thit minDecember 5, 20124min38741
ဝမ်းသာစရာသတင်း   “ဒီမြှားက ဘယ် အရပ်ကလာတာလဲ၊ ဒီမြှားကို ဘယ်သူပစ်တာလဲ ၊ ဘယ်သူကပစ်ခိုင်းတာလဲ၊ဘယ်လိုမြှားအမျိုးအစားလဲ ဆိုတာ လေ့လာသင့်ပေမဲ့ ပထမဦးစားပေးကတော့ အခု ဝေဒနာ ခံစားနေရသူများကို ဆေးကုဖို့လိုအပ်တာပါ။ ခုသတင်းလေး က အရမ်းဝမ်းသာဖို့ကောင်းပါတယ်။ ပြည်ဝင်ခွင့်ကိုလဲ လွယ်လွယ်ကူကူဖြစ်ပါစေ။”  Special credit to Venus News Weekly   ဒဏ်ရာရ သံဃာတော်များကို နိုင်ငံလေးနိုင်ငံမှ အရေပြားဆရာဝန်များ လာရောက်ကုသပေးမည်   ကျော်ဇေယျာထွန်း ရန်ကုန်၊ ဒီဇင်ဘာ ၅။   လက်ပံတောင်းတောင် အထွေထွေ သပိတ်စခန်းများအား အစိုးရက အကြမ်းဖက်ဖယ်ရှားစဉ် ဒဏ်ရာရခဲ့သော   သံဃာတော်များကို ထိုင်းနိုင်ငံ၊ ထိုင်ဝမ်၊ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အရေပြားအထူးကု ဆရာဝန်များ   လာရောက် […]


thit minNovember 20, 201222min20925
ကိုယ်ဟာကိုကြည့်ရင်း သဘောကျတာနဲ့ အားလုံးကြည့်လို့ရအောင် စုထားပေးတာပါလို့။ ဓာတ်ပုံများကို http://8888linker.blogspot.jp/ နှင့်  http://www.thithtoolwin.com/ http://www.yeyintnge.com/2012/11/blog-post_273.html တို့မှ ရယူပါသည်။ ဘလော့ဂ်၊ဝက်ဆိုဒ် ပိုင်ရှင်များနှင့်တကွ သက်ဆိုင်ရာဓာတ်ပုံများ၏မူလ ပိုင်ရှင်များအားအထူး ကျေးဇူးတင်ရှိပါကြောင်း။   http://www.yeyintnge.com/2012/11/blog-post_5603.html____________________________________________________________ ဖုတ်ပူမီးတိုက် ရန်ကုန် (ကာတွန်း – ဝလုံး)   လာပါပြီ……………….. The Beast Historic record        အမေ့အိမ်               ပြောစရာတွေအများကြီးရှိပုံပေါက်တယ်။   (အမေစုခြံထဲကလုံခြုံရေး) အင်းလျားကန်ပါးရှောက်ကာသွား (အမေစုခြံထဲကလုံခြုံရေး) တယောက်ထဲလားမေးတော့ ဒီမှာတအုပ်ကြီးပါ ((အမေစုခြံထဲကလုံခြုံရေး))   အမေ့ခြံထဲမှာ ရာသီအလိုက် ဖူးပွင့်တဲ့   အိမ်တလုံးနှင့်လူတယောက်ဆီသမိုင်းဝင်ပထမဆုံးသွားရောက်ဂါရဝပြုတဲ့အမေရိကန်သမ္မတ  Credit […]


thit minNovember 19, 20121min39055
    ကံ ဆိုးတယ်လို့ ပြောနေကြတာနဲ့ ပါတ်သက်လို့ အတွေး တခု ရတယ်။ လက်ရှိအနေအထားက သူတောင်းစားဘဲ ဖြစ်ဖြစ်၊သူဌေးသားဘဲ ဖြစ်ဖြစ်၊ သူ့ဘဝကို သူကျေနပ်တယ်၊ ပျော်ရွှင်နိုင်တယ် ဆိုရင် အဲဒါ သူ့အတွက်အကောင်းဆုံးဘဝ ပါဘဲ။ အဲ ..မကျေနပ်ဘူး၊ မပျော်ရွှင်နိုင်ဘူး ဆိုမှ “ကံ” ဆိုးလိုက်တာလို့ ပြောတတ်ကြတယ် ဆိုတာပါ။ ~~~~~~~ သူ့ဘဝသူ ပျော်ရွှင်ကျေနပ်နေတဲ့ အဖြစ်အပျက်လေး ပြောပြပါ့မယ်။ တခါက ဗဟန်းဘက်မှာ ဒေါ်နု ဆိုတဲ့ အဖွားကြီးဟာ မြေကွက်အကျယ်ကြီးပိုင်ပါတယ်။ သူ့မြေကွက်ကို ခြံတွေခတ်ပြီး (အကွက်ရိုက်ပြီး) ရောင်းပါတယ်။ အဲဒီလိုနဲ့ သူ့မြေကွက်ကြီးထဲမှာ ကိုယ်ပိုင်ခြံနဲ့ အိမ်လေးတွေ အစီစီအရီရီ ပေါ်လာခဲ့ပါတယ်။ ဗြိတိသျှ ကိုလိုနီ ခေတ်ဆိုတော့ အဲဒီ အိမ်တွေအပါအဝင် အဲဒီ ဒေါ်ဒေါ်နု […]


thit minNovember 2, 20121min58762
  နိဒါန်း(သို့)နောက်ခံအကြောင်းအရာ ဤစာသည် ယခင် ကျနော် ရေးခဲ့သော စာတမ်းငယ် “ဗီလိန်” ၏ အဆက်ဟုဆိုနိုင်ပါသည်။ သို့သော် ဤလက်ရှိစာတမ်းကိုသာ သီးသန့်ဖတ်ရှုခြင်းဖြင့်လည်း အဆင်ပြေပါကြောင်းဦးစွာပြောလိုပါသည်။ ကျနော် စာတအုပ်ကိုဖတ်မိပြီးတိုင်း တွေးတတ် တွေးလေ့ရှိပါတယ်။ အဲဒီ တွေးမိတဲ့အတွေးတွေကို ၂ ရက် ၃ရက်ကနေ တပါတ် နှစ်ပါတ်ကြာသည်အထိတွေးမိလာရင်တော့ စာရေးဖို့ စကားတွေ (တနည်းအားဖြင့် စာသားတွေ) ရင်ထဲ ရောက်လာပါတော့တယ်။ ဒီတခါဖတ်မိတဲ့ စာအုပ်ကလေးကတော့ PRIO လို့ခေါ်တဲ့ International Peace Research Institute, Oslo ကထုတ်ဝေပြီး Johan Galtrung ဆိုသူရေးသားတဲ့ Peace by Peaceful Means (ငြိမ်းချမ်းရေးအတွက်ငြိမ်းချမ်းရေးနည်းလမ်းများ) ဆိုတဲ့စာအုပ်လေးပါ။ ဘာလို့ ပြန်ပြောချင်လောက်အောင် စိတ်ဝင်စားရလဲဆိုတာလေးကို ပြောရရင် အဲဒီစာအုပ်ထဲမှာ […]


thit minFebruary 11, 20123min78230
    ကျနော်ငယ်ငယ်က ဖွားဖွားကသီချင်းဆိုသိပ်လေ့ရှိပါသည်။ သူဆိုသော သီချင်းများစွာထဲက တပုဒ်တွင် “ဘမော် ဘဦးတို့က ရှူပ်သနော်၊ ပုဒ်မ ပုဒ်ထီးတို့ကိုထုတ်ဖော်၊ တိုင်းသူပြည်သားတို့ရဲ့အပေါ်”  ဆိုတဲ့ စာသားပါလို့ မေးမိပါတယ်။ ဦးဘမော်ဆိုတာ အဓိပတိဘမော်လို့ခေါ်တဲ့ လွတ်လပ်ရေးမရခင် ၁၉၃၇ ခုနှစ်က ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ နန်းရင်ဝန်(ခုခေတ် ဝန်ကြီးချုပ်)ပေါ့သားရဲ့။ ဂျပန့်ခေတ်မှာတော့ နိုင်ငံတော်အကြီးအကဲ-အဓိပတိဘမော်ဖြစ်လာတယ်။ ဦးဘဦးကတော့ ဆာဘဦး ဆိုတဲ့ ၁၉၅၂ ခုနှစ်က မြန်မာနိုင်ငံသမ္မတကြီးပေါ့။ အိမ်မှာ အဲဒီတုန်းက ဒေါက်တာဘဟန်ရဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ်ကိုပြပြီး သူက အဓိပတိဘမော်ရဲ့အကိုကြီးလေ လို့ပြောပါတယ်။ ကျနော်သူတို့အကြောင်းပြောပြချင်ပါတယ်။ ကောင်းခြင်းဆိုးခြင်းတွေ ရောနှောနေတဲ့ လူ့ဘဝ၊ အမှန်နဲ့အမှားဒွန်တွဲနေတတ်တဲ့ လူ့သဘာဝတွေ ကို သူတို့၊သူတို့တွေရဲ့ ဘဝအတွေ့အကြုံတွေနဲ့ ထင်ဟပ်ကြည့်ချင်လို့ပါ။ ပြီးတော့ လူတယောက်ရဲ့ သမိုင်းဆိုတာ သည်လိုရှိတတ်ပါလားလို့ သင်ခန်းစာယူချင်ရင်လဲယူနိုင်အောင်ပါ။ […]


thit minFebruary 4, 20121min46777
ပညာရေးနှင့် အတွေ့အကြုံ ဘယ်သို့ဘယ်ပုံသုံးရမယ်။  လူမူဖွံ့ဖြိုးမှုကိုရည်ရွယ်ပြီး တိုင်းပြည်တိုင်းက ပညာရေးကို အလေးပေးလုပ်ဆောင်လာကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ပညာရေးအသုံးစရိတ်တွေ တိုးမြှင့်ပေးဖို့သတင်းမှာ—————  “လာမယ့်​ ဘဏ္ဍာ​ရေး​နှစ်အတွက် ပညာ​ရေး​ အသုံး​စရိတ်ကို ၂ ဆနဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ အသုံး​စရိတ်ကို ၄ ဆ တိုး​မြှင့်​သုံး​စွဲဖို့​ အစိုး​ရက လွှတ်​တော်ကို တင်သွင်း​လိုက်ပါတယ်။ ဒီက​နေ့​ပြုလုပ်တဲ့​ ပထမအကြိမ် ပြည်​ ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​ တတိယပုံမှန် အစည်း​အ​ဝေး​မှာ အမျိုး​သား​စီမံကိန်း​နှင့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​ တိုး​တက်မှု ဝန်ကြီး​ဌာနနဲ့​ ဘဏ္ဍာအခွန်ဝန်ကြီး​ဌာန​တွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေမူကြမ်း​မှာ အခုလို တိုး​မြှင့်​တင်သွင်း​လိုက်တာပါ။ အရင်က အမျိုး​သား​ဝင်​ငွေ (GDP) ရဲ့​ ၁.၃ ရာခိုင်နှုန်း​လောက်ရရှိတဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍအတွက် ၅.၂ ရာခိုင်နှုန်း​လောက်အထိ၊​ အရင်က GDP […]


thit minFebruary 1, 20125min37848
ခြေလှမ်း မတ်တတ်ရပ်ခြင်းက ခြေထောက်နဲ့ပါတ်သက် လှမ်းထွက်လို့ခရီးပေါက် ပြီးမြောက်တာတွေဖြစ်သတဲ့။ ခြေထောက်သွားရာလူပါတာ စိတ်စေစားရာလူပါတာ အပြန်အလှန်အသိနဲ့သွား အဲဒီခရီးများပါဘဲ။ စိတ်ရဲ့ဦးတည် အရပ်ဆီသို့ ရွေ့ညီတန်းတန်း ခြေထောက်လှမ်းခြင်း သိမ်းပိုက်ရင်းက ခရီးခုလတ် တဝက်ပြတ်မှာ မတ်တတ်ပြန်ကြည့် အမှားရှိဖွေရှာ သင်သွားရာလမ်း ဆန်းလို့စစ်လေ ချစ်မိတ်ဆွေ။ (^^)Mg Thit Min —————————— အစ်မလတ်ပို့စ်ရဲ့ ကော်မန့်မှာ ညီ ရေးထားတာ တွေ့လို့ပြန်ရေးရင်း ရှည်သွားလို့ရယ်၊ ပြီးတော့ (၉၀) မြောက် ပို့စ်အထိ တကန့် ရေးမယ်ဆို တဲ့ ကိုယ့်ရဲ့ တားဂက်အတွက်ရယ် ကြောင့် ပို့စ်တင်လိုက်ပါတယ် ချစ်ညီလေး အင်ဇာဂီ ရေ။   ဟုတ်ပါပြီ ညီလေးရေ ညီလေး Comment ကို  မဖြေခင်မှာ စာရေးသူ စာဖတ်သူ အကြောင်းလေး ပြောကြည့်ချင်တယ်ဟေ့။ စာရေးသူဘက်ကဆိုရင်…….. စာရေးတယ်ဆိုတာ […]


thit minJanuary 25, 20121min55282
သူကြီးသို့ ((ကြိုပြောပါရစေ၊ ကျနော်ပြောတာကိုလုံးဝသဘောမတူရင်လည်း အဆင်ပြေပါတယ်ခင်ဗျား၊ စိတ်ထဲ ရှိတာပြောပြချင်လို့ အကြံပြုခြင်းသာပါ၊ သူကြီး ဆန္ဒကသာ အဓိကပါ။) နိုင်ငံတခုရဲ့ပြုပြင်ရေးဟာ နိုင်ငံရေးစနစ်က100% ဆိုတဲ့နေရာကရှိမနေဘူးဆိုတာ သူကြီးနဲ့ ကျနော်သဘောထားချင်းတိုက်ဆိုင်မှုရှိတဲ့အတွက် ကျနော်သဘောထားကို တိုက်ရိုက်တင်ပြခြင်းပါ။ (မဆိတ်ပါနှင့်)။ ခုလက်ရှိအနေအထားမှာ နိုင်ငံတော်မှာ ပြောင်းလဲမှုတွေဖြစ်လာပြီး အဲဒီအတွက်ဘာတွေပြု ပြင်လုပ်ဆောင်ရမလဲဆိုတာ စဉ်းစားကြတဲ့အချိန်ကာလမဟုတ်ပါလား။ ပြည်သူ့ပြည်သားတွေရဲ့ လမ်းကြောင်းတွေကိုခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် (၁) အစိုးရအပါအဝင်အားလုံးညီညီညွတ်ညွတ်နဲ့ပူးပေါင်းရေးလမ်းကြောင်း၊ (၂)ကိုယ့်အဖွဲ့အစည်းအလိုက်နိုင်ငံတော်အတွက်လုပ်ချင်လို့ရွေးကောက်ပွဲဝင်တဲ့လမ်းကြောင်း၊ (၃) နိုင်ငံတော်ပိုင်းဆိုင်ရာလိုအပ်ချက်တွေထဲက ကိုယ်တတ်နိုင်တဲ့လူမှူ့အဖွဲ့တွေလုပ်နေတဲ့လမ်းကြောင်း၊ (၄)ဘုံရန်သူမရှိတော့လို့ အချင်းချင်းပြန်ချ လမ်းကြောင်း၊ (၅) အတိတ်သမိုင်းကမကောင်းသူများကိုမပူးပေါင်း၊ဆိုုတဲ့လမ်းကြောင်း၊ ဆိုပြီး လမ်းကြောင်းတွေပေါ်လာပါတယ်။ ဆိုလိုတာက နိုင်ငံတော်အဆင့်နဲ့၊ နိုင်ငံရေးစနစ်ဆိုတဲ့အပေါ်မှာပြုပြင်ပြောင်းလဲရေးကို အများစုဝိုင်းလုပ်နေ ကြပါတယ်။ စဉ်းစားရင်လဲ အဲဒီဟာကိုဘဲစဉ်းစားကြပါတယ်။ ကျနော့အမြင်ကတော့တမျိုးပါ။ ကိုဖက်တီးရဲ့ ဈေးမရောင်းရ ဆိုင်းဘုတ်အောက်ကဆိုင်ရယ်။ ဒေါ်ဧတုန်ရေးတဲ့ အဓိပတိ စပယ်ယာတွေဟာ နိုင်ငံရေးစနစ်နဲ့ရော၊အစိုးရနဲ့ရောမပါတ်သက်ပါဘူး။ ပါတ်သက်တယ်လို့ […]


thit minJanuary 22, 20121min22213
ဤနေရာတွင် ပါဝါဆိုသည်ကိုပြောရလျှင် အခွင့်အာဏာအင်အားကိုဆိုလိုပါသည်။ အာဏာပါဝါဆိုသောစကားကို ကြားဘူးကြပါလိမ့်မည်။ ငယ်စဉ်ကလေး ဘဝ ကတည်းက လူသည် အမိန့်ပေးခံခဲ့ရသည်။ ဟိုဟာမလုပ်နဲ့၊ ဟိုမသွားနဲ့၊ ဟိုဟာမစားနဲ့၊ ဒီဟာကိုလုပ်၊ဒီကိုသွား၊ ဒီဟာကိုလုပ်ဟု မိဘအုပ်ထိန်း သူများမှ အစပြု၍ ဆရာဆရာမ အလယ် အချင်းချင်း အဆုံး ပြောကြဆိုကြ အမိန့်ပေးတတ်ကြသည်။ ဤနေရာတွင် ပြောသည့်အတိုင်း လုပ်ခြင်း မလုပ်ခြင်းပေါ်တွင် တုံ့ပြန်မှုအမျိုးမျိုးရှိသည်။ တချို့က ဘာတုံ့ပြန်မှုမရှိ၊ မလုပ်လဲရသည်။ တချို့ကြ မလုပ်ရင်၊ အပြစ်ပေးခံရသည်။ အနဲဆုံးစိတ်ဆိုးတာခံရမည်။ အနောက်တိုင်းစကားအရတော့ မုံလာဥနီ နှင့် တုတ် ဟု ဆိုသည်။ တိရိစာ္ဆန် လေ့ကျင့်သော နေရာမှ လာပုံရသည်။  မျောက်တကောင်ကို ဂျွမ်းထိုးခိုင်းမည်။ ခိုင်းသည့်အတိုင်းလုပ်ပါက မုံလာဥနီ ကျွေးမည်။ ခိုင်းသည်ကိုမလုပ်ပါက တုတ် နဲ့ ရိုက်မည်။ […]


thit minJanuary 21, 20123min36637
မိတ်ဆက်စကား အားလုံးသော ဝင်ရောက်ဖတ်ရှူ့သူများကို ပထမဦးစွာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျနော်တို့ ဂေဇက်ဆီမီနာကို ဝိုင်းဝန်းဆွေးနွေးကြတဲ့ အခါ တော်တော်များများဟာ လာဖတ်သွားတယ် ဆိုတာတွေ့ရပါတယ်။ဆီမီနာ -၂ မှာ လာဖတ်သူ ထောင်ကျော်ရှိကြောင်း စာရင်းအရ သိရလို့ လူတထောင် ကျော်တက်သော ဆီမီနာတခုဖြစ်ခဲ့ပါတယ်။(Hits ကိုကြည့်ပါ။) သို့ပေမဲ့ ဝင်ရောက်ဆွေးနွေးသူကတော့ ၆ဝ နဲ့ ၇ဝ ကြားသာရှိခဲ့တာကို ကော်မန့်တွေအရ သိရပါတယ်။ နောက်တခုကတော့ မpadonmar ကခုလို ပြော(ကော်မန့်ပေး)လာပါတယ်။ —————————————————— ဒီ post လေးကို မှော်ဆရာဂရုမှာတွေ့လိုက်ရပါတယ်။ အစိမ်းရင့်ရင့်ဆိုသူလေးက တင်ထားတာပါ။ကြိုက်လို့ share လိုက်တာနေမှာပေါ့။ http://groups.google.com/group/mrsorcerer/browse_thread/thread/ffd897e997ad0040 ကိုသစ်သိအောင် အကြောင်းကြားတာပါ။ ကိုသစ်စာတွေက များများပျံ့နှံ့လေ ကောင်းလေလို့မြင်ပါတယ်။ ——————————————————— ကျနော် ဆိုလိုချင်တာက လူတော်တော်များများက ပြုပြင်လိုစိတ်ရှိတာ၊ပြုပြင်ရမယ်လို့သိလာတာ၊ […]


thit minJanuary 17, 20121min28030
ကဗျာက ၂ ပုဒ်ပါ။ ပို့စ် ၂-ခုမတင်ချင်လို့ပေါင်းတင်လိုက်ပါတယ်။ အမှန်က သီးခြားစီ ပါ။ အကယ်၍ ဇွတ်-ရောထွေးခံစားကြည့်မယ်ဆိုလဲ မငြင်းပါ။ ———– သုညအတွက် ———– ရေလောင်းမှ ရှင်တဲ့အပင် ရေပြင်အောက်ငှုပ် ရေမြုပ်ရင် သေသလို နေရောင်နဲ့ ပွင့်တဲ့ပန်းမျိုး နေထိုးလို့ငြိုးသလို လိုတာထက်ပိုခဲ့ရင် ဝင်လာတဲ့အကျိုးတရား အဆိုးများနဲ့ဇာတ်သိမ်းတတ်မို့ အရှိန်ထိန်းတဲ့ မီးဝါကိုကြည့် သတိ နီပြီဆိုရပ် ဖြတ်ကနဲ စိမ်း မှဆက် (ဒါဆို)အသက်ရှည်မယ်လား။ အမျက်ပြေဖို့ဆိုရင်တော့ အတ္တကိုကြိုးနဲ့တုပ် မလှုပ်အောင်ထိန်းတဲ့ လေ့ကျင့်ခန်း မမောတမ်းကျင့်ရမှာတဲ့ အသင့်ရတာလောက်နဲ့ ဘယ်သူကျေနပ်လို့လဲ မနေတတ်တာက မပြည့်သေးလို့ဆိုသူဆို ပိုသူတွေမှာ လဲ အတောမသတ် ဟင် …… အမောဇာတ်ကို “က” လောကဓာတ်ကို ပြတာက ပိုင်ဆိုင်မှု တခုခုတဲ့ လေ။ အတ္တကိုဖက် အသက်တော့ […]


thit minJanuary 13, 20125min59936
ယခုခေတ် ခေါင်းဆောင်မှုဟာ အရင်တုန်းက ခေါင်းဆောင်မှုနဲ့ နဲနဲမျှ မတူတော့ဘူးဆိုတာ ကောင်းကောင်းသတိထားကြပါ။ ရှေးတုန်းက ခေါင်းဆောင်မှုဟာ အစည်းအဝေးတက်တာမှာ စပြီး ဆုံးဖြတ်ချက်တွေချတာမှာ အဆုံးသတ်တာပဲ။ ယခုခေတ် ခေါင်းဆောင်မှုဟာ ဒါလောက်နဲ့ မဖြစ်တော့ဘူး။ ယခုခေတ် ခေါင်းဆောင်မှုဟာ ပြာပုံနဲ့ လောင်စာသာ ကျန်တော့တဲ့ ဘဝဆိုးကြီးမှ ဗမာပြည်ကြီးကို အသစ်ပြန်လည်ထူထောင်နိုင်တဲ့ ခေါင်းဆောင်မှုဖြစ်ရမယ်။ (ဗိုလ်ချုပ်အောင်ဆန်း၏ ‘လမ်းနှစ်ခွ’ မိန့်ခွန်းမှ) Acknowledgement Special thanks to “KoAungZaya (Myanmar Cupid Community Forums) -Source:news-eleven.com/ -Source: Weeklyvoice -Source: Eleven Journal and Eleven Media Group -Photo..The voice weekly -Source: 7Day News Journal […]


thit minJanuary 8, 20121min55528
မြတ်နိုးခြင်း သင်သည်ဘာကိုအမြတ်နိုးဆုံးလဲ သင်သည်ဘာကိုမြတ်နိုးပါသလဲ။ ဘယ်လောက်ထိမြတ်နိုးပါသလဲ။ သေသေခြာခြာစဉ်းစားပြီးဖြေကြည့်ပါ။ ရှေ့တန်းတိုက်ပွဲဗုံးသံ၊သေနတ်သံများကြားတွင် စစ်သားသည် သူ့ အသက်ကိုမြတ်နိုးမည်။ မွေးဖွားခါနီး မိခင်သည်သူ့အသက်ထက် သူမွေးသောသားသမီးကိုမြတ်နိုးမည်။ ဆင်းရဲခြင်းတွင်ကာလကြာရှည်နေစွာနေလေရသောခါးသီးမှုကို မခံနိုင်၍ငွေကိုမြတ်နိုးမည်။ ငွေရေးကြေးရေးစီးပွါးရေးအတွက် အသက်၊အချိန်၊ကိုယ်ကာယကိုအသုံးပြု၍ရှာဖွေရင်း ငွေကြေးစည်းစိမ် ခံစား စံစားရခြင်းကိုနှစ်သက်လာပြီး ငွေကိုပိုမိုခင်တွယ် မြတ်နိုးမည်။ သူတော်စင်တပါး၊တယောက်သည် သူ့တရား၌ သူမွေ့လျှော်မြတ်နိုးမည်။ လောကီလူ့ဘဝတွင် ရေစုန်ရေဆန် ကူးလူးရင်း မဖြစ်မနေ အခတ်အခဲလောကဓံများနှင့်ရင်ဆိုင်ရသောအခါ ငြိမ်းအေးစွာနေရသော “ဘဝ” ကိုလူတို့မြတ်နိုးမည်။ ဤတွင်ဝေဝါးတော့သည်။ သင့်တင့်သောငွေနှင့်ရပ်တည်ရေးအတွက်အတတ်ပညာဖြင့်ရပ်တည်ရေး၊ စီးပွါးရေးလုပ်ငန်းဖြင့်ရပ် တည်ရေးသူတပါးဝန်ထမ်းအဖြစ်ရပ်တည်ရေးများအစရှိသဖြင့်ပုံစံအမျိုးမျိုး ရှိကြကုန်သောအခါ ကိုယ်မြတ်နိုးရာကိုဘယ်လိုနည်းနှင့်ရအောင်ယူမလဲဟုစဉ်းစားတော့သည်။ တရားသဖြင့်၊မတရားသဖြင့်စဉ်းစားသလားမစဉ်းစားသလားဆိုသောအချက်ထက်ကိုယ့်မြတ်နိုးမှုကိုရ လိုမှုကိုအဓိကထားလိုက်သောအခါ မတရားသဖြင့်ဟူသောလုပ်ရပ်များကိုလုပ်ကြတော့သည်။ ဪ မိမိမြတ်နိုးရာရရေးက အရေးကြီးသည်မဟုတ်ပါလော။ကိုယ်ကျင့်တရားနဲ့လဲရလဲရဘာနဲ့ဘဲ လဲရလဲရ ရတာလိုရင်းမဟုတ်ပါလားဟု စဉ်းစားသောအခါ မိမိ၏ရလိုမှုသည် သူတပါး၏ မျက်ရည်၊သွေး၊ချွေး၊တို့ဖြစ်ရလေပြီ။ မှန်မှန်ကန်ကန်နှင့် ကိုယ်မြတ်နိုးရာကိုရယူနိုင်ဘို့လိုသည်ဟု ဆိုချင်သည်။ သင်မြတ်နိုးရာသည် ဘာလဲ။ […]