Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခဏခဏ မအကြစို့နဲ့

black chawOctober 28, 20121min74921

ကမ္ဘာသိ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက ပြောခဲ့တာတဲ့ ကျောင်းဒကာကြီးတို့ရေ…။
မအ အောင် သမိုင်းကို လေ့လာတာပါ တဲ့…။
ခင်ဗျားတို့ရော သမိုင်းကို ဘယ်လောက်လေ့လာထားမိကြပါသလဲ…။
ဘလက်ကြီးကတော့ သမိုင်း ကိုကျော်ပြီး ခဝဲခြံအလွန်က စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးအထိ လေ့လာခဲ့ဘူးပါတယ်တဲ့…။
နောက်တာပါဗျာ…။
လေ့လာရုံလေးနဲ့တော့ နေရာကျလိမ့်မယ်လို့ မျှော်လင့်မထားသင့်ပါဘူး…။
သမိုင်း ထဲက အမှားမျိုးတွေကို မကျူးလွန်မိအောင် သင်ခန်းစာယူတတ်ဖို့က အဓိကကျပါတယ်…။
သမိုင်း ကို သင်ခန်းစာမယူတတ်ကြသူတွေထဲက တစ်ယောက်ကို ဆွဲထုတ်ပြပါဆိုရင်တော့…
အာဏာရှင်ဟစ်တလာ ကိုပဲ ပြရတော့မှာပဲ…။
ဟစ်တလာဟာ ပြင်သစ်စစ်သူကြီး နပိုလီယန် ကျူးလွန်ခဲ့တဲ့ သမိုင်းထဲက အမှားကြီးကို သင်ခန်းစာမယူမိလို့
ရုရှားနိုင်ငံရဲ့ပျင်းထန်တဲ့ ဆောင်းရာသီအောက်မှာ စစ်ရှုံးခဲ့ရတာကတော့ ထင်ရှားပါတယ်…။
ပြောသာပြောရတာပါ…
ဟစ်တလာဆိုတဲ့ ပုဂ္ဂိုလ်အကျော်အမော်ကြီးတစ်ယောက် ပြင်သစ်စစ်သူကြီးနပိုလီယန်အကြောင်း
ကြားမှ ကြားဖူးလေရဲ့လားမသိ…။
ထားလိုက်ပါ…
အဲဒါက ကမ္ဘာ့သမိုင်းဆိုတော့ ကျွန်တော်တို့ မြန်မာပြည်နဲ့ နည်းနည်းဝေးပါတယ်…။
မြန်မာ့သမိုင်းဘက် တစ်ချက်လောက်တော့ ငဲ့ကြည့်လိုက်ရအောင်ပါ…။
ဟိုးလွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်တုန်းကတဲ့…
ဗိုလ်ချုပ်နေဝင်း ဦးစီးတဲ့ မြန်မာ့တပ်မတော်ဟာ မြန်မာပြည်ကြီး ချောက်ကမ်းပါးထဲ ပြုတ်ကျသွားမှာစိုးလို့ဆိုပြီး…
အချိန်မီကယ်တင်ခဲ့ရဘူးပါသတဲ့ကွယ်…။
ဘယ်လောက်အထိစိုးရိမ်ခဲ့သလဲဆိုရင် ၂၆ နှစ် ကြာတဲ့အထိကို မြန်မာပြည်ကြီးကို တယုတယ စောင့်ရှောက်ပေးခဲ့
ပါတယ်တဲ့…။
သာဓုပါဗျာ သာဓုပါ…။
အဲဒီလိုနဲ့ ဦးနေဝင်းနဲ့ မဆလပါတီကို မကျေနပ်ကြတဲ့ မြန်မာပြည်သူတွေက ၁၉၈၈မှာ ပြည်လုံးကျွတ်ဆန္ဒပြပွဲတွေပြုလုပ်ခဲ့
ကြပါရောလားဗျာ..။
အဲဒီမှာလည်း ဗိုလ်ချုပ်ကြီး စောမောင် ဦးစီးတဲ့ မြန်မာ့တပ်မတော်ဟာ တိုင်းပြည်ချောက်ကမ်းပါးထဲကျလုနီးပါးအချိန်မှာ
လက်မတင်လေး ကယ်တင်ခဲ့ရပြန်ပါသတဲ့ကွယ်…။
အဲဒီလို ပြောကြတာပဲ…။
ဒီတစ်ခါတော့ နည်းနည်းပို ခေတ်မီလာတာက သမိုင်းရေစီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် ဆိုတဲ့ မြန်မာပြည်က
ခေါင်းဖြတ်ပွဲကြီးကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ပြပေးခဲ့ခြင်းပါပဲ…။
နှလုံးရောဂါရှိသူများ မကြည့်ရလို့တောင် သတိပေးထားလိုက်သေး… ဟေးဟေး…။
အဲဒီလို မင်းမဲ့စရိုက်တွေကြောင့် ကျုပ်တို့က ခင်ဗျားတို့ကို ကယ်တင်ခဲ့တာ…ဘာညာ…ပေါ့ဗျာ…။
အဲဒါကြီးကိုကြည့်ပြီး ဘလက်ကြီးတစ်ယောက် ကြောက်ဒူးတွေတုန်ခဲ့တာ အခုထိ မှတ်မိနေပါသေးတယ်…။
ဒီတစ်ခါလည်း နှစ်ပေါင်း ၂ဝ ကျော်ကြာခဲ့ပြန်ပါရောလားကွယ်…။
အော် မြန်မာပြည်နဲ့ ချောက်ကမ်းပါး…၊ ချောက်ကမ်းပါးနဲ့ မြန်မာပြည်… နီးပဲနီးနိုင်လွန်းလှပါလားကွယ်တို့…။
ဒီတစ်ခါ ချောက်ကမ်းပါးထဲကျခါနီးလို့ ကယ်တင်ခြင်းခံရရင်တော့ …
တစ်သက်တာထာဝရ လို့သာ မှတ်လိုက်ပေတော့ ကျောင်းဒကာတို့ရေ…။
ကဲ အဲဒီအထဲက ကျွန်တော်တို့ ဘာသင်ခန်းစာ ယူကြမလဲ…။
မြန်မာပြည်ကြီး ချောက်ကမ်းပါးထဲကျခါနီးတိုင်းမှာ ဘယ်သူကဝင်ဝင်ပြီး ကယ်တင်ခဲ့တယ်ဆိုတာ
သင်သတိပြုမိပါသလား…။
တစ်ခါကယ်တင်ရင် နှစ်ပေါင်း ၂ဝ ကျော် ကြာခဲ့တာကိုရော သတိပြုမိပါရဲ့လား…။
အဲဒါကို ကာကွယ်ဖို့ နည်းလမ်းက ရိုးရိုးလေးပါ ကျောင်းဒကာ…။
ခင်ဗျား နေထိုင်နေတဲ့ မြန်မာပြည်ကြီး ချောက်ကမ်းပါးအနား ရောက်သွားပြီဆိုတဲ့ အခြေအနေမျိုးကို
တွန်းပို့ခြင်းမခံရအောင် ကာကွယ်ကြဖို့ပါပဲ…။
ဒီလောက် သိထားရင် မအတော့ဘူးပေါ့ဗျာ…။
ဟိုတစ်နေ့ကတောင် စကိုင်းနက် က မြန်မာဟာသကားတစ်ကားလွှင့်သွားတာကြည့်လိုက်ရပါသေးတယ်…။
မင်းသားက မင်းသမီးနဲ့ နီးစပ်ချင်တော့ မင်းသမီးလာတဲ့လမ်းမှာ သူငယ်ချင်းနှစ်ယောက်ကို နှောက်ယှက်ခိုင်းသတဲ့…။
ပြီးမှ ဟိတ်…ကောင်မလေးကိုလွှတ်လိုက် ဘာညာနဲ့ မင်းသားက ဝင်ကယ်ပါတယ်…။
မင်းသမီးအတွက်တော့ မင်းသားက ကယ်တင်ရှင်ကြီးပေါ့…။
ဘာရယ်မဟုတ်ပါဘူးဗျာ…။
မြန်မာပြည်မှာ လတ်တလောဖြစ်နေတဲ့ အရေးအခင်းတွေကို စိတ်မကောင်းခြင်းကြီးစွာနဲ့ ထိုင်ကြည့်နေရင်း…
သမိုင်း လေ့လာတာ မအအောင်ဆိုတဲ့ ဆရာကြီးဒေါက်တာသန်းထွန်း စကားရယ်…
မြန်မာ့သမိုင်း တစ်စွန်းတစ်စရယ်…
ကြည့်မိတဲ့ မြန်မာရုပ်ရှင်တစ်ကားရယ်…
တွေးမိတဲ့ အတွေးစလေးတစ်စရယ်ကို…
ရောသမမွှေလုပ်ကြည့်လိုက်တာပါ…။
ခဏခဏ မအကြစို့နဲ့လားဗျာ…နော့်…။

21 comments

  • စိန်ဗိုက်ဗိုက်

    October 28, 2012 at 11:30 am

    ရော်
    သိပါဘူး..
    ခဏခဏ မအိပ်နဲ ့လို ့ပြောတာလားလို ့
    အူးလေးပြောသလိုဆို ဒီတစ်ခါ အ.လို ့ကတော့ မချောင် မချောင် 😳
    စနစ်တကျ အကွက်ရွှေ ့နေတာ ဆိုရင်တော့ တောင့်မခံနိုင်တဲ့နေ ့.. ❓

  • surmi

    October 28, 2012 at 11:40 am

    အချိန်တန်ရင်တော ့ ဘုရင်ကိုခွေပြီး စစ်တုရင်ပွဲကြီး ပြီးသွားပါလိမ် ့မယ် ။
    အဲ အဲ မပြီးခင် နယ်ရုပ်လေးတွေကတော ့ အကျွေးခံရဦးမပေါ ့ ။
    အစ်ကိုရေ
    ပြောမကာင်းဘူး ဗျာ ။ အဆင်းကောင်းဖို ့လေထီးလေးများပြင်ထားရဦးမလားပဲ

  • pooch

    October 28, 2012 at 1:19 pm

    ချောက်ကမ်းပါးဆီ မရောက်ရောက်အောင် ပို့နေတာကို အသိလေးကပ်ပြီး ဂရုစိုက်လိုက်ရင် အဆင်ပြေသွားမှာပါ။

    ဒါပေမဲ့ ကိုယ်က ချောက်နဲ့နီးနေလို့ ပြန်လှည့်ချင်ရင်တောင် စိုးရိမ်စိတ် ဂမူးရှုးထိုးစိတ်တွေကြောင့် ကြောက်လန့်တကြား ပြေးလာတဲ့ လူအုပ်ကြီးကြောင့် လှည့်မရပဲ လူအုပ်ကြီးနဲ့ ရောပါချောက်ထဲ ကျသွားမှာလည်း စိုးရတယ်။

  • ဦး ကျောက်ခဲ

    October 28, 2012 at 3:22 pm

    ကိုဘလက် ရေ….

    စိတ်ကုန်ဖို့လဲကောင်းပါရဲ့!
    နှစ်ဘက်စလုံးရဲ့ နောက်ကွယ်က “ဆရာ ဒေဝဒတ်” များ အကြိုက်ပေါ့ဗျာ…..
    လူမျိုးရေးကျဉ်း တဲ့သူနဲ့ ဘာသာရေးကျဉ်း တဲ့သူတို့ရဲ့ ပွဲ….
    လာထား….. ၂၆နှစ် ၊ လာထား….. မိတ်အင်မြန်မာ ” မီလိုဆိုဗစ် “

  • Fall Guy

    October 28, 2012 at 7:46 pm

    ကိုဘလက်ရေ…
    ရွှေပြည်တော်ရယ် မျှော်လင့်လဲဝေး….ဓူဝံကြယ်စင်မြင်နေလဲဝေး….
    ချောက်ကမ်းပါးနဲ့တော့ခဏခဏ နီးနေတယ်………..ဟင်း………………..
    ပညာ ရွှေအိုးတွေခဏခဏအခိုးခံရလို့နေမယ်………..ခဏခဏ မအကြစို့နဲ့

  • padonmar

    October 28, 2012 at 10:21 pm

    ကျမလည်း တော်တော်အနေပါသေးတယ်။
    အလို့သာ ဒီလိုအချိန်မှာ အမုန်းမီးများငြိမ်းစေချင် ကိုရေးမိတာပါပဲ။
    ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး စားလိုက်အိပ်လိုက် ရုပ်ရှင်လေးကြည့်လိုက် ကိုယ့်စီးပွားလေးလုံးပန်းလိုက် လုပ်ရမယ့် အစား အလုပ်ပျက်ခံ အိပ်ရေးပျက်ခံ အချိန်ကုန်ခံ ကျီးပေါင်းရောဂါ ပြန်အထခံပြီး ကွန်မန့်တွေ ပြန်ရေး ဆက်လုပ်နေမိတာက ပိုဆိုးနေမှန်း သိပါပြီ။

    နာမည် ထပ်ပြောင်းအုံးမယ်။
    အ တကာ့ထိပ်ခေါင်တင် အအဘုရင်မကြီး၏ ထိုင်မသိမ်းခေါက် ပဒုမ္မာ

  • ဝင့်ပြုံးမြင့်

    October 29, 2012 at 1:35 am

    ဦးဘလက် ရေးတာ ရှယ်ပဲ။ နိုင်ငံရေး၊ လူမျိုးခြားအရေး၊ ဘာသာရေး၊
    ပြောမကောင်းလို့ မပြောတော့ဘူး။ ပြောလိုက်ရင် ပက်ပက်စက်စက်ဖြစ်သွားမယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လူလိမ္မာလေး လုပ်ရဦးမှာကိုး။ သတ္တိက မရှိဘူးလေ။

  • အရီးခင်လတ်

    October 29, 2012 at 2:41 am

    ကဘချောရေ
    “အ” တယ်ဆိုတာကမှ ပြောရင် သိဦးမယ်။
    အသိခေါက်ခက် အဝင်နက် ဖြစ်နေကြရင် ပိုပြီးဆိုးမယ် ထင်ရဲ့။ 🙄

    • ကထူးဆန်း

      October 29, 2012 at 7:35 am

      အ ချင်ယောင် ဆောင် သူတွေ ကောပေါ့နော် .. 🙄

  • ဦးဦးပါလေရာ

    October 29, 2012 at 8:34 am

    လူအများစု မလွန်ဆန်နိုင်တဲ့ ၊ လူအများစုကို လွှမ်းမိုးနိုင်တဲ့ အရာ နှစ်မျိုးရှိတယ်။
    အစွဲ ရယ်….
    အမုန်း ရယ်….။

    အဲဒါကို သုံးတတ်တဲ့သူက ကိုယ်လိုချင်တဲ့အကျိုးစီးပွားအတွက် လှည့်ပတ်သုံးကြသပေါ့…။
    ကိုချောရေ..
    သူများအကျိုးစီးပွားကို ကိုယ့်အကျိုးစီးပွားလို့ ထင်ယောင်ထင်မှားမဖြစ်ကြစေချင်ပါဘူး…။

    မနက်စောစောမန့်ရတာဆိုတော့ မေတ္တာဆုတောင်းလေးနဲ့ပေါ့ဗျာ…..

    လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ…..

  • uncle gyi

    October 29, 2012 at 3:15 pm

    ကိုဘလက်ဖြေးဖြေး
    ဖြစ်လည်းဖြစ်နိုင်တယ်
    ဖြစ်လည်းမဖြစ်နိုင်ပါ
    ကျားကျားအော်ပါများတော့
    တကယ်ကျားလာတော့
    ဘယ်သူမှမယုံသလို
    အခုလည်း
    ဟိုအကောင်တွေလူပါးဝတာကို
    ဒီအကောင်တွေဖြစ်နေပါအုန်းမယ်
    ထူအတဲ့

  • လေးဖြူကတော့ ရူးချင်ယောင်ဆောင်မနေနဲ့လို့အော်ဆိုသွားပါတယ်။

    တမင်သက်သက် အ ချင်ယောင်ဆောင်ပြီး အကွက်ချောင်းနေသူများကိုတော့

    အ ချင်ယောင်ဆောင်မနေနဲ့လို့ မျာချင်ပါ၏

  • kthwinzayarmyo

    October 29, 2012 at 3:55 pm

    မှုခင်းသတင်း
    တောင်တွင်းကြီးဍ် အမျိုးသမီးတစ်ဦး
    လှည်းလမ်းပေါ်တွင် အသတ်ခံရ
    အောက်တိုဘာ ၂၈
    သေဆုံးသူမှာ လည်ပင်းယာဘက်ခြမ်း
    အရိုးအထိ ပြတ်ရှဒဏ်ရာတစ်ချက်၊
    မေးစေ့အောက် ပြတ်ရှဒဏ်ရာတစ်ချက်၊
    ဝဲယာနားအောက် ပြတ်ရှဒဏ်ရာတစ်ချက်
    ဖြင့် လှည်းလမ်းဝဲဘက်ဘေးအနီး မြက်ခင်း
    ပေါ်တွင် မြောက်ဘက် ခေါင်းပြုလျက်
    အရှေဘက်သို့မျက်နှာမူကာ တစောင်းလဲ
    သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်
    (မြန်မာ့အလင်း သတင်းစာ စာ-၁၂
    အောက်တိုဘာ ၂၉ ရက်နေ့ )
    (မအ ဖို့သတိပေးပြီးခါစ မို့ မမေ့လောက်သေးဘူး
    ထင်လို့ စမ်းကြည့်တာပါ၊ မအကြဖို့ ဆုတောင်းလျက်)
    ဆောင်းပါးကို ကြိုက်လွန်းလို့ Print ထုတ်ပြီး
    အလုပ်စားပွဲမှာ ကပ်ထားလိုက်ပါ့မယ်
    တပည့် 50 လောက် အ ခြင်းမှ ကင်းဝေးပါစေသောဝ်
    MG မဖတ်တဲ့ တပည့်တွေ အ မှာစိုးတဲ့
    သွင်ကြီး

    • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

      October 29, 2012 at 4:45 pm

      ခိခိခိခိ ….. အပေါ်က ဆြာဂျီးပြောတဲ့ နည်းအတိုင်း..
      နာလည်း ပရင့်ထုတ်ပြီး နာ့တပည့် ဂုတ်ကျားနဲ့ ၊ ငနွား နှဖူးပေါ်ကပ်ပေးထားလိုက်လျှင်မယ် ….
      ဟပ်ချလောင်း #@!@*%$ အခြင်းမှ ကင်းဝေးပါဇီတော် … ခိခိခိ …. 😆

  • htet way

    October 30, 2012 at 3:10 pm

    ဦးဦးပါလေရာ says:

    လူအများစု မလွန်ဆန်နိုင်တဲ့ ၊ လူအများစုကို လွှမ်းမိုးနိုင်တဲ့ အရာ နှစ်မျိုးရှိတယ်။
    အစွဲ ရယ်….
    အမုန်း ရယ်….။
    အဲဒါကို သုံးတတ်တဲ့သူက ကိုယ်လိုချင်တဲ့အကျိုးစီးပွားအတွက် လှည့်ပတ်သုံးကြသပေါ့…။
    ကိုချောရေ..
    သူများအကျိုးစီးပွားကို ကိုယ့်အကျိုးစီးပွားလို့ ထင်ယောင်ထင်မှားမဖြစ်ကြစေချင်ပါဘူး…။

    ကျွန်တော်ကတော့ ဒီကွန်မန့် အတိုင်းပဲ ပြော..ပါ..ရ..စေ..(..ဆရာဦးဦး ခင်ဗျာ ခဏငှားတာပါ)

  • kyeemite

    October 30, 2012 at 7:07 pm

    ရဲဘော်ဘလက်ကပြောတယ်..ဘာတဲ့..’ခဏခဏ မအကြစို့နဲ့ ‘ တဲ့..
    ကျနော်တို့က တစ်သက်မှာ တစ်ခါပဲ ခဲ့တာပါဗျာ…
    ဒါပေမဲ့ တစ်သက်လုံး…(နှစ်ငါးဆယ်ကြာခဲ့တယ်) အ လျှက် အ မြဲပါပဲ…
    နောင်လာနောက်သားတွေ မ အ ရအောင်
    ကိုယ် ခဲ့တာတွေ မရှက်တမ်းထုတ်ပြောဖို့လိုတယ်လို့တွေးနေမိပါဂျာင်းးးးးးးးး
    :bar: 🙄

  • နေဝန်းနီ

    October 30, 2012 at 8:40 pm

    ကျုပ်တို့က ခဏခဏ အ, နေတာ မဟုတ်ဘူးဗျ….။ သူတို့က ခဏခဏ လူလည်ကျနေတာ …….။ 😛 😛 😀

    မတူတဲ့ အမြင်နဲ့ ဝင်ပြောသွားပါသည်….။

  • blackchaw

    October 31, 2012 at 4:34 pm

    ကွန်းမန့်လေးတွေ ဝင်ရောက်ချီးမြှင့်ပေးကြတဲ့….
    ပထမဆုံးကွန်းမန့်ရှင် ညီငယ် စိန်ဗိုက် :mrgreen:
    လူမမြင်ဘူးပေမယ့် ဖုန်းထဲက အသံကို ကြားဘူးတဲ့ ကိုဆာမိ :mrgreen:
    လူငယ်ပေမယ့် လေးနက်တဲ့ ကွန်းမန့်လေးတွေ ပေးတတ်တဲ့ တူမတော် မယ်ပုချ် :mrgreen:
    ဟောင်ကောင်မင်းသား ဒေးဗစ်ကျောက်ခဲ :mrgreen:
    ကဗျာဆရာ အလင်းဆက် :mrgreen:
    ဘိုဘိုသီချင်းနဲ့ ကွန်းမန့်ရေးသွားတဲ့ Full Guy :mrgreen:
    မန်းဂဇက်အတွက် မရှိမဖြစ် ဂဇက်ဒေါ်အမာ (စိန်ဗိုက်ပေးထားတဲ့နာမည်ပါဗျာ) :mrgreen:
    ပထမဆုံးမန်းဂဇက်ချစ်သူများစာပေဆုရှင် ဆရာမဝင့်ပြုံးမြင့် :mrgreen:
    ပို့စ်တင်သူတွေရဲ့စိတ်ကို
    အပန်းပြေစေတဲ့ ကွန်းမန့်လေးတွေပိုင်ရှင် ကြယ်လေးပွင့် အစ်မခင်လတ် :mrgreen:
    အချင်ယောင်ဆောင်သွားတဲ့ ကိုထူးဆန်း :mrgreen:
    ပို့စ်တင်သူပြောချင်တာကို
    အမိဖမ်းတတ်တဲ့ ကြယ်လေးပွင့် ကိုပါလေရာ :mrgreen:
    စိုးရိမ်တတ်တဲ့ အန်ကယ်ကြီး :mrgreen:
    လေးဖြူသီချင်းလေးနဲ့ ကွန်းမန့်ရေးသွားတဲ့ ကိုပေါက် :mrgreen:
    MG မဖတ်တဲ့ တပည့်တွေအမှာစိုးတယ်ဆိုတဲ့ ကိုသွင်ဇေယျာမျိုး
    (နောက်တာလားဟင်င်င်င်) :mrgreen:
    ခိခိခိခိ… ကွန်းမန့်ရှင် Etone :mrgreen:
    ကိုပါကြီး ကွန်းမန့်ကို ပြန်ကူးချတဲ့ ဆရာထက် :mrgreen:
    အခဲ့တာတွေကို မရှက်တမ်းထုတ်ပြောမယ်ဆိုတဲ့ ကိုကြီးမိုက် :mrgreen:
    ခဏခဏ လူလည်ကျတာခံခဲ့ရတာဆိုတဲ့ ကိုနေကြီး :mrgreen:
    အားလုံး ကျေးဇူးပါ ခင်ဗျာ…။
    လေးစားခင်မင်စွာ
    ဘလက်ချော…။
    :mrgreen: :mrgreen: :mrgreen: :mrgreen: :mrgreen:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 2, 2012 at 10:12 am

    ဦးဘလက်ရေ…
    မအကြနဲ့ဆိုလို့ မအကြောင်းပြောပါ့မယ်…

    အဲဒီလိုချောက်ထဲကျခါနီး လက်နှစ်လုံးအလိုမှာအနှစ်(၅၀)ကျော်ကြာအောင် ကယ်တင်ခံထားရတယ်…
    လက်တစ်လုံးအလိုကျမှကယ်ရင်… အနှစ် (၁၀၀)ကြာလိမ့်မယ်…
    နိုင်ငံရေးလှည့်ကွက်တွေကိုမြင်တတ်ဖို့…
    နိုင်ငံရေးအကြောင်းတွေကို တီးမိခေါက်မိရှိဖို့…
    နိုင်ငံရေးအကြောင်းရေးတဲ့စာပေတွေ… နိုင်ငံရေးအကြောင်းပြောတဲ့ဟောပြောပွဲတွေ လိုပါတယ်…

    အခုမြင်နေတဲ့အတိုင်းပြောပါ့မယ်…
    စစ်အစိုးရကို ပြည်သူတွေမကြိုက်ဘူး… မကြိုက်ရတဲ့အဓိကအကြောင်းအရင်းက စားဝတ်နေရေးမပြေလည်လို့… တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဖွံ့ဖြိုးတိုးတက်မှုမရှိလို့…
    ဒါဆို ဒီမိုကရေစီကိုဘာလို့လိုချင်တာတုန်း…
    ဒီမိုကရေစီလမ်းလျှောက်တဲ့နိုင်ငံတွေက ချမ်းသာတယ်.. ဖွံ့ဖြိုးတိုးတက်တာကိုအားကျတယ်…
    အဓိကကတော့ ဖွံ့ဖြိုးတဲ့နိုင်ငံမှာနေချင်တယ်… စားဝတ်နေရေးပြေလည်ပြီးချမ်းသာချင်တယ်…
    ဒါပါပဲ… အဲဒီအတွက် မြန်မာနိုင်ငံသားအားလုံးရဲ့ ၉၀% ဟာ ဒီမိုကရေစီကိုလိုချင်ပါတယ်…
    ဒါပေမယ့် ဒီမိုကရေစီဆိုတာ… ဘာလဲ… ဘယ်လိုသဘောရှိလဲ… ဒီမိုကရေစီကျတဲ့ နိုင်ငံသားဖြစ်ဖို့ ဘယ်လိုကြိုးစားနေထိုင်ကျင့်ကြံရမလဲဆိုတာကို ၉၀% မသိပါဘူး…
    ဒီမိုကရေစီရတာနဲ့ နိုင်ငံတကာကအကူအညီတွေလာပြီး မြန်မာနိုင်ငံကိုနေ့ချင်းညချင်းချမ်းသာမယ်လို့များ တွေးမြင်နေသလားမသိပါ…
    အဲဒီမှာတင် ကျွန်တော်တို့ “အ”နေပါပြီ…

    နောက်ပိုင်းတွေ့ရပါတယ်…
    စာရေးဆရာများ… နိုင်ငံရေးလုပ်ကြသူများပြောသောစကားများမှာ ယခင်နှင့်လက်ရှိအစိုးရအား မကောင်းပြောကြရင် ပရိတ်သတ်များသိပ်ဝမ်းသာပါတယ်… လက်ခုပ်ဩဘာပေးကြပါတယ်…
    ဒီမိုဆန်ချင်ရင် ဒီလိုနေပါလို့ ပြောတဲ့ နိုင်ငံရေးသမားများ၊ အနုပညာရှင်များ၊ စာရေးဆရာများ သိပ်မတွေ့ပါ… ခပ်ရှားရှားပါပဲ…
    ဒီမိုကရေစီဆိုတာ မိမိကိုယ်ကိုတာဝန်ယူခြင်းဆိုတာမျိုးပြောတဲ့ နိုင်ငံရေးသမား… အနုပညာရှင်များ… စာရေးဆရာများစကား မကြားရပါ…
    အဲဒီတော့ သူတို့ရော… “အ” ကုန်ကြပြီလား…

    ဆရာကြီးဒေါက်တာသန်းထွန်းပြောသလို… မအချင်ရင်သမိုင်းသင်တဲ့…
    ကျွန်တော်ပြောဖူးပါတယ်… သမိုင်းဆိုတာ အမှားတွေကိုမြင်အောင်သင်ရပါတယ်… သင်ခန်းစာယူဖို့ပါ…
    ရွှေထီးဆောင်းသောအတိတ်ကို စမြုံပြန်ဖို့မဟုတ်ပါ… ချီးခြောက်ရေနှူးဖို့မဟုတ်ပါ…
    အခုတော့ သမိုင်းတင်မဟုတ်ဘူး… မအချင်လျင်… သမိုင်းနှင့်နိုင်ငံရေးတွဲသင်စေလိုပါသည်…

    မြန်မာနိုင်ငံမှာလူငယ်များလေ့လာစရာ နိုင်ငံရေးစာအုပ်အလွန်ရှားခြင်းက ပထမ “အ” စေခြင်း၏ပြစ်ချက်

    လူငယ်တော်တော်များများမှာ နိုင်ငံရေးကို မစားကောင်းသောအသီးလိုမြင်နေတဲကိစ္စက ဒုတိယ “အ” စေခြင်း၏ပြစ်ချက်…

    မြန်မာနိုင်ငံမှာ မလုပ်… မရှုပ်… မပြုတ် စိတ်ဓာတ်သည် တတိယ “အ” စေချင်း၏ပြစ်ချက်…

    စိတ်မကောင်းပါဘူး…လေးဘလက်ရေ…
    ထပ်ခါထပ်ခါအနေဦးမှာပါပဲ…

    မအစေချင်သူ…
    ကြောင်ဝတုတ်

    • မိဂီ

      November 2, 2012 at 10:33 am

      အွန် …လုပ်ပီ ..
      မအချင်ရင် မားကတ္တင်း သင်ဗျ..
      မားကတ္တင်း မတတ်လို့ အ-ကုန်တာ…

      အစိုးရ မားကတ္တင်း တတ်ရင် … (မားကတ္တင်းပီးမှ ဆေးလ်စ် နော)
      ဈေးရောင်းကောင်းမယ် ဗျာ … ရောင်းပန်းဝယ်ပန်းလှမယ်..
      ရင်းနှီးတတ် မြှုပ်နှံတတ်မယ် ကုန်ချောထုတ်တတ်မယ်..
      တက္ကနော်လော်ဂျီ လိုက်စားရကောင်းမှန်း သိမယ်
      အာရ် အန် ဒီ (R’n’Bမဟုတ်ပါ) တတ်မယ်

      ဆိုတော့ ကျွဲကူးရေပါ ဆိုသလို တိုင်းပြည်ချမ်းသာမယ်ဗျာ
      ပြည်သူတွေ စားဝတ်နေရေး ပြေလည်မယ်…
      ခုတော့ ကမာ္ဘကို မားကတ္တင်း မလုပ်တတ်တော့
      ကုဋေ၈ဝသူဌေးသားလေးလို ရှိတာအကုန်
      ဈေးပေါပေါနဲ့ မျက်ရစ်မပါတဲ့ လူဒေဆီရောင်းစား …

      အဲ့ ..ပြည်သူကလည်း .. မားကတ္တင်း တတ်ဖို့လိုတယ်..
      ပြည်သူက မားကတ္တင်း တတ်ရင် ကိုယ်ဖြစ်ချင်တာကို ကိုယ် ပရိုမုတ်တတ်မယ်
      တောင်းတတ်မယ် ရွေးတတ်မယ် ထုတ်ဖော်တတ်မယ်…
      ခုတော့ မားကတ္တင်း မတတ်တော့ (မငိုတတ်တဲ့ကလေး မစားရတာတောင်နည်းသေး)
      ဖြစ်တော့ ..မခံဇားနိုင်လွန်းတော့မှ ထပေါက်ကွဲတော့ …
      မုန့်မရဘဲ ဒုတ်ရတယ် ဖစ်ကော…

      ကျုပ်တို့ ရွာရီးတောင် သဂျိုင်ခီး မားကတ္တင်း မတတ်တော့ … ဖတ်သူ သောင်းချီမှာ
      ရေးသူ၂၀ဝ အဲ့ထဲမှာမှ တက်ကြွသူ ၂ဝ လောက် ချိတာကလား ….
      (အကွက်ဝင်တုန်း… ဟီဟိ)

      ပြောပါတယ်..
      အောလ်ဝီနိဒ် အစ်ဂျပ်စ် အလစ်တဲလ် မားကတ္တင်း ပါဆို…

      ကျုပ်လား …ကျုပ်လည်း မားကတ္တင်း မတတ်ပါဘူးဗျာ…
      မားကတ္တင်းဘွက စုတေပီး ဒီဇိုင်နာ လုံးလုံး ဖြစ်နေပီ…
      တော်သေးဘီ ..ဂျာနယ်ကြော်ငြာ ရေးလိုက်အုံးမည်…

      ဒက်ဂလောက် …ဒက်ဂလောက် …

Leave a Reply