Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပာက်ကာတွေဘယ်လိုပာက်လဲ

Wai PhyoeJanuary 22, 20121min40013

ကျွန်တော့်ရဲ့ဆရာ ကိုချောကလက်ပြောသားချက်များကိုကိုးကားပြီးပြန်လည် share ပေးလိုက်ပါတယ်။

ကွန်ပျူတာအကြောင်း အနည်းငယ်သိရုံလောက်နဲ့ ဟက်ကာတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အသင့်အသုံးပြုနိုင်တဲ့ Hacking Utility Tools တွေက အင်တာနက်မှာ အလွယ်တကူရရှိနိုင်လို့ ဖြစ်ပါတယ်။ တိုက်ခိုက်တဲ့နည်းတွေ များကြီးရှိပေမယ့် တူရာကို စုစည်းလိုက်ရင်တော့ အောက်ဖော်ပြပါနည်းလမ်းတွေကိုသာ တွေ့ရှိရပါတယ်။
၁။ ကွန်ပျူတာခလုတ်ခုံမှ မှတ်တမ်းရယူခြင်း (Log Keystoke)

ဒီနည်းကတော့ Key logger  ပရိုဂရမ်တစ်ခုကို အသုံးပြုပြီး ကွန်ပျူတာမှာ အသုံးပြုသူရိုက်သမျှစာတွေကို မှတ်ယူထားတဲ့နည်းဖြစ်ပါတယ်။ ဒီနည်းနဲ့ အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ရရှိသွားပါတယ်။

၂။ စကားဝှက်များ ရယူခြင်း (Hack password)

စကားဝှက်များ ရယူခြင်းနည်း အများအပြားရှိပါတယ်။ အသုံးအများဆုံးနည်းကတော့ SQL injection နည်းနဲ့ အသုံးပြုသူတွေ စကားဝှက်အပေးအများဆုံးကို ခန့်မှန်း ဝင်ရောက်တဲ့နည်းတွေ ဖြစ်ပါတယ်။ Dictionary Attack နဲ့ Brute Force Attack ဆိုပြီး နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။ Dictionary Attack ဆိုတာ အဘိဓာန်ထဲမှာ ပါဝင်တဲ့ စကားလုံးတွေသွင်းထည့်ရင်း ဝင်ရောက်တဲ့နည်း ဖြစ်ပါတယ်။ Brute Force Attack ဆိုတာ Keyboard မှာ ပါဝင်တဲ့ စာလုံးတွေကို ပေါင်းစပ်တိုက်ခိုက်ဝင်ရောက်တဲ့နည်း ဖြစ်ပါတယ်။

၃။ မလွယ်ပေါက်မှ ဝင်ရောက်ခြင်းနည်း (Gain backdoor)

ကွန်ပျူတာရဲ့ အားနည်းချက်ဟာကွက်တွေကနေ ဝင်ရောက်တဲ့ နည်းဖြစ်ပါတယ်။ ဒီလိုဝင်ရောက်ရာမှာလည်း Dictionary Attack နဲ့ Brute Force Attack နည်းတွေ သုံးတတ်ပါတယ်။

၄။ တစ္ဆေကွန်ယက် ဖန်တီးခြင်းနည်း (Create bonet computer)

ဒီနည်းကတော့ နိုင်ငံအနှံ့အပြားက ကွန်ပျူတာတွေကို botnet ကွန်ပျူတာဗိုင်းရပ်စ် ကူးစက်စေပြီး မိမိလိုအပ်တဲ့အချိန်ကျမှ သားကောင်ဆာဗာတွေကို တိုက်ခိုက်တဲ့နည်း ဖြစ်ပါတယ်။ ဒါကို Distribution Deny of Service Attack (DDOS) လို့ ခေါ်ပါတယ်။ DDoS ဖန်တီးထားတဲ့ Service တွေကို Hacker တွေဆီက မှောင်ခိုဝယ်ယူနိုင်ပါတယ်။

၅။ အီးမေးလ်များမှ ရယူခြင်းနည်း (Phishing)

အသုံးပြုသူရဲ့ အီးမေးလ်ထဲကို အတုအယောင်စာတွေပေးပို့ကာ မိမိလိုအပ်တဲ့ ဆာဗာကိုလာရောက်စေပြီး စကားဝှက်တွေရယူတဲ့နည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ယက်ထဲကနေပြီး အီးမေးလ်တွေကို ကြားဖြတ်ရယူနိုင်တဲ့နည်းတွေကိုလည်း အသုံးပြုကြပါတယ်။

13 comments

  • Wai Phyoe

    January 22, 2012 at 11:27 am

    ဒီပို့စ်မှာ လိုသွားတဲ့ဒေတာလေးတွေရှိသွားလို့တောင်းပန်ချင်ပါတယ်
    နောက်ပို့စ်တွေကျမှပဲပိုပြီးစုံစုံလင်လင်ဖြစ်သွားအောင်တင်ပေးပါတော့မယ်။

  • captainamerica

    January 22, 2012 at 3:58 pm

    DDos Attacking အကြောင်းလေးသိရင်နည်းနည်းလောက်ဆွေးနွေးပေးပါအုန်း
    သူငယ်ချင်း

    • kai

      January 22, 2012 at 4:23 pm

      သိပြီးရင်လည်း.. လက်စွမ်းလိုက်ပြမနေနဲ့ဦး..။ 🙂

      • zarlay

        January 26, 2012 at 1:59 pm

        ဟုတ်တယ် အဲဒီလိုသိနေတဲ့သူတွေကို ပိုကြောက်ရတယ် လက်တွေ့စမ်းသပ်နေမှာစိုးလို့လေ…. ဒါပေမယ့် ဒီပေါ်ကသူတွေကတော့ အဲဒီလိုသူများအကျိုးယုတ်အောင် လုပ်မယ့်သူတွေ မဟုတ်ဘူးလေ ဒါကြောင့်သူတို့သိထားတာတွေကို အများသိအောင်ဖြန့်ဝေပေးနေတာပေါ့

  • ဆူး

    January 22, 2012 at 4:35 pm

    အဟတ်တော့ မခံဘူးဘူး.. ရေထဲမှ မဆင်းတာ.. ဟဲဟဲ..
    ကွန်ပြူတာ နဲ့ သူများကို လက်စွမ်းတော့ မပြချင်ဘူး သဂျီး တောင်ရှည်ဂျီးနဲ့ ချွေးသုတ်အောင်တော့ လုပ်ချင်တယ်။ ဟဲဟဲ..
    ဘုရား တရား သံဃာ..
    အော် သူများ စိတ်ညစ်အောင် မလုပ်တော့ပါဘူး ဝဋ်လည်မှာ စိုးလို့.. 😀 😀

  • TTCG

    January 22, 2012 at 6:30 pm

    “ကွန်ပျူတာအကြောင်း အနည်းငယ်သိရုံလောက်နဲ့ ဟက်ကာတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အသင့်အသုံးပြုနိုင်တဲ့ Hacking Utility Tools တွေက အင်တာနက်မှာ အလွယ်တကူရရှိနိုင်လို့ ဖြစ်ပါတယ်။ ”

    အဲ့ဒီလောက် မလွယ်ပါဘူးဗျာ… ဒါတွေသုံးတတ်ရင် Software User အဆင့်လောက်ပဲ ဖြစ်နေဦးမှာပါ… Hacking နဲ့ Abusing ကို ခွဲခြားမြင်နိုင်ပါစေ

    • Wai Phyoe

      January 24, 2012 at 12:36 pm

      ကျွန်တော်က ရေးထားတာ မြန်မာလိုရှင်းရှင်းလေးပါ။ ပာက်လို့ရမှတော့ ပာက်ကာဖြစ်ပြီပေါ့ ဘာလေးကိုပဲ Hacking လုပ်နိင်ပါစေ အဲ့ဒါ ပာက်တာပဲပေါ့ဗျ။ကျွန်တော် ပာက်ကာလို့ပဲရေးလိုက်တာပါ။ Por Hacker လို့မရေးလိုက်မိဘူးထင်။ Newbie ပာက်ကာသဘောနဲ့ပဲ ရေးလိုက်တာပါ။ ကြုံရင် Hacking Software လေးဒေါင်းလို့ရအောင်တင်လိုက်ပါအုံးမယ်။ ဘယ်လောက် မွှေလဲဆိုတာကိုတော့ အဲ့ဒီကြမှပဲ
      စမ်းကြည့်ကျပါတော့။ Black hacker,white hacker, brown hacker ဆိုပြီး Hacker သုံးမျိုးရှိတာ
      လူတိုင်းသိပါတယ်။အဲ့ဒါကိုမှ Pro နဲ့ Newbie ဆိုပြီး ၂မျိုးထပ်ခွဲတာကို hacking နဲ့ abusing ခွဲခြားမမြင်နိင်ခင် မြင်နိင်ပါစေလို့ကျွန်တော်ကလည်း ပြန်ဆုတောင်းပေးလိုက်ပါတယ်။

  • captainamerica

    January 22, 2012 at 7:26 pm

    ကို TTCG ပြောတာကိုထောက်ခံပါတယ်။Hacking ပိုင်းကထင်သလောက်
    မလွယ်ပါဝူး။ Mini Windows(Hiren’s boot )ကနေ Hacking Tools
    လေးတွေသုံးကြည့်တယ်။အဆင်မပြေပါဝူး။Hacking ပိုင်းက ၄ ၅ နှစ်လောက်
    စိုက်လိုက်မတ်တတ်ကြိုးစားတာတောင်မှ Hacker တစ်ယောက်ဖြစ်ပီလို.
    ပြောလို.မရသေးပါဝူး။သူ.ပါရမီနဲ. ကြိုးစားအားထုပ်အပေါ်မှာလည်းအများဂျီး
    မူတည်သေးဒယ်။

    • windtalker

      January 22, 2012 at 7:44 pm

      ကပ်ပတိန်ဂျီး နဲ ့တီတီစီဂျီ ပြောတာ အမှန်ဘဲ ဗျို ့

  • မလွယ်လောက်ဘူး ဝေဖြိုးရေ။ထင်သလောက်သာ လွယ်ရာ ဟက်ကာချည်းဘဲဖြစ်နေတော့မှာပေါ့။
    ကိုသူရဿဝါပြောသလို“အစ်ကိုရေ အကိုက ဟက်ရအောင်ခွေးလား”တဲ့ဗျား။

  • Sandy

    January 24, 2012 at 12:31 pm

    hacker ဆိုတာကောင်းတဲ့နည်းလမ်းရောမကောင်းတဲ့နည်းလမ်းရောသုံးလို့ရပါတယ်။
    လူတွေကိုအကျိုးပြုနိုင်မဲ့နည်းကိုသုံးပြီးhacking လုပ်မယ်ဆိုရင်တော့အကောင်းဆုံးဖြစ်ပါတယ်။

  • manawphyulay

    January 26, 2012 at 4:05 pm

    ဒါဆို ကွန်ပျူတာနည်းနည်းသိတာနဲ့ အကုန်ဟတ်ကာကြီးတွေ ဖြစ်ကုန်ပြီး ဒေတာတွေ မေးလ်တွေ အကုန်ပေါက်ကုန်ပြီပေါ့ မဖြစ်နိုင်ပါဘူးရှင်… အများအားဖြင့်က သူများ မကောင်းကြံချင်လို့ လေ့လာကြတာ ပိုများတယ် ထင်တာပါပဲ။

  • Mr admin

    September 11, 2012 at 6:59 am

    TTCG says:
    “ကွန်ပျူတာအကြောင်း အနည်းငယ်သိရုံလောက်နဲ့ ဟက်ကာတစ်ယောက် ဖြစ်နိုင်ပါတယ်။ ေ
    ..ကန့်ကွက်ပါတယ် .. ကွန်ပျူတာအကြောင်း အနည်းငယ်သိရုံနဲ့ ဘာမှသုံးစားလို့မရဘူး ..အဖွင့်အပိတ်ဘဲရမယ် …. အဲလူတစ်ယောက်ကို Linux က Program တစ်ခု Install လုပ်ခိုင်းမယ် ..ဒါမှမဟုတ် Microsoft က Program တစ်ခု crack ဖြေခိုင်းမယ် … ကိုင်း တတ်မလား ??
    တတ်တယ်ဆိုရင်ပြောနော် စမ်းရအောင် 😀 ။။။

    “အတိသဉ္ဇာ နာဂရ ချစ်သူ says:
    မလွယ်လောက်ဘူး ဝေဖြိုးရေ။ထင်သလောက်သာ လွယ်ရာ ဟက်ကာချည်းဘဲဖြစ်နေတော့မှာပေါ့။
    ကိုသူရဿဝါပြောသလို“အစ်ကိုရေ အကိုက ဟက်ရအောင်ခွေးလား”တဲ့ဗျား။ ”
    အတိသဉ္ဇာ နာဂရ ချစ်သူ ခင်ဗျား… ခင်ဗျားလည်း လိုက်ပြီး မီးမွှေးနေတာ များနေပြီ …အတိုက်ခံရတာ ခင်ဗျားစံနက်တွေ အများကြီးပါတယ် .. အဲမဟုတ်ဘူး …ခင်ဗျား စနက်တစ်ခုတည်းကြောင့် မြန်မာ အချင်းချင်း အတိုက်ခံရတာ .. တော်တော် မွှေတဲ့လူ

Leave a Reply