Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တန်ဖိုးရှိတာလိုချင်ရင် တန်ဖိုးရှိအောင်ထားပါ ……..

Khaing KhaingOctober 25, 20121min100540

ကောင်မလေးက ချောတယ်လဲမဟုတ် ချမ်းသာတယ်လဲမဟုတ် ခေတ်မှီတယ်လဲမဟုတ်ပါဘူး … ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူးဗျာ … ယောက်ျားလေး တော်တော်များများက အဲဒီကောင်မလေးကို နှစ်သက်ကြ ကြိုက်ကြတယ်ဗျ …. ကျွန်တော်အပါအဝင်ပေ့ါလေ … ကောင်မလေး က ယဉ်သလိုပဲ … ခေတ်မဆန်ပေမယ့် သူကနေတာထိုင်တာပွင့်လင်းတယ် …. သူနဲ့ စကားပြောရ ခင်မင်ရတာကိုက ပျော်စရာ သူ့မှာ ချစ်မွှေးပါတယ်ပဲ ဆိုချင်တယ်ဗျာ ……..

ကျွန်တော်သူ့ကို ကြိတ်ကြိုက်နေစဉ်မှာပဲ သူနဲ့ရွယ်တူကောင်လေးတစ်ယောက်နဲ့ ရည်းစားဖြစ်သွားပြီလို့ သိရကြားရတယ် … ကျွန်တော့်ပတ်ဝန်းကျင်ကပြောသံပါ သူနဲ့ အဲဒီကောင်လေးတွဲတာသွားတာလာတာ တစ်ခါမှ မမြင်ရဘူး …… ဒါပေမယ့်ဗျာ ရည်းစားရှိတာပဲ ယောက်ျားရှိတာမှ မဟုတ်တာ ကျွန်တော်သူ့ကို စိတ်ဝင်စားနေတုန်းပါပဲ … ကျွန်တော်က သူ့ထက်ငယ်တယ်ဗျ … အဲဒီမမကို ကျွန်တော်လမ်းမှာ တွေ့ရင် စကားပြောဖြစ်တယ် ကျွန်တော်ကိုယ်တိုင်ကလည်း မကြုံကြုံအောင်ကို ပြောချင်နေတာ … မမပြန်လာပြီလား … ဘာလားညာလားပေ့ါဗျာ ….

မမတက္ကသိုလ်တက်နေချိန်မှာ မမမှာ ယောက်ျားလေးသူငယ်ချင်းလား ချစ်သူတွေလားမသိဘူး မမအိမ်ကို လာလည်တတ်ကြတယ်ဗျ … မိန်းကလေးတွေလည်းလာပါတယ် … ကျွန်တော်ကတော့ ကျွန်တော်အမြင်မရှင်းတာကိုပဲ တဖက်သတ်ပြောချင်တာလေ … မမသူငယ်ချင်း ယောက်ျားလေးတွေနဲ့တွဲတာ သူ့ချစ်သူကောင်လေးကတော့ မသိဘူး …. ကျွန်တော်ကကြားထဲကနေ မကျေမနပ်ဖြစ်နေမိတယ်ဗျာ … မမသူငယ်ချင်းတွေက မမအပေါ်ကို အတော်ခင်တွယ်ပုံရတယ်ဗျာ … အိမ်ကိုမကြာခဏလာသလို မမနဲ့အတူသွားအတူလာရင်လည်း မမအပေါ်ကို သိပ်ဂရုစိုက်ကြတယ်ဗျ …. ကျွန်တော် တော်တော့်ကို မနာလိုဖြစ်လာမိတယ် …

ဒီလိုနဲ့ ကျွန်တော့်စိတ်ထဲမှာ ကြိတ်မနိုင်ခဲမရ တစ်နေ့ထက်တစ်နေ့ကြီးထွားလာမိတယ် … မမကို လမ်းမှာတွေ့တော့ အရင်လိုစရင်းနောက်ရင်းနဲ့ စကားတွေပြောရင်း မမနဲ့မမချစ်သူပြတ်သွားပီလား မေးမိတယ်ဗျာ … မမက ကျွန်တော့်ကို စိမ်းစိမ်းကြီးကြည့်တယ်ဗျ .. ကျွန်တော်….. တော်တော်လေး လန့်သွားတယ် …. မမဆီကစကားပြန်မရခဲ့ဘူး …

ဒီလိုနဲ့ အပြင်မှာ ကြားတာတော့ မမကောင်လေးက တစ်ခြားမိန်းကလေးတွေနဲ့တွဲနေတာကိုပါပဲ …. ကျွန်တော်ဗျာ အဲဒီ သတင်းကိုကြားတော့ သမင် (၁၀) ကောင်ပြေးသလို ပျော်မိတယ် ဘာရယ်မှန်းကိုမသိပါဘူး … ကျွန်တော့်ဘက်ကသာ ဖြစ်နေတာပါ … မမကတော့ ကျွန်တော့်ကို မျက်စိထဲတောင်သိပ်ထည့်ပုံမရဘူး … ဘယ်ရမလဲ ကျွန်တော်အရူးအမူးချစ်ရတဲ့ မမအနားမှာ ဘယ်သူမှမရှိဘူးလို့သိတော့ မမအနားကို ချည်းကပ်ဖို့ ကျွန်တော်အမျိုးမျိုးကြံစည်မိတယ် … ကျွန်တော်ရယ် မမရယ် မမရဲ့ပထမချစ်သူရယ်က တစ်ရပ်ကွက်ထဲသားတွေဗျ ဒီတော့ မိဘချင်းကလည်း ခင်ကြတယ်လေ … မမတို့အိမ်ကိုလည်း ကျွန်တော်သွားလည်လို့ရတယ် … မမအစ်ကိုတွေမောင်တွေနဲ့က ကျွန်တော်နဲ့က သူငယ်ချင်းတွေလေ ……. ဒါကျွန်တော့်အတွက် အခွင့်အရေးပါပဲ ….

ကျွန်တော် ယောက်ျားတန်ပေမယ့် မကြံကောင်းမစည်ရာတွေ ကြံမိတယ်ဗျာ … မမရဲ့ဓာတ်ပုံကို ကြံဖန်ရယူခဲ့ပြီး ဗေဒင်ဆရာတစ်ယောက်ဆီကို သွားခဲ့တယ် ….. အဲဒီနောက်ပိုင်း မမနဲ့အဆင်ပြေလာခဲ့တယ် …. မမနဲ့အဆင်ပြေတော့လည်း ကျွန်တော့်စိတ်ထဲမှာ မမကို မယုံသင်္ကာစိတ်တွေဖြစ်လာပြန်တယ် …. ဘာလဲဆိုတော့ မမအပျိုစင်စစ်စစ် မှဟုတ်ရဲ့လားပေ့ါ … ပတ်ဝန်းကျင်က ကျွန်တော့်ကို စကားနာတွေထိုးလာတယ် မင်းမမက ယောက်ျားလေးတွေနဲ့ရော ရည်စားပါရှိဖူးတယ် ….. မင်းစစ်ဦးဘာဦးပေ့ါဗျာ … ဒါတွေကို ကျွန်တော်နားယောင်လာတယ် ….. မမကတော့ သူငယ်ချင်းယောက်ျားလေးရော မိန်းကလေးတွေနဲ့ပါ အတွဲမပျက်ခဲ့ပါဘူး ……… အဲဒီကောင်တွေကိုလည်း ကျွန်တော်မသင်္ကာတော့ဘူး …. မမအပေါ်ရိုးသားရဲ့လားပေ့ါ ……… မမကို ကျွန်တော်စကားနာတွေ အမျိုးမျိုးထိုးပြီး မမအပျိုစင်ဟုတ်မဟုတ်သိချင်လာတယ် … မမကိုလည်း ကျွန်တော်တောင်းဆိုမိတယ် ….. ကျွန်တော့်စိတ်ကို ကျွန်တော်သိပ်အံ့ဩမိတယ်ဗျာ … မမကို အရင်မပိုင်ဆိုင်ခင်က ချစ်သူယောက်ျားလေးရှိရက်နဲ့တောင် မမကိုချစ်နေမိပြီးမှ … အခုလို ပိုင်ဆိုင်ရတော့မှ ဘာလို့မယုံသင်္ကာစိတ်တွေကိန်းအောင်းမိသလဲ …. မမကတော့ သူ့ကိုယ်သူ သူ့တန်ဖိုးသူအသိဆုံး သူ့ဘဝကို သူလက်ထပ်မယ့် ခင်ပွန်းသည်ကလွဲပြီး ဘယ်သူ့ဆီမှ မပုံအပ်နိုင်ကြောင်းပြောတယ် …….. ဒါပေမယ့် ကျွန်တော်အဲဒါကို လန့်နေတယ် …. ကျွန်တော်လက်ထပ်ပြီးမှ မမဟာ အပျိုမဟုတ်တော့ရင် ကျွန်တော်လက်ခံနိုင်ပါ့မလား … နောက်ပြီး တရပ်ကွက်သားချင်းနေတဲ့သူနဲ့ ချစ်သူတွေဖြစ်ပြီးမှ ကျွန်တော်က မမနဲ့ထပ်ချစ် ချစ်ခါစတုန်းက ကျွန်တော်မစဉ်းစားပဲ ….. အခုမှ အပျိုမစစ်တဲ့သူကို ယူမိမှာကို စိုးကြောက်မိတဲ့ကျွန်တော် ….. ပူလောင်နေရတယ်ဗျာ …… ဒါပေမယ့်ဗျာ ကျွန်တော့်ရဲ့ မမှန်မကန်နည်းလမ်းတွေနဲ့ မမအချစ်ကိုရယူမှုကြောင့်လား မစစ်မှန်တဲ့ မေတ္တာတွေကြောင့်လား မမက သူ့ဂုဏ်သိက္ခာကိုထိခိုက်လို့လား မသိပါဘူး …….. မမကျွန်တော့်ကို လုံးဝအတွေ့မခံ စကားမပြောတော့ဘူး ……..

 

တကယ်တော့ ကျွန်တော်မမကိုချစ်တယ် …… ဒါပေမယ့် အပျိုစင်မဟုတ်မှာ ကြောက်တဲ့ကျွန်တော့်ရဲ့ စိတ် မယုံကြည်တဲ့စိတ်တွေနဲ့ မမနဲ့ဝေးခဲ့ရတယ် …… ကျွန်တော်ကသာ အပျိုစင်ကိုလိုချင်ခဲ့ပေမယ့် မမနဲ့လက်မထပ်ခင်မှာ မမရဲ့အပျိုစင်ဘဝကို ဖျက်ဆီးဖို့ကြိုးစားမိခဲ့တယ်ဗျာ ……. နောက်ဆုံး ကျွန်တော်သတင်းရလိုက်တာက မမကကျွန်တော့်အပေါ်ကို တကယ်လည်းမချစ်ခဲ့ဘူးတဲ့ … မှန်ပါတယ် ဘယ်ချစ်ပ့ါမလဲ ကျွန်တော်က ရိုးရိုးသားသားနဲ့ မမနားကို ချည်းကပ်ခဲ့တာမှ မဟုတ်တာ … အချစ်စစ်ကို ဘယ်ရခဲ့မလဲဗျာ …. ခုတော့ မမက သူ့ဘဝလေးနဲ့သူ ပျော်ရွှင်နေပါပီ … မမကို ပိုင်ဆိုင်အောင် မကြိုးစားခဲ့တဲ့ ကျွန်တော်ကသာ နောင်တတွေ အလွမ်းတွေနဲ့ ကျန်ရစ်ကြီးဖြစ်ပြီပေ့ါဗျာ ……….

40 comments

  • Mon Kit

    October 25, 2012 at 3:50 pm

    ခိုင်ခိုင်ရေ….
    တကယ်ဖတ်လို့ ကောင်းပါတယ်…
    ရယူလိုတဲ့ အချစ်ဟာ ပူလောင်စမြဲပါနော်…… 😆

    • Khaing Khaing

      October 25, 2012 at 4:08 pm

      မမမွန်ကစ်ရေ …. အားပေးတာကျေးဇူးပါ … ညီမပေးချင်တဲ့ Hint က တစ်မျိုးပါ …. လောကမှာ အချစ်ဆိုတာ ရယူလိုမှုကော ပေးဆပ်မှုပါ ပါမှ + (ပေါင်းစပ်မှု) ကိုရမှာပါ ……..

      မောင် ——- + မ ———–
      တို့၏
      မင်္ဂလာဧည့်ခံပွဲ
      ဆိုတဲ့ အပေါင်းလေးက ရယူမှုတွေနဲ့ကြိုးစားပေးဆပ်လိုက်လို့ ပေါင်းစပ်သွားကြတာပဲလေ ………

  • jullies cezer

    October 25, 2012 at 4:04 pm

    အားပေးသွားပါတယ် မခိုင်ရေ
    ဝတ္တုထဲကပါတဲ့ဇာတ်လိုက်က သူ့စိတ်နဲ့တန်တဲ့ နောင်တတွေ
    ရပြီးဇာတ်သိမ်းပေးထားတာ တရားပါတယ်…….

    • Khaing Khaing

      October 25, 2012 at 4:13 pm

      ဒီဇာတ်လမ်းလေးထဲက ဇာတ်လိုက်လေးက ထင်တာထက်ပို လောဘကြီးပြီး မမအနားကို ချဉ်းကပ်ခဲ့တယ် … မမဆီက တစ်ခြားလိုချင်တပ်မက်တာတွေလည်းရှိခဲ့တယ်လေ ……… အားပေးလို့ ကျေးဇူးပါနော် ……..

  • ကိုခင်ခ

    October 25, 2012 at 4:19 pm

    ( ကျွန်တော်က ရိုးရိုးသားသားနဲ့ မမနားကို ချည်းကပ်ခဲ့တာမှ မဟုတ်တာ … အချစ်စစ်ကို ဘယ်ရခဲ့မလဲဗျာ )။
    အစစ်ပေးမှ အစစ်ရမှာပေါ့။ အတုပေးတာ မရတာစမ်းသလားလို့ မေးလိုက်ချင်ပါရဲ့။ အချစ်မလို့ပေါ့ ပိုက်ဆံအတုသာဆို ခုလောက်အကာရံထဲ ငုတ်တုတ်တောင်မေ့လောက်မှာ မမခိုင်ရေ။

    • Khaing Khaing

      October 25, 2012 at 4:23 pm

      အဲဒီလိုလူမျိုးတွေက အဲသလို ထိမှာပဲ …….. သူ့စေတနာသူ့အကျိုးပေးပေ့ါ …….

  • မာမီ …
    ဘယ်ဒုံးဂ အသွင်ပြောင်းလိုက်ဒါဒုံးဟင်င်င် ..
    ဒါမှ မဟုတ် ..
    အဲ့ မမ ဆိုဒါဂ မာမီလား .. :mrgreen:

    ကျုပ်ဂဒေါ့ ဘယ်တောင်မလေးဂိုမှ ယုံရဲဘူးဂျာ …
    သို့ဂလိုဂျောင့်မို့ ..
    တောထွက်ဖို့ ဆုံးဖြတ်ထားတယ် …
    ဘူလိုက်ဦးမဲ … (တရဲကြောက်လို့) :mrgreen:

    • Khaing Khaing

      October 26, 2012 at 9:35 am

      ကောင်မလေးတွေကိုမယုံရဲရင်ကိုယ်ကိုတိုင်လည်း သူများကိုမယုံကြည်အောင်မလုပ်နဲ့ပေ့ါအေ …..

  • ကိုယ်က လက်တဲ့သွားစမ်းတာ ဟိုမမ က မစစ်ဘဲနဲ့ စစ်ပါတယ်ဆိုပြီးယူလိုက်လို့ကတော့
    သေဟဲ့နန္ဒိယဘဲနော်

    • Khaing Khaing

      October 26, 2012 at 10:25 am

      လေးပေါက်ပြောတာကိုတော့ ဘယ်လိုခံစားဝေဖန်ပေးရမလဲမသိဘူး …. သီချင်းလေးပဲဆိုတော့မယ် `တကယ်ဆိုရင် အချစ်ပဲလိုတယ် ဘာကြောင့်သတ္တိမရှိလဲကွယ်´

      • မခိုင်ရေ ဟာသမနှောဘဲ အတည် ပြောရမယ်ဆိုရင်တော့

        “အချစ်နဲပါတ်သက်ရင်ပေတံအားလုံးကျိုးပါတယ်”

        တကယ်မချစ်တဲ့သူသာ ဘာဖြစ်ညာဖြစ် ကြေးတန်းညှိပြီး ပြောကြတာပါ။
        အချစ်ကြောင့် အိမ်ထောင်ပျက်သွားတဲ့ အမျုးိသမီးကိုယူပြီး နန်းစွန့်ခဲ့ဘူးသူရှိတယ်(ဒါက တကယ့်အဖြစ်)
        အချစ်အတွက် ကိုယ်ခန္ဓာပျက်ယွင်းနေသူနောက်လိုက်ပြီး မိဖုယားဘဝကို စွန့်လွတ်ဘူးသူရှိတယ်
        (ဒါကတော့ ပုံပြင်)
        မကောင်းသောဘဝမှာရောက်နေသူကိုဆွဲထုတ်လို့ ကိုယ့်ဘဝထဲကိုခေါ်လာသူ။
        အားလုံးက လက်မခံနိုင်တဲ့ရောဂါရှင်ကို ဖေးမတွဲကူလို့ပျော်ရွှင်စွာပေါင်းသင်းနေသူ
        လက်တွေ့မှာလဲ ကလေးတွေပါတဲ့ အမျိုးသမီးကိုလက်ထပ်လို့ သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းသူ
        ယောကျာ်းဘက်ကသားသမီးတွေနဲ့ တစ်စည်းတစ်လုံးထဲနေသူ လက်တွေ့မှာအများကြီးပါ။.
        ဘယ်လိုဖြစ်ဖြစ် လက်ခံမယ်ဆိုတာကလဲ အချစ်ဆိုတာ မပါဘဲ ဖြစ်မလာနိုင်တာ 75%လို့ပြောနိုင်ပါတယ်

        • Khaing Khaing

          October 26, 2012 at 1:25 pm

          လေးပေါက်ပြောတာ မှန်လိုက်တာ ….. အိမ်နားမှာ မိန်းမတစ်ယောက်ဆို ကလေးငယ်ငယ်နဲ့ သူ့ယောက်ျားသေသွားတယ် …… သေပြီးမကြာခင်မှာပဲ တစ်ခြားယောက်ျားတစ်ယောက်က သူ့မကိုလက်ထပ်ခဲ့တယ် …. အခုဆို (၁၀) နှစ်ကျော်ပီပေ့ါ …… အခုချိန်ထိ သူမကို သားမတ်မတ် မယားမတ်မတ်ချစ်ခင်ပေါင်း သင်းလုပ်ကျွေးနေတာတွေ့ရတယ် ……. ဒါကတကယ့်အချစ်စစ်အချစ်မှန်ပါပဲ ……….

  • pooch

    October 25, 2012 at 4:52 pm

    တကယ်ဆို အချစ်မှာအချစ်ပဲ လိုတယ် ဆိုပြီး ချစ်ဖူးသူတွေ က ပြောကြတယ်။ တကယ်မချစ်တတ်သေးလို့ ဒီစကားတွေ ပြောနေတာဆိုပြီးလည်း ကဲ့ရဲ့ တတ်ကြတယ်။
    ဆိုတော့ အချစ်နဲ့ ပတ်သတ်ရင် ခပ်ဝါးဝါးမို့ အချစ်ကို သိပ်တော့ အနက် မဖွင့်တတ်ဖူး။

    ဒါပေမဲ့ ဒီကောင်လေး ရဲ့ အချစ်ကတော့ ကျောက်စိုင်ကျောက်သားတွေလို ခိုင်မြဲတဲ့ အချစ် ဟုတ်ပုံမရဘူး။
    ကောင်းကင်ထဲက မိုးသားတိမ်လိပ်တွေလို ပတ်ဝန်းကျင်ကို လိုက်လို့ အရောင်ပြောင်းတတ် လျော့ပါးတတ်တဲ့ ပေါ့ရွှတ်ရွှတ် အချစ်မျိုးထင်တယ်။

    • Khaing Khaing

      October 26, 2012 at 10:28 am

      ကောင်လေးက ကောင်မလေးကိုချစ်တာ လိုချင်ရမ္မက်တွေပါနေတာကို ….. `ငယ်သေးတဲ့အချစ်မို့ မလေးစားတာလားပြောပါ´ စိတ်ကစားတဲ့အချစ်လည်းဖြစ်နိုင်ပါတယ် ….

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 25, 2012 at 5:00 pm

    အချစ်စစ် မဟုတ်လို့ပဲလို့ …. တွေဝေနေတာလို့ပဲ မှတ်ချက်ပေးချင်ပါတယ် မမခိုင်ရေ … ။
    မိန်းမတစ်ယောက်ကိုပဲဖြစ်ဖြစ် ၊ ယောကျာ်းတစ်ယောက်ကိုပဲဖြစ်ဖြစ် တကယ်သာချစ်မြတ်နိုးလျှင် ၊ လူကသာ အဓိကလို့ … ညီမတော့ ခံယူထားပါတယ် ။

    မခိုင်ရေ …. ဆယ်တန်းနှစ်က အဖြစ်ပျက်လေး ပြောပြဦးမယ် ။
    ညီမအဖေက ရှေးရိုးစွဲအယူဆတွေ လက်ခံထားသူပါ ၊ အမေကတော့ လိုက်လျောညီထွေ သင့်တင့်အောင် နားလည်ပေးတတ်သူပေါ့ ။ တညနေမှာ သူငယ်ချင်းတွေ ကျူရှင်ပြီးလို့ ပြန်လာတော့ ၊ လမ်းနားက မှောင်လို့ တရပ်ကွက်တည်းနေ သူငယ်ချင်းကောင်လေးသုံးယောက်က လိုက်ပို့ပေးခဲ့ပါတယ် ။ တလမ်းလုံး ဆူညံပွက်လောရိုက်ပြီးစကားတွေပြောလာရင်းကနေ … နောက်က ကား မီးထိုးလို့ လှည့်ကြည့်တော့.. အဖေဖြစ်နေပါရောလား … ဘာမပြောညာမပြောနဲ့ .. ကားပေါ်ကို ဆွဲတင်သွားပြီး ၊ အိမ်ရောက်တော့ဗျင်းခံရပါလေရော ။ ဖြေရှင်းချက် တစုံတစရာမပေးပဲနဲ့ …ကျောင်းမတတ်ပဲ .. ဘဲနဲ့ သွားတယ်လို့ ခေါင်းစဉ်တပ်တယ် …. ပြန်တွေးရင်းတောင် ရင်နာမိပါတယ် …. ။ အကျိုးကြောင်းဘာမှ ဖြေရှင်းခွင့်မပေးပဲ … သူ့အယူဆနဲ့သူ …. စွတ်စွဲလိုက်လို့ပါ ။ အဲ့အချိန်က ရည်စားထားဖို့ စိတ်မဝင်စားခဲ့သေးဘူး … ။ ဖြေရှင်းချက် ပေးမယ်လုပ်လေ ၊ ဗျင်းခံရလေပါပဲ … ။ လူကနာတာထက် ၊ စိတ်ဒဏ်ရာက ပိုခံရခက်တယ် … ။ အဲ့ဒီကတည်းက ဖီးလ်ငုတ်ပြီး အဖေနဲ့ စကားမပြောဖြစ်တော့ဘူး ။

    နောက်ပိုင်း ကောင်လေးတွေ propose လုပ်တယ် … ငြင်းတယ် .. ဒါပေမယ့် …သူတို့လည်း အနားမှာ မယောင်မလည်နဲ့ ဘော်ဒါဖြစ်ချင်ကြတယ် … ပြသနာမဟုတ်လို့ …. ဘော်ဒါအဖြစ်နဲ့ … သူတို့ ကအနားမှာ ရှိခဲ့ကြတယ် …. ။ ဒါကိုပဲ ပတ်ဝန်းကျင်က လမ်းအတူလျှောက် ၊ အတူမုန့်သွားစားရုံနဲ့ … သွားပုတ်လေလွင့်ပြောကြပြန်တယ် …. ။ ညီမကလည်း … ကိုယ်ကောင်းလျှင် ခေါင်းမရွှေ့ဘူးလို့ ခံယူထားတာကြောင့် … အမေ့ကို နားလည်အောင်ရှင်းပြတယ် ၊ အမေကလည်း လက်ခံတယ် .. အဖေကတော့ စကားမပြောတော့ပေမယ့် …. သူလည်းကိုယ်မွေးတဲ့သားသမီးကို ယုံကြည်တယ်ဆိုတဲ့ သဘောမျိုး အမေ့ဆီက တဆင့်သိရတယ် … ။ပတ်ဝန်းကျင်က ဘယ်လိုရိုက်ခတ်ခတ်၊ မိသားစုက အားဖြစ်စေခဲ့တယ် ။ ဒါကြောင့်လည်း တက္ကသိုလ်တက်တဲ့နှစ်မှာ .. အပေါင်းသင်းဆံ့ခဲ့တယ် … ။ လူတွေ ပါးစပ်က ကြာကြာမပြောနိုင်ပါဘူး .. အခုတော့လည်း သူတို့ ပါးစပ်တွေ ပိတ်ကုန်ကြပါပြီ ။ ညီမလည်း သူငယ်ချင်းများခဲ့ပေမယ့် …. အတတ်ကျူးလို့ ဗိုက်ဖူးရတဲ့ အဖြစ်မျိုး မရှိခဲ့ဘူးလေ ။
    တန်ဖိုးဆိုတာ သတ်မှတ်ချက်တစ်ခုပါ … တန်ဖိုးရှိအောင် နေမှ အဖိုးတန်တာမျိုးပါ …. ထက်မြတ်ထူးချွန်နေတာမျိုး ၊ နေရာတကာ ဝံ့ဆံ့တာမျိုး ၊ ဆက်ဆံရေးပြေပြစ်တာမျိုး အကင်းပါးတာမျိုးကို တန်ဖိုးလို့ သတ်မှတ်ထားပါတယ် ။ တန်ဖိုးရှိတဲ့ လူအဖြစ်နဲ ့ရပ်တည်ဖို့ ကြိုးစားရင်း …. သုံးစားမရတဲ့… အမှိုက်လေး ဖြစ်နေခဲ့ရသူပါ ယောက္ခမဂျီးရယ် … :mrgreen:
    ဗိုက်ထဲက တားယေးကိုလည်း ဖလိုင်းကစ်နော် .. ခိခိခိခိ …. 😳

    • Khaing Khaing

      October 26, 2012 at 10:41 am

      ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးဆိုတာမှန်ပါတယ် ….. တစ်ခါတစ်လေတော့လည်း ဗူးအစို့တစ်ရာကိုသာ ပိတ်လို့ရတယ် ပါးစပ်တစ်ပေါက်ကိုတော့ ပိတ်လို့မရဘူးဆိုတဲ့ စကားကြောင့် လူတစ်ယောက်ရဲ့သိက္ခာတွေ ကိုယ်ကျင့်တရားတွေထိခိုက်တတ်သွားတတ်ပါတယ် … ဒီလိုအပြောအဆိုအဝေဖန်ခံရတယ်ဆိုတာလည်း များသောအားဖြင့် ရပ်ကွက်တွေ သူများအကြောင်းကို စပ်စုတတ်တဲ့ပတ်ဝန်းကျင်တွေ အဲသလိုနေရာမှာ နေတဲ့အလယ်အလတ်တန်းစားသူတွေက ပြုမူတတ်တာများပါတယ် …. ကောင်းတယ်ဆို တာလည်း သူတို့ပါးစပ်ထဲမှာပဲ ဆိုးတယ်ဆိုတာလည်း သူတို့ပါးစပ်ထဲမှာပါပဲ ….

      • pooch

        October 26, 2012 at 12:42 pm

        မထင်နဲ့ ခိုင်ခိုင်ရေ ယောက်ျားကြီးတွေ တန်မဲ့ အမနာပ ပြောတတ်တဲ့ သူတွေလည်း မရှားဘူး။ ယောက်ျားတွေ ဒီလိုပြောတတ်ဆိုတတ်တာမျိုးကတော့ အလွန်ကို ရုပ်ဆိုးအကျည်းတန်ပြီး အော်ဂလီ ဆန်စရာ ရွံစရာကောင်းတယ်။ အပျက်သဘောဆောင်တတ်တဲ့သူဆိုရင်တော့
        ဝေးနိုင်သမျှ ဝေးအောင် ကင်းအောင် နေတယ် ။ :mrgreen:

  • မွန်မွန်ကတော့ ဘာသွားမြင်လဲဆိုရင် ချစ်သူထားခြင်းနဲ့အပေါင်းအသင်းများခြင်းဆိုတဲ့ နောက်ဆက်တွဲအနေနဲ့ အပျိုစစ်ခြင်းကို သံသယဝင်စေတယ် လို့ပဲ မြင်မိပါတယ်။ ဦးနှောက်မရှိဘဲ စဉ်းစားဉာဏ်နည်းတဲ့သူနဲ့တွေ့တော့ ကိုယ့်ကို အထင်ခံရရောပေါ့… ပတ်ဝန်းကျင်ဆိုတာ တော်ရုံဂရုစိုက်တာပဲ ကောင်းပါတယ်…ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး..ကိုယ့်ကို မယုံကြည်တဲ့သူနဲ့ လွဲခဲ့တာလည်း ကံကောင်းပါတယ်… အိမ်တိုင်ရာရောက် မိဘတွေရှေ့မှာ တွေ့ပါတယ်ဆိုတာကိုမှ သံသယဝင်တော့လည်း ခံလေပေါ့နော်… 🙂

    • Khaing Khaing

      October 26, 2012 at 10:50 am

      အမအထင်ကတော့ ကိုယ့်ရဲ့သွေးသားဆန္ဒကို ခေတ်နဲ့အညီပေါ်ပင်လုပ်ချင်တဲ့စိတ် လက်မထပ်ခင် အတူနေချင်တဲ့စိတ်ကို အရင်းပြုပြီး သူတစ်ပါးသိက္ခာကို ထိခိုက်အောင်လုပ်တယ်လို့ ယူဆထားမိတယ် ……..

  • Onyx

    October 25, 2012 at 7:21 pm

    အဲလို ဆိုတော့………………. ကျွန်တော်က တော့ တစ်ကယ်ချစ်တယ် လူသာဆို ဒါတွေ က အပေါ်ယံ ပါးပါးလေးပဲဖြစ်သွားပြီလေ အရေးကြီးတာက သူအရင် ဘာဆိုတာထက် ကိုနဲ့ ပတ်သတ်ပြီးနောက်ပိုင်းကို့ အပေါ်ကို သစ္စာရှိဖို့ပဲ သူရဲ့ တန်ဖိုးက နောက်ပိုင်း ကိုနဲ့ ပတ်သတ်တဲ့ အတွက် ကို်ယ်နဲ့ပဲ ဆိုင်တော့မယ်လေ
    ဇာတ်လမ်းထဲ က ကောင်လေးသာ ကောင်မလေးကို မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားကြည့်ပါ ပြန်ရလာမယ့် မေတ္တာ တရာက အေးမြနေမှာပါ ……..
    အဟီး…..ကိုယ်တွေ့လို့……………………… Onyx

    • Khaing Khaing

      October 26, 2012 at 10:52 am

      ကိုOnyxပြောတာသိပ်မှန်တာပေ့ါရှင် ကိုယ်တကယ်ချစ်ခင်မြတ်နိုးတဲ့သူဆို အရင်ကဘာဖြစ်တယ်ဆိုတာထက် ကိုနဲ့ပတ်သတ်ပြီး သူဘယ်လိုသစ္စာရှိတယ် ဘယ်လိုမိန်းကလေးမျိုးဆိုတာ ကို လေ့လာဆုံးဖြတ်ပြီး သူမကို ယုံယုံကြည်ကြည်လက်ခံသွားသင့်တယ် ………

  • မောင်ပေ

    October 25, 2012 at 8:45 pm

    မခိုင်ရေ…တစ်ကယ့်ဖြစ်ရပ်မှန်အတိုင်းပါပဲလား
    ဟီဟိ

    • Khaing Khaing

      October 26, 2012 at 11:06 am

      မခိုင်ရေ…တစ်ကယ့်ဖြစ်ရပ်မှန်အတိုင်းပါပဲလား
      မှန်တာပေ့ါကကိုပေရယ် … ကိုပေတို့များ တွေးကြည့်တာ ပြေးကြည့်တာထက်တောင် မှန်နေပါလား ….

      ဒီဇာတ်လမ်းလေးက လူတွေအားလုံးနဲ့ ညီမက သူငယ်ချင်းတွေပါ …. ဒါကြောင့် နှစ်ဖက်လုံးကို မြင်ပြီး ဒီပို့စ်လေးကို တင်ဖြစ်သွားတာ …. ဇာတ်လမ်းကိုရေးတာ အကျဉ်းချုပ်ရေးထားပြီး ညီမဆိုလိုချင်တာကလေးကိုပဲ ကောက်နုတ်တင်ပြထားတာပါ …. တကယ့်အပြင်မှာ ကောင်လေးဘက်က ချဉ်းကပ်ပုံတွေက အရမ်းကိုအောက်တန်းကျခဲ့တာပါ …. အခုတော့ အဲဒီအချက်တွေဖယ်ထားပြီး မိန်းကလေး တစ်ယောက်ကို လက်မထပ်ခင် မယုံသလိုနဲ့ အပျိုဘဝကို ဖျက်စီးချင်တဲ့ မကောင်းတဲ့တဏှာလောဘစိတ် … ဒီအချိန်မှာသာ အဲဒီ မမက ကောင်လေးငြိုငြင်မှာ မယုံမှာ အချစ်လျော့မှာ စိုးပြီးသာလိုက်လျောခဲ့ရင် သူမဘဝမရေရာမသေချာနဲ့ အပြီးသတ်သွားရမှာ …

      ညီမပြောချင်တဲ့ Hint လေးက ယောက်ျားလေးတွေဟာ သမီးရည်းစားဘဝမှာ မိန်းကလေးတွေနဲ့ အိမ်ထောင်သည်တွေလို နေချင်ရတဲ့ ယောက်ျားလေခပ်များများပါ … အဲဒီဟာကိုရဖို့အတွက်လည်း နည်းအမျိုးမျိုးနဲ့မိန်းကလေးတွေကို ချဉ်းကပ်ပြောဆိုစွပ်စွဲတတ်ကြတယ် ….. မင်းကိုကို့ တကယ်မချစ်ပါဘူးကွာ …. မင်းကိုယ့်ကိုမယုံကြည်လု့ိလား ….. မင်းကအပျိုမစစ်လု့ိလား …. ဒါတွေကို အဟုတ်ထင်မှတ်ပြီး မှားယွင်းခဲ့တဲ့မိန်းကလေးတွေဘယ်လောက်များရှိမလဲ …. နောက်ဆုံးမှာ ကိုယ်နဲ့ ထိုယောက်ျားလေးနဲ့ စိတ်အခိုက်မသင့်လို့ လမ်းခွဲချင်ရင်တောင် ကိုယ့်လိပ်ပြာကိုယ်လုံတော့မလား …. တခြားအသစ်ထားတဲ့ ရည်စားက ကိုယ့်ကိုတောင်းဆိုလာပြန်ရင်ရော ဘယ်လိုရှောင်မလဲ …. နောက်ဆုံး လက်ထပ်လိုက်ပါရဲ့ ကိုယ့်မှာ အပျိုရည်ပျက်နေရင် အဲဒီယောက်ျားကကော ကိုယ့်ကိုဘယ်လိုအဆင့်မှာထားပြီး ဘယ်လိုသတ်မှတ်မလဲ …. ဒီမိန်းမဟာ တန်ဖိုးမရှိတဲ့မိန်းမ လိမ်လည်တတ်တဲ့မိန်းမ ဒီလိုပဲ နောက်ပိုင်းငါ့ကိုလိမ်လည်နေမှာပဲဆိုတဲ့ သံသယတွေနဲ့ ဘဝတလျှောက်လုံး နေထိုင်သွားရတော့မှာလေ ……….

  • candle .

    October 25, 2012 at 8:56 pm

    အင်း ..ပွားကြည့်ရရင်တော့ အမ ခိုင်ရေ..
    ခောတ်ကာလ သမီးပျိုများ ( တစ်ချို ့ပြောပါတယ်..အားရုံး ကို ကြောဘူးနော် 🙂
    ဘယ်ဟာကို တန်ဖိုးထားလို ့ထားရကောင်းမှန်းမသိ..

    • Khaing Khaing

      October 26, 2012 at 11:07 am

      မှန်ပါတယ် candle သူများတွေဟိုတယ်တွေသွားနေတာပဲ … ငါသွားလို့ဘာဆန်းတာမှတ်လို့ … ဆိုတဲ့ တဒင်္ဂ အတွေးနဲ့ ပျော်နေတတ်သူတွေအများကြီးပါ ….

  • uncle gyi

    October 25, 2012 at 11:20 pm

    ရယူခြင်းနဲ့ပေးဆပ်ခြင်း
    ချစ်ခြင်းနဲ့ခွင့်လွတ်ခြင်း
    အထင်နဲ့အမြင်
    ဘေးစကားနဲ့အမှန်တရား
    အားလုံးကိုချုံ့လိုက်ရင်
    ချစ်ခြင်းနဲ့အမုန်း
    ဒါလောကရဲ့အမှန်တရား

    • Khaing Khaing

      October 26, 2012 at 11:08 am

      အန်ကယ်ကြီးရဲ့ ကဗျာစပ်ထားတာလေးက ကောင်းလိုက်တာ …

  • may flowers

    October 25, 2012 at 11:23 pm

    ခိုင်ခိုင်ရေ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုဖတ်နေရသလိုပါပဲလား ဖတ်သွား၊ အားပေးသွား ပါတယ်နော်။

    • Khaing Khaing

      October 26, 2012 at 11:10 am

      မမမေရေ …. အားပေးလို့ကျေးဇူးနော် … ဖြစ်ရပ်မှန်လေးပါ ….. အပေါ်မှာလည်းကိုပေကို ရှင်းပြထားပါတယ် … ဒီပို့စ်လေးရဲ့ရည်ရွယ်ချက်ကိုပါ ……..

  • myanmar oscar

    October 26, 2012 at 2:53 am

    တန်ဖိုးထားတက်မှတန်ဖိုးကိုသိမယ် …မခိုင်။
    မိန်းကလေးတွေရဲ့တန်းဖိုးဟာ မိမိကိုယ်တိုင်တာသိတဲ့ တန်ဖိုးတစ်ခုပါ။
    အခုခေတ် မိန်းကလေးတွေတော့ မပြောတက်ပေါင် တစ်ယောက်ဆို တစ်ယောက်ပဲ၊
    ဘာလဲမသိ…ငါလဲမသိပါလားနော်……။

    • Khaing Khaing

      October 26, 2012 at 11:25 am

      ကိုMyanmar Oscar ဒီပို့စ်ကို ညီမတင်တာက အစ်ကို့ပို့စ်လေးကို အခြေခံပြီးတင်ဖြစ်တာပါ …. အစ်ကို့ရဲ့ ပို့စ်လေးမှာ တန်ဖိုးထားရမယ့်အရာကို တန်ဖိုးရှိအောင်ထားသင့်တဲ့ ဆုံးမပုံလေးကို အရမ်းကြိုက်မိတယ် …

      ဒါပေမယ့် အောက်ကကော်မန့်တွေက ဆိုလိုရင်းကိုမရောက်ပဲ မတ်စေ့ ဥပမာကနေ မတ်စေ့နဲ့အနှိုင်းခံရပြီး လမ်းချော်သွားတာတွေ့ရတော့ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားမိတယ် ….

      ဒီဆိုဒ်မှာ ဖတ်နေတာတွေက လူငယ်တွေလည်းပါမှာပါ … အခုလို ယဉ်ကျေးမှု ခနော်ခနဲ့ ဟိုမရောက်ဒီမရောက် ကိုရီးယားလိုလို အနောက်တိုင်း အယူအဆလိုလိုဖြစ်နေတဲ့အချိန်မှာ ယောင်တောင်တောင်လိုက်နေတဲ့ လူငယ်တွေသာ ဖတ်မိရင် အတွေးတစ်မျိုးနဲ့ လမ်းမှားလိုက်သွားနိုင်ပါတယ် ……..

      ဒါကြောင့် သူများတွေပြောဆိုရေးသားလို့ လက်တည့်စမ်းမိပြီး ဂရုမစိုက်ခဲ့ရင်တော့ ကိုယ်ကိုတိုင် ကိုယ့်ဘဝပဲနစ်နာမှာပါ ….. မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေနေနေတာများပါတယ် …. မြန်မာစိတ်ဓာတ် မြန်မာသွေးကတော့ စီးဆင်းနေမှာ မလွဲမသွေအမှန်ပါ ….

  • padonmar

    October 26, 2012 at 3:54 am

    မှန်လိုက်လေ ခိုင်ခိုင်ရယ်။
    ကိုယ်ပေးသလောက်ပဲ ပြန်ရမှာပေါ့နော်။

  • Khaing Zar Win

    October 26, 2012 at 7:04 am

    ဘာသာတရား၊ မိရိုးဖလာ အစဉ်အလာတွေနဲ့ ဆက်လက်ထိန်းနိုင်တယ် ဆိုရင်တော့ စိတ်ဓာတ်၊ ပညာ၊ အကျင့်စရိုက်၊ ဘာသာရေးကိုင်းရှိုင်းမှု စတဲ့ (IQ/EQ) ဘက်စုံတော်တဲ့
    စံပြ မိန်းမကောင်းလေးတွေ ကျနော်တို့နိုင်ငံမှာ များလာမှာပါ။
    ဒါပေမဲ့ ဒီ ခေတ်သမီးပျိုလေးတွေကြည့် ကြည့်ပြီး သမီး မိန်းကလေး မွေးရမှာ ကြောက်ကြောက်။

    • candle .

      October 26, 2012 at 2:26 pm

      ညီမ ခိုင်ဇာ ရေ..
      သားယောက်ျားလေးတွေမွေးထားတဲ့ candle လဲကြောက်ပါတယ်..
      အဲ့လိုမိရိုးဖလာ အစဉ်အလာတွေကိုတန်ဖိုးမထားတတ်တဲ့ ချွေးမလေးတွေ ရလာမှာတော့ ခပ်လန် ့လန် ့ပါ..

  • ဘဲဥ

    October 26, 2012 at 9:45 am

    ဟို .. ဟို လေ
    အပျိုစစ်စစ်လိုချင်တဲ့ ကောင်လေးကရော လူပျိုစစ်ရဲ့လားဟင် ❓

  • Khaing Khaing

    October 26, 2012 at 11:39 am

    @ အန်တီပုဒ္ဒမာ ….. ကိုယ်ကစချစ်ခဲ့တာဆို ကိုယ့်ဘက်ကပေးဆပ်မှုတွေများမှ သူများဆီကပြန်ရမှာပါ ….

    @ မခိုင်ဇာဝင်းပြောတာမှန်ပါတယ် …. အခုခေတ် မိန်းကလေးကော ယောက်ျားလေးကော မွေးရမှာ ခပ်လန့်လန့်ရယ် …. ခုခေတ်မိန်းကလေးတွေနဲ့ပတ်သက်ပြီးပြောပြဦးမယ် ညီမတို့မိသားစု ပြီးခဲ့တဲ့ (၃) လလောက်က သဌေးရပ်ကွက် ဝိုင်းကျူရှင်တွေလည်းရှိပုံမယ်ထင်တယ် အဲဒီနားက လက်ဖက်ရည်ဆိုင်မှာ နံနက်တိုင်းထိုင်ဖြစ်တယ် … ထိုင်တိုင်းလည်း ဝိုင်းကျူရှင်တက်တဲ့ ကလေးတွေဖြစ်ပုံရမယ် (၁၀) ယောက် (၁၂) ယောက်လောက်လာလာထိုင်တာ ဆုံဖြစ်တယ် …. တစ်နေ့တော့ အဲဒီကလေးတွေထဲက မိန်းကလေး တစ်ယောက်မွေးနေ့ဖြစ်မယ် ညီမတွေ့လိုက်တာ သူကထိုင်နေတဲ့ကောင်လေးကို နမ်းနေတာတွေ့တယ် …. ညီမလည်း မျက်စိတွေပြူးသွားတယ် ….. အဲဒီအချိန်မှာ ဘေးနားမှာ ထိုင်နေတဲ့ သမီးလေးကို သတိရသွားပြီး ငါ့သမီးလေးသာ အဲဒီလို သူငယ်ချင်းမျိုးတွေနဲ့ပေါင်းမိရင် ဒုက္ခပါပဲဆိုပြီး ရင်လေးမိတယ် …. အဲဒီကောင်မလေးက တဝိုင်းလုံးမှာ ရှိတဲ့ မိန်းကလေးရော ယောက်ျားလေးတွေရော အားလုံးကို ချောကလက်ကျွေးတယ် …. တစ်ချို့ကောင်လေးတွေက လက်နဲ့ယူတယ် တစ်ချို့က ပါးစပ်ကိုခွံကျွေးခိုင်းတယ် …. တစ်ခြားကလေးတွေက သူအဲဒီလိုလုပ်တာ ဆန်းတယ်လို့မထင်ဘူး …….. အေးအေးဆေးဆေးပဲ … ညီမကသာ အမြင်ဆန်းပြီးပြူးပြဲနေတာ …. အမျိုးသားကိုတောင်လက်တို့ပြမိတယ် ….. ကိုယ်တွေတော်တော့်ကို မလိုက်နိုင်တဲ့ခေတ်ကာလကြီးပါလားနော် ………..

    @ ဘဲဥမ ကောင်လေးလူပျိုစစ်မစစ်ကို ညည်းပဲစမ်းအေ …. အဲဒီလိုစမ်းလို့ရတဲ့နည်းလေးရှိရင် သိပ်ကောင်းမှာပဲနော် ……….

  • ပန်းစံပါယ်

    October 26, 2012 at 11:58 am

    မမက သူ့ကိုယ်သူတန်ဖိုးထားလို့သာလျှင် မကောင်းတဲ့သူနဲ့လွဲသွားပြီး ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်သွားတာမဟုတ်ပါလား မခိုင်ခိုင်ရေ။ မြန်မာနိုင်ငံမှာဖြစ်တဲ့အတွက် မြန်မာ့လူမှုပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမယ့် မြန်မာမိန်းကလေးတွေ မိမိကိုယ်မိမိ တန်ဖိုးထားတတ်အောင် ဖြစ်ရပ်မှန်လေးတင်ပြပြီး ညွှန်ပြသွားတာ ကောင်းလိုက်တာ။

    • Khaing Khaing

      October 26, 2012 at 1:29 pm

      မပန်းစံပါယ် ….. တကယ်မှန်ပါတယ် ……. အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ………

  • myanmar oscar

    October 27, 2012 at 12:49 am

    မှန်တယ်မခိုင်…..
    ကျွန်တော့် ပို့စ်လေးကြိုက်လို့ဝမ်းသာပါတယ်။
    ဥပမာပြောရရင် နွားတောင်မှမိမိ စားကျင်းရှိရာကို တန်းတန်းမတ်မတ်ပြန်တက်တယ် မခိုင်၊
    ဒါပေမဲ့ ကလန့်တိုက်တဲ့နေရာမှာတော့ လူ ဆိုတဲ့ လူတစ်မျိုးတည်းရှိတယ်။
    ပြောကြပါစေ လူပီသချင်ကြတာကိုး အချိန်တန်ရင်နွားပိန်ကန်တာခံရပါလိမ့်မယ်
    ခွင့်လွှတ်လိုက်ပါ မခိုင်ရေ…..

  • kokothandar

    October 27, 2012 at 1:45 pm

    ညံ့လိုက်တဲ့အတွေးအခေါ်…ကိုယ်နဲ့ယူလိုက်ရင်လဲ တစ်ခါဘဲ အပျိုုစစ်မှာလေ ဒုတိယ တစ်ခါကအစ တစ်သက်လုံးအပျိုစစ် မဟုတ်တော့ဘူး။တစ်ကယ်အရေးကြီးဆုံးက အတူနေစဉ်မှာ စိတ်တူကိုယ်တူ ကြင်နာတတ်ဖို့ ကိုယ့်လိုလူမျိုးတွေချည်းသာဆိုရင် မုဆိုးမတွေ လင်ရဖို့မရှိတော့ဘူး။ ကိုယ်ကလဲ မိန်မ မရခင် ကိုယ့်ကိုကိုဖျော်ဖြေတတ်သူဆိုရင် လူပျိုမစစ်တာ သတိထားအုံး။သူများမလှတာ အကဲ့ရဲ့မစောနဲ့ ကိုယ်သွားခေါနေတာလဲသတိထားအုံး အာစရိရေ…

Leave a Reply