မဖွရင်မနေနိုင်တာကလွဲလို့
ကံ ဆိုးတယ်လို့ ပြောနေကြတာနဲ့ ပါတ်သက်လို့ အတွေး တခု ရတယ်။
လက်ရှိအနေအထားက သူတောင်းစားဘဲ ဖြစ်ဖြစ်၊သူဌေးသားဘဲ ဖြစ်ဖြစ်၊
သူ့ဘဝကို သူကျေနပ်တယ်၊ ပျော်ရွှင်နိုင်တယ် ဆိုရင် အဲဒါ သူ့အတွက်အကောင်းဆုံးဘဝ ပါဘဲ။
အဲ ..မကျေနပ်ဘူး၊ မပျော်ရွှင်နိုင်ဘူး ဆိုမှ “ကံ” ဆိုးလိုက်တာလို့ ပြောတတ်ကြတယ် ဆိုတာပါ။
~~~~~~~
သူ့ဘဝသူ ပျော်ရွှင်ကျေနပ်နေတဲ့ အဖြစ်အပျက်လေး ပြောပြပါ့မယ်။
တခါက ဗဟန်းဘက်မှာ ဒေါ်နု ဆိုတဲ့ အဖွားကြီးဟာ မြေကွက်အကျယ်ကြီးပိုင်ပါတယ်။
သူ့မြေကွက်ကို ခြံတွေခတ်ပြီး (အကွက်ရိုက်ပြီး) ရောင်းပါတယ်။
အဲဒီလိုနဲ့ သူ့မြေကွက်ကြီးထဲမှာ ကိုယ်ပိုင်ခြံနဲ့ အိမ်လေးတွေ အစီစီအရီရီ ပေါ်လာခဲ့ပါတယ်။
ဗြိတိသျှ ကိုလိုနီ ခေတ်ဆိုတော့ အဲဒီ အိမ်တွေအပါအဝင် အဲဒီ ဒေါ်ဒေါ်နု ပိုင်းရောင်းခဲ့တဲ့ခြံတွေ
အားလုံးအတွက် ရန်ကနား ဆိုတဲ့ သူကို ညရေးညတာ သူခိုးသူဝှက်အတွက် အစောင့်
အဖြစ်ထားပါတယ်။
ရန်ကနားအတွက် ဒေါ်ဒေါ်နု ကဘဲ အခကြေးငွေပေးတာပါ။
ကျန်တဲ့အိမ်တွေကတော့ တာဝန်မရှိပါဘူး။ကြုံသလိုမုန့်ဘိုးပေးတာတော့ရှိပါတယ်။
ရန်ကနားဟာမိသားစုနဲ့နေပါတယ်။ မိန်းမနဲ့ ကလေး တယောက်ပါ။
ညညဆို ရန်ကနားဟာဗုံတီးပါတယ်။
(အင်းမ်)…သူတို့လူမျိုးရဲ့ သီချင်းကို ဆိုပါတယ်။
သူ့သမီးလေးက “က” ပြီး သူ့မိန်းမက လက်ခုပ်တီးပါတယ်။အဲဒီလို ပျော်ရွှင်စွာနေပါတယ်။
သူရတဲ့ လုပ်ခဟာသူတို့မိသားစု စားလောက်ရုံလောက်ဘဲ ရှိတာပါ။ ဒါပေမဲ့ သူပျော်ရွှင်စွာနေနိုင်ပါတယ်။
ဒီလိုနဲ့ တခုသောနှစ်တနှစ်ရဲ့ မြန်မာနှစ်ကူးမှာ ခြံထဲမှာအလှူစုပြီးလုပ်ပါတယ်။
နေသူတွေကလဲ မြန်မာတွေဘဲ ဆိုတော့အားလုံးတိုင်ပင်ပြီး ရန်ကနား လေးကို နှစ်ကူးအထူး ဆိုပြီး ပိုက်ဆံ
စုပြီး ပေးကြပါတယ်။
အများနဲ့ စုလိုက်တော့ ပုလိပ်(ခုတော့ ရဲ ပေါ့ဗျာ)လစာ ရ ကျပ်ခွဲ၊ ရွှေ ၁ ကျပ်သား ၁၆ ကျပ် ဆိုတဲ့ ခေတ်မှာ
ရန်ကနား ဟာ ငွေ ၃ဝ ကျပ် ကျော်လောက် ရသွားပါသတဲ့။
အဲဒီ ငွေဟာသူ့ရဲ့ ၁ နှစ်စာလုပ်အားခ ထက်များတယ်တဲ့။
အဲဒီလိုနဲ့ လူတွေက ဒီလိုတွေးကြတယ်။
ရန်ကနားဟာ လစာ ၁ ကျပ် ခွဲ လောက်နဲ့ နေခဲ့ရတုန်းက ဗုံတီးပြီးသီချင်းဆိုတယ် ဆိုရင် ခုလောက်များများ
ရလိုက်တော့ ညတိုင်း ကွေးနေအောင် “က” မှာ ပေါ့လို့ စဉ်းစားကြသတဲ့။
အဖြစ်မှန်ကတော့ အဲဒီလိုမဟုတ်ဘဲ အဲဒီနေ့ကစပြီး ရန်ကနား ဗုံမတီး၊သီချင်းမဆိုတော့ပါဘူးတဲ့။
လေး ငါး ရက်ကြာအောင် ဗုံသံတိတ်၊ သီချင်းသံတိတ်နေလို့ လူတွေစိတ်ဝင်စားပြီး ရန်ကနားကိုသတင်းလာ
မေးကြတာပေါ့။
ရန်ကနားရဲ့ တဲလေးကိုရောက်တော့ ငိုင်ငိုင်တွေတွေနဲ့ ရန်ကနား ကိုတွေ့ကြရတယ်။
ဘာဖြစ်လို့လဲကွ ရန်ကနား၊ မင်း ပိုက်ဆံတွေ အများကြီး ရှိနေတာ မပျော်ဘူးလားလို့ ဝိုင်းမေးကြပါရော။
ရန်ကနား က ဒီလိုဖြေတယ်။
ကျနော်ကို အဒေါ်(ဒေါ်ဒေါ်နု) က တလ တကျပ်ပေးတယ်။ အားလုံးက နဲနဲစီမုန့်ဘိုးပေးတော့ ၁ ကျပ်ခွဲ
လောက် ကျနော် လစဉ် ရတယ်။ အဲဒါ ကျနော်တို့စားတယ်၊ကလေးနဲ့မိန်းမကိုလိုတာလေးတွေ ဝယ်ပေးတယ်။
ကုန်သွားတယ်နော်။ ပူစရာမရှိဘူး။ နောက်လ ကျရင် ရမယ်။ အဲဒီလိုနဲ့ ကျနော် ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်။
ခု ကျနော်ကို အလှူလုပ်တယ်။ ကျနော် ပိုက်ဆံ တွေအများကြီး ရသွားပြီ။
အဲဒီ ပိုက်ဆံတွေကိုကျနော် ကုန်သွားမှာကြောက်နေတယ်။ပူနေတယ်။
ကျနော် နောက်ထပ်ဒီလိုရဘို့ မလွယ်ဘူး။ ဒီပိုက်ဆံကို ခိုးခံရမှာ၊သုံးလို့ကုန်သွားမှာ၊အလုခံရမှာ
ကျနော်ကြောက်နေ တယ်။ ကျနော် စိတ်ပူနေရတယ်။ ကျနော် အမြဲဒီပိုက်ဆံတွေအတွက် စိုးရိမ် နေရတယ်။
အဲဒီလိုဆိုတော့ သီချင်းလဲဆိုလို့မရဘူး။ ဗုံလဲတီးလို့မရတော့ဘူး။ လို့ ပြောရှာပါတယ်တဲ့။
အဲဒီလိုဆိုတော့ အဲဒီ ပိုက်ဆံ ၃ဝ မရခင်က သူ့ကိုယ်သူ ကံဆိုးတယ်လို့ သူမပြောခဲ့ပါဘူး။
ထင်လဲ မထင်ခဲ့ပါဘူး။
လူဟာ သူ့ဘဝသူကျေနပ်နေရင် အဲဒီ “ကံ” ဆိုးတယ် စကားကို မည်တွန် တောက်တီးမှူမရှိပါဘူး။
~~~~~~~~~~~~~~~~
နောက်တခုကတော့ ကျနော့မှာ ငယ်သူငယ်ချင်း ရဲ အရာရှိ တယောက်ရှိပါတယ်။
မြို့ကြီးတမြို့ မှာ သူတာဝန်ကျတုန်း ကျနော် အလည်ရောက်သွားတော့။
သူက အိမ်တအိမ် ကိုခေါ်သွားပါတယ်။ အဲဒီအိမ်မရောက်ခင် ငါ့အရိပ်အကဲကိုကြည့်ပြီး မင်းလှုပ်ရှားလို့
ပြောပါတယ်။ ကျနော်လဲ ဘာကိုဆိုလိုမှန်းမသိပေမဲ့ သူပြောတဲ့အတိုင်းပေါ့လို့ စဉ်းစားထားပါတယ်။
အိမ်က တော်တော်ကြီးတဲ့ တိုက်ကြီးပါ။ ကား ၃ စီးရပ်ထားတာတွေ့ပါတယ်။
ခြံဝန်းနဲ့ ပန်းခြံနဲ့ပါ။(အဲဒီအရပ်ခေါ်တဲ့အတိုင်း ဆိုရရင် ဝိုင်း နဲ့ ပါ)
ဒါနဲ့ အိမ်ထဲရောက်သွားတော့ မိသားစုတစုနဲ့ တွေ့ပါတယ်။ ဆိုဖာတွေရှိပေမဲ့ ပလပ်စတစ်တွေနဲ့
အုပ်ထားပါတယ်။
ကျနော့သူငယ်ချင်းနဲ့ ကျနော်အဲဒီ ဧည့်ခန်းထဲ ရောက်သွားတော့ မှ အဲဒီ အစွပ်တွေကိုဖယ်ပေးပါတယ်။
ထိုင်လိုက်ကြပါတယ်။(သူထိုင်လိုက်လို့ကျနော် လိုက်ထိုင်တာပါ။ သူမှာထားတာကိုး)
နောက်တော့ ကျနော့သူငယ်ချင်းနဲ့ စကားတွေပြောကြပါတယ်။
ထူးခြားမှူဆိုလို့ကျနော် ဘာမှမတွေ့လို့ငါအရိပ်အကဲကိုကြည့်ပြီးလိုက်လုပ်ဆိုတဲ့ စကားကို
ဘာမှန်းမသိရသေးပါဘူး။
မိသားစုထဲက သမီးဖြစ်သူက အသက် ၂ဝ ကျော်လောက်ရှိပုံပါ။
ဘွဲ့ရပြီးပြီလို့ ပြောသံကြားပါတယ်။ ရုပ်ရည်သန့်သန့်လေးပါဘဲ။
ဒါနဲ့ ကျနော့သူငယ်ချင်းနဲ့ အဲဒီမိသားစု စကားပြောပြီး ပြန်ကြပါတယ်။
ထူးထူးခြားခြား စပြီး သတိထားမိတာကတော့ ဒီလောက်ချမ်းသာပုံပေါက်ပြီး ဖော်ရွေတဲ့မိသားစု ဖြစ်ပါရက်နဲ့
ဘာနဲ့မှ ဧည့်မခံ၊မကျွေးမွေးတာပါ။
{ဒါလဲ ဖြစ်ရိုး ဖြစ်စဉ်လို့ စဉ်းစားရင်တောင် ရပါသေးတယ်၊ ပြည်လမ်းပေါ် အင်းလျားကန်နဲ့မနီးမဝေးမှာ
တိုက်၂လုံးပိုင်တဲ့ သူဌေးတယောက်အိမ်မှာ နံနက်စာ -ဘရိတ်ခ်ဖတ်စ်-စားဘူးပါတယ်။
မွေးထားတဲ့ ဒိုဘာမဲန် ၃ ကောင်ရဲ့ မျက်နှာမှမထောက် “ပျော်ဘွယ် မုန့်ကြွပ်နဲ့ ကော်ဖီကြမ်း” ပါခင်ဗျာ။
လွဲချက်၊မှန်းထားတာကတမျိုး။ အဲဒီ သူဌေးမိသားစု ကိုယ်တိုင်လဲ အဲဒါဘဲ စားတာနော်။
မုန့်ဟင်းခါးလောက်ဆိုရင် မပြောပါဘူး။
(ဟဲ ဟဲ ဒီစာဖတ်မိသူများ ကျနော် လာလည်ရင် ကောင်းကောင်းဧည့်ခံအောင်”ချုပ်” တယ်လို့မထင်စေချင်ပါ။
ဒါက နောက်တာပါ။)}
ဆက်ပြောရရင် အဲဒီလိုနဲ့ အဲဒီအိမ်ကပြန်ခဲ့ပါပြီ။
သူငယ်ချင်းကလမ်းမှာမေးပါတယ်။
မင်းသူတို့ကို စိတ်ညစ်နေတယ်၊စိတ်ဓာတ်ကျနေတယ်လို့ မြင်လားတဲ့။
ကျနော်က ကတ်သီးကတ်သတ်၊ ဒီလောက်ပြုံးရွှင်ကြည်နူးနေတာတွေ့နေရတာ။
ပိုက်ဆံလဲချမ်းသာတယ်လေကွာ။ ဆိုတော့…………
သူငယ်ချင်းက ဆက်ပြောပြတယ်။ ဟုတ်တယ် ငါလဲ သူတို့နဲ့ ခင်တာ နှစ်မနည်းတော့ဘူး။
အဲဒီလိုစိတ်ညစ်နေတဲ့ပုံစံမျိုးမတွေ့ဘူးဘူး။
ငါ့ကိုခင်နေကြတော့ရှိရင်လဲ ပြောပြမှာပါဘဲ။ခုထိအဲဒီလိုမကြားဘူးဘူးကွတဲ့။
ကျနော်လဲ စိတ်ဝင်စားတာတပိုင်း၊သူပြောတာကိုလဲ နားမရှင်းတာတပိုင်းနဲ့ နားထောင်နေရင်း
မေးခွန်းထုတ်လိုက်မိပါတယ်။
“သူတို့က ဘာဖြစ်နေလို့လဲ”
ကျနော်သူငယ်ချင်းက တခွန်းဘဲ တိုတိုတုတ်တုတ်ဖြေပါတယ်။
“လက်ပရိုစီတွေ”။
ကျနော်လန့်သွားတယ်။
ဒီလိုအဆင်နဲ့ ဒီလိုအနေအထား။
ခြေတွေလက်တွေ ကိုယ်လုံးတွေမှာ ဘာအနာမှ မတွေ့ခဲ့ရဘူးဆိုတော့။
ဟုတ်ရဲ့လားကွာလို့ ထပ်မေးမိပါတယ်။
ဟုတ်တယ် သူငယ်ချင်းရ၊ မျိုးနဲ့ရိုးနဲ့ ကို ရှိတာ။
ပိုက်ဆံရှိသွားတော့ ရောဂါကိုကောင်းကောင်းကုနိုင်သွားလို့ရယ်၊တတိယမျိုးဆက်ကျမှ
ပေါ်တယ်ဆိုတဲ့ အများပြောသလိုရယ်လို့ထင်ပါရဲ့ မင်းတွေ့တဲ့အတိုင်း လူကောင်းတွေလိုပါဘဲ။
ဒါပေမဲ့ ဧည့်သည်ကိုတော့သိပ်ဂရုစိုက်ပေးပါတယ်။
သူတို့က အရင်ကအရက်ချက်ရောင်းရင်း ကြီးပွါးသွားတာ။
ခုတော့ ကောင်းရောင်းကောင်းဝယ် အိမ်ခြံမြေ အလုပ်ကို သူတို့လိုရောဂါမရှိတဲ့
လူကောင်းအလုပ်သမားတွေနဲ့ လုပ်တယ်ပေါ့ကွာ။
အခု အမှုတခုက သူတို့ရောင်းလိုက်တဲ့ အိမ်နဲ့ ပါတ်သက်နေလို့လာစုံစမ်းတာပေါ့ကွာ။
လို့ရှင်းပြပါတယ်။
ကျနော် ဆက်စဉ်းစားတယ်။ သူတို့မှာ လူကောင်းတွေလိုတော့ စိတ်ရှိတိုင်းလုပ်လို့မရနိုင်ပါဘူး။
ဒါပေမဲ့ သူတို့ကြည့်ရတာ ပျော်ရွှင်လန်းဆန်းစွာရှိနေတယ်။
ကံ ဆိုးတယ်လို့သူတို့ကိုသူတို့ခံယူပုံ လုံးလုံးမတွေ့ရပါဘူး။
(နောက်ကွယ်မှာတော့ ဘယ်လိုလဲတော့မသိဘူးပေါ့ဗျာ)
ဆိုလိုချင်တာက သူတို့ဘဝကိုသူတို့လက်ခံထားကြတာပါ။
~~~~~~~~~~~~~~~~~
ညီမျှခြင်း ချကြည့်ရရင် ကိုယ့်ဘဝကို ကိုယ် မကြေနပ်သရွေ့။
ဒါမှမဟုတ် သူများတွေနဲ့ နှိုင်းယှဉ် ပြီး ငါက အောက်ကျနောက်ကျ ဖြစ်နေပါလားလို့ စဉ်းစားနေသရွေ့၊
အလုပ်တခုခု လုပ်လို့အဆင်မပြေသရွေ့၊ လက်ရှိအခြေအနေ ကောင်း တခုကနေပျက်ယွင်းသွားတာကိုစိတ်ဓာတ်
ကျတတ်သရွေ့၊လိုချင်မှူတွေ အဆုံးမသတ်နိုင်သေးသရွေ့ ကိုယ်ကို့ကိုယ်ကံဆိုးတယ်၊
ဒါမှမဟုတ် ကံ မကောင်းသေးဘူး လို့ ရေရွတ်နေမိအုန်းမှာပါဘဲ။
အကြောင်းရင်းက ကိုယ့်ဘဝကိုယ်မကြေနပ်နိုင်တာ၊ သူများနဲ့ ယှဉ်ပြီး စိတ်ဓာတ်ကျနေတာ၊လိုချင်မှူတွေမပြီး
ပြတ်နိုင်သေးတာ။ စိတ်ဓာတ်ကျသွားတာ။
အဲဒီတော့မှ သုံးစရာ စကားလုံးက _ဒန် ဒန် ဒန်။ပေါ့ဗျာ။
(ဘာရယ်မဟုတ်ပါ။ အိုဘားမားရဲ့ ကား သဘိဇ်ကို လိုချင်နေသောကျနော်ရဲ့ ဂယောင် ချောက်ခြားအတွေးများအတွက် ဒီစာကို ရေးမိပါကြောင်း။)
~~~~~~~~~~~~
အားလုံးကိုလေးစားခင်မင်စွာဖြင့်
မောင်သစ်မင်း (^^)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်ဆက်တွဲ။
ဟိုဘက်မှာ ကိုဗိုက်ကလေးရေးထားသလို
လူနှစ်ယောက် အတူတူလမ်းလျှောက်နေတုန်း အပေါ်က သစ်ကိုင်းက တစ်ယောက်ရဲ့ ငယ်ထိပ်ပေါ်ကျတယ်..အဲလူခေါင်းပေါက်မယ်ဆိုရင် ဘယ်လို ပြောကြမလဲ
သူက အမေဒီကန်က အဒေါ်ကြီးဗိုက်မှာ သန္ဓေတည်ပြီး ငါ့ကျမှ သူဒေါင်းစားမိခင်ဆီ သန္ဓေတည်တာ ဘာကြောင့်လဲ..
စသဖြင့်ပေါ့..
ဟုတ်ကဲ့…
အဲဒါဟာ သစ်ကိုင်းကျိုးကျတာ ကိုယ့်ခေါင်းကိုထိလို့ခေါင်းပေါက်တာပါ။
သစ်ကိုင်းရယ် အဲဒီလူရယ် ဖြစ်တဲ့ အရေး မှာ ကံ ဆိုတာကြီးကို ဘာလို့သုံးရတာလဲ နော်။
ဆက်ကြည့် ရအောင်။တကယ်လို့ပေါ့နော် ။
အဲဒီ လူ ခေါင်းပေါက်လို့ ကံ ဆိုးတယ်လို့ပြောပါအုန်း။
ရှေ့ဆက်သွားတုန်းမှာ အဲဒီလူက ငါခေါင်းပေါက်နေလို့အိမ်ပြန်တော့မယ်။
မင်းဟာမင်းသွားတော့လို့ပြောမယ်။ဟို တယောက်ဆက်သွားမယ်။လမ်းမှာ ကားတိုက်လို့သေမယ်ဆိုပါတော့။
ခေါင်းပေါက်တဲ့ ခုနက ကံ ဆိုးတယ်ဆိုတဲ့ လူက ကံ ကောင်း တယ်ရယ်လို့ဖြစ်ပြန်ရော။
ဟာကွာ ခေါင်းပေါက်လို့သာ ကံကောင်းတာဟေ့။ နမို့ဆိုရင် သေ ပြီ။(အဲဒါကို Blessing in disguise လို့ခေါ်တယ်။ မျက်နှာဖုံးစွပ်ထားတဲ့ ကောင်းချီးမင်ဂလာပေါ့နော်)
ဒါတမျိုး။
နောက်တမျိုးကတော့ သူက အမေဒီကန်က အဒေါ်ကြီးဗိုက်မှာ သန္ဓေတည်ပြီး ငါ့ကျမှ သူဒေါင်းစားမိခင်ဆီ သန္ဓေတည်တာ။
အဲဒီ အမေရိကန်မကြီးရဲ့ သားက သူဌေးသားဆိုတော့ ပေါ့ပေါ့နေပေါ့စားရာကနေ အရွယ်ရောက်လာတော့
အေအိုင်ဒီအက်စ်နဲ့ သေမယ်။ သူတောင်းစားကရိုးရိုးသေမယ်ဆိုရင်ကော.။
တခါတုန်းက အင်ဂလန်က ဆရာတယောက်နဲ့စကားပြောဘူးတယ်။အောက်စဖို့တက္ကသိုလ်ကြီးကကျောင်းပြီးတာဆိုရင် တော်တော်လူရာဝင်တာဘဲလို့ ပြောမိတယ်။
အဲဒီဆရာက အဲဒီ အောက်စဖို့မှာ အယ်အက်စ်ဒီ(မူးယစ်ဆေးပြား/ဆေးဝါး)စွဲနေပြီး အလေလိုက်နေတဲ့ကောင်တွေ
အပုံကြီးတဲ့။
နောက်တမျိုး ထပ်ပြောရရင်
လူ ၂ ယောက်လာတယ်။ တယောက်ကို ကားတိုက်ပြီး သေတယ်။ နောက်တယောက်မသေဘူး။
သေ တဲ့ သူ ကံ ဆိုးတယ်လို့ပြောမယ်။ ကောင်း ပြီ နောက်ကျန်တဲ့သူကရော မသေတော့ဘူးလား။
စောစောသေရင် ကံ ဆိုးတယ်တဲ့လား။ စောစောသေပြီး နတ်ပြည်ရောက် ဟိုမှာ ၅၀ဝ တွေဘာတွေနဲ့ဖြစ်နေရင်
ဘာပြောအုန်းမှာလဲ။ ဟဲ ဟဲ။
စဉ်းစားပြီး အငြင်းပွါးရင် ပုလင်းများလဲ မလို မူးမယ်ဆိုရင် ကိုကိုဗိုက်ကံကောင်းတာလို့ပြောမှာလား။
(((ရင်းနှီးချစ်ခင်စွာဖြင့် “စ” နောက်ခြင်းလို့ မှတ်ပေးပြီး ဘွေ မယူစေလိုပါ။)))
55 comments
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
November 19, 2012 at 3:41 pm
ကျွန်တော်လဲ ကြုံဖူးတာတစ်ခုရှိတယ်…ဆရာသစ်ရေ…
ရန်ကုန်က အင်တာနေရှင်နယ် ကုမ္ပဏီကြီးတစ်ခုက အရာရှိတစ်ယောက်အလုပ်ထွက်တော့မယ်ဆိုတဲ့စကား…
ပြောပြီးမကြာခင် တကယ်အလုပ်ထွက်သွားပါတယ်…
လွန်ခဲ့တဲ့ ၃နှစ်လောက်က သူ့လစာ ရန်ကုန်မှာ US$ ၂၅၀ဝ ရပါတယ်…
ကျွန်တော်မေးကြည့်တော့ တစ်ခါတစ်လေ ဘဝမှာငွေကြေးက အရေးမကြီးဘူးလို့ ဖြေသွားတယ်…
နောက်ပိုင်းအတွေးထဲမှာတော့…
လူ့ဘဝဆိုတာ စိတ်ချမ်းသာမှုကအရေးအကြီးဆုံးလို့ထင်မိတာပါပဲ…
ခင်မင်လျက်-
ကြောင်ဝတုတ်
ဦးဦးပါလေရာ
November 19, 2012 at 3:55 pm
ခြုံပြီးတော့ တော့ ဆွေးနွေးနိုင်စွမ်းမရှိပါဘူး
ဒါကြောင့် ကျုပ်ထုံးစံအတိုင်း အစကလေးတစ်စလောက် ထုတ်ပြီး ပြောကြည့်ရရင်
လူအမျိုးမျိုးမှာ
သူနိုင်တဲ့ (ဝန်အမျိုးမျိုးရဲ့) အတိုင်းအတာအမျိုးမျိုးရှိပါတယ်
ဒါကြောင့် (ရန်ကနားလို) နိုင်သလောက် အထိပဲကောင်းပြီး နိုင်တာထက်ကျော်ရင် မကောင်းတော့ပါဘူး..။
အဲဒီအခါမှာ ကံ မကောင်းတော့ပါဘူး…။
နိုင်တာထက်ပိုတဲ့အရာကို ကိုင်တွယ် ထိန်းသိမ်း စီမံရတာကို ကံကောင်းတယ်လို့မဆိုနို်င်ပါဘူး…။
ဗုဒ္ဓစာပေတွေမှာတော့ တွေ့ဖူးတယ်
ယထာလာဘ၊ ယထာဗလ၊ ယထာသာရုပ္ပ …. တဲ့…
ရနိုင်သလောက် ၊ စွမ်းနိုင်သလောက်၊ သင့်တော်သလောက်… ဆိုလား
အဲတာကြောင့် ကျုပ်တော့ဖြင့်ဆီဖိုးမတတ်နိုင်တာကြောင့် အဲဖို့စ်ဝမ်းကြီးအလကားပေးလဲ
မယူရေးချ မယူနိုင်ပါကြောင်း…..
:harr:
thit min
November 19, 2012 at 7:11 pm
ဟုတ်ပါတယ် ကိုဝတုတ်ရေ
အဲဒီလို သဘောပေါက်နေသူတွေခုခေတ်မှာ များလာပါပြီ။
ပိုက်ဆံရှိပြီး -င် ေ-ါင်း ကျယ်တယ်ဆိုတာ အိုင်ကျူနိမ့်တဲ့သူတွေဆိုတာလေးပါ
သဘောပေါက်ရင် ပြည့်စုံသွားပါပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုပါလေရာရေ
သူနိုင်တဲ့ (ဝန်အမျိုးမျိုးရဲ့) အတိုင်းအတာအမျိုးမျိုးရှိပါတယ်
ဆိုပါလား။ တယ် မိုက်ပါလား။ကောင်းလိုက်တဲ့ အတွေးလေး။
ကိုပါလေရာ ငယ်ငယ်တုန်းကဆိုလဲ ခုလိုပြောတတ်ဆိုတတ်ပုံနဲ့ တော်တော် စွံမှာဘဲနော်။
ဒါပေမဲ့ ဝန်ရဲ့ အတိုင်းအတာအရ ဝန်ရဲ့အတိုင်းအတာအရ ကိုဘလက်ရေ ဆက်ပေးပါအုန်းဗျာ။
ရာဇဝင်လူဆိုး
November 19, 2012 at 8:45 pm
(((ပိုက်ဆံရှိပြီး -င် ေ-ါင်း ကျယ်တယ်ဆိုတာ အိုင်ကျူနိမ့်တဲ့ သူတွေဆိုတာလေးပါ
သဘောပေါက်ရင် ပြည့်စုံသွားပါပြီ။)))…
ဒါလေး..ဒါလေး…အားပြည့်ထောက်ခံသွားတယ် ကိုသစ်ရေ..။ အလွန်တရာ ဆင်းရဲမွဲတေနေသူဖြစ်ပါစေ၊ ကမ္ဘာမှာ အချမ်းသာဆုံး ဆိုသူကြိးပဲဖြစ်နေပါစေ စိတ်ထားတတ်ရင် မြတ်ပါတယ်။ လူတော်တော်များများက လောကမှာ ငွေဟာ ဒုတိယ ဘုရားသခင် တဲ့။ အရာရာကို ဖန်တီးနိုင်တယ် တစ်နည်းပြောရရင် လုပ်ယူလို့ရတယ်၊ ဝယ်ယူလို့ရတယ်ဆိုတဲ့ သဘောဖြစ်နေပေမယ့် စိတ်ငြိမ်းအေးချမ်းသာခြင်းကသာ ချမ်းသာခြင်း အစစ်ဖြစ်ပါဂျောင်း……။ :harr:
thit min
November 20, 2012 at 10:30 am
ဟိတ် ကိုလူဆိုး
မတွေ့တာကြာပေါ့နော်။
စိတ်ချမ်းသာအောင် နေနိုင်ဖို့က တော်တော် အရေးကြီးတာဗျ။
ဟို The God must be crazy ဆိုတဲ့ ရုပ်ရှင်ကားဟောင်းလေးထဲကလို လူအမျိုးမျိုး သူ့အာရုံ
အမျိုးမျိုး နဲ့သူပေါ့ဗျာ။
ကျေးဇူးပါဗျို့။
pooch
November 19, 2012 at 10:21 pm
ဟုတ်ပါ့ကျမတို့တွေကိုယ်လက်ခံထားတဲ့ ဘဝက စိတ်ချမ်းသာစရာအကောင်းဆုံးပါပဲ ကျမလည်း တခါတလေ ဖြစ်ချင်စိတ်တွေကြောင့် စိတ်ပင်ပန်းရတယ် ရလာဒ်တွေကိုမြင်တော့လည်း စိတ်ပျော်ပြန်ရော အမှန်တော့ ကိုယ့်စိတ်နဲ့ကိုယ်ဒုက္ခရောက်နေကြတာ
ဒါနဲ့ကိုသစ်ရယ် အိုင်ကျူနိမ့်တယ် ဆိုတဲ့စာကြောင်းလေးကိုမြင်တော့ မျက်နှာပိုးသပ်မရဘူး ဟီး
thit min
November 20, 2012 at 10:21 am
ဟုတ်တယ်မပူးချ်ရေ………….
ဘဝဆိုတာ ကိုယ်ဟာကိုယ်ကျေနပ်နေရင် နေပျော်တယ်။
မဟုတ်ရင်တော့ စိတ်ဆင်းရဲ စရာတွေဘဲ တွေးမိမှာ။
အမှန်က စိတ်ဆင်းရဲစရာဆိုတာ လူ့ဘဝမှာရှိပါတယ်။
ဒါပေမဲ့ ကိုယ့်ဟာကိုယ်စိတ်ဆင်းရဲအောင် လုပ်မိနေသူတွေလဲရှိနေတတ်ပါရဲ့။
အိုင်ကျူဆိုတာနဲ့ ပါတ်သက်ပြီး ကျနော် ခပ်ငယ်ငယ်က သူဌေးလဲသူဌေးသား၊အရာရှိကြီးရဲ့သားပေါ့ဗျာ။
သူကိုယ်တိုင်လဲ ဆရာဝန်ဘွဲ့ရ၊ စီးပွါးရေးလုပ်ငန်းရှင် အကိုတယောက် တွေ့ဘူးတယ်။
အဲဒီ အကိုဟာလေ သိပ်ပြီး မာန်ကင်း ဘဲဗျာ။
စကားပြောရင်လဲ သူတပါးကိုထိခိုက်နစ်နာမှူမရှိအောင်ပြောတတ်သလို၊ သူဟာပညာတတ်ပါတယ်။
ပိုက်ဆံ ချမ်းသာပါတယ်လို့ သဘောတရားတွေမပါအောင် နေတတ်ပြောတတ်တော့လေ သူနဲ့စကား
ပြောရတဲ့သူဟာ အနေကြုံ့သွားတာ၊ကိုယ်ဟာကိုသိမ်ငယ်သွားတာမျိုး ခံစားရမဲ့အစား ငါကိုအရေးတယူရှိပါ
လားဆိုပြီး အားတက်ရတယ်။
မြန်မာနိုင်ငံထဲကထင်ရှားတဲ့ လူငယ်သူဌေးလေးက ပိုက်ဆံတပြားမှ မပေးပါဘဲ သူ့ပါတ်ဝန်းကျင်ကိုရောက်လာတဲ့
သူကို အားပေးတတ်ပုံ၊နေတတ်ပုံလေး ကို ကြည့်ပြီး အားကျခဲ့ဘူးပါတယ်။
အဲဒါလေးကို ရေးလိုက်တာပါ။
ကထူးဆန်း
November 19, 2012 at 3:59 pm
ကိုယ် ဘယ်လို လက်ခံ သလဲ ဘဲ မှုတည် မည်ထင်ပါကြောင်း ။
ဆြာသစ် စာပြန်ရေးသည့် အတွက်တော့ ကျွန်တော်က တော့ ကံကောင်းသည်ဟု ထင်ပါကြောင်း ။ :hee:
thit min
November 19, 2012 at 7:14 pm
ကိုထူးဆန်းရေ
ရီလိုက်ရတာဗျာ။ ကံ ကောင်းတယ်လို့သုံးလိုက်လို့ပါ။
ကျနော်လဲ ကိုထူးဆန်းအပါအဝင် ကျနော်ကိုခင်မင်ကြတဲ့ မိတ်ဆွေ(မမြင်ဘူးပေမဲ့၊ရင်ထဲက)
များရရှိတာဟာ ကံ ကောင်းတာပါဘဲ ခင်ဗျာ။
MaMa
November 19, 2012 at 4:30 pm
ချက်ကျ လက်ကျ ရှင်းပြသမျှ
သဘောကျစွာဖြင့် ဖတ်သွားသည်။
ကိုယ်ထူကိုယ်ထ ကြိုးစားကြ၊
(ကံ၊ ဉာဏ်၊ ဝီရိယ) ၃ပါးညီမှ (အကျိုး) ရကြမည်။
လောဂျစ်သဘောအရ…
ကျီးကန်းတိုင်း မဲပေမယ့်
မဲတိုင်း ကျီးကန်းလို့ ပြောမရသလို…….
အောင်မြင်သူတိုင်း ကြိုးစား၍ဖြစ်သည်။
သို့သော် ကြိုးစားသူတိုင်း အောင်မြင်သည် ဟူ၍ ညီမျှခြင်း ဆွဲမရနိုင်ဟု ထင်မိပါတယ်။ :hee:
blackchaw
November 19, 2012 at 5:31 pm
မမ ပြောတာကို အကြွင်းမဲ့ ထောက်ခံပါတယ်ဗျာ…။
ကျီးကန်းတိုင်းမဲပေမယ့်
မဲတိုင်း ကျီးကန်းလို့ ပြောမရ ဆိုတာကိုပါ…။
ဆိုတော့ ကျွန်တော်က မဲပေမယ့်
ကျီးကန်းလို့ ပြောလို့မရဘူးပေါ့…။
ကိုသစ်ရေ…
ကံနဲ့ ပတ်သက်ပြီး ကျွန်တော်နားလည်သလောက်လေး
ပြောရရင်တော့…
ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရတယ် ဆိုတဲ့ စကားလိုပါပဲ…။
ကောင်းတာတွေ လုပ်ရင် ကောင်းတာတွေရမယ်…
မကောင်းတာတွေ လုပ်ရင် မကောင်းတာတွေ ဖြစ်မယ် ပေါ့ခင်ဗျာ…။
အဲဒါလေးပါ…။
လေးစားခင်မင်တဲ့…
ဘလက်ချော…။
thit min
November 19, 2012 at 7:47 pm
မမရေ
ကျနော်ရေးလိုက်တာ ပေါ့ပေါ့ပါးပါး တွေးမိတာလေးရေးလိုက်ပေမဲ့ တကယ်တမ်း
ကော်မန့်ပေးသူများက ပို ကောင်း နေတာပါ။
အသားမဲ ပေမဲ့ အသဲဖြူပါတယ် ဆိုသူတွေအများကြီးမလို့
မှန်ပါ၏ပေါ့ခင်ဗျာ။
~~~~~~~~~~~~~~~
ကိုဘလက်ရေ
ကျနော်လဲ ကံ နှင့် ကံ ၏ အကျိုးကိုယုံကြည်ပါတယ်။
ရေနွေးပူပူ လက်ပေါ် လောင်းချရင် ပူတယ်ဆိုတာ လောင်းချလိုက်တဲ့ “ကံ=အလုပ်” ရဲ့
အကျိုးဆက်မဟုတ်လားဗျာ။
တခုပါဘဲ ကံ ဆိုပြီး ဆင်ခြေ ပေးတတ်တာကိုတော့ လက်မခံပါဘူး။
အချဉ်ပင်စိုက်လို့ အချဉ်သီး စားရမယ်ဆိုတာ အမှန်ပါ။
ဒါပေမဲ့
အချဉ်မှန်းမသိ အချိုမှန်းမသိ စိုက်ပြီး အသီးသီးလာမှ “ဟာ အချဉ်သီး ကြီးဘဲ၊ ကံ ဆိုးလိုက်တာ” ဆို
တာမျိုး ကတော့ မမှန်ဘူးလို့ ယူဆပါတယ်။
ကြုံလို့ပြောတာပါ။
ဒီနေ့ တင်တဲ့ ပို့စ်ကတော့ အဲဒီ အကြောင်းနဲ့ တိုက်ရိုက်မပါတ်သက်ပါဘူး။
“ကံ” ဆိုးတယ် ဆိုတဲ့ အတွေးဟာ တကယ်ဘဲ ကံ ဆိုးတာလား။
ကိုယ့် ခံ စားချက် သက်သက်တွေနဲ့ ရောထွေး နေတတ်သလား ဆိုတာတွေးမိလို့ပါ။
တခါတခါ တကယ်က ကံ မဆိုးပေမဲ့ ကိုယ်က ဆိုးတယ်ထင်နေတတ်ကြတယ်မဟုတ်လားဗျာ။
စိတ်ရဲ့ စေရာပေါ့။
kai
November 19, 2012 at 5:10 pm
ကံ၊ စိတ်၊ ဥတု၊ အဟာရ၊ အကြောင်းလေးပါးလုံး ကြောင့်ဖြစ်သော ရုပ်အကျိုးတရာ း(၁၁)ပါး။
ဓာတ်ကြီး(၄)ပါး = ပထဝီ (မာတဲ့သဘော၊ ပျော့တဲ့သဘော)။
တေဇော (ပူတဲ့သဘော၊ အေးတဲ့သဘော)။
အာပေါ (ယိုစီးတဲ့သဘော၊ ဖွဲ့တည်တဲ့သဘော)။
ဝါယော (လှုပ်ရှားတဲ့သဘော၊ ထောက်ကန်သောသဘော)။
အဟာရရုပ်(၁)ပါး။
ဂေါ်စရရုပ်(၃)ပါး = ရူပါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ။
ပဋိစ္ဆေဒရုပ်(၁)ပါး = ပိုင်းခြားသော(အာကာသဓာတ်)။
လက္ခဏရုပ်(၂)ပါး = ရူပစရရုပ်(ဖြစ်)၊ သန္တတိရုပ်(တည်)။
=
နာမ်ကိုထောက်ပံ့တဲ့အကြောင်း(၂)ပါး..
(၁)အာရုံ
(၂)ဒွါရ
(၁)အာရုံ = အမြင်အာရုံ အကြားအာရုံ အနံ ့အာရုံ အရသာအာရုံ အထိတွေ ့အာရုံ အတွေးအာရုံ ။ (၆)ပါး
(၂)ဒွါရ = ကတော ့ မျက်စိ ။နား။နှာခေါင်း။လျှာ။ကိုယ်။စိတ် (၆)ပါး
=
ဆိုတော့.. ဖြစ်နိုင်ချေကို သချာင်္နည်းနဲ့.. သိချင်..တွက်ချင်ရင်..
အဲဒါတွေကို.. ရုပ်၊ နာမ် တခုစီပြန်ခွဲပြီးမှ… ဥပါဒ်၊ဌီ၊ဘင်(ဖြစ်၊တည်၊ပျက်) (၃ခု) နဲ့.. Factorial တွက်နည်းနဲ့..တွက်ရမယ်ထင်ပါတယ်..
ဖြစ်နိုင်ချေပေါင်း.. ထရီလီရံ.. ၁သန်း အမြောက်.. ထရီလီယံ… ရမယ်…. :kwi:
thit min
November 19, 2012 at 8:06 pm
ဟုတ်ပါပြီ သူကြီးရေ
ဖြန့်စီကိန်း( Factorial = ! )ရဲ့ အတွဲဖြန့်စီကိန်း (Combination)
နဲ့ တွက်လို့ အဲဒီ ကိန်းဂဏန်းရတာတော့ ဟုတ်ပါပြီ။
အဲဒီတော့ ဘာဖြစ်ပါသလဲ ခင်ဗျာ?
………………………………..and so what?
kai
November 20, 2012 at 1:30 am
“အမေ့အားငါကြောက်သည်” ပို့စ်အောက်မှာ အောက်ကအတိုင်းရေးထားခဲ့တယ်.. ဆရာသစ်ရေ..
==
လိုရင်းကတော့.. ဖြစ်နိုင်ချေတွေအရမ်းအရမ်းများ..
ကိုယ်ကလည်းဘာမှ.. ထိန်းကြောင်းဖန်တီးလို့မရတဲ့.. ရှေးရှေ့ဘဝ/နောက်ဘဝတွေကို.. အကြောင်းယူ/အကျိုးလုပ်ပြောမနေကြဖို့ပါပဲ.. ရယ်လို့.. :kwi:
စိန်ဗိုက်ဗိုက်
November 19, 2012 at 5:13 pm
ဝှကတော့ လုကန် ဝကန် နှစ်ယောက်ကန်တော့ ခြင်ထောင်ပြဲ မပေါ့ ဆိုတာပဲ သိတယ်..
:harr:
thit min
November 19, 2012 at 8:15 pm
ကိုဗိုက်လေး
မရတော့ဘူး၊ ဆက်ရှင်းအုန်း၊ ဆက်ငြင်းအုန်း၊ ပျော်ပျော်ပါးပါးပေါ့။
ဘီအီး ဆိုင်ရောက်လို့ ရေရောတဲ့ ဘီအီး သောက်ပြီးမမူးတာ၊ ကံ ဆိုးတာလား။
ရေမရောတဲ့ ဒါမှမဟုတ် ရေရောနည်းတဲ့ ဆိုင်ကိုမသွားမိတာ ကံ ဆိုးတာလား။
မောင်ပေ
November 19, 2012 at 8:10 pm
တစ်ကယ်လို ့ မြန်မာနိုင်ငံ မန်းတလေးမြို ့ကို ကိုသစ်မင်းရောက်လာခဲ့မယ်ဆိုရင်တော့ ၊ ကိုပေါက် မန်းတလေး တင်ထားတဲ့ ထမင်းဆိုင်ပို ့စ်ထဲက ဆိုင်မှာ လိုက်လံဧည့်ခံကျွေးမည် ဖြစ်ပါကြောင်း
thit min
November 19, 2012 at 8:20 pm
ညီမောင်ပေရေ
ကြားရတာနဲ့ စေတနာကိုဝမ်းသာအားရဖြစ်မိပါတယ်။
ကျေးဇူးလဲတော်တော်တင်မိပါတယ်။
လိုက်ကြွေးမယ်ဆိုတာယုံကြည်ပါတယ်ညီလေးရေ။
မြန်မာပြည်ကို ဒီတခါပြန်လာဖြစ်ရင်တော့ မန်းဒလေးကို အရောက်လာအုန်းမှာပါ။
အမှန်ကိုပြောရရင် တောင်သမန်အင်းနဲ့ မယ်ဇယ်ပင်တန်းကိုလွမ်းနေမိလို့ပါ။
အလင်းဆက်
November 19, 2012 at 8:27 pm
ကံကောင်းလို ့….
လေးသစ်ရဲ ့ပိုစ့်ကို…ဖတ်လို ့ရတာ.. ။
ကွန်နက်ရှင်ကြီးက..ဖွက်ချက် ဖွတ်ချက်ဖြစ်နေလို ့လေ. .။
အခု… ကံကောင်းလို ့…
ဟောပြေရင်းဆိုရင်း…
ကံဆိုးတော့မလားပဲ….
🙂
============
ဘာရယ်မဟုတ်ပါဘူး.လေးလေးသစ်ရယ်…
မနက် နဲ ့နေ ့လည်..က အိုဘားမား… လာတာကို ပြည်လမ်းပေါ်ကနေ..ကြို မိတယ် ။
သူ ့ကို တာ့တာ လုပ်နေကြတာတောင်..သူက ပြန်ပြီး.တာ့တာ လုပ်တွားဘူး ။
တို ့အမေစုနဲ ့များ.ကွာချက် ။
တို့ အမေစု ဆို..သူ တို ့လာသလို…
ကားလမ်းကြီးတစ်ခုလုံးကိုလည်း.ပိတ်မပစ်ဘူး ။
သူတို ့လို…သေနတ်တွေ..တကားကားနဲ ့လည်း.မလာဘူး ။
သူတို ့လို..မြန်မြန်လည်း.မမောင်းဘူး ။
ဘေး ဘယ်ညာက လူတွေ .အမေ ့မျက်နှာ ကို..သေသေချာချာ..မြင်ရလောက်အောင်ကို..ဖြေးဖြေးလေး
သွားတာ..။
ပြိးတော့..အပြုံးလေး.နဲ ့… လက် တွေ..ဝှေ ့ယမ်းပြီး…
ပြည်သူတွေကို…ချစ်တဲ ့အချစ်တွေ… မြင်သာ ထင်သာလို ့….
===============
အဲ…. ဘာမှလည်း.မဆိုင်ဘူး ။
ဘာရယ်မဟုတ်..
အခုပေါ်လာတာလေး.. ချရေးဖြစ်တာ ။
အဟိ .
မိုးတိမ်
November 19, 2012 at 10:25 pm
ဆရာသမားကရေတောင်မသောက်ဘူးခင်ဗျ။လုံခြုံရေးတောင်ဘယ်လိုယူသွားလဲ မပြောတော့ပါဘူး။
MaMa
November 20, 2012 at 6:59 am
ကျွေးမွေးဧည့်ခံခွင့်ရလိုက်ရင်လည်း ရလိုက်တဲ့ အခွင့်အရေးကို ဝမ်းသာစွာ လက်ခံကြိုဆိုချင်သလို…
ရေတောင် သောက်မသွားတော့လည်း ကိုယ့်အတွက် ဝန်တာ ပေ့ါတယ်လို့ သဘောထားလိုက်ရင်….
အားလုံးစိတ်ချမ်းသာစရာတွေချည်းပဲ ဖြစ်သွားနိုင်ပါတယ်။ :hee:
thit min
November 20, 2012 at 7:18 am
ကိုမိုးတိမ်ရေ……………
ဝင်ရောက်အားပေးသွားလို့ကျေးဇူးပါလို့ ပြောပါရစေ။
ကိုမိုးတိမ်နဲ့မမတို့ရဲ့ စကားလမ်းကြောင်းကိုဝင်ရရင်……………..
အိုဘားမားရဲ့ The Beast ကား က လီမွန်ဇင်း ဆိုတော့ ကားထဲမှာ “ရေ” ပါမှာပေါ့။
ကားထဲမှာ သောက်ရင်သောက်မှာပေါ့။ အထင်ပြောရရင်
အိုဘားမား က စကားပြောချင်တဲ့လူမျိုး ဆိုတော့ရေတွေဘာတွေမသောက်ရလဲ
ပြောချင်ရင်ပြောနေမှာဘဲ။
အင်ဂလန်နန်းတော်ကရေကိုတောင် မသောက်ဘူးဆိုတော့မြန်မာပြည်ကလည်း သူ့အတွက်
စီစဉ်ထားစရာမလိုတော့ဘူးပေါ့နော်။
အင်း …အမေစုကိုယ်တိုင်လုပ်ကြွေးတဲ့ မုန့်တွေဘာတွေဆိုရင်တော့ စားကောင်းစားမယ်ထင်ပါရဲ့။
သူတို့တွေ တွေ့ပုံက သံခင်းတမန်ခင်းနဲ့ ဘာမှမဆိုင်တဲ့ ဆွေမျိုးတွေတွေ့နေသလိုဘဲမဟုတ်လား။
thit min
November 20, 2012 at 7:24 am
ဒါဆိုလဲ ကိုအလင်းဆက်လေးရယ်
အိုဘားမားကို လှမ်းအော်လိုက်ပေါ့။
မင်းက အိုဘားမား။ ငါက (လူပျို) ပျိုဘားမား ကွ။
မိန်းမမရသေးဘူးကွ။
စိတ်ကြိုက်ကို ခုမန်းဂေဇက်မှာကြော်ငြာတင်ပြီးခေါ်နေတဲ့ ပျိုဘားမားဆိုတာ
အီစကိုကွလို့။
အိမ်လွမ်းသူ
November 19, 2012 at 9:50 pm
ကိုသစ်ရေ ကျွန်တော်ရဲ့ ခံစားချက်တွေနဲ့ ဒီပို့လေးဟာ ထပ်တူကျနေပါလားဗျာ။ ကျွန်တော် အရင်ကပြောသလိုပါပဲ လူတစ်ယောက်ရဲ့ ကံကောင်းခြင်း ကံဆိုးခြင်း ဆိုတာ အဲဒီလူရဲ့ လက်ရှိရှိနေ တဲ့ဘဝပေါ်မှာ ထားတဲ့ ခံစားမှူ့နဲ့ တန်ဖိုးထားမှူ့ ပေါ်မှာပဲမူတည်ပါတယ်။ ကျွန်တော်ဘဝနဲ့ ထပ်တူချပြီး ပြောရရင် လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရန်ကုန်မှာ လုပ်တုံးက ကျွန်တော်ရဲ့ လစာဟာ တစ်သိန်းပဲရှိပါတယ် အခုဒီမှာ အဲဒီလစာရဲ့ အဆ နှစ်ဆယ်ကျော်လောက်ကို ကျွန်တော်ရနေ ပေမဲ့ အဲဒီ တစ်သိန်းပဲရတဲ့ ဘဝလောက် ပျော်ရွှင်မှူ့ မရှိတော့ပါဘူး။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပိုက်စံနောက် ကိုအတင်းလိုက်ရင်းနဲ့ ကျန်တဲ့ မိသားစုဘဝ၊ အချိန်၊ လူမူ့ရေး တွေကို အချိန်မပေး နှိုင်တဲ့ ဘဝကို ရောက်သွားလို့ပါ။ ဒါဆို မင်းအဲဒိ ဘဝကို ဘာကြောင့် ပြန်မသွားလဲ လို့မေးစရာရှိပါတယ်။ အဲဒီ အဖြေကတော့ ဘဝမှာ ပိုက်စံတွေအများကြီးရပြီး အောင်မြင်နေတယ်လို့အများက ထင်နေပေမဲ့ စိတ်ချမ်းသာမှူ့တွေ ပျောက်ဆုံးနေတဲ့ လူတစ်ယောက်ရဲ့ အတားအစီးတခုဖြစ်သွားပြီဖြစ်တဲ့ ဂုဏ်သိက္ခာ ဆိုတာကြီးကြောင့် ပါပဲ။ ကိုယ့် မိသားစုက နဲ့ ကိုယ့်အသိုင်းအဝိုင်းက ကိုယ့်ဒီ နေရာရောက်နေ တာကို ဂုဏ်ယူနေကြတာလေ ဘာတတ်နှိုင်မှာလဲ။
thit min
November 20, 2012 at 7:44 am
ကိုအိမ်လွမ်းသူရေ
ကျနော် မှတ်မှတ်ရရရှိနေတဲ့ ကျနော့ရဲ့ ကော်မဲန်တေတာ တယောက်လို့မှတ်မိနေပါတယ်။
ကိုအိမ်လွမ်းသူရေ
အိမ်ကိုပြန်နိုင်အောင် ကြိုးစားပါ။ မိသားစုပြန်လည်ပေါင်းစည်းရေးအတွက် အဓိကထားပါ။
အဲဒီအတွက် မြန်မာပြည်မှာရပ်တည်မှု တခုရအောင်တော့ ပလဲန်လေးနဲ့ လုပ်ပါလို့ အကြံပေးပါရစေ။
အမြန်ဆုံးအကောင်အထည်ဖော်စေချင်ပါတယ်။
ကျနော် လေးလေးနက်နက်တိုက်တွန်းပါတယ်ခင်ဗျား။
အောင်မြင်ပါစေ။
ကိုပေါက်(မန္တလေး)
November 19, 2012 at 10:36 pm
ကိုသစ်ရေ
မတွေ့တာအတော်ကြာ
ရွှေကြက်ကျဘုရားမှာ မိုးအလင်းစကားပြောမယ်ဆိုတာ အိပ်မက်ပမာ။
ကိုယ်ရလာတဲ့ ရလာဒ်အပေါ်မှာ ကျေနပ်စွာလက်ခံနို်င်သူသည်
စိတ်ချမ်းသာသူပါဘဲ။
အခုခေတ်မှာတော့ အတွေးအမြင်တွေအားပြိုင်ကျတာတွေတော့များလာပါတယ်
.
ကိုယ်နှစ်သက်တဲ့ ဘက်မှာနေရုံမှာဘဲ။
ကျနော်အတွေးကတော့ ရှင်းပါတယ်။
ငွေတွေအများကြီးရှိနေ ပိုင်ဆိုင်မူ့တွေအများကြီးရှိနေပေမယ့် စိတ်ကျေနပ်မူ့မရှိရင် ဆင်းရဲခြင်းပါဘဲ။
အခုထမင်းတစ်နပ်စားပြီးတာနဲ့နောက်တစ်နပ်က ဘယ်လိုစားရမယ်ဆိုတာ မသိနိုင်လောက်အောင်
ချို့တဲ့နေရင်လဲ ဆင်းရဲခြင်းပါဘဲ။
ကျနော်ကတော့ အဲဒီကြားထဲမှာရောက်အောင်နေနိုင်ပါတယ်။
စိတ်ကျမ်းမာ ချမ်းသာရင် လူလဲ ချမ်းသာတယ်လို့လဲ ခံယူပါ၏။
လောကကြီးမှာ သူ့အတွေးနဲ့သူနေ ကိုယ့်အတွေးနဲ့ကိုယ်နေ။
အရေးကြီးတာက ဒုက္ခရောက်ချိန်မှာ စိတ်ဓါတ်ကြံ့ခိုင့်ဘို့ပါဘဲ။
thit min
November 20, 2012 at 7:48 am
ကိုပေါက်ရေ
မြန်မာပြည်ကိုပြန်ရောက်တဲ့ ရက်ကသိပ်နည်းခဲ့ပါတယ်။
ပြီးတော့ ကျနော်က ပြန်ပြီး မင်ဂလာဆောင်ခဲ့တာပါ.။
နှစ်ပေါင်းများစွာမတွေ့ရတဲ့ ဆွေဆွေမျိုးမျိုးတွေနဲ့ လိုက်တွေ့ရတဲ့ အလုပ်၊ကိုယ့်လုပ်ဆောင်
စရာတွေလုပ်ရတဲ့ အချိန်တွေနဲ့ မန်းဒလေးကိုလာဘို့အစီစဉ်ပျက်ခဲ့ရတာပါ။
မယ်ဇယ်ပင်တန်းနဲ့ ဦးပိန်တံတားဖက်ကိုရောက်အောင်သွားမယ်ဆိုတဲ့ အိမ်မက်လဲပျက်ခဲ့ရပါတယ်။
ကြုံအောင်ကြိုးစားပါ့မယ်ဗျာ။ပြီးသွားတဲ့ တစ်ခေါက်ကိုတော့ ခွင့်လွှတ်ပါအစ်ကိုကြီးရေ။
မင်းနန္ဓာ
November 19, 2012 at 11:10 pm
သူက အမေဒီကန်က အဒေါ်ကြီးဗိုက်မှာ သန္ဓေတည်ပြီး ငါ့ကျမှ သူဒေါင်းစားမိခင်ဆီ သန္ဓေတည်တာ မပြောနဲ့ တမိပေါက်ထဲ ညီအစ်ကိုမောင်နှမတွေတောင် ကံချင်း စိတ်သဘောချင်း မတူကြတာကိုး
ကျုပ်တို့ အရပ်ထဲ ရှိပါ့ဗျား
အစ်ကိုတွေက ဘုန်းကြီးဝတ်သွားတဲ့သူနဲ့ အရပ်ထဲသိက္ခာနဲ့နေတတ်သူတွေ အစ်မတွေဆိုလည်း အေးအေးလူလူ အပျိုကြီးလုပ်မယ့်သူတွေချည်းပဲ
အငယ်ဆုံးသားကြမှ ဆိုးလိုက်တာ တမိပေါက်တစ်ယောက်ထွန်း သောက်စားလောင်းကစား ပြောမရဆိုမရ
အဲလို အဲလိုတွေ
myanmar oscar
November 20, 2012 at 2:13 am
ကံဆိုခြင်း၊ ကံကောင်းခြင်းဆိုတာ
ယခင်ဘဝက ပြုခဲ့တဲ့ အဆိုး၊ အကောင်းကြောင့်ဖြစ်တာလား…….
ယခုဘဝ ပြုတဲ့ အဆိုး၊ အကောင်းကြောင့်ဖြစ်တာလား…….
ခွဲခြား မရနိုင်ပါ။
ဒါပေမဲ့ အားလုံးဟာ ကံ ကံ၏ အကျိုးကိုတော့ လက်ခံယုံကြည်ကြပါသည်။
အားလုံး ကံ ကောင်းနိုင်ကြပါစေ……..။
thit min
November 20, 2012 at 7:57 am
ကိုမင်းနန္ဓာရေ
အဲဒီလိုတွေ ရှိတော့ ဘယ်အမိဝမ်းမှာဝင်စားတယ်ဆိုတဲ့ အစ မှတ်ကကောင်းရင်တောင်၊
နောက်ဘာဖြစ်သွားတယ် ဆိုတဲ့ အဆုံးသတ်အမှတ် က ဘာလဲ ဘယ်လဲ လို့ဖြစ်လာတယ်
မဟုတ်လားဗျာ။
အဲဒီ ကြားထဲက လမ်းခုလတ်မှာ သူ့ဘဝသူဖန်တီးတယ်လို့ ကျနော် ဆိုချင်တာပါဘဲ။
~~~~~~~~~~~~~~~~~
ကိုမြန်မာအော်စကာရေ
အပေါ်မှာပြောခဲ့သလို လက်ရှိ အလုပ်ကိုတော့ ကောင်းအောင်ကြိုးစားလုပ်လို့တော့ ရပါတယ်ဗျာ။
ဖြစ်လာတာမဖြစ်လာတာထက် “သိရက်နဲ့ သာ မဏိမေခလာ မေးခွန်းထုတ်ပြန်တာ” ဆိုတဲ့
ဇနက္ကမင်းထုံးနှစ်လုံးမူပြီး ကြိုးစားခြင်းဟာကိုယ့်ဖန်တီးတဲ့ ကိုယ့်ကောင်းကင် ပါ။
ရှုံးနိမ့်ခဲ့ရင်တောင် အတွေ့အကြုံရလာဒ်ကျန်ခဲ့မှာမို့။
~~~~~~~~~~~~~~~~~~~~
ဝင်ရောက်အားပေးဖတ်ရှူ့ဝေဖန်အကြံပြုကြသူများအား အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
လေးစားမှူဖြင့်
မောင်သစ်မင်း
weiwei
November 20, 2012 at 8:30 am
ကံဆိုတာကို ဥပမာအမျိုးမျိုးနဲ့ ဆရာတော်ကြီးတွေ တရားတော်တွေမှာ ဟောကြားခဲ့ပါတယ် ..
တရားနာပရိတ်သတ်လဲ အများကြီး ရှိခဲ့ ရှိနေဆဲ ရှိနေအုန်းမှာပါပဲ ..
ဒါပေမယ့် လူတွေ ဘယ်လောက်ထိ လက်ခံနားလည်သဘောပေါက်တယ်ဆိုတာကတော့ ဉာဏ်ရည် ဉာဏ်သွေးပေါ်မှာသာ မူတည်ပါတယ် …
ကျွန်မကတော့ ချမ်းသာ ဆင်းရဲကို စိတ်ချမ်းသာ ဆင်းရဲခြင်းနဲ့ပဲ သတ်မှတ်ချင်ပါတယ် …
လက်ရှိမှာတော့ လောဘကိုလျော့နိုင်လေလေ စိတ်ချမ်းသာလေလေဖြစ်လာတယ်လို့ ယူဆပါကြောင်း …
thit min
November 20, 2012 at 10:11 am
ကောင်းပါတယ် မဝေဝေ
ယောနိသောမနသိကာရ ဆိုတာအကောင်းဆုံးပါဘဲ။
သင့်တင့် လျှောက်ပါတ်စွာနှလုံးသွင်းဖို့ဆိုတာ သင့်တင်လျှောက်ပါတ်စွာစဉ်းစား
တတ်တဲ့ နှလုံးသားရှိဖို့ လိုအပ်တာလို့ ကျနော်ခံယူထားပါတယ်။
ကျေးဇူးပါခင်ဗျာ။
Novy
November 20, 2012 at 10:49 am
လူတွေအားလုံးရဲ့ အဆုံးသက်ဟာ သေချင်တရားပဲ
သေသွားရင် ကိုယ်နောက်ဘာမှမပါဘူးလို့ပြောတယ်
တစ်ဘက်ကလည်း ကုသိုလ်နဲ့ အကုသိုလ်ပဲပါသွားမယ်တဲ့
kai says:
“ဟိုးးးးးးးးးးးးပဝေသဏီရှေး..ရှေ့ရှေ..ရှေ..ရှေ့ရှေး.. ဘဝတခုခုက.. ဘာမှန်းမသိတဲ့.. ဘာတခုခုလုပ်ခဲ့လို့.. ဒီဘဝသူတောင်းစားဗိုက်ထဲလူလာဖြစ်တယ်ဆိုတဲ့.. ခံယူချက်ကနေ..
… နောင်..နောက်နောင့်နောင်းးးးးးးးးးးးးးးးးး ဘဝ..ကောင်းဖို့.. ဘာညာကွိကွလုပ်ရမယ်ဆိုတဲ့.. “လွှဲချ”ခံယူချက်ဝင်လာမှာမို့ပါ..။
အဲဒါမျိုးအတိတ်ဘဝကံဆိုတာက.. ကိုယ်ကလည်း.. ဘာမှလုပ်မရ..။ ”
ဆိုတော့ကား ( သူကြီးလေသံ)
သေသွားရင် ဘာမှတကယ်ယူမသွားနိုင်တာလား
ကုသိုလ် ၊ အကုသိုလ် စသည်ဖြင့်ပေါ့လေ
ကံဆိုတာမမြင်ရပေးမဲ့
နောင်ဘဝတွေရှိခဲ့ရင် အရင်ဘဝတွေကို စိတ်ဆိုးဒေါသတွေထွက်မနေရအောင်
ဒီဘဝမှာတော့ တက်နိုင်သလောက် ကောင်းမှူလေးတွေလုပ်နေမိအုံးမှပါ
ဒီဘဝကံကုသိုလ်တွေနောင်ဘဝကိုသယ်သွားချင်သူ
နိုဗွီ
ဦးကြောင်ကြီး
November 20, 2012 at 12:01 pm
ဒဆိုလည်း နိုဗွီဂလေးကို နောင်ဘဝမှပဲ နတ်မင်းဦးကြောင် မိဖုရား တဖက်ငါးရာထဲက တပါးအဖြစ်နဲ့ သစ္စာရှိရှိ ပေါင်းတော့မယ်။ ဒီဘဝတော့ ဤမျှသာ… :eee:
thit min
November 20, 2012 at 1:46 pm
မနိုရေ
ကျနော် သိတဲ့ မဃဒေဝ လင်ကာလေး နဲ့ပြောမယ်နော်။
………ဆိုတော့
ကုသိုလ် အလုပ်ကိုတကယ်လုပ်မှ
ကိုယ့်ကိုကိုယ်တကယ်ချစ်ရာရောက်ပါ၏ပေါ့ဗျာ။
မနိုရေ ကျေးဇူးပါ။
မိုချို
November 20, 2012 at 12:34 pm
ကို သစ်မင်း ရေ
”လက်ရှိအနေအထားက သူတောင်းစားဘဲ ဖြစ်ဖြစ်၊သူဌေးသားဘဲ ဖြစ်ဖြစ်၊
သူ့ဘဝကို သူကျေနပ်တယ်၊ ပျော်ရွှင်နိုင်တယ် ဆိုရင် အဲဒါ သူ့အတွက်အကောင်းဆုံးဘဝ ပါဘဲ။ ”
တကယ့် အ မှန် ဆုံး အယူ အဆ ပါပဲ။ တခါ တရံ လူ့ စိတ် ဆိုတာက အခြေ နေ တစ်ခုတည်း မှာတင် တသမတ်တည်း မရှိ ပဲ ပြောင်း နေ တတ် ပြန်ရော။ ကိုယ့် ဘဝ ကိုယ့် အခြေ အနေ ကို အခု ကျေ နပ်ေ န ပေမယ့် ဒီ အခြေ အနေ တိုင်း ရှိ နေ လျက် နဲ့ ကို နောက် တစ် လ လောက် နေ ရင် ကျေနပ် ချင် မှ ကျေ နပ် မယ်။
ဥ ပမာပေး ရရင် ကိုယ် နဲ့ သူ မသာ၊ ကိုယ် မသာ အတူတူ ကျောင်း ပြီး လာတဲ့ သူ တွေ ထဲ မှာ ကိုယ့် လောက် မှ အဆင် မပြေ နေတဲ့ သူ ကို ဒီနေ့ တွေ့ တော့ ငါ က တော် သေး တာ ဘဲ၊ ငါ့ ဘဝ က သူ့ ထက် စာရင်ကံ ကောင်း ပါလား လို့ တွေး မိ ပေမယ့် နောက်နေ့ ကိုယ့် ထက် အဆပေါင်း များ စွာ သာနေ တဲ့ သူ ငယ်ချင်း ကို တွေ့ တော့အတွေး က ပြောင်း ပြန် ဖြစ်သွား ပါလိမ့် မယ်။ ဒါ က လည်း ပုထုဇဉ် လူသား မှန် သမျှ ဖြစ်လေ့ ရှိတဲ့ စိတ် ပဲ နော။
အဲဒီ အခါ ကံ တရား ဆိုတဲ့ လွှဲ ချ စရာ စကား လုံး ရှိ လို့ သာ ဖြေသာ ရာ ရ လိမ့် မယ်။ မဟုတ်ရင် ဒီပရက်ရှင် ရတဲ့ သူတွေ၊ ကိုယ့် ကိုယ် ကို သတ်သေ တဲ့ သူ တွေ အရမ်း များ သွား မှာ ပေါ့ ။
”ပိုက်ဆံရှိပြီး -င် ေ-ါင်း ကျယ်တယ်ဆိုတာ အိုင်ကျူနိမ့်တဲ့သူတွေဆိုတာလေးပါ
သဘောပေါက်ရင် ပြည့်စုံသွားပါပြီ။”
အဲဒါ ကိုလည်း ဖတ်ပြီး ရီ မော သွား ပါကြောင်း နဲ့ မပြည့် တဲ့ အိုး ဘောင် ဘင် ခတ် တယ် ဆိုတဲ့ စကား ပုံ လေး လည်း ရွတ် မိသွား ပါကြောင်း။
thit min
November 20, 2012 at 2:03 pm
မမိုချိုရေ ဝင်ရောက်အားပေးမှုအတွက်ကျေးဇူးပါ။
မမိုချိုရဲ့ ဆွေးနွေးမှုတွေအကုန်အမှန်ပါ။
ကျနော် နောက်တခုထပ်ဖြည့်ရရင် တခါတလေမှာ ကိုယ်ကသာ သူ့ကိုအားကျနေတာပါ။
သူ့မှာကလဲ သူ့အပူနဲ့သူ။
ဆိုလိုတာက ကိုယ်အားကျနေတဲ့သူ့ဘဝက သူ့ဟာသူညစ်နေတဲ့ဘဝကြီးပေါ့ဗျာ။
အမှန်တော့ ဘဝရဲ့ အထုအထောင်းအောက်မှာ လူတွေက လိမ်မာလာကြတာမို့
အခက်အခဲဒုက္ခဆိုတာကလဲ ရှိသင့်တယ်လို့တွေးမိပြန်ပါတယ်။
မဟာရာဇာ အံစာတုံး
November 20, 2012 at 2:37 pm
အနော်ဂဒေါ့ ကံကောင်းဒါဒွေ
ကံဆိုးဒါဒွေအကြောင်း သိပ်သိဘူး ..
ဂနေ့ တစ်ခုခု အဆင်မပြေတာ ဖြစ်ပီဆို ကံဆိုးဒယ်ဘဲ ..
ဂနေ့ ကောင်းကောင်း စားရ သောက်ရ စိတ်ကျေနပ်ရရင် ကံကောင်းဒဲ့နေ့ဘဲ ..
(ကိုယ်ကြိုက်နေဒဲ့ တောင်မလေးဆီက အဖြေရရင်ဒေါ့ အရမ်း ကံကောင်းဒဲ့နေ့ပေါ့ .. အဟီးး)
နောက်ဒါဘာ ခညာ …
ဟိုထဲက ရန်ကနား အကြောင်း ဖတ်မိပြီး ..
ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုတဲ့ စာအုပ်ထဲက
ဘုရင် ဆုလာဘ်အဖြစ် ချီးမြှင့်တဲ့ ပိုက်ပိုက်ကို ဘိုသုံးရလဲဆိုပြီး
စိတ်ညစ်သွားရတဲ့ လူတစ်ယောက်အကြောင်းကို သတိရလိုက်မိဘာဒယ် ခညာ ….
thit min
November 20, 2012 at 3:33 pm
ကိုအံလေးရေ
ဘေဘီလုံ ဆိုရင်တော့ “အာခတ်” ကို သတိတန်းရလိုက်တာပါဘဲ။
ကြုံတုန်းလေးဆက်ဆွဲရရင်
သင်ယူလေ့လာမှုတွေနဲ့ အရင်းအနှီးလုပ်လို့လဲရတဲ့ ခုခေတ်နဲ့ ဆိုရင်တော့
ဆရာဖေမြင့်ရဲ့ ပထမဆုံးစာအုပ် (လို့ထင်တယ်)ခြုံကြားမှ ဘုံဖျားသို့ကပိုကိုက်သလိုဘဲ။
မာ့ခ်အာသာ ဟာ အင်းဂလိပ်စကားကိုတောင် ရေရေလည်လည်မပြောတတ်သေးဘဲနဲ့ သူ့ရဲ့ အာမခံလုပ်ငန်းကို
စပြီးလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာလေးဟာ အားလုံးပြည့်စုံမှ စီးပွါးရေးလုပ်ငန်းတခုကို စလုပ်ရမယ်ဆိုတဲ့
အတွေးမျိုးကို ပယ်ပျက်စေခဲ့တယ်။
ဝင်ရောက်အားပေးလို့ကျေးဇူးနော်။
Shwe Ei
November 20, 2012 at 4:09 pm
ကိုသစ်ရေ ကိုယုံကြည်ရာကို စိတ်ပါလက်ပါအကောင်အထည်ဖေါ်နို်င်တဲ့
ဘဝမျိုးဟာ တကယ့်အနှစ်သာရလို့ ကျနော်ယုံကြည်တယ်။
ဒီနေရမှာ ကံဆိုတာ အလုပ်လို့ယူဆရင် လက်ရှိဘဝကို ကိုလုပ်နေတဲ့အလုပ်က ဖန်တီး
နေတာပေါ့နော။
ကျနော်ကို့အလုပ်ကို စိတ်ပါလက်ပါလုပ်တယ်။ ပြီးတော့ ရလာတဲ့လုပ်အားခအပေါ်မှာ
ကျေနပ်နိုင်အောင်ကြိုးစားတယ်။ အိုက်လို မနေနိုင်တော့ရင် ပိုကောင်းတဲ့တခုကိုရှာမှာပေါ့။
ကို့စိတ်နဲ့ကို့ကိုယ် ဖန်တီးထားတဲ့ ဘဝကြီးထဲမှာနေပီး
စိတ်ညစ်လှချည်ရဲ့ နုံချာလှချည်ရဲ့ နိမ့်ကျလှချည်ရဲ့လို့ မတွေးချင်ပါဗျာ။
အောင်မြင်ကြီးပွားသော ဘဝအကောင်းစားကြီးကို လိုချင်စိတ်ရှိသော်ငြား
မရရင် သေတော့မလောက်မခံစားရသေးလို့ မကြီးပွားသေးတာဟုမှတ်ပါဂျောင်း။
ခင်တဲ့
မရွှေအိ
thit min
November 20, 2012 at 4:54 pm
မရွှေအိရေ
နှစ်ထပ်ကွမ်း မြတ်ပါတယ်။
စိတ်ဆင်းရဲခြင်းဟာ အကုသိုလ် ပါ။
ဆိုတော့
စိတ်ချမ်းသာအောင် နေတတ်ရင် စိတ်ချမ်းသာလို့ တခု မြတ်။
အကုသိုလ်မဖြစ်တော့လို့ တခုမြတ်။
အမြတ် ၂ခုနဲ့ မရွှေအိ။
ရွှင်လန်းပါစေ။
ခင်မင်စွာဖြင့်
သစ်မင်း
kyeemite
November 22, 2012 at 9:27 am
အဲဒီလိုကျရာဘဝမှာ ကြံဖန်ကျေနပ်နေပြန်ရင်လည်း ဘဝမှာ ဘယ်တိုးတက်နိုင်ပါ့မလဲ….
လို့စဉ်းစားနေမိပါတယ်…. ကျနော်တော့ ကံကို ယိုးမယ်ဖွဲ့လေ့မရှိပေမဲ့
ဖြစ်သလိုဘဝနဲ့တော့ မကျေနပ်နိုင်ခဲ့လို့ ခုထိ တစ်လှမ်းထက်တစ်လှမ်း
တက်ဖို့ ကျိုးစားနေမိတုန်း…ကြံစီစိတ်ကူးနေမိတုန်းပါပဲ…
သဗ်ဗေသတ္တာ ကမ္မသကာ
surmi
November 22, 2012 at 9:50 am
ဆရာသစ်ရေ
ကံ နဲ ့ပတ်သက်နေလို ့ အကန်ခံ ရမှာကြောက်လို ့ လက်ရှောင်နေတာ
အကြိမ်ကြိမ် ဝင်ဖတ်ပြီး ဆရာသစ်ဖြေရှင်းရေးသားသွားတာလေးများ လေးစားအားကျမိပါရဲ ့
ကျနော်တို ့ အနေအထားနဲ ့တော ့ မရေးနိုင်သလို ရေးလည်းမရေးရဲပါဘူး
ကိုဘလက်ပြောသလို ကိုယ်စိုက်ပြီး ပြန်မရိတ်တတ်လို ့ပါ ။
ကျနော်ကတော ့ ဖြစ်ချင်တာဖြစ်လို ့မရတဲ ့ဘဝမှာ ဖြစ်နိုင်တာတွေပဲ လုပ်နေမိတော ့တာပါပဲ ……။
ဝန် နဲ ့ အား ပေါ ့လေ ။
thit min
November 22, 2012 at 2:08 pm
ကိုကြီးမိုက်ရေ
ဝင်ရောက်ဆွေးနွေးမှုအတွက်ကျေးဇူးပါ။
အကို က ( Unsatisfaction in one’s life ) ကိုပြောတာဖြစ်ပြီး
ကျနော်က ( Depression in life )ကိုပြောနေတာဖြစ်လို့ လမ်းကြောင်းချင်းတူပေမဲ့ စဉ်းစားတဲ့
“နေရာ” လေးကွဲပါတယ် ခင်ဗျာ။
ဘဝဆိုတာ ( Unsatisfaction or discontent )ကြောင့်တိုးတက်တယ်ဆိုတာ မှန်သလို
( Depression )ကြောင့် ဘဝ တခုဟာ ဘာမှ မလုပ်နိုင်ဖြစ်တတ်တယ်ပေါ့ဗျာ။
သူ့ဘဝသူနေပျော်တယ် ဆိုတဲ့ သူတွေအတွက်တော့ ( Depression ) မရှိဘူးဆိုတဲ့
ရန်ကနားရယ်။
လက်ပရိုစီ တွေအတွက် လူရာဝင်အောင် ကြိုးစားဘို့ ခက်ခဲနေတဲ့အပေါ်
စိတ်ဓာတ်ကျ နေခြင်းဟာ ဘဝကိုတိုးတက်စေလာဘို့ထက် စိတ်ဆင်းရဲခြင်းသာရှိမှာပေါ့ခင်ဗျာ။ဆိုတာလေးရယ်
အဲဒါလေးကိုပြောကြည့်ထားတာပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုဆာမိရေ
ပထမဆုံးရှင်းပြချင်တာက
ဒီပို့(စ)က ကံ နှင့် ကံ ၏ အကျိုး ကိုပြောပြတဲ့ ပို့(စ) မဟုတ်ပါဘူးခင်ဗျ။
ကံဆိုး (ကံ ဆိုး) လိုက်တာ ဆိုတဲ့ စကား တခွန်းကို လူတွေ ဘယ်အခြေအနေတွေမှာ ပြောတတ်သလဲလို့
ရှာဖွေမိတဲ့ သဘောပါ။
ကိုရှုံး (ခု ကိုစိုင်း)ရဲ့ ပို့(စ)မှာလဲ “ကံ” ကိုအပြစ်ပုံချပြီး မကြိုးစားဘဲ နေရင် မှားတယ် ဆိုတာကိုဘဲ ပြောခဲ့တာပါ။
ကံ နှင့် ကံ ၏ အကျိုး ကို လက်တွေ့ခံစားသိရှိပြီးတော့ ကိုကျနော် လုံးဝ ယုံကြည်သူဖြစ်ပါတယ်ခင်ဗျာ။
အကယ်၍နားလည်မှု လွဲ ခဲ့တယ်ဆိုရင် ကျနော်ရဲ့ စာအရေးအသား ညံ့ဖျင်း မှူ သာဖြစ်ပါ လိမ့်မယ်။
ကျေးဇူးပါနော်။
(ဪ ဆီစက် စာရင်း တို့ထားတယ်နော် ကိုဆာမိ)
surmi
November 22, 2012 at 2:30 pm
သဘောပေါက်တယ်အစ်ကိုရေ ့ ………
ဟိုတစ်လောက အငြင်းအခုန်တွေများနေလို ့ ပြေးနေတယ်ဆိုတာလေးပါ …ဟဲဟဲ
ကျနော်က အကြွင်းမဲ ့ လက်ခံတာပေါ ့ ။ ကျနော်ကိုယ်တိုင် မောင်ပေါက်ကျိုင်းထုံး
နှလုံးမူနေရတာဗျို ့ ။
ဒါနဲ ့ ဆီစက် စာရင်းထဲထည် ့ထားလို ့ ကျေးကျေး
:hee:
အလင်းဆက်
November 22, 2012 at 7:49 pm
အဟိ ။
( ရယ်..ခြင်းသက်သက် ။ )
thit min
November 23, 2012 at 3:32 am
နတ္တ၊ အနတ္တ
နိစ္စ၊ အနိစ္စ
သုဘ၊ အသုဘ
ဝိဇ္ဇာ၊ အဝိဇ္ဇာ
ဆိုတော့
ဟိ၊ အဟိ
ဆိုတာတော့ သိဘူးရယ်။
ကိုအလင်းဆက်လေး သိရင် နောက်တခါလာရှင်းပြ။
ဧဟိ ဧဟိ ကိုအလင်းဆက်ရေ။
မောင်သုည
November 23, 2012 at 12:10 am
ဟောဒီ..ကမ္ဘလောကကြီးထဲမှာ နေတတ်ရင်တော့ ကျေနပ်စရာပါပဲ….
မည်သို့သောဘဝနှင့်ပင်နေနေပါ…
မနေတတ်ရင်တော့….မကျေနပ်ဘူး….လုံးဝမကျေနပ်ဘူး….မကျေနပ်ဘူး…
ဘယ်တော့မှပြည့်တယ်လို့ကိုမထင်ပါ…
ဆရာတော်ခိုင်ရဲ့ ခန္ဒာငါးပါး၊ရုပ်၊နမ်နှစ်ပါးတရားတော်နာကြွရောက်ပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါတယ်ခင်ဗျား….
ဒူဝေဝေ…ဒူဝေဝေ..(မဝေဝေ မဟုတ်ပါ)….
thit min
November 23, 2012 at 3:39 am
ကိုသုညရေ
ဘယ်နယ် ဆရာတော်ခိုင်ကိုမဆီမဆိုင် ဆွဲထည့်ရတာလဲဗျ။
နေရ၊ ထိုင်ရတာ ကိုယ်ဟာကို ကျေနပ်အောင် ဆွဲထည့်ရတာမျိုးလာ များလာဗျာ။
အဲဒီ ဆက်စပ်မှုကိုမတွေ့လို့ဗျ။
သက်သက် သူကြီးကို စ တာ၊ နောက်တာဆိုရင်တော့ ထားပါတော့ဗျာ။
(ကြောင်တောင် တောင် တွေးကြည့်ကာ ရေးလိုက်ပါသည်)
ခင်မင်စွာဖြင့်
Foreign Resident
November 23, 2012 at 6:21 am
ကို thit min ရေ ။
ကိုယ့် အထက်ကြည့်တော့လဲ ဖြစ်ချင်တာတွေက အများကြီး ရှိနေသေး ၊
ကိုယ့် အောက်ကြည့်တော့လဲ ကိုယ်တွေထက်ဆိုးတာတွေက မနဲမနော ၊
အဲဒီလို ဘဝမှာ ၊ ကံ ကိုလည်း ရိုးမယ်ဖွဲ့ အပြစ်တင် မနေတော့ပါဘူး ။
ဖြစ်လေရာ ဘဝမှာ အလိုက်သင့်လေးပဲ ပျော်တတ်အောင်နေရတော့တာပေါ့လေ ။
ဆိုးတာက ၊ ဖြစ်ချင်တာ တွေ / မခံချင်စိတ် တွေ ပြင်းပြင်းထန်ထန် မရှိတော့ဘဲ ၊
သိပ် ရောင့်ရဲ ၊ ပျော်ရွင် ၊ ကျေနပ် လိုက်တဲ့ အခါကျတော့လဲ ၊
ကြိုးစား အားထုတ်မှုက လျော့ရဲသွားပြီး ၊ ဘဝ ကြီးက မတိုးတက်ပဲ ရပ်သွားတာဗျ ။
တစ်ခြား ဝေးဝေး မကြည့်ပဲ ၊ ကျနော့် ကိုသာကြည့်ဗျ ။
ဖြစ်သင့်တာက ၊ ဩဇီမှာ ကျောင်းပြန်တက် ၊ ဩဇီ Ticket ယူပြီး ၊
ဩဇီ နိုင်ငံသားခံလိုက်ပြီး မှ ၊ သင်္ဘော လိုက်လိုက်ရင် ၊
ဩဇီ Captain ဖြစ်ရင် က မြန်မာ Captain ထက် လစာ ၂ ဆ ၃ ဆ ပိုရတာဗျ ။
အဲဒါကို ဖြစ်နေတဲ့ ဘဝလေးမှာ အလိုက်သင့်လေးပဲ ကျေနပ် ရောင့်ရဲ လိုက်ပြီး ၊
( အမှန်က ကျနော် ပျင်းတာပါဗျာ ) ဘဝကြီး တစ်ခုလုံး လျော့ရဲ ရပ်တန့်နေတာပေါ့လေ ။
တစ်ခါတစ်လေ စဉ်းစားမိတယ် ၊ ကိုယ် အစွမ်းကုန် မ ကြိုးစားတာဟာ ၊
ကမာ္ဘကြီး / လူသားထု အတွက် တာဝန်မကျေရာများ ရောက်နေသလားလို့ ။
ကြိုးစား ရင် ကောင်းမလား ၊ ရောင့်ရဲရင် ကောင်းမလား စဉ်းစားရင်း စဉ်းစားရင်း ၊
ပျော်သလိုသာနေနေတဲ့ ၊ အဘ ဖေါ ။
aye.kk
November 23, 2012 at 6:55 am
ကိုသစ်ရေ
ရင်ထဲဆန္ဒရှိတာလေးဖွင့်ဟပြောပြချင်မိပါတယ်။
post နဲ ့တော့မသက်ဆိုင်လှပါ ။
ဗုဒ္ဓဘာသာကိုယုံကြည်တာ။ ကံ, ကံ ၏အကျိုးကိုယုံကြည်တာနဲ ့အတူတူပါ ။
“ကံ”ဆိုတဲ့ ပြုလုပ်မှုပါ ။ အကြောင်းတရားကြောင့် အကျိုးတရားတွေဖြစ်ပေါ်ပြီး သံသရာဆက်ဖြစ်နေရတာ
လို ့နားလည်ယုံကြည်မိပါတယ် ။ ဝိပဿာနာတရားကို ကိုယ်တိုင်ကျိုးစားပွားများအားထုတ်ကြည့်မှသာ ဘာဝနာဉာဏ်အသိ ရရှိမှသာ အမှားအမှန် ကွဲပြားခွဲခြား သိမြင်နိုင်တဲ့
အကျိုးတရားကို ရရှိသိမြင်ခံစားနိုင်မှာမို ့ ။ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို ့အား ဝိပဿနာ ဘာဝနာတရား ပွားများအားထုတ် ကိုယ်တိုင်ကျင့်ကြံမှု ပြုလုပ်ကြည့်စေချင်ကြောင်း ရင်ထဲဆန္ဒဖြစ်ပေါ်မှု အရ တိုက်တွန်းလိုက်ရပါတယ် ။။
thit min
November 23, 2012 at 6:56 am
ကိုဖောရေ
ဒါ့ကြောင့်လဲ လောကကြီးထဲမှာအတိုင်းအတာတခုအထိ ကြီးကြီးမားမားကြီးအောင်မြင်ပြီးတာတောင်
မရပ်တန့်လိုက်ဘဲ့ ကြိုးစားမှုတွေဆက်ပြီး ရှိခဲ့သူ များသာ ကမာ္ဘကျော်အောင်မြင်(လုပ်ငန်းပိုင်ဆိုင်ရာကို
ပြောတာပါ) သူများဖြစ်ကြရတယ်ထင်ပါရဲ့။
အတိုင်းအတာ တခုအထိ အောင်မြင်ပြီးသွားကြရင် “နားမယ်ဆိုတာချည်းဘဲ” တွေးနေတော့လဲ
၁။အခွင့်အလန်းရှိပါရက်
၂။ လုပ်နိုင်အားလဲရှိပါရက်
၃။လုပ်ချင်စိတ်က ငယ်ထိပ်ထိ (ဟိုး အစ ကြိုးစားခါစ ကလို) မရှိတော့တာနဲ့
ခုလောက်နဲ့တော်ပါပြီ၊ ခုလောက်ဆိုလဲ လူတန်းစေ့ပါပြီဆိုတဲ့ သက်သာရာသက်သာကြောင်း
ဆင်ခြေလေးတွေနဲ့ ရပ်ပလိုက်ကြတာ အများစု ပါဘဲ။
အချက် ၁ နဲ့ ၂ ရှိနေပြီးသားဆိုရင်တော့ (ကျနော့အမြင်ပါ) ကျနော်တို့အသက်အရွယ်တွေက ဆက်လုပ်သင့်
တယ်လို့ ယူဆပါတယ်။
ဘာလို့လဲဆိုတော့ မြင့်လာတဲ့ ဘဝရဲ့ အတွေ့အကြုံဆိုတာလဲ တမျိုး “အရသာ”ရှိတယ်မဟုတ်လား။
ဥပမာ ပြောရရင်တော့ဗျာ။ ရိုးရိုးသားသား အနစ်နာခံကြိုးစားလို့အောင်မြင်ပြီးအမြင့်ကိုရောက်နေသူများ
ရဲ့ပြည့်ဝမှု၊ တာဝန်သိစိတ်၊ဘဝအတွက် အနစ်နာခံခဲ့ရမှူ စတာတွေအပြင် သူများနဲ့မတူ ထူးခြားတဲ့
သူတို့ရဲ့ ကိုယ်ပိုင်အမြင်လေးတွေ ကို သိလာလေလေ
ဘဝ ကိုပိုပြီးနားလည်လာလေလေလို့ဆိုချင်ပါတယ်။
ကျနော့အထင် ပေါ့နော်။ ဓမ္မနဲ့ပိုနီး သွားတယ်လို့ ခံစားရတယ်။
thit min
November 23, 2012 at 7:35 am
အစ်မအေးရေ
ကျနော် ဒီနေရာမှာ ကြုံလို့ပြောရရင် ကျနော်ဟာ ငယ်ငယ်ကတော့
မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တယောက်ပါ။
ဒါပေမဲ့ အဲဒီအချိန်မှာဘဲ ကျနော် ဘာသာရေးကိုလိုက်စားခဲ့ပါတယ်။
အသက် ၁၇/၁၈ လောက်မှာကျနော် စီးပွါးရေးလုပ်ငန်းဘက်ကို ကျောင်းတဘက်နဲ့
လုပ်ခဲ့ရပါတယ်။
အဲဒီ လုပ်ငန်းက အသက်ဘေး စိုးရိမ်ရတဲ့ လုပ်ငန်းမျိုးပါ။
အားကိုးရာ ဘာသာတရားဘဲရှိတယ်လို့ခံယူပြီး မိမိရဲ့ ယခင်လုပ်နေကြ နိစ္စပါတ်မပျက်အောင်
ကျင့်ကြံခဲ့လို့ ကျနော် သေတွင်းက အကြိမ်ကြိမ်ကိုလွတ်ခဲ့ရတာပါ။
ဒါ့အပြင် နောက်ပိုင်းမှာ လုပ်ငန်းလုပ်တာဘဲဖြစ်ဖြစ်၊ ပညာရေးအတွက်ဘဲ ဖြစ်ဖြစ် ဘုရားဟော
တရားတွေကို ချိန်ထိုးစဉ်းစားတဲ့အလေ့အထကို ရခဲ့ပါတယ်။
တရားတော်(ကျနော်သိသမျှ)နဲ့ စဉ်းစားပြီးလုပ်ကိုင်နေထိုင်တတ်ခဲ့လို့ အထိုက်အလျှောက်
ခရီးပေါက်ခဲ့ပါပြီ။
ဧဟိ ပဿိကော လို့စိန်ခေါ်နိုင်လောက်အောင် မှန်ကန်တဲ့
လက်တွေ့အသုံးချနိုင်တဲ့ တရားတွေဖြစ်ပြီး အဲဒီ တရားတွေကို ဘုရားရှင်ကဟောခဲ့တာကိုပြန်ပြီး
ဟောပြပေးခဲ့တဲ့ သံဃာတော်များကိုပါ အဉ္ဇလိကရဏီယျော၊ဆိုပြီး လက်အုပ်ချီမိုးရှိခိုးသင့်တယ်လို့
လက်တွေ့ ကျကျသိမြင်ခဲ့ရပြီးတဲ့ နောက်မှာတော့
အဇ္ဇသက္ကေပါနုပေတံ ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ
ဆိုပြီး လက်တွေ့ကျကျ ကံနဲ့ကံ၏ အကျိုးကို ယုံကြည်သူဗုဒ္ဓဘာသာဝင် (မိရိုးဖလာမို့ကိုးကွယ်တာမျိုးမဟုတ်)
ဖြစ်ခဲ့ပါပြီ။
ဒါက ကျနော် လိုအပ်မယ်ထင်လို့ရှင်းပြတာပါ။
နောက်တချက်ကတော့
ဒီလိုပါခင်ဗျာ။ ဘဝမှာ ကြိုးစားနိုင်ပါရက်ကနဲ့ “ကံ” ဆိုပြီး ကံ ကိုအလွဲသုံးစားမလုပ်ဖို့ရယ်။
ကံ ဆိုးတယ်လို့ ထင်နေတာဟာ တခါတလေမှာ (တခါတလေမှာ)
ကို့အထင်ဘဲဖြစ်နေတတ်တာလားဆိုတာကိုဝေဖန်ကြည့်တာပါ။
ကံ ကံ၏အကျိုးနဲ့ တိုက်ရိုက်မပါတ်သက်ပါဘူး။
ဒီလိုရှင်းထားပါသေးတယ်။
ကံဆိုး (ကံ ဆိုး) လိုက်တာ ဆိုတဲ့ စကား တခွန်းကို လူတွေ ဘယ်အခြေအနေတွေမှာ ပြောတတ်သလဲလို့
ရှာဖွေမိတဲ့ သဘောပါ။
ကိုရှုံး (ခု ကိုစိုင်း)ရဲ့ ပို့(စ)မှာလဲ “ကံ” ကိုအပြစ်ပုံချပြီး မကြိုးစားဘဲ နေရင် မှားတယ် ဆိုတာကိုဘဲ ပြောခဲ့တာပါ။
ကံ နှင့် ကံ ၏ အကျိုး ကို လက်တွေ့ခံစားသိရှိပြီးတော့ ကိုကျနော် လုံးဝ ယုံကြည်သူဖြစ်ပါတယ်ခင်ဗျာ။
ဘာဘဲဖြစ်ဖြစ် အစ်မရဲ့ အကြံပေး၊ထောက်ပြမှုများကို လေးစားစွာတန်ဖိုးထားပါတယ်ခင်ဗျာ။
လေးစားကျေးဇူးတင်စွာဖြင့်
aye.kk
November 23, 2012 at 8:00 am
ကိုသစ်
ကံနှင့်ကံအကျိုးကို လုံးဝယုံကြည်တာကို အစ်မအနေနဲ ့က
ဘယ်အရာနဲ ့မမတူတဲ့ခံစားမှုတစ်မျိုးရင်ထဲဖြစ်ပေါ်ခံစားရပါတယ်။
လွန်စွာမှလည်းဝမ်းသာအားရကျေနပ်ပီတိဖြစ်ရပါတယ် ။
အခုလိုပြန်လည်ရှင်းပြပြောဆိုတာကိုလည်းဝမ်းသာကျေးဇူးတင်မိပါတယ် ။