Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သို့ မေမေ

ムラカミOctober 23, 20121min71729

မေမေ

 

သားသား သတိရခြင်း များစွာနဲ့ စာရေးလိုက်ပါတယ် မေမေ။

မေမေ နေကောင်းပါတယ်နော်။ သားလေ မေမေ့ကို သတင်းကောင်း တခု ပြောချင်လို့ပါမေမေ။

သား လေ ဟို ဘုရားမကြိုက် နတ်မကြိုက်တဲ့အရည်ကို ပါနုပေတံလိုက်ပါပြီမေမေ။

သတင်းဆိုးကတော့.. အဲ့ဒါတွေ ကျိကျိက စိတ်မဝင်စားတော့တာပါပဲ ဗျာ။

 

စကားမစပ် သတင်းကျွတ်ပြီ မေမေ။ မေမေ ပါဠိဘွဲ့ ယူနေတုန်း မေမေ့သူငယ်ချင်းသမီးတွေလည်း

တယောက်ပီးတယောက် လင်ရကုန်တာပဲ မေမေ။ မေမေ သဘောကျတဲ့ နိချိဒါ ချန် လေးလည်း

အမေရိကား ကို ထွက်သွားပါပီမေမေ။ ကံကောင်းပါဇီကွယ် လို့ သားဆုတောင်းပေးလိုက်ပါတယ်မေမေ။

စကားမစပ် ဟို အရက်သမားကုတဲ့ ဆြာဝန်မလေး ကို ကျေးကျေးပါ လို့ ပြောပေးပါမေမေ။

သူပို့တဲ့ ဆေးတွေ သား ရပါတယ်။ မေမေ့ဆဲစာ လေးနဲ့တကွပါ မေမေ။ ဆတ်သားခြောက် နဲ့

ငါးပိရည် လည်း ရပါတယ် မေမေ။ ဘိုးဘိုးဘွားဘွား တွေရော ကျန်းမာပါရဲ့လားမေမေ။

သူတို့ကို ခြေဆုပ်လက်နယ်ပြုမယ့် မြေးမလေး ရှာမတွေ့သေးတာတော့ စိတ်မကောင်းပါဘူး လို့

ပြောပေးပါခီညာ။

 

မေမေသားကို ပြန်မလာနဲ့ ပြောတာတော့ သား စိတ်မကောင်းဘူး မေမေ။ ဟုတ် ..

မေမေတာဝန်ကျေပါတယ် မေမေ သားကို အနှစ် ၂ဝကျော် ထိန်းခဲ့ပြီးပြီပဲ။ ဆက်မထိန်းချင်တော့တာ

သဘာဝကျပါတယ်ခီညာ။ အဲ .. အုပ်ထိန်းသူ ရှာမတွေ့တာတော့ သားဘဝ နဲ့သား သာ

ရှိပါစေတော့ဗျာ။ ဂလိုပဲ ရေမျှောကမ်းတင် အပေအတေ ဆက်လုပ်ပြီး တော်ရာမှာ နေပါ့မယ်။

မေမေ သား အထက်တန်းတုန်းက ရဲဇားလေး လေ မှတ်မိလား မေမေ။ အင်း အဲ့လာ

သူကလေး လင်ယူသွားပီမေမေ။ ခုတလော သူ့ယောက္ခမ တွေဆီ လည်လည်သွားနေတယ်မေမေ။

ဟုတ်။ ကိုဝင်းကြည် နဲ့ပါ ၄-၅ လ လောက် ရှိရောပေါ့။ အဲ .. တိုကီယိုက ဟိုတယောက်လည်း

ရန်ကုန်ပြန်ရောက်နေပြီတဲ့မေမေ ။ သူလည်း ကိုဝင်းကြည်နဲ့ပဲ။ သူကတော့ ပိုရင့်တယ်မေမေ

သမီးလေး လို့ ပြောပါတယ်။ မုဒိတာပွားပါတယ်မေမေ။ တက္ကသီလာတုန်းက ငွေလမင်းလေးက

အခု ဒုတိယ ကိုဝင်းကြည်တဲ့မေမေ။ သူတို့တွေ အကုန် အပြိုင်မွေးနေကြသလားတောင် မှတ်ရပါတယ်

မေမေ။ သားဗိုက်ထဲမှာ သားအိမ် မရှိဘူး မေမေ။ ရှိများရှိလို့ကတော့ အနိုင်ကျဲပလိုက်ချင်မိတယ်မေမေရယ်။

သားသား ခံစားရတာ မကောင်းလွန်းလို့ပါ။

 

သား အလုပ်မှာတော့ အဆင်ပြေပါတယ် မေမေ။ သား နဂိုယာ ရောက်ကတည်းက ဒီဇိုင်နာ လုံးလုံး

ဖြစ်နေပါပြီမေမေ။ အမေရိကန် အာ့ထ်မဂ္ဂဇင်း ထွက်နေသေးသရွေ့ သား ထမင်း ငတ်မယ် မထင်ဘူးမေမေ။

ဂလိုပဲ ဟိုဟာခိုးချ ဒီဟာ ယူသုံးနဲ့ သား လည်သလို လုပ်စားနေပါတယ်မေမေ။ မေမေ ရစေချင်တဲ့

ဘွဲ့ကြီးလည်း ရဖို့ တော်တော်နီးစပ်နေပါပြီမေမေ။ သားကို ဘုစုလျူး ခေါ်တဲ့ ဆပ္ပဂျက် ဖတ်ခိုင်းထားကြတယ်

မေမေ။ သားလည်း တတ်သယောင်မှတ်သယောင် လုပ်ပြီး ရသမျှ စာအုပ် ခေါင်းအုံးအိပ်နေပါတယ် မေမေ။

 

ဟိုညီမလေး စေ့စပ်လိုက်ပြီတဲ့ မေမေ။ မေမေ့ဆီ ဖိတ်စာရောက်ရင် ပြောပါနော်။ သားအသေးစိတ်မသိလို့ပါ။

စကားမစပ် သားဆီကို ပရိတ်ကြီး-၁၁သုတ် အနက် အကျယ် ဖွင့်ထားတဲ့ စာအုပ် ရှိရင် ပို့ပေးပါဦးမေမေ။

အာနာပါန အကြောင်းလည်း လေ့လာချင်လို့ပါ။ သားကို စာမြန်မြန်ပြန်ပါဦးနော်။

 

မေမေ့ရဲ့

ချစ်သားလေး

ဂီ့

29 comments

  • မိုးသောက်ချိန်

    October 23, 2012 at 8:21 am

    “သားဗိုက်ထဲမှာ သားအိမ် မရှိဘူး မေမေ။ ရှိများရှိလို့ကတော့ အနိုင်ကျဲပလိုက်ချင်မိတယ်မေမေရယ်။ ”
    စဉ်းစားမိရင်တောင် ကြက်သိန်းတောင်ထတယ် မိဂီမရယ်
    အဲဒီကိစ္စ အကျယ်အကျယ် သိပ်မပြောနဲ့
    အူးလေးဗိုက်(BE)၊ ကပေ(ထိပ်ရှင်း)၊ မောင်မောင်အံ့ (မျက်နှာခြောက်ဖက်) တို့ထက် ဆိုးတဲ့
    အောင်ကြူး သိသွားရင်
    အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားလိမ့်မယ် …. 😆

  • kyeemite

    October 23, 2012 at 8:45 am

    သနားစရာလေးပါလား…မိဂီရယ် ဖစ်မှဖစ်ရလေ…
    ဖတ်ရင်း မျက်ရည်တောင်ကျမိတယ်…ဟီး ဟီး ရွှတ် ဖွီး ဖတ်.. :byae:
    :byae: :byae: :byae:

  • ကြည်ဆောင်း

    October 23, 2012 at 8:53 am

    ရသမျျှစာအုပ်ခေါင်းအုံးအိပ်နေတယ်ဆိုတော့ ပရိတ်ကြီး(၁၁)သုတ်လဲခေါင်းအုံးအိပ်ဖို့များလားကွယ်….
    :gee:

  • Khaing Khaing

    October 23, 2012 at 9:27 am

    သနားစရာ ချိန်ပါမိဂီလေးပါလားနော် ………. ဂေါ်မစွံအပျိုတွေများ မိဂီဆီကို စာရင်းသွင်းထားကြပါ …. ဒါမှ အိုဂျီကောင်းကောင်းတောင်ပြစရာမလိုပဲ တန်ဆောင်တိုင်နဲ့အပြိုင်မီးပုံးပျံပါ တစ်ပါတည်းလွှတ်တင်ပေးမယ် .. မီးပုံးပျံ ဦးကျော်ဂီပါချင့် ……….ခစ် ခစ် ခစ်

  • P chogyi

    October 23, 2012 at 9:47 am

    မေမေကိုယ်စား…
    ပရိတ်ကြီး(၁၁)သုတ်ပို့ပေးလိုက်ပါတယ်။
    ခေါင်းအုံးအိပ်မှာကြောက်လို့ PDF link ပဲ
    တင်ပေးလိုက်ပါတယ်။
    http://www.dhammaransi.net/ebooks/Parate.pdf

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    October 23, 2012 at 9:50 am

    ရာမမင်းသားလေးဂီဂီရေ…

    မင်းဘဝက အရက်တွေလဲဝအောင်သောက်ပြီးဘီ…
    မင်းကြိုက်တဲ့မိန်းမတွေလဲ အကုန်လင်ယူကုန်ပြီ…
    သေတာပဲအေးပါတယ်ဟယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ရဲစည်

    October 23, 2012 at 10:04 am

    လွှမ်းမိုးဆိုထားတဲ့ သီချင်း သွားသတိရတယ်။ စာသားထဲမှာ လူတိုင်းဟာအရူးဆိုလားဘဲ
    ကျနော့်အထင် ဆြာမဂီ ထူးနေပီ။ ဆက်ကြိုးစားပါ မကြာခင် ထွက်ရပ်တောင်ပေါက်နိူင်ပါတယ်။

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 23, 2012 at 10:06 am

    နင့်ကိုကညံ့ထှာ.. ဒသပုံတင်ထားပြီးဒေါ့.. ရအောင်ခိုးပါလားဟဲ့.. :kwi:

    • မိဂီ

      October 23, 2012 at 12:07 pm

      ခိုးတာ ဝှက်တာ ရှင်တော်မြတ်ဘုရား မကြိုက်ဘူးဗျ…

      :harr:

  • pooch

    October 23, 2012 at 10:11 am

    “You are everything that is,,,
    your thoughts, your life, your dreams come true.
    you are everything you choose to be.
    you are as unlimited as the endless universe. ”

    ( Shad Helmstetter)

    ကိုယ့်အတွေး ၊ ကို်ယ့်ဘဝ ၊ ကိုယ့်အိမ်မက်တွေ တကယ်ဖြစ်လာတဲ့အခါ
    ဘာမဆို ကိုယ်ဖြစ်လာမှာပါတဲ့။
    ကိုယ်ဖြစ်ချင်တာ ကိုယ်ရွေးပါ
    ဘာမဆို ဖြစ်လာမှာပါ
    စကြာဝဠာ အဆုံးမရှိသလို
    ကိုယ်လည်း အကန့်သတ် မရှိသူပါတဲ့ ။

    ဆိုတော့ ညည်းဆောင်ချင်တဲ့ကိုယ်ဝန်လည်း များမကြာမှီမှာ ဆောင်ခွင့်ရလာပါစေ 😆

    • မိဂီ

      October 23, 2012 at 12:08 pm

      အွန် …
      ဗိုက်တောင် ကြီးရအုံးမတဲ့…
      ဘာသာရေးပဲ လိုက်စားတော့မယ်ဗျာ ..
      အခုဘဝကြီးမှာ သမုဒယမီးတော့ တော်ပါပြီအေ

      :kwi:

  • တညင်သား

    October 23, 2012 at 10:11 am

    …မေမေသားကို ပြန်မလာနဲ့ ပြောတာတော့ သား စိတ်မကောင်းဘူး မေမေ။ ….
    ……အကိုဂီရယ် အကို့အတွက်ပဲ ပြောတာနေမှာပါ စိတ်နေမကောင်း မဖြစ်ပါနဲ့…..

  • စိန်ဗိုက်ဗိုက်

    October 23, 2012 at 10:28 am

    ဘားမှ မပူနဲ ့
    အပြိုင်ကျဲတဲ့အနေနဲ ့ ခေးငါးယောက်မေကို စွဲစိပလိုက်
    ဂိန်..
    :harr:

    • မိဂီ

      October 23, 2012 at 12:09 pm

      ဒါမိုးက ကိုယ်တိုင် လုပ်ဖူးမှ သိတာ ဆိုလား

      :hee:

  • jullies cezer

    October 23, 2012 at 10:53 am

    ဦးစိန်ဗိုက်ဗိုက်ပြောတာမှန်တယ် ကိုဂီရေ ဒါမှ တစ်ခါထဲကလေးလဲရ
    အခွန်လည်း ကင်းလွတ်ခွင့်တွေရ ဂွတ်ထ် 🙂

  • kyeemite

    October 23, 2012 at 11:33 am

    မောင်ဂီ တစ်ယောက် စကားမေးတောင်မရတော့ဘူးဗျို့..
    အသက်မှရှိပါသေးရဲ့လား…တိဘက်တွေလို
    ကိုယ့်ကိုယ်ကို မီးရှု့ိသွားပီလားမသိ..အဟိ
    :harr:

    • မိဂီ

      October 23, 2012 at 12:10 pm

      သေဇီဂျင် ပလားဂျာ …
      မအားလို့ စာမပြန်နိုင်တာပါ…
      အားရင်လည်း ဘုရားတရား ပဲ လုပ်တော့မယ် ဆုံးဖြတ်ထားပါတယ်ဗျာ..

      :mrgreen:

    • Khaing Khaing

      October 23, 2012 at 12:14 pm

      မှန်ပ့ါ ….. လေးမိုက်ကြီးရေ …. စကားပြန်တောင်မလာတော့ဘူး … အိုက်ဒီအချိုးတွေကြောင့် အခုလိုဖြစ်တာ.. နည်းသေး ……

  • marblecommet

    October 23, 2012 at 12:14 pm

    သို့
    မေမေ
    နံရိုးဆိုတာ ကင်စားချက်စားမှ မဟုတ်……
    ……
    အခြားတစ်ဘက်ကလည်း
    အသုံးချလို့ရတယ်ဆိုတာ
    သားသိပါဘီ..

    • Khaing Khaing

      October 23, 2012 at 12:19 pm

      သားသား ဘယ်လိုအသုံးချမှာလဲ ပြောပြဦးလေ ….. ခစ်ခစ်ခစ်

      • မိဂီ

        October 23, 2012 at 12:27 pm

        တွယ်ငြိခြင်း တဏှာ သဘောတွေပါဗျာ
        အပူမရှာချင်ပါနဲ့ ..
        အပေါ်က မမဂျီး ခိုင်ခိုင်ဆို အပူအရှာကောင်းတာ
        ခု ပူ နေပီလေ…
        (ဟိ)

  • သစ် တည်

    October 23, 2012 at 12:15 pm

    လူဗျလုူ…လူကြံရင် အာကာသတောင်မှရောက်သေး…
    အာနိုုးတောင်မှ ကိုုဝင်းကြည်ရတာ…ဦးလေးလဲကျိုးစားပေါ့…
    ရွာထဲမှာတရားဝင် အကူညီတောင်းကြည့်ပါလား….ဟဲဟဲ…

  • Hnin Hnin

    October 23, 2012 at 1:54 pm

    ဖတ်ပြီးတော့ သနားရမလို၊ ပြုံးရမလိုနဲ့…မိဂီက ယောက်ျားသားပဲ…
    အားကိုးအားထိုက်ပြုနိုင်အောင် ဆက်ကြိုးစားပြလိုက်ရင် ထားသွားခံရတော့မယ်
    မထင်ဘူး….ခုလိုမှန်းပြောတာ ဟုတ်လားတော့ မသိဘူး….

    Avatar ပုံပြောင်းသွားတာ စိတ်တော့ တော်တော်ချမ်းသာသွားတယ်…ဟီး…..
    နောက်မဆို နီအရိုး (အဲ..မဟုတ်ဘူးနော်..ဦးကြီးကြောင်.. 😛 ) မွေးကတည်းက
    သုံးလာတဲ့ ကီပလပ်..’ကပ္ပလီ’..အဲ့ ကပ္ပလီ ရုပ်ချောချော အသားအနက်နုရောင်
    ကြီး ကြည့်ကြည့်ပြီး စိတ်မချမ်းသာရလို့ပါကွယ်…ပြီးတော့ အဲ့ပုံကြည့်ပြီး ….
    အသက် ၅ဝကျော်လို့ ထင်ခဲ့တာ…ကိုယ့်ရုပ်ရည်နဲ့မအပ်စပ်တာမတင်တော့တာ
    ကျေးဇူးပါ…ကိုရဲတိုက်ရယ်……

  • surmi

    October 23, 2012 at 2:09 pm

    အင်းးးးးး
    ဖြစ်နိုင်တယ် ……….ဖြစ်နိုင်တယ်
    အခုတလော ရွာထဲမှာ ထူးခြားနေတော ့ကာ ……..

  • အရီးခင်လတ်

    October 23, 2012 at 2:17 pm

    သို့ သားသားလေး

    သားသားလေး မိဂီ
    မင်းရဲ့ စာကတော့ အဖေ့ဘွတ် ပေါ်မှာ ပြန့်ပြီး နေပြီ။
    မိန်းကလေးများ မျက်ရည်တောက်တောက်ကျရအောင် ခံစားရတယ်လို့ မေမေ့ စာများရောက်လာတယ်။
    တစ်ချို့ လဲ နီးစပ်ရာ ဘာသာပြန် ဖြန့်မှု နဲ့ ကမ္ဘာအနှံ့မှ မိန်းကလေး များ လဲ မင်းကို စိတ်ဝင်စားကုန်ပြီ။
    မေမေ့ ရဲ့ စာဗုံး မှာလဲ ချွေးမ လျှောက်လွှာ စီဗီ များ ဖြင့် သူကြီးရဲ့ ဆာဗာမှာ စပန်မေး များ ပြည့်သလို ပြည့်နေလို့ အလျင်မှီအောင် မနဲ ဖတ် နေရသည်။
    ထို့ကြောင့် ဦးရာလူ စနစ် နှင့် စီဗီ ပိတ်ရက် သတ်မှတ်ထားရသည်။
    အဲဒီ ထဲ မှ လက်ရွေးစင် များရွေးထားသည်။
    မင်းလဲ မေမေ့ ဆီ ပြန်မလာနိုင်စေရန်အတွက် ဖြစ်သည်။
    မှားလို့ 😉
    မေမေ့ ရဲ့ တာဝန်ကျေစေရန် အတွက် ဖြစ်သည်။

    စိတ်အေးစွာထား၍ မျှော်နေပါ။

    သားသားလေးချစ်သော မေမေ
    (မိဂီ အမေမှ တင်ခိုင်း၍ သူ၏ အရီးမှ တင်သည်)
    😆

  • myanmarcitizen

    October 23, 2012 at 3:15 pm

    “ခြေဆုပ်လက်နယ်ပြုမယ့် မြေးမလေး ရှာမတွေ့သေးတာတော့ စိတ်မကောင်းပါဘူး လို့
    ပြောပေးပါခီညာ။”

    ရှာမနေပါနဲ့ကွယ်…ဒုက္ခခံပြီးတော့ … အာနာပါန ပဲလေ့လာပြီး တရားပဲအားထုတ်ပါတော့ကွယ်။

  • mayjuly

    October 23, 2012 at 3:48 pm

    ကိုဝင်းကြည်တောင် အနုအရင့် ခွဲနေသေးတယ်.. ညည်းကတော့ :kwi:
    ဒါနဲ့ ညား ဘုရားတရားက လုပ်အုံးမတဲ့အေ ..

  • Fall Guy

    October 23, 2012 at 5:22 pm

    မင်းသားကြီး အာနိုး တောင် ကိုဝင်းကြည်နဲ့ ‘Junior’ Movie ထဲမှာ
    ဲJapan မှာတော့ ဖြစ်နိုင်လောက်ပါပြီ….။ စမ်းကြည့်ပါလား…..ဟိ…

  • padonmar

    October 23, 2012 at 8:50 pm

    မေမေကတောင် ပြန်မလာနဲ့ တားယူရတဲ့ မိဂီ၊သားအိမ်လိုချင်ရင် ပုပုကိုမေးကြည့်။

Leave a Reply