ယုန်သားကြော်နဲ့ ထန်း ရည် & ကျိုက် ထီး ရိုး ရဲ့ မိုး တွင်း မြင်ကွင်း
မနေ့ က ဦး ကြီး မိုက်ရဲ့ ယုန်လေးတွေ ကြည့် ပြီး စားခဲ့ဖူး တဲ့ ယုန် သား ကြော် ပြန်သတိရ မိ တယ်။ အမေတို့ ငယ်ငယ် ပုပ္ပား မှာ နေတုန်း က ယုန်သား မကြာခဏ စား ရဖူးတယ်၊ ချိုတယ် လို့ ပြောလို့ ဒီ တခေါက် ခရီး စဉ်မှာ ပုဂံ၊ကျောက်ပန်းတောင်း လမ်းဘေး ထန်းတောထဲ က တဲလေး တစ်တဲ မှာ ဝင်နား ကြတုန်း က ယုန်သား ရ လား မေးတော့ မရဘူးတဲ့ ။ သူက ထန်းရည် ဆိုင် မဟုတ် ပဲ ထန်းပင်ထွက် ပစ္စည်း လေးတွေ ၊ ထန်းလျက် တို့ ထန်းခေါက် ဖာ တို့ ၊ ထန်းလျက် အရက် တို့ပဲ ရောင်း ပြီး ထန်း ရည် အတွက်တော့ ကိုယ် စေတနာ ရှိ သလောက် ပဲ ပေး ရ တာ ဆိုတော့ အမြည်း လည်း ကောင်းကောင်း မရှိဘူး ။ ထန်းရည် တော့ အခါးရော၊ အချို ရော ရတယ် ။ လက်ဖက် တစ်အုပ် တော့ ချ ပေး ထား တယ်။ ထန်းရည် ချို လည်း အဲတော့ မှ စသောက်ဖူးတယ်၊ အချို မကြိုက် တဲ့ ကျမ ချိုလွန်း လို့ မသောက် နိုင် ဘူး။
ကျိုက် ထီး ရိုး သွားတော့ မှ ကျီးကန်း ပါးစပ် နား က ဆိုင် မှာ ယုန်သားကြော် ရ တယ် ဆိုလို့ မှာစား ကြည့် ကြတယ်။ ကိုယ် က ပထမဆုံး စား ဖူးတော့ ယုန်သား ဟုတ်မဟုတ် မခွဲ တတ်ဘူး ၊အစုံ စား ဖူးတဲ့ မောင်လေးကတော့ ဟုတ်တယ် ပြောတာပဲ။ မြွေသားလည်း ရတယ် တဲ့ ၊ မစားရဲလို့ မစားခဲ့ ဘူး။ ကျမက တောကောင်သား တွေ စစ်ရဲ့ လားလို့ မေးတော့ ခုချိန်က ခရီးသွား တွေ ပါး တဲ့ အချိန် မို့ လို့ တောကောင်သားတွေ ပိုတောင် နေသေးတယ်၊ ဒီမှာ ကျပ်တင် ထားရတာတောင် ကြည့် ပါလား ဆိုပြီး သူပြတာ ကြည့် လိုက် တာ မြွေကြီး ကျပ်တင် ထား တာ တွေ့ လို့ အသည်းတောင် ယားတယ်။
ကျိုက်ထီးရိုး ၊ ကျီးကန်း ပါး စပ် နားက ရှုခင်း ရောင်း စားတဲ့ ဆိုင် လေး က ယုန်သားကြော်၊
ယုန်သားကြော် ဆို တော့ ထန်း ရည် လေးနဲ့မှ လိုက်တာ ။အိုးပြောင်လေး က အချို ၊ ကနုတ်နဲ့ အိုး က အခါး။
ထန်း ရည်လောက် နဲ့ မရ သေး ဘူး ဆိုတဲ့ နယ်စည်း မခြား အဖွဲ့ သားတွေ အတွက် ထန်းလျက် အရက် ဦး ရည် လေး။ ရေတော့ ရောသောက် ကြ ဦး နော်၊ ရေ မေ ရာ ရင် ဘာ စော တယ် ဆိုလား။
ထန်းတော ထဲကို လှမ်း ရိုက် လိုက်တော့ ဒီ လို
ကျိုက်ထီး ရိုး က ယုန်နဲ့ ကျောက် ပန်းတောင်း က ထန်း ရည် တွဲ တင် ထား ခြင်း ဖြစ် ပါတယ်။
အရက်တွေ၊ ထန်းရည် တွေ နဲ့ ရော တင် ထား တာ မို့ ကျိုက်ထီး ရိုး ဘုရား ပုံတော့ မတင် တော့ ဘူးနော်။ မိုး တွင်း ကြီး ကျိုက် ထီး ရိုး သွား ရတာ အတွေ့ အကြုံ အသစ် ပါ ပဲ။ ကြည့် လေရာ တိုင်း မိုး မြူ တွေ နဲ့ ဝါးနေ တယ်။ အမြဲ တမ်း ချည်း မှုန်ဝါးနေ တာလည်း မဟုတ်ဘူး ၊ ချက်ချင်း ဝါး သွား လိုက် ပြန်ကြည် သွား လိုက် နဲ့ ပဲ။ အဲဒီ မိုး မြူ တွေ က ဒီ အတိုင်း ဆို မစို သလို နဲ့ ခဏလေး နေတာနဲ့ ဆံပင်တွေ ၊ မျက်တောင် မွှေးတွေ စို လာရော။ မိုး ကာလေးတွေ ဝတ် ထား ရတယ်။ ကျီး ကန်း ပါး စပ် ဘက် သွား လို့ ရ ပေမဲ့ ကျောက် ထပ်ကြီး ဘက် သွား လို့ မရဘူး။ လမ်းတွေ မကောင်း ဘူး လို့ ပြောကြတယ်။ ကျီးကန်း ပါး စပ် ဘက် သွားတာတောင် လမ်း မှာ လူ မရှိ ဘူး ၊ နတ် ရေ တွင် း ဘက် က ဆင်း တာ ရောက်ခါ နီး မှ ညက မိုး ကြီး လို့ တောင်ပြီု ပြီး လမ်း ပိတ် နေတော့ ပြန်တတ်ပြီး နောက် တလမ်း က ဆင်း ရတယ်။ လမ်း တလျောက် က ဆိုင်တဲ လေးတွေ လည်း အကုန် ပိတ် လို့ ကျမတို့ မိသားစု နဲ့ မောင်လေး ရယ် ၄ ယောက် ထဲ ဆိုတော့ ကြောက် စိတ်တောင် နဲနဲ ဝင် မိတယ်။ နောက် တစ် လမ်း က သွား မှ တချို့ ဆိုင် လေးတွေ ဖွင့် တာတွေ့ ရ တယ်။
ဆောင်းတွင်း ဆို လမ်း တလျောက် အဆက်မပြတ် တွေ့ ရတတ်တဲ့ ဆိုင်လေးတွေ က မိုးတွင်း မှာတော့ ဒီလို နားကြတယ်။
ဒါကတော့ မိုး မြူ တွေ ကြား က ကျိုက ်ထီး ရိုး ရင် ပြင် (၁)
ဒါကတော့ မိုး မြူ တွေ ကြား က ကျိုက ်ထီး ရိုး ရင် ပြင်(၂)
မြူတွေနဲ့ ဝါးနေတဲ့ မြင်ကွင်း
နဲနဲ ကြည်လာပြီ
လုံး ဝ ကြည် သွား ပြန်ပြီ။ အဲဒီ ၃ ပုံ က ၅ မိနစ် အတွင်း ပြောင်းသွား တာ
စာရိုက် ရ တာလည်း ပျင်း၊ ပိုစ့် ကလည်း မတင်တာ ကြာတော့ စိတ်ကူး တည့် ရာ တင် လိုက် ပါတယ်။
25 comments
မိုချို
October 24, 2012 at 1:42 pm
တင်ပြီး မှ သတိထား မိတယ် ၊ အိမ်က လူကြီး က ခရီး စဉ် ၂ ခု အကျင်္ီ တစ်ထည် တည်း ဝတ်ထားတယ်။ သူ့ မိန်း မ က သူ့ ဘာသူပဲ အကျင်္ီ တွေ ဝယ် ဝတ်ပြီး သူ့ ယောက်ျား ကို မဝယ် ပေးဘူး ထင်တယ်။
ကိုပေါက်(မန္တလေး)
October 24, 2012 at 2:12 pm
မရောက်ဘူးသေးဘူး အရမ်းသွားချင်တယ်။
ူူယုန်သားကတော့ အရမ်းချိုတယ် နူးညံ့တယ်။
သူ့ ကိုဖျက်နေတဲ့အချိန်အစာအိမ်မပေါက်အောင် သတိထားလုပ်ရတယ်။
ပေါက်သွားရင် ခါးလဲခါး နံလဲနံ နဲ့စားမရတော့ဘူး။
ကြားဘူးတာတော့ သူ့မစင်သူပြန်စားတယ်ပြောတာဘဲ
သူက ထူးခြားတဲ့ သတ္တဝါထဲမှာပါတယ်။
ဦးဦးပါလေရာ
October 24, 2012 at 2:17 pm
ယုန်သားကြော်က အသားနွှင်ပြီးကြော်ထားတာထင်တယ်။
သံပုရာစိတ်လေးတွေထည့်ထားပုံထောက်တော့ သံပုရာရည်လေးညှစ်စားရင်ကောင်းတယ်ဆိုတဲ့ သဘောပဲဖြစ်မယ်။
မစားဘူးလို့ တွေးကြည့်တာ….
padonmar
October 24, 2012 at 10:35 pm
စကားပုံတောင်ရှိသေး၊ယုန်မရခင် သံပုရာရှာတဲ့။
Khaing Khaing
October 24, 2012 at 2:18 pm
မိုးတွင်းမှာသွားခဲ့တာပဲ ….. အန္တရာယ်ကင်းကင်းနဲ့ခရီးစဉ်လေးကို သွားဖြစ်ခဲ့တာပဲ ……
Mon Kit
October 24, 2012 at 2:20 pm
မမိုချိုရေ…
မိုးမြူတွေကြား ကျိုက်ထီးရိုးဘုရားကို ဖူးမျှော်ရင်း အချမ်းပြေ ထန်းရည်ချိုလေးနဲ့ ပဲကြော်လေး အမြည်းလုပ် စားသွားပါတယ်… ယုန်သား မစားရဲလို့ပါ…
pooch
October 24, 2012 at 2:49 pm
မိုးတွင်းဆို အရင်က ပိတ်တယ် ခုနောက်ပိုင်းတော့ ဆယ့်နှစ်ရာသီလုံးသွားလို့ ရပြီ ထင်တယ်။
ရောက်ဖြစ်တိုင်းဆောင်းတွင်းပဲ ။ တော်တော်ချမ်းတယ်။ သွားတိုင်း တောလမ်းကပဲ တက်တယ်။ ညဆို မီးတုတ်တွေ ကိုင်ပြီး ဆင်းကြတာ ။ တော်တော်ပျော်ဖို့ကောင်းတယ် ။ တညလုံး ကြယ်တွေ ထွက်လာတာကို တွေ့ရတာဆိုတော့ လေ။
အဲ့ဒီက တောကောင်သားတွေ တော့ ကြောက်လို့ မစားရဲဘူး။ ယုန်သားချိုတယ်တော့ ကြားဖူးတယ်။
စိန်ဗိုက်ဗိုက်
October 24, 2012 at 2:52 pm
ထန်းရည်ဆိုလို ့ အပင်ပေါ်တက် လတ်လတ်ဆတ်ဆတ် ပြန်ချလာတဲ့ အိုးထဲက အရည်ကို ပိုကြိုက်တယ်ဗျာ
ငါးမုန် ့ကြော် လယ်ကြွက်ကြော် ပဲကြီးလှော်နဲ ့တော့ ဆွဲဖူးတယ်..
ယုန်သားတော့ စားဖူးဘူး..
ထန်းတော့ကြီးတွေပိုင်လို ့ကတော့ ဘယ်မှမသွားဘူး ထန်းပင်ပေါ် အိမ်ဆောက်နေပလိုက်မယ်..
ဆိတ်ကြီးတယ်..မရဘူး..သောက်ကြာသား..အင်္ဂ ါမနက်မှာမွေးတာ
အဲအဲ..သေရည်အကြောင်းပြောနေတာနဲ ့ဘုရားဖူးဖို ့တောင် မေ့တွားတယ်..
ဦးတော်..ဦးတော်..ဦးတော်..
မဟာရာဇာ အံစာတုံး
October 25, 2012 at 3:44 pm
ထန်းရည် ပင်ကျရေထက်
အဲ့ဒီ အရည်ကို သုံးလေးရက်လောက်
တောင်းနဲ့ မှောက်ထားပြီး ရလာတဲ့ အရည် ခါးခါးက ပိုပြီး ကောင်းတယ်တဲ့ ..
:kwi:
မိုချို
October 24, 2012 at 3:15 pm
လေးပေါက်ရေ
ကျိုက်ထီး ရိုး ကတော့ ရောက်ဖူးလဲ သူများ သွား တယ် ဆိုတဲ့ အသံ ကြား ရင် ထပ် သွား ချင် တာပဲ။ ယုန်သား လဲ အကောင်တိုင်း ဆို နံတော့ ညှီ လိမ့် မယ် ထင်တာ ၊ မညှီဘူး။
ဦး ပါ ရေ
သံ ပရာသီးလေး က ကိုယ် လည်း ညှစ်မစား မိဘူး။အဲဒီ တစ်ပွဲ ကို ၃၀၀ဝ တောင် ယူတော့ လှအောင် ထည့် ထား တာ ထင်တယ်။
ခိုင် နှမ ရေ
တောင်တတ်ကား ကို ဘုရား တပြီး စီးခဲ့ ရ တာပါ။ နိုင်ငံခြားတွေ ကတော့ အာမမခံ နိုင် လို့ ဆိုပြီး ရသေ့တောင် အထိပဲ စီးခွင့် ပြုပြီး အဲဒီ က မှ ခြေလျင်တက် ရပါတယ်။ ကိုယ်တွေ က တော့ ကား သာ ဆက်စီး လာ ရ တယ် ကြောက်လိုက် တာ မှ အရမ်း ပဲ။
မွန်ကစ်ရေ
အမလည်း မောင်လေး အဖော် စပ်လို့ သာ စားရဲတာ။
ပုချ်ရေ
အမတို့ လည်း ဆောင်း တွင်း ပဲ သွား ဖူးတယ်။ ခုတော့ မြန်မာပြည် ရောက်တုန်း ကြုံ တဲ့ အချိန် သွား လိုက် ရတော့ အမြင်သစ် ဖြစ်သွားတယ်။
ဗိုက်ဗိုက် ရေ
နင်မှ လာ သောက် ပါ့ မလား လို့ စိတ်ပူနေတာ။
ဆူး
October 24, 2012 at 3:27 pm
မနှစ်က ဇန်နဝါရီ တုန်းက ကျိုက်ထီးရိုးသွားခဲ့တုန်းက ပေါက်ပေါက်ရှာရှာ အဲဒီဆိုင် ကို ရောက်ခဲ့တယ်။
ထန်းရည် ကတော့ ရောင်းမှန်းတောင် မသိခဲ့ဘူး။
အသားတွေ ကြပ်တင်ထားတာ အစုံပဲ..
စားခဲ့တဲ့ အထဲမှာ.. ဝက်ဝံသား တောဝက်သား ယုန်သား နောက် ဘာ အသားတွေ မှန်းတောင် မသိတော့ဘူး ၅မျိုးလောက် မှာ စားတာ.. တမျိုးက အသား မှာ အနံ ရှိတယ်။ ယုန်သားက ရဲရဲလေး ကြပ်တင်ထားတာ ခြောက်နေတာကို ဆီပူလေးနဲ့ လှိမ့်ပေးထားတာ.. နည်းနည်းမာတယ်..
ရေနွေးကြမ်းနဲ့ အသားခြောက်ကြော်နဲ့ စားခဲ့ဖူးတယ်။
kyeemite
October 24, 2012 at 3:29 pm
မိုချိုရေ…ဗိုက်ဗိုက် နဲ့အတူ
ထန်းလျှက်ဦးရေ ပုလင်းလေးကို
ရေများများရောပီး ကျိုက်ထီး ရိုး က
ယုန်သားကြော်နဲ့ မြည်းသွားပါဂျောင်း….
ခင်တဲ့… :kwi:
မိုချို
October 24, 2012 at 4:20 pm
ဆူးရေ
ထန်းရေ က ကျောက်ပန်းတောင်း က ပါ။ ပုဂံ နဲ့ ကျိုက်ထီးရိုး ခရီး ၂ ခု က ပုံတွေ ကို ရောသမမွှေ ထား တာ။
ဦး မိုက် ရေ
ဦး မိုက် ရဲ့ ချစ် စရာကောင်းတဲ့ ယုန်လေးတွေ ကို မိုချိုက စား စရာ လုပ် လိုက် မိ တာ ချောရီး နော်။
cobra
October 24, 2012 at 8:27 pm
ယုန်သားစားချင်နေတာကြာပီ ရန်ကုန်ကဘယ်ထန်းရေဆိုင်မှာ
ယုန်သားကောင်းကောင်းရပါသနည်းပြောပြကြပါ။
မောင်ပေ
October 24, 2012 at 9:57 pm
၂၈ကို ကျိုက်ထီးရိုးသွားမယ် ချိုချိုရေ
ယုန်သားတော့ မစားတတ်လို ့
ထန်းရည်သောက်မယ်
ပြန်ရောက်ရင်
ဓါတ်ပုံတင်မယ်ဗျို ့
padonmar
October 24, 2012 at 10:38 pm
မိုချိုရေ
မိုးမြူတွေနဲ့ ၅မိနစ်တွင်းပြောင်းတဲ့ မြင်ကွင်းလေးက စိတ်ဝင်စားဖို့ကောင်းပါတယ်။
မိုးကာတွေဆောင်သွားကြတာလား။
Silver Twig
October 25, 2012 at 1:08 am
I could not find pure and fresh toddy sup till date in the Rangoon region. Most drinks are preserved and mixed with unknown stuff.
အရီးခင်လတ်
October 25, 2012 at 4:55 am
မိုချိုရေ
ကကြီးမိုက် ရဲ့ ယုန်ကလေးတွေကိုသာ မြင်မထားရင် သားရည်ကျမိမလားဘဲ။
အခုတော့ မစားရက်သလိုဖြစ်နေတယ်။
ဆက်တွေးမိတာက ကြက်တွေ၊ ဝက်တွေ ပုံတွေ့တော့ ဒီလို မဖြစ်တာဘဲ။
ကြည့်ရတာ တို့တွေ ဦးနှောက်ကလဲ ဘရိန်းအဆေးခံထားရတာထင်ရဲ့။
တိရိစ္ဆာန်ချင်း အတူတူကိုတောင် ခွဲခြားနေမိသလိုဘဲ။
ဘုရားပေါ်မှာ အဲဒီ ပလပ်စတစ်မိုးကာ တွေက ရောင်းတာလား။
လူတိုင်းလိုလို ဝတ်ထားတာနော်။
အဲဒီကနေ ကနေဒါ နဲ့ ယူအက်စ်အေ ကြား ရေတံခွန်မှာ တိုးရစ်တွေ ဒီလို မိုးကာတွေ ဝတ်ကြသလားလို့။
အဲဒီကို ရောက်တော့မရောက်ဘူးပါဘူး။ သူငယ်ချင်းဓာတ်ပုံမှာတွေ့မိတာ။
water-melon
October 25, 2012 at 9:22 am
ဝါး သားရေကျလာပြီ
မြွေသားက အကြော်ဆိုမိုက်တယ်
ဂလု ဂလု
မိုချို
October 25, 2012 at 9:50 am
cobra ရေ
ရန်ကုန် မှာတော့ သိဘူး နော။
ကပေ ရေ
၂၈ ဆို တော့ နီး နေပြီ ပေါ့ ၊ အဲဒီ မှာ မိုး ကော ပါး သွား ပြီ လား။ ပြန်လာရင် ဓါတ်ပုံတွေ ကြည့် မယ် နော်။
အန်တီ ပဒုမ္မာ နဲ့ အရီး လတ် ရေ
မိုး ကာတွေ က ကင်ပွန်း စခန်း မှာထဲက ရောင်းတယ်။ မိုချို တို့ က လည်း မိုး ရွ ာ တယ် ဆို မှ မိုး ကာဆောင်း ပြီး ဘယ်ထွက် မလဲ ၊ မိုး တိတ် မှထွက် မှာ ပေါ့ ဆို ပြီး မဝယ်ခဲ့ ကြဘူး။ တောင် ပေါ် ရောက်တော့ မှ မိုး ရွာ သလို ရွှဲရွှဲ စိုတာလည်း မဟုတ် ပဲ ဆံပင်တွေ ရွှဲ ၊ အဝတ်တွေ စို ဖန့် ဖန့် ေတွေ ဖြစ်လို့ အပြင် ထွက် တော့ ထီး ပဲ ဆောင်း ရတော့ တယ်။
ဖရဲမ
မြွေသားတော့စားရဲဘူး။ မြွေသားစားတဲ့ သူ ကို မြွေ ကိုက် တတ်တယ်တဲ့။
မိုချို
October 25, 2012 at 9:58 am
Silver Twig
အညာ ထန်းတောထဲက ထန်းရည် ဆိုတော့ ဘာမှ မရော ဘူး လို့ တော့ ထင် ရတာပဲ။ အခါး ကို အနံ့ မခံ နိုင် လို့ တို့ တောင် မတို့ ခဲ့ သလို အချို ကျတော့ ချိုလွန်း လို့ မမျို နိုင် ဘူး။
အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး
October 25, 2012 at 10:23 am
ဘုရားဖူး ခရီးထဲမှာ သာမညတောင်ခရီး သဘောအကျဆုံးပဲ၊ ပတ်ဝန်းကျင်လည်း မပျက်စီး သူတပါးလည်း မထိခိုက်ဘူး။။ ကျန်တာတွေကတော့ ကုသိုလ်တပဲ ငရဲတပိသာများတယ်။ ေဩာ် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ ထေရဝါဒစစ်စစ်တဲ့ အပြောကတော့ လုံးဝမလျှော့ဘူး၊ သက်သတ်လွတ်သမားကို ဒေဝဒတ်ဂိုဏ်းသားတဲ့ လုပ်ကြပါ လုပ်ကြပါ ရှင်တို့က ရဲတွေကိုး….။
မိုချို
October 25, 2012 at 11:12 am
ဪ… ဦးကြောင် ရယ် ရောင်းတဲ့ သူ ရှိ လို့ စား ဖြစ်တာပေါ့ နော်၊ ကိုယ့် ဟာ ကိုယ် တော့ ဘယ် သတ် စား ပါ့ မတုံး။ ( အမှန် မှာ တော့ စားတဲ့ သူ ရှ ိလို့ လဲ ရောင်း ကြ တာ )
တကယ်တော့ ဒီ လို ထူးထူးခြား ခြား အသားတွေ ကိုတော့ မစား ဖူးလို့ သာ စား ကြည့် တာ ပါ ကြိုက် လှ တယ်တော့ ဟုတ်ဘူး။ သတ်သတ်လွတ် သမား တော့ လည်း ဘယ်တော့ မှ ဖြစ်မှာ မဟုတ်ဘူး ၊ ပုဇွန်ခြောက် ကို မစွန့် လွှတ် နိုင်လို့။
သာမည ကတော့ သွား ရ တာ သဘောကျ ပါတယ်။ ဝါးတီး ငြိမ်း လို့။
kyeemite
October 25, 2012 at 11:41 am
မှန်တယ်ကိုခင်လတ်ရေ…
သတ္တဝါတွေထဲ “ငါး” က အဆိုးဆုံးလို့ထင်မိတယ်
ဘယ်သူမှမသနားတာချင်းအတူတူ (ရွှေငါးကတော့ ချွင်းချက်ပေါ့)
ဒါကြောင့် သူငယ်ချင်းတစ်ယောက်ပြောလေ့ရှိတယ်..
ဒီဘဝမှာ အကုသိုလ် အရမ်းကြီးလွန်းရင် နောင်ဘဝ “ငါး”ဖြစ်မှာကွတဲ့…
ခင်တဲ့…
:kwi:
Hnin Hnin
October 25, 2012 at 3:38 pm
မိုးတွင်းမှာလည်း မှုန်မှိုင်းမှိုင်းနဲ့ပေမယ့် ဘုရားမှန်းပြီး ကြည်ညိုစိတ် ဝင်မိ
ပါတယ်…မမိုရေ…ကျေးဇူးတင်ပါတယ်…
ကျိုက်ထီးရိုးကို ၂၀၀ရခုနှစ်တုန်းက အစ်ကိုတွေနဲ့ခရီးသွားဟန်လွဲ ဝင်ဖူးဖြစ်
တုန်းက အပြန် လမ်းလျှောက်ဆင်းကြတော့ လမ်းခုလတ်ဆိုင်မှာ(အဲ့တုန်းက
တော့ အဆင်းမှာ အဲ့တစ်ဆိုင်ပဲ ထန်းရည်ရတယ်လို့ ဆိုင်ရှင်ကပြောတယ်။
ဆိုင်နာမည်တော့ မရှိဘူး)ထန်းရည်နဲ့ အကောင်ပလောင် အကင်မျိုးစုံစားကြ
တာ ဈေးလည်းသင့်ပါတယ်။ အကောင်နဲ့အရသာတော့ တွဲမသိတော့ဘူး..
ထန်းရည်တစ်ဂျား(ပလတ်စတစ်အိုး) ၅၀၀၊ အုန်းစိမ်းရည်ပဲ(တစ်လုံး ၅၀၀..
ဆိုင်တိုင်းမရှိဘူး)သောက်ခဲ့တယ်။သူတို့တွေ ထန်းရည်ကစ်များလို့လား
မသိဘူး။ လေးယောက် ၆၀၀ဝကျော်နဲ့ဗိုက်ဝသွားကြတယ်။
မမိုပြောတဲ့ ကျီးကန်းပါးစပ်နားက ဆိုင်ကတော့ အကြောင်းသိနေလို့ များများ
မှာမစားရဲဘူး။ဒါတောင် အကောင်ခြောက်ကြော်၊ချက်တွေ ၃မျိုးပဲ မှာစားတာကို
(ပွဲက ပွဲလတ်လောက်ပဲ ထည့်ထားတာမများဘူး၊လူ ၄ယောက် ဗိုက်မဝ တို့တိပဲ
စားရတယ်) ၆၀၀ဝကျော်ပေးခဲ့ရတယ်..ထမင်းဆိုင်မှာ ဟင်း၃ မျိုး(အသား၊အသုပ်၊
အစိမ်းကြော်..ထမင်းလည်းပါ.အဝ…တို့စရာတွေလည်း အလကား တစ်ပုံတစ်ပင်
ပါသေးတယ်လေ) မှာစားရင်မှ လူ လေးယောက် ၈၀၀၀၊၁သောင်းလောက်နဲ့ ဆို ဗိုက်ခွေးနမ်းပဲ….ကုန်ကျစရိတ်တွေ မှတ်တမ်းတင်ခဲ့လို့ ပြန်မှတ်မိနေတာပါ…
မသွားဖူးသေးတဲ့သူတွေအတွက် တောင်အဆင်း ထန်းရည်ကစ်ရန်၊ view ကြည့်
လို့ရတဲ့ ကျီးကန်းပါးစပ်နားဆိုင်မှာ သတိနဲ့ဝယ်စားရန် မန့်နဲ့ထပ်ဖြည့်ပေးလိုက်
ပါတယ်…၅နှစ်ရှိနေပြီမို့ ဈေးများလည်း နှစ်ဆ ဖြစ်နေနိုင်ပါတယ်…