Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပျော့သောပါဝါ နှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု တည်ဆောက်ခြင်း

thit minJanuary 22, 20121min53413

ဤနေရာတွင် ပါဝါဆိုသည်ကိုပြောရလျှင် အခွင့်အာဏာအင်အားကိုဆိုလိုပါသည်။

အာဏာပါဝါဆိုသောစကားကို ကြားဘူးကြပါလိမ့်မည်။

ငယ်စဉ်ကလေး ဘဝ ကတည်းက လူသည် အမိန့်ပေးခံခဲ့ရသည်။

ဟိုဟာမလုပ်နဲ့၊ ဟိုမသွားနဲ့၊ ဟိုဟာမစားနဲ့၊ ဒီဟာကိုလုပ်၊ဒီကိုသွား၊ ဒီဟာကိုလုပ်ဟု မိဘအုပ်ထိန်း

သူများမှ အစပြု၍ ဆရာဆရာမ အလယ် အချင်းချင်း အဆုံး ပြောကြဆိုကြ အမိန့်ပေးတတ်ကြသည်။

ဤနေရာတွင် ပြောသည့်အတိုင်း လုပ်ခြင်း မလုပ်ခြင်းပေါ်တွင် တုံ့ပြန်မှုအမျိုးမျိုးရှိသည်။

တချို့က ဘာတုံ့ပြန်မှုမရှိ၊ မလုပ်လဲရသည်။ တချို့ကြ မလုပ်ရင်၊ အပြစ်ပေးခံရသည်။

အနဲဆုံးစိတ်ဆိုးတာခံရမည်။

အနောက်တိုင်းစကားအရတော့ မုံလာဥနီ နှင့် တုတ် ဟု ဆိုသည်။

တိရိစာ္ဆန် လေ့ကျင့်သော နေရာမှ လာပုံရသည်။

 မျောက်တကောင်ကို ဂျွမ်းထိုးခိုင်းမည်။ ခိုင်းသည့်အတိုင်းလုပ်ပါက မုံလာဥနီ ကျွေးမည်။

ခိုင်းသည်ကိုမလုပ်ပါက တုတ် နဲ့ ရိုက်မည်။

အဲဒီ အမိန့်ပေး ပုံစံမျိုး လူ့လောကမှာ များစွာရှိသည်။

သဘောတူညီချက်ကို ဆွေးနွေးမည်။ မလိုက်နာပါက တိုက်ခိုက်ကြသည်။ စစ်ဖြစ်သည်။

ဤသည်ကို ပါဝါအမာ (ဟာ့ဒ်ပါဝါ)ဟု ခေါ်သည်။

နိုင်ငံအတိုင်းအတာ နှင့် ဆိုလျှင် စစ်အင်အား၊ စီးပွါးရေးအင်အား၊ နိုင်ငံတကာရေးရာအပေါ်ဆုံးဖြတ်

နိုင်ခွင့်အင်အားများ၊ အကူအညီအထောက်အပံ့ပေးရေးဆိုင်ရာအင်အားများ စသော

ရုပ်ဝတ္ထ ူပိုင်ဆိုင်မှုအခြေခံထားသော ပါဝါအာဏာများဖြစ်သည်။

တကယ်တော့ လူ ဆိုသောသတ္တဝါမှာ ဤသို့ ခိုင်းရုံနှင့်လုပ်တတ်သော အမျိုးမဟုတ်ပေ။

“ထောင်” မကြောက်သော နိုင်ငံရေးသမားတို့ကြောင့် အစိုးရတို့လက်လျှော့ကြရသည်။

သေရမှာ မကြောက်သော သီအိုရစ်-သုတေသီ၊နှင့်နိုင် ငံ ချစ် နိုင်ငံရေးသမားတို့ကြောင့် အမှန်တရားကို

အာဏာရှင်တို့ လက်ခံပေးရသည်မှာ သမိုင်းတလျှောက် များစွာရှိခဲ့ ရှိဆဲ ရှိအုန်းမည်မှာအသေအခြာ။

လက်နက်မကိုင်ဘဲ တိုက်ပွဲဝင်အောင်မြင်ခဲ့သောသူများကို  သင် စိတ်ဝင်စားပါက ယခု မြန်မာနိုင်ငံတွင်ပင်

များစွာရှိနေပြီဖြစ်၍ သမိုင်းစာအုပ်ကို ပိတ်ထားလို့ရနေပြီဖြစ်သည်။

သူတို့တွင်လည်း ပါဝါ အာဏာရှိသည်။ သို့သော် အကောင်အထည်ဖြင့်ပြလို့မရ။

ရလာဒ်ဖြင့်သာ သိနိုင်သည်။ ဤသည်ကား ပါဝါအပျော့ ဟု Joseph S. Nye Jr.ဆိုသူက ဆိုခဲ့သည်။

{Soft Power by Joseph S. Nye, Jr. Publisher: PublicAffairs; 1 edition (March 16, 2004)

Language: English ISBN-10: 1586482254 } စာအုပ်တွင် ပါဝါအပျော့ အကြောင်းကိုရေးသားထားသည်။

နိုင်ငံတို့၏ ပါဝါအပျော့အရေးကြီးပုံနှင့် ယူအက်စ် ၏ အပျော့အမာ ပါဝါအသုံးချ၍ နိုင်ငံတကာကိုလွှမ်းမိုးခြင်း

နောက်ပိုင်းအားပျော့လာပုံကို တင်ပြထားသည်။

စာအုပ်အကြောင်းပြောလိုခြင်းမဟုတ် ၍ လိုရင်းကိုသာပြောပါမည်။

နိုင်ငံရေးတွင် ဟာ့ဒ်ပါဝါ သုံးရုံနှင့်မလုံလောက် နိုင်ငံတကာဒစ်ပလိုမေစီများ၊ဆက်ဆံရေးများ

တွင် “နိုင်ငံ၏ဂုဏ်”က အလွန်အရေးပါလှသည်။

အနိမ့်ဆုံးအဆင့်အနေနှင့် လက်ဂျစ်တိမေစီ(တရားဝင်အသိမှတ်ပြုရေး)ကလို ကိုလိုသည်။

တရားဝင် အသိအမှတ် အပြုမခံရသော အစိုးရတရပ် က စီးပွါးရေး၊လူမှုရေးအဆင့်များနိမ့်ကျနေသည်မှာ

ထူးထူးဆန်းဆန်း စကားထဲထဲ့ပြောစရာအကြောင်းမရှိသော သဘာဝ ဖြစ်ရပ်သာဖြစ်သည်။

ဒါ့ကြောင့် မြန်မာအစိုးရသည် သူ၏ တရားဝင်အသိအမှတ်ပြုရေးကို လုပ်ရန်အချိန်တန်ပြီဟု တော်တော်

စောစော ကခန့်မှန်းပြောဆိုခဲ့ပါသည်။

တဘက်က ပါဝါအမာစားများကိုကြောက်လန့်ရင်း၊ တဘက်ကလည်းပါဝါအပျော့၏ အရေးပါမှုကို

နိုင်ငံခြားဆက်ဆံရေး (ဒီမိုကရေစီအင်ဒီးရားစသည်)တို့ မှ ခံစားသိရှိရဟန်တူသည်။

မည်သို့ပင်ဖြစ်စေ ပြောင်းလဲပစ်ရန်လိုအပ်သည်ဟုယူဆခြင်းကတော့ ဆော့ဖ်တ်ပါဝါကို လက်ခံ

ယုံကြည်ခြင်းပင်ဖြစ်သည်ဟုမှတ်ယူလျှင်မှားအံ့မထင်။

ကောင်းပြီ။

ဤနေရာတွင်နိုင်ငံရေး ဇာတ်ခုံပေါ်ကအကြောင်းတရားများထက် ပို၍အခြေခံကျသော လူတဦးချင်းစီ၏

အကြောင်းကိုဆွေးနွေးလိုပါသည်။ လူတဦးချင်းပေါင်းစည်းခြင်းက နိုင်ငံရယ်လို့ဖြစ်လာလေတော့

လူတဦးချင်း၏အရေးပါမှုက လျှစ်လျှူမရှူ့စကောင်း။

ပါပါအပျော့(ဆော့ဖ်တ်ပါဝါ) ၏ သဘောတရားကား စာအုပ်မဖတ်လည်း သိနိုင်သောအကြောင်းအရာ။

မိဘကိုချစ်ခင်ရမည်ဟု မည်သူအမိန့်ထုတ်ထားသနည်း။

သင်ကိုးကွယ်သော ဘုရားကို အရိုအသေပြုရန်ပျက်ကွက်ပါက အဖမ်းခံရမည်လား။

ချောချောလှလှ ကောင်မလေး တယောက်ကို သင်ကြည့်ရန်အတွက် အဘယ်အင်အားကတိုက်တွန်းသနည်း။

ကျနော်တို့သည် ကိုယ့်ချစ်သူကိုချစ်ခြင်းမှအစ အမျိုးမျိုးသောယုံကြည်ကိုးကွယ်မှုများမှအလယ် မိမိလုပ်လိုသည်

များကို(မန်းဂေဇက်ကိုနေ့စဉ်ဝင်ခြင်းကဲ့သို့)လုပ်နေခြင်းမှာ အမိန့်အာဏာ=ပါဝါအမာ များ၏တွန်းအားထက်

ဆွဲဆောင်မှု၊နှစ်သက်မှု၊ချစ်ခင်လေးစားမှုတို့အခြေခံသောနှလုံးသား အာဏာ= ပါဝါအပျော့၏

စွမ်းအားကများသည်ကို လက်တွေ့ဘဝတွေမှာတွေ့ရသည်။

ဒါဆို လူ့အဖွဲ့အစည်းအတွင်းတွင်လည်း များစွာအားကောင်းသည်ပေါ့။

ကိုကျော်သူ၏ ဆော့ဖ်တ်ပါဝါ ကြောင့် လူအများ လှူကြသည်၊ကူညီကြသည်၊ ဝိုင်းဝန်းကြသည်။

ဒါဆို လူ့ အဖွဲ့အစည်း၏ ဆော့ဖ်တ်ပါဝါ=ပါဝါအပျော့ အားကောင်းပုံကို သိနိုင်ပြီဖြစ်သည်။

လူသားတို့၏ ယဉ်ကျေးမှု၊ပညာရေးအဆင့်အတန်း၊နေထိုင်စားသောက်မှုပုံစံများအားလုံးက ယင်းပါဝါ၏

အင်အားများဖြစ်သည်။   ဒါဆို သင်ကော ပိုင်ဆိုင်ခွင့်မရှိပေဘူးလား။ သိပ်ရှိတာပေါ့။

ဘာတွေလိုမလဲဟု မေးရင် “လူပီသဖို့” လိုတယ်ဟု တခွန်းထဲဖြေလို့ရသည်။

လူ ပီသရန် လူ့ကျင့်ဝတ်ကိုထိန်းသိမ်းရမည်။ ကိုယ်ကျင့်တရားကောင်းမွန်ရမည်။

မိမိကြောင့်သူတပါး စိတ်အနှောင့်ယှက်မဖြစ်စေရ ဆိုသည်များမှာ မာဂျင်(ပုံမှန်)ဖြစ်သည်။

ဒီထက်ပိုရလျှင် လူသားသည် အချင်းချင်းရိုင်းပင်းခြင်းမှ အနစ်နာခံခြင်းအထိ သွားရန်လိုသည်။

မာဂျင်(ပုံမှန်) အောက် ရောက်နေသူများတွင် ပျော့သောပါဝါမရှိ။သူတို့ကား သူတို့ ရပ်တည်ရေး၊သူတို့

ကိုလေးစားချစ်ခင်ရေးအတွက် ငွေကိုလမ်းခင်းမည်။အခွင့်အရေးကိုဗန်းပြမည်။ရာထူး၊လုပ်ပိုင်ခွင့်

တို့နှင့်မြူဆွယ်မည်။နောက်ဆုံး လက်နက်အားကိုးပြီး အနိုင်ကျင့်မည်။လူပီသခြင်း၏ အောက်သို့ရောက်

သွားပြီဖြစ်၍ ဆော့တ်ဖ်ပါဝါ ဘယ်လိုမှမရှိနိုင်တော့။

ကောင်းပြီ သင့်ကိုသင် ယုံကြည်မှုတည်ဆောက်ခြင်းတွင် လွန်စွာအရေးပါလှသော ဤပါဝါအပျော့ကို

သင်ယုံကြည် စွာတည်ဆောက်ပါ။

ဤသို့ တည်ဆောက်နိုင်လျှင် သင့်ကိုယ်သင်ယုံကြည်မှု တည်ဆောက်ပြီးလည်း ဖြစ်သွားပါမည်။

ကိုယ့်ကိုကိုယ်ယုံကြည်နိုင်သော သင်သည် အများနှင့် တွဲ၍ အလုပ်လုပ်ရန် လိုအပ်ချက်ကိုလည်း

သဘောပေါက် မည်ဖြစ်ပါသည်။

အများနှင့် ပေါင်းစည်းလုပ်ကိုင်ရင်း မိမိတာဝန်ယူသောအပိုင်းကို သင် ဦးစီးဦးဆောင်လုပ်သွားမည်

ဆိုသည်မှာ လည်း ကျွဲကူးရေပါ ကိစ္စသာဖြစ်ပေတော့သည်။
————————
လက်တွေ့ နမူနာတခု ပြောပြပါမည်။

ဂေဇက်ဆီမီနာကို သင် ဦးစီးဦးဆောင် ပြုနိုင်ရေးကို လက်တွေ့မည်သို့ပြုနိုင်ပါသနည်း။

၁။ စာဖတ်ခြင်း၊ကြားသိရခြင်း၊အတွေ့အကြုံတို့မှရရှိလာသည်များကို သင့်ကိုယ်ပိုင်ဉာဏ်နှင့်

 ဝေဖန်သုံးသပ်ခြင်းကိုပြုရပါမည်။ ယင်းမှ သင်၏ကိုယ်ပိုင်အတွေးအခေါ်(သစ်) ကိုရလာပါမည်။

Reading + Knowledge = New Idea

 

၂။ ဤရလာသော ကိုယ်ပိုင်အတွေးအခေါ်ကိုနောက်ထပ်လေ့လာခြင်း၊ဆွေးနွေးခြင်းနှင့် ပေါင်းစပ်

အတည်ပြု၊အဆင့် မြှင့်ပေးရပါသည်။

ဤတွင် တိကျမှန်ကန်သော လက်တွေ့အသုံးချနိုင် အတွေးအခေါ်(စာဖတ်ခြင်း၊ဆွေးနွေးခြင်းမှ)ရရှိပါပြီ။

New Idea + Additional reading + Discussion = Applicable Idea

 

၃။ဤတိကျမှန်ကန်သော လက်တွေ့အသုံးချနိုင်အတွေးအခေါ်ကို “စံပြုအတွေးအခေါ်” ဟုသတ်မှတ်ပြီး

ဆင့်ပွါးအတွေးအခေါ်၊သို့မဟုတ် အသစ်ဖန်တီး အတွေးအခေါ် ကိုဖော်ထုတ်ကြည့်ပါ။လေ့ကျင့်ခြင်းအပိုင်းကို

ထပ်ထပ်ခါခါလုပ်ခြင်းဖြင့် အတွေးအခေါ်ထုတ်ဖော်ရခြင်း၏ အဆင့်မြင့်တက်လာလိမ့်မည်။

Applicable Idea + Creative Thinking (practice) = Standard Idea

 

၄။စုပေါင်းရရှိလာသော အတွေးအခေါ်များကို တူရာအုပ်စုဖွဲ့စုစည်း၍ သင် ဦးဆောင်ဆွေးနွေးနိုင်ပါပြီ။

Categorized Standard Idea——-Go to——-> Seminar

 

 အင်မတန် လွယ်ပါသည်။ တစိုက်မတ်မတ်လုပ်ရန်နှင့် 100% အပြည့်ကောင်းရန် လောဘမကြီးရန်သာ

လိုပါသည်။မည်သူမျှ 100% ကောင်းသော ၊ပြီးပြည့်စုံသော ဆီမီနာ ကိုလုပ်နိုင်ခြင်းမရှိ ကြောင်းသိထားပါ။

သင့် အစွမ်းအစကို သင်မမြှင့်တင်လျှင် ဘယ်သူမြှင့်တင်ပေးပါမည်နည်း။

 

နိမ့်ကျသော နေရာတွင် ငါကိုငါ မထားဘူးကွာ ဟူသောစိတ်ကိုမွေး၍ ပျော့သောပါဝါ တို့နှင့် လူ့

ဘဝအောင်မြင်မှုကိုရယူနိုင်ပါစေ ဟု လေးနက်စွာ အကြံပေးအပ်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လေးစားပါသည်။

 မောင်သစ်မင်း

 

—————————————————-

 Soft Power အကြောင်းစာအုပ်ဖတ်ချင်ရင်တော့ အောက်ကပုံကို ကလစ် ပေတော့ ဗျို့။

Soft Power: The Means To Success In World Politics

13 comments

  • စိန်ပေါက်ပေါက်

    January 22, 2012 at 12:55 pm

    ခေါင်းစဉ်လေး စိတ်ဝင်စားလို ့
    ပြန်ခါနီး ခဏဝင်ဖတ်ကြည့်တာ..
    စိတ်ဝင်စားလို ့ဆက်ဖတ်..ဖတ်ရင်းနဲ ့ အူးသစ်မင်းလို လူတစ်ယောက် ပေါ်လာပြီဆိုပြီး အံ့ဩနေတာ
    ဘယ်ဟုတ်မတုန်း အားလုံးဖတ်ပြီးလို ့ရေးတဲ့လူကြည့်လိုက်တော့
    မောင်ငေးတစ်မင်းဖစ်နေတကိုး 😆

    ကြိုက်တယ်ဗျာ..အူးသစ်ရာ..
    ကျနော်တို ့ အပျင်းမတစ်ပဲ ကြိုစားဖို ့ပဲ လိုတော့တယ်.

    • manawphyulay

      October 4, 2014 at 12:29 pm

      စိန်ပေါက်ပေါက် ပျောက်ချက်သားကောင်းနေပါလား…

  • blackchaw

    January 22, 2012 at 1:56 pm

    ကြိုးစားပါမည်ဟု ကတိပေးပါသည်
    ကိုသစ်ရေ။
    စကားမစပ် သူကြီးက
    ကြယ်နှစ်ပွင့်ဖြစ်ရင် ပွိုင့် ငါးသောင်း ထပ်ပေါင်းပေးမယ်လို့
    ပြောဘူးသလားလို့။
    အဟမ်းအဟမ်းအဟမ်း။

    • thit min

      January 22, 2012 at 2:01 pm

      အကယ်၍ပေးမည်ဆိုပါက
      ကြယ်ကိုစမြင်၍ပြောပြပေးသောကိုဘလက်အား ပွိုင့် ၅၀၀၀ဝ ကို ပေါင်းပေးပါရန်။
      လေးစားစွာဖြင့်(^^)

  • koyinmaung

    January 22, 2012 at 11:14 pm

    ကိုသစ်မင်းရေနည်းနည်းလောက်တော့ဝင်ဆွေးနွေးလိုက်အုံးမယ်ဗျာ
    ကျနော်တို့နိုင်ငံမှာနိုင်ငံသားတွေရဲ့ကိုယ်ကျင့်တရားနဲ့ပါတ်သက်ပြီး
    ပြောချင်ပါတယ်
    သက်ဦဆံပိုင်ရှင်ဘုရင်လက်ထက်ကပြည်သူတွေဟာ
    ကိုယ့်ပစ္စည်းမဟုတ်ယင်ဘယ်နေရာမှာတွေ့တွေ့မယူကြဘူးလို့
    ဖတ်ခဲ့ဘူပါတယ် အိမ်တွေမှာဆိုတံခါးမထားကြဘူးတဲ့ ကိုယ်ကျင့်တရားကောင်းတယ်လို့ဆိုရမလား
    ဒါမှမဟုတ် ရှင်ဘုရင်ကဒီလိုအမှု့မျိုးကိုတောင်သတ်မိန့်ပေးတတ်လို့ဒီမှု့မျိုးလောက်တောင်မကြူးလွန်ရဲတာလား
    နောက်တခုပြောပြချင်သေးတယ်
    မြန်မာ့ဆိုရှယ်လစ် ဦနေဝင်းလက်ထက်အစပိုင်းမှာပြည်သူတွေသက်တော့သက်သာသုံးနိုင်အောင်
    သမဝါယမဆိုင်တွေဖွင့်ပြည်သူတွေအဆင်ပြေအောင်လုပ်ပေးခဲ့တယ် ဟုတ်သလိုလိုတော့အရှိသား
    ဒါပေမဲ့ကြာလာတဲ့အခါမှာတော့ဖေါက်ပြန်တဲ့ဝန်ထမ်းတွေပေါ်လာခဲ့တယ်
    ဒါကလဲပြန်ကြည့်ယင်ဦနေဝင်းကိုယ်တိုင်ကစဖေါက်ပြန်နေတာကိုတွေ့ရတယ်
    ပြည်တွင်းမှာသာရာရှင်စနစ်နဲ့ပေးနေပေမဲ့သူကိုယ်တိုင်ကပြည်ပနိုင်ငံမှာတိုင်းပြည်ငွေတွေကို
    ကိုယ့်ငွေလိုသဘောထားပြီးသုံးနေခဲ့တယ်မဟုတ်လား
    သူဘာလုပ်လုပ်ပြည်သူတွေမသိအောင်သတင်းနဲ့စာနယ်ဇင်းကိုချုပ်ကိုင်တယ်
    စစ်တပ်ကိုလဲချုပ်ကိုင်လိုက်တယ်လေ
    အဲ့ဒီနောက်ပိုင်းကနေစလို့ဦးသန်းရွှေလက်ထက်ရောက်တဲ့အထိဝန်ထမ်းတွေလပ်စားတာ
    ထမင်းစားရေသောက်တဲ့အဆင်လိုဖြစ်ကုန်တော့တာပါဘဲ….ပြည်သူတွေပါအကျင့်ပျက်ကုန်တော့တာပေါ့
    ကျနော်ပြောချင်တာက ပြည်သူတွေတဦးချင်းကိုယ်ကျင့်တရားကောင်းဘို့ဆိုတာ
    ကိုယ်ကျင့်တရားကောင်းတဲ့ ခေါင်းဆောင်ကောင်းတွေအုပ်ချုပ်ဘို့လိုမယ်လို့ထင်ပါတယ်

  • padonmar

    January 22, 2012 at 11:16 pm

    ကိုသစ်က ကြယ်နှစ်ပွင့်မက ရဖို့ ထိုက်တန်တဲ့သူပါ။

  • zaw min

    January 23, 2012 at 1:38 am

    ကိုသစ်ရေ..လူပီသရေးအတွက် မာဂျင်မှာပဲရှိပါသေးတယ်…မာဂျင်အပေါ်ရောက်ဖို့ကိုအများကြီးကြိုးစားဖို့လိုနေပါသေးတယ်…
    မိမိကမိမိရဲ့မိသားစု အိမ်ထောင်ဦးစီးဆိုရင်လည်း မိမိကစတင်ပြီးပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်…ဒါမှမိမိကို စံထားပြီး နောက်ကမိသားစုကို ဦးစီးဦးဆောင်လမ်းပြပေးနိုင်မှာပါ…
    အဲဒီ…(Soft Power)အကြောင်းကို သမ္မတ အိုဗားမားလက်ထက်မှစတင်ပြီး ကျယ်ကျယ်လောင်လောင်ကြားလာရတယ်လို့ထင်မိပါတယ်…သူ့ကိုလည်း(Soft Power)သမား ပျော့ညံသောသူ၊ဒိုင်ယာလောဒ့်သမားလို့အစကထင်မြင်ယူဆခဲ့တယ်…ဒါပေမယ့် သူရဲ့ အပျော့၊အမာအသုံးချမူဟာ သူနေရာနဲ့သူလို့ မြင်တွေ့လာရပါတယ်…ဗင်လာဒင်နဲ့ကဒါဖီတို့ကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်၊ထိုနည်းလည်းကောင်း မြန်မာပြည်နဲ့ဆက်ဆံရေးတွေမှာလည်း သူရဲ့ အပျော့အမာ အသုံးချမူတွေဟာသိသာထင်ရှားစေပါတယ်…လက်ရှိကျနော်တို့ တိုင်းပြည်မှာလည်း (Soft Power)ရဲ့အားသာချက်ကို သိရှိနားလည်လာကြပြီလို့ယူဆမိပါတယ်…ကိုသစ်ရဲ့ ကြိုးစားအားထုတ်မူကို အစဉ်အမြဲ လေးစားအားပေးပါတယ်ခင်ဗျာ..

  • ကြောင်ကြီး

    January 23, 2012 at 4:58 am

    ကိုယ်ကျင့်တရား၊ ယုံကြည်မှု စတာတွေက ကိုယ်ပိုင်အရည်အချင်း ဗီဇနဲ့ဆိုင်သလို ပတ်ဝန်းကျင် ဖန်တီးမှုကြောင့်လည်း ဖြစ်နိုင်တယ်။ ဂျပန်ကနေ ယူအက်စ်ကိုလာတဲ့ မြန်မာတယောက်နဲ့ တွေ့ဖူးတယ်။ သူက ဘာပြောလည်းဆိုတော့ ယူအက်စ်က မြန်မာတွေက ပိုအဆင့်မြင့်သလိုပဲတဲ့။ (ဂျပန်က ရွှေမြန်မာများကို စော်ကားသလို ဖြစ်သွားရင် အနူးအညွတ်တောင်းပန်ပါတယ်။) အောက်ခြေ လက်လုပ်လက်စား အဆင့်ကို ပြောတာပါနော်။ ဆိုလိုချက်က တိုးတက်ချမ်းသာတဲ့ နိုင်ငံခြင်းတူတာတောင် ယူအက်စ်မှာရှိတဲ့ ရွှေတွေက ရည်မှန်းချက် ပိုရှိပုံရတယ်ပေါ့။ ဘာဖြစ်လို့လဲ… ယူအက်စ်က မြန်မာတွေဂေါင်းမှာ ဂျိုပေါက်နေလို့လား၊ ဒါမှမဟုတ် ဟမ်ဘာဂါစားနေကြလို့လား၊ မထင်ပါနဲ့ အားလုံး သူလိုကိုယ်လို ငါးပိကြော်နဲ့စား လဖက်သုပ်အုပ်နေကြသူတွေ များပါတယ်။ အဓိက ကွာဟချက်က ယူအက်စ်မှာ တရားခွင့် နေထိုင်ခွင့် ရသူများတယ်။ မရသေးလည်း ခိုလုံခွင့်လိုမျိုး လမ်းကြောင်းရှိတယ်။ (အဲဒီလမ်းကြောင်း မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက်လာရင် ပိတ်သွားပါတော့မယ်။) တရားဝင်တော့ ဘာဖြစ်သလဲ အလုပ်အကိုင်၊ ပိုင်ဆိုင်ခွင့်၊ ပညာသင်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု စတာတွေရှိလို့ တနပ်စား ကြံသူနဲတယ်။ ရေရှည်ကြည့်ဖို့ စဉ်းစားကြတယ်။ ငယ်ရွယ်သူအတွက် အမေရိကန်အိမ်မက်ဆိုတဲ့ အိမ်တလုံး၊ ကားတစီး၊ ဘဏ်အပ်ငွေ၊ အလုပ်အကိုင်နဲ့ မိသားစုတခု (ဥပမာ ဇိမ်ဘုန်းဂျီးလူထွက်သဂျီးဦးခိုင်) တည်ဆောက်ဖို့ အားထုတ်တယ်။ အဲဒါတွေရဖို့ လူဝင်ဆန့်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ရတယ်။ ရသမျှစုပြီး မြန်မာပြည်ပြန်ပို့ဖို့ လမ်းကြောင်းတခုပဲ ရှိမနေဘူး။ ယူအက်စ်ကလွဲရင် မြန်မာအများစုရှိနေတဲ့ အခြားတိုင်းပြည်များမှာတော့ ယာယီသဘောမျိုးဖြစ်နေတယ်။ ဘယ်လောက်ကြာကြာ အမြဲတမ်းနေထိုင်ခွင့်၊ နိုင်ငံသား အခွသင့်အရေး မရှိသလောက်ဖြစ်တယ်၊ ရှိလည်း ပညာတတ်မှ၊ ပိုက်ဆံရှိမှ လူနည်းစုအတွက်သာ ဖြစ်နိုင်တယ်။ အကျိုးဆက်အားဖြင့် နေချင်သလိုနေတယ်၊ တွေ့ဆုံကြုံကွဲ ရေတို စိတ်ဓါတ်ဝင်သွားတယ်။
    အာမခံချက် ရှိတဲ့ ပတ်ဝန်းကျင်မှာ စားပြီးထွေးထုတ် တနပ်စား ကြံမရသလို သေချာရေရာမှု မရှိတဲ့ ပတ်ဝန်းကျင်မှာ တော်သလို နေနိုင်မှ တော်ကာကြတယ်။ နို့မို့ရင် ကိုယ့်ဂေါင်းပေါ် ချီးပါသွားကြသူများလို့ မကိုက်ဘူး။ ဆော့ဖ်ပါဝါဆိုတာ ပျော့ပြောင်းငြင်သာတဲ့ သဘောရှိလို့ ပတ်ဝန်းကျင်ကလည်း အထိုက်အလျောက် သိမ်မွေ့နူးညံ့ရမယ်။ နို့မိုရင် သမင်မွေးရင်း ကျားစားရင်း ဖြစ်မှာစိုးပါတယ်။။။။
    ဤကား ဆော့ဖ်ပါဝါအစစ်ပိုင်ရှင် ပျော့ပျော့လေးနှင့်နံသော ကြောင်ချီးပိုင်ရှင် ကြောင်ကြီးအလိုတည်း 😐

  • aye.kk

    January 23, 2012 at 8:36 am

    ကိုသစ်….
    လောကလူုရွာတွင်၊ဘဝဟူသည်ပြီးပြည့်စုံခြင်းမရှိသည်ကားအမှန်ပင်ဖြစ်ပါသည်
    ကျမအနေနှင့်လည်းမှန်သည်ဟုထင်မြင်မိပါသည်။
    လူ၏စိတ်စွမ်းရည်သည် မျိုးရိုးဗီဇနှင့်လည်းသက်ဆိုင်သည်၊ပတ်ဝန်းကျင်နှင့်လည်းသက်ဆိုင်သည် ဟုကျမအနေနှင့်ကားထင်မြင်ချက်တခုပေးချင်ပါသည်။
    ကျမသည်စိတ်ခံစားချက်သည်၊ဝမ်းနည်းလွယ်၊ဝမ်းသာလွယ်တတ်သဖြင့် ၊ အမေကစိတ်ကြံ့ခိုင်မှုမရှိဟုဆိုကာအားမရဟုဆိုကာကျမအားအမြဲပြောတတ်ပါသည်။
    မိဘများကငယ်ငယ်က ကျမအားအမြဲတစေ သူငယ်ချင်းအဖော်နှင့်အတူ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဆော့ကစားမှုခွင့်ပြုထားခဲ့ရာမှ ကျမကြီးကောင်(အပျိုဖော်) ဝင်လာသည့်အချိန်တွင် မိဘမောင်နှမများက ရုတ်တရက် စည်းကမ်းအမိန့်တို့ဖြင့် ထုတ်ပြန်ကာတင်းကြပ်ခံခဲ့ရသူဖြစ်ပါသည်။
    ထိုအချိန်မှစတင်ပြီး ကျမ၏စိတ်ဒဏ်ရာခံစားမှု အဖြစ်သနစ်တို့ကြုံတွေ ့ခံစားခဲ့ရသည့်အပြင် ကျမမိဘမိဘမောင်နှမတို့နှင့် သူငယ်ချင်းမိဘမောင်နှမတို့နှင့်ပတ်သက်သည့် ပတ်ဝန်းကျင်တို့်ပါရှိလာကြကာအာဃာတဆူးတခုက ကျမအပေါ်စူးနစ်ကာ ကျရောက်ခံစားမှုများကြုံတွေ ့ခံစားခဲ့ရသူဖြစ်ပါသည်။ကိုသစ်ရေးသားသော ယခုပို့စ်လေးက ကျမ၏အမှားများကိုမြင်တွေ ့စေခဲ့ကာ အကျိုးရှိခဲ့သဖြင့်ကျေးဇူးတင်မိပါသည် ။ လိုက်နာမှတ်သား ကျင့်သုံးသွားရန်ဆုံးဖြတ်မိပါသည်။ အချိန်ရက ကျကိုယ်တွေ ့ခံစားချက်ဖြစ်သည့်(အာဃာတဆူး)အကြောင်းအားပို့စ်တခုအနေနှင့် ရေးတင်သွားရန်ဆုံးဖြတ်ထားပါသည်။
    ကိုယ့်ကိုုကိုယ်အားယုံကြည်မှုပစ်ပါယ်ထားခြင်းသည် ၊အဆိုးရွားဆုံးဖြစ်သည်ဟုကိုယ်တွေ ့မျက်မြင်ကြုံတွေ ့ခံစားထားရ၍လည်း ၊ ကိုသစ်ရေးသားချက်များအားမှန်ကန်သည်ဟုမြင်မိပါသည်။

  • padonmar

    January 23, 2012 at 8:41 am

    ကိုသစ်ရေ
    ပညာရှင်မဟုတ်တော့ အမှားရေးမိမှာစိုးလို့(ဖတ်သူတွေကို အားနာတာပါ)မမန့်ဘူးလို့နေတာ၊
    ဦးကြောင်ရဲ့ ကွန်မန့်ဖတ်ရတော့
    နည်းနည်းလောက်ဝင်ဆွေးနွေးကြည့်ချင်ပါတယ်။

    ကျွန်မအမြင် ကိုသစ်ရဲ့ soft power ကို ကြာပွတ်နဲ့ တင်စားချင်ပါတယ်။
    ပျော့ပြောင်းတယ်၊ဒါပေမယ့် စွမ်းအားရှိတယ်။

    ဒီ soft power ရဖို့ကို အချိန်၊အနစ်နာခံမှု၊စိတ်ရှည် ဇွဲသန်မှု၊ပတ်ဝန်းကျင်နဲ့ အတိုက်အခံဖြစ်နေမှုတွေ ရင်းပြီးမှရမယ်၊လွယ်လွယ်ကူကူရနိုင်တဲ့ အရာတော့မဟုတ်ဘူးလို့ မြင်ပါတယ်။

    ကိုသစ်ပေးထားတဲ့ဥပမာ ကိုကျော်သူတောင်မှ(နာမည်ရပြီး အနုပညာသည်)
    နာရေးကူညီမှုအစမှာ ရုပ်ရှင်ကုမ္ပဏီတွေက မငှားတော့တဲ့ အဖြစ်ကို သာမာန်စိတ်ဓာတ်သာဆိုရင် ယိုင်သွားမှာပဲ၊
    ဦးကြောင်ရဲ့ ဂျပန်ရောက်မြန်မာ အများစုလိုပေါ့၊ ကိုယ်ရေးကိုယ်တာကို ရှေ့တန်းမှာထားပေးရတော့
    ရိက္ခာအတွက် သိက္ခာအပျက်ခံရတာပါပဲ။
    ဒါတွေကိုတွန်းလှန်ပြီး ကြံ့ကြံ့ခံတဲ့သူတွေထဲကမှ အနည်းငယ်ပဲ အသိအမှတ်ပြုခံရတာပါ။
    အစမှာတော့ အရူးလို့တောင် ပြောခံချင်ပြောခံရမယ်။
    အကျိုးရလာဒ် မမြင်သေးပေမယ့် ကောင်းမှုမြတ်နိုးတဲ့ စိတ်နဲ့ ရေရှည်သွားရမှာဖြစ်တဲ့အတွက် စိတ်ဓာတ် အဓိကပါပဲလို့ ပြောချင်ပါတယ်။

    • Khin Latt

      January 24, 2012 at 4:24 am

      အစ်မ ရေ – အခု ဆေးကျောင်းသား တွေကိုတော့ မသိဘူး။
      အရင် ကျွန်မတို့ တုန်းက ဆေးကျောင်းက လူတွေဆိုတာ စာတော်ရုံ ဉာဏ်ကောင်းရုံ မက ဝီရိယပါ အတော်လေး စိုက်ထုတ်ရတာ။
      ဒီလိုမျိုး ကြိုးစား လာသူ တစ်ယောက် က ဒီလိုပြောတာ ဟာ တော်ရုံ အကျင့်သီလ နဲ့တော့ မဟုတ်ဘူး။
      လေးစားပါတယ် အစ်မရေ။
      ချစ်ခင်စွာဖြင့်
      မလတ်

  • pooch

    January 23, 2012 at 4:09 pm

    ဦးကြောင် ပြောသလို ကိုယ်ကျင့်တရား ၊ ယုံကြည်မှု ဆိုတာ တွေက ကိုယ်ပိုင်အရည်အချင်းဗီဇနဲ့ ဆိုင်သလို ပတ်ဝန်းကျင်ကြောင့်ဆိုတာကိုလည်း ဖြစ်နိုင်တယ် လို့ထင်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်နီးစပ်ရာ လက်လှမ်းမီရာမှာကို တော်တော်များများ တွေ့ဖူးတယ် ။ှုှု

  • Khin Latt

    January 24, 2012 at 4:19 am

    ~~~
    ဒီထက်ပိုရလျှင် လူသားသည် အချင်းချင်းရိုင်းပင်းခြင်းမှ အနစ်နာခံခြင်းအထိ သွားရန်လိုသည်။
    ~~~

    ဆြာသစ် ရေ – အဲဒီ က ရလာတဲ့ ပီတိအရသာကို လူတိုင်း သိနိုင်၊ မြည်းစမ်း လိုက်နိုင်ကြရအောင် အရင် ကြိုးစားကြရမှာ။
    ဒီတော့ “အချင်းချင်းရိုင်းပင်းခြင်း၊ ချစ်ခင်ခြင်းရဲ့ အရသာ” ကို သိထားပြီး သူတိုင်း ကိုယ် နဲ့ နီးစပ်ရာ ကို ကြိုးစားပြီး တော့ အဲဒီ ချက်နည်း ကို မျှဝေပေး၊ တတ်နိုင်ရင် တော့ အစ မှာ ကိုယ်တိုင် ချက်ကျွေး နိုင်ရင်ဖြင့် လူတိုင်း အဲဒီ အရသာ ကို စွဲသွားကြမှာပါ။
    အခုတောင် ထိပ်တန်းတစ်ချို့ မြည်းပြီး အရသာတွေ့နေလောက်ပြီ မှန်းရတာပါဘဲ။
    ကိုယ်က ပေးလိုက် ရလို့ အေးချမ်းသွားတဲ့ သဘော ကို သိလာရင် ကိုယ်ရဖို့ ကိုသာ လုပ်နေလို့ ပူလောင်နေရတဲ့ သဘောကို နှိုင်းမိပြီးလဲ ဖြစ်မှာပါ။ ဒီလောက် မညံ့လောက်ကြပါဘူး။
    Fingers Crossed … 🙂

    စာကြွင်း – ဒီနေ့ ရွာထဲ မှာ သွားရည်ကျ စရာ အရသာရှိပုံရသော စားဖွယ်များ အား မျှဝေ ထားတာကို တွေ့ရာမှ ဓာတ်ကူးခဲ့ပါသည်။

Leave a Reply