Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငါကံကောင်းနေသေးတယ်-ရေးသူ ဘုန်းသုခေ (၇)

padonmarOctober 30, 20121min56617

အတုယူစရာကောင်းတဲ့မိသားစု

တခါတုန်းက ရွာတစ်ရွာမှာ ဦးချမ်းနဲ့ဒေါ်သာရှင်တို့ မိသားစုလေးတစ်စု နေထိုင်ကြတယ်။

ဦးချမ်းနဲ့ ဒေါ်သာရှင်တို့ နာမည်လေးကိုဦးနဲ့ ဒေါ်ကို ဖြုတ်ပြီးပေါင်းလိုက်ရင် “ချမ်းသာရှင်”လို့အဓိပ္ပါယ်ရတယ်။ တကယ်လည်း ချမ်းသာကြပါတယ်။

ငွေကြေးဓန ချမ်းသာကြတာတော့ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ချမ်းသာကြတာပါ။မပူမပင်နေကြရတဲ့ မိသားစုလေးပါ။

ငွေကြေးဓန ချမ်းသာကြွယ်ဝတာထက် စိတ်ချမ်းသာတာကို လိုလားတောင့်တနေတဲ့ မိသားစုလေးပေါ့။

အထူးသဖြင့် သေခါနီးမှာ ခံနိုင်ရည်ရှိအောင် ပြင်ဆင်နေကြတဲ့ မိသားစုလေး။

အိမ်ထောင်ဦးစီးဖြစ်တဲ့ ဦးချမ်းရဲ့ သွန်သင်ဆုံးမမှုအောက်ကနေ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြတဲ့မိသားစုလေး။

“ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့်သွား ၊နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်” ဆိုတဲ့

လူကြီးသူမတို့ ဆိုစကားအတိုင်း ခေါင်းဆောင်လုပ်သူကောင်းတော့ နောက်ကလိုက်ရတဲ့သူတွေလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာကြတယ်။

ဒါကြောင့် သူတို့မိသားစုလေးကို “ချမ်းသာရှင်” လို့ ဆိုစမှတ်ပြုကြတယ်။

ဦးချမ်းတို့ရဲ့ အိမ်ထောင်စု စာရင်းဝင်သူတွေကတော့ ….

ဇနီးဖြစ်သူ ဒေါ်သာရှင်၊

သမီးဖြစ်သူ မိချမ်း၊

သားဖြစ်သူ မောင်ဖိုးချမ်း၊

ချွေးမဖြစ်သူ မဝင်းတင်၊

အိမ်ဖော်ဖြစ်သူ မညိုလွင်တို့ ဖြစ်ကြတယ်။

ဦးချမ်းက လယ်ပိုင်ယာပိုင် တောင်သူဦးကြီး တစ်ယောက်ဖြစ်တယ်။ သားသမီးတွေကလည်းမိဘလုပ်တဲ့ တောင်သူကိုပဲ ဝိုင်းဝန်းကူညီ လုပ်ပေးကြတယ်။

ဒီနှစ်နောက်ပိုင်း သီးနှံများ စိုက်ပျိုးနိုင်ဖို့ လယ်ယာတွေကို ခုတ်ထွင်ရှင်းလင်းရန် သားအဖနှစ်ယောက် ဓားမကိုယ်စီ ယူဆောင်ပြီးတော့ ရွာအရှေ့ဘက်က လယ်ယာမြေရှိရာကို ထွက်လာခဲ့ကြတယ်။

ဦးချမ်းက “သားရေ နေမပူခင် ဒီယာလေးပြီးအောင် ကြိုးစားခုတ်ကြအောင်ဟေ့”

“ဟုတ်ကဲ့ပါ အဖေ”

သားအဖ နှစ်ယောက် တက်ညီလက်ညီ ကြိုးစားခုတ်လိုက်ကြတာ တော်တော်တောင် ခရီးရောက်ပြီးမြောက်နေကြပြီ။ အချိန်ကလည်း မနက်(၉)နာရီတောင် ထိုးကာနီးနေပြီ။

မောပန်းလို့သစ်ပင်အရိပ်မှာ ခဏနားနေကြတယ်။ သားဖြစ်သူမောင်ဖိုးချမ်းက ခဏနားပြီးတော့ ခုတ်ထွင်ထားတဲ့ မြက်ပင်ပေါင်းပင်များကို လယ်ကန်သင်းပေါ် စုတင်ပြီး မီးရှို့နေတယ်။

ဖခင်ဦးချမ်းက သစ်ပင်အရိပ်ကနေ ထိုင်ကြည့်နေတယ်။ မီးတောက်ကလည်း အရှိန်ကောင်းကောင်းနဲ့တောက်လောင်နေတယ်။

မီးခိုးလုံးတွေကလည်း တစ်လိပ်လိပ်နဲ့ ဝှေ့ရမ်းပြီးတက်နေတယ်။ လေမငြိမ်တော့ လေဆွဲရာကို မီးခိုးလုံးတွေက ယိမ်းနွဲ့လိုက်ပါနေတော့ မီးရှို့နေတဲ့ဖိုးချမ်းကို တစ်ချက်တစ်ချက် မမြင်ရဘဲ ပျောက်ပျောက် သွားတယ်။

ဒီတစ်ခါတော့ မောင်ဖိုးချမ်း တစ်ယောက်လယ်ကန်သင်းစပ်မှာ လဲကျသွားတာကို ဖခင်ဖြစ်သူဦးချမ်း သစ်ပင်အရိပ်ကနေ ထိုင်နေရင်းနဲ့ လှမ်းမြင်လိုက်ရတယ်။

ဘာဖြစ်တာလဲလို့ သွားကြည့်တော့ ဖိုးချမ်းတစ်ယောက် ပိုးထိပြီး သေဆုံးနေတာကို တွေ့လိုက်ရတယ်။ မီးခိုးမွှန်းပြီး ဒေါသတကြီး တောင်ပို့ထဲက ထွက်လာတဲ့ မြွေဟောက်ကြီးက ဖိုးချမ်းကို ပေါက်သတ်လိုက်တယ်။

သားဖြစ်သူ မြွေကိုက်လို့ သေသွားပေမယ့် လို့ ဦးချမ်းကတော့ အေးအေးဆေးဆေးပဲ သူ့ သားလေးကို ထမ်းလာပြီးတော့ သစ်ပင်ရိပ်မှာ ပုဆိုးလေးနဲ့ အုပ်ထားလိုက်တယ်။

ပြီးတော့ လက်စမသတ်ရသေးတဲ့ ပေါင်းမြက်တွေကို လက်စသတ် နေလိုက်တယ်။

အိမ်နီးနားချင်း ဦးသာဓု တောကနေ ရွာထဲ ပြန်တာ တွေ့တော့ ဦးချမ်းက မှာလိုက်ပါတယ်။

“ဦးသာဓုရေ . . . အိမ်က မယ်သာရှင်ကို ပြောပေးပါ။ဒီနေ့ ထမင်းလာပို့ရင် တစ်ယောက်စာပဲပို့ပေးပါလို့။ ပြီးတော့ အိမ်ကလူတွေ အားလုံး အဝတ်စားအသစ် ဝတ်ပြီး ပန်းနံ့သာများ ယူဆောင်ကာ တောကိုလာခဲ့ကြပါလို့ ပြောပေးပါဗျာ” လို့ မှာလိုက်ပါတယ်။

ဦးသာဓု ပြောလိုက်တဲ့ စကား ကြားရတော့ ဒေါ်သာရှင်ကလည်း သူ့သားလေး သေသွားပြီဆိုတာ သဘောပေါက်တယ်။

အိမ်မှာ ကျန်ခဲ့တဲ့သူတွေအားလုံးကို ခေါ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ပဲ တောကိုလာခဲ့ကြတယ်။

လယ်ထဲက သစ်ပင်အောက်မှာ သေနေတဲ့သားကို တွေ့လိုက်ရတယ်။ မိသားစုအားလုံးက ပူဆွေး ဝမ်းနည်းမှုမဖြစ်ကြဘဲ သူတို့ရဲ့သားလေးကို ဝိုင်းပြီးတော့ကောင်းကောင်းမွန်မွန် မီးသင်္ဂြိုလ်ကြတယ်။

အဲ့ဒီအချိန်မှာ လူတစ်ယောက် ရောက်လာပြီးတော့ “ခင်ဗျားတို့ ဘာကို မီးရှို့နေကြတာလဲ” လို့ မေးလိုက်ပါတယ်။“လူကိုမီးရှို့နေတာပါ” လို့ဖြေကြပါတယ်။ ဒါဆို ဒီလူက “ရန်သူ” ဖြစ်မယ်ထင်တယ်။

“ရန်သူ မဟုတ်ရပါဘူးဗျာ၊ ကျွန်တော်တို့ရဲ့အင်မတန်ချစ်ရတဲ့ သားလေးပါဗျာ” လို့ဦးချမ်းကဖြေလိုက်ပါတယ်။

“ဒါဆိုရင် ကိုယ့်သားလေး သေတာ ငိုရမှာပေါ့” လို့ ရောက်လာတဲ့လူက ထပ်မေးလိုက်တော့၊

ဦးချမ်းက “မြွေတွေဟာ အရေဟောင်းကို စွန့်ပြီး၊ အဲ့ဒီစွန့်လိုက်တဲ့ အရေဟောင်းကို တွယ်တာတပ်မက်ခြင်းမရှိတော့သလို ဘဝသစ်ကို ပြောင်းသွားတဲ့သားလေးဟာလဲ ကျွန်တော်တို့ ငိုကြွေးနေလို့သိမှာမဟုတ်ပါဘူး၊

ဒါကြောင့် ကျွန်တော်တို့မငိုတာပါ” လို့ဖြေဆိုလိုက်ပါတယ်။

ဒါနဲ့ မိခင်ဖြစ်သူကကော “ဘာလို့ မငိုရတာလဲ” လို့မေးလိုက်တော့

မိခင်ဖြစ်သူ ဒေါ်သာရှင်က “ဘယ်မိခင်မျိုးမဆို ကိုယ့်သားသမီးကို ငုံထားမတတ်ချစ်ကြတာချည်းပါပဲ၊ ဒါပေမဲ့ သားဖြစ်သူကို လာခဲ့ပါလို့ မခေါ်ဘဲ ရောက်လာခဲ့တယ်၊ ပြန်သွားတော့လဲ သွားပါတော့လို့ မနှင်ရပဲ ထွက်သွားတယ်၊

သူ့သဘောနဲ့လာ သူ့သဘောနဲ့ ထွက်ခွါသွားလို့ ပူဆွေး ငိုကြွေးနေစရာ မလိုပါဘူး” လို့ပြောကြားလိုက်ပါတယ်။

နှလုံးသားမှာ တရားဓာတ် ကိန်း သွားရင် အရာအားလုံးဟာ တန်ဖိုးမဲ့သလို ဖြစ်သွားတယ်။

အစ်မဖြစ်သူကို ရောက်လာတဲ့လူက “ညီအစ်မလေးကကော ကိုယ့်မောင်လေး သေသွားတာ ဘာဖြစ်လို့မငိုတာလဲ” လို့မေးလိုက်ပါတယ်။

အစ်မဖြစ်သူက “မောင်လေးသေတာ နှမြောမိပါတယ်။ ဒါပေမယ့် ကျွန်မမငိုဘူး၊ကျွန်မငိုနေလဲ မောင်လုပ်သူက သိမှာမဟုတ်ဘူး၊

အချိန်တန်ရင် ခွဲကြရစမြဲဖြစ်တယ်၊ ကျွန်မငိုနေလို့ ပတ်ဝန်းကျင် စိတ်မကောင်းရုံသာ ဖြစ်တယ်။ဒါကြောင့်မို့ မငိုပါဘူး” လို့ ပြောကြားလိုက်ပါတယ်။

သေသွားတဲ့ မောင်ဖိုးချမ်းရဲ့ မယားကိုမေးကြည့်တော့ “ဦးရယ် လင်ဆိုတာ ဇနီးမယား ဖြစ်သူတို့အတွက် ဦးခေါင်းနဲ့လဲ တူတယ်၊မျက်လုံးနဲ့လဲတူတယ်၊ အလံတံခွန်နဲ့လဲ တူတယ်၊ အိမ်ခေါင်မိုးနဲ့လဲတူတယ်၊

ဒီလိုတန်ဖိုးကြီးတဲ့ လင်ယောက်ျား သေသွားတာက ဇနီးမယားဖြစ်သူများအတွက် ကြီးကျယ်တဲ့ ဆုံးရှုံးမှုကြီးပါပဲ၊

ဒါပေမယ့် သေသွားမှတော့ငိုယိုတမ်းတနေလည်း “မရနိုင်တဲ့ ကောင်းကင်က လ,ကို ငိုယိုတောင်းနေတဲ့ ကလေးတစ်ယောက်လိုဖြစ်နေမှာပေါ့။

ဒါကြောင့်မို့ မငိုတာပါဦးရယ်” လို့ချွေးမဖြစ်သူက ဖြေကြားလိုက်ပါတယ်။

“အသိဉာဏ်ပညာ ဦးစီးထားတဲ့ နှလုံးသားဟာ အကွပ်မဲ့တဲ့ကြမ်းလို ပရမ်းပတာ မဖြစ်နိုင်တော့ပါဘူး”။

“ဟေ့ ကလေးမ ညည်း ကကော သူတို့မိသားစုနဲ့ ဘယ်လိုပတ်သက်တာလဲ”လို့မေးလိုက်တော့ “ကျွန်မက ဆွေမျိုးတော်စပ်သူတော့မဟုတ်ပါဘူး ဦးရယ်။ အိမ်ဖော်တစ်ယောက်သာဖြစ်ပါတယ်

” ဒါဆို “ကိုယ့်အရှင်သခင် သေတာတောင်ဘာဖြစ်လို့ မငိုတာလဲ”လို့ ဆက်မေးလိုက်တော့ “ဦးရယ် အရှင်သခင်ဆိုတာ ကျွန်မရဲ့ ကျေးဇူးရှင်ပါပဲ။ ကျွန်မက အိမ်ဖော်ဆိုပေမယ့် အိမ်ဖော်လို မဆက်ဆံပါဘူး။

ညီ်မလေးတစ်ယောက်လို ဆက်ဆံပါတယ်။ အတတ်ပညာလဲ သင်ပေးပါတယ်။ လုပ်သင့်တာ၊ မလုပ်သင့်တာ ကိုလဲ ခွဲခြားသင်ပြပေးတယ်။ ဒါကြောင့်မို့ ကျွန်မ အတွက် ဆရာဆိုလဲ ဟုတ်ပါတယ်။

ဒီ့အတွက်ကြောင့် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် တရားရှိတဲ့ မိသားစု အသိုင်းအဝန်းလေးထဲမှာ ကျွန်မဘဝလေး ရှင်သန်ခဲ့ရလို့ အေးချမ်းမှုဓာတ်တွေ ကူးစက်ခံခဲ့ရတယ်။

ကျွန်မဘဝအတွက်တော့ အသက်အရွယ် နုနယ်သေးပေမယ့် နှလုံးသားကဝင့်ထည်နေပါတယ်။ မြေအိုးလေးတွေကွဲသွားလို့ရှိရင် ပြန်ဆက်လို့မရနိုင်တော့သလို၊

နွေရာသီရောက်ရင် သစ်ပင်ပေါ်ကနေကြွေကျလာတဲ့ သစ်ရွက်ခြောက်လေးတွေ ကြွေကျလာကြတယ်။ အဲ့ဒီကြွေကျလာတဲ့ သစ်ရွက်ခြောက်လေးတွေကို ပင်မကြီးနဲ့ ဘယ်လောက်ပင် ပြန်ဆက်ပြန်ဆက် လုံးဝကို ပြန်စိမ်းမလာနိုင်သလို၊

သေသွားသူကိုလည်း တမ်းတငိုနေလို့ သေသွားသူကအသက်ပြန်ရှင်လာနိုင်မှာ မဟုတ်တော့ပါဘူး။ဒါကြောင့်မို့ ကျွန်မလဲ မငိုတာပါ” လို့ ဖြေလိုက်ပါတယ်။

သားလေး သေလို့ မီးသငြ်္င်္င်္ဂိုဟ်နေတဲ့ မိသားစုအနားကို ရောက်လာသူကတော့ ခရီးသွား ဟန်ဆောင်ထားတဲ့ “သိကြားမင်း” ဖြစ်တယ်။

သူတို့မိသားစုလေးရဲ့ “မရဏာနုဿတိိ”ဘာဝနာကို အကြိမ်ဖန်များစွာ ပွားများအားထုတ်နေကြတာကို သိကြားမင်းက သာဓုခေါ်ပြီး ဆုတွေပေးသွားလို့ လယ်လုပ်စားစရာ မလိုတော့အောင်ကိုချမ်းသာသွားကြပါတယ်။
………………………………………………………………..
သတိ္တိ္တဆိုတာ

တစ်ခါက ဗန္ဓုလစစ်သူကြီးကတော် “မလ္လိကာ” က မိမိအိမ်မှာ ရှင်သာရိပုတ္တရာအမှူး ရှိတဲ့ ရဟန်းသံဃာအပါး (၅၀၀)ကို ဆွမ်းဆက်ကပ်လှူဒါန်းနေပါတယ်။

ဗန္ဓုလစစ်သူကြီးက နယ်စပ်တစ်နေရာမှာ သား(၃၂)ယောက်နှင့်အတူ စစ်တိုက်ထွက်နေရတယ်။ ရဟန်းသံဃာတွေ အချိန်မှီဆွမ်းကပ်နိုင်ရန် ပြင်ဆင်နေကြချိန် မလ္လိကာထံစာတစ်စောင် ရောက်ရှိလာပါတယ်။

အဲ့ဒီစာကို မလ္လိကာက ဖောက်ဖတ်ကြည့်ပြီး ခါးကြားကို အသာလိပ်ထားလိုက်ပါတယ်။ ဆွမ်းပြင်စရာ ရှိတာကို ဆက်ပြီး ပြင်နေပါတယ်။

ကျွန်မတစ်ယောက်က ထောပတ်အိုးလေး တစ်လုံးကို သယ်ယူလာစဉ် သံဃာတော်တွေရှေ့မှာ လွတ်ကျပြီးကွဲသွားပါတယ်။

အဲ့ဒီအခါ ရှင်သာရိပုတ္တရာက “ဒကာမကြီး . . . ပြိုကွဲပျက်စီးတတ်တဲ့ သဘောရှိတဲ့ ပစ္စည်းတွေဟာ ပျက်စီးရတာချည်း ပါပဲ၊ စိုးရိမ်ပူပန်မှု ဖြစ်မနေပါနဲ့” လို့ အမိန့်ရှိလိုက်ပါတယ်။

မလိ္လကာက ခါးကြားမှာ လိပ်ထားတဲ့ စာလေးကို ကြည့်ပြီးတော့ ရှင်သာရိပုတ္တရာအား

“အရှင်ဘုရား …. တပည့်တော်မ သား(၃၂)ယောက်နဲ့ လင်ယောက်ျားဖြစ်သူ ဗန္ဓုလစစ်သူကြီးပါ တစ်ပြိုင်နက် စစ်မြေပြင်မှာ အသတ်ခံရပါတယ်။ အဲ့ဒါတောင် တပည့်တော်မ ပူဆွေး ငိုကြွေးမှု မဖြစ်ပါဘုရား။

ဒီထောပတ်အိုးလေးကွဲသွားတာလောက်တော့ ပူဆွေး ငိုကြွေးစရာ မလိုပါဘုရား” လို့ လျှောက်ထားလိုက်ပါတယ်။ အဲ့ဒီစာလေးကိုလဲ ရှင်သာရိပုတ္တရာအား ဆက်ကပ်လိုက်ပါတယ်။

ရှင်သာရိပုတ္တရာက စာလေးကို ကြည့်ပြီးတော ့မလိ္လကာအား “တကယ်သတိ္တကောင်းတဲ့ဒကာမကြီးပါလား” ဆိုပြီး ချီးကျူးတော်မူပါတယ်။

နှလုံးသားမှာ တရားကိန်းဝပ်နေတဲ့သူဟာ လောကဓံတရားတွေနဲ့ ကြုံတွေ့ရသော်လည်း မတုန်လှုပ်တော့ပါဘူး။ ဒါဟာ“မင်္ဂလာတရား” ပါပဲ။

“ကံကောင်းနေသေးတယ်” ဆိုတာ အသက်ရှင်ခွင့်ရနေတဲ့ အချိန်လေးကိုပြောတာ။

ကံကောင်းလို့ အသက်ရှင်နေရတယ်။

အသက်ရှင်နေလို့ ကံကောင်းမယ့်အလုပ်တွေကို ဆက်လုပ်ခွင့်ရတယ်။

ဒါကြောင့်

“ငါ ကံကောင်းနေသေးတယ်”။

အုတ်နံရံပေါ်မှာ မီးသွေးခဲနဲ့ ရေးထားတဲ့ အဖိုးတန် စာစုလေး

“မင်းလေး ငါ့ကို တွေ့ကို တွေ့မှ၊

မြင်ရမှကို ဖြစ်မယ်ဆိုရင်၊

ငါနေထိုင်ရာ မင်းမလာနဲ့၊

မင်းရှိရာကို ငါလာခဲ့မယ်၊

သုဿာန်တစ၊သချႋုင်းဝက၊

စောင့်မျှော်နေပါ ရှင်သေမင်း”။

အသုဘရှု့ကြွပါ

သူငယ်ချင်း …

ငါတို့သေရင်၊ကုတင်ပေါ်တွင်၊

ပက်လက်တင်လို့၊စွဲမက်ချင်စရာ၊

ဘယ်ဟာမရှိ၊ ဗလာအတိနဲ့၊

မသာကြည့်ကြွခဲ့ပါဦး။

ဗလာ = ဆိုသည်မှာ အဝတ်မပါသောဗလာမျိုးကို မဆိုလိုပါ။

ရရှိပိုင်ဆိုင်ထားသမျှအားလုံး မိမိနောက် ပါမလာတာကို “ဗလာအတိ”-လို့ဆိုလိုပါတယ်။

ဒီလိုလေးဆင်ခြင်လိုက်ပါ

“ဒီနေ့ည ဒီအိပ်ယာပေါ် ငါပြန်အိပ်ခွင့်ရလို့ တော်သေးတယ်။

ဒီမနက် ဒီအိပ်ယာပေါ်ကနေ အသက်ရှင်စွာနဲ့ နိုးထခွင့်ရလို့ တော်သေးတယ်။

ငါ ကံကောင်းနေသေးတယ်”လို့ ဆင်ခြင်မိအောင် ဆင်ခြင်လိုက်ပါ။

ဘုန်းသုခေ(ဓမ္မစေတီ)
“ဓမ္မစေတီ”ကျောင်းတိုက်
မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
၀၉ ၅၅ဝ ၁ဝ ၆၃

17 comments

  • padonmar

    October 30, 2012 at 12:30 pm

    ဆရာတော်ရဲ့ တရားစာလေးကောင်းလွန်းလို့ ဂဇက်က မိတ်ဆွေတွေအတွက် ပြန်လည်မျှဝေပေးခွင့်တောင်းပြီး တင်ပေးခဲ့တာပါ။
    နဂိုရှိတဲ့ ဖိုင်က PDF နဲ့ Win_font တွေဖြစ်နေလို့ ဇော်ဂျီပြန်ပြောင်းဖို့ကို မောင်အံကကူညီပေးခဲ့ပါတယ်။
    မောင်အံရေ၊ကျေးဇူးတင်ကြောင်း ဒီနေရာလေးကပဲ ပြောပါရစေ။
    page set up တွေကလည်း မတူတော့ ကွန်ပူတာ ဝလုံးတန်းအဖွားကြီးကျမ အရပ်ကူပါလူဝိုင်းပါနဲ့ အပိုင်း(၇) အဆုံးထိရောက်ခဲ့ပါပြီ။
    ဆရာတော့်ဆီက ကိုယ့်ဖာသာ တောင်းထားပြီး အကြောင်းကြောင်းကြောင့် ရပ်နေရတဲ့ စာလေးကို ဂဇက်ကမနားခင် အပြီး တက်သုတ်ရိုက်တင်ပေးခဲ့ပါတယ်။
    မသေခင် အကြွေးတစ်ခုတော့ ကျေအောင် ဆပ်ခဲ့ပါပြီ။
    အခုထိ ကျမတင်သမျှပို့စ်တွေ(ဘာလိုလိုနဲ့ ၉၁ ပုဒ်ဖြစ်သွားတယ်၊ဆရာသစ်ထက် ၁ ပုဒ်ပိုသွားပါတယ်)
    ထဲမှာ ပြန်သုံးသပ်မိတော့ စိတ်ခံစားချက်ကို အခြေတည်ပြီးပဲ ရေးခဲ့တာတွေဖြစ်လို့ အကြောင်းအရာ အချက်အလက် အားနည်းချက်တွေရှိပါတယ်။
    အဲဒါကိုတော့ ထုံးစံအတိုင်း ခွေးလွှတ်ကြပါလို့ တောင်းပန်ရင်း နှုတ်ဆက်ခဲ့ပါတယ်။

    • pooch

      October 30, 2012 at 3:30 pm

      ဒေါ်ဒေါ်ဘာလို့ နှုတ်ဆက်တာလဲ ။ အဲ့လို မပြောပါနဲ့ အသဲငယ်တတ်လို့ပါ 🙁

    • thit min

      October 30, 2012 at 9:39 pm

      လေးစားရပါသောအစ်မရေ
      စိတ်အားတဲ့အခါလူမအား၊ လူအားတဲ့အချိန်စိတ်မအားလို့ ဂေဇက်ကိုမရောက်ဖြစ်ခဲ့ဘူးဆိုပေမဲ့
      တခါတရံတော့ ကြည့်မိတယ်ပေါ့ခင်ဗျာ။
      ဂေဇက်ကိုကြည့်တဲ့အခါတော့ ဘယ်ကိုကြည့်မိသလဲဆိုရင် ကော်မန့်တွေကိုပါဘဲ။
      ဒီကနေ့တော့ အစ်မရဲ့ကော်မန့်မှာ ကျနော့နာမည်တွေ့လို့ရယ်။
      (ဘယ်လိုနားမယ်ဆိုတာရှင်းရှင်းလင်းလင်းမသိရပေမဲ့)
      နားမယ် ဆိုတာတွေ့ပြီး ရေးချင်စိတ်ပြင်းပြလာလို့ ဒီစာကိုရေးမိပါတယ်။
      ~~~~~~~~
      လူတိုင်းဟာ ဘဝတခုစီကိုပိုင်ဆိုင်ပြီး ကိုယ့်ဘဝစက်ဝိုင်းလေးတွေကို ကိုယ့်နှုံး နဲ့ကိုယ် လည်ပါတ်နေကြရတာ
      မဟုတ်ပါလား အစ်မရယ်။
      ကိုယ့်ရဲ့လည်နေရတဲ့ စက်ဝိုင်းမှာ တခြားသူများရဲ့ လည်နေတဲ့စက်ဝိုင်းလေးတွေရဲ့ အမြန်နှုံးနဲ့ ထိန်းညှိပြီး အလိုက်
      သင့်လေး လည်ပါတ်နိုင်ခြင်းကို လူမှူအသိုင်းအဝိုင်းလို့ ခေါ်နိုင်မယ်ထင်ပါရဲ့ နော်။
      တခါ တခါမှာတော့ တခြားသော စက်ဝိုင်းများနဲ့ ထိန်းညှိဘို့မဖြစ်နိုင်တော့တဲ့အခါမျိုးလည်းရှိတတ်ပါတယ်။
      အဲဒီအခါမတော့ ကိုယ့်စက်ဝိုင်းရဲ့ ထိန်းညှိမှု အဝန်းအဝိုင်းကနေ သူ့ကိုထုတ်ပစ်ရပါတော့တယ်။
      မဟုတ်ရင်ကိုယ့်ဘဝစက်ဝိုင်းရဲ့ ဟာမိုနီ မကိုက်တော့ဘူး ပေါ့နော်။
      ကျနော်တော့ အဲဒီလိုနားလည်ထားပါတယ်။
      ~~~~~~~~~~~
      ၉၂ ပုဒ် (ကျနော်ထက် ၁ပုဒ်ပိုတယ်လို့ ရေးထားလို့ အံ့ဩမိတယ်။ ကျနော်ထင်တာက
      အစ်မ ပုဒ်ရေ ၁၀ဝ ကျော်နေပြီလို့ ထင်ထားလို့ပါ)။
      ၉၂ ပုဒ် ၊ ပြီးတော့ နှုတ်ဆက်တယ်လို့ရေးထားတာကို တော်တော် တုန်လှုပ်မိသွားတယ်လို့ပြောပါရစေ။
      အထက်မှာ ကျနော် ရှင်းခဲ့သလို စက်ဝိုင်းလေးတွေဆိုတော့ စက်ဝိုင်းသဘောဆောင်ပါတယ်။
      ဒါပေမဲ့ အစ်မရယ်။
      ဂေဇက်မှာ အကြောင်းအရာကိုလည်း ကောင်းအောင်ဘဲ ဆွေးနွေးတတ်သူ။
      အကြောင်းအရာကိုကျော်ပြီး လူကို “ဆော်” သူတွေ ကိုလည်း လေအေးလေးနဲ့ ဖြန်ဖြေနှစ်သိမ့်ပေးတတ်သူ။
      အမုန်းတရားမဖက် ၊ အပြုံးစကားသာ ထွက်တတ်သူ။
      သေခြာပေါက်ကိုပြောနိုင်ပါတယ်။ပြောရဲပါတယ်ဗျာ။
      အစ်မကို မုန်းသူမပြောနဲ့ မကြေနပ်သူတောင် တဦးတယောက်မှ ဤအရပ်မှာမရှိပါဘူးဗျာ။
      ကျနော်တို့ ဆိုရင်တောင် တကယ်က ငကန်းသေ ငဆွေပေါ် အဆင့်ပါ။
      ကိုယ်သိတာ ရှယ်တဲ့အဆင့်မဟုတ်လား။
      အစ်မလို ဤအရပ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်သူများထဲက တယောက် ဤအရပ်မှာမရှိမှာတော့ စိုးရိမ်မိပါတယ်။
      အစ်မရဲ့ လည်နေရတဲ့စက်ဝိုင်းကိုအစ်မ အသိဆုံးမို့ ဒီလိုဖြစ်ချင်ပါတယ် ဟိုလိုဖြစ်ချင်ပါတယ်လို့တော့ မဆိုလိုရိုးအမှန်ပါ။
      လေးစားခံပုဂ္ဂ ိုလ်တဦး ဆိုပြီး စိတ်ထဲ ရောက်လာလို့ပါခင်ဗျာ။
      ခင်မင်လေးစားမှူဖြင့်
      သစ်မင်း (^^)

      • kai

        October 30, 2012 at 11:12 pm

        ကိုသစ်ရေ..
        ကျန်းခံသာလို့ မာပါစ..။
        မတွေ့တာကြာသမို့ .. မသိတဲ့ရွာသူားတွေကိုမိတ်ဆက်ပေးရင်းပါ…
        အောက်ကလင့်ခ်မှာ ကိုသစ်ရေးထားတဲ့”စာ”တွေဖတ်ကြည့်နိုင်ပါတယ်..။

        http://myanmargazette.net/author/thit

        ကိုသစ်မင်းကို မမေ့နို်င်တာတခုက..
        မန်းဂဇက်အတွက်.. ငွေကြေးလှူဒါန်းမှုကို ဦးဆောင်လှုံ့ဆော်ပေးခဲ့သူတဦးဖြစ်လို့ပါပဲ..။ :528:

        ဆိုတော့..
        ဆရာမပဒုမ္မာက.. ခဏနားတာပါ..။
        ကျုပ်လည်း.. ဒီကြားထဲ.. အချိန်ခိုးပြီး.. စာမေးပွဲလေးတခုလောက်ဖြေမလားရယ်လို့.. ။

        အင်းနော..။
        .. လောကကြီးက.. ဖတ်လို့ကို မကုန်နိုင်..။ :kwi:

        • thit min

          October 31, 2012 at 12:03 am

          ပို့သသောမေတ္တာကြောင့် ကျန်းမာပါ၏။
          ( ဒီက စကားအတိုင်းတော့ ကွက်တိပါဘဲ သူဂျီးရယ်၊ ကျန်းမာ(ဂဲန်းကီ) တယ်ဆိုတာ အလုပ်
          တက်တက်ကြွကြွလုပ်နေတာ (ဂန်းဘတ်တဲ့) ကို ဆိုလိုတာမဟုတ်ပါလား။)
          အဲဒီတော့ ကျန်းမာတယ် ဆိုတာ အလုပ်များစွာလုပ်နေရတယ်လို့ အီကွေးရှင်း ချမိပါရဲ့။(^^)
          ကျနော့ကိုအမှတ်တရရှိတာရယ်။
          ကျနော့စာလေးတွေကို လမ်းညွန်ပေးလို့ရယ် ကျေဇူးပါ။
          ~~~~~~~~~~~
          စာမေးပွဲဖြေတာကောင်းပါတယ်။
          ပိုကောင်းတာက အဲဒီဘာသာ(ပညာရပ်)ကို တကယ်ကြီးနားလည်သွားတာပါ။
          အကောင်းဆုံးကိုပြောပါဆိုရင်တော့ သိသမျှနားလည်ပြီးသမျှကို လက်တွေ့အသုံးချတတ်ခြင်းပါဘဲ။
          လို့ ကြားဘူးပါရဲ့ခင်ဗျာ။
          ~~~~~~~~~~~~~
          သင်ယူခြင်းကတော့ အသက်ရှင်နေသရွေ့ရှိနေရအုန်းမှာပေါ့။
          (.. လောကကြီးက.. ဖတ်လို့ကို မကုန်နိုင်..။ ) ဟုတ်ကဲ့…….
          သင်စရာတွေကလည်းမကုန်မခမ်းနိုင်းလေတော့
          “Eduniversal learning ” ဆိုတဲ့စကားလေး ခုတလော တွေးနေမိပါရဲ့။

          လေးစားလျှက်
          သစ်မင်း(^^)

        • အရီးခင်လတ်

          October 31, 2012 at 4:08 am

          ကိုသစ်

          ဘဝသစ် မှာ အခြေကျနေပြီ ဆို မကြာမကြာတော့ အခန့်သင့်ချိန် ပြန်လာပါ လို့ ပြောချင်ပါတယ်။
          အစ်မပဒုမ္မာ လဲ ရွာကို စောင့်ရှောက်ရင်း ဆက်ရှိနေဦးမယ် ဆိုရင်တော့ သားရွှေအိုးထမ်းလာတာ မြင်ရသလို နေမှာပါ။
          ဒါထက်
          “Eduniversal learning ” ဆိုတာလေးကို အကျယ်လေး ဝင်ပေးပါလား။
          အခုမှ ကြားဖူးလို့ ဝီကီလိုက်ရပါတယ်။
          မြန်မာပြည် မှာရော အဲဒီ ကျောင်းတွေ အတွက် အခွင့်အရေးများရှိနိုင်/မနိုင် ရှင်းပြပေးရင်တော့ အတော်လေး တန်ဖိုးရှိမလားဘဲ။

          ခင်မင်စွာဖြင့်
          အစ်မလတ်

        • thit min

          November 1, 2012 at 1:36 am

          အစ်မလတ်ရေ။.။
          Eduniversal ဆိုတာ ၁၉၉၄ ကစတင်ခဲ့ပြီး(ဘစ်ဇနက်ဆိုင်ရာ) ဘာသာရပ် ၃ဝ ကျော် အတွက် ပြင်သစ်နိုင်ငံအခြေစိုက်
          International Scientific Committee က သတ်မှတ်တဲ့ နိုင်ငံတကာ အဆင့်အသိအမှတ်ပြု
          ဘစ်ဇနက် ယူနီဗာစီတီ(ကျောင်း)တွေပါဘဲ။
          ၁၅၄ နိုင်ငံမှာ နှစ်စဉ် အကောင်းဆုံး အဆင့်(ရဲန်းကင်း)သတ်မှတ်တာတွေ့ရပါတယ်။
          နီးနီးစပ်စပ်ပြောရရင် အယ်စီစီအိုင်၊ အေစီစီအေ တို့လိုနိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာတွေ
          ဘွဲ ့တွေပေးနိုင်သော ကျောင်းများလို့ ဆိုရမှာပါ။
          ခုလ အောက်တိုဘာ ၁၆-၁၉ ပီရူးမှာ ၅ ကြိမ်မြောက် ကန်ဘာ့အဆင့်ညီလာခံရှိခဲ့ပါတယ်။
          အယ်စီစီအိုင်ဒီပလိုမာတွေကိ ုUK ကုန်သည်ကြီးများအသင်းက သင်ယူနိုင်ဖို့တည်ထောင်ခဲ့သလို
          ဒီဟာကလဲ ပြင်သစ်နိုင်ငံအခြေစိုက်ပုဂ္ဂလိကအဖွဲ့အစည်းရဲ့ ထူထောင်မှုတခုဖြစ်ခဲ့ပေမဲ့
          အခုအချိန်မှာပြုလုပ်ဆောင်ရွက်နေတဲ့ မီလီနီယန် ဂိုးလ်လို့ခေါ်တဲ့ United Nations
          ရဲ့ နိုင်ငံတကာပညာရေးအဆင့်မြင့်မားရေး “မူ”နဲ့ ကိုက်ညီလို့ (ထင်ပါရဲ့)ကန်ဘာ့ဘဏ်က
          အဲဒီအဖွဲ့ရဲ့ တန်းဝင်အဆင့်သတ် မှတ်ခံ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပညာရေးအသုံးစရိတ်တွေ ထောက်ပံ့ပေးတာတွေလုပ်နေပါပြီ။

          သိသလောက်ပြောရရင်တော့ နီပေါနဲ့ လာအို မှာ တောင် ၁ ကျောင်း ( ယူနီဗာစီတီ ၁ခု) စီရှိ
          နေပြီ ဆိုတော့ မြန်မာအတွက်လဲ ဖြစ်နိုင်တာပေါ့။
          မြန်မာအတွက်ဘယ်လိုဖြစ်နိုင်မလဲဆိုတော့
          အစိုးရရယ်၊ ကျောင်းသားရယ်၊ဆရာရယ် လို့ တိရိဂံလေးနဲ့ စဉ်းစားမိပါတယ်။
          ၁၊ ပညာရေးအသုံးစရိတ်ကို အစိုးရကမြှင့်ပေးဘို့လိုပါတယ်
          ၂၊ကျောင်းသားကလဲကြိုးစားသင်ယူပေါ့
          ၃၊ အရည်အချင်းမှီတဲ့ဆရာ/ဆရာမများလိုပါတယ်။
          ဆိုတော့ မြန်မာအတွက် လိုနေတာပညာရေးအသုံးစရိတ်ဖြစ်မှာပါ။
          မြန်မာကျောင်းသားတွေ တော်ကြ ကြိုးစားကြပါတယ်။
          အရင် ဦးခင်ညွန့်လက်ထက် ဆရာမကြီးဒေါ်ရီရီမြင့်တို့ရဲ့ အမ်ဘီအေ သင်တန်းအတွေ့အကြုံအရ
          မြန်မာနိုင်ငံ မှာ “သင်နိုင်တဲ့ဆရာ/ဆရာမများစွာရှိ” နေကြောင်းမှတ်မိနေပါတယ်။
          နီပေါနိုင်ငံကိုအသိအမှတ်ပြုခဲ့တာ မူလတန်းအဆင့် ကျောင်းတက်နှုန်း ၉ဝ ကျော်လို့တချက်ပါပါတယ်တဲ့။
          အဲဒီအနေအထားက အစိုးရကပညာရေးအသုံးစရိတ်နဲ့ “တင်”ပေးလို့ရတာမျိုးပါ။
          ဆိုလိုတာက အခမဲ့ပညာရေး ပေါ့နော်။(အစိုးရက ကျခံတယ်ပေါ့)
          ခုလိုကြီး ဒီကျောင်းမှာဝင်ချင်ရင် ၁ သိန်းအလှူငွေထဲ့ရမယ် လို့လုပ်နေလို့ရှိရင်တော့ ဘယ်ဖြစ်ပမလဲ။
          နီပေါက အဲဒီအဆင့်အသတ်အမှတ်ခံရပြီး ကန်ဘာ့ဘဏ်က
          ဒေါ်လာသန်း၁၃ဝ ထောက်ပံ့ကြေး(၂၀၀၉) ခုနှစ်မှာရလိုက်တယ်။
          ပြောခဲ့သလို……..
          မြန်မာနိုင်ငံမှာ “သင်ပေးနိုင်သူနဲ့ သင်ယူနိုင်သူ” တွေရှိနေပြီးသားပါ။
          သင်ခွင့်အတွက် ပညာရေးစနစ်ပြုပြင်ပေးလိုက်ဘို့လိုနေတာပါဘဲ။
          လုပ်ငန်းကိုလက်တွေ့လေ့လာသင်ကြားမှူတွေ ပါတာမလို့ စီးပွါးရေးလုပ်ငန်းရှင်များရဲ့ ပူးပေါင်းမှူလဲလိုပါသေးတယ်။
          အဲဒီလိုအပ်ချက်တွေက အစိုးရရဲ့တာဝန်ဖြစ်ပါတယ်။
          နိုင်ငံတကာလေ့လာဖို့ Oversea Field Work (OFW) တွေသွားဖို့လိုပါတယ်။ တယောက်ထဲ ၂ယောက်ထဲလွှတ်တာမျိုးမဟုတ်ဘူးနော်။
          ကျောင်းသားတိုင်းသွားရမှာ။
          ပြီးတော့ အိတ်က်စ်ချိန်း ပရိုဂရမ်တွေနဲ့ သူ့နိုင်ငံကကျောင်းသား နဲ့ကိုယ့်နိုင်ငံကကျောင်းသားတွေအလှဲအလှယ်လုပ် ကျောင်းတက်တာမျိုးတွေ ရှိရမယ်။
          (ဂျပန်ကကျောင်းသားတွေ လာအိုမှာ မာစတာ သွားယူတာရှိတယ်၊ လာအိုထက်မြန်မာကနိမ့်စရာမရှိပါဘူး)
          ဆိုတော့ ဖြစ်လာမှာပါ။
          ဆရာမကြီး ဒေါ်ရီရီမြင့်တို့ ဒေါက်တာဒေါ်ရင်နွယ် တို့လွှတ်တော်ထဲရောက်နေပြီဘဲ။
          ဦးကံဇော်လဲ ဝန်ကြီးဖြစ်နေပြီမဟုတ်လား။
          ကျနော်တို့လိုမြက်ခင်းပေါ်ကလူတောင် ဒါကောင်းတယ် လို့ မြင်နိုင်သေးရင် သူတို့လို သစ်ပင်ထိပ်ဖျားက
          ဆရာမကြီး၊ ဆရာကြီး များကတော့ ဒီထက်ပို ဝေးဝေးမြင်မှာမလို့ အစ်မလတ်ဖြစ်စေချင်သလို ဖြစ်လာတော့မှာပါ။
          (မစောင့်နိုင်ရင်တော့ အစ်မရဲ့ မမ်မီဒေါ်နုနုယဉ်ကိုဖုံးဆက်ပြီး ပြောခိုင်းဗျာ။ )
          ခင်မင်စွာဖြင့်
          သစ်မင်း(^^)

        • အရီးခင်လတ်

          November 1, 2012 at 4:45 am

          ကိုသစ် ရေ
          မသိသေးတဲ့ အကြောင်း နဲ့ တန်ဖိုးရှိတဲ့ အချက်အလက် လေးတွေ အတွက် ကျေးဇူးပါရှင်။
          တီချယ်နုနုယဉ် ကိုလဲ မြန်မာ လွှတ်တော်ထဲ ရောက်စေချင်တယ်။
          အင်မတန် ထက်မြက် ပြီး ပညာပိုင်း အရမ်းတော်တဲ့ သူ မို့ တစ်ခြားရောက်သွားတာ အင်မတန်နှမြောဖို့ ကောင်းပါတယ်။
          ကိုသစ် လဲ မအားမှန်းသိပေမဲ့ အချိန်လေး နဲနဲပေးပြီး စာတွေ ပြန်ရေး၊ ပြန်ဆွေးနွေးပါဦး လို့ ပြောချင်ပါတယ်။

  • padonmar

    October 30, 2012 at 12:37 pm

    သူကြီးရေ
    ကျမ တစ်နေ့ထဲ ၃ ပုဒ်များဖြစ်သွားလေရော့သလား။
    ဖြစ်ခဲ့ရင် ဒီစာလေး နောက်နေ့ရွှေ့လိုက်ပါနော်။

  • surmi

    October 30, 2012 at 1:40 pm

    ဘယ်လိုဘယ်လို ဂဇက်ကမနားခင် …ဟုတ်စ ?
    ပြီးတော ့ ဘာတဲ ့……..နုတ်ဆက်ခဲ့တယ် …!
    အဲဒီလိုကြီးတော ့မထားခဲ ့ကောင်းပါဘူအစ်မရယ် …..
    ဘယ် ့နယ် ခုမှ အရှိန်ရလို ့ကောင်းတုန်း ….။ နှုတ်ဆက်ခွင် ့မပြုပါဘူးခင်ဗျ
    ဗျို ့ ့…………သဂျီးရေ ….မေးပါဦးဗျ

    အပေါ်ကစာတောင်မဖတ်ရသေးဘူး မန် ့ ထားတာကြည် ့ပြီး မျက်လုံးပြူးသွားလို ့ ။

  • စိန်ဗိုက်ဗိုက်

    October 30, 2012 at 3:48 pm

    နှုတ်ဆက်တယ်ဆိုတာ အမေဒီကန် ဂျပန်ရောက် တူတော် တူမတော်တွေဆီ ခဏသွားလည်မလို ့နေမပေါ့

    ဘာပဲပြောပြော..သီတင်းကျွတ်နေ ့မှာ ဂေဇတ်ဒေါ်အမာရဲ့ ကျေးဇူးနဲ ့ မရဏနုဿတိ တရားလေးနာပြီး အထိုက်လျောက် တရားပေါက်သွားတယ်ခင်ဗျ
    အူးဗိုက် ကံကောင်းနေသေးတယ်..
    ခုချိန်ထိ ကြွေးရှင်နဲ ့ ပက်ပင်း မတိုးသေးဘူး….အဲအဲ..သေမင်းဆီမရောက် သက်မပျောက်သေးပဲ..
    ဘီအီးတွေသောက် ပေါက်ကရတွေ လုပ်နေနိုင်သေးတာ..ကံကောင်းနေသေးတယ်ပေါ့လေ..
    အူးဗိုက်က စိတ်ထားလေးသာမကောင်းတာ ကံတော့ အတော်ကောင်းသဗျ

  • မိုချို

    October 30, 2012 at 4:11 pm

    အန်တီ ရေ
    ဂဇက်ကမနားခင် တဲ့ ။ အန်တီ တို့ လို ရွာလူကြီး တစ်ယောက် ရွာထဲက ထွက် သွား မှာ ကို စိုး ရိမ် မိပါတယ်။ အန်တီ ရယ် မနား ပါနဲ့ နော်။

  • ဦးဦးပါလေရာ

    October 30, 2012 at 8:26 pm

    ရွာထဲကလူတွေ မျက်လုံးပြူးမျက်ဆံပြူးနဲ့ စိုးရိမ်တကြီးဖြစ်ကုန်ပြီထင်လို့
    စိတ်အေးရအောင် ကျုပ်ထင်တာလေး ဝင်ပြောပါရစေ…။
    မပဒုမ္မာနားမယ်ဆိုတာက သူအရေးတကြီးလုပ်စရာတွေရှိလို့
    နိုဝင်ဘာနဲ့ ဒီဇင်ဘာလဝက်ကျော်လောက်အထိ
    ရွာထဲမရေးပဲ ခဏနားမယ်လို့ ဆိုလိုဟန်တူပါတယ်။
    ဒီဇင်ဘာလဝက်ကျော်လောက်မှာတော့
    မန်းဂဇက်ချစ်သူများ စာပေဆု ဖတ်ရွေးအဖွဲ့ရဲ့ ခေါင်းဆောင်သစ်
    (ချဲလေဒီ) အဖြစ်ဂဇက်ရွာထဲပြန်ရောက်လာမယ်လို့ မျှော်လင့်ပါတယ်…။

    အဲ့ဒါ …
    ခင်ဗျားတို့ချစ်တဲ့အန်တီလေး ခဏခွင့်ယူနေတုန်း
    သူ့ကိုယ်စားပို့စ်လေးတွေများများရေးတင်ပြီး
    ဂဇက်ရွာကြီးကို အလှဆင်ထားနှင့်ကြပါစို့… လို့…
    🙂

  • blackchaw

    October 31, 2012 at 9:10 am

    လိုအပ်နေတဲ့ အချိန်မှာ
    အချိန်ကိုက် ကွန်းမန့်လေး အတွက်
    ကျေးဇူးပါ ကိုသစ်ရေ…။
    သူကြီးရဲ့ ကိုသစ်အပေါ် အသိအမှတ်ပြု ကွန်းမန့်လေးအတွက်လည်း
    ကြည်နူးပီတိဖြစ်ရပါတယ်ဗျာ…။
    စိန်ဗိုက်ကွန်းမန့်ထဲက
    ဂဇက်ဒေါ်အမာ ဆိုတဲ့ အသုံးအနှုန်းလေးကတော့
    အမြဲတမ်း ခေါ်ရမယ့် နာမည်လေးပါပဲ အစ်မရေ…။
    ကျွန်တော်ကတော့ သီချင်းသမားမို့
    ဇော်ဝင်းထွဋ် ရဲ့ ဂန္တဝင်စိမ်း သီချင်းလေး နဲ့
    အစ်မကို တားပါရစေဗျာ…။

    နှုတ်ဆက်စကားမပြောနဲ့…
    အိပ်မက်သာဖြစ်လိုက်ချင်တယ်…

    မန်းဂဇက်အတွက်
    ဂဇက်ဒေါ်အမာ
    အမြဲတမ်းလိုအပ်ပါတယ်ခင်ဗျာ…။
    လေးစားခင်မင်စွာ…
    ဘလက်ချော…။
    :mrgreen:

  • ဦးကြောင်ကြီး

    October 31, 2012 at 10:09 am

    အဲလိုဒေါ့ ပေါဘာနဲ့ဂျာ.. လူဆိုဒါ သေမျိုးချည်း ဆိုဗေမဲ့ အန်တီ့လို တန်ဖိုးရှိသူ ဆြာဝန်မဂျီးကတော့ အကြာကြီး ရှိနေရဗာအုံးမယ်။ အသက်၆ဝဆိုတာ ဒဂယ်တော့ နတ်သက်နဲ့စာရင် ဒဂဲ့ကို ငယ်ငယ်လေး ရှိသေးတယ်။

  • padonmar

    November 1, 2012 at 12:40 am

    ကဆာမိ၊မယ်ပုချ်၊မိုချို၊ကိုသစ်၊ကိုဘလက်၊စိန်ဗိုက်နဲ့ ဂဇက်က ချစ်သောမိတ်ဆွေများကို စိတ်ပူအောင်လုပ်မိသွားတာ ခွေးလွှတ်ပါ။
    ကျမ ခဏနားဖို့ ငှက်ကထကြီးဆီခွင့်တင်ပြီးသားမို့ အားလုံးသိပြီးသားထင်ပြီးအလွယ်ရေးလိုက်မိတယ်။
    ကဆာမိ ကွန်မန့်လေးတော့ တွေ့လိုက်မိသား၊
    ညကျရင် အင်တာနက်က ဝေးရာသွားမှာမို့ မသွားခင် တူလေးတစ်ယောက်ကို လုပ်ပေးနေတဲ့ အလုပ်လေးလက်စဖြတ်နေရလို့ မအားတာကတစ်ကြောင်း၊ကဆာမိကိုလည်း စချင်တာကတစ်ကြောင်း၊ဖတ်ရွေးအဖွဲ့က လူတွေ (ဦးပါတို့ မလတ်တို့ )ဖြေပေးလိမ့်မယ်ဆိုပြီး ထားပစ်ခဲ့တာပါ။ဆောဒီး။
    ဒီမနက်ပြန်ရောက်တော့လည်း ဖွင့်ရက် ထုံးစံအတိုင်း ညကိုယ်ပိုင်အချိန်ကျမှ ကွန်မန့်တွေ ပေးနိုင်ပါတယ်။
    (ကျမ စိတ်ကောက်နေတယ်ထင်မှာလည်းစိုးတယ်၊ကိန်းကြီးခမ်းကြီးနိုင်တယ်ထင်မှာလည်းစိုးပါတယ်။
    ပုထုဇဉ်ဆိုတော့ ကဲ့ရဲ့ခံရရင်တော့ ဘယ်ကြိုက်ပါ့မလဲနော်။ဒါကြောင့်လည်း စိတ်ထဲရှိတာတွေ လက်က ထွက်မိတာပေါ့။ဒါပေမယ့် သေချာတွေးတော့လည်း အဲသလိုဝေဖန်ကြတာလည်း မှန်နေတာပဲ။ကိုယ့်ကို ဆင်ခြင်တုံတရားထည့်ပေးသလိုဖြစ်လို့ ကျမစိတ်မကောက်ပါကြောင်း၊စိတ်ကောက်တာ ဟိုလူဂျီးတွေပါဗျို့)
    ………..
    ဘာပြောပြော ကိုသစ် ကိုယ်ထင်ပြန်ပြလို့ ဝမ်းသာပါတယ်။ကျမလည်း ကိုယ့်ပို့စ်အရေအတွက် (ဒါတောင် စာပေဟောပြောပွဲထည့်မတွက်မိတော့ ၁ပုဒ်လွဲသွားသေး) ၉ဝ ဆိုတဲ့ ဂဏန်းမြင်တာနဲ့ ကိုသစ်ကို သတိရသွားလို့ အတွေးတွေဆက်သွားးတာ။
    ကိုသစ်ရေ….ဘဝသစ်မှာ မအားမှန်းသိပေမယ့် ရွာက ဆွေမျိုးတွေအတွက် အချိန်လေးပေးပြီး ဟင်းတစ်ခွက်လောက်တော့ ယူလာပေးစေချင်ပါတယ်။
    ……………….
    ကျမကတော့ တရားမှတ်ရင်းတောင် ဖောင်းတယ်ပိန်တယ်(ဟိုပို့စ်လေးလည်းကောင်းတယ်၊ဒီပို့စ်လေးလည်းရွေးချင်တယ်)တွေးတယ်၊တွေးတယ်၊(sticker campaign လုပ်ဖို့လေးရေးထားတာ နောက်မှတင်ရင် ခေတ်ရှိပါတော့မလား)ဘယ်လှမ်းတယ်၊ညာလှမ်းတယ်(ကိုပေါက်ဆီက တောင်းထားတဲ့ အောင်မြင်ခြင်းတူတူသီချင်းလေးရေးထားတာ တင်ရအုံးမယ်)ရပ်တယ်ရပ်တယ်၊လှည့်ချင်တယ်(မင်္ဂလာဆောင်မယ့် ကလေးတွေအတွက် လက်ဆောင်လေးရေးထားတာတင်ချင်သေးတယ်)အဲသလိုဖြစ်နေတော့ ခုနေ စုတိစိတ်ကျရင် ကီးဘုတ်ပေါ်ရိုက်နေတဲ့ ကံအာရုံပေါ်မလား၊ဂဇက် စာမျက်နှာတွေပဲ ကမ္မနိမိတ်ထင်ပြီး ကွန်ပျူတာနားပြိတ္တာဖြစ်နေမလား၊
    ရွာထဲက အိမ်ထောင်ရှိတဲ့ မိန်းကလေးတွေဆီပဲ ဝင်စားဖို့ ဂတိနိမိတ်တွေထင်မလား တစ်ခုခုပဲ၊
    (နွယ်ပင်တို့ ခိုင်ခိုင်တို့ မကြောက်နဲ့နော်)(မမလည်း အဲလိုဖြစ်မှာပဲ)
    ပြောချင်တာတွေကို လက်အကူနဲ့ ရိုက်ပြီးလည်း ဂဇက်စာမျက်နှာပေါ်တင်ဖို့ကျတော့ ကိုယ်တိုင် Boldလုပ်တန်တာလုပ် quote လုပ်တာ symbol ထည့်တာ ဓာတ်ပုံထည့်တာတွေ လုပ်ဆိုတော့ တစ်ပုဒ်တင်ဖို့ တော်တော် အချိန်ပေးရတာ။
    ဒီကြားထဲ ကိုသစ်ကိုအတုယူပြီး ကိုယ့်ကို မန့်တဲ့ ကွန်မန့်မှန်သမျှ ပြန်ဆွေးနွေးပေးချင်သေးတော့ ပြန်ဆွေးနွေးနိုင်ချိန်မှတင်မယ်ဆိုတာတွေ ကလည်း ကိုယ့်ဖာသာချည်နေတဲ့ သံယောဇဉ်ကြိုးတွေပါပဲ။
    အဲဒီတော့ စာဖတ်ဖို့ ဂဇက်ကို ခဏတော့ သံယောဇဉ်ဖြတ်ခွင့်ပြုကြပါ။
    စာမေးပွဲအောင်လို့ ဘာမှတော့ မရပေမယ့် အလကားအပြင် မုန့်ကျွေးပြီး အပင်ပန်းခံသင်တဲ့ ဆရာ၊ဆရာမတွေရဲ့ စေတနာအတွက် စာမေးပွဲကျလို့မဖြစ်ပါဘူး။
    (12)3 ကျလို့ ကျမ မသေသေးရင် ဆက်ဆက်ပြန်လာခဲ့ပါမယ်။

    ဦးကြောင်ရေ
    စန်ဒီလေးနဲ့မှ လွတ်ရဲ့လား။ကြောင်ရေမျောနေသလားလို့ တွေးပူမိသေး။
    ကျမ အသက် ၇ဝ ဆိုရင်ကော ငယ်အုံးမှာလား။

  • လုံမလေးမွန်မွန်

    November 1, 2012 at 10:35 am

    သီတင်းကျွတ်ရက် လူကြီးတွေကို ကန်တော့တဲ့အချိန်မှာ အဘွားနဲ့ အဖေကို အရမ်းသတိရပြီး လွမ်းနေမိပါတယ်….အန်တီ့ရဲ့စာကို ဖတ်ပြီးတဲ့အချိန်မှာ တော်တော်လေး စိတ်သက်သာရာ ရသွားမိပါတယ်…

    အမှန်အတိုင်းပြောရင် ရွာထဲကို သေသေချာချာမဝင်ဖြစ်တာ ကြာပါပြီ.. ဝင်ဖြစ်ရင်လည်း စာတွေအားလုံးကို မဖတ်နိုင်ခဲ့ပါဘူး… ဒါပေမယ့် ဒီပို့စ်မှာ အန်တီပဒုမ္မာနားတော့မယ်လို့ ရေးထားတယ်လို့ ကြားတာနဲ့ပဲ ကမန်းကတန်းဝင်ဖတ်ဖြစ်လိုက်ပါတယ်… မွန်မွန်လည်း ကံကောင်းတယ်လို့ပြောလို့ရတာပေါ့နော်… ခံစားချက်တွေလည်း သက်သာရာရသွားတဲ့အပြင် စာမေးပွဲဖြေဖို့ ခဏနားတယ်ဆိုတာပါ သိသွားရလို့ပါ… အားကျမိပါတယ် အန်တီရေ… မွန်မွန်ဆို ရေတက်ငါးဇင်ရိုင်း… ကျောင်းတယ်မယ်ဆိုပြီး တက်… ပြီးရင် ပျင်းသွားရော… အခုတော့ အန်တီတို့တောင် စာမေးပွဲတွေဖြေတုန်းဆိုတော့ သမီးလည်း မပျင်းဖို့ ကြိုးစားပါတော့မယ်လို့….

    တူမ
    မွန်မွန်

Leave a Reply