်္ဂများက မင်္ဂလာရှိရှိနဲ့ သုံးဆောင်ကြပါ။” ပေါ့။

ဒါဖြင့် ကောင်းပြီ။ ဒီလိုလုပ်တော့ကော လက်ထပ်တဲ့ ဇနီးမောင်နှံတိုင်း ဘဝတလျှောက်လုံး အဆင်ပြေသလားဆိုတော့ ပြေတာလည်းရှိ မပြေတာလည်း ရှိပေါ့။ ဘယ်လိုမှလည်း တိုက်ရိုက် သက်ရောက်မှု မရှိဘူး မိတ်ဆွေတို့။ ဒီတော့ ဒီရှေးရိုးဝါဒကြီးကို ဆန့်ကျင်ကြစို့။ ဒါတွေမြင်လို့ သူကြီးက ရှေးရိုးစွဲဝါဒတွေကို ဆန့်ကျင်တာ ဖြစ်မှာပဲ။ ရှေးရိုးစွဲဝါဒတွေကို ဆန့်ကျင်ကြ ဟဲ ဟဲ။

ဥပမာ ဒီလိုဖွင့်နေကျ မင်္ဂလာသီချင်းတွေ ဖွင့်မယ့်အစား ဒေါ်မာမာအေးရဲ့ အသည်းနာ ကမ္ဘာမကြေဖွင့်တော့ကော ဘာဖြစ်သေးလဲ။ “သံဃာတော်တွေ သွေးမြေကျရပြီတဲ့ ဘေးဆယ်တန် ရန်ဆယ်ပါး လွတ်ငြားမရှိ သိပါစေ” ဆိုရင် ဒေါ်မာမာအေးရဲ့ ငိုသံပါနေတဲ့ အသံလေးနဲ့ဆိုလဲ ဖြစ်တာပဲ။ ဒါမှမဟုတ် လေးဖြူရဲ့ “အေးစက်လွန်းတဲ့ အပြုံးဟာ သင်းချိုင်းကုန်းကြီး တခုလိုပဲ” ဆိုလဲ ရတာပဲ။ ဒါမှမဟုတ် ဝတ်အဖွဲ့ခေါ်ပြီး “သုသာန်တစ သင်းချိုင်းဝ၌ မုချမသွေ စွန့်ပစ်ရလေတော့ သည်သာတည်း” ဆိုပြီး ဝတ်ရွတ်လည်း ဖြစ်တာပဲ။ ဟာ ခင်ဗျားကလည်းဗျာလို့ မျက်လုံးမပြူးနဲ့ မိတ်ဆွေတို့။ ဒီရှေးရိုးစွဲဝါဒတွေဟာ လူတွေရဲ့ အတွင်းစိတ်ထဲမှာ ခိုင်ခိုင်မာမာကို အမြစ်တွယ်နေလို့ ဒီလိုကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။ ဒါမှ ရှေးရိုးစွဲဝါဒတွေနဲ့ ရန်ငါစည်း ပြတ်လိမ့်မယ်။ ရှေးရိုးစွဲဝါဒတွေကို ဆန့်ကျင်ကြ ဆန့်ကျင်ကြ။ သူကြီးရေ ဆန့်ကျင်နေတယ်နော်။

ဒီလိုမှ မဟုတ်ရင် ရှေးရိုးစွဲဝါဒတွေက နှစ်ပေါင်းများစွာ စွဲလန်းလာတော့ ဖြတ်ဖို့ အရမ်းခက်ပြီး အချိုမှုန့်ပမာ စွဲလန်းနေကာ ဆေးပေါ့လိပ် လုပ်ငန်းနဲ့ တူတဲ့ ရှေးရိုးစွဲဝါဒတွေကို မကောင်းမှန်း သိရက်နဲ့ ဆေးပေါ့လိပ်ပမာ သောက်သုံးနေကြပြန်ရော။ အနာဂျက်ဆင် ဆေးဝါးပမာ ယနေ့ခေတ် ရှေးရိုးစွဲဝါဒများ ဆိုပါတော့။

ရှေးဂျပန်လူမျိုးတွေဆိုရင် စကားလုံးတွေထဲမှာ ဝိညာဉ်ဟာ ပိတ်မိနေတတ်တယ်လို့ ကြံကြံဖန်ဖန် ယူဆခဲ့ကြတယ်ဆိုပဲ။ အခုတော့ ခေတ်မီလာပြီဆိုတော့ ဒင်းတို့ ရှေးရိုးစွဲဝါဒတွေ ရှိသေးလားမသိ။ ရှိတော့ ရှိအုံးမှာပါ။ ဒါကြောင့် လက်ထပ်မင်္ဂလာပွဲလို ပွဲတွေမှာ ဆိုရင် ကျကွဲတယ်တို့ ကွဲကွာတယ်တို့ ပျက်စီးတယ်တို့ ဆင်းရဲတယ် ပူဆွေးတယ် ငြိုငြင်တယ်ဆိုတဲ့ စကားလုံးတွေကို မသုံးမိအောင် ဂရုစိုက်ကြသတဲ့။ ကဲ ရှုလော့ အဆွေတို့။ ကျနော့်စိတ်ထင် ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း ခေါ် ဒီကမ္ဘာကြီးမှာ ကိုယ့်ပါးစပ်က ထွက်တဲ့အသံ ကိုယ်ပြန်ကြောက်တတ်တဲ့ သတ္တဝါဟာ လူပဲဖြစ်လိမ့်မယ်။ ကျန်နိုင်ငံတွေလည်း ဒီဝါဒကို တော်တော်ကို လက်ခံကြလေရဲ့။

ဒီတော့ ဒီလို ရှေးရိုးစွဲဝါဒတွေကို ဆန့်ကျင်ကြရမယ်။ ရှေးရိုးစွဲဝါဒတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့အတွက် ကျနော်သာ မင်္ဂလာဆောင်တခုမှာ ဘိသိတ်ဆရာ လုပ်ရင် ဒီလိုပြောမယ် စိတ်ကူးတယ်။ “ဒီမင်္ဂလာပွဲဟာ ကြက်ဥကြီး ကျကွဲသလို ရုတ်တရက် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်နဲ့ ကွဲကွာလာခဲ့ပြီး ဒီနှစ်ရဲ့ အစပိုင်းမှာ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမင်္ဂလာပွဲကြီး သန္ဓေတည် မွေးဖွားလာခဲ့ပြီး ဒီပွဲကြီးဟာ နောက်အချိန် နာရီအနည်းငယ်မှာ ပျက်စီးပြီးဆုံးခြင်းသို့ ရောက်မှာ ဖြစ်ပါတယ်။ ဒီလူကြီး လျှာရှည်နေတဲ့ အတွက် တို့တွေ ရှေ့မှာချထားတဲ့ စားစရာတွေကို မစားရသေးတာပဲ ဆိုပြီး  ဆင်းရဲ ငြိုငြင်စွာနဲ့ ပူဆွေးပြီး စိတ်မချမ်းမသာ ဖြစ်နေကြမယ် ဆိုတာ ကျနော်သိပါတယ်။ ဒါကြောင့် ကျနော်လည်း ဘိသိတ်ဆရာအလုပ်နဲ့ အိုးစားမကွဲရလေအောင် အခု ဒီမှာတင်ပဲ အဆုံးသတ်ပါပြီ။” ဒီလို ပြောတဲ့ ဘိသိတ်ဆရာတော့ သိပ်မလွယ်ပါဘူး။ သတို့သား သတို့သမီးရဲ့ နှစ်ဖက် မိဘ ဆွေမျိုး မိတ်ဆွေတွေ ဝိုင်းပြီး ဆွမ်းကြီးလောင်းတာကို ခံရဖို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ရှေးရိုးစွဲဝါဒီ အာဏာရှင်စနစ်ရဲ့ နောက်ပြီးဆွဲတွေပါ။

ဒါပေမယ့် ဒီရှေးရိုးစွဲဝါဒတွေကို တော်လှန်ရမယ်။ လိုအပ်ရင် ယာဉ်ကျေးမှု တော်လှန်ရေး ဆင်နွှဲရမယ်။ သူကြီးကိုယ်တိုင်လည်း ယာဉ်ကျေးမှု တော်လှန်ရေးတခု လိုအပ်နေကြောင်း ပြောခဲ့ပြီးပြီ။ နောက်ထပ် ဒုတိယအနေနဲ့ ရှေးရိုးစွဲဝါဒကြီးတခုက ယောကျာင်္းကောင်းဆိုတာ ရှိုက်ကြီးတငင် မငိုရဘူး။ ကိုယ်ရဲ့ ပူပန်သောကတွေ စိတ်ဆင်းရဲတာတွေကို တတ်နိုင်သမျှ ဇနီးမယား မသိစေရဘူး။ လူရှေ့သူရှေ့မှာ မငိုရဘူးဆိုတဲ့ ဘယ်ကောင် လုပ်သွားမှန်း မသိတဲ့ ရှေးရိုးစွဲဝါဒကြီးပဲ။ ဒီဝါဒကြီးလဲ ကြာတာတော့ အလွန်ကို ကြာခဲ့ပြီ။ ရှေးခေတ် ဓားတွေ လှံတွေနဲ့ စစ်တိုက်ရတဲ့ခေတ်က သူရဲကောင်းတွေဆို ပိုတောင်ဆိုးသေးတယ်။

ကြာတော့ ဘာဖြစ်သလဲ။ ဘာမှ မဖြစ်ဘူး မိတ်ဆွေတို့။ ဒီမကောင်းတဲ့ ရှေးရိုးစွဲဝါဒကြီးကို ဖယ်ရှားရမယ်။ လူတွေရဲ့ ပျမ်းမျှသက်တမ်းဟာ အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်တယ်လေ။ ရှည်မှာပေါ့ဗျာ။ မိန်းကလေး ဆိုတာကတော့ မွေးကတည်းက ငိုခွင့်လိုင်စင် အလိုလို ရပြီးသားပဲ။ စိတ်မကောင်းရင် အဟင့် ရွှတ် ဘွတ် ဒိုင်း ဆိုပြီး ငိုချလိုက်။ ဘယ်သူမှ မကဲ့ရဲ့ဘူး။ မိန်းမတွေရဲ့ လက်နက်က မျက်ရည်လို့တောင် ပြောသေးတယ် မဟုတ်လား။

ယောကျာင်္းတွေကျတော့ ပူပင်သောကရှိလဲ ရင်ထဲမှာပဲ ကြိတ်ပြီး ခံနေကြတော့ အသက်တိုကုန်တာပေါ့။ ဒါကြောင့် ဒီအသက်တိုစေတဲ့ ရှေးရိုးစွဲဝါဒကြီးကို အမျိုးသားများက တွန်းလှန်ရမယ်။ ငိုစရာရှိရင် ဝမ်းနည်းတကြီး ငိုတတ်ရမယ်။ ဒီ ယောကျာင်္းဆိုတာ စိတ်ဓတ်ကြံ့ခိုင်ရမယ် ဘာညာဆိုတဲ့ ဘယ်ကောင် လုပ်သွားမှန်း မသိတဲ့ ရှေးရိုးစွဲဝါဒကြီးကို အချိုမှုန့်ပမာ စွဲလန်းမနေကြနဲ့။

ပြောင်းပြန်အနေနဲ့ ပြောရရင် မိန်းကလေးတွေကျတော့ မိန်းမသားဆိုတာ အားနွဲ့သူဆိုတော့ စိတ်ထိခိုက်လွယ်တယ်။ မျက်ရည်ကျလွယ်တယ် ဆိုတဲ့ ရှေးရိုးစွဲဝါဒကြီးကို ဆေးပေါ့လိပ်ပမာ ဖက်တွယ်မနေကြနဲ့။ အဲဒါ မိန်းကလေးတွေကို ခေတ်အဆက်ဆက် နှိမ်ခဲ့တာ။ ငိုစရာရှိလည်း မငိုနဲ့။ ကြိတ်မှိတ်ပြီး ကြိုးစားပြုံးရမယ်။ စိတ်ထိခိုက်တာနဲ့ ငိုတယ်ဆိုတဲ့ မိန်းကလေးဟာ ခေတ်နောက်ပြန်ဆွဲတဲ့ ရှေးရိုးစွဲဝါဒီတဦး ဖြစ်ပြီး ဖောက်ပြန်ရေးသမား တယောက်ဖြစ်တယ်။

နောက်ပြီး ရှိသေးတယ်။ “ဒီကတော့ မိန်းကလေးမို့ အစဉ်အလာတွေရဲ့ စည်းဝိုင်းထဲမှာ ရင်ခုန်စွာ တံခါးစေ့ရုံပဲ” တို့ဘာတို့ ဆိုတဲ့သီချင်းမျိုးတွေလည်း နားမထောင်ကြနဲ့။ မဆိုကြနဲ့။ အဲဒါ ဘယ်တုန်းကတည်းက စမှန်းမသိတဲ့ ရှေးရိုးစွဲဝါဒတွေ။ အဲဒါတွေကို တွန်းလှန်ကြ။ တွန်းလှန်ဖို့ ကြိုးစားနေသူတွေ ရှိတယ်ဆိုလို့ မဆိုးဘူးလို့ ဆိုရမယ်။

ဟိုတလောကတောင် ဒီမန်းဂေဇက်မှာ မိန်းကလေး လေးယောက်က ယောကျာင်္းလေးတယောက်ကို ဘာညာကွိကွဆိုလား လုပ်တယ်လို့ ဖတ်ဖူးတယ်။ ဒီမိန်းကလေးတွေဟာ ရှေးရိုးစွဲဝါဒ တခုကို အပွင့်လင်းဆုံး ဆန့်ကျင်တဲ့ အာဂ မိန်းကလေးတွေပဲ။ အတုယူကြပါ။ အဲဒီလောက်တော့ မလုပ်ရဲသေးဘူး ဆိုရင်တောင် ယောကျာင်္းလေး တယောက်ကို “ဒီကတော့ မိန်းကလေးမို့……..ရင်ခုန်စွာ တံခါးစေ့ရုံပဲ” လို့ သီချင်းဆိုပြမယ့်အစား “မချစ်ရင် သတ်ပစ်မယ်” ဆိုတာလောက်တော့ ပြောနိုင်အောင် ကြိုးစားကြ။ ဒီ ကိုယ့်စိတ်ထဲမှာ စွဲလန်းနေတဲ့ ရှေးရိုးစွဲဝါဒတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။ ရှေးရိုးစွဲဝါဒီတွေနဲ့ ရန် ငါစည်း ပြတ်ကြရမယ်။

ရှေးရိုးစွဲ အစဉ်အလာ ဝါဒတွေကို အနာဂျက်ဆင် ဆေးဝါးပမာ စွဲလန်းတာတွေကို ရှောင်ကြဉ်ရမယ်။

မိဘတွေ သဘောမတူပဲ ခိုးပြေးတာကတော့ ဟိုတုန်းကတည်းက အထိုက်အလျောက် ရှိပြီးသားဆိုတော့ သိပ်ပြောစရာ မလိုတော့ဘူး။ ဒါပေမယ့် အစဉ်အလာ ရှေးရိုးစွဲဝါဒသမားတွေ ဖြစ်နေတာက ယောကျာင်္းလေးကပဲ မိန်းကလေးကို ခိုးပြေးရမယ်ဆိုတဲ့ သဘောမျိုး လုပ်ထားတယ်။ ဒါဟာ မတရားတာပဲ။ မိန်းကလေးတွေကို ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရှိဆိုတဲ့ သဘောမျိုး လုပ်ထားတာ။ အဲဒီတော့ ဒါကိုလည်း ဆန့်ကျင်ရမယ်။ မိန်းကလေးတွေက ကိုယ်ကြိုက်တဲ့ ယောကျာင်္းလေးကို အတင်းခိုးပြေးတာတို့ ကားတင်ပြေးတာတို့ အချစ်ကို ဓားပြတိုက်ယူတာတို့ လုပ်ကြရမယ် ဟဲ ဟဲ။

လိုအပ်ရင် သတင်းစာထဲမှာ ထည့်ပြီး ကိုကိုက သမီးကို ခိုးတာ မဟုတ်ပါဘူး။ သမီးက ကိုကို့ကို ခိုးတာပါလို့ ကြေညာနိုင်ရမယ်။ အမှန်တော့ ရှေးရိုးစွဲဝါဒတွေက တကယ့်ကို အများကြီး။ ဘယ်လိုမှ ဆောင်းပါးတပုဒ်ထဲနဲ့ ပြီးမှာမဟုတ်ဘူး။ ဒါကြောင့် ထင်ရှားတာလေးတွေပဲ ရေးနိုင်တယ်။

နောက်ပြီး ရှိသေးတယ်။ အမျိုးသားတွေက အမျိုးသမီးတွေကို အရာရာမှာ ဦးစားပေးရမယ် ဥပမာ အန္တရယ် ရှိရင် ယောကျာင်္းတွေက အရင်ရင်ဆိုင်ရမယ် ဆိုတာလဲ တကယ့်ကို ရှေးရိုးစွဲ ဝါဒကြီးပဲ။ ဒါကြီးလည်း ဘယ်ခေတ်က ဘယ်သူစတယ် မသိဘူး။ ကြာတာတော့ သံမဏိ သက်တမ်းပဲ။ အဲဒါ အလကား ပြောတာမဟုတ်ဘူး(မိုးပြာဆရာများ လေသံဖြင့်) မိန်းကလေးတွေကို အားနွဲ့သူတွေ ဆိုပြီး ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ် ဝင်အောင်လုပ်တာပဲ။ တိုက်တန်းနစ် သဘောင်္ကြီး မြှပ်တုန်းက ရုပ်ရှင်ထဲမှာသာ လူတွေက အလုအယက် တတ်နေကြတာ။ တကယ့်အမှန်က ယောကျာင်္းတွေက အသက်ကယ်လှေတွေပေါ်ကို မိန်းမတွေ ကလေးတွေ သက်ကြီးရွယ်အိုတွေကို ဦးစားပေး တင်ပေးပြီး သူတို့နေခဲ့ကြတာတဲ့။ သိပ်မိုက်တဲ့ ရှေးရိုးစွဲဝါဒသမားတွေ။

ဒါကြောင့် ဒီကိစ္စလဲ ဆန့်ကျင်ရမယ်။ လူအချင်းချင်း အတူတူပဲ ဖြစ်ပြီး ဒီနေ့ခေတ်မှာ မိန်းကလေးတွေက ယောကျာင်္တွေနဲ့ ရင်ဘောင်တန်းနေပြီ ဆိုတော့ သူတို့ကို အထင်သေးပြီး အန္တရာယ်နဲ့ ကြုံရင် ယောကျာင်္းတွေကပဲ ရင်ဆိုင်ပြီး မိန်းကလေးတွေကို ဦးစားပေးမယ်ဆိုတဲ့ ရှေးရိုးစွဲဝါဒကို ဖျောက်ကြစို့။ ဒါဟာ မဟာဖိုဝါဒလို့ ခေါ်တယ်။ ကားပေါ်မှာ နေရာလေး ဖယ်ပေးတာက အစပေါ့။ မိန်းကလေးတွေကိုလည်း ထွက်ပြီး ရင်ဆိုင်ခိုင်းရမယ်။

မိန်းကလေးတွေကလည်း အစွမ်းအစကို ပြကြပါ။ ရှေးရိုးစွဲဝါဒတွေရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ကြ။

နောက်ပြီး အများကြီးမှ အများကြီး ရှေးရိုးစွဲဝါဒတွေက ရေးလို့တောင် မကုန်ဘူး။ မိဦးဖဦး ဆရာဦးကို ခူး၍အရင် မစားနဲ့တို့ ဘာတို့ ဆောင်ပုဒ်တွေတောင် လုပ်ထားသေးတယ်။ အဲဒီတော့ အဲဒါတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ခေတ်မီတိုးတတ်တဲ့ လစ်ဘရယ် လူ့အဖွဲ့အစည်းဆီသို့ အမြန်ဆုံး ခရီးနဲ့ ပုဂံလုံးစီးပြီး ချီတတ်ကြပါစို့။ ဦးနှောက်ကို မုန်တိုင်းတိုက်လိုက်သည်။

အလေးနီဖြင့်

စံလှကြီး

105 comments

  • kolumbus

    October 21, 2012 at 6:47 pm

    ဖတ်ပြီး သဘောကျ ကြောင်းပြောလိုပါတယ်။
    ဘက် မပြောင်းလည်း ကိုစံလှကြီး ရဲ့ ရေးအားနဲ့ဆို မကြာခင် ကြယ်သုံးပွင့် လောက်တော့ ဖြစ်လာနိုင်ပါတယ်။
    ဘက် ပြောင်းတော့ လည်း နှစ်ဖက်စလုံးကို သိရတော့ ပိုကောင်းတာပေါ့နော…
    လစ်ဘရယ် လည်း အုပ်စုတောင့်ရင် ကြောက်ရတာပဲ…

    • San Hla Gyi

      October 21, 2012 at 8:51 pm

      ကို kolumbus ရေ
      ခင်ဗျားကလောင်ကို ကျနော့်ပို့စ်မှာ ပထမဆုံး မြင်ရတယ် ထင်ပါတယ်။ အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးပါ။ ကျုပ်က တကယ့်ကို လစ်ဘရယ် ဝါဒသမားဗျ။ ဘုရားစူး မိုးကြိုးပွတ် မြေပွေး ထွန်တုံးလောက်ရှိတဲ့ အကောင်ကြီး ကိုက်ရစေရဲ့။ ကျုပ်ကို မဟုတ်ပါဘူး။ ကျုပ်နဲ့ မတည့်နဲ့ ရှေးရိုးစွဲဝါဒီတွေကိုပါ။
      အဲဒီလို လစ်ဘရယ် ဝါဒသမားဆိုတော့ ကျုပ်က ကြယ်သုံးပွင့်တို့ ကြယ်လေးပွင့်တို့ကို ဂရုမစိုက်ပါဘူး။ ကျုပ်အနေနဲ့လည်း အဲဒီ သုံးပွင့် လေးပွင့်သမားတွေကို ကလောင်ချင်းတောင် ယှဉ်နိုင်တယ် ထင်တာပဲလေ။ ကျုပ်နဲ့ ခင်တဲ့ လစ်ဘရယ်သမားတွေကို မဟုတ်ပါဘူး။ ကွန်ဆာဗေးတစ်တွေကို ပြောတာပါ။ ဥပမာ ကိုပေဆို ကျုပ်နဲ့ခင်လို့ ကျုပ်ပြောတဲ့ ကြယ်သုံးပွင့်ထဲမှာ သူမပါဘူးဗျာ။ ဒီလို ပြောလို့ တချို့က ကျုပ်ကို မာနကြီးသလေး အတ္တတင့်ကား ဘာဖြစ်တယ်လေး ဘာညာနဲ့ တီးတိုး တီးတိုး သဖန်းပိုး လုပ်ချင်သေးတယ်။ ဘယ်သူ ရှိရမလဲ ကွန်ဆာဗေးတစ် တွေပေါ့ဗျာ။
      ဒါဖြင့် ဘာကို ဂရုစိုက်နေတာလဲဆိုတော့ ဒီလိုဗျ။ အခုဟာက ရွာသားကြီးတို့ ရွာသူကြီးတို့ ဖြစ်နေတဲ့ လူတော်တော်များများက ကျုပ်တို့ လစ်ဘရယ ်စစ်သားတွေ များတယ်ဗျ။ ပြောရတာ အရသာ ရှိလိုက်တာဗျာ။ အဲဒီတော့ ရွာသားကြီးတို့ ရွာသူကြီးတို့မှ ဖတ်ခွင့်ရတဲ့ ပို့စ်တွေကို ကွန်ဆာဗေးတစ်တွေက ဖတ်ခွင့်မရသလို ကွန်မန့်တွေလဲ ပေးခွင့်မရဘူးပေါ့။ အဲဒါက ကျုပ်အနေနဲ့ မတရားဘူးလို့ ခံစားရတယ်ဗျ။ ဒီပို့စ်က မသင့်တော်လို့ အားလုံး မဖတ်ကြနဲ့ဆိုလဲ အားလုံးပဲပေါ့။ အမှန်တော့ လစ်ဘရယ် ဝါဒသမားတွေက အားကောင်းလွန်းလို့ ဒီလိုပို့စ်မျိုးတွေကို ကွန်ဆာဗေးတစ်တွေ ဖတ်လဲ ကွန်မန့်ပေးရဲမယ် မထင်ပါဘူး။ သူတို့ကိုလည်း ဖတ်ခွင့်ပေးသင့်တာပေါ့။ သူတို့ ပြောတာ ရိုင်းရင်လည်း ဖျက်လိုက်ပေါ့။
      နောက်ပြီး ကျုပ်က လစ်ဘရယ်ဝါဒသမား ရွာသားကြီးတွေ ရွာသူကြီးတွေ ရေးတဲ့ ကွန်မန့်တွေကိုလဲ မြင်သာမြင်ရတာ။ ဖတ်လို့ မရဘူးဗျ။ စကားပုံအတိုင်းဆို ဆင်ရဲ့ ဟိုအဝှာကို ခွေးမျှော် ဆိုသလို ဖြစ်နေတာကိုး။ အဲဒါကြောင့်ပါ။ ကျုပ်က ဒီပို့စ်ကို ရေးလိုက်တာ။
      ကျုပ်ကို ဖတ်ခွင့် ရေးခွင့်ပေးပြီး ကျန်တဲ့လူတွေက ကြည့်ရုံပဲကြည့်နေလို့ဆိုရင် ဘယ်တရားပါ့မလဲ။ အဲဒါမျိုးဆို ကျုပ်က ရှက်တာနဲ့ အဲဒီအခွင့်အရေးကို မယူဘူးလို့ စဉ်းစားထားတယ်။
      ပြောမယ့်သာ ပြောရတာဗျ။ ကျုပ်တို့ သူကြီးက တကယ့်ကို သမာဓိချိန်ခွင်ကြီးလို လူစားမျိုးဗျ။ သမာသမတ် ကျတဲ့ နေရာမှာ ပြောပါတယ်။

  • မောင်ပေ

    October 21, 2012 at 7:39 pm

    တစ်ကယ်တမ်းကြတော့
    ဆရာစံ ရယ်
    လူဆိုတာ ပုတ်သင်ညို ဆိုတဲ့ အကောင်ကို အတုယူခဲ့တာ
    တော်တော်ကြာခဲ့ပါပေါ့ကလား

    • San Hla Gyi

      October 21, 2012 at 9:20 pm

      ကိုပေရေ
      အမှန်တော့ ရှေးရိုးစွဲ ဝါဒသမားတွေဟာ အတော့်ကို ပြောရခက်တယ်ဗျာ။ ပြောရတာ အားလဲနာတယ် ခင်လဲခင်တယ် ဆိုသလိုပေါ့ဗျာ။ ဒီလိုဗျ။ လစ်ဘရယ်ဆိုတာကိုက အပြောင်းအလဲကို လက်ခံသူ ပြောင်းလွယ်ပြင်လွယ် ရှိသူဆိုတဲ့ သဘောမျိုးဗျ။ ကွန်ဆာဗေးတစ် ဆိုတာကတော့ အပြောင်းအလဲ မှန်သမျှကို လက်မခံနိုင်သူလို့ကို အဘိဓာန်က ပြတယ်ဗျ။ အဲဒီတော့ ဘာဖြစ်ရမလဲ။ ဥပမာ စည်းကမ်းချက် အမှတ် ၆ ဆိုရင် “လူမျိုးရေး ဘာသာရေး အသားအရောင် ခွဲခြားမုန်းတီးမှု ဖြစ်စေသော စာများမတင်ရ” ပေါ့ဗျာ။ အဲဒါကို တရားသေ ဝါဒသမားတွေက ဘယ်သူပဲဖြစ်ဖြစ် မတင်ရဘူးလို့ ထင်တတ်တယ်ဗျ။ ကျုပ်တို့ လစ်ဘရယ်ဝါဒသမားတွေကျတော့ ဒါမျိုးဆိုရင် ဒီလိုယူတယ်ဗျ။ လစ်ဘရယ်ထဲက ရေးလို့ရှိရင်(တကယ်လဲ ရေးခဲ့ဖူးပါတယ်) “အော် သူကတော့ ရွာသားကြီးမို့ပါနော့ သူ့စေတနာကို နားလည်လို့ပါနော့ ဒီတော့ ချွင်းချက်နဲ့ တင်ခွင့်ပြုပါတယ်နော့” ဘာညာပေါ့ဗျာ။ ပြောင်းလွယ် ပြင်လွယ် ရှိရမယ် မဟုတ်လား။ လိုအပ်ရင် ကိုယ်တိုင်သွားပြီး တူးဖော်ကြ ဆွေးနွေးကြ ပျော်ပျော်ပါးပါးပေါ့ ဆိုပြီးတောင် ကလိုက်အုံးမယ်။ ဒီထဲမှာ ဆွေးနွေးတဲ့ အချက်တွေကို တန်ဖိုးထားတယ် ဘာညာပေါ့ဗျာ။ ရှေ့နောက် တလွဲစီ ဖြစ်နေလဲ ကိစ္စမရှိဘူး။ ပြောင်းလွယ် ပြင်လွယ်လေဗျာ သိတယ်မို့လား ဟဲ ဟဲ။ အမှန်တော့ စည်းကမ်းချက် ၆ က ကျုပ်တို့ လစ်ဘရယ်ဝါဒအရ ကြုံ့နိုင်ဆန့်နိုင်တယ်ဗျ။
      အဲ အဲဒါကို ကွန်ဆာဗေးတစ်က ရေးလို့ကတော့ ဟောဒီမှာဗျို့ စည်းကမ်းချက် ၆ နဲ့ညိပါတယ်ဗျို့။ ပါစင်နယ် တိုက်ခိုက်တယ်ဗျို့ တောင်းပန်ရမယ်ဗျို့။ ကွန်မန့်ပိတ်ပါတယ်နော်။ အဖမြန်မာပြည်အတွက်ပါ။ အင်း အနိစ္စ ဒုက္ခ အနတ္တ။ ဥတ္တရိမနုဿ ပါပရေပါပ ဘာညာကွိကွ။ ကြာစိမ် ကျိန်စာ ပေါ့ဗျာ။ ပြောင်းလွယ် ပြင်လွယ်လေဗျာ။ ပြောရတာ အားလဲနာတယ် ခင်လဲခင်တယ်ဗျာ ဟဲ ဟဲ(ဤရယ်သံမှာ ဝါရင့် လစ်ဘရယ်သမား တယောက်ရဲ့ ရယ်သံဖြစ်ပြီး အတုပြုလုပ် ရယ်ခြင်း မလုပ်ကြပါရန်။ ဝါရင့် လစ်ဘရယ်သမားမှ ဒီလို ရယ်တတ်ပါသည်။)
      နောက်ပြီး ကျုပ်တို့ လစ်ဘရယ်သမားတွေဟာ ကွန်မန့်တွေ ဘာတွေပေးလဲ ရှေးရိုးစွဲဝါဒသမားတွေရဲ့ ထိပ်က တတ်နေရမှ ကျေနပ်တာဗျ။ ဆိုင်ဆိုင် မဆိုင်ဆိုင် အဲဒီလို လူတွေရဲ့ ထိပ်က တခုခု တတ်ရေးပြီး နေကြတာဗျ။ ပို့စ်တွေ ဘာတွေဆိုလဲ ဒီအတိုင်းပဲ။ ဆိုင်ဆိုင် မဆိုင်ဆိုင် အတင်းကို အပေါ်ရောက်အောင် တတ်ရေးတာပဲ။ သိတယ်မို့လား အကြံတော် ပိုင်လိုက်ချင် တိုင်ပေါ်အလံစိုက်ချင် ဆိုသလိုပေါ့ဗျာ။
      ပြောရတာ အားလဲနာတယ် ခင်လဲခင်တယ် ကိုပေရာ ဟဲ ဟဲ။

      • မောင်ပေ

        October 25, 2012 at 9:56 am

        ဟားးးးးးး
        အခုမှ ဒီကွန်မင့်ကို သေချာဖတ်မိပြီး တော်တော်ရယ်မိတယ်
        ဘိုစံရေ လေ့လာမှုအားကောင်း မှတ်သားနိုင်စွမ်းကောင်း အကြောင်းနဲ့အကျိုးဆက်စပ်မှုရှိတာကို ရှင်းပြနိုင်စွမ်းအားကောင်းတာကို ကျုပ်တစ်ကယ် သဘောကျ လေးစား အားကျမိပါတယ်
        ဘိုစံရေ ဒီလိုလေးပေါ့နော်
        သီတင်းကျွတ်မှာ တစ်စိမ်းတွေ ဗြောက်အိုးဖောက်ရင် ဖမ်း
        ကိုယ့်သားချင်းဆွေမျိုးမိတ်ဆွေဆိုရင်တော့ ကစားပါစေ
        ကိုယ်တောင်ဝင်ကဲမယ်….. ဆိုသလို

        • San Hla Gyi

          October 25, 2012 at 9:20 pm

          ဟုတ်တယ် ကိုပေရေ
          အဲဒီကွန်မန့်က ဟာသနှောထားပေမယ့် တကယ့်ကိစ္စပါ။ အဲဒီလေသံနဲ့ လုပ်ရပ်က စာပေလောကမှာ ကျော်ကြားတဲ့ “The Daily Islam” သတင်းစာတိုက်ပိုင်ရှင် အယ်ဒီတာ မာမွတ် ရလွတ်ပလွတ် အဗ္ဗဒူလာ ဟူစိန်ဆိုသူရဲ့ ကိုယ်ပိုင်လေသံနဲ့ လုပ်ရပ်ပါ။ သူဟာ လက်ရှိအမေရိကန် နိုင်ငံသား ခံယူထားပြီး ကြားထားတဲ့ သတင်းအရ အလ္လာရဲ့ဓားဆိုတဲ့ဘွဲ့ကိုလည်း ရတယ်လို့ ပြောတယ်။ အမေရိကန်မှာ လူမြင်ကွင်းမှာတော့ လူ့အခွင့်အရေးသမား အယ်ဒီတာ လူရည်မွန်တယောက် အသွင်နဲ့ ဟန်ဆောင် နေထိုင်တယ်လို့ သိရတယ်။ ဒါပေမယ့် အကြမ်းဖက်သမားပါ။ ဒါပေမယ့် မလိုအပ်ရင် အကြမ်းမဖက်ပဲ အနုနည်းနဲ့လည်း စည်းရုံးတယ်လို့ သိရတယ်။ တရားတဖက် ဓားတလက်နဲ့ ဆိုရမှာပေါ့။
          အမေရိကန်မှာ အခြေစိုက်တာလည်း ရေရှည်မျှော်လင့်ချက်နဲ့ပါ။ အမေရိကန်က ကမ္ဘာမှာ စူပါပါဝါနိုင်ငံကြီး မဟုတ်လား။ အမေရိကန်မှာ အုပ်စိုးနိုင်ပြီဆို ကျန်နိုင်ငံတွေကို ခါးစောင်းတင်နိုင်ပြီပေါ့။ ဒါကြောင့် အမေရိကန် နိုင်ငံမှာ သူနဲ့ သူ့နောက်လိုက်တွေ အခြေချ နေနိုင်အောင် နည်းပေါင်းစုံနဲ့ လုပ်နေတယ်လို့ သိရတယ်။ အမေရိကန်ကလည်း အကြမ်းဖက်သမားတွေကို နှိမ်နှင်းတဲ့ နေရာမှာ နာမည်ကြီးပဲလေ။ စစ်ပွဲတောင် ဆင်နွှဲသေးတာပဲ။
          ဒါပေမယ့် အန်ကယ်ဆမ်တို့ ထင်မထားတာက အကြမ်းဖက်သမားဟာ သူတို့ မျက်စိရှေ့မှာ လာနေမယ်လို့ ထင်မထားဘူးလေ။ အဲဒီမှာ ယန်းကီးတွေ နှပ်ပစ်ခံရတာပဲ။ အန္တရာယ် အရှိဆုံး နေရာဟာ အလုံခြုံဆုံးဆိုတာ သိတဲ့ မာမွတ် ရလွတ်ပလွတ် အဗ္ဗဒူလာ ဟူစိန်ခိုင်ဟာ ဘယ်လောက် ဥဏ်ပြေးသလဲဆိုတာ ပြတာပဲ။ အဲဒါကို အမေရိကန်တွေက အာဖဂန်နစ်စတန်ဘက်မှာ ပိုက်စိပ်တိုက်ရှာ တကယ်က သူတို့အိမ်ထဲမှာ ဟိုကရောက်နေပေါ့။
          မကြာခင် မာမွတ် ရလွတ်ပလွတ် အဗ္ဗဒူလာ ဟူစိန်ခိုင်ကြောင့် မျက်နှာဖြူတွေလဲ မျက်ဖြူဆိုက်တော့မှာပါ။

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 21, 2012 at 9:05 pm

    ဟနှိုင်တဲဟနှိုင်တဲ ( သူ့နေရာနှင့်သူ ) လို့ဆိုဂျဒါဘဲ :mrgreen:
    မင်္ဂလာဆောင်တယ် ဆိုလို ပြောရဦးမယ်
    လူတစ်ယောက်ကိုတွေ့ဘူးသဗျ ကြာပြီ
    ခင်ဗျားတို့အဆိုတွေနဲ့ဆို ကွန်ဆာဗေတစ်ဗ် လား လစ်ဘရယ် လားဘာလားသိဘူးဗျ
    ဖြစ်ပုံက ဒီလို
    အဲ့သည်လူက သတင်းစာဖတ်နေတာဗျ မြန်မာ့အလင်းလား ကြေးမှုံလားမပြောတတ် ထားပါတော့ သတင်းစာ
    ဖတ်နေရင်းနဲ့ မင်္ဂလာဆောင်ဘာလို့ခေါ်သလဲ အဲ့တာကြီးသူဖတ်ပြတယ် အသံထွက်ပေါ့
    နောက်သူ့ဖါသာ တစ်ယောက်ထဲပြောတယ်
    တော်တော်ဟုတ်တဲ့လူတွေ ကိုယ့်သမီးပေးရတာ ကိုယ့်သမီးကို သူများဟိုဒင်းလုပ်ပါတယ်ဆိုတာကို
    သတင်းစာထဲထည့်တယ်
    ဒီလိုကိစ္စ သတင်းစာထဲထည့်သင့်သလားဆိုပြီး ကျုပ်ဖက်လှည့်မေးတော့
    ဘယ်ပြောကောင်းမလဲ ကျုပ်ဂေါင်းဆိုတာ ပုတ်လောက်ကြီးသွားတယ်

    • မိုးသောက်ချိန်

      October 21, 2012 at 9:15 pm

      ဟီးးးးးးး
      အဲဒါလည်း စဉ်းစားစရာပဲ
      ရခိုင်ဆိုရင် သမက်တက်ပွဲတဲ့
      ဘာတက်တာလဲတော့ မသိဘူးဗျာ
      စဉ်းစားသာကြည့်ကြပါတော့ဗျ … 😆 (သတင်းစာထဲမှာ ဖတ်ဖူးခဲ့ပါသည်)

      • San Hla Gyi

        October 21, 2012 at 9:31 pm

        မိုးသောက်ချိန်ဆိုတဲ့ မိတ်ဆွေရေ
        ပထမဆုံးအကြိမ် လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရခိုင်က သမက်တတ်ပွဲလို့ ခေါ်မှာပေါ့ဗျာ။ သမက်က ယောက္ခမအိမ်ကို တတ်ရတာကိုးဗျ။ ယောက္ခမအိမ်တတ် သမက် မျက်နှာငယ် ဆိုတာတောင် ရှိသေးတာပဲ။

    • San Hla Gyi

      October 21, 2012 at 9:27 pm

      ကိုမိုက်ကယ်ဂျော်နီအောင်ဘုရေ
      အခုလို ကြွရောက် ချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ကြောင်းပါ။ ဒီပို့စ်က ဆိုခဲ့ပြီးသလို Satire ဖြစ်အောင် ရေးကြည့်ပါတယ်။ ဖြစ် မဖြစ်တော့ မသိပါ။ အဲဒီတော့ Satire ကို satire လိုပဲ ဖတ်ပေးပါ။ ဤကား လစ်ဘရယ် ဝါဒပေတည်း။

    • ကိုမိုက်ကယ် ရဲ့ စားချင်ရင် လူသိရှင်ကြား စားရတယ်လေ
      ဒါက အပြစ်မရှိဘူး။
      ကျိတ်ပုန်းစားတာက အပြစ်ရှိတယ်။
      အဲတော့ လူသိရှင်ကြား အသိပေးပြီးစားရတာဗျာ။
      အဲဒါကို မင်္ဂလာဆောင်လို့ခေါ်တယ်။
      ဒါပေမယ့်ခေတ်ကြီးကပြောင်းသွားပြီ။

      နို်င်ငံခြားမှာဆို အတူသာနေတာ တော်တော်နဲ့ လူသိရှင်ကြားဖြစ်အောင်တရားဝင်မပြောဘူး။
      ဘာလို့လဲဆိုတော့ သူတို့တွေ လင်ခန်းမယားခန်းပြတ်ရင် ဈေးအတော်ကြီးတာကိုးဗျ။
      နာမယ်ကြီးရင်ကြီးသလောက် ချမ်းသာရင်ချမ်းသာသလောက်ခွဲပေးရတာ လျော်ကြေးတွေပေးရတာကိုး.။
      အဲတော့မင်းနဲ့ငါ ခဏအစမ်းပေါင်းကြည့်မယ်။အစမ်းပေါင်းနေတုန်းမှာ တော့ စရိတ်ပေးမယ် ဟိုဟာ
      ဟိုဟာဒီဟာလေး ဝယ်ပေးပေါ့။
      အဆင်မပြေတော့ အစမ်းပေါင်းတာကနေလမ်းခွဲ။
      သိပ်မကုန်တော့ဘူးလေ။
      အဲအခုခေတ်အတွက်ခေတ်လဲမှီတယ်ပေါ့ဗျာ။

      • San Hla Gyi

        October 22, 2012 at 6:53 pm

        ကိုကြီးပေါက်ရေ
        အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • uncle gyi

    October 21, 2012 at 10:22 pm

    ကိုစိန်ရေ
    ခင်ဗျာလူပျိုဖြစ်ပါတယ်ဆိုရင်မင်္ဂလာဆောင်ရင်ဖိတ်စာလေးပို့လိုက်နော်
    မင်္ဂလာဆောင်မှာဖွင့်ဖို့သီချင်းတွေအားလုံးခင်ဗျာအကြိုက်ဖြစ်စေရမယ်
    ကိုပေါက်ကိုအကူအညီတောင်းပြီးကြိုစုဆောင်းထားပေးမယ်
    နောက်ဘိတ်သိတ်အတွက်လည်းမပူနဲ့အခုခင်ဗျာပြောသွားတဲ့အတိုင်းဖြစ်စေရမယ်

    ကိုစိန်ရေ
    ခင်ဗျားတို့မျုးိဆက်တော့မသိဖူး
    အန်ကယ်တို့အန်းတိတ်တွေကအသံကိုယုံတယ်
    အထူးသဖြင့်ဈေးချိုသားစစ်စစ်တွေကပိုယုံတယ်
    မယုံရင်ဈေးချိုသားစစ်စစ်တွေ့ရင်မေးကြည့်

    ကြုံလို့နဲနဲဆက်ပြောရရင်
    မန်းလေးကသင်းချိုင်းတွေကြာနီကန်ကိုရွေ့ရရောဗျာ
    အဲဒီအခါတရုတ်သင်းချိုင်းမြေနေရာသွားကြည့်တဲ့အဖွဲ့ထဲပါတဲ့သူတယောက်က
    ဒီနေရာလေးသာယာလိုက်တာဒီကနေဘာဖြစ်တယ်ညာဖြစ်တယ်ပေါက်ကရပြောရော
    နောက်ကြာနီကန်သင်းချိုင်းစဖွင့်တော့..

    နောက်တယောက်ကရွာတရွာကဆေးဆရာ
    သူ့ရွာမှာရွာအပြင်ဆေးကုရင်းသေတဲ့သူရွာထဲမသွင်းရ
    ထုံးစံရွာပြင်မှာပဲထားရတာ
    အဲဒါခင်ဗျားလိုပေါ့ဗျာ
    လူသေတော့ရွာထဲမသွင်းကောင်းဖူးလား
    ကြက်သေဝက်သေတော့အိမ်ပေါ်တောင်တင်စားကြသေးတာ
    ဘာညာနဲ့ရွာအစည်းဝေးလုပ်ပြီး
    ရွာပြင်ဆေးကုလို့သေတဲ့သူရွာထဲသွင်းလို့ရစေဆိုပြီးလုပ်လိုက်တာ
    ပထမဆုံးရွာကိုစသွင်းတာ..

    ဒါကြောင့်အန်ကယ်တော့ဒါမျိုးကိုမပြောမဝေဖန်သူ့အကန့်နဲ့သူထားလိုက်ကြောင်းပါ

    • စိန်ဗိုက်ဗိုက်

      October 22, 2012 at 11:59 am

      ကယ်ကယ်ကြီး
      ကိုစိန် ဆိုတာ ကျော့်ကိုပြောတာလားဟင် 🙂

      ဆရာစံရေ.. ဒီလိုစိတယ်ဗျ
      ရွာထဲ တော်တော်များများက တစ်ယောက်တစ်ပေါက် ၊ဆရာတဂါ့ ထိပ်ခေါင် ဆရာ့ဂေါင် ၊လူအမျိုးမျိုး အာရုံအမျိုးမျိုး၊ ငပြောင်အမျိုးမျိုးနဲ ့ ဆိုတော့
      မာမွတ်ရှာပွတ်အူးခိုင်လဲ ဝိုင်း အပြောင်ခံရာကနေ ရှာပွတ်လိုက် မာမွတ်လိုက် မိုးပြာလိုက် အယ်လ်ခိုင်ဒါ ဖြစ်လိုက် အူးလေး အတော်ခံလိုက် ယောက္ခမ အတော်ခံလိုက် ဟိုလူရိတာခံလိုက် ဒီလူရိတာခံလိုက်နဲ ့ဒီလိုလူတွေကြား အခန် ့မသင့်ရင် ဂေါက်သွားနိုင်တယ်
      ဒါပေမဲ့..သဂျီးဆိုတော့သဂျီး ပေါ့ဗျာ..
      သဂျီးဆိုတာ ရွာကိုအုပ်ချုပ်ရတယ်..အယ်ဒီတာဆိုတာ စာမူတွေကို အုပ်ချုပ်ရတယ်
      ဖျက်သင့်ဖျက် ပြင်သင့်ပြင် ဖော်ပြသင့် ဖော်ပြ အများသဘောတူချက် စောင့်ရင်စောင့်ပေါ့လေ
      တစ်ခုစိတာက သူရို ့ပြောင်းလဲပြီး နိုင်ငံကလူတွေလိုပဲဖြစ်လာအောင် ကျော်တို ့ရွာထဲကလူတွေကို တဖြည်းဖြည်း ကျင့်ပေးပြီး ဆွဲခေါ်ရာမှာ ပြဿနာလေးတွေ စိလာတယ် ထင်ပါတယ်..
      အရီးခင်လတ် တင်တဲ့ Miss International (One Comment) ဆိုလား..အဲတာကို အနီးစပ်ဆုံး ဥပမာကြည့်ကြည့်ရင်
      ကျော်တို ့လူမျိုးတွေဟာ ဘာသာချစ်တယ် လူမျိုးချစ်တယ်.ဒါပေသိ ပညာပါပါ စည်းကမ်းရှိရှိ မချစ်တတ်တော့ ကိုယ်ပဲ ပြန်နစ်နာရတယ် မဟုတ်လား
      လက်ရှိနိုင်ငံအခြေအနေနဲ ့ လက်ရှိလူနေမှုအဆင့်တန်းစိတ်ဓာတ်တွေက သဂျီးတို ့နိုင်ငံထက် အများကြီးကွာနေလို ့ အိုဘားမားက ချိန်း ဆိုတာနဲ ့ မြန်မာနိုင်ငံက သူရို ့တန်းတူ ပြိုင်ပြီး နေရာတကာ လိုက်ချိန်းဖို ့ မဖြစ်နိုင်သေးဘူးဆိုတာ မာမွတ်ရှာပွတ် မစဉ်းစားမိလိုက်ပုံရပါတယ်
      နေရာတကာ လစ်ဘရယ်ကျနေလို ့မဖြစ်..ရှေးစွန်းစွဲနေလို ့လဲမဖြစ် အခြေအနေအချိန်အခါကြည့်ပြီး ဒူးတတ်ဖို ့သာ အဓိကလို ့ထင်ပါတယ်

      ပို ့စ်တွေဖတ်လို ့ရတာ မရတာဟာ မာမွတ်ရှာပွတ်ရဲ့ အယ်ဒီတာသက်တမ်း ရွာသက်တမ်း အရ သွေးဆူလွယ်သူများရဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ ကြိုသိလို ့ရွာမဆူအောင် ဆွဲစိထားတာလဲ ဖြစ်နိုင်တယ် ၊ ရည်ရွယ်ချက်ရှိရှိ ရွာပျက်အောင် နိုင်ငံပျက်အောင် တမင်ဝင်ပြီး ဖျက်စီးသူတွေကို ကြောက်လို ့လဲ ဖြစ်နိုင်တယ် ရွာငြိမ်းချမ်းရေးးအတွက် တာဝန်ယူထားသူများ ဆွေးနွေးရာ နေရာလဲ ဖြစ်နိုင်တယ် ဒီလိုစနစ်ဟာ ဒီရွာတစ်ခုတဲ မဟုတ် ၊ ကျနော်ချာတိတ်ဘဝ ဖိုရမ်တစ်ခုမှာ မော့ဒ်ရိတ်တ စလုပ်ဖူးကတဲက စိခဲ့ကြုံခဲ့တာပါ ခင်ဗျား

      အခုလို ဝင်ရှင်းပြတာ သဂျီးက ဘီအီး အဝတိုက်လို ့ မဟုတ်ရကြောင်းပါ
      ကိုယ့်ထမင်းကိုယ်စား ဘောစိအညိုညင်ခံ မိန်းမ အုတိုတာခံပြီး ဆရာစံတို ့ အူးမိုးတိမ်တို ့ မာမွတ်ရှာပွတ်အူးခိုင်တို ့ ရွာသူားတို ့ကြား
      အခြေအနေမြင်မိရာကို လျှာဝင်ရှည်ခြင်းဖြစ်ပါတယ်။
      ကျော်ကတော့ ပေါက်ကရပြောနေရရင်ပဲ လုံလောက်နေသူပါ..ကျန်တာဘာမှမလိုပါခင်ဗျား..။
      ပုံ
      ကွန်ဆာလစ်ဘရယ်အူးဗိုက်

      • San Hla Gyi

        October 22, 2012 at 7:14 pm

        ကိုဗိုက်ကလေး
        အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဒီလိုပါ။ ကျနော်ထပ်ပြီး ရှင်းအောင် ပြောပါမယ်။ အယ်ဒီတာရဲ့ လုပ်ပိုင်ခွင့်ကို စဉ်းစားပြီးသားပါ။ ဥပမာ ဒီစာမူလေး ကောင်းတယ်လို့ ကျုပ်ထင်လို့ ပုံနှိပ်ဖော်ပြမယ် စတစ်ကီကပ်မယ်ဆိုတာ ဘာမှ ပြောစရာ မရှိပါ။ ကျနော်သာ အယ်ဒီတာဆိုလဲ ဟာ ဒီစာမူက ရေးသူက သူအမြဲတမ်း အိပ်ရာထတာနဲ့ မျက်နှာသစ် သွားတိုက်တယ်လို့ ရေးထားလို့ ဒါငါ့ရဲ့ ရှေးရိုးစွဲဝါဒနဲ့ ကိုက်ညီတယ် ပုံနှိပ်ဖော်ပြမယ်ဆိုလဲ ဒါကျနော့် အခွင့်အရေးပါ။ သရော်စာ ဆိုတဲ့အတိုင်း အချက်များများ စုံအောင်ရေးရတာပါ။ ဒီအချက်က အဓိက မဟုတ်ပါဘူး။
        ဒါပေမယ့် ပို့စ်တွေကို တချို့ကျတော့ ကွန်မန့်တွေပေးလို့ရတယ်။ ဖတ်လို့ရတယ်။ တချို့ကျတော့ ဖတ်လို့မရဘူး။ သူတော့ဖတ်စေ ဟိုတယောက်တော့ မဖတ်စေနဲ့ ဆိုတာမျိုး လုပ်လို့မရပါဘူး။ ဒါ စစ်အာဏာရှင်စနစ်ရဲ့ အကိုကြီး ညီလေးဝါဒပါ။ ဆူပူစေတဲ့ပို့စ်ဆိုရင် အားလုံး မဖတ်နဲ့ဆိုလဲ အားလုံးပဲပေါ့။ ဒီလို တချို့ကိုပဲ ဖတ်လို့ ရေးလို့ရတယ်ဆိုတော့ အဲဒီ ဖတ်ခွင့် ရေးခွင့် ရသူတွေရဲ့ ပြောင်မြောက်တဲ့စာတွေကို ကြည့်ချင်တာပါ။ ဒါဟာ ဒီဆောင်းပါးရဲ့ အဓိကအချက်ပါ။ သရော်စာလို့ ပြောပေမယ့် ဒီအချက်ကတော့ အတည်ပြောတာ ဖြစ်ပါတယ်။ ကျနော် ပြောတာ ဟုတ် မဟုတ် တခြားဖတ်ခွင့် ရေးခွင့်မရတဲ့ လူတွေရဲ့ သဘောထားကို မေးကြည့်ပါ။ ဖတ်တဲ့ လူတယောက်က ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတယ်ဆိုရင် သူ့ကွန့်မန့်ကို ဖျက်နိုင်ပါတယ်။ အခုပြောတာတွေက အတည် ပြောတာ ဖြစ်ပြီး နောက်တာမဟုတ်ပါဘူး။ မယုံရင် အခြားလူတွေရဲ့ သဘောထားကိုလည်း မေးကြည့်ပါ။ ရွာသားကြီးတို့ ရွာသူကြီးတို့ကိုတော့ မမေးနဲ့ပေါ့။ ဒီအချက်က သူတို့နဲ့ မဆိုင်ဘူးလေ။
        ရွာထဲမှာတော့ ပြောကြတာပဲ။ သူကြီးက အနောက်ဘက်ကို မျက်နှာမူပြီး တနေ့ ဘုရား ငါးခါ ရှိခိုးတယ်လို့။

    • San Hla Gyi

      October 22, 2012 at 6:51 pm

      Uncle gyi ရေ
      ဘယ်က ကိုစိန်က ပါလာရတာတုန်း။ ကျနော့်နာမည်လဲ ကိုစိန် မဟုတ်ပါဘူး။ ဘယ်သူ့ကို ပြောမှန်းမသိလို့ ကိုစိန်လဲ မရှိသေးလို့ ကိုအောင်ဘုကို ပြောတဲ့စကားပဲ ပြန်ပြောပါမယ်။ Satire ကို satire လိုပဲ ခံစားကြည့်ပါ။ အပေါ်မှာလဲ tag တောင်ရေးထားပါတယ်။ အမှန်တော့ ကျနော်က ဒါမျိုး မရေးဖူးသေးပါဘူး။ ဒုက္ခပါပဲ သေနတ်ကြီးပြပြီး ပါတာ အကုန်ထုတ်လို့ ပြောတာတောင် မရှင်းလို့ ဒါဓားပြတိုက်နေတာကွလို့ ပြောရမလို ဖြစ်နေပြီ။

  • အရီးခင်လတ်

    October 21, 2012 at 10:35 pm

    ကိုစံလှကြီး
    Post လေးတွေ မဖတ်ရတာကြာပြီး အခု ဖတ်လိုက်ရတာ ဝမ်းသာလှပါတယ်။ :hee:

    အဲဒီအထဲ က
    “ကိုကိုက ကျွန်မကို ခိုးတာ မဟုတ်ပါဘူး။ ကျွန်မက ကိုကို့ကို ခိုးတာပါ”
    အဲဒီ စကား
    ဆွေဇင်ထိုက် ( ရှေးရုပ်ရှင်မင်းသမီး) နဲ့ စိန်မြင့် (ရှေးမင်းသား -ကွယ်လွန်) ခိုးပြေးပြီး နောက်
    ဆွေဇင်ထိုက် က သတင်းစာသမား တွေ ကိုပြောခဲ့တာ ၁၉၇ဝ ဝန်းကျင်ကထင်ရဲ့။
    ဒီတော့ အဲဒီလိုမျိုး ရှေးထဲ ကဖြစ်ခဲ့ပြီ။ :harr:

    • San Hla Gyi

      October 22, 2012 at 4:33 am

      ဟုတ်တယ် အမကြီး
      အမှန်တော့ ကျနော် ဒေါ်ဆွေဇင်ထိုက်နာမည်ပါ ထည့်ရေးမလို့။ နောက်တော့ မင်းသားကြီး ဦးစိန်မြင့်လဲ ကွယ်လွန်ပြီဆိုတော့ မရေးတော့ဘူးဆိုပြီး သူပြောတဲ့ စကားကိုပဲ ရေးလိုက်တာ။ အမကြီး သိတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • Fall Guy

    October 22, 2012 at 2:03 am

    ကိုယ်ကိုတိုင် ရှေးရိုးစွဲ မှန်းအစကမသိခဲ့ဘူးဗျ…။ ဒါပေမယ့်အခုလစ်ဘရယ်ကိုသဘောကျမိတယ်။
    သီချင်းနားထောင်ရင်တောင်နဂိုက rock မှ rock …အခုတော့တော်တော်များများကိုလက်ခံလို့ရပြီ…။

    • San Hla Gyi

      October 22, 2012 at 8:43 pm

      ကို Fall Guy ရေ
      ပထမဦးဆုံး လာရောက် အားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေ။

  • မိုးတိမ်

    October 22, 2012 at 2:13 am

    အိမ်း မကြေနပ်ချက်တွေကို ကျုပ်တို့ တစ်မျိုးစီထုတ် ဆန္ဒပြကြတာပေါ့။
    ဒါလဲ သူပြောတဲ့ လစ်ဘရယ်ပဲပေါ့ဗျာ။ကျုပ်ကိုလဲ ရှေးရိုးစွဲစွတ်စွဲနေတာပါပဲဗျ။
    သူကဆက်ပြောသေး တန်ရာတန်ရာ ရမယ်ဆိုကပဲ။ဘာတွေတန်နေတာလဲတော့မသိပါဘူးဗျာ။
    http://myanmargazette.net/153134/creative-writing အဲကိုလဲလာအားပေးဦးဗျ။
    လျှောက်တင်ထားတာလဲ ဘာမှပြန်မဖြေဘူး။ကျုပ်ကတော့ လျှေက်တင်ဖို့ပဲသိတယ်။
    ကြိုက်တာမကြိုက်တာကတော့ ဘုရင်ကြီးဆုံးဖြတ်ပါစေပေါ့နော။ကျုပ်တို့ညံ့တယ်သူထင်ရင်လဲ
    မွတ်(စ်)ဂေဇက်ကို အခွင့်ထူးခံတွေပဲဖတ် ကျုပ်တို့မဖတ်နဲ့ပဲ ရှိတော့တာပ။:harr:

    • San Hla Gyi

      October 22, 2012 at 8:45 pm

      ကိုမိုးတိမ်ရေ
      ခင်ဗျားပို့စ်ကို ဖတ်ပြီးတဲ့အပြင် ကွန်မန့်ရေးပြီပါပြီ။ ကျနော့် အကြံဥဏ်အတွက် စိတ်မရှိနဲ့ဗျာ။ ကျနော် ဒီပို့စ်မှာ အားလုံး ဖြေသွားပါမယ်။

  • ကထူးဆန်း

    October 22, 2012 at 7:05 am

    ကျွန်တော် သိသလောက် ကြယ်သုံးလုံးတွေ ကြယ်တွေ အပွင့်တက်တာက
    (၁) ကိုယ့်ပုံကို အများမြင်သာအောင် ပြခဲ့ဘူးသူ ( ပိုစ်တွေထဲမှာ အလှုမှာ ပုံပါလာသူတွေ) ကို တိုးပေးမယ်ဆိုတာ(ဒါ သူကြီးက အတိအလင်းကြေညာခဲ့ဖူးပါသည်) .
    နောက် သိသလောက်ကျွန်တော်ထင်တဲ့ အချက် တစ်ခု ရှိပါတယ် ။ ဖွင့်ပြောလို့ မကောင်းလို့ မပြောတော့ပါဘူး ။
    သူကြီး program လုပ်ထားတာမို့ သူနဲ့ မဆိုင် ။ သူတင်ပေးတာ မဟုတ် ။ ရွာသူားများက နေ လုပ်ပေးလို့ ရတဲ့ အကြောင်းတစ်ခုကြောင့် ရာထူးတိုးပါတယ် ။
    တစ်ချို့ က အဲ့ဒီလိုကြောင့်တော့ မဟုတ် ဘူး လည်း ပြောခဲ့ဖူးကြပေမဲ့ ကျွန်တော် လက်တွေ့ အရီးလတ် အပွင့်တွေ တက်သွားတာ တွေ့ခဲ့တဲ့ အတွက် အဲ့ဒါကြောင့် ( program) ကြောင့် လို့လုံးဝ ယူဆထားပါတယ် ။
    ဆိုတော့ အဓီက ပြောချင်တာက တစ်ပွင့်တွေ နှစ်ပွင့် တွေ ဖြစ်ကုန်တာဟာ ရွာသူားများ ရဲ့ အားပေးမှု့ ကြောင့် အဓိက မှုတည်ပါကြောင်း ။
    ဦးစံလှကြီး အပွင့်ကိစ္စ ပြောတာ တွေ့မိသည့် အတွက် ဝင်အာချောင်လိုက်ရပါကြောင်း .. :hee:

    • ကထူးဆန်း

      October 22, 2012 at 7:06 am

      တစ်ခု ကျန်သွားလို့ ပါ ။ အပွင့် တိုးတာ sticky နဲ့လည်း မဆိုင်ထင်ပါကြောင်း ။

  • ဦးဦးပါလေရာ

    October 22, 2012 at 8:37 am

    ကြယ်ပွင့်နဲ့ပတ်သက်ပြီး နဲနဲ အာချောင်ပါရစေ

    ကြယ်တိုးတာ စာရေးကောင်းတာနဲ့လဲမဆိုင်- ဥပမာ ကျုပ်ကလေးပွင့် ကျုပ်ထက် အဆတစ်ရာမကအရေးကောင်းတဲ့ ကိုဘလက်ချောက တပွင့်

    ကြယ်တိုးတာ စတစ်ကီရတာနဲ့လဲမဆိုင်- ဥပမာ ကျုပ်ဘယ်တော့မှ စတစ်ကီမရဖူးဘူးထင်တယ်။

    ကြယ်တိုးတာ သူကြီးနဲ့တည့်တာနဲ့လဲ မဆိုင်- ဥပမာ ကျုပ်ဟာ သူကြီးနဲ့ တော်တော်အပေါက်အလမ်းမတည့်သူတဦးဖြစ်ပါတယ်။

    ကြယ်တိုးတာ လူကြိုက်များတာနဲ့လဲ မဆိုင်-
    ဥပမာ ကျုပ်ပို့စ်တွေဟာ တင်ပြီးတပတ်အကြာနောက်ပိုင်းမှာ အနီအရေအတွက်အများဆုံး

    ကြယ်တိုးတာ rank နဲ့လဲမဆိုင်- ကျုပ်ကြယ်တွေများလာတုန်းက rank က newbee ၊ ကန့်သတ်ထားတဲ့ပိုစ့်တွေ ဝင်ကြည့်လို့မရဘူး။

    ဒီတော့ကြယ်တိုးတဲ့ အကြောင်းရင်းကို လေ့လာကြည့်တော့-

    ၁- ကွန်မင့်အရေးကောင်းလွန်းလို့ BC အရွေးခံရတာတဆက်ထဲများရင်- ဥပမာ အရီးလတ်
    ၂- သူကြီးရဲ့ ပရိုဂရမ်ကြောင်သွားတဲ့အခါ – ဥပမာ ကျုပ်နဲ့ သူကြီး။
    ၃- ကိုယ့်ဟာကိုယ် မန်မှုတ်တတ်ရင်- ဥပမာတော့မပြောရဲဘူး…

    အနှစ်ချုပ်ရသော်- အဲဒီကြယ်တွေဟာ မျက်စိရှုပ်တာနဲ့ သူများအထင်မှားတာကလွဲရင် များသောအားဖြင့် ဘာမှ မဟုတ်ပါကြောင်း။

    • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

      October 22, 2012 at 8:56 am

      ဟုတ်တယ်ဗျ
      ကြယ်ဆိုတာ လိုတာထက်ပိုနေရင် ကြည့်မကောင်းဘူး
      အခြားမကြည့်နဲ့ နိုင်ငံတော် ဘာဗိုလ်ချုပ်တွေ ညာဗိုလ်ချုပ်တွေဆို
      ကြယ်တွေကို အများကြီးတတ်ထားတော့ ကြည့်လို့
      သိပ်အဆင်မပြေဘူး
      ကျုပ်လို နှစ်ပွင့်တည်းကျတော့ သိပ်ကြည့်လို့ကောင်းတယ်
      ဒါ့ကြောင့် သုံးပွင့်တွေ လေးပွင့်တွေဆိုတာ အကြံဖန်တွေ
      ကျုပ်လို နှစ်ပွင့်က ကြည့်ညိုစရာကြည့်လို့ကောင်းဒယ်
      ( ပြဿနာက အပွင့်ရဒါမရဒါကိုဦးတည်လာဘီ ဇာတိတွေပြနေဂျဒါလား :mrgreen: )

      • San Hla Gyi

        October 22, 2012 at 9:05 pm

        ကထူးဆန်း ဦးဦးပါလေရာနဲ့ ကိုမိုက်ကယ်ဂျော်နီအောင်ဘုရေ
        အကြောင်းအရာ တူနေတယ်လို့ ထင်လို့ သုံးယောက်စလုံးကို တပြိုင်တည်း ပြန်ဖြေလိုက်ပါတယ်။ အပေါ်က ကွန်မန့်တွေမှာ kolumbus နဲ့ ကိုဗိုက်ကလေးကိုလည်း ပြန်ဖြေပြီးပါပြီ။ ထင်ရှားအောင် ထပ်ပြီး highlight လုပ်ပါတယ်။ ကျနော့် ထုံးစံအတိုင်းပေါ့။ အဓိကက ကြယ်ပွင့်နဲ့ စတစ်ကီကို ပြောချင်တာ မဟုတ်ပါဘူး။ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်အောင် အားလုံး ထည့်ပြောတာပါ။ အဓိကက အားလုံးရဲ့ ဖတ်ခွင့် ရေးခွင့်တွေဟာ တညီတည်း ဖြစ်ရပါမယ်။ သူကတော့ ဒီအခွင့်အရေးရစေ ဟိုတယောက်တော့ မရစေနဲ့လို့ လုပ်လို့မရပါဘူး။ ဒါက စည်းကမ်း ဆိုရင်လဲ အဲဒီစည်းကမ်းဟာ မတရားတဲ့ စည်းကမ်းလို့ ကျနော်က ကြုံတိုင်းပြောပါမယ်။
        ရယ်စရာလုပ်တဲ့ပို့စ်မှာ အလေးအနက် ပြောရတော့မှာ ဖြစ်လို့ နည်းနည်း သည်းခံပြီး နားထောင်ပေးပါ။ ကျနော့် အယူအဆအရ စာဖတ်သူတွေကို ဘယ်အကြောင်းအချက်နဲ့မှ အဲဒီလို ကန့်သတ်ခွင့် မရှိပါဘူး။ မဖတ်နဲ့ဆို အားလုံး အတူတူ မဖတ်ဖို့ပဲ ရှိပါတယ်။ သူကတော့ ရွာသားကြီးမို့ ဘယ်တုန်းက ဘယ်လို လှူထားလို့ ဘယ်တုန်းက မန်းဂေဇက်ရဲ့ တွေ့ဆုံပွဲကို ဒကာခံထားလို့ ဆိုတဲ့ အကြောင်းပြချက်တွေလည်း မရပါဘူး။ အဲဒီလို အကြောင်းပြချက်တွေ ရှိရင်လည်း ကျနော်က အရမ်းကို အထင်သေးတော့မှာပါ။
        ကျနော့် အမြင်အရ စာပေဝိုင်းဟာ ရပ်ကွက်ထဲက ကာရာအိုကေဆိုင် မဟုတ်ပါဘူး။ စကားကြမ်းလို့ သည်းခံပါ။ ရယ်စရာပြောရင်းနဲ့ မောစရာတွေပါ ထည့်ပြောမှာပါ။ ဒါမှလည်း ရယ်စရာ မောစရာ ဖြစ်မှာပေါ့။ ဥပမာ ရပ်ကွက်ထဲက ကာရာအိုကေဆိုင် ဆိုရင်တော့ ငွေတတ်နိုင်သူ တဦးက ငါ့ဆိုင် ငါဆိုချင်သလောက်ဆိုမယ် ဆိုပြီး မိုက်ခ်ကိုင်ပြီး ဆိုလို့ရပါတယ်။ စာပေဝိုင်းကို ဒီလို လုပ်လို့ မရပါဘူး။ Point out လုပ်တာ နည်းနည်း ပြင်းသွားပါပြီ။ မေ့နေကြမှာစိုးလို့ပါ။ နောက်ပြီး ကျနော့်အထင်အရ တချို့ပို့စ်တွေက ရှေးရိုးစွဲဝါဒဆိုပြီး ဆန့်ကျင်တဲ့ ခေါင်းစဉ်တပ်လိုက်တာနဲ့ sticky ရတာ များတယ်လို့ ထင်ပါတယ်။ ဒါကတော့ အယ်ဒီတာ အခွင့်အရေးပါ။
        ကိုမိုက်ကယ်ဂျော်နီအောင်ဘု မရှင်းရင် ထပ်မေးနိုင်ပါတယ်။

        • ကထူးဆန်း

          October 22, 2012 at 10:51 pm

          ဦးစံလှကြီးရေ .. ဦးစံလှကြီးပြောသလိုဘဲ ကျွန်တော်ကတော့ ဦးစံလှကြီးလို အရေးမကောင်း အပြောမကောင်း မကိုးကားတတ်တော့ တွေးမိသလို ကျွန်တော့်စိတ်ရင်း ကျွန်တော်ထင်တာကို ပြောခွင့်ပြုပါ ။
          သူကြီးအနေနဲ့ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ ပေးဖတ် စေမည်။ ဘယ်သူ့ ကိုမှ ရေးခွင့်ပေးမည် ဆိုတဲ့ စိတ် ရှိလိမ့်မည် မဟုတ်လို့ ကျွန်တော်ကတော့ ယူဆပါတယ် ။ ဖြစ်နိုင်ရင် လူတိုင်းဖတ်ကြ လူတိုင်းရေးကြတာကိုသာ အလိုရှိသူဆိုတာ သူ့စာတွေ အရ သူ့ ကွန်မန့်တွေ အရ သိသာ ထင်ရှား ရှိတယ် လို့ ထင်ပါတယ် ။ ဘယ်မှာလဲ အကိုးအကား ဘယ်မှာလည်း သက်သေလို့တော့ မတောင်းနဲ့ နော် ။ ကျွန်တော် ဒီဂေဇက်မှာ လွန်ခဲ့သော တစ်နှစ်လောက်မှ စတင် ပျော်မွေ့ပြီး ဖတ်ခဲ့ သိခဲ့တာပါဘဲ ။
          ဒီအခြေအနေတွေဟာ သူကြီး အခေါ် မြန်မာပြည် အနောက်ဘက် ကမ်းခြေက အရေးအခင်းက စပြီး နောက်ပိုင်းမှ ဖြစ်လာတာလို့ ဘဲမြင်ပါတယ် ။ လူတိုင်းဖတ်ခွင့် ပေးထားတဲ့ စာတွေမှာ ဘဲ လူတိုင်း ကိုယ့် အတွေးနဲ့ကိုယ် ကိုယ့်ဒေါသတွေ နဲ့ ကိုယ် ပြန်ရေးကြ ပါတယ် ။ လူတိုင်းသာ အတွေးတူညီစွာ ထိန်းချုပ်နိုင်စွမ်းအား တူညီစွာ နဲ့ ဖတ်ကြ ရှုမြင်ကြ ရေးကြမယ် ဆိုရင် ဒီလို ကန့်သတ်မှုဆိုတာ ပေါ်လာစရာ အကြောင်းမရှိပါဘူး။ အမြင်မတူကြ ။ ကြမ်းတမ်းကြ ပုတ်ခတ်ကြနဲ့ ဖြစ်လာသည့်အတွက် မလိုလားအပ်တဲ့ ပြဿနာမဖြစ်အောင် လူတိုင်းဖတ်ခွင့် ဆိုတာကို မလွဲသာ မရှောင်သာ ဘဲ ပိတ်ပင်လာရတယ် လို့ မြင်ပါတယ် ။ အဲ့ဒီလို ပိတ်ရာမှာ ဒီလုူကတော့ ဘယ်လို ဟိုလူ ကတော့ ဘယ်လိုဆိုပြီး တစ်ဦးချင်း တစ်ယောက်ချင်းစီ လိုက်ပိတ်ဖို့ မဖြစ်နိုင်တော့ program နဲ့ ဘဲ ပိတ်လိုက်တယ်လို့ထင်ပါတယ် ခင်ဗျား ။ အဲ့ဒါကတော့ ကျွန်တော့် ကိုယ်ပိုင် ယူဆချက် ကိုယ်ပိုင် အတွေးသာ ဖြစ်ပါတယ် ။ :hee:

        • San Hla Gyi

          October 23, 2012 at 6:19 pm

          ကထူးဆန်းရေ
          ခင်ဗျား ဒီဂေဇက်မှာ ဘာတာဝန်ယူထားသလဲ ဆိုတာ ကျနော်မသိပါဘူး။ ခင်ဗျား ဝင်ရှင်းနေတာ တွေ့ပါတယ်။ သိပ်ပြီး ထပ်ပြောနေရင် ကျနော်လုပ်ချင်တဲ့ အကွက်ပျောက်နေလို့ အခုတော့ ခင်ဗျားကို ပြောပြီးရင် ရပ်လိုက်ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို လုပ်တာ မကောင်းတာ အမှန်ပါ။ ဒီကိစ္စကို အချို့လဲ အစကတည်းက ပြောချင်နေတာကို သိသလို ပြောသံ နည်းနည်းထွက်လာတာလည်း ကြားဖူးပါတယ်။ ဒါပေမယ့် ပေါ်တင်ပြောဖို့ကျတော့ သိပ်မဝံ့ကြလို့ ကျနော် ဝင်ပြောလိုက်ပါတယ်။ ကျနော့် အမြင်ကတော့ ပရိုဂရမ်တို့ စက်ပစ္စည်းတို့ဆိုတာ လူက ထိန်းချုပ်တာပါ။ ကထူးဆန်းက ကိုယ့်ရဲ့ ကိုယ်ပိုင် ယူဆချက် အတွေးကို ပြောသလို ကျနော်ကလဲ ကျနော့်အတွေး ကျနော့်ယူဆချက်ကို ပြောလိုက်ပါတယ်။

  • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

    October 22, 2012 at 9:46 am

    ကိုစံလှကြီးရေ…
    သရော်စာကို သရော်စာလို့ ခံစားဖတ်သွားပါကြောင်းနော်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • San Hla Gyi

      October 22, 2012 at 9:09 pm

      ကိုကြောင်ဝတုတ်ရေ
      သရော်စာကို သရော်စာလို့ ခံစားပြီး ဖတ်သွားတယ်ဆိုတော့ ဝမ်းသာပါ့ဗျာ။ ကျနော့်မလဲ အခုဟာက ဘယ်လို ဖြစ်နေလဲဆိုတော့ ခါတိုင်း အလွမ်းမင်းသား ဖိုက်တင်မင်းသားက ရယ်စရာ ဟာသကားမှာ ဖောက်ပြီး သရုပ်ဆောင်တော့ ပရိတ်သတ်က မြင်လိုက်တာနဲ့ ငိုဖို့နဲ့ ဖိုက်တာတွေ ကြည့်ဖို့လောက် စဉ်းစားနေတော့ ပြက်လုံးထုတ်တာ နားမထောင်မိဘူး ဆိုသလို ဖြစ်နေတယ် ထင်တယ်။

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 22, 2012 at 10:17 am

    ဝိုး… ကွန်းမန့်ပေ့ချ် တက်လိုက်တာ ကိုစံလှဂျီးပို့စ်၊ အရီးခင်လတ် မယ်ပို့စ်၊ ဦးဖော် ဒံပေါက်ပို့စ် အဲဒီသုံးခုနဲ့ ပထမစာမျက်နှာ ပြည့်နေတယ်၊ အားပေးဂျပုံများ ပြောပါတယ်။ ကွန်ဂရက်ကြူလေးရှင်းပါဗျို့…။
    ကျနော်ကတော့ အပွင့်တက်ဖို့ ဘဝကို ရင်းလိုက်ရသဗျို့.. ဘာလဲဆိုတာ စဉ်းစားသာ ကြည်ပေတော့….။ 😛

    • San Hla Gyi

      October 22, 2012 at 9:16 pm

      အော် ဖြစ်ရလေ ကိုကြောင်ကြီးရယ်
      အပွင့်တတ်ဖို့ ဘဝကိုပါ ပေးလိုက်ရတာကိုး။ ကျနော့်ကို သေသေချာချာ ပြောပြရင် ကျနော် ဝတ္ထုတပုဒ်ရေးပေးပါမယ့်။ ဥပမာ “အပွင့်တတ်လိုသော ကိုကြောင်ကြီးတွင် အခြားနည်းလမ်း မရှိတော့ချေ။ သူကြီးဦးခိုင်၏ အိမ်တွင် ခေါင်းညိတ်လိုက်ရတော့သည်။ ထို့နောက်တွင် လှိုင်းလုံးကြီးတခုသည် တဟဲဟဲ အော်မြည်ပြီး ကိုကြောင်ကြီး၏ ဘဝကို ဝါးမျိုသွားလေတော့သည်။” ဆိုတာမျိုးပေါ့။
      ဒါမှမဟုတ်လည်း မြန်မာဇတ်လမ်းတွေထဲကလို ဖန်ခွက်ကလေး ကျကွဲတာပဲဖြစ်ဖြစ် ပန်းကလေး ကြွေသွားတာပဲ ဖြစ်ဖြစ် ရုပ်ရှင်ရိုက်ပြမှာပေါ့။

      • မောင်ပေ

        October 23, 2012 at 8:10 pm

        ဆရာစံရေ
        အဖြေတစ်ခုကတော့ ဆရာကြောင် ဖြေသွားပြီနော
        လစ်ဗျဲ လို ့ခေါ်ရမလား
        ကွမ်းစားထွေးပစ် လို ့ခေါ်ရမလား
        တော့ မသိ
        အများကညီလျှင် အီ ကို ကျွဲလို ့လဲ ဖတ်ကြတာကလား
        ဝူးထွားထွား
        ဘူးခါးခါး
        ရှူးနားနား
        အူးအားအား

        • San Hla Gyi

          October 23, 2012 at 9:38 pm

          ကိုပေရေ
          ဘယ်သူက ဘာပဲပြောပြော လူညီရင် ဤကို ကျွဲဖတ်တယ်ပဲပြောပြော ကျနော်ကတော့ ကျနော် အခုဒီပို့စ်မှာ ပြောသွားတဲ့ သဘောထားအတိုင်းပဲ ရပ်တည်တယ်။ ကဲ အခု ရယ်စရာပြီးတော့ မောစရာ ဆက်ပြောမယ်။ မသဲနှင်းအိမ်ဆိုတဲ့ မိန်းကလေးတယောက် ပြောတာ မှန်တယ် ကိုပေ။ ကျနော်လဲ ဒီဆိုက်ဒ်မှာ လူကိုခင်ရင် မူကိုပြင်မယ် လူကိုမုန်းမယ် မူကိုသုံးမယ် ဆိုတဲ့ ဝါဒရှိတယ်လို့ကို ယုံကြည်တယ်။ စာတွေ ဖတ်ခွင့်ရတဲ့ ရွာသားကြီးဆိုတိုင်း ကျနော် သိပ်အထင်မကြီးဘူး။ အမှန်အတိုင်း ပြောရရင် ကျနော်ရေးတဲ့ စဉ်းစားကြစေလိုပါတယ် (၁၈) တိုင်းရင်းသားအရေးသို့ ပြန်ကြားချက် ရေးပြီးကတည်းက တချို့ ရွာသားကြီး ဆိုတဲ့လူတွေရဲ့ စိတ်ဓတ်နဲ့ အရည်အသွေးကို သိပြီးသားပဲ။

  • မိုချို

    October 22, 2012 at 10:23 am

    စိတ်ထဲ အီ လည်လည် ဖြစ်နေတဲ့ အဲဒီ ကိစ္စ အစ ဖေါ် ပေးတဲ့ သူ ရှိတုန်း ဝင် ပွား လိုက် ဦးမယ်။ တချို့ ပိုစ့် တွေ ကို ကိုယ် ကျတော့ ဖွင့် လို့ တောင် မရ ပေမဲ့ ဘေး က ကွန်မန့် တွေ ကျတော့ တိုးတိုး လာ တာ ကြည့် ပြီး အသည်း ယား တယ်။ ပြသနာ တတ်နိုင်တဲ့ ပိုစ့် တွေ ဆိုရင် လုံး ဝ ဖျက် ပစ် လိုက် တာမျိုး ၊ ဖတ်ရုံ ပဲ ဖတ်လို့ ရ ပြီး ဘယ်သူ မှ ကွန်မန့် ပေးလို့ မရ တာ မျိုး တပြေး ညီ ပဲ ဖြစ်သင့် တယ် လို့ ထင် တယ်။
    နောက်ပြီး အပွင့် တွေ ၊ ကြယ်တွေ ဆို တာက ကော ဘယ် လို ခွဲ တာ လဲ။ ပိုစ့် တွေ အားလုံး ဖတ် မရ တာ အဲဒါနဲ့ ခွဲ ထား တာ လား ။ အဲဒီလို ဖတ် မရတဲ့ တစ်ပုဒ်လောက် တွေ့ လိုက်ရ ရင် နောက် ပိုစ့် တွေ ဖတ် ရတာ စိတ် မပါ တော့ သလို ပိုစ့် တင် ဖို့ ပါ စိတ် မပါ တော့ ဘူ းဖြစ်ဖြစ် သွားတယ်။ ဒီ ဂဇတ်ထဲ နေ့ တိုင်း ဝင်ဖတ် နေ ပြီး ရေး လာတာလည်း အပုဒ် ၃ဝ နီး ပါး ရှိေတော့ မယ်၊ ကိုယ် က အဲဒီ ကြယ် တွေ အပွင့် တွေ ဘယ်လောက ်ဆို တာ ဘယ်နား ကြည့် ရ တာ လည်း မသိဘူး။

    • San Hla Gyi

      October 22, 2012 at 9:18 pm

      မမိုချိုရေ
      ပထမဆုံးအကြိမ် အားပေးတဲ့အတွက် ကျေးဇူးပါ။ ကျနော့်ရဲ့ အဲဒီအပေါ် အမြင်ကို အပေါ်က ကိုဗိုက်ကလေးတို့ ကထူးဆန်းတို့ကို ပြောတဲ့ ကွန်မန့်တွေထဲမှာ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပါပြီ။ သဘောတူမယ်လို့ ထင်ပါတယ်။

  • kai

    October 22, 2012 at 11:00 am

    အမေရိကားက.. ရှေးရိုးစွဲ( ကွန်းဆာဗေးတစ်) ဦးရေ. အများစုပါ..။
    (ကျန်တဲ့ နိုင်ငံတွေ.. တွေးသာ ကြည့်ပေတော့..)
    ပြောရရင်.. ရှေးရိုးစွဲဆိုတာက.. (ညာဖက်ပိုင်း..) နိုင်ငံရေးအရ..တိုးတက်မှုရဖို့ရှိကိုရှိရတယ်ဖြစ်ပြီး.. ရှိမှလူ့သမိုင်း.. ယဉ်ကျေးမှုကတိုးတက်လာတာလည်းဖြစ်ပါကြောင်း..
    ရှေးရိုးစွဲတာ.. အပြစ်မဟုတ်သလို.. ပြဿနာလည်းမဟုတ်ပါကြောင်း…။
    လွတ်ပြန့်စွဲ(လစ်ဘရယ်ကျကျတွေးခေါ်) တာလည်း.. အပြစ်မဟုတ်သလို.. ပြဿနာလည်းမဟုတ်ပါကြောင်း…။

    ဆိုတော့..
    ကိုရင်စံလှကြီးမသိမှာစိုးလို့..
    (မြန်မာပြည် နိုင်ငံရေးအနာဂတ်.. အခြေအနေစဉ်စားလို့ရအောင်ပြောရရင်..) ကျုပ်က.. အမေရိကနိုင်ငံရေးကကြည့်ရင်..တရားဝင်မှတ်ပုံတင်ထားတာ.. ရှေးရိုးစွဲ(ကွန်ဆာဗေးတစ်)တဦး… ဖြစ်ပါကြောင်း..။
    အာဟိ.. အာဟိ.. :kwi:

    • pooch

      October 22, 2012 at 3:33 pm

      သူကြီးသမက် ပြောတဲ့ အတွင်းစကားအရတော့ သူကြီးက လက်မောင်းနှစ်ဖက်မှာ တက်တူးထိုးထား
      တယ်ဆို ။ တဖက်က လစ်ဘရယ် တဖက်က ကွန်ဆာဗေးတစ် တဲ့။ နောက်ပြီး ရွာဆူရင် မီးစတဖက် ရေမှုတ်တဖက်ကိုင်တတ်တာဆို ဟုတ်လား 😆

      • San Hla Gyi

        October 22, 2012 at 9:35 pm

        မ pooch ရေ
        အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မ pooch ကိုခင်လို့ ကျနော် ကြားထားတဲ့ သတင်းတခု ပြောပြရအုံးမယ်။ ဟိုတလောက ဘလက်ဘရားသားဂိုဏ်းဆိုတာ ပေါ်တယ်လို့ ကြားလိုက်တယ် မဟုတ်လား။ အခု နောက်ဆုံးရ သတင်းတွေအရ အဲဒီဂိုဏ်းချုပ်ကြီးက အင်္ဂလိပ်စကားကို အမေရိကန် အသံထွက်နဲ့ ပြောတဲ့အပြင် သူ့ရဲ့ လျှို့ဝှက်အမှတ်တံဆိပ်က ခေါင်းစွပ်နက်ကြီး စွပ်ထားတဲ့ လူတယောက်က လက်တဘက်မှာ တရားစာအုပ်နဲ့ စိပ်ပုတီးကိုင် လက်တဘက်က ဂေါ်ရခါးတွေကိုင်တဲ့ ခွပ်ကရီးဆိုတဲ့ ဓားကောက်ကြီး ကိုင်ထားတဲ့ပုံတဲ့။ အဲဒါ ဂိုဏ်းချုပ်ကြီးရဲ့ တံဆိပ်ပဲတဲ့။ တွေတဲ့ ဂိုဏ်းသားတွေက အရိုအသေ ပေးရတယ်တဲ့။ သူ့ဘွဲ့က “တရားတဖက် ဓားတလက်နဲ့ ပြိုင်ဖက်မရှိ ကျော်ကြားသူ” ဆိုတဲ့ဘွဲ့တဲ့။ သူကျင့်တဲ့ လမ်းစဉ်က မီးစတဖက် ရေမှုတ်တဖက် လမ်းစဉ်လို့ ခေါ်တယ်တဲ့ ဟဲ ဟဲ။

    • San Hla Gyi

      October 22, 2012 at 9:26 pm

      သူကြီးရေ
      ကြွရောက် ချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်က ရယ်စရာလေးတွေရော မောစရာလေးတွေပါ ထည့်ထားပါတယ်။ သူကြီးကို မေးရဦးမယ်။ ကြားဖူးတာပါ။ အစ္စလာမ် ဘာသာဝင်တွေအတွက် “လမ်းစရိတ် တတ်နိုင်လျှင် မက္ကာကျောင်းတော်သို့ တစ်ခေါက်ရောက်အောင် သွား၍ ဖူးရခြင်းသည်လည်း တပါး” ဆိုတဲ့ စည်းမျဉ်းက အစ္စလာမ် ဘာသာဝင်တွေရဲ့ ရှရီအတ် တရားတော်မှာ ပါတယ်ဆို။ သူကြီးက ကုရ်အာန်ကျမ်းကို အလွတ်ကျက်ထားတယ် ဆိုလို့ပါ အာဟိ အာဟိ။

  • ဆူး

    October 22, 2012 at 11:29 am

    ဟိုက်ရှားပါးးး.. ဆရာ.. ပိုစ်ကတော့ ရေလည် လန်းတယ်.. ဒီလို ကြည့်တော့ ရှေးရိုးစွဲတွေ အရမ်း ဂွမ်းဖို့နီးစပ်နေပြီ။

    • San Hla Gyi

      October 22, 2012 at 9:38 pm

      ဆူးရေ အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ အမြဲတမ်း အားပေးပါ။ ကျနော် ပြောချင်တာတွေကတော့ ပို့စ်မှာရော ကွန်မန့်တွေမှာပါ တော်တော်များများ ပြောပြီးပါပြီ။

      • ဆူး

        October 23, 2012 at 10:52 am

        ဆူး ကတော့ ပြောချင်စိတ်ကုန်သွားလို့.. ပြောနေတဲ့ လူကိုပဲ ရပ်ကြည့်ပြီး လက်ခုပ်တီးသွားပါတယ်။

        • San Hla Gyi

          October 23, 2012 at 6:24 pm

          ဆူးရေ
          အမြဲတမ်း လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပထမဆုံး စရေးတဲ့ ပို့စ်ကတည်းက လာအားပေးတာ မှတ်မိပါတယ်။ လက်ခုပ်တီးပေးလို့ ကျေးဇူးပါ။ ကျနော်လဲ ထုံးစံအတိုင်း အမုန်းတော့ နည်းနည်းခံရပြီ ထင်တယ်။ ဒါကြောင့် အစတုန်းကတည်းက မိုးပြာဆရာတွေလို လူမျိုးတွေကို ရှောင်ခဲ့တာပဲ။ နောင်လဲ အားပေးပါ။

        • ဆူး

          October 25, 2012 at 9:30 am

          ဦးလေး အီးမေးပို့ထားတယ်။ ပြန်စစ်ပါအုန်း။

  • ရွာစားကျော်

    October 22, 2012 at 2:42 pm

    Hell no conservative!!!! နဲ့
    Go ahead liberal ….လို့ဆိုကြပါစို့။ 🙂
    😛

    • San Hla Gyi

      October 22, 2012 at 9:40 pm

      ကိုရွာစားကျော်ရေ
      အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဟိုတလောကတောင် ပျောက်နေလို့ သတိရမိသေးတယ်။

  • နေဝန်းနီ

    October 22, 2012 at 3:03 pm

    ကိုစန်းလှကြီးရေ………. ကျန်တာပြောချင်သလိုပြောဗျာ…။ ဆေးပေါ့လိပ်ကိုတော့ ဆွဲဆွဲမထည့်ပါနဲ့…။ စီးကရက်လိုပြောချင်လည်းလက်ခံတယ်….။ ရှေးရိုးစွဲဆိုတာက ရှေးကဆရာတွေ အမြှောက်အချီး အပင့်လွန်ပြီး အလွန်အကျူးရေးဖွဲ့သွားခဲ့တာတွေကို မက်မောတွယ်တာနေကြတာဗျ….။ ဒါနဲ့ သာသနာရဲ့ အသက်က ဒါနလား သီလ လားဗျ….။ အဲဒါလေး ရှင်းပေးပါဦး ( အစထောင်သွားသည်……….)
    အာဟိ.. :kwi:

    • San Hla Gyi

      October 22, 2012 at 9:46 pm

      ကိုနေဝန်းနီက ပထမဆုံး အားပေးတာ ထင်တယ်ဗျာ။ ကျေးဇူးပါ။ ခင်ဗျားမေးခွန်းက ဒီပို့စ်နဲ့တော့ မဆိုင်ဘူးဗျ။ ဒါပေမယ့် အကျယ်ချဲ့ရင် သိပ်ရှည်လို့ ကျနော် တခြားမိတ်ဆွေတွေကို ပြန်ရမှာမို့လို့ တိုတိုပဲ ဖြေတော့မယ်။ မရှင်းရင် နောက်တော့ ချဲ့ကြတာပေါ့။ ခင်ဗျားကို ကျနော် ပြန်မေးမယ်။ ခင်ဗျား အသက်ရှင်ဖို့ ထမင်းပဲ စားဖို့လိုတာလား ?။ ဒါမှမဟုတ် ရေသောက်ဖို့ပဲ လိုတာလား ?။ ဘယ်ဟာကို လုပ်ပြီး ဘယ်ဟာကို ပယ်ရမှာလဲ?။ ကျနော် မေးခွန်းကို မေးခွန်းနဲ့ ပြန်ဖြေတာပဲ။

  • အရီးခင်လတ်

    October 22, 2012 at 6:17 pm

    ကွန်ဆာဗေးတစ် ဆိုတာ ကို
    Adjective: Holding to traditional attitudes and values and cautious about change or innovation, typically in politics or religion.
    Noun: A person who is averse to change and holds to traditional values and attitudes, typically in politics.
    လို့ ဆိုထားပါတယ်။
    လက်ရှိ အနောက် နိုင်ငံရေး (အဓိက ယူကေ) ကို ကျွန်မ အထင် ဆွေးနွေးကြည့်ရရင်
    ရှေးယခင် ခေတ်အဆက်ဆက် များမှာ နိုင်ငံကို အုပ်ချုပ်သူ များဟာ အစဉ်အဆက် ငွေကြေးချမ်းသာ သူတွေများခဲ့မယ်။
    ဒီတော့ ဆင်းရဲသားတွေ အကျိုးထက် ချမ်းသာသူများ အကျိုး အတွက်သာ ပံ့ပိုးပေးခဲ့တာ မဆန်းပါဘူး။
    ဘာသာရေးခေါင်းဆောင် တွေ ကလဲ အုပ်ချုပ်သူ (ဘုရင်) ကို ညွန်ကြားချက်ပေးပြီး သူတို့ အလိုအတိုင်းဖြစ်အောင် သိမ်းသွင်းတယ်။
    ဘုရင့် အထက်မှာတောင် ရှိချင်ခဲ့ကြတယ်။
    ဒါကြောင့် ဟင်နရီ (၈) ရဲ့ လက်ထက်မှာ သူ့ကြိုက်ရာ လုပ်နိုင်ဖို့ ရှေးရိုးဘာသာရေး Roman Catholic ကို ဖီဆန်ခဲ့တယ်။
    အကြောင်းတွေထဲ ကတစ်ချက် က ရှေးရိုးဘာသာရေး မှာ လက်ရှိ မိန်းမ ရှိရင်နောက်မိန်းမ မယူရတာမို့ နောက် မိန်းမ လိုချင်လို့ လဲ ပါတယ် လို့ သိဖူးခဲ့ပါတယ်။
    အဲဒါကြောင့် အဓိက ဟုတ်မဟုတ်တော့ မသိပါဘူး။ 😉
    ဒါပေမဲ့ လဲ ချမ်းသာသူ အုပ်ချုပ်သူ တွေ နဲ့ ဆင်းရဲသား ပြည်သူ တွေကြားမှာ အဆင့်တော့ ကွာဆဲပါဘဲ။

    ကွန်ဆာဗေးတစ် တွေ ရဲ့ ပြည်သူအပေါ် သဘောထားက ဆင်းရဲတာ မကြိုးစားလို့၊၊
    ကိုယ် အသုံးမကျလို့။ အလုပ်မလုပ်လို့။
    ဒီတော့ သူတို့ ကို ထောက်ပံ့ပေးရင် အပျင်း အားပေးဖြစ်မယ် ဆိုတဲ့သဘော။
    သဘောကတော့ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုး ခံစားပေါ့။
    အခွန် ဆိုလဲ ချမ်းသာ သူ နဲ့ ဆင်းရဲသူ အတူတူ ဆောင်စေရမယ် ဆိုတဲ့ မူတွေ နဲ့လဲ ချမ်းသာသူတွေ ကို စည်းရုံးပါတယ်။
    ဒီတော့ ကွန်ဆာဗေးတစ် ဆိုတာ နိုင်ငံရေးမှာ ကိုယ်ချင်းစာစိတ် မရှိတဲ့ သူဌေးများ အကြိုက် ပေါ့။
    (ကျွန်မ စကားပါ)

    လစ်ဘရယ် ကတော့ ဆင်းရဲသား တွေဘက် က ရပ်တည် ပြီး ကလေးတိုင်း စာသင်နိုင်ရေး၊ လူတိုင်း ဆေးကုနိုင်ရေး တွေ နဲ့ အများအတွက် ရှေ့ရှုပြီး မူဝါဒ ချပါတယ်။
    အခွန်ကိုလဲ ချမ်းသာသူက များများဆောင်စေ၊ ဆင်းရဲလွန်းရင် အခွန်ကင်းခွင့်တောင် ပေးဖို့ စဉ်းစားတာမို့ ဆင်းရဲသားကြိုက် နိုင်ငံရေး ပါ။
    ဒါပေမဲ့ ချမ်းသာသူထဲ က လူမှုရေး လုပ်ငန်း တွေကို စိတ်ဝင်စားသူများ ကတော့ လစ်ဘရယ် ကို support လုပ်ကြပါတယ်။
    ဥပမာ – ဝါရင်ဘတ်ဖက် က အိုဘားမား ကို support လုပ်သလားဘဲ။

    ဒီတော့ ကျွန်အ အထင် ရှေးရိုးစွဲဝါဒ ဆိုတာ ရှေးဓလေ့ထုံးတမ်း ယဉ်ကျေးမှု တွေကို ဆက်လက် သယ်ဆောင် တာထက် အုပ်ချုပ်ရေးမှာ ရှေးကလိုဘဲ အာဏာရှင် ပိုဆန်ပြီး ချမ်းသာသူ တွေကို ဦးစားပေး ဝါဒ လို့ ထင်တာပါဘဲ။

    ဒါ လူပြိန်း တွေးတွေးပြီး ပြောတာပါ။ မှားနိုင်ပါတယ်။

    ဒီတော့
    ကျွန်မတို့ ရဲ့ သူကြီးမင်းက ကွန်ဆာဗေးတစ် အားပေးသူ ဆိုတော့ အာဏာရှင်ဆန်ရမှာပေါ့လေ။
    တနည်း အာဏာရှင်ဆန်ဖို့ အတွက် မျက်စိမှိတ်ပြီး ကွန်ဆာဗေးတစ် လုပ်လိုက်တာလဲ ဖြစ်နိုင်သပေါ့။
    ဟာဟ။ :kwi:

  • အရီးခင်လတ်

    October 22, 2012 at 6:27 pm

    ဒါထက် ကြယ်ပွင့် တွေ တက်တာကတော့ Best Comment နဲ့ သာ ဆိုင်ကြောင်း
    အသေအချာပြောရဲ ပါတယ်။
    မယုံရင် ကိုယ့် Post မှာကို Best Comment တွေ ပေးကြည့်ပါ။
    လက်တွေ့သိပါလိမ့်မယ်။
    အရင်ကတော့ BC ၅ခု ကို တစ်ပွင့်၊ အခုတော့ ဈေးတက်သွားပြီ ထင်ရဲ့။ 😆
    BC အရေအတွက်ကို သတ်မှတ်တာကတော့ သူကြီးဖြစ်ပါမယ်။
    သူလိုသလိုပြောင်းနိုင်ပါမယ်။
    ကျန်တာကတော့ ကွန်ပျူတာ ပရိုဂရမ်က နေလုပ်သွားတာဖြစ်ပါကြောင်း။ :harr:

    • San Hla Gyi

      October 22, 2012 at 9:49 pm

      အမကြီး မခင်လတ်ရေ
      ကျနော် အဲဒီအကြောင်းကို အပေါ်က ကွန်မန့်တွေထဲမှာ ဖြေပြီးပါပြီ။ ကျနော် နောက်ပြီး ဘလက်ဘရားသား ဂိုဏ်းချုပ်ကြီးနဲ့ ပညာပြိုင်ဖို့ ချိန်းထားလို့ အဟိ။

  • မိုးသောက်ချိန်

    October 22, 2012 at 6:33 pm

    ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့တဲ့
    ကြားဖူးတာပေါ့ ….
    သေချာတော့ မသိပါဘူး
    ကွန်ဆာဗေးတစ်ပဲဖြစ်ဖြစ် လစ်ဗရယ်ပဲဖြစ်ဖြစ်
    ကိုယ့်အတ္တ (ကိုယ်လိုချင်သလို၊ ကိုယ်ဖြစ်စေချင်တာတွေ) အတွက်
    ခေါင်းစဉ်တစ်ခုဟုသာ ထင်မိပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    အနော်ကတော့ ပရမရှိတဲ့ အတ္တပိတဲ့ လူတစ်ယောက်သာ ဖြစ်ပါကြောင်းးးးးး 😆

  • padonmar

    October 22, 2012 at 9:24 pm

    ကိုစံလှကြီးရေ
    ကျမကတော့ ကွန်ပျူတာလည်းမကျွမ်းကျင်၊ကိုးနတ်ရှင် မျက်နှာသာမပေးတဲ့ အမိမြန်မာပြည်ကြီးမှာ ရသမျှ ကိုယ်ပိုင်ချိန်လေးကို ဂဇက်ထဲ ကိုယ်ပြောချင်တာတွေ တော်ကီပွားလိုက် သူများရေးတာတွေ ဖတ်လိုက် ပျော်နေတာပဲ။
    ကျမတစ်ခါတုံးကလည်းပြောဖူးပါတယ်။ ပွိုင့် ဘယ်လိုတက်လဲတောင်မကြည့်တတ်ပါဘူးလို့။
    ဆိုလိုတာက ကျမကတော့ အများအတွက် အကျိုးရှိမယ်ထင်တာလေး ထောက်ပြခွင့်ရရင် (သို့) ကိုယ့်ရင်ထဲက ခံစားရတာလေး ဖွင့်အန်ခွင့်ရရင် ကျေနပ်တတ်တဲ့ ရှေးရိုးစွဲသမားပါ။

    ကျမပို့စ်နည်းနည်းပါးပါး စတစ်ကီရဖူးပါတယ်။ဂျီးတော်နွားကျောင်းတဲ့ ဖတ်ရွေးထဲလည်း ပါပါတယ်။ရွာအလှူတွေဆိုလည်း ရွှေမိလိုက်လုပ်ပါတယ်။သူများတွေပေးတဲ့ BC ရလို့ ကြယ်လည်း တက်ထားပါတယ်။

    အခု ကိုစံလှကြီးပြောတဲ့ ပို့စ်တွေ ကျမလည်း ဖတ်ခွင့်မန့်ခွင့့်မရပါဘူး။

    အဲဒီအခါ ဦးပါလေရာ ရေးဖူးသလို မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းသည် လို့ သဘောထားလိုက်တာပါပဲ။
    ရခိုင်ကိုလည်းမမုန်းဘူး၊မွတ်စလင်ကိုလည်း မမုန်းဘူး။အကြမ်းဖက်တတ်တဲ့သူတွေကိုတော့ မုန်းလည်းမုန်း၊ကြောက်လည်းကြောက်ပါတယ်။
    ဒါကြောင့် လူမျိုးရေး ဘာသာရေးပြဿနာဖြစ်နိုင်လောက်တဲ့ အကြောင်းအရာတွေကို ပိတ်ကြတာ မကန့်ကွက်ချင်ပါဘူး။

    ဒါထက် စကားအတင်းစပ်
    သဂျီးက ကိုစံလှကြီး အရေးအသားအင်မတန်ကြိုက်လို့ ဒီလိုရေးပါလို့တောင် ကိုမိုးတိမ်ကို ညွှန်းနေသေးတယ်နော။

  • San Hla Gyi

    October 22, 2012 at 9:52 pm

    ဒေါက်တာ padonmar ရေ
    အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်။ အဲဒီကိစ္စကို ကျနော် ဦးဦးပါလေရာတို့ ကထူးဆန်းတို့ ကိုဗိုက်ကလေးတို့ကို ပြန်တဲ့ ကွန်မန့်ထဲမှာ ရှင်းပြီးပါပြီ။ အခု ကျနော် “တရားတဖက် ဓားတလက်နဲ့ ပြိုင်ဖက်မရှိ ကျော်ကြားသူ” ဆိုတဲ့ ဘွဲ့ရတဲ့ ဘလက်ဘရားသား ဂိုဏ်းချုပ်ကြီး အကြောင်း စဉ်းစားလိုက်အုံးမယ်။

  • kai

    October 23, 2012 at 1:04 am

    ဘယ်/ညာ.. လစ်ဘရယ်/ကွန်ဆာဗေးတစ် ဆိုတာ.. နို်င်ငံရေးနဲ့.. လူ့သဘာဝမှာရှိကိုရှိရတာပါ..။ ဒါမှတိုးတက်တာဖြစ်ပါတယ်..။
    ဒါပေမယ့်အစွန်းရောက်တာတော့.. မကောင်းကြောင်းနဲ့.. ဘယ်စွန်းရောက်ရင်.. မင်းမဲ့စရိုက့်ဖြစ်တတ်ကြောင်း..။ ညာစွန်းရောက်ရင်..ဖက်ဆစ်ဖြစ်တတ်ကြောင်း..
    အစွန်းသမားတွေကို.. အလယ်ပြန်ဆွဲယူဖို့.. ညာစွန်းပေါ်..ဘယ်စွန်းကပြန်ဆွဲယူ.. ဘယ်စွန်းပေါ်..ညာစွန်းကပြန်ဆွဲယူကြတာဖြစ်ပါကြောင်း..။

    လောကုတ္တရာတင်မက.. လောကီရေးမှာပါ.. ပုဂ္ဂိုလ်တဦးချင်းစီက.. ဒီလိုထိမ်းညှိတည့်မတ်သွားနိုင်ကြဖို့.. ဂေါတမဘုရားရှင်က.. အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ)ကို. တိတိကျကျဟောကြားခဲ့ပြီး.. မဂ္ဂင်(လမ်း) ၈ ပါးလို့ခေါ်ပါကြောင်း..
    .. အောက်က.. တရားတော်ကို ဖတ်ြကြည့်ကြဖို့တိုက်တွန်းပါကြောင်း..။
    http://www.dhammagarden.com/2012/01/blog-post_10.html
    လမ်း
    ဘုရားရှင်ကျင့်ခဲ့တဲ့ (အလယ်အလတ်လမ်းစဉ်) မဇ္ဈိမပဋိပဒါကျင့်စဉ်မှာအချက် (၈) ချက်ရှိတယ်။
    ဒါကို အင်္ဂလိပ်လို Noble Eightfold Path, Middle Way စသဖြင့်အဆင်ပြေသလို ပြန်ဆိုကြတယ်။

    (၁) သမ္မာဒိဋ္ဌိ
    ဒီသမ္မဒိဋ္ဌိကို အင်္ဂလိပ်လိုRight View, Right Understanding စသဖြင့် ပြန်ဆိုကြတယ်။ မြန်မာလိုတော့ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နားလည်မှုပေါ့။

    နိဗ္ဗာန်သို့ ချီတက်သူ နိဗ္ဗာန်သို့လျှောက်လှမ်းသူတစ်ယောက်အနေနဲ့ပထမဦးဆုံးမှန်ကန်တဲ့အမြင် (သမ္မာဒိဋ္ဌိ) (ခြေလှမ်း) ရှိကို ရှိရပါမယ်။

    မှန်ကန်တဲ့အမြင်ရှိဘို့အတွက်
    အမြင်မှန်ဘို့လိုအပ်တယ်။
    အမြင်မှန်ဘို့အတွက် မှန်ကန်တဲ့နားလည်မှု ရှိဘို့လိုပါတယ်။
    မှန်မှန်ကန်ကန်နားလည်ဘို့ဆိုတာ
    ကိုယ့်ကိုယ်ကို နားလည်တာကို ပြောတာပါဘဲ။

    Right Understanding is the understanding of oneself as one really is.

    ကိုယ့်ကိုယ်ကို နားလည်တာဆိုတာကိုယ့်မှာရှိနေတဲ့ သိအပ်တဲ့ရုပ်နဲ့ သိတတ်တဲ့စိတ်ကိုပိုင်းပိုင်းခြားခြား တိတိပပ သိတာကို ပြောတာပါ။

    ဒါကို စာပေစကားမှာတော့နာမ်ရုပ်တို့ကို ပိုင်းခြား၍ သိတတ်သော(နာမရူပပရိစ္ဆေဒ) ဉာဏ်တဲ့။
    ဒီမှန်ကန်တဲ့အမြင် မှန်ကန်တဲ့နားလည်မှုဟာမဇ္ဈိပဋိပဒါလမ်းစဉ်မှာ အဓိကသော့ချက်ပဲ။
    The key-note of Buddhism is this right understanding.

    (၂) သမ္မာသင်္ကပ္ပ
    မှန်မှန်ကန်ကန်မြင်တတ်တဲ့ မှန်မှန်ကန်ကန်နားလည်မှုရှိတဲ့သူသာ
    မှန်ကန်တဲ့အတွေးရှိမှာပါ။
    မှန်ကန်တဲ့အတွေးကို ပါဠိလို သမ္မာသင်္ကပ္ပတဲ့။
    အင်္ဂလိပ်လိုတော့
    Right Resolutions, Right Aspirations, Right Ideas စသဖြင့်အမျိုးမျိုးပြန်ဆိုကြတယ်။

    ပါဠိ၊ အင်္ဂလိပ်တတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါးကမှန်ကန်တဲ့အတွေးဆိုတော့ Right Thoughts လို့ဘာသာပြန်သင့်တယ်တဲ့။

    (၃) သမ္မာဝါစာ
    မှန်ကန်တဲ့အတွေးအခေါ်ရှိတဲ့သူသာ မှန်ကန်တဲ့စကားကို ပြောမှာ။
    မှန်ကန်တဲ့စကားကို ပါဠိလို သမ္မာဝါစာတဲ့။

    နိဗ္ဗာန်ကို တက်လှမ်းလိုသူအဖို့
    သမ္မာဝါစာ – မှန်ကန်တဲ့စကားကိုသာ ပြောဆိုသင့်ပါတယ်။
    မုသာဝါဒ – လိမ်လည်လှည့်ဖြား မပြောကြားသင့်ပါဘူး။
    ဒါ့အပြင် ဂုံးချော ဂုံးတိုက်တဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊အရည်မရ အဖတ်မရတဲ့စကားတွေကိုလဲ ရှောင်ကြဉ်ရမှာပါ။
    သမ္မာဝါစာ – မှန်ကန်တဲ့စကားဆိုလို့ကိုယ်ပြောတဲ့စကား မှန်ကန်နေရုံနဲ့ မလုံလောက်ပါဘူး။
    နားဝင်ချိုနေရုံနဲ့ မလုံလောက်ပါဘူး။
    သာယာနာပျော်ဖွယ်ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး။
    ကိုယ်ပြောလိုက်တဲ့စကားဟာ သူတစ်ပါးအတွက်အသုံးတည့်ရပါမယ်၊ အကျိုးဖြစ်ထွန်းစေရပါမယ်။ အကျိုးရှိရပါမယ်။

    What one utters is not only true, sweet and pleasant
    but also useful, fruitful and beneficial.

    (၄) သမ္မာကမ္မန ္တ
    အပြောမှန်တာနဲ့ အလုပ်မှန်တာ ခွဲခြားလို့ မရပါဘူး။
    ဘာ့ကြောင့်လဲဆိုရင် အပြောမှန်တဲ့သူသာ အလုပ်မှန်တတ်လို့ပါဘဲ။
    အလုပ်မှန်တာကို ပါဠိလို သမ္မာကမ္မန ္တလို့ခေါ်တယ်။
    အင်္ဂလိပ်လို Right Action ပေါ့။အလုပ်မှန်တဲ့ အမှန်လုပ်တဲ့ ဒီ Right Action ဆိုတာတခြားထွေထွေထူးထူးမဟုတ်ပါဘူး။

    မိုက်မဲမှု(မောဟ) ကြောင့် လောဘစိတ်၊ ဒေါသစိတ်တွေအခြေခံပြီးသူ့တပါးအသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊သူတပါးသားမယား ပြစ်မှားစော်ကားခြင်းတို့ကို မလွန်ကျူးဘူးဆိုရင်Right Action ဖြစ်တော့တာပါဘဲ။
    It deals with abstinence from killing, stealing and sexual misconduct.

    (၅) သမ္မာအာဇီဝ
    အတွေးအခေါ် မှန်၊ အပြောမှန်ပြီး အလုပ်မှန်တဲ့သူအတွက်အကြံအဖန်စီးပွါးရေးလုပ်ငန်းကို လုံးဝ စိတ်မဝင်စားတော့ပါဘူး။မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းနဲ့ပဲ သူ့ဘဝရပ်တည်တော့မှာ အမှန်ပါ။
    မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းကို သမ္မာအာဇီဝလို့ခေါ်တယ်။အင်္ဂလိပ်လို Right Livelihood ပေါ့။

    ဒါနဲ့စပ်လို့ ဗုဒ္ဓဘာသာစာပေထဲမှာ
    မလုပ်ရမဲ့စီးပွါးရေးလုပ်ငန်း ငါးမျိုးကို ပြဆိုထားပါတယ်။
    (က) လက်နက်ရောင်းဝယ်မှု (Traiding in arms)
    (ခ) လူကုန်ကူးမှု (Traiding in human beings)
    (ဂ) သားငါးမွေးမြူရေး (Traiding in flesh)
    (ဃ) အရက်၊ မူးယဇ်ဆေးဝါး (Traiding in intoxicating drinks)
    (င) အဆိပ် (Trading in poison)

    (၆) သမ္မာဝါယာမ
    သမ္မာဝါယာမဆိုတာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှု။အင်္ဂလိပ်လိုတော့ Right Effort တဲ့။

    နိဗ္ဗာန်သို့တက်လှမ်းလိုသူအတွက် နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ဘို့ လိုအပ်ပါတယ်။ဒီခေတ်မှာ ဟိုနည်း ဒီနည်းနဲ့ နည်းတွေက နည်းတာမဟုတ်ဘူး။နည်းမှန်ဘို့ အင်မတန်အရေးကြီးတယ်။နည်းမှန်မှ လမ်းမှန်မှာပါ။နည်းမှားနေရင် လမ်းမှားနေမှာ ဖြစ်တဲ့အတွက်လိုချင်တဲ့ လျှောက်လှမ်းနေတဲ့ပန်းတိုင်ကို ရောက်မှာ မဟုတ်တော့ဘူး။

    ဗုဒ္ဓစာပေမှာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှုလေးမျိုးရှိတယ်။
    (၁) ဖြစ်ပေါ်ပြီးတဲ့မကောင်းမှုအကုသိုလ်တွေကို ပယ်စွန့်နိုင်အောင် ကြိုးစားခြင်း၊
    (၂) မဖြစ်သေးတဲ့ မကောင်းမှုအကုသိုလ်တွေကို မဖြစ်မိအောင် ကြိုးစားခြင်း
    (၃) မဖြစ်ပြီးသေးကုသိုလ်ကောင်းမှုတွေကို ဖြစ်ပေါ်လာအောင် ကြိုးစားခြင်း၊
    (၄) ဖြစ်ပြီးတဲ့ကုသိုလ်ကောင်းမှုတွေကို တိုးပွါးလာအောင် ကြိုးစားခြင်းဆိုပြီး
    လေးမျိုးရှိပါတယ်။

    မဇ္ဈိမပဋိပဒါ – အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာဒီသမ္မာဝါယာမ (မှန်မှန်ကန်ကန်ကြိုးစားအားထုတ်မှု) ဟာ အင်မတန်အရေးကြီးပါတယ်။သံသရာမှ ထွက်မြောက်ဘို့ နိဗ္ဗာန်ကို ရဘို့ ရောက်ဘို့အတွက်ကိုယ့်အားကို အားကိုးပြီး ကိုယ်ကိုယ်တိုင် ကြိုးစားရမှာပါ။
    ပေးကမ်းလှူဒါန်း၊ ဆုတောင်းနေရုံမျှနဲ့နိဗ္ဗာန်ကို လုံးဝ မရောက်နိုင်ပါဘူးလို့ ဒီအချက်က ရည်ညွှန်းပါတယ်။

    (၇) သမ္မာသတိ
    မဇ္ဈိမပဋိပဒါ – အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာသမ္မာဝါယာမနဲ့ ကပ်လိုက်လာတာက သမ္မာသတိ (မှန်ကန်တဲ့သတိ) ပါ။Right Mindfulness လို့ အင်္ဂလိပ်လို ဘာသာပြန်ကြတယ်။

    ကိုယ် (body), ဝေဒနာ (feeling), စိတ် (thoughts), နဲ့ ဓမ္မ (mind-objects) လို့ခေါ်တဲ့ အာရုံလေးမျိုးအပေါ်မှာ မိမိရဲ့ သတိကို အမြဲမပြတ်တင်ထားတာကို (အမြဲသတိ ရှိနေခြင်းကို)သမ္မာသတိ – မှန်ကန်သော သတိလို့ခေါ်ပါတယ်။

    ကိုယ့်ကိုယ်ကိုလှတယ် တင့်တယ်တယ်လို့ မမှတ်ယူမိအောင်၊ချမ်းသာတယ်လို့ မမှတ်ယူမိအောင်၊မြဲတယ်လို့ မမှတ်ယူမိအောင်၊အတ္တရှိတယ်လို့ မမှတ်ယူမိအောင်၊အဆိုပါ အာရုံလေးမျိုးအပေါ်မှာ သတိအမြဲရှိနေရတာ။

    Mindfulness on these four objects tend to eradicate the misconceptions with regard to desirablity (subha), so-called happiness (sukha),permanence (nicca) and an immortal soul (atta) respectively.

    (၈) သမ္မာသမာဓိ
    မှန်မှန်ကန်ကန်ကြိုးစားပြီး သတိရှိလာတဲ့သူအဖို့မှန်ကန်တဲ့သမာဓိတရားရရှိလာမှာ မလွဲပါဘူး။မှန်ကန်တဲ့သမာဓိကို သမ္မာသမာဓိလို့ခေါ်တယ်။ Right Concentration တဲ့။

    သမာဓိရလာရင်တော့ ကိုယ့်ကိုယ်ကို အမှန်အတိုင်းသိမြင်လာမှာပါ။ ကိုယ်ကို်ယ့်ကို အသုဘကောင်ကြီးဆိုတာ သဘောပေါက်လာမှာပါ။သစ္စာလေးပါးကို တကယ်သိလိုသူ၊ နိဗ္ဗာန်ကို ရလိုသူ၊ မျက်မှောက်ပြုလိုသူမည်သူမဆိုမဇ္ဈိမပဋိပဒါကျင့်စဉ်ဖြစ်တဲ့ ဒီအချက် (၈) ချက်ကို ကျင့်ရမှာပါ။

    • အရီးခင်လတ်

      October 23, 2012 at 3:05 am

      ဗုဒ္ဓ္ဓဘာသာ ရဲ့ အနှစ် “သစ္စာ လေးပါး” နဲ့ “မဇ္ဈိပဋိပဒါလမ်းစဉ်” ကို
      တစ်ခြားဘာသာဝင် များကပါ ပြောဆိုတတ်/ စိတ်ဝင်စားတတ်/ ကျင့်ကြံလိုက်နာတတ်ကြတယ် ဆိုရင်တော့
      သူကြီး ကို မုတ်ဆိတ်ကြီးလို့ စွပ်စွဲ နေတာ မှန်တယ်ပြောရမှာဘဲ။ :kwi:

      သာဓု၊ သာဓု၊ သာဓုပါ သူကြီးရှင့်။

      • San Hla Gyi

        October 23, 2012 at 6:32 pm

        အရီးခင်လတ်ရေ
        ကျနော် ပြောချင်နေတာလဲ အဲဒါပဲ။ အခုနောက်ပိုင်း အစ္စလာမ် ဘာသာဝင်တွေတောင် ဗုဒ္ဓဘာသာတရားကို လေ့လာနေသူတွေ ရှိတယ်လို့ ကြားဖူးတာ မှန်နေပြီပေါ့ အာဟိ။

    • amatmin

      October 23, 2012 at 10:05 am

      တခါတလေ ကိုယ့်ဘာသာ အမှားတွေကြားမှာ
      မြောရင်း အမှန်ကပိတ်နေတတ်သမို့
      သဂျီး ပြန်ရှင်းပြပေးထားတဲ့…
      မဂ္ဂင်ရှစ်ပါး အတွက်ကျေးကျေးပါဗျို့..
      ဒါနဲ့ နာဇီနဲ့ ဖက်ဆစ်က ဘယ်လို ကွာတယ်မသိ..

      • surmi

        October 23, 2012 at 12:44 pm

        သဂျီးဟောသောတရားများကိုနာယူပြီး တောထွက်ချင်စိတ်ပေါက်သွားပါသဖြင် ့
        နောက်နေ ့မှစ၍ မန်းဂဇက်ကို ခွင် ့တင်ပါ၏

        ကိုစံလှကြီးရေ
        သရော်စာကဲ ့သို ့ဖတ်ပြီး ဘေးမှရပ်ကြည် ့နေပါကြောင်း

        • San Hla Gyi

          October 23, 2012 at 6:45 pm

          ကို surmi ရေ
          အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမှန်က သူကြီးက မဂ္ဂင်ရှစ်ပါးကို ရှင်းပြပေမယ့် ကျနော်က သူ့ကို ရှရီအတ် တရားတော်အကြောင်းမေးတာ။ ရွာထဲမှာတော့ သူကြီးက အဲဒါကို တော်တော်ပိုင်တယ်လို့ ပြောနေကြလို့။ ကြုံတုန်း ပြောရဦးမယ်။ အစ္စလာမ် ဘာသာဝင်တွေမှာ မှန်မှန်ဝတ်ပြုတဲ့လူမှာ နဖူးမှာ အမာရွတ်ကြီး ရှိတယ်တဲ့။ ဝတ်ပြုလို့ ဖြစ်တာကိုး။ နမာဇီလို့ခေါ်ပြီး သူတို့ ဘာသာဝင်တွေအတွက်တော့ သူတော်ကောင်း အမှတ်အသားပေါ့။ ကိုကြောင်ကြီးက သူ့ယောက္ခမနဖူးမှာလည်း အဲဒီလို အမာရွတ်ကြီးရှိတယ်လို့ သူကိုယ်တိုင် ပို့စ်တခုမှာပြောတယ်။ အာဟိ။

      • San Hla Gyi

        October 23, 2012 at 6:39 pm

        ကို amatmin ရေ
        အမှန်က သူကြီးက ရှရီအတ်တို့ တွရီအတ်တို့ ဟကီကတ်တို့ ဆိုတဲ့ တရားတွေကို ပိုပြီးပိုင်တယ်ကြားတယ်။ မဂ္ဂင်ရှစ်ပါးကို ပြောတာတော့ သူ့ရဲ့ နှံ့စပ်ပုံကို ပြတာပဲ။

    • San Hla Gyi

      October 23, 2012 at 6:30 pm

      သူကြီးကလဲ သူကြီးကို ကျုပ်မေးတာ ရှရီအတ် တရားတော်အကြောင်း မေးတာကို ဘယ်လိုဖြစ်လို့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရှင်းပြရတာလဲ။ ရွာထဲမှာပြောတော့ သူကြီးက ရှရီအတ် တရားတော်အတိုင်း နေထိုင်တယ်ဆို။ အဲဒီလို ပြောကြတာပဲ ဟဲ ဟဲ။ သူကြီးရဲ့ ရှင်းပြမှုကိုတော့ ကျေးဇူးတင်ပါတယ်။ အဲဒါက မိုးပြာဆရာတွေကို ဆွေးနွေးဖို့ ချန်ထားတယ်။ သူကြီးရဲ့ မိုးပြာဆရာတွေလဲ ပြောလိုက်ရင် ပါဠိစကားလုံးကြီးတွေက တော်တော့်လူဆို လန့်သွားလောက်တယ်။ နောက်ပြီး ကျရင်တော့ ချိုမိုင်မိုင်ပဲ။

      • kai

        October 24, 2012 at 7:38 am

        (၅) သမ္မာအာဇီဝ
        အတွေးအခေါ် မှန်၊ အပြောမှန်ပြီး အလုပ်မှန်တဲ့သူအတွက်အကြံအဖန်စီးပွါးရေးလုပ်ငန်းကို လုံးဝ စိတ်မဝင်စားတော့ပါဘူး။မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းနဲ့ပဲ သူ့ဘဝရပ်တည်တော့မှာ အမှန်ပါ။
        မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းကို သမ္မာအာဇီဝလို့ခေါ်တယ်။အင်္ဂလိပ်လို Right Livelihood ပေါ့။

        ဒါနဲ့စပ်လို့ ဗုဒ္ဓဘာသာစာပေထဲမှာ
        မလုပ်ရမဲ့စီးပွါးရေးလုပ်ငန်း ငါးမျိုးကို ပြဆိုထားပါတယ်။
        (က) လက်နက်ရောင်းဝယ်မှု (Traiding in arms)
        (ခ) လူကုန်ကူးမှု (Traiding in human beings)
        (ဂ) သားငါးမွေးမြူရေး (Traiding in flesh)
        (ဃ) အရက်၊ မူးယဇ်ဆေးဝါး (Traiding in intoxicating drinks)
        (င) အဆိပ် (Trading in poison)

        အဲလိုရေးထားတာ.. တော်ကြာကျုပ်ကသဘောတူနေတယ် ထင်နေမှာစိုးလို့…
        သမ္မာအာဇီဝကို.. အောက်ကရေးထားတာ. .တိုတိုနဲ့လိုရင်းမို့.. ပိုကြိုက်တယ်..
        အပေါ်ကရေးထားတာက..” ရှေးစွန်းဆွဲ”ဖြစ်နေပြီး.. ခတ်မမှီတော့လို့ပါ..။
        တော်ကြာ.. လူတွေ…လူတွေ.. ဘာသားငါးမှ. မစားရတော့ပဲနေဦးမယ်..
        ဖွင့်ချက်ကိုက.. အစွန်းရောက်နေတယ်ယူဆမိပါတယ်.။

        အဲ.. မိုးပြာတွေဖွင့်ဆိုပြတာတော့. သိချင်သား.. :kwi:

        RIGHT LIVELIHOOD Sammᾱajῑva

        သမ္မာအာဇီဝ – မှန်ကန်သော အသက်မွေးခြင်း၊ ကောင်းစွာ အသက်မွေးခြင်း။

        ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါးတို့နှင့် ကင်းလွတ်၍ မည်သူကိုမျှ ထိခိုက်နစ်နာစေမှု မရှိသော အသက်မွေးမှုသည် သမ္မာအာဇီဝ မည်၏။

        Right livelihood means earning a living that in no way harms anybody, and in ways that are free from the three kinds of physical misdeed and the four kinds of evil speech.

        • San Hla Gyi

          October 24, 2012 at 7:08 pm

          သူကြီးရေ
          သူကြီး ဆွေးနွေးတဲ့ အချက်တွေက ဒီပို့စ်နဲ့ မကိုက်လို့ သိပ်မဆွေးနွေးပါဘူး။ ကျနော် ဒီလောက် ထင်ထင်ရှားရှား လုပ်တာတောင် တချို့ မျက်စိလည်နေသလိုပဲ။ အဲဒါတွေကို သူကြီးနဲ့ ဆွေးနွေးရင် ပိုပြီး မျက်စိလည်သွားမယ် ထင်တယ်။
          တခုတော့ အကျဉ်းပြောမယ်။ ဗုဒ္ဓဘာသာဘက်မှာ အဲဒီလို ဖွင့်တာ အမှန်ပဲ။ သူကြီး အလွတ်ကျက်တဲ့ ကုရ်အာန်ကျမ်းနဲ့တော့ မတူဖူးပေါ့။ သူကြီး ကျက်ထားတယ်ဆိုတဲ့ ကုရ်အာန်ကျမ်းက တိရ စ္ဆာန်များအား ညှင်းပန်းချင်း မပြုရ သို့သော် အတန်အရာ ဝေသုံးစားသောက်သည်မှာ အပြစ်မရှိလို့ ရေးထားတာကိုး။ ဖန်ဆင်းသော အရှင်ရဲ့ ဖန်ဆင်းမှုများလို့ ပြောတာကိုး။ ကျုပ်မှားတယ် မှန်တယ် မပြောဘူးနော်။ တော်ကြာ သူကြီးအမျိုးတွေ ရောက်လာမှာစိုးလို့။
          အဝိုင်းနဲ့ လေးထောင့်ကို တူအောင်လုပ်လို့ မရဘူး သူကြီးရေ။ သူကြီးက မိုးပြာအကြောင်း ပြောလို့ ကျုပ်လည်း သူတို့အကြောင်း ပြောအုံးမယ်။ သူကြီး ဆရာတွေက အစတုန်းကတော့ သူတို့ကို ဘယ်သူမှ မပြောဝံ့ဘူးဆိုပြီး ထောင်ထောင် ထောင်ထောင်နဲ့။ သူတို့ကလည်း ပါဠိလိုတွေ တအားရွတ်တော့ တော်တော့်လူက အနားမကပ်ဝံ့ဘူး။ အဲဒါ ဒီဆိုက်ဒ်ထဲက လူတွေက ဒေါက်တာနန္ဒမာလာဘိဝံသနဲ့ ဆွေးနွေးပါပြောရင် “စီစဉ်ပေးပါ ဆွေးနွေးချင်တယ်” ဘာညာ။ ဘာစာပေတွေ လေ့လာသင့်ပါတယ်လို့ လေသံပြော့လေးတွေနဲ့ ပြောရင် “ဟား ဟား အဲဒီစာပေတွေက ဘုရားရှင် ဟောတာ မဟုတ်ဘူး” ပေါ့။ ပြောတဲ့လူတွေလဲ ကွိ ကွိ တောင်မအော်နိုင်တော့ပဲ ကျန်ခဲ့တော့တာပဲ။
          အခုကျတော့လဲ မိုးပြာဝါဒကို ယုံသလားမေးရင် အဲဒီဝါဒအောက်လည်း အရောက်မခံပါဘူး။ မိုးပြာဆရာတော် အသုံးပြုနေတဲ့ ဆေးကို လေ့လာနေသူတွေပါတဲ့။ သနားဖို့တောင် ကောင်းတယ်။

  • ပန်းစံပါယ်

    October 23, 2012 at 2:53 pm

    ဘာမှသိပ်တော့ နားမလည်လို့ သိပ်မပြောတတ်ပေမယ့် ဒီသရော်စာကိုတော့ အတော်လေးသဘောကျမိပါတယ်ရှင်။ ဒီသရော်စာထဲကနေ တန်ဖိုးရှိတဲ့အရာတွေအများကြီး ရလိုက်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။

  • San Hla Gyi

    October 23, 2012 at 6:57 pm

    မပန်းစံပယ်ရေ
    ပထမဆုံးအကြိမ် လာရောက်အားပေးသူလို့ ထင်ပါတယ်။ ကြိုက်တယ်ဆိုလို့ ကျေးဇူးပါ။ နောက်လဲ အားပေးနိုင်ပါတယ်။

  • uncle gyi

    October 23, 2012 at 10:26 pm

    စောစောကိုစံေ၇
    အသက်ကကြီးပြိီဆိုတော့မျက်စိကစိန်နဲ့စံမွှားသွားတယ်

  • San Hla Gyi

    October 24, 2012 at 4:27 am

    ဟုတ်ကဲ့ ရပါတယ်ခင်ဗျ နာမည်မှားတာ ပြဿနာ မရှိပါဘူး။ အဓိကကတော့ ကျနော့် ဆိုလိုရင်းကို ဖမ်းမိရင် ပြီးတာပါပဲ။

  • Khaing Khaing

    October 24, 2012 at 1:43 pm

    ကိုစံလှကြီးရဲ့ပို့စ်ကို ဖတ်ဖို့ဖွင့်ပြီးတိုင်း အလုပ်လုပ်လိုက် ပြောင်လိုက်နောက်လိုက်နဲ့ ကော်မန့်တွေတောင် တော်တော်များနေပီ …. ဒီလိုပို့စ်တွေက အပေါ်ယံဖတ်ပြီး မန့်လို့မရဘူး …. ပို့စ်တင်သူရဲ့ရည်ရွယ်ချက်လေးကိုသိဖို့လည်းလိုပြန်ရော …. ရှေးရိုးစွဲဝါဒ ကိုဆန့်ကျင်ကြဆိုတဲ့ ခေါင်းစဉ်က အတော်လေးကို ထိရောက်နေပါပြီ ……. အထက်မှာလည်း ကော်မန့်တွေ တော်တော်စုံနေလို့ ထပ်ပြီးဝေဖန်မပြောဆိုတော့ပါဘူး …. ဒီပို့စ်တင်တဲ့ရည်ရွယ်ချက်လေးက ကောင်းပါတယ် …. ကိုစံလှကြီးရဲ့ အရေးအသားတင်ပြပုံတွေကို ညီမနှစ်သက်တယ် ညီမဖြစ်ချင်ပြောချင်တာတွေနဲ့ တထပ်တည်းကျတတ်လို့ … ကိုစံလှကြီးက လစ်ဗရယ်ဆိုရင် ညီမလည်းလစ်ဗရယ်များဖြစ်သင့်သလား … ညီမကိုတော့ တစ်ခြားလူတွေက ကွန်ဇာဗေးတစ်ဆိုလားပဲ ….

    • San Hla Gyi

      October 24, 2012 at 6:31 pm

      မခိုင်ခိုင်ရေ
      အခုလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မခိုင်ခိုင်က ပို့စ်ရဲ့ ဆိုလိုရင်းကို ရိပ်မိတယ်ဆိုလို့ ကျေးဇူးပါ။ ဟုတ်တယ် မခိုင်ခိုင်ရေ။ အမှန်တော့ ကျနော်က သိပ်ဟာသဥဏ် မရွှင်ပေမယ့် တစိမ့်စိမ့်တွေးပြီး ရယ်ရတဲ့ ဟာသမျိုးကို ပိုသဘောကျပါတယ်။ ကျနော့်စိတ်ထင် အဲဒီလို ဟာသမျိုးက ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ နီကိုရဲ ရေးတတ်သလိုပဲ။ ရုတ်တရက် ဖတ်ရင်တော့ မသိလိုက်ဘူး။ ကျနော် အခုတွေ့သလောက် တယောက် နှစ်ယောက်က ကြောင်သွားပြီး ပို့စ်ထဲက အချက်တွေကို စိတ်ဆိုးတဲ့လေသံ ထွက်လာတာတွေ့တယ်။ အမှန်ဆို သူကြီးက စိတ်ဆိုးတယ် ဆိုရင်တောင် ဟုတ်အုံးမယ်။ သူ့အကြောင်းက နောက်ရင်းနဲ့ တကယ့် ကျနော့်အမြင်တွေကိုပါ ရေးထားတာ။
      ကျနော်ကတော့ ကျနော် စာရေးတဲ့ ဟန်နဲ့ လေသံမှာ တော်တော်ကို ရိပ်မိနိုင်တယ်လို့ ထင်ထားတာ။ ရယ်စရာပေမယ့် အဓိက အချက်ကတော့ ရည်ရွယ်ချက်ပါတယ် မခိုင်ခိုင်ရေ။ အဲဒါကို မဖမ်းမိမှားစိုးလို့ ကွန်မန့်တွေနဲ့ ပြောလိုက်မိလို့တောင် ဟာတာတာကြီး ဖြစ်နေတယ်။
      ကျနော်က လစ်ဘရယ်လား ကွန်ဆာဗေးတစ်လား ဆိုတာတော့ ဒီပို့စ်ရဲ့ အနေအထားအရ သင့်သလိုသာယူပါ။ ကျနော့်ရဲ့ အဓိက ခံယူချက်ကတော့ ရှေးရိုးစွဲဝါဒ ဆိုတိုင်းမမှားသလို ခေတ်မီတဲ့ အမြင်ဆိုတိုင်းလည်း မမှန်နိုင်ပါဘူး။ ကာလ ဒေသ ပယောဂဆိုတဲ့ အချက်တွေပေါ်မှာ အများကြီး မူတည်နေတယ်။
      မခိုင်ခိုင်က ကွန်ဆာဗေးတစ်ဆိုရင်လဲ သိပ်မပြင်းထန်တဲ့လူပဲ ဖြစ်လိမ့်မယ် မခိုင်ခိုင်ရေ။ ကျနော် အဲဒီလို ထင်တယ်။ နောက်လဲ အားပေးပါ။ လူချင်းမသိပေမယ့် ရေးတဲ့ စာတွေအရ စာပေမောင်နှမလို့ ခံစားရပါတယ်။

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 24, 2012 at 4:45 pm

    မင်္ဂလာပါ ကိုစံလှကြီးရေ ….

    ကျွန်မဒီပို့စ်ကို ဖတ်မိပေမယ့် ခရီးထွက်နေချိန်၊ အခြေနေမပေးလို့ ကော့မန့် မရေးဖြစ်ခဲ့ပါဘူး … ခုတော့ ပြန်ရှာဖတ်ပြီးပြီးမို့ … နည်းနည်းတော့ ပွားခွင့်ပြုပါဦးနော် ။

    conservative နဲ့ liberal ဆိုတာ .. အမည်နာမသတ်မှတ်ချက်တစ်ခုလို ့ပဲ ကျွန်မမြင်ပါတယ် ။
    ဘာလို့လဲ ဆိုတော့ ..ကိုယ့်ကိုယ်ကို conservativeလို့ ကြွေးကျော်ထားသူတစ်ယောက် … အချိန်တိုင်းမှာ conservative တစ်ယောက်လို တွေးမနေနိုင်တာကြောင့်ပါပဲ … ။ အခြေနေနဲ့ အချိန်ခါကိုလိုက်ပြီး liberal လို အတွေးမျိုးတွေးကောင်းလည်း တွေးမယ် ..။
    liberal ကလည်း ဒီလိုပါပဲ …. ငါ့ဟဲ့ liberal ဆိုပြီး … နေရာတိုင်းမှာ နာမည်ကြီးကိုင်စွဲပြီး အသည်းမာနေနိုင်တဲ့ အနေထားမျိုးတော့မဟုတ်လောက်ပါဘူး …. ။ လူ့စိတ်ဆိုတာ မှန်းရခက်တယ်လား … ဒီတော့ …. liberal ဖြစ်လိုက် ၊ conservative ဖြစ်လိုက်နဲ့ …. နေ့နဲ့ ညပြောင်းသလို …. ကာလဒေသအလိုက် ပြောင်းနေတာမျိုးကိုး …. ။ 🙄

    Generation Gap , Culture Gap တွေကလည်းရှိသေးတော့ ….. လူကြီးနဲ့ လူငယ် အမြင်ကွာမယ် ၊ အယူဆကွာမယ် .. ဒါတွေက ခေတ်တိုင်း ၊ စနစ်တိုင်းမှာရှိနေပါသေးတယ် ။ အဓိကကတော့ ကိုယ်စိုက်တဲ့ အသီး ကိုယ်ပြန်ရိတ်သိမ်းနိုင်ဖို့ပါပဲ ။ ကိုယ့်ဝန်သူများကို မပိစေဖို့ပါ ။
    လူကြီးဆိုတိုင်းလည်း … သူတို့ အယူဆ ၊ အဆိုမိန့်တွေက အကုန်လုံး နီးပါး လှေနံ ဓါးထစ်ယုံကြည်လို့ မရသလို ၊ လူငယ်ဆိုတိုင်းလည်း အတွေးခေါ်တွေ မရင့်ကျက်သုံးမရဘူးလို့ ပယ်ထားလို့ မရပါဘူး ။ အသိဉာဏ် ဆိုတာမျိုးက မွေးရာပါ မျိုးရိုး၊ဗီဇအပြင် ၊ လေ့ကျင့်ပြုပြင်မှုနဲ ့ .. ပတ်ဝန်းကျင်အနေထားတွေအရ ပြောင်းလဲ နေတာမျိုးဆိုတော့ … ၊ လူတိုင်းမှာ မတူတဲ့ ခံယူချက်လေးတွေရှိတတ်ကြစမြဲပါ ။ ကောင်းတာကို လက်ခံယူမယ် ၊ မကောင်းတာကို ပယ်ဖျက်မယ် … ဒီလို အတွေးမျိုးကို ကျွန်မက ဆိုလိုတာပါ ။ ကောင်းတာ ၊ မကောင်းတာဆိုတာကလည်း ဆုံးဖြတ်တဲ့ ကာယကံရှင်ရဲ့ … ခံယူချက်၊ အတွေးခေါ် ၊ အသိစိတ်နဲ့ သာ တိုက်ရိုက်သက်ဆိုင်ပါတယ် … ။

    တလက်စတည်း … ပို့စ်ပါစာကြောင်းလေးဖြစ်တဲ့ …

    မိန်းကလေး ဆိုတာကတော့ မွေးကတည်းက ငိုခွင့်လိုင်စင် အလိုလို ရပြီးသားပဲ။ စိတ်မကောင်းရင် အဟင့် ရွှတ် ဘွတ် ဒိုင်း ဆိုပြီး ငိုချလိုက်။

    အဲ့ဒါကိုတော့ ..ပြတ်ပြတ်သားသားကန် ့ကွက်ပါတယ် … ။မိန်းမတွေကို မွေးကတည်းက ပျော့ညံ့သူအဖြစ် သုံးသပ်ထားတာကြောင့်ပါ ။ မိန်းမဖြစ်ပြီး မျက်ရည်မကျတတ်သူတွေ ၊ ယောကျာ်းလေး မျက်ရည်လွယ်သူတွေ ဒီခေတ်မှာ ဒုနဲ့ဒေးတောင် ရှိနေပါပြီ ။
    မွေးကတည်က ပျော့ညံ့သူတွေ မဟုတ်ပါဘူး ။ စကားလုံးတွေအောက် မှိုင်းမိခဲ့တာပါ ။

    မိန်းမတွေက .. ဘေးက စကားလုံးတွေအောက်မှာ မှိုင်းမိပြီး ကိုယ့်ကိုယ်ကို ပျော့ညံ့သူအဖြစ် ခံယူလိုက်ကျတယ် ..အ ဲ့ဒီမှာပဲ ….. အစွမ်းရှိသလောက် မလုပ်ကိုင်ကြတော့ပဲ ရေသာခိုဖို့ ကြိုးစားကြတော့တယ် … အဲ့ဒီတော့မှာသာ မိန်းမတွေ တကယ့်ကို ပျော့ညံ့တဲ့ လူဖြစ်လာတာပါ ။ မွေးရာပါ ပျော့ ညံ့တာမျိုး မဟုတ်ပါဘူး ။
    ကွန်ဆာဗေးတစ်ဗ်ပဲ ဖြစ်ဖြစ် လစ်ဘရယ်ပဲဖြစ်ဖြစ် ….. ကိုယ့်အယူဆနဲ့ကိုယ် သူတပါးကို မထိခိုက်ပဲ ..လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ် ….

    ရှေးရိုးစွဲဝါဒီတွေကို ဆန့် ကျင်ပြီးမှ လစ်ဘရယ်စစ်စစ် ဖြစ်လာဖို့ ကြိုးစားတာမျိုးကတော့ … တဘို့ထဲ ကြည့်ပြီး ချနင်းတာမျိုးဖြစ်လို့ … တော်ရုံစာနာစိတ်ရှိသူတွေတောင် မလုပ်ရက်တဲ့ အပြုမူမျိုးပါပဲ ။ 🙄

  • San Hla Gyi

    October 24, 2012 at 6:48 pm

    အမယ်လေး အမယ်လေး
    လာပြန်ပြီဟ နောက်တယောက်။ ကဲ မင်္ဂလာပါ မ etone ရေ။ ရေးထားတဲ့ အသုံးအနှုန်းတွေ စာလုံးတွေကို အနက်ဖြစ်အောင် လုပ်ထားတာတွေကို ကြည့်ပြီး ဒီအချက်တွေကို သိပ်ဆွေးနွေးချင်ပုံရတယ်။ ဒေါသလဲ နည်းနည်း ထွက်နေပုံရတယ်။ “ဒေါသထွက်လာရင် ရေသောက်ပြီး ဖြေဖျောက်ပါ” ဆိုတဲ့ အာရေဗျ စကားပုံ ရှိတယ်တဲ့။ သိပ်စိတ်တိုနေရင် ရေတခွက် အရင်ပြေးသောက်လိုက်ပါ။ ပြီးမှ ခေါင်းစဉ်ကစပြီး စကားလုံးတွေကို နောက်တခေါက် ပြန်ဖတ်ကြည့်ပါအုံး။
    တခုတော့ ပြောရအုံးမယ်။ ကျနော်ကလဲ ဆွေးနွေးရတာ စကားစစ်ထိုးရတာကို သိပ်ဝါဿနာပါတဲ့ လူပါ။ ဒါပေမယ့် ဒီပို့စ်ရဲ့ အခြေအနေအရ ခင်ဗျားပြောတဲ့ အချက်တွေကို ကျနော် ဆွေးနွေးလို့ မရဘူး။ အဲဒီတော့ ကွန်မန့်တွေတောင် မဖတ်ရသေးဘူး ထင်လို့ ထပ်ဖတ်ပါအုံး။
    တခုတော့ ပြောအုံးမယ်။ တခါက အငြိမ့်မှာ လူရွှင်တော်က “တံတားကြီးပေါ်က ငပြားကြီးချော်ကျ ငါးကြီးကြော်က တခွက်” လို့ပြောတာကို နားထောင်ပြီး ငါ့အဘိုးရဲ့ အဖေနာမည်က ဦးပြားလို့ ကြားဖူးတယ်။ ဒါ ငါ့ကို သက်သက်စော်ကားတာ ဆိုပြီး စင်ပေါ်တတ်ပြီး အဲဒီပြက်လုံးက ဘာသဘောလဲ ဆိုပြီး ရန်ဖြစ်တဲ့လူ ရှိဖူးတယ်တဲ့။ အမယ်လေး အကြံခက်ပါသနော် သန်လျက်တော် ယူတဲ့ သူခိုးကိုလ ဟ ဟ။
    အဲဒီတော့ ဆွေးနွေးချင်ရင် etone တယောက်ထဲ ပြောချင်ရာပြောပြီး ဆွေးနွေးပါ။ ကျနော် မဆွေးနွေးပါဘူး။ “တော်ရုံစာနာစိတ် ရှိသူတွေတောင် မလုပ်ရက်တဲ့ အပြုအမူ မျိုးပါပဲ” ဆိုတာက ပါလိုက်သေးတယ်။ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။

    • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

      October 25, 2012 at 10:01 am

      လွပ်လပ်စွာ ဝေဖန်နိုင်ပြီး လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ် ကိုစံလှကြီးရေ ကျွန်မ စိတ်မဆိုးပါဘူး ။
      ကိုစံလှကြီးတို့နဲ့ ဆယ်စုနှစ်၂ခုစာလောက် အသက်ကွာကောင်းကွာနိုင်တာမို့ … ကျွန်မရဲ့ စာဖတ်အားကလည်း ဘာမှမရှိ ၊ ပြင်ပဗဟုသုတရော ၊ အတွေ့အကြုံရပါ ခေါင်းပါးသူ့မို့ ၊ အမြီးမောက်မတည့်တဲ့ ကျွန်မရဲ့ အသုံးနှုံးတွေပေါ် ကျေကျေနပ်နပ်ကြီး ဝေဖန်ခံပါရဲ့ရှင် ။ အများမြင်အောင် ပါ့ဘလစ်လုပ်ပြီးရေးပြထားတာကို ဝေဖန်တာ … ဒါစိတ်ဆိုးစရာမှ မဟုတ်ပဲ ….. ကြိုက်သလိုဝေဖန်ပါ ခံယူပါ့မယ် ။

      အသုံးနှုံးစကားလုံးတွေကို bold တင်ထားတာ အကြောင်းရာ တစ်ခုကို သွေဖီပြီးဆွေးနွေးချင်တဲ့ အဓိပါ္ပယ်မဟုတ်ပဲ ၊ ဆိုလိုရင်းကို မြင်သာစေချင်တဲ့ အဓိပ္ပါယ်ဆိုတာ ရွာသက်ကြာလာတဲ့ တစ်နေ့ ကိုစံလှကြီး သဘောပေါက်နားလည်လာပါလိမ့်မယ် ။ ရေသောက်ပြီး ဖြေဖျောက်ဖို့လည်း မလိုပါဘူး ။ ကျွန်မ အပေါ်က ကော့မန့်ဝင်ရေးကတည်းကိုက စိတ်ရော လူရော ကြည်ကြည်လင်လင်ရယ်ပါ တဖက်စောင်းနင်း အစွန်းရောက်စိတ်မျိုး ကိန်းအောင်းမနေခဲ့ပါဘူး ၊ ဒါကြောင့် ဘယ်အချိန် ထရေးရေး ဒီပြောပုံ ဆိုပေါက်ပဲ ဖြစ်ပါလိမ့်မယ် ။ပို့စ်ပါ အကြောင်းရာ အချို့ကို ကိုယ့်အမြင်ကိုယ်ပိုင်စိတ်ကူး၊ အယူဆနဲ့ ပြန်ဆွေးနွေးတာ စကားစစ်ထိုးသလိုဖြစ်သွားလျှင်တော့ အားနာပါတယ် ။ ကျွန်မလည်း လူတမျိုးရှင့် ၊ ကိုယ်ယုံကြည်သလို စိတ်ထဲရှိတဲ့အတိုင်း ချရေးတတ်တာ သူများတွေမြှောက်ရေး ၊ ပင့်ရေးကြသလို မလုပ်တတ်တော့လည်း ၊ စာရေးသူ အကြိုက်မဖြစ်တာ တောင်းပန်ပါရဲ့ရှင် ။ ကိုယ်နဲ့မတူ ရန်သူစိတ်ထားပြီးရေးတာလည်း မဟုတ်ရပါဘူး ။ ဒေါသနှောပြီး ရေးတာ မဟုတ်ရပါဘူးရှင် ၊ ဖတ်တဲ့ လူကသာ ဒေါသစိတ်နဲ့ ဖတ်သွားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။

      ညကတည်းက ဒီကော့မန့်ကို မြင်ပေမယ့် ၊ တိုင်းရေးပြည်ရေး စိတ်မအေးရတဲ့ ဒေသတွေအတွက် ၊ ဘုရားစင်ရှေ့မေတ္တာပို့ပြီး ၊ ဂုဏ်တော်ပွားနေတာနဲ့ ၊ ကော့မန် ့ပြန်နောက်ကျခဲ့ပါတယ် ။
      မြန်မာပြည်ကြီးရော ၊ ကမာ္ဘ ့ရွာကြီးပါ ငြိမ်းချမ်းပါစေ ။ :gee:

      • San Hla Gyi

        October 25, 2012 at 7:05 pm

        မ etone ရေ
        မဟုတ်သေးဘူးဗျ။ ကျနော်က လူတယောက်ရဲ့ စာကို ဖတ်လိုက်တာနဲ့ စိတ်ထားကို တော်တော် ဖမ်းနိုင်ပါတယ်။ စာကို ကြည့်လိုက်တာနဲ့ ကျနော် မမြင်ရပေမယ့် မကျေနပ်စိတ် တော်တော်များနေတာ သိသာပါတယ်။ ဖတ်တဲ့လူက ဒေါသစိတ်နဲ့ မဖတ်တဲ့အပြင် ဖတ်ပြီး ရယ်နေရလို့ပါ။ မအိတုန်ပဲ စဉ်းစားကြည့်လေ။ မအိတုန် ပြောတုန်းက ခရီးမထွက်ခင်လည်း တခါဖတ်ပြီးပြီ။ ပြန်လာတော့လဲ ရှာဖတ်ပြီးမှ ကွန်မန့်တယ် ဟုတ်ပါ့မလား။ ပထမကွန်မန့်ရဲ့ စာသားတွေကိုက ဒေါသသံ ပါနေတာပဲ။ ကျနော် ဗေဒင်ဟောလိုက်မယ်။ လာကတည်းက တိုက်မယ်ဆိုပြီး မောင်းတင်လာတာပဲ။ ကျနော် မမြင်ရပါဘူး။ ဒါပေမယ့် ပြောနိုင်ပါတယ်။ အမှန်တော့ ကျနော့်စိတ်ထင် မအိတုန် အောက်က လူတွေ အရွှန်းဖောက်နေတာတွေကို မဖတ်မိဘူး ထင်ပါတယ်။ ဒါကြောင့် ကွန်မန့်နဲ့ ပို့စ်နဲ့ တလွဲစီ ဖြစ်သွားတာပဲ။
        မအိတုန်ရေ Staire ထဲက အချက်တွေကို အတည်လုပ်ပြီး ဆွေးနွေးလို့ မရဘူးဆိုတာ ရွာသက်မကြာတဲ့ ကျနော်တောင် သဘောပေါက်ရင် ရွာသက်ကြာပြီး ရွာသူကြီး ဖြစ်နေတဲ့ မအိတုန်က ပိုသဘောပေါက်သင့်တယ်။ သွေဖီပြီး ဆွေးနွေးလို့ မရသလို အတည်လုပ်ပြီးလည်း Bold တင်ပြီး ဆွေးနွေးလို့ မရပါဘူး။ အရွှန်းဖောက်ပြီး ဆွေးနွေးမှ ရပါမယ်။
        ဥပမာ ကျနော်က မိန်းကလေးတွေဟာ ယောကျာင်္းလေးဆီက အချစ်ကို ရင်ခုန်စွာနဲ့ စောင့်နေ့မယ့်အစား ကိုယ်ကစပြီး ကားတင်ပြေးတာတို့ အချစ်ကို ဓားပြတိုက်တာတို့ အတင်းရော အဓမ္မရော ဘာညာကွိကွ စလုပ်ရမယ်လို့ ပြောတာကို “ဟာ ကိုစံလှကြီး ဘယ်လို နည်းလမ်းတွေနဲ့ လုပ်ရမှာလဲ” ရှင်းအောင် အသေးစိတ် ပြောပြပါဆိုရင် တမျိုးကြီးပေါ့။
        မလုပ်ပါနဲ့ဗျာ။ သူကြီးက ကျုပ်ဆိုရင် အပြစ်ရှာပြီး စွဲချက်တင်ချင်နေတာ ဟဲ ဟဲ။ သူ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တာကိုး။ လူပုံအလည်မို့ ဟဲ ဟဲ ဟဲ ဟဲ ဆိုပြီး သွားကြီး ဖြီးပြနေရတာ။ တော်ကြာမှ ဂေဇက်ရွာထဲက လူပျိုလေးတွေ ဒူးနဲ့ မျက်ရည်သုတ်ရတဲ့ ဇတ်လမ်းတွေ ကြားရပါလိမ့်မယ်။ ဒီအတိုင်းဆို သေချာပါတယ်။ ဒီထဲက အချက်တွေကို လမ်းညွှန်မှုအနေနဲ့ လုပ်မယ့်လူတွေ ရှိလာနိုင်တယ်။
        အဲဒီတော့မှ သူကြီးက “ကဲ သူများသားပျိုလေးတွေ ကိုရင့်ပို့စ်ကြောင့် ပန်းကောင်း အညွှန်းကျိုး ဖြစ်ရပါပြီ။ မိဘတွေ ရင်ကျိုးရပါပြီ။ သမိုင်းကျန်ရစ်ပါပြီ။ ကဲ ကဲ သူ့ပို့စ်တွေကို မိန်းကလေးတွေ ဖတ်ရှုခွင့် ပိတ်ပါမယ်နော်။ ဖတ်ရှုချင်ရင် အသက်အရွယ် ရဲစခန်းထောက်ခံစာနဲ့ လူကြီးတယောက်ယောက် အာမခံမှ ပေးဖတ်ပါမယ်။ ဂေဇက်ရွာက အမျိုးကောင်းသားလေးတွေရဲ့ ရှေ့ရေးအတွက်ပါ။ အဆိပ်အတောက် ဖြစ်စေတဲ့ ညစ်ညမ်းစာပေတွေပါလား။ အင်း အနိစ္စ” ဆိုတာ ကြားရပါလိမ့်မယ်။
        ကိုကြောင်ကြီးတို့လို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေကတော့ မကြာခင်ပဲ “ကိုကြောင့်ဘဝ ညည့်နက်ရပြီကွယ်” လို့ ခေါင်းစဉ်တပ်ထားတဲ့ ရင်ဖွင့်တဲ့ ဆောင်းပါးမျိုးတွေ ငိုသံပါကြီးနဲ့ “အပြစ်ဟူမျှ မြူမှုန်မျှပင် မရှိသေးသော ကိုကြောင်ကြီးရဲ့ ဖြူစင်သော ဘဝလေးအား အကြမ်းတမ်းဆုံး ခြေများဖြင့် နင်းချေခဲ့ကြလေပြီ” လို့ ရင်ဖွင့်တဲ့ စာမျိုးတွေ ဖတ်ရတော့မှာပါ။
        ကိုပေတို့ဆိုလဲ “ကျုပ်မှာ သားကြီး မယားကြီးနဲ့မို့ လူပျိုလူလွတ် မဟုတ်ပါဘူး။ ချမ်းသာပေးပါလို့ ငိုယိုပြီး တောင်းပန်တာတောင် မရတော့ပါဘူးဗျာ” ဆိုပြီး မျက်ရည်လည်ရွဲနဲ့ ရင်ဖွင့်တာတွေ ကြားရပါတော့မယ်။ အဲဒီကျမှ သူကြီးက “ကဲ ကိုရင် သူများ သားပျိုလေးတွေးရဲ့ ရှေ့ရေးတွေကို ကိုရင့်စာတွေက ဖျက်ဆီးလိုက်ပြီဗျာ” ဆိုရင် ကျနော်လဲ တာဝန်မကင်းပါဘူး။ ယောကျာင်္းလေးများ အနေအထိုင် အသွားအလာ ဆင်ကြပါ။ ဖြစ်လာရင် ကိုယ်က ယောကျာင်္းသားပါ။ ခံဘက်ကချည်းပဲ။ ကျောက်ပြင်ပေါ် ဘဲဥကျလဲ ဘဲဥပဲ ကွဲတာပဲ။ ဘဲဥပေါ် ကျောက်ပြင်ကျလဲ ဘဲဥပဲ ကွဲတာပဲ။
        အော် မအိတုန်ရေ ဒီရွာထဲမှာ ကျနော့်ကို နာမည်မတပ်ပေမယ့် ကျနော့်အကြောင်း ပေါ်တင်ကြီးရေးတဲ့ စာမျိုးတွေတောင် ရေးတာကို ကျနော်လဲ လျှစ်လျှရှုထားသေးတာပဲ။ ပေါ့ပေါ့ပါးပါးပေါ့ဗျာ။ အမှန်က ကျနော်က မအိတုန် ပြောသလို မအိတုန်ထက် ဆယ်စုနှစ် ၂ခုလောက် အသက်မကြီးပါဘူး။ ကျုပ်အသက်က အခုမှ ၂ဝ စွန်းကာစလေးရယ်ပါ။

        • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

          October 25, 2012 at 11:44 pm

          awww …. 135/- :kwi: :harr:

  • San Hla Gyi

    October 24, 2012 at 7:41 pm

    etone
    မောင်လို နှမလို သဘောထားပြီး တခုပြောမယ်။ ဘယ်လိုမှ စိတ်မရှိနဲ့။ နောက်ကို ပြင်ပစာပေ များများဖတ်ပေးပါ။ အမှန်တော့ ဒီရွာထဲမှာ ဒီလောက်ရေးနေတဲ့ လူတယောက်က ဒါမျိုး မဖြစ်သင့်ဘူး။

  • တညင်သား

    October 25, 2012 at 6:58 am

    မင်္ဂလာပါ ဘဘ ဦး ကိုစံလှကြီး ခင်ဗျား ……ဘဘ ဦး ကို စံလှကြီး ရဲ့ ပိုစ့်တိုင်း ဝင်ရောက်ဖတ်ရှု့ပါတယ် ..ကွန်မန်းမရေးဖြစ်တာပါ..
    ဒီပို့စ်ကတော့ အရမ်းရီရလို့ မနေနိင် မထိုင်နိင် ဝင်ရောက်အားပေးသွားပါတယ် ..ဒီပိုစ့်ကိုမှ အားမပေးရင် ရှေးရိုးစွဲလို့ အထင်ခံရနိင်တယ်လေ ..:P
    အရမ်းရီရတယ် ဆိုတာ ကွန်မန်းတွေရော ဖတ်မိလို့ပါ….:)
    ဥုံ…ပရောဂါ မှန်ရင် တုန်ဆင်းသွားစေရမယ်…:)

    • ဆူး

      October 25, 2012 at 9:46 am

      ဟယ်.. တညင်သားကြီး မန်း လိုက်လို့လား မသိဘူး.. အိမ်နောက်ဖေး ဝင်သွားတော့ အိမ်သာနားမှာ ဟိုပျံ ဒီပျံ လုပ်နေတဲ့ ဘီတူကောင်တွေ အနောက်တွဲလေး လှုပ်စိ လှုပ်စိ ဖြစ်နေတာ ပရောဂ မှန်လို့ တုန်ဆင်းသွားတာ ဖြစ်ရမယ်။ :hee: :kwi:

      • San Hla Gyi

        October 25, 2012 at 9:27 pm

        ကိုတညင်သားနဲ့ ဆူးရေ
        ကိုတညင်သားက ပထမဆုံးအကြိမ် လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆူးကတော့ အားပေးနေကျပါ။ အရမ်းရီရတယ်ဆိုလို့ ကျေးဇူးပါ။ အမှန်တော့ ကျနော့်စိတ်ကြိုက်တောင် သိပ်မဖြစ်လိုက်ဘူး။ သူများတွေ ရယ်တာကို ကြည့်ပြီး ဒေါသထွက်တာတွေလည်း တွေ့သလိုပဲ။ သူများပျော်လို့ မပျော်နိုင် ရည်းစားပျောက်လို့မှိုင် ဆိုသလိုပေါ့။
        ဘာပဲပြောပြော ကြိုက်တယ်ဆိုလို့ ကျေးဇူးပါ။ ကျနော့်ကို မြှောက်ပင့်ရေးတယ်ဆိုလဲ ကျေးဇူးပါ။ တချို့က ကျုပ်ကို မြှောက်တတ်တဲ့ မိတ်ဆွေတွေ ရှိတယ်ဆိုလို့ပါ။ အဲဒါ ကောင်းပါတယ်။ ကျနော်ကလဲ အမြှောက်ကြိုက်ပါ။

  • kai

    October 25, 2012 at 7:23 am

    ကျုပ်ရေးခဲ့သမျှ..စကားအသုံးအနှုံးလေးတွေ.. သတိထားမိကြစေလိုပါတယ်..
    “ရှေးရိုးစွဲ”နဲ့..” ရှေးစွန်းဆွဲ “မတူပါဘူးနော..
    အစွန်းရောက်တဲ့သူတွေအတွက်.. “စွန်း”ဆိုတဲ့စကားလုံးကို.. တိတိကျကျထည့်သုံးပါတယ်..

    ဆိုတော့.. (အလယ်အလတ်လမ်းစဉ်) မဇ္ဈိမပဋိပဒါကိုဖွင့်ရာမှာလည်း..ဖွင့်ဆိုတာ.. အစွန်းမရောက်နေစေဖို့.. မဂ္ဂင်(လမ်း). ၈သွယ်နဲ့ပဲ..ပြန်သုံးသပ်(သင့်)ပါတယ်..။
    ကိုယ်တိုင်က.. သူတပါးအတွေးအခေါ်တွေဝေဖန်ဆန်းစစ်ရာမှာလည်း.. ကိုယ်နှိုက်ကိုယ်က.. အစွန်းမရောက်သွားအောင်.. သတိထားရပါတယ်..
    ရောက်သွားရင်လည်း.. ပြန်ပြန်တည့်မတ်.. အလယ်ပြန်လာတတ်ရပါတယ်..။
    ဒီလိုလုပ်နိုင်ရင်.. အဲဒီနိုင်ငံ.. အဲဒီလူ့အသိုင်းအဝိုင်းကြီးပါ.. တိုးတက်ပါတယ်..။
    အနောက်နိုင်ငံတွေအကုန်လိုလို.. ဒီမိုကရေစီကို.. အဲလိုနိုင်ငံရေးလမ်းပြမြေပုံနဲ့.. အလုပ်လုပ်ကြ..သွားကြတာပါ..။
    အခု..ယူအက်စ်သမ္မတရွေးပွဲမှာလည်း.. အိုးဘားမားက.. ဘယ်ဖက်ကနေ..အလယ်ကိုရွေ့နေရပြီး.. မစ်ရွန်နီကလည်း.. ညာဖက်ကနေ.. အလယ်ကိုရွေ့ကြတာပါ..။
    အလယ်အရောက်ဆုံးသူဟာ.. ဘယ်ညာဖက်ကမဲတွေအကုန်သိမ်းယူမှာမို့.. နောက်နှစ်သမ္မတ(အစိုးရ) ဖြစ်မယ်ဖြစ်ပါတယ်..။

    ကွန်ဆာဗေးတစ်တွေနဲ့.. လစ်ဘရယ်.. အစွန်းတွေအကြောင်း.. အယ်ဒီတာ့သင်ပုန်းအနေနဲ့ရေးထားတာရှိပါတယ်..။ သတင်းစာမှာ ပုံနှိပ်ဖေါ်ပြခဲ့တာပါ..။ အောက်ကလင့်ခ်မှာဖတ်စေလိုပါတယ်..။
    http://myanmargazette.net/128817/

    အခု..
    ရွာသူားတွေနဲ့.. စာဖတ်သူတွေ.. ကိုရင်စံလှကြီးရေးတာတွေကို.. ကော်မန့်တွေပါသေသေချာချာဖတ်ပြီး.. အတွေးနက်နက်.. ချကြည့်ကြစေလိုပါကြောင်း..။
    ကိုယ့်နေရာကို.. နိုင်ငံရေးလမ်းပြမြေပုံချပြီး.. မှန်းကြ..ကြည့်ကြစေလိုကြောင်း..
    ညာဖက်ရောက်ရင်.. ဘယ်ဖက်..။ ဘယ်ဖက်ရောက်ရင်..ညာဖက်.. ထိန်းညှိကြစေလိုပါကြောင်း..
    ဗုဒ္ဓက လွန်ခဲ့တဲ့..နှစ် ၂၆၀ဝလောက်ကတည်းက..ဟောခဲ့တဲ့တရား.. ကိုယ်တိုင်လိုက်နာနေသလား… လိုက်နာနိုင်သလား..နဲ့.ချိန်ဆကြစေလိုကြောင်း…

    ယူအက်စ်မှာတော့.. နိုင်ငံရေးအရ..
    ကိုယ်ကဘာလည်း.. ဘယ်လည်း.. စစ်နိုင်ကြပါတယ်..။
    လစ်ဘရယ်လား.. ကွန်ဆာဗေးတစ်လားပေါ့…။ အဲလိုလုပ်ကြည့်ရင်း..ဆွေးနွေးရင်း..
    မြန်မာပြည်အတွက်.. တချိန်ချိန်ကျ… “စံ”..ချနိုင်လာမယ်ထင်ပါကြောင်း…

    http://www.gotoquiz.com/conservative_or_liberal
    http://www.theadvocates.org/quiz
    http://www.blogthings.com/howliberalorconservativeareyouquiz/

    • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

      October 25, 2012 at 9:06 am

      သဂျီးနဲ့ အတိတ်ဘဝ ရေစက်ပါခဲ့လို့ နဲနဲတော့ငြင်းအုံးမယ်။ ဒီတခေါက် ရွေးကောက်ပွဲမှာ မဲနိုင်ဖို့ အလယ်ကို ကပ်ကြတာထက် ရစရာမဲကုန်သွားလို့ အလယ်ကိုရွှေ့တယ်ဆိုမှ ပိုမှန်မယ်ထင်တယ်။ အမေရိကန်နိုင်ငံရေးမှာ ဘယ်တွေ ညာတွေ သိပ်ဂရုစိုက်တာ မဟုတ်ဘူး၊ ရွေးကောက်ပွဲအကြို စစ်တမ်းတွေကို အခြေခံ လက်ရှိတိုင်းပြည် ရေးရာတွေကို ပေါင်းစပ်မဲဆွယ်ကြတာ။ ၂၀၀၈ခုနှစ် ရွေးကောက်ပွဲမှာ အိုဘားမားက လက်ဝဲယိမ်း၊ ဂျွန်မက်ကိန်းက လက်ယာယိမ်း လမ်းကြောင်းတွေကို စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို ရှေ့တန်းတင်တယ်။ အဲဒီမတိုင်ခင် ဂျော့ဘုရှ်လက်ထက် သမတ ရွေးပွဲနှစ်ဆက်မှာ လက်ယာစွန်းကနေ ကာကွယ်ရေး၊ လုံခြုံရေးပြသနာကို ကစားသွားတယ်။ သိပ်ခိုင်မာတဲ့ အရင်းရှင်စနစ်အောက်က မိုလို့ထင်တယ် နှစ်ပါတီစလုံး အခြေခံမူ လက်ဝဲ လက်ယာ ရှိပြီးသားဖြစ်ပေမဲ့ နိုင်ငံရေး အယူဝါဒလို ခံစားမှု မပြင်းဘူး။ ရွေးကောက်ပွဲကြိုကာလသ သူကမြင်း ငါကဆင် ကွဲပြားပေမဲ့ ပွဲလည်းပြီးရော ကိုယ့်ကိစ္စကိုယ်လုပ်ပဲ။ ပါတီတွေကလည်း နိုင်ခြေရှိနေလို့ကတော့ လမ်းကြောင်း မပြောင်းဘူး၊ ပိုနေမြဲ ကျားနေမြဲ လက်ရှိပြသနာတွေကိုသာ မီးမောင်းထိုးတယ်။ တံငါလိုပေါ့ဗျာ ငါးအလုံအလောက် မိနေသ၍ အခြားနေရာသစ် ဘာလို့ အပင်ပန်းခံ ရှာမှာလဲ။ ခေတ်ပြောင်း တော်လှန်ရေး လုပ်နေတာမှ မဟုတ်တာ။ အခုလည်း အလယ်ရွှေ့ကြတယ်ဆိုရင် အစွန်းရောက်နေလို့ ရွှေ့တာထက် အရင်နည်းက လက်ရှိမဲဆွဲပွဲ ဗျူဟာအတွက် အသုံးမတည့်၊ လူသစ်ထပ်ရစရာ မဟုတ်နိုင်တော့လို့ ဖြစ်ပါလိမ့်မယ်။

      • မိုးသောက်ချိန်

        October 25, 2012 at 8:35 pm

        အနော်ကတော့ …
        You scored 65% which means you are – moderately conservative. You believe in personal responsibility, limited government, free markets, individual liberty, traditional American values. 😆

      • San Hla Gyi

        October 25, 2012 at 9:41 pm

        ကိုကြောင်ကြီးရေ
        အမေရိကန် ဆွေးနွေးပွဲကတော့ သူကြီးနဲ့ ကိုကြောင်ကြီးပဲ ဆွေးနွေးပါဗျာ။ ကျုပ်က နားပဲထောင်ပါ့မယ်။ သူကြီးနဲ့ ကိုကြောင်ကြီး ငြင်းရတာတော့ ဒီလိုပေါ့ဗျာ။ သိကြားနဲ့ အသုရာဆိုတာ သမက်နဲ့ ယောက္ခမတို့ရဲ့ စစ်ပွဲပဲ။ သီချင်းတောင် ရှိသေးတာပဲ။ “သခွတ်ပွင့်ချိန်မှာ သိကြားနဲ့ အသုရာ သမက်နဲ့ ယောက္ခမ ဘောက်ကျလို့လဲ အားမရနိုင်ပါ” တဲ့။

    • ကိုရင်စည်သူ

      October 25, 2012 at 1:27 pm

      သဂျီးအူးခိုင်း ပေးတဲ့ လင့်ခ်မှာ ကိုရင် သွားဖြေကြည့်တာ ကိုရင့်ကိုတော့ ဒီအဖြေပေးပါတယ်…
      You scored 44% which means you are
      moderately liberal. You believe in governmental action to achieve equal opportunity and equality for all but not at the expense of the rights of others and you’re cautious of that. You believe its the duty of the state to protect civil liberties and individual and human rights.
      အဲ့လာဆိုရင်ကော ဗေဒင်ယုံတဲ့ ဗေဒင်လိုက်စားနေတဲ့ ကိုရင်တော့
      လစ်ဘလယ်လား.. ကွန်ဆားတစ်လား.. 🙄 တိပီပေါ့နော့…
      ကိုရင်က ဘာပဲဖြစ်ဖြစ် အရက်မူးရင် ညာဘက်လက် နှုပ်ခမ်း ရွဲ့ယိမ်းသွားလို့
      ကိုယ့်ကိုယ်ကို လက်ယာယိမ်းပဲ ခံယူလိုက်ပီ… ကွိကွိ… :kwi:

    • San Hla Gyi

      October 25, 2012 at 9:36 pm

      သူကြီးကလဲ သူများတွေ ရယ်နေတာ ရယ်ပါစေ။ ရှေးရိုးစွဲတွေ ရှေးစွန်းစွဲတွေ မလုပ်စမ်းပါနဲ့။ ကျနော်ကိုယ်တိုင်လည်း အတည်အခန့် နည်းနည်းနဲ့ ပေါ့ပေါ့လေးတွေ ပြောချင်လို့။ အစွန်းရောက်တာတော့ ဘာမှ မကောင်းဘူးပေါ့။ သူကြီးလည်း မကိုးကွယ်ပေမဲ့ ဗုဒ္ဓမြတ်စွာဘုရား အကြောင်းတော့ တော်တော်သိတယ်နော်။ ကောင်းပါလေ့ဗျာ။
      သူကြီးရေ ကြုံလို့ ကျနော့်စိတ်ထင် မိုးပြာဆရာတွေ ကိုယ်တိုင်လည်း တဘက်စွန်း ကပ်နေတဲ့လူတွေလို့ ထင်တယ်။ ကြုံတော့ နောက်မှ ပြောကြတာပေါ့။

  • Mလုလင်

    October 25, 2012 at 10:27 am

    ဒီပိုစ့် စ တက် ထဲက ဖတ်ပြီးပြီ … ကွန့်မန့် တွေ နဲ့ တခွိခွိ ပဲ ..။
    “ဖြစ် မဖြစ်တော့ မသိပါ။ အဲဒီတော့ Satire ကို satire လိုပဲ ဖတ်ပေးပါ။”
    စာရေးသူ ရေ .. Satire ဖြစ်ပြီးသား ကို ဒီလို ပြန်မန့် ပေးတော့ .. နဲနဲ အားပျော့ သွားသလို ပဲ …။
    ဒီလို ပိုစ့် နဲ့ ကွန့်မန့် တွေ အတွက် … (ပိုစ့်ပိုင်ရှင် ကော…ကွန့်မန့် ပိုင်ရှင် တွေ ကော) … ဗရာဗို ပါဗျို ့ ….

    • San Hla Gyi

      October 25, 2012 at 10:07 pm

      ကို M လုလင်ရေ
      ကျုပ်ကလဲ အဲဒီလို ဘယ်မန့်ချင်ပါ့မလဲဗျာ။ ကျုပ်ရးတဲ့ ပန်းချီကား ကျုပ်ကိုယ်တိုင် ပြန်ဖျက်နေရသလို ဖြစ်နေတာကိုး။ လူတိုင်း ခင်ဗျားလို ဆိုရင်တော့ ဘယ်လိုပါ့မလဲဗျာ။ ဒါပေမယ့် ကို M လုလင်လဲ အခြေအနေကို မြင်တာပဲ။ တချို့က ဆိုလိုရင်းကို သဘောမပေါက်ဘူးဗျ။ သေသေချာချာ ဖတ်ပြီးပြီလို့ ပြောပြီး တကယ်မန့်တော့ ပို့စ်ရည်ရွယ်ချက်နဲ့ ကွန်မန့်က တလွဲစီ ဖြစ်နေတာ တွေ့လိုက်တယ် မဟုတ်လား။ မေခလာ ဆိုတဲ့ သီချင်းလို တည့်တည့်ပြောမှ ရိပ်မိရတာ ကိုယ်ညံ့လို့ ဆိုသလို ဖြစ်နေတာကိုး။ အမယ်လေး သူ့ကို ယုံလိုက်တာ ကံသီလို့ အမှားကြီး မှားတော့မလို့။
      ကို M လုလင်ရေ။ ကျနော်က ဟာသဆိုလဲ တွေးပြီးမှ ရယ်ရတာကို သဘောကျတယ်ဗျာ့။ ထုပ်ကြီးပေါ်က တရုတ်ကြီးချော်ကျ ငရုတ်သီးကြော်က တခွက် ဆိုတာလောက်တော့ မပြောချင်ပေါင်ဗျာ ဟဲ ဟဲ။

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 25, 2012 at 10:35 am

    ဝမ်းလျှောသွားပီဗျာ……. အစုံသုတ်စားလိုက်ရလို့ 🙁

    • San Hla Gyi

      October 25, 2012 at 10:13 pm

      သီဟသူရ ချာလတာ အာပေတူးဆိုတဲ့ မိတ်ဆွေရေ
      အင်း မိတ်ဆွေက အစုံသုပ်လိုဟာနဲ့ မတည့်ဘူးဆိုလဲ နောက်ကို စားတာ ရှောင်ကြဉ်ပေါ့ဗျာ။ မစားနဲ့ပေါ့။ တကယ်တော့ ကျနော်က တော်တော်လေး သန့်သန့်လုပ်ဖို့ ရည်ရွယ်ထားတာ။ ဒါပေမယ့် တချို့က သွယ်ဝိုက်ပြီးပြောရင် သိပ်သဘောမပေါက်ဘူး။ သူများ ရယ်နေတာ တွေ့ရင်လည်း မပျော်နိုင်ဘူး။ တခုခုတော့ မှားနေတယ် ထင်တယ်။ အဲဒီလိုလူတွေကို ရှင်းနေရတာကိုး။ နောက်ပြီး ကျုပ်ပို့စ်ကို လာတဲ့ မိတ်ဆွေတွေက တခါတလေ စိတ်ထင်ရာကို မေးတတ်တယ်ဗျ။ အဲဒါကိုလည်း တတ်နိုင်သလောက် ပြန်ဖြည်ရတာကိုး။ဒါတောင် ကျနော်က သူတို့ ဆွဲတဲ့နောက်ကို ပါမသွားအောင် အတော်ထိန်းထားတာ။

  • ဆူး

    October 25, 2012 at 12:03 pm

    ရှေးရိုးစွဲ ဝါဒနဲ့ ပတ်သတ်ပြီး အငြင်းအခုန် လုပ်ရင်တော့ ပြီးမယ် မထင်ဘူး။
    ကိုယ်တိုင်လည်း တချို့ ကိစ္စတွေမှာ ရှေးရိုးစွဲ စိတ်တွေထဲက ရုန်းမထွက်နိုင်ဘူးလို့ ထင်တယ်။ ပြောရမယ်ဆိုရင် အရမ်းကို ရှည်နေတော့
    ဘာသာရေးရဲ့ အပိုင်းအစ တခုလောက်ကိုပဲ ထုတ်နှုတ်ပြီး ပြောပြချင်တယ်။

    ဘုန်းကြီးတွေက ဟောတယ်.. ဂြိုလ်တိုင်တွေဆိုတာ.. ဟိန္ဒူအယူဝါကနေဆင်းသက်လာတယ် ပြီးတော့ ဗေဒင်ဆရာတွေ လက်ချက်ကြောင့် ဂြိုလ်တိုင်တွေ ရှိနေတာ..
    စာတွေပေတွေ လေ့လာကြည့်တော့လည်း ဒါလည်း ဟုတ်နေတာပဲ..
    ဒါဆိုလည်း ဘုရားရောက်ရင် နေ့နံ ဂြိုလ်တိုင်တွေ မရှိခိုးတော့ဘူး ဘုရားပဲ ရှိခိုးမယ်။
    ကိုယ့်စိတ်ကို အရင်ပြင်နိုင်အောင် ကြိုးစားတယ်။ ဘုရားကိုပဲ အာရုံပြုပြီး ရှိခိုးလိုက်တယ်။

    ဒါပေမဲ့ ပြန်စဉ်စားကြည့်တယ်.. ယဉ်ကျေးမှု ဆိုတဲ့ အသုံးအနှုန်းနဲ့ ပြန်တွေးကြည့်တော့.. အရှေ့က အဘိုးတွေ အဘွားတွေ ကိုယ်တောင် မမြင်ဖူးလိုက်ပေမဲ့ ကိုယ့်ထက် အရင်လူဖြစ်တဲ့ လူတွေ တနည်းပြောရရင် ဗုဒ္ဓဘာသာ အယူဝါဒ အရ ကိုယ်တောင် ဘဝတခုမှာ လူဖြစ်ပြီး အဲဒီ နေရာတွေမှာ လှူခဲ့တဲ့ အလှူ့ရှင်ကြီးများတောင် ဖြစ်နေခဲ့မလား မသိဘူး (အတွေးသက်သက်).. သူများ လှူထားတာကိုတော့ ဒါတွေ ဒီလို လုပ်တာ မကောင်းဘူး အဓိပ္ပါယ်မရှိဘူး ဆိုပြီးတော့ ဖြိုပြစ်လို့တော့ မပြောရက်ဘူး။ လုပ်လည်း မလုပ်သင့်ဘူး။

    နိုင်ငံ အသီးသီးမှာ ယဉ်ကျေးမှုတွေ အသီးသီး ထိန်းသိမ်းကြတယ်။ Golden Land ဆိုပြီး နာမည်တွင်ကျန်ခဲ့တာ နာမည်ရလောက်အောင် ဖြစ်ခဲ့လို့ပါဆိုတဲ့ သမိုင်း နောက်ခံတွေ ကိုင်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလို့ ရတယ်။

    အရှေ့က သွားလေသူတွေ လုပ်ထားခဲ့တာတွေကို.. မရှိသင့်ဘူး မလုပ်သင့်ဘူး ဖျက်ပစ်ကွာ.. ဒါတွေ မကြိုက်ဘူး ချကွာ လုပ်ကွာ ဆိုပြီး ပြောတော့.. ကွန်မြူနစ်ဆန်နေမလား တွေးမိတယ်။ သူဌေးတွေ ရှိလို့ မင်းတို့ ဆင်းရဲနေတာ သူဌေးလူတန်းစား ပျောက်သွားရင် မင်းတို့ ချမ်းသာပြီကွ ဆိုပြီး လူလိုက်သတ်တဲ့ ဆိုးရွားတဲ့ ဝါဒဆိုးကြီးရဲ့ အမွေကို ဆက်ခံသယောင် ဖြစ်နေမဘူးလား.. အပြင်းစား ကွန်မြူနစ် ဝါဒီ မဟုတ်သော်လည်း အဘိုးအဘွားတွေ ထားခဲ့လို့ ရနေတဲ့ ကောင်းမွေ ဆိုးမွေကိုတော့ လက်ခံရမယ်။ သမိုင်းဆိုတာ မဖျောက်ကောင်းသလိုမျိုးပေါ့.. အဲလို အတွေးလေး ဝင်လာမိတယ်။

    သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ စကားပုံလေး လိုပဲ.. တချို့ အရာတွေ ရှေးရိုးစွဲ ကို ရှေးရိုးစွဲလို့ သဘောထားပြီး နေလိုက်တာ ပိုကောင်းတယ်။ ပြုပြင် ပြောင်းလဲမှုတွေ က နေရာတိုင်းမှာ မလိုအပ်ဘူးလို့ ယူဆပါတယ်။ ကိုယ် အတွေးနဲ့ ကိုယ်ပါ။

    နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာတော့ အိပ်ယာဝင် ပုံပြင်မျိုးစုံ ရှိကြပါတယ်။
    ဘယ်လိုပဲ ဖြစ်ဖြစ်.. သမိုင်း နဲ့ ဒဏ္ဍာရီ ကို ခွဲခြား သိဖို့တော့ လိုမယ်လို့ တွေးမိတယ်။
    တခါတလေ ဒဏ္ဍာရီတွေက သမိုင်းလိုလို ဖြစ်လာတတ်သလို.. သမိုင်းတွေကလည်း ဒဏ္ဍာရီတွေ ဖြစ်နေကြပြန်ကော.. ဒါကတော့ ဘယ်သူတွေ ဘာပြောပြော ကိုယ်တိုင် ယုံကြည်ချင်သလို ယုံကြည်လို့ ရပါတယ်။
    လောကကြီးမှာတော့ ပညာတတ်ပြီး အပြောကောင်းသူတွေကတော့ လူတော်တော် များများရဲ့ အရှေ့မှာ နေရာယူယူပြီး အယုံသွင်းတတ်ကြပါတယ်.. အတိတ်ကို ပြန်ကြည့်မလား ယခု အချိန်ကို ကြည့်မလား.. အနာဂါတ်မှာလည်း ဒီလိုပဲ နေမှာပဲ။ ဘယ်နေရာမှာပဲ ကြည့်ကြည့်.. အပြောကောင်းတဲ့ လူက သူဖြစ်ချင်တာ သူပြောချင်တာကို လူတွေ လက်ခံလာအောင် နားလည်လာအောင် ပြောလာရင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ယုံကြည်တတ်ကြတာ အမှန်တရားပါပဲ..

    လူဆိုတာလည်း တူရာ စုတတ်တဲ့ သဘောရှိတယ်။ မတူရင်တောင် မတူတူအောင် စုစည်းတတ် အရောင်ဆိုးလွယ်တတ်ကြလို့.. တူရာ စုသွားကြတာပါ။
    လက်ဝဲယိမ်း လက်ယာယိမ်း နဲ့ အလယ်ထောင် သမားတွေ တူရာ တူရာ စုပြီး အငြင်းအခုန်တွေ ကြားမှာ ဗျာများကြပြီး နောက်ဆုံးတော့ အပြောကောင်းအဟော ကောင်းတဲ့ လူဘက် ပါသွားစမြဲမို့.. မှန်တယ် မှားတယ် ဆုံးဖြတ်ခြင်း ကလည်း ကိုယ်ပိုင် အတွေးအခေါ်ရဲ့ အရည်အသွေး အဆင့်အတန်းနဲ့သာ ဆိုင်ပါကြောင်း……..

    ယဉ်ကျေးမှု ကို ယဉ်ကျေးမှု တရပ်အနေနဲ့ ထားလိုက်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

    ဆူး ကို လူကြီးတွေကတော့ ပြောတယ်.. နင်မကြိုက်ရင် မလုပ်နဲ့ သူများယုံကြည်လို့ လုပ်တဲ့ ကိစ္စတွေကို အာမချောင်နဲ့ လို့ ပြောကြတယ်။ :eee: :eee:

    • San Hla Gyi

      October 25, 2012 at 10:16 pm

      ဆူးရေ
      အဲဒီဘက်ကို သိပ်ကြီး အလေးအနက် မသွားနဲ့။ ကျနော်ပါလို့ မဖြစ်ဘူး။ ကျနော့်ပို့စ်ရဲ့ အဓိက အချက်မှိန်သွားလိမ့်မယ်။ ဆွေးနွေးချင်ရင် နောက်တနေရာကျရင် လုပ်ပေးမယ်။ အခုတောင် တချို့ မျက်စိလည်ကုန်တာ တွေ့တယ်မဟုတ်လား။

  • ကျနော်ကတော့ ..
    ရှေးရိုးစွဲဝါဒီ ဆိုတာရော ..
    တိုးတက်ရေးဝါဒီ ဆိုတာရော ..
    သေချာ မသိပါဘူး ..
    ကျနော် သိတာကတော့ အစွန်းရောက်လွန်း၊ အတ္တကြီးလွန်းရင်
    ဘယ်ဟာမှ မကောင်းဘူး ဆိုတာပါပဲ ..
    သူ့ဟာနဲ့သူ လိုက်လျော ညီထွေစွာ နေတတ်တာပဲ ကောင်းလောက်ပါတယ် …

    “….
    I am a man amongst men.
    Among women I am a woman.
    Among children I am a child.
    When I am alone I am God.
    Sai Baba
    …”
    ကျနော်ကြိုက်မိတဲ့ စကားစုလေးကို ကြုံတုံးလေး ထည့်ရေးလိုက်တာပါ ..
    ဘာရယ်တော့ မဟုတ်ပါဘူး …

    • အရီးခင်လတ်

      October 25, 2012 at 8:50 pm

      Among men and women (same number) who are you????? 🙄
      :harr:

    • San Hla Gyi

      October 25, 2012 at 10:19 pm

      ကိုမဟာရာဇာအံစာတုံး
      လာရောက် အားပေးတဲ့အတွက် ကျေးဇူးပါ။ ဆိုင်းဘာဘာ ပြောတဲ့စကားကို သိပ်မကိုးကားနဲ့ ကိုအံစာတုံး။ အဲဒါ ဘယ်အတွေးအခေါ်က လာတယ်ဆိုတာ သိသလား။ နောင်ကြုံရင် ပြောပြမယ်။ ဟုတ်ပါတယ် အမှန်တော့ အစွန်းနှစ်ဖက်ကို လွတ်အောင် ရှောင်ရမှာပါ။

      • ဦးစံလှကြီး ..

        ဆိုင်းဘာဘာ ဘယ်က လာတာတုံး မသိဘူးဗျ ..
        ကြုံရင် ပြောပါဦး ခင်ဗျ …

        +++++++++++++

        အရီး ..

        I’m handsome young man …
        :mrgreen: :mrgreen:

        • ဆူး

          October 26, 2012 at 10:17 am

          စိုင်းဘာဘာ သိပ်မကိုးကားနဲ့ ဆိုလို့..
          ငယ်ငယ်က တစ်ထောင့်တစ်ည ပုံပြင် ဖတ်ပြီး တချို့ဟာတွေ ဘာကို ဆိုလိုမှန်း မသိခဲ့ဘူး.. အခု အသက်အရွယ်မှ စဉ်းစားမိတယ်.. ဘာသာရေး တခု ကို နောက်ခံ ထားပြီး ရေးထားတဲ့ စာအုပ်ကြီး ဖြစ်နေတယ်။

        • San Hla Gyi

          October 26, 2012 at 2:27 pm

          ကိုအံစာတုံးရေ
          အဲဒီအကြောင်းကတော့ ဒီပို့စ်နဲ့ မဆိုင်လို့ တိုတိုပဲပြောမယ်။ အခုတောင် အစုံသုပ် ဖြစ်နေပြီ။ ကိုအံစာတုံး ပြောတဲ့ Sai Baba ပြောခဲ့တယ်ဆိုတဲ့
          I am a man amongst mem
          Among womem I am a woman
          Among children I am a child
          When I am alone I am God ဆိုတဲ့စကားဟာ ဟိန္ဒူဗြဟ္မဏဝါဒရဲ့ ဖန်ဆင်းရှင် ဗြဟ္မာဟာ လောကမှ အခြားမဟုတ်ဘူး။ လောကနဲ့ တသားတည်းပဲဆိုတဲ့ အယူဝါဒကို ပြန်ရေးတာပဲ။ အတွေးအခေါ် အနေနဲ့ ကြည့်ရင်တော့ ဘာမှ ကိစ္စမရှိပါဘူး။ အဲဒီ အယူဝါဒကို လက်ခံချင်တဲ့ မဟာယန ကိုယ်တော်ကြီးတွေ လက်ထက်မှာ ထေရဝါဒနဲ့ မဟာယနဆိုပြီး လမ်းခွဲလိုက်ရတာပဲ။ ဒီမှာတော့ ဒီလောက်ပဲ။ အမှန်မှာ ဒါမျိုးက မိုးပြာဆရာတော်တွေနဲ့ ဆွေးနွေးမှ ကောင်းတာ။

  • myanmarcitizen

    October 27, 2012 at 5:33 pm

    ရှေးကာလတွေကပဲ တစ်ယောက်ယောက်ကစခဲ့တဲ့ အယူအဆတွေဟာ လက်ဆင့်ကမ်းလာကြရင်းနဲ့ ခိုင်မာလာကြတယ်နဲ့တူတယ်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုတ်ဆန်းဆိုသလိုပဲ ဒေသတစ်ခုနဲ့ တစ်ခု ရှေးရိုးစွဲတာလေးတွေလဲမတူပါဘူး။ တစ်ခါတစ်လေ အဲ့လိုရှေးရိုးစွဲတွေတွေ့ရင်ပြုံးမိတယ်။ ဥပမာ အသုဘ ကားတန်းလေးတွေ့ရင် ကိုယ့်ပိုက်ဆံအိပ်လေးပုတ်တဲ့သူမျိုးတွေကိုပေါ့ 🙂
    သေတဲ့သူဆိုရင်လဲ ဘယ်နေ့အသုဘ မချရဘူး၊ တစ်ရွာမှာ နှစ်ယောက်ပြိုင်သေရင် ရက်မကူးပဲချရမယ်၊ သင်္ကြန်တွင်းသေရင်ခုသေခုချပဲ အဲ့ဒီလို အသုဘRules တွေပေါများပါတယ်။

    မင်္ဂလာဆောင် ဆိုရင်လဲ ရက်ရာဇာ၊ ပြသဒါးတွေရွေးလိုက်ရတာနဲ့၊ ဝါတွင်းမဆောင်ကောင်းတာတွေနဲ့ ရှုတ်နေတာပဲ။ ကိုစံလှကြီးရေ မြန်မာပြက္ခဒိန်မှာကို အဲ့ပြသဒါးတွေထဲ့တာကိုပြင်ခိုင်းရမယ်။ ဒီလိုထဲ့တာဟာ conservative သွယ်ဝိုက်ပြီးအားပေးတာပဲ ဒါကြောင့်ဒီကိစ္စကိုလဲဆန့်ကျင်ရမယ်။

    စကားမစပ် ဒီစကားလေးတော့ သဘောကျတယ်ဗျာ …
    “ကိုကိုက သမီးကို ခိုးတာ မဟုတ်ပါဘူး။ သမီးက ကိုကို့ကို ခိုးတာပါလို့ ကြေညာနိုင်ရမယ်” ကိုပါ တစ်ခါလောက်တော့ အဲ့လိုအခိုးခံကြည့်ဘူးချင်တယ်ဗျာ။ နောက်ပြီး အန္တရယ်ရှိရင်ယောက်ျားတွေရင်ဆိုင် ရမယ်ဆိုတော့ ကျွန်ုပ်တို့မှာ အသက်နှစ်ချောင်းလောက်ရှိရင်လဲကောင်းသားနှော။ ဒီနေ့တော့စောစောလေးပြန်လိုက်အုန်းမယ်ဗျာ ဒါမှဦးခင်ရင်ခင် ထမင်းခူးစားလို့ရမှာလေ။ ဆန့်ကျင်ရမယ် ရှေးရိုးစွဲ …. ရှေးရိုးစွဲ

  • San Hla Gyi

    October 27, 2012 at 10:20 pm

    ကို myanmarcitizen က ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းလို့ ထင်ပါတယ်။ ဒီတော့ လောကဝတ်သဘောအရ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ကိုယ့်ပို့စ်ကို လာသူတွေကို ကျေးဇူးတင်ကြောင်း မပြောတတ်ဘူး ဆိုသူဟာ တကယ့် ရှေးရိုးစွဲဝါဒီ တဦးပါ။ ဘာလို့လဲဆိုတော့ ဘာသာစကား မပေါ်သေးတဲ့ ကျောက်ခေတ်လူရိုင်းတွေ ခေတ်က အလေ့အထကို ဆက်လက်သယ်ဆောင် သူမို့ပါ။ အဲဒီစကားလေးက တကယ်လဲ အမကြီး မခင်လတ် ပြောသလို မင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက်က အဲဒီခေတ်က ပြောခဲ့လို့ အတော့်ကို ဟိုးလေးတကျော် ဖြစ်သွားတဲ့ကိစ္စလို့ သိရပါတယ်။ ဥပမာရှေ့က ပြသူ ရှိနေပါတယ်။ မိန်းကလေးများ ဆက်လက် ကျင့်သုံးကြပါ။
    အယ်ဒီတာသူကြီးက ရှေးရိုးစွန်းဝါဒလို့ ပြောပေမယ့် ကျုပ်မှတ်မိသလောက် ဆိုက်ဒ်ထဲမှာ ရေးတဲ့လူတွေက ရှေးရိုးစွဲဝါဒလို့ပဲ သုံးသွားကြတာ မှတ်မိပါတယ်။ ဒါကြောင့် ကျုပ်လဲ ဆန့်ကျင်ကြည့်တာပါ။ ခင်ဗျားတို့ ရှေးရိုးစွဲဝါဒတွေကို အားလုံး ဆန့်ကျင်ပြီးရင်တော့ ကျနော်လဲ သမိုင်းတရားခံ ဖြစ်ပြီထင်ပါတယ်။

    • kai

      October 28, 2012 at 12:57 am

      သမိုင်းတရားခံတော့မသိ..
      ပြဿနာတော့.. ဖြစ်နေပြီဗျို့..
      Satire(ခနဲ့ဟာသ)ရေးတာ..အတည်တွေနဲ့ရော.. လိုက်ရှင်း.. ရှင်းရင်းနဲ့.. ခနဲ့တာအတည်တွေဖြစ်.. ဟာသတွေရောက်..

      ကိုရင့်နေရာမှာ ကျုပ်ဆိုရင်တော့.. နဖူးနဲ့နံရံ ၂ချက်ဆောင့်တယ်..။ :kwi:

  • San Hla Gyi

    October 28, 2012 at 6:53 am

    အင်း အဲဒီလို ဖြစ်တာပေါ့ သူကြီးရေ။ တချို့က မျက်စိလည်နေတာကိုး။ ခနဲ့ဟာသကို အတည်ထင်နေတာကိုး။ အဲဒီမှာ လိုက်ရုင်းရတော့တာပဲ။ နောက်ပြီး ခနဲ့ဟာသကို သူ့အတိုင်း မထားပဲ အတည်တွေ ဆွေးနွေးတော့ ပြန်ဖြေရပြန်ရော။ တချို့ ပို့စ်ဆိုလိုချက်နဲ့ ကွန်မန့်တလွဲစီ ဖြစ်နေတာလဲ တွေ့လိုက်တာပဲ။ ကျနော်ရေးတဲ့ဟာက အယူအဆတွေကို ခနဲ့ဟာသဆိုတော့ တချို့က မဖမ်းမိကြဘူး။ ဥပမာ “ကြောင်ကမ္ဘာကုမ်ပနီပိုင်ရှင် ကိုကြောင်ကြီးနဲ့ ကြောင်ဝတုတ်သည် ဆိုရင်တော့ လူကိုရေးတာဆိုတော့ ခနဲ့မှန်း သိကြတာပေါ့။” ဝူး မလွယ်ပါလား ဒါကြောင့်လဲ ဟိုတလောက မိုးပြာဆရာက သူ့အယူအဆတွေကို မိုးပြာဂိုဏ်းနာမည် မတပ်ပဲရေးတာ အားလုံးသွားပြီး သာဓုတွေ ခေါ်ကြတာပဲ။
    နဖူးနဲ့ နံရံတော့ မဆောင့်နိုင်ပါဘူး။ သူကြီးပဲဆောင့်ပါ။

Leave a Reply